## PAGE 88
<!-- 9 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

(ခ) အာဝါသိကဝတ်

"

၇၃

ကိုရင် ဗုဒ္ဓရက္ခိတ...မိမိတို့ နေမြဲကျောင်း၌ အတော်ကြာ ကြာ နေသော ရဟန်းသာမဏေကို “အာဝါသိက=ကျောင်း နေ ပုဂ္ဂိုလ်”ဟု ခေါ်သည်၊ ထိုအာဝါသိကပုဂ္ဂိုလ်သည်——

(၁) မိမိထက် ကြီးသော အာဂန္တုကပုဂ္ဂိုလ် လာသည်ကို မြင်လျှင် သူ့မှာပါသော သပိတ်သင်္ကန်းစသော အရာ ဝတ္ထုကို လှမ်း၍ ယူရသည်၊ နေရာခင်းပေးရသည်၊
ခြေဆေးလိုလျှင် ခြေဆေးပေးရသည်။

(၂) “သောက်ရေ အလိုရှိပါသလား”ဟု လျှောက်၍ အလို ရှိလျှင် ကိုယ်တိုင်သော်လည်း သောက်ရေ ကပ်ရသည်၊
သို့မဟုတ် တယောက်ယောက်ကိုသော်လည်း အကပ် ခိုင်းရသည်။

(၃) အာဂန္တုကရဟန်းက မိမိအောက် ငယ်လျှင် သပိတ် သင်္ကန်းထားဘို့ နေရာကို “မည်သည့်နေရာမှာ ထား” ဟု ညွှန်ပြရသည်၊ ထိုင်ဘို့ နေရာကို “မည်သည့်နေရာမှာ ထိုင်”ဟု ညွှန်ပြရသည်၊ ခြေဆေးလိုလျှင် ခြေဆေးဘို့ နေရာကို ညွှန်ပြရသည်၊ သောက်ရေ အလိုရှိလျှင် သောက်ရေထားသော နေရာကို ညွှန်ပြရသည်။

(၄) ထို ့နောက် တည်းခိုဘို့နေရာနှင့် ဝစ္စကုဋိ ပဿာဝကုဋ် (ကျင်ကြီးအိမ် ကျင်ငယ်အိမ်) စသည်ကို ပြောပြရသည်။

## PAGE 89
<!-- 8 paragraphs, raw extraction -->

၇၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ဂ) ဂမိကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ… ခရီးသွားမည့် ရဟန်း သာမဏေကို “ဂမိကပုဂ္ဂိုလ်”ဟု ခေါ်၏၊ ထိုဂမိကပုဂ္ဂိုလ်သည်—— (၁) မိမိသုံးစွဲနေသော သံဃိက (သံဃာအများပိုင်) သစ် ဘဏ္ဍာ မြေဘဏ္ဍာ (သစ်သားဖြင့် လုပ်အပ်သော ခုတင် ကုလားထိုင် စားပွဲစသည်နှင့် မြေဖြင့် ပြုလုပ်အပ်သော အိုးခွက် ပန်းကန်စသော ဘဏ္ဍာ)များကို သိမ်းရသည်။
(၂) မိမိတပါးတည်း နေသော ကျောင်းဖြစ်လျှင် ကျောင်း ခန်းတံခါးနှင့် လေသောက်ပြုတင်းတို့ကို ပိတ်ရသည်။
(၃) ကျောင်းမှာရှိသော အကြီးအကဲနှင့် သီတင်းသုံးဘော် များကို “မည်သည့်အရပ် သွားပါဦးမည်”ဟု ပန်ပြော ရသည်။

(၄) ထိုတာဝန်ဝတ္တရားများကို ပြုလုပ်ပြီးမှ ခရီးသွားရသည်၊
ထိုဝတ္တရားများကို မပြုလုပ်ဘဲသွားလျှင် ရဟန်းများမှာ အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်သည်။

(ဃ) အနုမောဒနာပတ်

o

ကိုရင် ဗုဒ္ဓရက္ခိတ. ကျောင်းတိုက်တွင်းမှာဖြစ်စေ မြို့ရွာ တွင်းမှာဖြစ်စေ ဆွမ်းကျွေးပြီးသောအခါစသည်၌ ဒါယကာ တို့အား ဝမ်းမြောက်ဝမ်းသာရှိအောင် တရားဟောခြင်းကို “အနုမောဒနာပြုခြင်း”ဟု ခေါ်သည်။ [အနု=အဖန်ဖန်+ မောဒနာ=ဝမ်းမြောက်စေခြင်း။ ထိုသို့ ဆွမ်းတရားဟောမှုနှင့်

## PAGE 90
<!-- 13 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

၇၅

အလှူမဏ္ဍပ်၌ တရားဟောမှု စသော အနုမောဒနာ ပြုမူသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန်ဖြစ်၏၊
ထို့ကြောင့်=

o

(၁) အကြီးဆုံးပုဂ္ဂိုလ်သည် ကိုယ်တိုင်စွမ်းနိုင်လျှင် ကိုယ် တိုင် အနုမောဒနာ ပြုရသည်။

(၂) ကိုယ်တိုင်မစွမ်းနိုင်လျှင် စွမ်းနိုင်သူတပါးပါးကို(ကိုရင် ကလေးဖြစ်စေ) အနုမောဒနာပြုပါဟု တိုက်တွန်းရ

သည်။

(၃) အကြီးဆုံးက မတိုက်တွန်းဘဲ မည်သူမျှ အနုမောခံနာ မပြုရ။

(၄) အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ်တရားကို နားမလည်၍ မိမိ ကိုယ်ဘိုင်လည်း မဟော၊ သူတပါးကိုလည်း မတိုက် တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံ ခွင့် ပန်၍ တရားဟောနိုင်ပါသည်။

(၅) ဒါယကာက သူကြည်ညိုသော ပုဂ္ဂိုလ်အား တရား ဟောဘို့ရန် လျှောက်ထားလျှင်လည်း အကြီးဆုံး မထေရ်ကြီးအား ခွင့်ပန်ဘွယ် မလိုတော့ပါ။

"

(င) ဘတ္တဂ္ဂဝတ်

ကို၎င် ဗုဒ္ဓရက္ခိတ…… ဆွမ်းစားရာ ဌာနဖြစ်သော ကျောင်းကို ဖြစ်စေ စရပ်ကိုဖြစ်စေ အိမ်ကိုဖြစ်စေ “ဘတ္တဂ္ဂ” ဟု ခေါ်၏။ [ဘတ္တ=ဆွမ်း+ဂ=ယူရာ ဌာန။] ဘုရားလက်ထက်တော်၌ ရွာတွင်းမှာလည်း ဆွမ်းစားစရပ်ရှိသည်၊ ထို့ကြောင့်—
