## PAGE 91
<!-- 11 paragraphs, raw extraction -->

၇၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

(၁) ရွာတွင်းရှိ ဆွမ်းစားစရပ်သို့ သွားသော ပုဂ္ဂိုလ်သည် သေခိယ သိက္ခာပုဒ်များနှင့် ညီညွတ်အောင် သင်္ကန်း ရုံခြင်း စသော ကျင့်ဝတ်များကို စောင့်ထိန်း၍ သွား ရသည်၊ ပြန်လာသောအခါလည်း သေခိယသိက္ခာပုဒ် တော်များနှင့် ညီစွာ ပြန်လာရသည်။

(၂) ကျောင်းတိုက် အတွင်း၌ ရှိသော ဆွမ်းစားကျောင်း သို့ သွားသော ပုဂ္ဂိုလ်လည်း သင်္ကန်းကို ညီညာစွာ ဝတ်၍ ရုန်း၍ သွားရသည်။

( ၃) မည်သည့် ဆွမ်းစားရာဌာန၌မဆို မထေရ်ကြီးများ၏ အနီး အပါး၌ အလွန်နီးကပ်စွာ မထိုင်ရ။ ထိုသို့ အလွန်နီးကပ်စွာ ထိုင်ခြင်းသည် မရိုသေရာရောက်

သည်။]

(၄) မိမိအောက် ငယ်သားများကိုလည်း ရှိနေသော နေ ရာကို (မထိုင်နှင့်-ဟု) မတားမြစ်ရ။

(၅) ဆွမ်းစားသော အခါ၌လည်း သေခိယ သိက္ခာပုဒ် တော်နှင့် ညီစွာ စားသောက်ရသည်။

(၆) ဆွမ်းစားခါနီးဖြစ်စေ ဆွမ်းစားပြီးနောက် ဖြစ်စေ လက်စသည်ကို ဆေးသောအခါ ရေသံ ပလုပ်ကျင်းသံ စသည်မကြားရအောင် ငြိမ်သက်စွာ ဆေးရသည်။

(၇) အနီးအပါး-ပုဂ္ဂိုလ်များကို ရေမစဉ်ရအောင် သတိ ထား၍ လက်ဆေးခံ-ထွေးခံတို့၌သာ ဆေးရ-ထွေးရ

သည်။

## PAGE 92
<!-- 14 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

( စ ) ပိဏ္ဍစာရိကဝတ်

22

ကိုရင် ဗုဒ္ဓရက္ခိတ…. ဆွမ်းခံသွားသော ရဟန်းသာမဏေ များကို “ပိဏ္ဍစာရိက”ဟု ခေါ်၏ [ပိဏ္ဏ=ဆွမ်းအလို့ငှါ+ စာရိက=လှည့်လည်သူ။ ထိုဆွမ်းခံသွားမည့် ပုဂ္ဂိုလ်သည်—

( ၁ ) ရှေးဦးစွာ သိမ်းစရာရှိသော သစ်ဘဏ္ဍာ မြေဘဏ္ဍာ တို့ကို သိမ်းဆည်းရသည်။

o

( ၂ ) သပိတ်ကိုသန့်ရှင်းစင်ကြယ်စွာ ဆေးရသည်။ [မသန့် ရှင်းဘူး ထင်လျှင် ရဟန်းတို့မှာ သပိတ်ကို အကပ်ခံရ သည်။]

( ၃ ) သေခိယသိက္ခာပုဒ်များနှင့် ညီစွာ သင်္ကန်းရုံခြင်း စသောကျင့်ဝတ်များကို ကျင့်ရသည်။

( ၄ ) ဆွမ်းရပ်သောအခါ၌လည်း ဆွမ်းလောင်းသော နေ ရာနှင့် မဝေးလွန်းမနီးလွန်းအောင် ရင်ရသည်၊ အလွန် ကြာကြာလည်း မရပ်ရ၊ အလွန်မြန်စွာလည်း ပြန်၍

မလှည့်ရ။

«

( ၅ ) ရပ်နေတုန်း၌ “လောင်းမည် မလောင်းမည်”ကို အကဲ ခပ်တတ်ရသည်။

( ၆ ) ဆွမ်းလောင်းသူ၏မျက်နှာကိုလည်း မော်၍မကြည့်ရ။

( ၇ ) အိမ်မှ ပြန်ထွက်သောအခါလည်း မနှေးလွန်းမမြန်လွန်း ပြန်ထွက်ရသည်။

## PAGE 93
<!-- 8 paragraphs, raw extraction -->

၇၈

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ဆ) အာရညိကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ….တောကျောင်း၌ နေသော ပုဂ္ဂိုလ်ကို ““အာရညိက ပုဂ္ဂိုလ်”ဟု ခေါ်၏၊ [အရည=တော၌×ဣက= နေလေ့ရှိသူ။] ထို တောနေပုဂ္ဂိုလ်သည်——

( ၁ ) သူခိုးဓားပြသူပုန်စသူတို့က တောင်းလာလျှင် အဆင့် သင့် မရခဲ့သော် ဘေးရန်အန္တရာယ် ပြုတတ်သော ကြောင့် အဆင်သင့်ရဘို့ရာ သောက်ရေ သုံးရေများကို တည်ထားရသည်။

(၂) မီးကိုသော်လည်း အဆင်သင့် ထည့်ထားရသည်၊ မီး မထည့်လျှင် (မီးပွတ်၍ ရသော) ပွတ်ခုံ ပွတ်ကျည်ကို ထားရသည်။[ယခုခေတ်၌ ပွတ်ခုံပွတ်ကျည်မသုံးသော ကြောင့် … ထို ပွတ်ခုံ ပွတ်ကျည်အစား မီးခြစ်ဗူးကို ထားရမည်။]

( ၃ ) မိမိသွားတဲ့လာတဲ့အခါ လွယ်ကူအောင် တောင်ဝှေးကို လည်း ထားရသည်။

(၄) ခိုးသူတို့က မေးလာလျှင် ပြောပြရအောင် အရွှေ့ အနောက် စသော အရပ်မျက်နှာတို့ကို၎င်း, နက္ခတ် တာရာတို့၏ အကြောင်းအရာကို၎င်း သိထားရသည်၊
(သိအောင် လေ့လာရသည်-ဟူလို။)
