## PAGE 67
<!-- 7 paragraphs, raw extraction -->

၅၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

မသိဘဲ(ခြေဖျားထောက်၍) သွားခြင်း, ခြေဖနောင့်ဖြင့်သာ မြေ၌နင်း၍ ခြေဖျားက မြေ၌မထိဘဲ(ခြေဖနောင့်ထောက်၍) သွားခြင်းကို“ဖဝါးအစွန်ဖြင့် နင်းခြင်း”ဟု ခေါ်သည်၊မြို့တွင်း ရှူာတွင်း၌ သွားသောအခါ ထိုကဲ့သို့ ဖဝါးစွန်နင်း၍ မသွား ကောင်း။ ဥအထက်၌-- ကုဋိက = အစွန်းရှိသည်။]

ပတ္ထိက သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ...အချို့လူများ ထိုင် သောအခါ ဒူး ၂-ဖက်ကို

ထောင်ပြီးလျှင် ထိုဒူးကို လက် ၂-ဖက်ဖြင့် ပတ်၍ဖြစ်စေ အဝတ်ဖြင့် ပတ်၍ဖြစ်စေ အဝတ်ကို ကျစ်ထားသော ကြိုးဖြင့် ပတ်၍ဖြစ်စေ ထိုင်လေ့ရှိကြသည်၊ထိုသို့ တိုင်ခြင်းကို “လက် အာယောဂပတ် ပုဆိုး (အဝတ်) အာယောဂပတ်”ဟု ခေါ် ကြ၏၊ မြို့တွင်း ရွာတွင်း၌ ထိုကဲ့သို့ ပတ်၍ မထိုင်ကောင်းပါ။
ပလ္လတ္ထိ-ပတ်ဖွဲ့ခြင်း။

သက္ကစ္စ ပတိဂ္ဂဟဏ သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ….ဆွမ်း ခံသောအခါ ဆွမ်းကို ဖြစ်စေ ဟင်းကိုဖြစ်စေ မလိုချင်သလို သွန်ပစ်ချင်သလို အနေ မျိုးဖြင့် မခံယူရ၊ ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ လေးလေး စားစား ခံယူရပါသည်။ [ သက္ကစ္စ = ကောင်းစွာပြု၍+ ပတိဂ္ဂဟဏ ==ခံယူခြင်း။

ပတ္တသည် ပတိဂ္ဂဟဏ။ ။ကိုရင် ဗုဒ္ဓရက္ခိတ..ဆွမ်းခံသောအခါ ဟိုကြည့်သည်ကြည့် မကြည့်ရ၊ငေး၍ လည်း မနေရ၊ဟိုကြည့်သည်ကြည့်ကြည့်နေလျှင်ငေး၍နေလျှင် ဆွမ်းလောင်းနေမှန်းလဲ မသိ၊ ဆွမ်းလောင်းပြီးမှန်းလဲ မသိဘဲ

## PAGE 68
<!-- 5 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၅၃

ဖြစ်တတ်သည်၊ ထို့ကြောင့် သပိတ်၌ အမှတ်သညာထား၍ (သပိတ်၌ စိတ်စိုက်၍) ဆွမ်းခံရသည်။ ပတ္တသညီ=သပိတ်၌ သညာရှိသည် ဖြစ်၍ + ပတိဂ္ဂဏဟ=ခံယူခြင်း။ ]

သမသူပက သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ...ဣန္ဒိယ နိုင်ငံ၌ ကုလားလူမျိုး တို့သည် ပဲဟင်းကို လက်ဖြင့် ကော်ယူလျှင် ရလောက်အောင် မပြစ်မကျဲချက်၍ ထို ပဲဟင်းဖြင့် ထမင်းစားလေ့ရှိကြ၏၊ သံဃာတော်အား လည်း ပဲဟင်းကိုပင် လောင်းလေ့ ရှိကြသည်။

ဆွမ်းခံရာ၌ ထို ပဲဟင်းမျိုးကို ခံယူသောအခါ အလွန်များ စွာ မခံယူရ၊ ဆွမ်း၏ ၄.ပုံလျှင် တပုံလောက်သာ ခံယူရသည်၊
ပဲဟင်းမှ တပါးသော သားဟင်း ငါးဟင်းများကိုကား တတ် နိုင်သူတွေက လောင်းတာဖြစ်၍ အလိုရှိသလောက် ခံယူ ကောင်းပါသည်။ [သမ= ဆွမ်းနှင့်မျှသော+သူပက=ပဲဟင်း ရှိအောင်။ ]

သမတိတ္ထိက သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ….. သပိတ်မှာ အတွင်းနခမ်း အပြင်နခမ်း ၂- မျိုး ရှိ၏၊ အတွင်းနခမ်းထက် အပြင်နခမ်းက မြင့်သည်၊ ဆွမ်း ခံသောအခါ သပိတ်၏ အတွင်းနခမ်းနှင့် ညီရုံသာ ခံရသည်၊
အတွင်းနခမ်းက ပို၍ မို့မောက် လျှံတက်နေအောင် မခံ။
[သမတိတ္ထိက =သပိတ်၏ အတွင်းနခမ်းနှင့် ညီမျှသော ဆွမ်း ရှိသည်။

## PAGE 69
<!-- 3 paragraphs, raw extraction -->

၅၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ ဆွမ်းခံနေကြပုံ။
