## PAGE 7
<!-- 4 paragraphs, raw extraction -->

အခြေခံ နိဒါန်း

(ဂ)

အားကိုးရာမဲ့ပုံကို င့်တော်မူသောကြောင့် ဖြစ်၏၊ ယခုကာလ ၌ကား ဤခွင့်ပြုတော်မူချက်အရ အရွယ်ကို ပမာဏ မထား တော့ဘဲ ရှင်ပြုလေ့ရှိကြ၏၊ သို့သော် အရှင်အာနန္ဒာကဲ့သို့ ဆရာကောင်း ဖြစ်သူတို့က အမြဲ ကြည့်ရှုနိုင်မှ ရှင်ပြုရကျိုး နပ်ပေလိမ့်မည်၊ ထိုသို့ မကြည့်ရှုနိုင်လျှင်၎င်း, ကြည့်ရှုနိုင် သော်လည်း ကိုရင်ကလေးက မလိုက်နာလျှင်၎င်း ယခုပြမည့် ရှင်ကျင့်ဝတ်နှင့် ပြဒါး တလမ်း သံတလမ်း ဖြစ်ဘွယ်ရှိရကား မိမိသားငယ် တပည့်ငယ်များကို လောကဓမ္မ မနစ်နာရအောင် (သနားစဘွယ် ငယ်လွန်းသောကလေးများကို ကျောင်းသား ဖိုးသူတော်အဖြစ်ဖြင့် ထိန်းသိမ်းထား၍)ရှင်ကျင့်ဝတ်အတိုင်း နေနိုင်လောက်မှသာ ရှင်ပြုပေးသင့်ကြပါသည်၊ ဤသို့ တိုက် တွန်းရခြင်း အကြောင်းကို အောက်ပါအချက်များဖြင့် ရှင်းပြ ပါဦးမည်။

၁။ လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော် ဝယ် ဌာနတိုင်း၌ စံနစ်တကျရှိအောင် ရှေးဦးစွာ ထူထောင်ပြီးလျှင် စံနစ်တကျရှိပြီးသော ဌာနကို လည်း ဆင့်တက်တိုးပွါးအောင် ကြိုးစားဘို့ အရေး ကြီးပါသည်၊ ထို ဌာနပေါင်း များစွာတို့တွင် ဗုဒ္ဓ မြတ်စွာ၏ သာသနာရေးဌာနလည်း အပါအဝင် ဖြစ်၏၊ ဤဌာနကို စံနစ်တကျ ဖြစ်စေပြီးနောက် တိုးတက်အောင် ပြုပြင်နိုင်ပါလျှင် နိုင်ငံတော်မှာ လွန်စွာ ကျေးဇူးများသော အထွတ်အထိပ်ဌာန ဖြစ်နိုင်ပါသည်။

## PAGE 8
<!-- 5 paragraphs, raw extraction -->

(00)

-

ရုပ်ပုံ ရှင်ကျင့်ဝတ်

မှန်၏ … များစွာသော တိုင်းသူပြည်သားတို့သည် ဗုဒ္ဓ မြတ်စွာ၏ တရားတော်ကို လေးစားသော ဗုဒ္ဓဘာသာဝင် တို့သာ ဖြစ်ကြသည်၊ ထို ဗုဒ္ဓဘာသာဝင် အများတို့သည် ကောင်းမွန်စွာ နေထိုင်သော ရဟန်းသံဃာတော်များကို ကြည်ညိုကိုးစား အားထားကြသဖြင့် ထို သံဃာတော်များ၏ ဩဝါဒကိုလည်း လေးစား ယုံကြည်ကြတုန်းပင် ဖြစ်သည်။
၂။ ယခုအခါ နိုင်ငံတော်၌ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ဘို့ရာ ကျယ်လောင်စွာ ကြွေးကြော်လျက်ရှိ၏၊ ဗုဒ္ဓရှင်တော် မြတ်၏ ဩဝါဒဒေသနာတော်သည် ထို စာရိတ္တပြုပြင် မှုကို အခြေအမြစ်ကစ၍ တိကျပြတ်သားစွာ ညွှန်ပြ တော်မူ၏၊ ထိုဝါဒအတိုင်း မလိုက်နာသူ, သို့မဟုတ် ပင်ကိုယ်ကောင်းမဟုတ်သူသည် ထိုစာရိတ္တကို ပြုပြင် ကားစေကာမူ“ခွေးမြီးကောက် ကျည်တောက်စွပ်” သကဲ့သို့ မကြာမီပင် နဂိုရ်ပျက်မြဲတိုင်း ပျက်ဘွယ် ရှိ၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒကို လိုက်နာသူကား တမင်္ဂလာ ဖျက်စေကာမူ စာရိတ္တမပျက်ရုံသာ မက ဆတက်တိုး ထမ်းပိုး သာ၍ ပြောင်ပါလိမ့်မည်၊
[ပင်ကိုယ်ကောင်းနေသူလည်း မည်သည့် ဘာသာဝင် မဆို ဘုရားအလိုတော်နှင့် သင့်လျော်ပြီးသူပင် ဖြစ်၏။

၃။ ဩဝါဒကို အခြေအမြစ်ကစ၍ ထိန်းသိမ်းစောင့်ရှောက် ရသော ဆရာတော် သံဃာတော်များသည် တိုင်းသူ ပြည်သားတို့၏ စာရိတ္တပြုပြင်မှု၌ အထူး ကြောင့်ကြ စိုက်ကြပါမူ တိုင်းသူပြည်သားတို့သည် အဘယ်မှာ

## PAGE 9
<!-- 6 paragraphs, raw extraction -->

"

အခြေခံ နိဒါန်း

( င )

စာရိတ္တမကောင်းဘဲ ရှိနိုင်ပါမည်နည်း၊ သို့သော် တိုင်းသူပြည်သားတို့၏ စာရိတ္တကို ပြုပြင်ကြတော့ မည်”ဟု ကြံစည်သည်နှင့် တပြိုင်နက် မိမိတို့၏ စာရိတ္တကိုလည်း အဘက်ဘက်က အချက်ကျအောင် ပြုပြင်ပြီး ဖြစ်မှသာ အပြုပြင်ခံရသော တိုင်းသူ ပြည်သားတို့ လိုက်နာလိုကြပေမည်၊ မိမိတို့ စာရိတ္တက မလုံလောက်ပါဘဲ “ငါဆို-မဆိုနဲ့ နင်ဆို-ဆို”ဟူသော ပြောဟော ပြုပြင်ခြင်းမျိုးကား အကျိုးမရသည့်ပြင် အပြစ်တင်သာ ခံရတတ်ပါသည်။

အတ္တာနေမဝ ပဌမံ၊ ပဋိရူပေ နိဇေသ။
အထညမနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။
ပဌမ ရှေးဦးစွာ မိမိကိုယ်ကို သင့်တော်သော ဂုဏ်၌ သွင်းထားရမည်။ ထို့နောက်မှ သူတပါးကို မိမိကဲ့သို့ ဖြစ် အောင် သွန်သင် ဆုံးမ နည်းလမ်းပြရမည်၊ မိမိသော်မှ မပြု နိုင်သော ကိစ္စဝယ် သူတပါးကို တိုက်တွန်းလျှင် အကျိုးမရဘဲ သူတပါးအထံမှ အကဲ့ရဲ့ကိုသာ ခံရတတ်သည်၊ အကြောင်း အကျိုး မြင်သိသော ပညာရှိသည် ထိုသို့ အကဲ့ရဲ့ခံရခြင်းဖြင့် မိမိကိုယ်ကို မပင်ပန်းပါစေလင့်။ (ဓမ္မပဒ, အတ္တဝဂ်, ဥပနန္ဒ ဝတ္ထု)

၄။ ထို့ကြောင့် တိုင်းသူပြည်သားတို့ အကိုးကွယ်ကို ခံယူ ကာ ဆရာလုပ်၍ နေကြရသော ရဟန်း သံဃာတော် များသည် မိမိတို့၏ ကိုယ်ကျင့် စာရိတ္တကို ပဌမဦးစွာ ပြုပြင်ရာ၌ ရှင်သာမဏေဘဝမှစ၍ ပြုပြင်သင့်သော
