## PAGE 70
<!-- 19 paragraphs, raw extraction -->

က။

{

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

လေ့ကျင့်ခဏ်း မေးခွန်း

ာ

၅

မြို့တွင်း ရွာတွင်း၌ ကျယ်လောင်စွာရှယ်ကောင်းသလား၊
အသံ ကျယ်ကျယ်နှင့် ရဟန်း သာမဏေ အချင်းချင်း စကားပြောကောင်းသလား။

မြို့ ရွာ အတွင်း၌ ကိုယ်, လက်မောင်း, ဦးခေါင်းတို့ကို လှုပ်ရှား၍ သွားကောင်း ထိုင်ကောင်းသလော။

၁ ။ မြို့ရွာ အတွင်း၌ ခါးကို ထောက်၍ သွားကောင်း ထိုင်

C

သ

#

ကောင်းသလော။

မြို့ရွာအတွင်း၌ ခေါင်းမြီးခြုံ၍ မနေဘို့ရန် ဘယ်သိက္ခာ ပုဒ်က တားမြစ်သနည်း။

၄။ ဘယ်လိုနင်း၍ သွားခြင်းကို “ဖဝါးအစွန် နင်းခြင်း” ဟု ခေါ်သနည်း။

၈။

၈ ။ ဘယ်လိုထိုင်နေမှု့ကို“အာယောဂပတ်”ဟု ခေါ်သနည်း၊
လက် အာယောဂပတ်နှင့် အဝတ် အာယောဂပတ်ကို ခွဲခြားပြပါ။

ဆ။ ဆွမ်းခံသောအခါ ဘယ်လိုဆွမ်းခံမှ သက္ကစ္စဖြစ်၍၊ ဘယ် လို ဆွမ်းခံမှ ပတ္တသညီ တိဂ္ဂဟဏ ဖြစ်သနည်း။
လက်ကော်ရ ပဲဟင်းကို ဆွမ်း၏ ဘယ်နှစ်ပုံလောက်သာ ခံယူကောင်းသနည်း။

ချ။ ဆွမ်းခံသောအခါ သပိတ်အပေါ် မောက်တက်နေ အောင် ခံကောင်းသလော၊ ဘယ်လောက် အထိသာ ခံကောင်းသနည်း။

## PAGE 71
<!-- 8 paragraphs, raw extraction -->

၅၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဃ။

သက္ကစ္စဝဂ်

[ဤမှ နောက်၌ ဆွမ်းစားမှုနှင့် စပ်သော သိက္ခာပုဒ်များ လာလိမ့်မည်။ ]

သက္ကစ္စဘုဉ္စနသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ကျန်းမာသူ တို့သည် ထမင်းစားသော အခါ မစားချင့် စားချင် စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ ကျန်းမာနေလျှင် ထိုကဲ့သို့ မစားချင့် စားချင် မစားဘဲ ကောင်းမွန်စွာ (စိတ်ပါလက်ပါ)စားရသည်၊ [ သက္ကစ္စ=လေး လေးစားစား+ ဘုဉ္ဇန=စားခြင်း ]

ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ဆွမ်းစား သောအခါ ဟိုကြည့်သည်ကြည့် ကြည့်၍၎င်း, ငေး၍၎င်း မစားရ၊ ဟိုကြည့် သည်ကြည့် ကြည့်၍၎င်း ငေး၍၎င်း စားနေလျှင် သပိတ်ထဲသို့ ဆွမ်း ဖြစ်စေ ဟင်းဖြစ်စေ ထည့်နေသည်ကိုလည်း မသိ၊ ထည့်ပြီး သည်ကိုလည်း မသိဘဲ ဖြစ်တတ်သည်၊ ထို့ကြောင့် သပိတ်၌ အမှတ်သညာ ထား၍ စားရသည်၊ [ ပတ္တသညီ=သပိတ်၌ သညာရှိသည်ဖြစ်၍ + ဘုဉ္စန=စားခြင်း။ ]

သပဒါန သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ… ဆွမ်းစားသော အခါ သပိတ်ထဲမှာရှိသော(ပန်းကန် ပြားထဲမှာ ရှိသော) ဆွမ်းကို ဟိုနားကယူလိုက် သည်နားက ယူလိုက်နှင့် မစားရ၊ အစမှစ၍ အစဉ်အတိုင်း ယူစားရသည်၊
သူတပါးအား ပေးလိုလျှင်ကား ယူချင်တဲ့ အပိုင်းကို ယူ၍ ပေးနိုင်ပါသည်။ [သပဒါန= အစဉ်အတိုင်း။]

## PAGE 72
<!-- 10 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၅၇

သမသူပကသိက္ခာပုဒ်။

။ကို၎င်ဗုဒ္ဓရက္ခိတ….ဆွေမျိုးလည်း မဟုတ်၊အလိုရှိတာကို တောင်းပါ ဟု ဖိတ်ထားသူလည်း မဟုတ်သော လူများက လှူသော ဆွမ်းကို စားသောအခါ လက်ကော်၍ရအောင် ချက်ထား သော ပဲဟင်းကို ဆွမ်း၏ ၄-ပုံ တပုံလောက်သာ စားရသည်၊
အလွန် များများ မစားရ၊ ဆွေမျိုးနှင့် ဖိတ်ထားသူတို့ ဆွမ်း ကျွေးသောအခါ၌ကား ပဲဟင်းကို များများစားသော်လည်း အပြစ်မရှိ။ သမ ဆွမ်းနှင့် တော်လောက်ရုံဖြစ်သော + သူပက=ပဲဟင်းရှိသည်။]

"

==

ထူပကသိက္ခာပုဒ်။ ။ကိုရှင်ဗုဒ္ဓရက္ခိတ..ဆွမ်းခွက် အလယ် ဗဟိုက မိုမောက်နေသော နေရာကို “ဆွမ်းဦး ဆွမ်းထိပ်”ဟု ခေါ်၏၊ ဆွမ်းစားသောအခါ ထို ဆွမ်းဦးဆွမ်းထိပ်ကို နှိပ်၍ (နှိုက်၍)မယူဘဲ, အစမှစ၍ အစဉ် အတိုင်းယူပြီး စားရသည်။ [ထူပက=မိုမောက်သောနေရာ။
ပဋိစ္ဆာဒနသိက္ခာပုဒ်။ ။ကို၎င်ဗုဒ္ဓရက္ခိတ…ဆွမ်းလောင်းသူ ဆွမ်းလိုက်သူတို့သည် ဟင်းမရသေး

I

သော ကိုယ်တော်ကို သာ၍ လောင်းချင်ကြ၏၊ ထို့ကြောင့် ရပြီးသော ပဲဟင်း သားငါးဟင်းတို့ကို လောင်းသူ ဟင်းလိုက် သူတို့ မမြင်ရအောင် နောက်ထပ်အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် ဖုံးမထားရ၊ သူတို့ဘာသာ လူမြင်မှာစိုး၍ နွားသားစသည်ကို ဖုံးပြီးလောင်းလိုက်လျှင်ကား အပြစ်မရှိ။ [ပဋိစ္ဆာဒန ဖုံးခြင်း။]

-

သူပေါဒနဝိညတ္တိသိက္ခာပုဒ်။ ။ကိုရင်ဗုဒ္ဓရက္ခိတ … ဆွေမျိုး လည်း မဟုတ်၊ ပစ္စည်းလေး
