## PAGE 73
<!-- 4 paragraphs, raw extraction -->

၅၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

ပါးအလိုရှိလျှင် တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူလည်း မဟုတ်သော လူတို့အား ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ မတောင်းကောင်း `မ ိတ်ကောင်းပါ၊ ဟင်း-ဆွမ်းသာမက အခြားပစ္စည်းများကိုလည်း မတောင်းကာင်း။ သူပေါဒန= ဟင်း ဆွမ်းကို ၊ ဝိညတ္တိ- တောင်းခြင်း။

မှတ်ချက်။ ။ဆွမ်း ဖြစ်စေ အခြားပစ္စည်းကို ဖြစ်စေ (ရေကို ဖြစ်စေ) အလိုရှိလျှင် ဆွမ်းရပ်သလို သူတို့၏ အနားသို့ သွား၍ ရုပ်ရသည်။ “ဘာ အလိုရှိပါတုန်း”ဟု မေးမှ ဆွမ်းအလိုရှိသည် ဟင်းအလိုရှိသည်, ဆေးအလိုရှိသည် စသည် ဖြင့် ပြောရသည်၊ ထိုသို့ ပြော၍ လှူလျှင် အပြစ် မရှိပါ၊
မလှူလျှင် လှူချလာအောင် ဆက်၍ မပြောကောင်း၊
ထိုသို့ ကပ်၍ ပြော ရအပ်သောပစ္စည်းကား ရဟန်းသာမဏေ ဟူသမျှ မသုံးကောင်းတော့ချေ။ ဤသိက္ခာပုဒ်တော်ကို ရဟန်း သာမဏေများသာမက၊ သာသနာ့ဒါယကာဖြစ်သော ဗုဒ္ဓ ဘာသာ၀င်တိုး နားလည်သင့်ကြပေသည်။
ဥဋ္ဌာနသညီသိက္ခာပုဒ်။ ။ကို၎င်ဗုဒ္ဓရက္ခိတ ဆွမ်းခံပြန်လာ သောအခါ တချို့က ကဲ့ရဲ့လို၍ သူများသပိတ်ကို ကြည့်တတ်ကြ၏၊ ဆွမ်းကို ဟင်းတို့ နည်းနေ လျှင် လှောင်လိုပြောင်လိုခြင်း, ဆွမ်းကို ဟင်းတို့ များနေလျှင် “ဒကာ ဒကာမတို့ကို ကြည်ညိုအောင် ပေါင်းတက်လို့ ဆွမ်း တွေ ဟင်းတွေ ရတာဘဲ”ဟု ကဲ့ရဲ့လိုခြင်း ဤသို့ ယုတ်မာသော စိတ်ဖြင့် ကြည့်ခြင်းကို “ ကဲ့ရွဲလို၍ ကြည့်ခြင်း”ဟု ဆိုသည်၊
ထိုသို့ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူ့သပိတ်ကို မကြည့်ကောင်းပါ၊
ဆွမ်းမရလျှင် ပေးလိုသော စိတ်, များလျှင် အလှူခံလိုသော

## PAGE 74
<!-- 4 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၅၉

စိတ်ဖြင့်ကး ကြည့်ကောင်း၏။ ဥဇ္ဈာနသည် ကဲ့ရဲ့ခြင်း၌ သညာရှိသည်။]

အတိမဟန္တသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ….ဆွမ်းစားသော အခါ ဆွမ်းလုပ်ကို အလွန်ကြီးကြီ ပြုလုပ်၍ မစားရ၊ မိမိါးစပ်အတွင်းမှာ တော်ရုံလောက် မှန်း၍ ဆွမ်းလုပ်ကို ပြုလုပ်ရသည်၊ ကျမ်းစာတို့၌ “ဒေါင်းဥ လောက် မကြီးစေရ”ဟု သတ်မှတ်၏၊ သို့သော် “ပါးစပ်ထဲ၌ ပြည့်သိပ်နေအောင် မစားရ”ဟုသာ မှတ်ပါ။[အတိမဟန္တ အလွန်ကြီးသည်။

ပရိမဏ္ဍလအာင္လာပ။ ။ကိုရင် ဗုဒ္ဓရက္ခိက…. ဆွမ်းလုပ်ကို ရှည်ရှည်လျားလျား မဖြစ်စေဘဲ ခပ်ဒိုင်းဝိုင်းနေအောင် ပြင်ပြီးမှ ပါးစပ်တွင်းသို့ သွင်းရသည် ထို ့ကြောင့် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို လက်ထဲ၌ ထည့်ပြီးလျှင် လက်မကလေးနှင့် လှည့်ပက်၍ ပြင်လိုက်ပါ ဆွမ်းလုပ်ပြရင်း (ရှေး၌ပြခဲ့ပြီးသော ပစ္စက္ခဏာကိုလည်း အတိုချုပ် ဆင်ခြင်နိုင်ပါ ပေးသည်၊)ဤကဲ့သို့ ဆွမ်းလုပ်ပြင်၍ စားလေ့ရှိသော ရဟန်းသာမဏေများကို လူတို့က အလွန် ကျနပ်ကြည်ညိုကြသည်။ ပရိႈလ ထက်ဝန်းကျင် ဝိုင်း သော+အာလော၊ ဆွမ်းလုပ်။

## PAGE 75
<!-- 3 paragraphs, raw extraction -->

809

ဆွမ်းစားသောအခါ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ဆွမ်းလုပ်ပြင်နေပုံ။

ရုပ်ပုံ ရှင်ကျင့်ဝတ်
