## PAGE 97
<!-- 18 paragraphs, raw extraction -->

၁၂

အစား

ရုပ်ပုံ ရှင်ကျင့်ဝတ်

ညစ်ပေ ရှုပ်ပွေအောင် ထားကြသဖြင့် ဂုဏ်ယူရမည့် နေရာဝယ် ဂုဏ်ပျက်ဘွယ် ဖြစ်ရပါတော့သည်၊ ထိုသို့ မဖြစ်ရ အောင် နောက်ခေတ်ပုဂ္ဂိုလ်များ ကြိုးစားနိုင်ကြပါစေသား။

က။

08

လေ့ကျင့်ခဏ်း မေးခွန်း

ဘယ်လိုပုဂ္ဂိုလ်ကို “ အာဂန္တုက” ဟု ခေါ်သနည်း၊
အာဂန္တုကဝတ်များကို ပြပါ။

ဘယ်လိုပုဂ္ဂိုလ်ကို “အာဝါသိက” ခေါ်သနည်း၊ အာဝါ သိက ဝတ်များကို ပြပါ။

၈။ ဘယ်လိုပုဂ္ဂိုလ်ကို “ဂမိက”ဟု ခေါ်သနည်း၊ ဂမိကဝတ် များကို ပြပါ။

«

သ။ ဘယ်လို ပြုခြင်းကို “ အနုမောဒနာ ပြုခြင်း” ဟု ခေါ် သနည်း၊ ထိုအနုမောဒနာငတ်ကို ပြပါ။

C l

0 11

2011

ဘယ်လိုနေရာကို “ဘတ္တဂ္ဂ”ဟု ခေါ်သနည်း၊ဘဂ္ဂဝတ် ကို ပြပါ။

ဘယ်လိုပုဂ္ဂိုလ်ကို“ပိဏ္ဍစာရိက ပုဂ္ဂိုလ်”ဟု ခေါ်သနည်း၊
ထို ပိဏ္ဍစာရိကဝတ်ကို ပြပါ။

ဘယ်လို ပုဂ္ဂိုလ်ကို “အာရညိက”ဟု ခေါ်သနည်း၊ ထို အာရညိကဝတ်ကို ပြပါ။

## PAGE 98
<!-- 7 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

၈၃

ဇ။ အဘယ်ကို “သေနာသန”ဟု ခေါ်သနည်း၊ ထိုသေနာ သနဝတ်များကို မှတ်မိသမျှ ပြပါ။

ဈ ။ သေနာသနဝတ်ကို မပြုသော ကျောင်းတိုက်သည် ရောက်လာသော ရဟန်း ရှင်လူတို့၏ စိတ်ကို နှစ်သက် စေနိုင်မည်လော။

(ဈ) တန္တာရဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ..ဆီးနှင်း အားကြီး၍ အအေးများ သော အရပ်ဒေသတို့၌ ကိုယ်လက်တောင့်တင်းသော မကျန်း မမာမှုနှင့် အအေးမိသော ရောဂါများ ဖြစ်တတ်ကြသည်၊ ထို မကျန်းမမာမှုများ မဖြစ်ရအောင် ကိုယ်ခန္ဓာကို နူးနပ်စေ ခြင်းအကျိုးငှါ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ် ကြရသည်၊ ထိုရေချိုးအိမ် ကျောင်းငယ်ကလေးကို “ဧန္တာ သရ=ဇရုံးအိမ်”ဟု၎င်း “မီးတင်းကုပ်”ဟု၎င်း “ရေချိုးအိမ်’ ဟု၎င်း ခေါ်ကြ၏။

ထို ရေချိုးအိမ်၌ မီးပူကို ခံနိုင်အောင် မျက်နှာကို မြေ ညက်ဖြင့် သုတ်လိမ်း၍ အတွင်းသို့ ဝင်ပြီးလျှင် ဆပ်ပြာဖြင့် တကိုယ်လုံး ပွတ်တိုက်ကာ ရေချိုးလေ့ရှိကြ၏၊ တပါး ၂-ပါး သာ မက တပြိုင်နက် ရဟန်းသာမဏေအများဝင်၍ ရေချိုး လေ့ရှိကြသည်၊ ထို့ကြောင့် မီးဖို၌ ပြာရှိလျှင် ထိုပြာကို စွန့် ပစ်ခြင်း, တံမြက်လှည်းခြင်း, ဆပ်ပြာမှုန့်ရှိလျှင် (ရေဖြင့် နယ်၍) အခဲလုပ်ခြင်းစသော ကျင့်ဝတ်များကို ပြုလုပ်ကြရ သည်။

## PAGE 99
<!-- 11 paragraphs, raw extraction -->

၈၄

"

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ဉ) ဝစ္စကုဋိဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ.ကျင်ကြီးစွန့်သော နေရာကို “ဝစ္စ- ကုဋိ”ဟု၎င်း “ကုအိမ်”ဟု၎င်း ခေါ်သည်၊ ထို ကုဋီအိမ် သည် ကျောင်းတိုက် ဟူသမျှ၌ မရှိလျှင် မဖြစ်နိုင်သောနေရာ တမျိုးတည်း၊ ထို ့ကြောင့် ကုဋိအိမ်၌ ပြုကျင့်ရမည့် ဝတ်ကို လည်း အထူးမှတ်ပါ။

(၁) ကုဋိအိမ်သို့ ဝင်မည့်ကြံလျှင် အတွင်း၌ လူရှိ--မရှိ သိရ အောင် မဝင်မီ “အဟမ်း"ဟု ချောင်းဟန့်လိုက်ပါ၊
အတွင်းမှာရှိလျှင် ထိုသူက ပြန်၍ ချောင်းဟန့်ပါလိမ့်

မည်။

(၂) လူမရှိလျှင် အပေါ် ဧကသီကို အပြင် သင်္ကန်းတန်း၌ ချထာ ပြီးမှ တံခါးကို ဖွင့်၍ မနှေးလွန်း မမြန်လွန်း အတွင်းသို့ ဝင်ပါလေ။ [ကုဋိ အပြင်ဘက်၌ သင်္ကန်း ထားဘို့ရန် တန်းရှိစေရမည်။

(၃) အတွင်းသို့ ရောက်သောအခါ ခြေနင်းခုံပေါ်၌ ခြေစုံ ရပ်ပြီးမှ သင်းပိုင်ကို (မ)ရသည်၊ မဝင်မီက သင်းပိုင် ကို (မ)၍ မဝင်ပါလေနှင့်။

(၄) ကျင်ကြီးစွန့်နေစဉ်“အင်းအင်း”ဟု ညည်းသံ ညှစ်သံ မမြည်ပါစေနှင့်။

(၅) ကျင်ကြီး စွန့်နေတုန်းမှာ ပါးစပ်ဖြင့် ဒန်ပူကို ကိုက်၍ မတားပါနှင့်။
