## PAGE 61
<!-- 12 paragraphs, raw extraction -->

၄၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်း ရွာတွင်းသို့ သွားသောအခါ သင်္ကန်းရုံ၍ သွားရသည်၊ “သင်္ကန်းရုံ” ဆိုသည်မှာ-လည် ပင်း၏နောက်ပိုင်းကိုလည်း ဖုံးမိအောင်, လက်ကောက်ဝတ် အထိ လက်ကိုလည်း ဖုံးမိအောင် ဧကသီခြုံခြင်းတမျိုးကို ဆိုလိုသည်၊ သင်းပိုင်ဝတ်ပုံမှာ ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်းပင် ဖြစ်သည်။

သင်္ကန်းရုံပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ…… သင်္ကန်းရုံသောအခါ ဧကသီကို သိပ်လဲ မပူစေရ၊ သိပ်လဲ မကြပ်

"

မပ

စေရ၊ “ဂုတ်ပိုး”ဟု ခေါ်သော လည်ပင်းအဖုံးကိုလည်း မ မကြပ်စေရ၊ လက်လိပ်ကိုလည်း လက်အောက်မှာ အရှည်ကြီး တွဲ၍ မကျစေရ၊ အကောင်းဆုံးရုံတတ်သော ရဟန်းသာမဏေ များထံ နည်းခံ၍ သပ်သပ်ယပ်ယပ်ဖြစ်အောင် သင်္ကန်းရုံပုံကို

သင်ပါ။

သင်္ကန်းရုံ၍ ထိုင်ပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်းရွာတွင်း၌ ထိုင်နေသောအခါ သိက္ခာပုဒ်တော်

.00

ညီညွတ်အောင် … ထိုင်ရသည်၊ လည်ပင်းအထက်က ဦးခေါင်း၊ လက်ကောက်ဝတ်ပြင်ဘက်က လက်ဖျား၊ခြေသလုံး ကြွက်သားပြင်ဘက်က ခြေအဖျား ဤ ၃-နေရာလောက်သာ ဖော်ထား၍ ကျန်သောကိုယ်အစိတ်အပိုင်း ဖုံး၍ ထိုင်ခြင်းကို “သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တော်နှင့်အညီ ထိုင်ခြင်း”ဟု ခေါ် သည်၊ [သု=ကောင်းစွာ+ပဋိစ္ဆန္န=ကိုယ်ကို ဖုံးထားခြင်း။
(ထိုင်ပုံကို ဆရာက သင်ပြပါ။)

80

## PAGE 62
<!-- 12 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

1

၄၇

သုသံဝုတသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း ရွာတွင်းသို့ သွားသောအခါ လက်ရော ခြေရော ဟိုယမ်း သည်ယမ်းနှင့် လက်ဆော့ခြေဆော့ လုပ်မသွားရ၊ ထိုင်တဲ့အခါလည်း လက် ခြေတို့ကို ငြိမ်ငြိမ် သက်သက်ထား၍ ထိုင်ရသည်။ [သု=ကောင်းစွာ+သံဝုတ= လက် ခြေတို့ကို စောင့်စည်းသူ။]

ဩက္ခိတ္တစက္ခုသိက္ခာပုဒ် ၂-ပါး။ ။ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း

ရွာတွင်းသို့သွားသောအခါ ဟိုကြည့် သည်ကြည့် မကြည့်ရ၊ ရထားထမ်းပိုး၏ တပြန် လောက်သာ(၄-တောင်ခန့်လောက်သာ)ကြည့်၍သွားရသည်၊
ဤနည်းဖြင့် သွားခြင်း ထိုင်ခြင်းကို “စက္ခုန္ဒြေချပြီး သွားခြင်း ထိုင်ခြင်း”ဟု ခေါ်သည်။ ဩက္ခိတ္တ=အောက်၌ ချအပ် သော+စက္ခု=မျက်စိ ရှိသူ။

ဥက္ခိတ္တကသိက္ခာပုဒ် ၂-ပါး။ ။ ကိုရင် ဗုဒ္ဓရက္ခိတ...မြို့တွင်း

။

ရွာတွင်းသို့ သွားသောအခါ

သင်းပိုင်ကိုဖြစ်စေ ဧကသီကိုဖြစ်စေ အထက်သို့ မြှောက်ပင့်၍ (စွန်တောင်ဆွဲ၍)မသွားရ၊ ထိုင်ခါနီးမှာလည်း ဧကသီကို ခါးပေါ်နေအောင် မြှောက်ပင့်၍ မထိုင်ရ။ [ ဥက္ခိတ္တ= မြှောက်ပင့်။

အမှာ။ ။သွားခြင်းအတွက် ၁-ပါး၊ထိုင်ခြင်းအတွက် ၁-ပါး၊
ဤသို့အားဖြင့် သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်မှ စ၍ ၂-ပါးစီ

ရှိသည်။

## PAGE 63
<!-- 2 paragraphs, raw extraction -->

ရုပ်ပုံ ရှင်ကျင့်ဝတ်

ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ မြို့ရွာတွင်းသို့ စက္ခုချပြီး သင်္ကန်းရုံ၍ သွားပုံ။
