## PAGE 82
<!-- 8 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

၆၇

အတူ သွန်ပစ်ထားလိုက်ကြတာ ကြည့်လို့လဲ အမြင်မတော် ဘူး၊ နင်းမိပြန်ရှင်လဲ မကောင်းဘူး” စသည်ဖြင့်) ရဲ့ကြ သည်၊ ထို့ကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရသည်၊
မြေပေါ်၌ မသွန်ဘဲ ထွေးခံ လက်ဆေးခံထဲမှာတော့ သွန် ကောင်းပါ၏၊ ဆွမ်းတခြား ရေတခြားခဲ့ပြီး ဆွမ်းလုံးတွေကို တနေရာမှာ စုပုံပြီးမှ ရေချည်းသက်သက်လည်း သွန်ကောင်း ပါ၏။ [သ= တကွ + သိတ္တက == ဆွမ်းလုံး။] (ဆွမ်းစားမှုနှင့်စပ်သော သိက္ခာပုဒ် ၂၆-ပါး ပြီး၏။)

[ဤမှ နောက်၌ တရားဟောမှုနှင့် စပ်ဆိုင်သော သိက္ခာပုဒ်များ လာလိမ့်မည်။

ကိုရင် ဗုဒ္ဓရက္ခိတ..တရားဟောမှုသည် တရားနာသူတို့ကို တတ်သိ နားလည်အောင် ပြောပြရသော အလုပ်ဖြစ်၍ အလွန် မြင့်မြတ်သော အလုပ်တမျိုးဖြစ်သည်၊မြင့်မြတ်သောအလုပ်ကို လုပ်သူသည် မြင့်မြတ်သော အနေမျိုးဖြင့်သာ ပြုလုပ်သင့်၏၊
တရားနာသူတို့၏ အောက်ကျ နောက်ကျ အနေမျိုးဖြင့် နေ၍ မဟောသင့်။

ထို့ကြောင့် တရားနာသူသည် လက်၌...

(က) ထီးကို ကိုင်ထားလျှင်၎င်း၊

(ခ) ၄-တောင်လောက်ရှိသော ဒုတ် တောင်ဝှေးကို ကိုင်ထားလျှင်၎င်း၊

## PAGE 83
<!-- 15 paragraphs, raw extraction -->

၆၀

က။

ခ။

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ဂ) ဓား-ရိုက်နှက်ဘို့ ဒုတ်-သေနတ်စသော လက်နက် တစုံတခုကို ကိုင်ထားလျှင်၎င်း၊

(ဃ) လေး-မြှားတို့ကို ကိုင်ထားလျှင်၎င်း ထိုသူတို့အား တရားမဟောကောင်းပါ။

လေ့ကျင့်ခဏ်း မေးခွန်း

ဟင်းရည် နွားနို ့ လက်ဘက်ရည်များကို ဘယ်လိုအသံ မြည်အောင် မသောက်ကောင်းသနည်း။

လျှာဖြင့် အဘယ်သို့ လုပ်၍ မစားကောင်းသနည်း။

၈။ ခွက်မှာ (သပိတ်မှာ) ကပ်နေသော ဆွမ်း-ဟင်း အစ အနများကို ဘယ်လိုလုပ်၍ မစားရသနည်း။

သ။ နှုတ်ခမ်းမှာကပ်နေသော အစအနကို ဘယ်လိုလုပ်၍ မစားရသနည်း။

င။ ဆွမ်းစားပြီးသောအခါ ရေသောက်လိုလျှင် ဘယ်လို လက်ဖြင့် ရေခွက်ကို မကိုင်ကောင်းသနည်း။

စ။

ဆွမ်းလုံးပါသော သပိတ် (ခွက်) ဆေးရေကို ဘယ်မှာ မသွန်ကောင်းသနည်း၊

ဆ။ ထီး, ဒုတ် ဓား လေးမြှား, သေနတ် ကိုင်နေသူအား ဘာမလုပ်ကောင်းသနည်း၊

## PAGE 84
<!-- 10 paragraphs, raw extraction -->

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

ဆ။ ပါဒုကဝဂ်

၆၉

[ဟိန္ဒူလူမျိုးများ စီးလေ့ရှိသော သဲကြိုးမပါဘဲ အဖျား၌ ဗုကလေးတပ်ပြီးလျှင် ထိုဗုံကို ခြေဖျားဖြင့် ညှပ်၍ စီးရသော သစ်သားဘိနပ်(ခုံဘိနပ်)ကို “ပါဒုက=ခြေနင်း”ဟု ခေါ်၏၊
ထိုဘိနပ်မှ ကြွင်းသော သဲကြိုးတပ် နောက်ပိတ်ဘိနပ်စသော ဘိနပ်များကို “ဥပါဟန= ဘိနပ်”ဟု ခေါ်၏။]

"

ကိုရင် ဗုဒ္ဓရက္ခိတ …… ကျန်းမာပါလျက် (က) ခြေနင်း စီးထားသူ၊ (ခ) ဘိနပ်စီးထားသူများအား တရား မဟော ကောင်း။

(ဂ) လှည်း လှေ ရထား သင်္ဘော မော်တော်ကားစသော ယာဉ် အမျိုးမျိုး စီးနေသူအား မိမိက ယာဉ် အောက်၌ နေလျက် တရားမဟောကောင်း။

(ဃ) ကျန်းမာလျက် အိပ်ရာပေါ်၌ လျောင်း၍ (ဟန်ကြီး ပန်ကြီးနှင့်)တရားနာသူအား မိမိက ထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ တရားမဟောကောင်း။

( င ) ကျန်းမာပါလျက် လက်ဖြင့် ဖြစ်စေ အဝတ်ဖြင့် ဖြစ်စေ ဒူး ၂-ဘက်ကို ပတ်၍ မရိုမသေ ထိုင်နေသူအား မိမိက ရိုးရိုးထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ အိပ်၍ဖြစ်စေ တရားမဟောကောင်း။

(စ) ဆံစ မပေါ်အောင် ဦးခေါင်းကို ရစ်ပတ် ဖုံးအုပ်၍ ခေါင်းပေါင်း ပေါင်းထားသူ ဦးထုပ် ဆောင်းထားသူ အား တရားမဟောကောင်း၊ ဟောလိုလျှင် ခေါင်း ပေါင်းဦးထုပ်ကို ချွတ်စေပြီးမှ၎င်း, ဆံစ ပေါ်ရုံ
