## PAGE 55
<!-- 4 paragraphs, raw extraction -->

-သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

<<

သေခိယခေါ်ပုံ။ ။“ သေခိယ” ဟူသော ပါဠိစကားသည် “သင်ထိုက် ကျင့်ထိုက်”ဟူသောအနက်ကို ဟော၏၊ “ယခုပြမည့် ကျင့်ဝတ်များကို ရဟန်းတော်များနှင့် ရှင်သာမဏေများပါ နားလည်အောင် ဆရာ့အထံ၌ ပဌမဆုံး သင်ယူရမည်၊ နားလည်သောအခါ ထို သိက္ခာပုဒ်များအတိုင်း ကျင့်ရမည်”ဟု ဆိုလိုသည်၊ ထို့ကြောင့် ဤသေခိယသိက္ခာ ပုဒ်တော်များကို ` ရှင်သာမဏေတို့အား အရကျက်ရုံမျှဖြင့် ကိစ္စမပြီးစေဘဲ အမှန်နားလည်အောင် ဆရာကိုယ်တိုင် လက် ထပ်သင်ပြထိုက်ပါသည်။

တိုက်တွန်းချက်။ ။ယခု ခေတ်သည် ရွေးချယ် စိစစ်လေ့ ရှိသော ခေတ်ဖြစ်၏၊ ဤခေတ်မျိုး၌ ရဟန်း သာမဏေများသည် သေခိယကျင့်ဝတ်အတိုင်း သွား လာ နေထိုင်ကြမှသာ လူအများ၏ လေးစားခြင်းကို ဆက်လက် ရရှိကြပေလိမ့်မည်၊ ဤအတိုင်း မနေကြလျှင်ကား ဧကန်မုချ အထင်သေး ခံကြရမည်သာ မက၊ လောကီဘက်က တိုးတက် လာသလောက် သာသနာဘက်က တဖြည်းဖြည်း ဆုတ်ယုတ် ပြီးလျှင် နှစ်ပေါင်းအတော်ကြာသော် အောက်တန်းလူများ၏ ကိုးကွယ်ရာလောက်သာ ဖြစ်သွားစရာ ရှိပါသည်၊ ထို့ကြောင့် မိမိတို့ အခြေ အနေကို ခိုင်မြဲစေဘို့ရန် အချိန် မလွန်ခင်က ဤ သေခိယသိက္ခာပုဒ်အတိုင်း ပြင်ဆင်ကြပါစို့။

## PAGE 56
<!-- 9 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

က။ ပရိမဏ္ဍလဝဂ်

"

၄၁

အမှာ။ ။သိက္ခာပုဒ်အစုကို ပါဠိလို “ဝဂ္ဂ”ဟု ခေါ်၍ မြန်မာ လို “ဝဂ်=အပေါင်းအစု”ဟု ခေါ်၏၊ ပရိမဏ္ဍလ

66

သိက္ခာပုဒ်ကို အစထားသောဝဂ်ကို “ပရိမဏ္ဍလဝဂ်”ဟု ခေါ် ၏၊ ဤဝဂ်၌ သိက္ခာပုဒ်ပေါင်း ဆယ်ပါးရှိသည်၊ ဤသေခိယ သိက္ခာပုဒ်များကို ကိုရင်ကလေးများအတွက် ဖတ်စာ ဖြစ် အောင် ရေးထားပါသည်၊ ကိုရင်ကလေးများကို အဖတ်ခိုင်း၍ ဆရာဘုန်းကြီးက အဓိပ္ပါယ်နားလည်အောင် သင်ပြပါလေ၊
ကျောက်သင်ပုန်းမှာ ဖြစ်စေ ဗလာစာအုပ်မှာဖြစ်စေ အကူး ခိုင်း၍ ဖတ်စေလျင် လက်ရေးသင်ပြီးလည်း ဖြစ်နိုင်ပါသည်။
[ကိုရင်၏ နာမည်ကို “ဗုဒ္ဓရက္ခိတ”ဟု မှည့်ထားကြပါစို့။

ပရိမဏ္ဍလသိက္ခာပုဒ် ၂-ပါး

သင်းပိုင်ဝတ်ပုံ။ ။ကို၎င်ဗုဒ္ဓရက္ခိတခါးမှာ ဝတ်အပ်သော အဝတ်ကို“သင်းပိုင်”ဟု ခေါ်သည်၊ အဲဒီ သင်းပိုင်ကို ဝတ်သောအခါ ချက်ကို ဖုံးမိအောင် ဝတ်ရ၏၊ ခါး ဘက်က အပေါ်မှာတက်နေ၍ ချက်ဘက်က အောက်လျှော ကျနေအောင် မဝတ်ရပါ၊ အောက်ပိုင်းမှာလဲ ဒူးဆစ်အောက် လက်ရှစ်သစ်လောက်ချပြီး ရွှေ့ရောနောက်ရော(ကတ်ကျေးနှင့် ညှိ၍ ဖြတ်ထားသလို) ဝိုင်းနေအောင် ဝတ်ရသည်၊ အဲဒီလို ဝတ်ခြင်းကို“ပရိမဏ္ဍလဖြစ်အောင် ဝတ်ခြင်း”ဟု ခေါ်ပါသည်၊
ပရိ=အထက် အောက် ပတ်ဝန်းကျင်+မဏ္ဍလ= ဝိုင်းနေ သည်။

## PAGE 57
<!-- 10 paragraphs, raw extraction -->

၄၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ ……………… ပရိမဏ္ဍလ ဖြစ်အောင် သင်းပိုင်ဝတ်ထားသော ကိုရင်ကလေးများ၏ ပုံကို ကြည့်ပြီး သင်းပိုင်ကို ဝတ်စမ်းပါ။

(၁) သင်းပိုင်အစ ၂-ဖက်ကို ညီညီထားပါ။

(၂) မခေါက်ခင် ဗိုက်နှင့်ကပ်နေသော သင်းပိုင်၏ ယာဘက် အဖျားကို အထက်သို့ နဲနဲဆွဲတင်ပါ။

(၃) ၂-လွှာ ပူးထားသော သင်းပိုင်ကို ၂-ခေါက်ဖြစ်အောင် ခေါက်၍ ဗိုက်မှာ ကပ်ပါ။

(၄) ထိုအခေါက်၏ အဖျားကို ညီညီကိုင်ပြီး အထက်သို့ နဲနဲ ဆွဲ၍ လိပ်ပါ။

(၅) လိပ်သောအခါ ဒူးဆစ်အောက် လက်ရှစ်သစ်လောက် ကျနေအောင် မှန်းပြီး လိပ်ပါ။

အမှာ။ ။အလိပ်မှာ ၂-လိပ် သို့မဟုတ် ၃-လိပ်လောက်သာ တော်၏ ထို့ထက် များနေလျှင် ဘုကြီး ဖြစ်နေ၍ ကြည့်လို့လည်း မကောင်း, နေလို့လည်း . မကောင်းပါ၊
ထို့ကြောင့် သင်းပိုင်က ရှည်လွန်းလျှင် ကိုရင်နှင့် သင့်တော် အောင် ဖြတ်ပေးကြပါလေ။

ဧကသီကိုလည်း ကိုရင်နှင့် အရွယ်တော်သော ဧကသီ ကိုသာ ဝတ်ပါစေ၊ အလွန်ရှည်နေသော ဧကေသီကို ညီအောင် ရုန်းသော်လည်း ညီညီ ညွတ်ညွတ်ဖြစ်အောင် မရှန်းနိုင်ကြ သဖြင့် အချိုးမကျဘဲ ဖြစ်ပါလိမ့်မည်။
