## PAGE 79
<!-- 17 paragraphs, raw extraction -->

၆၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

စပုစပုကာရက။ ။ကိုရင်ဗုဒ္ဓရက္ခိတ...တချို့ မိန်းမများသည်

ထမင်းစားသောအခါ စပ်စပ်=ပျပ်ပျပ်

နှင့် အသံမြည်စေတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ ပျပ်ပျပ်သံမြည်အောင် မစားကောင်း။ စပုစပု စပ်စပ် ပျပ်ပျပ် ကာရက=ပြု၍။

+

လေကျင့်ခဏ်း မေးခွန်း

L

က။ ဆွမ်းစားသောအခါပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက် ခင် ပါးစပ်ပေါက်ကို ဘယ်လိုလုပ်၍ မထားရသနည်း။
၁ ။ ဆွမ်းစားသောအခါ လက်ချောင်းများကို အဘယ်သို့ မထည့်သွင်းဘဲ စားရသနည်း။

၁ ။ ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေတုန်းမှာ ဘာကို မလုပ်ရ သနည်း။

ဃ။ ဆွမ်းစားသောအခါ ဆွမ်းလုပ် ဆွမ်းခဲကို ပါးစပ်တွင်းသို့ ဘယ်လိုလုပ်၍ မသွင်းရသနည်း။

0 11

ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ဘယ်လိုလုပ်၍ မစား ရသနည်း။

ဆွမ်းလုပ်ကို ပါးစောင်တဖက်၌ ထား၍ စားကောင်း သလော၊ အဘယ်မှာထား၍ စားရမည်နည်း။

ဆ။ လက်၌ ပေနေသော ဆွမ်း ဟင်းများကို ခါ၍ ပစ် ကောင်းသလော၊ ဘယ်လို လုပ်ရမည်နည်း။

ဆွမ်းလုပ်ကို လျှာထုတ်၍ ကော်ယူကောင်းသလော။

ဈ ။ ပျပ်ပျပ်မည်အောင် ဆွမ်းစားကောင်းသလော။ .

## PAGE 80
<!-- 10 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၆၅

စ။ သုရုသုရုဝဂ်

{

သုရုသုရု သိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ. ဟင်းရည် ကို ဖြစ်စေ၊ နွားနို့ ့လက်ဘက်ရည်ကို

ဖြစ်စေ သောက်သောအခါ “ရှရူး=ရှရူး” လို့ အသံမြည် အောင် မသောက်ရ၊ ပါးစပ်ကို နဲနဲမော့ပြီး အသံမမြည်အောင် အသာကလေး မျှောချရသည်။ [ သုရုသုရု=ရှရှူး ရှရှူးဟု ကာရက = ပြု၍။]

+

ဟတ္ထ နိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ... အောက်တန်းကျ သော တချို့လူများသည် ထမင်း စား သောအခါ လက်ချောင်းမှာ ကပ်နေသော ဟင်းစ- ထမင်းစ တို့ကို လျှာဖြင့် လျက်၍ လျက်၍ စားတတ်ကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ လျက်၍လျက်၍ မစားကောင်းပါ။
[ ဟတ္တ=လက်+နိလ္လေဟက=လျက်၍။]

ပတ္တ နိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ…တချို့ ကလေးများ သည် ထမင်းမလောက်မင ဖြစ်နေလျှင် ထမင်းခွက်မှာ ကျန်နေသော ဟင်း အစအန ထမင်းအစအန တို့ကို လက်ဖြင့် ရသမျှ ခြစ်ချုတ်၍ စားတတ်ကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ သပိတ်(ဆွမ်းစားခွက်-ပန်းကန်ပြား) တို့ကို ခြစ်ချုတ်၍မစားကောင်းပါ၊ ကုန်ခါနီး၌ ဆွမ်းအားလုံး ကို သိမ်းယူမှုကိုကား ပြုကောင်းပါသည်။ [ပတ္တ=သပိတ် ခွက်။

ဩဋ္ဌ နိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ...တချို့ လူများသည် ထမင်း စားသော အခါ နှုတ်ခမ်းမှာ ကပ်နေသော ဟင်းအစအနကို လျှာဖြင့် - လျက်၍ လျက်၍

၅-ပ-မ-သ-စ

## PAGE 81
<!-- 11 paragraphs, raw extraction -->

၆၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ လျှာဖြင့် လျက်၍ မစားကောင်းပါ။ ဩဋ္ဌ=နှုတ်ခမ်း။] ပါနီယတ္ထာလက။ ။ကိုရင် ဗုဒ္ဓရက္ခိတ တချို့ လူများသည် ထမင်းစားတုန်း ဖြစ်စေ၊ ထမင်းစားပြီး

ခါစ ဖြစ်စေ ရေသောက်လိုလျှင် ထမင်း ဟင်း သရည်စာတွေ ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်တတ်ကြသည်၊
ထိုသို့ ကိုင်သည့်အတွက် နောက်တယောက် မသောက်ချင် လောက်အောင် သောက်ရေခွက်မှာ ရွံ့စရာ ဖြစ်နေတော့၏၊
ထို့ကြောင့် ရဟန်း သာမဏေတို့မှာ ပေနေသောလက်ဖြင့် သောက်ရေခွက်ကို မကိုင်ကောင်းပါ။[ပါနီယ=သောက်ရေ+ ထာလက=ခွက်။]

+

မှတ်ချက်။ ။သောက်ရေခွက်ကို ကိုင်ချင်လျှင် မပေသော အခြားလက်တဘက်ဖြင့် ကိုင်ရမည်၊ သို့မဟုတ်

ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ပြီးနောက် ထိုရေခွက်ကို ဆေးမည် ဟူသော ရည်ရွယ်ချက်ဖြင့်လည်း ကိုင်နိုင်ပါ၏၊ သောက်ရေခွက် မဟုတ်သော တခြား ဆေးရေ ခွက်ကိုကား ပေနေသောလက်ဖြင့်ပင် ကိုင်ကောင်းပါ၏။

သသိတ္ထကသိက္ခာပုဒ်။

။

ကိုရင် ဗုဒ္ဓရက္ခိတ ရှေး ရဟန်း သာမဏေ များသည် ဆွမ်းခံပြီး

သောအခါ မြို့တွင်း ရွာတွင်းမှာရှိသော စရပ်၌ ဆွမ်းစား တတ်ကြသည်၊ ဤ သိက္ခာပုဒ်ကို ပညတ်တော်မမူမီက ဆွမ်း စားပြီးနောက် သပိတ်ဆေးသောအခါ ဆွမ်းလုံးတွေနှင့်တကွ သပိတ်ဆေးရေကို ထိုမြို့တွင်း ရွာတွင်းမှာ သွန်ခဲ့သောကြောင့် (“ကိုယ်တော်တွေ့နှယ် ဆွမ်းလုံးတွေကို သပိတ်ဆေးရေနှင့်
