## PAGE 94
<!-- 10 paragraphs, raw extraction -->

"

ခန္ဓကဝတ်ကို သင်ပြခဏ်း

(ဇ) သေနာသနဝတ်

၇၉

ကိုရင် ဗုဒ္ဓရက္ခိတ…ကျောင်းကို၎င်း, အိပ်ရာ နေရာကို၎င်း “သေနာသန”ဟု ခေါ်၏။ [သေန=အိပ်ရာ+အာသန= နေရာ။] ရဟန်း သာမဏေတို့သည် မိမိနေရာ ကျောင်းနှင့် အိပ်ရာ နေရာများကို သန့်ရှင်းအောင် သုတ်သင် ရှင်းလင်း ကြရသည်။ ထို့ကြောင့်—

(၁)

ညောင်စောင်းအင်းပျဉ်ဟု ရှေးက ခေါ်ရသော ခုတင် ထိုင်ခုံ စားပွဲ ကုလားထိုင် စသည်တို့ကို ဖုံသုတ်မှ တခါ တခါ နေလှန်းမှု စသည်ကို ပြုရသည်။

(၂) ကျောင်းပရဝိုင်းဟုခေါ်သော ကျောင်းဝိုင်း တိုက်ဝိုင်း ကို၎င်း, ရေချိုးအိမ် ကျင်ငယ်အိမ် ကျင်ကြီးအိမ် စသည်ကို၎င်း အမှိုက်ရှိလျှင် တံမြက်လှည်းရသည်၊
မြေပြင်ဝယ် တံမြက်လှည်းသောအခါ၌ ဖုံမထအောင် ရေဖျန်း၍ လှည်းရသည်။ တံမြက်လှည်း၍ ဖုံထ လျှင် … ထို ဖုံတွေသည် ကျောင်း အ တွင်း၌ ၎င်း …. ကျောင်းအပြင် နံရံ စသည်၌၎င်း ငြိကပ်မည်စိုးသော ကြောင့် ရေဖျန်း၍ လှည်းဘို့ရန် ပညတ်တော်

မူသည်။]

(၃) ကျောင်းခန်းအတွင်းကို ရှင်းလင်းသောအခါ မသုတ် သင်မီ အတွင်းမှာရှိသော သပိတ် သင်္ကန်း ခေါင်းအုံး, စောင်, ခုတင်, စားပွဲ ကုလားထိုင် စသော အသုံး အဆောင် အားလုံးကို အပြင်သို့ ထုတ်၍ သင့်တော် သော နေရာ၌ ထားရသည်၊ ထိုသို့ အသုံးအဆောင် အားလုံးကို အပြင်သို့ ထုတ်ပြီးမှ ပင့်ကူမျှင် ရှိလျှင်

## PAGE 95
<!-- 4 paragraphs, raw extraction -->

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ပိုးကောင်ကလေးများကိုမထိမိအောင်ရှောင်လျက်) အထက် မျက်နှာကြက်မှစ၍ တံမြက်လှည်းရသည်၊
လေသောက်ပြုတင်းပေါက် အနားတို့ကို ပွတ်သုတ် ရသည်၊ အင်္ဂတေ ဆေးသုတ်ထားသော နေရာများ ၌ကား အဝတ်ကို ရေဆွတ်၍ ညှစ်ပြီးလျှင် ဆေးရောင် မဲပျက်အောင် သာသာယာယာ ပွတ်တိုက်ရသည်။

(၄) အမှိုက်များကို စုပြီးနောက် သင့်တော်ရာ၌ စွန့်ပစ်ရ သည်၊ အပြင်သို့ ထုတ်ထားသော သင်္ကန်း ခုတင် စသည်ကို ဖုံခါရသည်၊ ဖုံခါသောအခါ ရဟန်း တော်များ၏အနီး ကျောင်းတဆောင်ဆောင်၏အနီး သောက်ရေ သုံးရေအိုးတို့၏ အနီး၌ မခါရ၊ လေလာ သောဘက်(လေတင်)ကလည်း မခါရ၊ လေအောက် သို့ ဖုံသွားအောင် ခါရသည်၊ ထိုသို့ ခါသင့်သည်ကို ဖုံခါပြီးမှ သုတ်သင့်သည်ကို ပွတ်သုတ်ပြီးမှ နေလှန်း သင့်သည်ကို နေလှန်းပြီးမှ အသုံးအဆောင်များကို ကျောင်းတွင်းသို့ ပြန်၍ သွင်းရသည်၊ ပြန်ထားသော အခါလည်း နဂိုရ်အတိုင်း ထားတတ်အောင် အပြင် ထုတ်စဉ်ကပင် ထားပုံကို သေချာစွာ မှတ်သား၍ ထုတ်ရမည် ဟု မိန့်တော်မူသည်။

(၅) လေတိုက်သောအခါ၌ ရိုးရိုး လေညှင်းလာလျှင်(မိမိ ကလည်း လေညှင်းခံလိုလျှင်)တံခါးများကို ပိတ်ဘွယ် မလိုပါ၊ သို့သော် တရံတခါ မြူမှုန်နှင့်ရော၍ လေလာ တတ်၏။ ထိုအခါ ကျောင်းတွင်း၌ မြူမှုန် မဝင်ရ

## PAGE 96
<!-- 5 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

အောင် လေလာသောဘက်မှ တံခါးပေါက်နှင့် လေ သောက်ပြုတင်းများကို ပိတ်ထားရသည်။

( ၆ ) သောက်ရေ သုံးရေများကို သန့်ရှင်းစွာ တည်ထား၍ (သောက်ရေခွက်ကိုလည်း နေ့စဉ် ပွတ်တိုက်) ရသည်။
(၇) မိမိထက် သီတင်းကြီးသူနှင့်အတူ တကျောင်းတည်း၌ နေလျှင် “စာသင်မှု, ပြဿနာမေးမှ စာအံမှု တရား ဟောမှု မီးထွန်းမျှ တံခါးဖွင့်မှုပိတ်မှုများကို ထိုသီတင်း ကြီးသူအား ခွင့်တောင်းပြီးမှ ပြုရသည်။ [နဂိုရ်ကပင် မထေရ်ကြီးက ထိုကိစ္စအားလုံးကို ( သင့်တော်သလို ပြုကြတော့ဟု)ခွင့်ပြုထားလျှင်ကား ခွင့်တောင်းဘွယ် မလိုပါ၊ ဤသို့ မထေရ်ကြီးက ခွင့်မပြုဘဲ ငယ်ရွယ် သူတို့ ကိုယ်လုပ်ချင်ရာလုပ်လျှင် ရဟန်းတို့မှာ အာပတ် သင့်၍ သာမဏေတို့မှာ ဒဏ်ထိုက်သည်။] ဤကား အလွန် သိထိုက်သော သေနာသန ဝတ်များတည်း ပါဠိတော်၌ကား … သည့်ထက် ကျယ်ဝန်းစွာ ပါရှိ လေသည်။

တိုက်တွန်းချက်။ ။မြတ်စွာဘုရားသည် ကျောင်း-အိပ်ရာ နေရာတို့ကို နေ့စဉ် သုတ်သင် ရှင်းလင်း ဘို့ရာ ပညတ်တော် မူထားသည့် အတိုင်း ကျောင်းတွင်း ကျောင်းဝိုင်းများကို နေ့စဉ် ရှင်းလင်းပါမူ ရဟန်းတော်များ ၏ နေရာသည် အသာယာဆုံး ကြည်နူးဘွယ် အကောင်းဆုံး ရောက်လာသူတို့၏ စိတ်နှလုံးကို ယူကျုံးနိုင်ဆုံး ဖြစ်လောက် ရာ၏၊ ယခုမူကား အများအားဖြင့် ထိုကဲ့သို့ သုတ်သင်ရမည့်

G-0-0-20-0
