## PAGE 85
<!-- 10 paragraphs, raw extraction -->

20

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဖော်စေပြီးမှ၎င်း ဟောရ၏။ မြန်မာတို့ ခေါင်းပေါင်း ပုံမှာ ဆံစ ပေါ်နေသောကြောင့် ဟောကောင်း၏။] (ဆ) ခေါင်းမြီး ခြုံထားသူအားလည်း တရား မဟော ကောင်း၊ ဟောလိုလျှင် ခေါင်းမြီးခြုံကို ဖွင့်စေပြီးမှ ဟောရမည်။

(ဇ) တရားဟောပုဂ္ဂိုလ်သည် အခင်းမပါသော မြေပေါ် ကြမ်းပေါ်၌ ထိုင်၍ ကျန်းမာလျက်နှင့် အခင်းပေါ်မှာ ထိုင်နေသူအား တရားမဟောကောင်း။

( ဈ ) တရားဟောပုဂ္ဂိုလ်သည် နိမ့်သောနေရာ၌ ထိုင်၍ ကျန်းမာလျက်နှင့် မြင့်သောနေရာ၌ ထိုင်နေသူအား တရားမဟောကောင်း။

(ည) တရားဟောပုဂ္ဂိုလ်သည် နောက်မှ လိုက်၍ ကျန်းမာ ပါလျက် ရွှေ့က သွားနေသူအား တရား မဟော ကောင်း။

(ဋ) တရားဟောပုဂ္ဂိုလ်သည် လမ်းဘေးက လိုက်၍ ကျန်း မာပါလျက် လမ်းပေါ်၌ သွားနေသူအား တရား

မဟောကောင်း။

မှတ်ချက်။ ။ဘရားမဟောကောင်းသော သိက္ခာပုဒ် ၁၆- ပါး၌ မကျန်းမမာသူဖြစ်လျှင် ဘယ်လိုနေနေ

ထိုသူအား တရားဟောကောင်း၏၊ “တရား”ဟူရာ၌လည်း ပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက်လာသောပါဠိစကား ကိုသာ တားမြစ်သည်၊ အခြား ဘာသာစကားဖြင့် တရား ဟောခြင်းကို မတားမြစ်ပါ။

## PAGE 86
<!-- 10 paragraphs, raw extraction -->

(က)

( ခ )

သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း ၇၁ ကိုရင် ဗုဒ္ဓရက္ခိတာ….ကျန်းကျန်းမာမာရှိလျှင်— မတ်မတ်ရပ်၍ ကျင်ကြီးကျင်ငယ် မစွန့်ကောင်း။
စိမ်းစို၍ ရှင်နေသောမြက်ပင် သစ်ပင် သစ်ကိုင်း သစ် ခက် သစ်ရွက်ပေါ်၌လည်း ကျင်ကြီး ကျင်ငယ် မစွန့် ကောင်း,တံထွေးနှပ်တို့ကိုလည်းမထွေးမညှစ်ကောင်း။

( ဂ ) သောက်၍ သုံး၍ ဖြစ်လောက်သော ရေတွင်း ရေကန် စသော ရေထဲ၌လည်း ကျင်ကြီး ကျင်ငယ် နှပ် တံထွေး တို့ကို မစွန့်ကောင်း၊ မြစ်ကြီး ချောင်းကြီးတို့၌ကား စွန့်သည့်အတွက် ရေမပျက်သောကြောင့်၎င်း, လှေ သင်္ဘောစီးသွားစဉ် ရေလွတ်သော ကုန်းနေရာကို မရသောကြောင့်၎င်း စွန့်ကောင်းပါ၏။

လေ့ကျင့်ခဏ်း မေးခွန်း

က။ အဘယ်ကို စီးနင်းထားသူ အဘယ်ပေါ်၌ ရောက်နေသူ အား မိမိက ထိုင်၍ ရပ်၍ တရားမဟောကောင်းသနည်း။
အဘယ်သို့ နေသူများအား တရားမဟောကောင်း သနည်း။

ခ ။

၈ ။ မိမိက အခင်းမပါသော နေရာ၌ ထိုင်၍ ဘယ်လိုနေသူ အား တရားမဟောကောင်းသနည်း။

သ။ ကျန်းမာလျှင် ဘယ်လိုနေ၍ ကျင်ကြီးကျင်ငယ် မစွန့် ကောင်းသနည်း။

၄ ။ ဘယ်လိုနေရာများ၌ ကျင်ကြီး ကျင်ငယ် နှပ် တံထွေး တို့ကို မပြုကောင်းသနည်း။
သေခိယသိက္ခာပုဒ်များ ပြီး၏။

## PAGE 87
<!-- 5 paragraphs, raw extraction -->

ရ-ခန္ဓကဝတ် ၁၄-ပါးကို သင်ပြခဏ်း

စူဠဝဂ္ဂ-ဝတ္တက္ခန္ဓက၌လာသော ဤကျင့်ဝတ်များကိုလည်း ဖတ်စာလုပ်၍ ရေးပါမည်၊ ရှင်သာမဏေများကို ဖတ်စာ အဖြစ်ဖြင့် ဖတ်ပါစေ၊ တတ်နိုင်လျှင် လက်ရေးစာအဖြစ်ဖြင့် အကူးခိုင်းပြီးမှ ဖတ်ပါစေ။]

(က) အာဂန္တုကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ သူတပါးတို့၏ ကျောင်းတိုက်သို့ ခေ ခဏသွားသောရဟန်းသာမဏေကို“အာဂန္တုက=ဧည့်သည် ဟု ခေါ်သည်၊ ထိုအာဂန္တုကပုဂ္ဂိုလ်သည် … သူတပါး၏ ကျောင်းတိုက် အာရာမ်တွင်းသို့ ဝင်လိုသောအခါ…… (၁) ဘိနပ်စီး၍ ထီးဆောင်းလာသူဖြစ်လျှင် ကျောင်းသို့ မဝင်မီ ဘိနပ်ကိုလည်း ချွတ်, ထီးကိုလည်း ရုပ်ရသည်။
(၂) ဦးခေါင်းခြုံလာလျှင် ထိုခေါင်းခြုံကို ဖွင့်၍ သင်္ကန်းကို ကောင်းမွန်စွာ ရှန်းပြီးမှ ဝင်ရမည်။

(၃) ကျောင်းတိုက်တွင်းသို့ ရောက်ပြီးနောက် ကျောင်းနေ ပုဂ္ဂိုလ်က မိမိထက်ကြီးလျှင် ထိုပုဂ္ဂိုလ်ကို ရှိခိုးပြီးမှ သင့်တော်သောနေရာ၌ ထိုင်ရသည်။ [မိမိကကြီးလျှင် ရှိမခိုးဘဲ သင့်တော်ရာ၌ ထိုင်ရသည်။
