ဝိနယသံခိပ်ကျမ်း မုံရွာမြို့-လယ်တီ ဆရာတော် ဘုရားကြီးသည် မြတ်စွာဘုရားသခင် သာသနာတော်ကြီး ပွားစီးတိုးတက်စေခြင်း,များစွာသော သူအပေါင်း တို့၏-ကောင်းကျိုးအမျိုးမျိုး တိုးတက်စေခြင်းတို့ကို လိုလားတောင့်တ တော်မူသော သမ္မာဆန္ဒ အာသီသ နှလုံးသွင်း လွန်မင်းစွာ ရှိလှသဖြင့် သံခိပ်ကျမ်းအမျိုးမျိုးတို့ကို ရေးသားစီရင်တော်မူခဲ့ပါကြောင်း။ ၎င်းသံခိပ်ကျမ်းတို့အနက် ဤဝိနယသံခိပ်ကျမ်းကို ဝိနည်းပါဠိတော် အဋ္ဌကထာ စပ်ဆိုင်ရာကျမ်းဂန်တို့မှ ဘွေရှာကောက်နှုတ်, အနှစ်သာရကို ထုတ်ပြီးလျှင် လက်ဝါးပေါ်အပြင် မျက်ရှင်ပတ္တမြား တင်၍ထားဘိ သကဲ့သို့ ထင်ရှားနားလည်အောင် ကြံဆောင်သေချာ ကဗျာသံပေါက် တို့ဖြင့်ဖွဲ့၍ထားပြီးမှ ၎င်း၏ အဖြေစကားပြင်ဖြင့် ဘော်ပြ၍ ကျနစွာ ပီရင်တော်မူပါကြောင်း။ ဝိနည်းပါဠိတော်-အဋ္ဌကထာကျမ်းကြီးတို့ကို သင်ကြားသော အခါ ကာလ၌လည်း ဤကျမ်းကို လေ့ကျက်ထားဘူးသဖြင့် အထူးဝိသေသ အထောက်အပံ့ကို ရရှိနိုင်ကြလိမ့်မည် ဖြစ်ပါကြောင်း။ သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ ဣစ္ဆာသယ ပိဋကတ်ပုံနှိပ်တိုက်က သိုက်မြိုက်သေချာ ခရာ-ပုဒ်-ဗျည်း-မကျန် မှန်ကန်စွာရိုက်နှိပ်လိုက်သော ဤဝိနယသံခိပ်ကျမ်းကို ကြိုးပမ်း လေ့လာ ရှုကြည့်တော် မူနိုင်ကြပါ စေသော်။ မာတိကာ နိဒါန်း ၁။ ဝန္ဒနာပဏာမနှင့်တကွ သိက္ခာသုံးပါးကို ပြဆိုခန်း ၂ ။ သင်္ကန်း အဓိဋ္ဌာန်တင်နည်း ၃ ။ သင်္ကန်း ဝိကပ္ပနာပြုနည်း ၄ ။ သင်္ကန်းဟူသော မှီရာနိဿယ ၅။ သပိတ်အပြား ခွက်အပြား ၆ ။ အကပ်ခံနည်း ၇ ။ အတိရိတ် ဝိနည်းကံ ပြုနည်း။ ဂ ။ ကာလိက လေးပါးအမြွက် ၉ ။ အကပ္ပိယ အသားမျိုး ၁ဝ။ အကပ္ပိယ ပစ္စည်းမျိုး ၁၁ ။ ကပ္ပိခြင်းငါးပါးအမြွက် ၁၂ ။ ကျောင်းဟူသော မှီရာနိဿယအမြွက် ၁ ၃ ။ ဆေးဟူသော မှီရာနိဿယအမြွက် ၁၄။ အမှီလေးပါး ၁၅။ ပါရာဇိက ၁၆ ။ သံဃာဒိသိသ် ၁၇ ။ နိဿဂ္ဂိယ ၁၈။ သုဒ္ဓပါစိတ် ၁၉။ သေခိယ ၂၀။ သမုဋ္ဌာနာဒိ ၂ ၁ ။ အဓိကရုဏ်း လေးပါးအမြွက် ၂ ၂ ။ သမထခုနစ်ပါး ၂ ၃ ။ ပါရာဇိက အာပတ် ကုစားနည်း ၂ ၄ ။ သံဃာဒိသိသ် အာပတ် ကုစားနည်း ၂ ၅ ။ဒေသနာဂါမ် အာပတ် ကုစားနည်းအမြွက် ၂ ၆ ။ ရှင်ပြုခန်းအမြွက် ၂ ၇ ။ ရဟန်းခံခန်းအမြွက် ၂ ဂ ။ နိဿယမုတ္တကအင်္ဂါ ၂ ၉ ။ ဥပဇ္ဈာယ် နိဿယည်းအမြွက် ၃၀ ။ သိမ်ခန်းအမြွက် ၃ ၁ ။ ပုဗ္ဗကရဏ ပုဗ္ဗကိစ္စ ၃၂ ။ ပတ္တကလ္လ အင်္ဂါလေးပါး ၃ ၃ ။ ဥပုသ်အပြား ၃၄။ ပဝါရဏာအပြား ၃၅ ။ ဥပုသ်ပဝါရဏာပြုပုံ ၃ ၆ ။ ဝါဆိုခန်း ၃၇ ။ ကထိန်အမြွက် ဝိနယသံခိပ်မာတိကာပြီး၏။ Trang1 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ၁- ဝန္ဒနာပဏာမနှင့်တကွ သိက္ခာသုံးပါးကိုပြဆိုခန်း ၁။ ဘုရား, တရား, သံဃာအား၊ သုံးပါးဝန္ဒနာ။ “တိဿော ဣမာ ဘိက္ခဝေ ဝန္ဒနာ။ ကတမာ တိဿော။ ကာယေန ဝန္ဒတိ၊ ဝါစာယ ဝန္ဒတိ၊ မနသာ ဝန္ဒတိ”။ ။အင်္ဂုတ္တိုရ်ပါဠိတော်။ ။ လောက၌ ဒွါရဖြင့်ဆို၍ ရှိခိုးခြင်းသည် ပါဠိတော်နှင့် လျော်ပေ၏။ ။ အဋ္ဌကထာကြီး တို့၌ကား ။ ။“စက္ခုနာ ရူပံ ဒိသွာတိ ကရဏဝသေန စက္ခူတိ လဒ္ဓဝေါဟာရေန ရူပဒဿနသမတ္ထေန စက္ခုဝိညာဏေန ရူပံ ဒိသွာ။ ပေါရာဏာပနာဟု- စက္ခု ရူပံ နပဿတိ၊ အစိတ္တကတ္တာ။ စိတ္တံ န ပဿတိ၊ အစက္ခုကတ္တာ။ ဒွါရာရမ္မဏ သံဃဋ္ဋနေန ပန ပသာဒဝတ္ထု ကေန စိတ္တေန ပဿတိ။ ဤဒိသီ ပနေသာ ဓနုနာ ဝိဇ္ဈတီတိ အာဒီသု ဝိယ သသမ္ဘာရကထာနာမ ဟောတိ။ တသ္မာ စက္ခုဝိညာဏေန ရူပံ ဒိသွာတိ အယမေဝေတ္ထ အတ္ထောတိ”ဟု လာ၏။ ။ကံဖြင့်ဆို၍ ရှိခိုး ခြင်းသည် ဤအဋ္ဌကထာကြီးများနှင့် လျော်၏။ လျော်ပုံကား– စက္ခု သည်လည်း ဒွါရရုပ်မျိုး ဖြစ်၏။ ကာယဝစီတို့သည်လည်း ဒွါရရုပ်မျိုး ဖြစ်ကြကုန်၏။ ထို့ကြောင့် စက္ခုနာ ရူပံ ဒိသွာ၌ စက္ခုနာ ဟူသော စကားသည် သသမ္ဘာရကထာ ကာရဏူပစာ စကားမျိုး ဖြစ်သကဲ့သို့ ကာယေန ဝန္ဒတိ-၌ ကာယေန ဟူသော စကားသည်လည်း သသမ္ဘာရ Trang2 ကထာ ကာရဏူပစာ စကားမျိုးပင် ဖြစ်၏။ ထို၌ စက္ခု သဒ္ဒါဖြင့် စက္ခု ဝိညာဏ်ကို ယူ၏သို့ ဤ၌ ကာယသဒ္ဒါဖြင့် . ကာယဒွါရ၌ ဖြစ်သော စေတနာကံကိုယူ။ ၂။ ရဟန်းတရား၊ အမြတ်ထား၊ သုံးပါး ကျင့်သိက္ခာ။ “တိဿော ဣမာ ဘိက္ခဝေ သိက္ခာ။ ကတမာ တိဿော။ အဓိသီလသိက္ခာ၊ အဓိစိတ္တ သိက္ခာ၊ အဓိပညာ သိက္ခာ”။ ။အင်္ဂုတ္တိုရ်ပါဠိတော်။ ၃။ အာဒိဗြဟ္မ၊ စရိယနှင့်၊ အဘိသမာစာရိက၊ ဤနှစ်ဝ- သီလ သာသနာ။ အဓိသီလ သာသနာ၊ အဓိသီလသိက္ခာ အတူတူ။ ။လူတို့၏ ငါးပါး သီလ၊ ဆယ်ပါးသီလ၊ ရှစ်ပါးသော ဥပေါသထသီလတို့ထက် လွန်ကဲ ထူးမြတ်သော သီလသိက္ခာမျိုးဖြစ်၍ ထိုနှစ်ပါးသော သီလတို့ကို အဓိ သီလသိက္ခာဆိုသည်။ မြတ်စွာဘုရားတို့ ဖြစ်ပွင့်တော်မူသော အခါ၌သာ လောက၌ ဖြစ်ပေါ်သည်။ ၄။ နှစ်ရာ့နှစ်ဆယ်၊ ခုနစ်သွယ်၊ အကျယ်-အာဒိ-သာ။ အာဒိဗြဟ္မစရိယက သီလ ဆိုသည်ကား ပါတိမောက်မှာ အကျယ် လာသော ၂၂၇-ပါးသော သိက္ခာပဒသီလတို့ကို ဆိုသည်။´ ။ အကျဉ်း အားဖြင့် ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလကို ဆိုသည်။ ။ထိုသီလသည် မဂ္ဂဗြဟ္မစရိယ၏ အစအဦးဖြစ်၍ အာဒိဗြဟ္မစရိယက သီလ မည်၏။ “မဂ္ဂဗြဟ္မစရိယဿ အာဒိဘာဝဘူတန္တိ အာဒိဗြဟ္မစရိယကံ၊ အာဇီဝဋ္ဌမကသီလဿေတံ အဓိဝစနံ” ။ ။ဝိသုဒ္ဓိမဂ်။ ။အစအဦးဆိုသည်ကား နံနက်အခါ၌ အရှေ့အရပ်မှ တက်သော နေအရုဏ်သည် ထိုနေ့ အဦးဖြစ်၍ ထိုနေ့၌ အတွင်းဝင် ဖြစ်လေသကဲ့သို့ ဤ ၂၂၇-ပါးသော သိက္ခာပဒသီလ အပေါင်းသည် သောတာပတ္တိမဂ္ဂ သီလ၏ အစအဦး အခြေအမြစ် ဖြစ်၍ သောတာပတ္တိမဂ္ဂ သီလ၌ သင်္ဂြိုဟ် ရေတွက်ခြင်းသို့ ရောက်၏။ ။ယခုကာလ ဤသီလနှင့် ပြည့်စုံကြကုန်သော သီလဝန္တ ရဟန်းတို့သည် အရိယာပုဂ္ဂိုလ် ရှစ်ယောက် တို့တွင် သေက္ခပုဂ္ဂိုလ်တို့၌ သင်္ဂြိုဟ် ရေတွက်ခြင်းသို့ ရောက်ကုန်၏။ “သေက္ခော ဘိက္ခူ တိ Trang3 ပုထုဇ္ဇနကလျာဏေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီတိ သေက္ခာ။ တေသု ယောကောစိ သေက္ခော ဘိက္ခူတိ ဝေဒိတဗ္ဗော”။ အဋ္ဌကထာ။ ။“ကေ သိက္ခန္တီတိ။ သေခါ စ ပုထုဇ္ဇနကလျာဏကာ စ သိက္ခန္တိ”။ ။ ပရိဝါရပါဠိတော်။ ၅။ ခန္ဓကဝတ်၊ အကျင့်မြတ်၊ မှတ်လေ ဘိသမာ။ မဟာဝါခန္ဓက စူဠဝါခန္ဓကတို၌လာသော ဥပဇ္ဈာယဝတ်, အာစရိယ ဝတ် အစရှိသော ကျင့်ဝတ်တရား တို့သည် ထိုအာဒိဗြဟ္မစရိယကသီလ ပေါ်တွင် အရောင်တင် အမွှန်းတင် သီလဖြစ်ပေ၍ အထွတ်အမြတ် ဖြစ်သော အကျင့်အာစာရ ဟူသော အနက်ကြောင့် အာဘိသမာစာရိက သီလမည်ကုန်၏။ ။“ဥဘတော ဝိဘင်္ဂပရိယာပန္နံ အာဒိဗြဟ္မစရိယကံ။ ခန္ဓကဝတ္တပရိယာပန္နံ အာဘိသမာစာရိကံ။ ။ဝိသုဒ္ဓိမဂ်။ လောကုတ္တရာသီလသည်မူကား အနုတ္တရအဓိသီလပေတည်း။ ။ ၆။ အာဘိသမာစာရိ၊ မပြည့်ဘိ၊ အာဒိ-ကြောင်မြဲသာ။ ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ခန္ဓကဝတ်အကျင့်တို့ကို ပြည့်စုံစွာ မဖြည့်နိုင်သော ရဟန်းအား အာဒိဗြဟ္မစရိယက သီလသည် ပြည့်စုံမြဲမဟုတ်။ နွားပျောက် နွားကျားကဲ့သို့ အကြောင်အကျားသာ ဖြစ်မြဲတည်း။ ။“သော ဝတ ဘိက္ခဝေ ဘိက္ခု၊ အာဘိသမာစာရိကံ ဓမ္မံ အပရိပူရေတွာ အာဒိဗြဟ္မစရိယကံ ဓမ္မံ ပရိပူရေဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ” ။ ။အင်္ဂုတ္တိုရ်ပါဠိတော်။ ။ထိုဝတ်အကျင့်တို့ကို သဒ္ဓါ ဝီရိယ နုန့်ကြသော သူတို့သည် ဖြည့်ကျင့်လိုသော စိတ်ပင် မရှိကြကုန်။ ထိုသူတို့သည် သဒ္ဓါဝီရိယ ထက်သန်လှမှ ဖြည့်ကျင့်နိုင်ရာသော အချို သော အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌၎င်း သမထကမ္မဋ္ဌာန်းအလုပ် ဝိပဿနာကမ္မဋ္ဌာန်း အလုပ်တို့၌၎င်း စိတ်ပင်မရှိကြကုန်၊ သဒ္ဓါ ဝီရိယကို ထူထောင်၍ ထိုဝတ်အကျင့်တို့ကို ဖြည့်ကျင့်နိုင်သော သူတို့သည်မူကား အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်း ခဲယဉ်းမှု မရှိကြကုန်။ ဓုတင် အလုပ် သမထကမ္မဋ္ဌာန်းအလုပ် ဝိပဿနာကမ္မဋ္ဌာန်း အလုပ်တို့၌လည်း နည်းလမ်းကျကျ သိမှုသာလို၏။ ဝီရိယအတွက်မှာ ခက်ခဲမှုမရှိကြကုန်။ Trang4 ၇။ သမာပတ္တိ၊ ရှစ်ပါးရှိ၊ အဓိစိတ္တသာ။ ဝိပဿနာ၏ အခြေပါဒဖြစ်သော ပဌမဈာန်သမာပတ် ဒုတိယဈာန် သမာပတ် အစရှိသော သမာပတ် ရှစ်ပါးသည် အဓိစိတ္တသိက္ခာ မည်၏။ ။လောကုတ္တရာစိတ်သည်မူကား အနုတ္တရအဓိစိတ္တပေတည်း။ ။ “ဝိပဿနာပါဒကံ ပန အဋ္ဌသမာပတ္တိစိတ္တံ အဓိစိတ္တန္တိ ဝုစ္စတိ”။ ပါရာဇိကဏ်အဋ္ဌကထာ။ ဂ။ ဝိပဿနာသုံးတန်၊ မဂ်,ဖိုလ်ဉာဏ်၊ အမှန် ဓိပညာ။ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာညဏ် သုံးပါးသည်၎င်း မဂ်ဉာဏ်လေးပါး ဖိုလ်ဉာဏ်လေးပါးသည်၎င်း အဓိ ပညာသိက္ခာမည်၏။ထိုတွင် မဂ်ဉာဏ်လေးပါး ဖိုလ်ဉာဏ် လေးပါးသည် မိမိထက်လွန်သော အထက်ဉာဏ် လာရန်မရှိပေသောကြောင့် အနုတ္တရ အဓိပညာမည်၏။ ။“တိလက္ခဏာကာရပရိစ္ဆေဒကံ ပန ဝိပဿနာဉာဏံ အဓိပညာတိ ဝုစ္စတိ။ တတောပိ-စ မဂ္ဂံ ဖလပညာဝ အဓိပညာ”။ ပါရာဇိကဏ်အဋ္ဌကထာ။ ၉။ သိက္ခာလိုလား၊အမျိုးသား၊ ကြိုးစားကျင့်ကြရာ။ လဇ္ဇီပေသလ သိက္ခာကာမ ဟူသောပုဒ်၌ “တိဿော သိက္ခာ သိက္ခိတုံ ကာမေတိ ဣစ္ဆတီတိ သိက္ခာကာမော”ပြု။ ယခုဘဝ၌ ပြဆို ခဲ့ပြီးသော သိက္ခာ သုံးပါးတို့ကို ပေါက်ရောက်အောင် ကျင့်ကြံလိုသော ဆန္ဒဥဿာဟ တင်းလင်းရှိနေသော ပုဂ္ဂိုလ်ကို သိက္ခာကာမ ပုဂ္ဂိုလ် ဆိုသည်။ ယခုကာလ၌မူကား အဓိသီလ သိက္ခာ၌သာ သိက္ခာကာမ ဖြစ်နိုင်ကြ၏။ အဓိသီလ သိက္ခာတွင်မှလည်း အာပတ် သင့်တတ်သော သိက္ခာမှုတို့၌သာ ဂရုစိုက်ကြ၏။ အမွှန်းတင်ကိစ္စနှင့် အပိုအမို ဖြည့်ကျင့် ရသော ဝတ်ကြီး ဝတ်ငယ်တို့၌ အားမစိုက်ကြပြီ။ ။ အထက်သိက္ခာ နှစ်ပါးတို့ကိုမူကား ထိုသိက္ခာ သာသနာတို့၏ ကွယ်ပရာကွယ်ပကြောင်း တရားတို့ကို လိုက်စားမွေးမြူ၍ နေကြသောအခါဖြစ်၍ ဓုရနိက္ခိတ္တပြု၍ ထားကြ၏။ ထိုသိက္ခာ သာသနာနှစ်ပါးတို့၏ ကွယ်ပရာကွယ်ပကြောင်း တရားဆိုသည်ကား စေတော ဝိနိဗဒ္ဓတရား ငါးပါးတို့နှင့် လာဘ Trang5 သက္ကာရ သိလောကတို့၌ ငြိတွယ်သော တဏှာ တရားစုပေတည်း။ ကျောင်းကောင်း ဆွမ်းကောင်း သင်္ကန်းကျောင်း ပရိက္ခရာ ဘဏ္ဍာ ကောင်းတို့၌ သာယာသော တဏှာတပါး မိမိကိုယ်ခန္ဓာ၌ သာယာသော တဏှာတပါး, မိမိကိုယ်အင်္ဂါ အသွေးအရောင်တို့၌ သာယာသော တဏှာ တပါး,စားမှုအိပ်မှုတို့၌ အလေးဂရုပြုသော တဏှာတပါး, ရဟန်း သီလကို ဖြည့်ကျင့်မှုသည် ယခုဘဝ၌ မဂ်ဖိုလ်၏ ပါဒကအကျိုးငှာ မဟုတ် ယခုဘဝ၌ ကုသိုလ်လည်းရ၏၊ ဝမ်းလည်းဝ၏၊ နောက်ဘဝ၌ လူကောင်း နတ်ကောင်း ဖြစ်ရ၏ဟု စိတ်ရှိခြင်းတပါး၊ ဤကား စိတ်ကို ဘာဝနာ အလုပ်သို့ မညွှတ်ရအောင် ဘွဲ့နှောင်ချည်တုပ်၍ နေသော စေတောဝိနိ ဗဒ္ဓတရား ငါးပါးတည်း။ ။လာဘ်များမှု့, ကျောင်းကောင်း ဆွမ်း ကောင်း သင်္ကန်း သပိတ် ပရိက္ခရာကောင်း ရတတ်သည်ကို သာယာမှု့ အကျော်အစောကို သာယာမှု့, နောက်သုံးပါး။ ဤတရားတို့သည် အထက်သာသနာကြီး နှစ်ပါးတို့ကို ကွယ်ပစေတတ်ကုန်၏။ ၁၀။ ရဟန်းဖြစ်စ၊ ဓိသီလ၊ ပြပိန့်ရှေးဦးစွာ။ ရဟန်းဖြစ်စ၌ ရှေးဦးစွာ ကျင့်အပ်သော အဓိသီလ သိက္ခာ အစီ အရင်ကို ရှေးဦးစွာ ပြဆိုပေအံ့။ ရှေးဦးစွာ ကျင့်အပ်သည်ဟူရာ၌။ ။ “ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ”။ ပါဠိတော်။ ၁၁။ သိက္ခာလိုလား၊ မျိုးကောင်းသား၊ ကျိုးများပေဘို့ရာ။ သာသနာတော်၌ ရဟန်းပြုကြမှုသည် တစုံတခုသော ဘေးကြောင့် ပြုမှု့, လူလုပ်လျှင် ဆင်းရဲမည်ကိုမြင်၍ အသက်မွေးဝမ်းကျောင်း အနေနှင့် ပြုမှု့, သံသရာဘေးကို ကြောက်သဖြင့် သံသရာဝဋ်မှ လွတ်တဲ့ရန် သိက္ခာ သုံးပါးကို အားထုတ်လို၍ သဒ္ဓါပဗ္ဗဇိတအနေနှင့်ပြုမှု, ဟူ၍ ရှိ၏။ ထို တွင် သဒ္ဓါပဗ္ဗဇိတကို ရည်၍ သိက္ခာလိုလား၊ မျိုးကောင်းသားဟု ဆိုရ ရပေသည်။ ဝန္ဒနာပဏာမနှင့်တကွ သိက္ခာသုံးပါးကို ပြဆိုခန်းပြီး၏။ Trang6 ၁၂။ သင်္ကန်းပစ္စေး၊ ဆွမ်းပစ္စေး၊ ကျောင်းဆေးမှီ-လေးဖြာ။ ရဟန်းခံရာ သိမ်အပြင်၌ ဆုံးမခန်းတွင် “စတ္တာရော နိဿယာ အာစိက္ခိတဗ္ဗာ။ စတ္တာရိစာကရဏီယာနိ အာစိက္ခိတဗ္ဗာနိ”ဟူ၍ လာရှိ သည့်အတိုင်း မှီရာလေးပါးကို ရှေးဦးစွာ ပြဆိုမည်ဟူလို။ ၁၃။ သင်း,ကိုယ်,ဒု,အိပ်၊ မျက်,ပရိုက်၊ နိသိဒ်,မိုဃ်း,အမာ။ သင်းပိုင်, ကိုယ်ရုံ, ဒုဂုဏ်, အိပ်ရာခင်း, မျက်နှာသုတ်ပုပါ, ပရိက္ခရ စောဠပုဆိုး, နိသီဒိုင်အခင်း, မိုဃ်းရေခံသင်္ကန်း, အမာလွှမ်းသင်္ကန်း။ သင်္ကန်းကိုးထည် သရုပ်။ ။အန္တရ ဝါသကော၊ သင်းပိုင်။ ဥတ္တရာ သင်္ဂေါ၊ ကိုယ်ရုံ။ သံဃာဋိ၊ဒုဂုဏ်။ ပစ္စတ္ထရဏံ၊ အပေါ်လွှမ်း အိပ်ရာခင်း။ မုခပုဉ္စနစောဠံ၊ မျက်နှာသုတ် ပုဝါ။ ပရိက္ခာရစောဠံ၊ ရေစစ် ပုဝါ လက်သုတ်ပုဝါ သပိတ်အိတ် ဘိနပ်အိတ် အစရှိသော အတိုအထွာ ပရိက္ခရာပုဆိုး အမျိုးမျိုး။ နိသီဒနံ၊ နိသီဒိုင်အခင်း။ ဝဿိကသာဋိကာ၊ မိုဃ်းရေခံပုဆိုး။ ကဏ္ဍုပ္ပဋိစ္ဆာဒိ၊ အမာလွှမ်း သင်္ကန်း။ ။ပါဠိအမည် နှင့် အဓိဋ္ဌာန်တင်ရန် ဆောင်ပုဒ်။ “အနုဇာနာမိ ဘိက္ခဝေ တိစီဝရံ အဓိဋ္ဌာတုံ န ဝိကပ္ပေတုံ။ ဝဿိက သာဋိကံ ဝဿာနံ စာတုမာသံ အဓိဋ္ဌာတုံ တတောပရံ ဝိကပ္ပေတုံ။ နိသီဒနံ အဓိဋ္ဌာတုံ န ဝိကပ္ပေတုံ။ ပစ္စတ္ထရဏံ အဓိဋ္ဌာတုံ န ဝိကပ္ပေတုံ။ ကဏ္ဍုပ္ပဋိစ္ဆာဒိံ ယာဝ အာဗာဓာ အဓိဋ္ဌာတုံ တတော ပရံ ဝိကပ္ပေတုံ။ မုခပုဉ္စစောဠံ အဓိဋ္ဌာတုံ န ဝိကပ္ပေတုံ။ ပရိက္ခာရစောဠံ အဓိဋ္ဌာတုံ န ဝိကပ္ပေတုံ”။ ။မဟာဝါပါဠိတော်။ ။အဓိဋ္ဌာတုံ၊ ငါ့ဥစ္စာဟု အမှတ်ပြုရန် အဓိဋ္ဌာန်တင်ခြင်းငှာ။ ။ဝိကပွေတုံ၊ ငါ့ဥစ္စာဟု အာသာ မကပ် ကင်းကွာလတ်အောင် ဝိကပ္ပနာ ပြုခြင်းငှာ၊ အနက်ပေး။ ကိုးထည် အစီအစဉ်မှာ ရှေ့သံပေါက်အတိုင်းစဉ်။ ။ သင်း, ကိုယ်, ဒု, အိပ်၊ မျက်, ပရိက်၊ နိသိဒ်, မိုဃ်း, အမာ။ ။ရှေ့သံပေါက်။ Trang7 ၁၄။ ရှေ့ခြောက်ထည်လျှင်၊ ယခုမြင်၊ မထင်နောက်သုံးမှာ။ ရှေ့ခြောက်ထည် သည်သာလျှင် ယခုကာလ၌ သုံးရိုးစွဲရိုး မျက်မြင် ဒိဋ္ဌဖြစ်၏။နိသီဒိုင် မိုဃ်းရေခံ အမာလွှမ်းဟူသော နောက်သုံးထည် တို့ကို မူကား ယခုကာလ၌ သုံးရိုးစွဲရိုး မထင်မမြင်ပြီ။ ၁၅။ အလျားရှစ်သစ်၊ နံလေးသစ်၊ရှင်ချစ် လက်တော်သာ။ အဓိဋ္ဌာန် ဝိကပ္ပနာ လောက်ရာသော အတိုင်းအရှည် ပမာဏမှာ မြတ်စွာဘုရား၏ လက်သစ်တော် အားဖြင့် အလျား ရှစ်သစ် အနံ လေးသစ်ရှိသော အဝတ်ထည်သည် အယုတ်ဆုံး အားဖြင့် အဓိဋ္ဌာန် ဝိကပ္ပနာ လောက်၏။ ။“အနုဇာနာမိ ဘိက္ခဝေ အာယာမတော အဋ္ဌင်္ဂုလံ သုဂတင်္ဂုလေန၊စတုရင်္ဂုလဝိတ္ထတံ ပစ္ဆိမံ စီဝရံ ဝိကပ္ပေတုံ”။ မဟာဝါ။ ။စတုရင်္ဂုလဝိတ္ထတံ၊ လက်လေးသစ်မှန် အနံပြန့်ကျယ် အဝတ်ထယ်ကို။ပစ္ဆိမံ စီဝရံ၊ အယုတ်ဆုံး သင်္ကန်းပြု၍ပေး။ ၁၆။ အလျားတောင်မှန်၊ ထွာအနံ၊ ခေါ်ရန် မဇ္ဈိမာ။ ဘုရားလက်သစ်နှင့် ပြဆိုသော ထိုဝတ်ထည်သည် မဇ္ဈိမပုရိသ ခေါ်သော ဝဍ္ဎကီ အတောင်အားဖြင့် အလျား တတောင် အနံတထွာ ရှိ၏။လက်သန်းတောင် လက်သန်းထွာကို ဆရာတို့ယူကြ၏။ ။“သုဂတ ဝိဒတ္ထိယာတိ သုဂတဝိဒတ္ထိနာမ ဣဒါနိ မဇ္ဈိမဿ ပုရိသဿ တိဿော ဝိဒတ္ထိယော၊ ဝဍ္ဎကီ ဟတ္ထေန ဒိယဍ္ဎော ဟတ္ထော ဟောတိ”။ ။ကုဋိ ကာရ အဋ္ဌကထာ။ ။ဘုရားမှ မဇ္ဈိမသည် သုံးဆတက်၏။ ထို့ကြောင့် ဘုရား၏ လက်ရှစ်သစ်သည် မဇ္ဈိမတတောင်ဖြစ်၏။ ဘုရား၏ လက်လေး သစ်သည် မဇ္ဈိမတထွာ ဖြစ်သတည်း။ ၁၇။ မဇ္ဈိမတွင်၊ ထက်ဝက်တင်၊ မျက်မြင် ငါတို့မှာ။ မျက်မြင် ငါတိုဆိုသည်ကား ပကတိပုရိသကို ဆိုသတည်း ။ မဇ္ဈိမတွင် ထက်ဝက် တင်သည်ရှိသော် မဇ္ဈိမ တတောင်သည် ပကတိ တတောင့်ထွာ ဖြစ်၏။ မဇ္ဈိမတထွာသည် ပကတိ တထွာ့ခြောက်သစ် ဖြစ်၏။ ။မဇ္ဈိမနှင့် ဝဍ္ဎကီကားတူ၏။လက်သမား တောင်ခေါ်သည်။ Trang8 ၁ဂ။ ဓိဋ္ဌာန်ဝိကပ်၊ လောက်ပြီမှတ်၊အာပတ် ဝတ္ထုလာ။ ပကတိ ပုရိသခေါ်သော ငါတိုအတောင် အထွာအားဖြင့် အလျား တတောင့်ထွာ အနံတထွာ့ခြောက်သစ်ရှိသော အဝတ်ထည်သည် အဓိဋ္ဌာန် လောက်၏။ဝိကပ္ပနာလောက်၏။ သင်္ကန်းသာမညနှင့် စပ်ယှဉ်သော ထိုထို သိက္ခာပုဒ်တို့၌ “ဝိကပ္ပနုပဂံ ပစ္ဆိမံ စီဝရံ” ဟူ၍ အာပတ်ဝတ္ထု၊ အဖြစ်ဖြင့် လာ၏။ ။မဇ္ဈိမဝဍ္ဎကီတို့မှ ငါတို့ ပကတိ တက်နည်းကိုကား ဝိနယာ လင်္ကာရဋီကာ၊ သဒ္ဒသုတ္တနိဒ္ဒေသတို့၌ လာသည်ကို ပမာဏ ပြုကြရ ကုန်၏။ ။ ထိုကျမ်းဆရာတို့သည်လည်း ။ ။“အဋ္ဌာဒသဟတ္ထုဗ္ဗေဓော၊ ဂေါတမော သကျဝဍ္ဎနော” ဟူ၍ ငါတို့ဘုရား အရပ်တော်ကို ပြဆို ကြသော ကျမ်းဂန်များကို မှီ၍ မဇ္ဈိမမှ ထက်ဝက်တက်ကို ပြဆိုကြပေ ကုန်၏။ မြတ်စွာဘုရား အရပ်တော်သည် မြတ်စွာဘုရား၏လေးတောင် သာ ရှိမြဲဖြစ်၏။ ထိုကို သုံးဆတက်သော် မဇ္ဈိမ တဆဲ့နှစ်တောင် ဖြစ်၏။ ထိုကို ထက်ဝက် တက်သော် ပကတိပုရိသတဆဲ့ရှစ်တောင် ဖြစ်သတည်း ။ ၁၉။ ကိုယ်ပိုင်သန္တက၊ ရသည်မှ၊ ဒသကရက်တွင်းမှာ။ ၂၀။ ဓိဋ္ဌာန်တင်မှု၊ ဝိကပ်မှု၊ မပြု အာပတ်လာ ။ မိမိတို အတောင်နှင့် အလျား တံတောင့်ထွာ အနံတထွာ ၆-သစ် ရှိသော အဝတ်ထည်မျိုး ထိုထက် အလျားအနံ ကြီးသော အဝတ် ထည်မျိုးတို့ကို ကိုယ်ပိုင်သန္တကအဖြစ်နှင့် ရခဲ့သည်ရှိသော် မိမိလက်သို့ပင် မရောက်သေးသော်လည်း သေချာစွာ သိရှိခဲ့ပါလျှင် ရသောနေ့မှစ၍ ဆယ်ရက်အတွင်း၌ အဓိဋ္ဌာန်သော်လည်း တင်ရာ၏။ဝိကပ္ပနာသော်လည်း ပြုရာ၏။ တခုခုမပြုခဲ့သော် တဆဲ့တရက် အရုဏ်တက်သည်နှင့် တပြိုင်နက် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ။အရုဏ် ဟူသော စကားဖြင့် တရက် လုံးကို သိမ်းကျုံးလိုရင်းဖြစ်၏။ ထိုကြောင့် လဆန်းတရက်နေ့ မွန်းတည့် အချိန်မှာဖြစ်စေ၊ ညဉ့်သန်းခေါင်အချိန်မှာဖြစ်စေ၊ သင်္ကန်းရလာခဲ့သော် လဆန်း ၂-ရက် အရုဏ်တက်လျှင် ထိုနေ့ဆုံး၏။ ထိုအခါမှ လဆန်း တရက် နံနက်အရုဏ်ကို ကိုသင်္ကန်းရသည် မည်၏။ - ငါ့သင်္ကန်းသည် တအရုဏ်ရပြီဆိုရ၏။ဝါဆိုဝါကပ်အရာ ပရိဝါသ်မာနတ်စသည်တို့၌လည်း ဤနည်းအတူ။ Trang9 ၂၁။ ပရိက္ခာရ၊ စောဠအမည်၊ သူ့အမည်၊ နှစ်ထည် အဓိဋ္ဌာ။ အဓိဋ္ဌာန် တင်နည်းသည် ပရိက္ခာရှစောဠ အမည်နှင့် တင်နည်း' သံဃာဋိ, ဥတ္တရာသင်္ဂ, အန္တရဝါသက, ပစ္စတ္ထရဏ အစရှိသော အသီး အသီးသော သူ့အမည်နှင့် တင်နည်းဟူ၍ တင်နည်း နှစ်ပါးရှိ၏။ ၂၂။ ပရိက္ခာရ၊ စောဠအသုံး၊ကိုးထည်လုံး၊ရှေးထုံးအစဉ်လာ။ ပရိက္ခာရစောဠ ဟူသော အမည်နှင့် အဓိဋ္ဌာန်တင်နည်းသည် သင်္ကန်း ကိုးထည်တို့တွင် သပိတ်အိတ် ဘိနပ်အိတ် အစရှိသော ပရိက္ခာရစောဠ အထည်မျိုးတို့၌သာ တင်ရသည်မဟုတ်။ ကိုးထည်လုံး၌ပင် တင်လိုသော် တင်ရသော ရှေးထုံးအစဉ်လာ၏။ ။“ပရိက္ခာရ စောဠနာမ ပါဋေက္ကံ နိဓာနမုခမေတံ”။ ။အဋ္ဌကထာကြီး။ “ပရိက္ခာရ စောဠိယော သဗ္ဗံ၊ တထာ ဝတွာ အဓိဋ္ဌတိ”။ ။ခုဒ္ဒသိက္ခာ။ ။အဋ္ဌကထာကြီး၌ တိစီဝရိက် သာ ပရိက္ခာရစောဠတင်မှုကို ဆိုလျက်ရှိ၏။ ၂၃။ ကိုယ်, နှုတ် နှစ်ပြင်၊ တအင်အင်၊ တင်လေ အဓိဋ္ဌာ။ သင်္ကန်းအဓိဋ္ဌာန် တင်နည်းသည် ကိုယ်အင်္ဂါဖြင့် တင်ခြင်း နှုတ်အင်္ဂါ ဖြင့်တင်ခြင်း ဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် တပါးပါးဖြင့်တင်လေ ဟူလိုသည်။ ။“ဒ္ဓေ စီဝရဿ အဓိဋ္ဌာနာနိ ကာယေန အဓိဋ္ဌေတိ၊ ဝါစာယ အဓိဋ္ဌေတိ”။ ။ပရိဝါပါဠိ။ ။ကိုယ်အင်္ဂါဖြင့် တင်ရာ၌ “ဣမံ စီဝရံ ပရိက္ခာရစောဠ အဓိဋ္ဌာမိ-ဟု နှလုံးသွင်းခြင်းနှင့် တကွ အဝတ်သင်္ကန်းကို လက်ဖြင့် ကိုင်တွယ်၍ သုံးသပ်ရသည်။ ။နှုတ်အင်္ဂါ ဖြင့် တင်ရာ၌ကား အဝတ်သင်္ကန်းကို အာရုံပြု၍ “ဣမံ စီဝရံ ပရိက္ခာရ စောဠံ အဓိဋ္ဌာမိ”-ဟု နှုတ်မြွက်ရသည်။ ။နှုတ်ကလည်းဆို ကိုယ်က လည်း သုံးသပ်ပေမူ ကိုယ်နှုတ်နှစ်ပါးဖြင့် တင်သည်မည်၏။ ၂၄။ နီး, ဝေး,နည်း,များ၊ လေးထွေပြား၊ ခြားတုံအဆိုမှာ။ ၂၅။ ဣဒံ ဣမာနိ၊ ဧတံ ဧတာနိ၊ဆိုရိုးရှိ၊နီးဘိ- နှစ်တောင့်ထွာ။ အနီး၌ရှိသော အဝတ်သင်္ကန်း အဝေး၌ရှိသော အဝတ်သင်္ကန်း တထည်တည်းသော အဝတ်သင်္ကန်း နှစ်ထည် သုံးထည်စသည်များသော Trang10 အဝတ် သင်္ကန်း ဟူ၍ လေးထွေ လေးပါး အပြားရှိ၏။ ဆိုပုံလည်း ခြားနားစေရ၏။ ။အနီးတထည်ဖြစ်အံ့၊ ဣဒံ-ဟု။ ။အနီး နှစ်ထည် သုံးထည် စသည် အများဖြစ်အံ့၊ ဣမာနိ-ဟု။ ။အဝေးတထည်ဖြစ်အံ့၊ ဧတံ-ဟု။ ။အဝေးအများဖြစ်အံ့၊ဧတာနိ-ဟု ဆိုရိုးရှိ၏။နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ တည်ရှိသော အဝတ်သင်္ကန်းကို အနီးဆိုသည်။ ။ နှစ်တောင့်ထွာမှ အပ၌တည်ရှိသော အဝတ်သင်္ကန်းကို အဝေးဆိုသည်။ ယူဇနာတရာပင်ဝေးသော်လည်း ထိုသင်္ကန်းကို စိတ်တမ်း၍ နှုတ်ဖြင့်တင် ဆိုလျှင် မြောက်တော့သည်။ ။“ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ။ ။ ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ။ ။ဧတံ စီဝရံ ပရိက္ခာရ စောဠံ အဓိဋ္ဌာမိ။ ။ဧတာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ”။ ။ အထည်ပေါင်း တရာကိုပင် တပါတည်း တင်ရ၏။ ၂၆။ ပရိက္ခာရ၊ စောဠတင်မှု၊ သင်္ကန်းစု၊ ပြုဘွယ်ထူးမလာ။ ပရိက္ခာရစောဠ အမည်နှင့် အဓိဋ္ဌာန်တင်အပ်ပြီးသော သင်္ကန်းတို့၌ စောင့်ရှောက်ခြင်း စသည်ဖြင့် ပြုဘွယ်ကိစ္စ အထူးမလာပြီ။ အလိုရှိတိုင်း သုံးဆောင်ရတော့သည်။ အဓိဋ္ဌာန်ပျက်ကြောင်းများမှာ နောက်၌ လာလတ္တံ့ ။ ၂၇။ သူ့ အမည်နှင့်၊ တင်တုံလင့်၊ ကျင့်ဝတ်အဖြာဖြာ။ သံဃာဋိ, ဥတ္တရာသင်္ဂ, အန္တရဝါသက အစရှိသော အသီးအသီး သော သူ့အမည်နှင့် အဓိဋ္ဌာန်တင်ရာ၌မူကား ကျင့်ဝတ်တရား အဖြာဖြာ များ၏။ ၂ဂ။ သင်း, ကိုယ်,ဒု,မိုဃ်း,၊ မာ,နိမျိုး၊ တင်ရိုးဧက်စီ သာ။ သင်းပိုင်, ကိုယ်ရုံ, ဒုဂုဏ်, မိုဃ်းရေခံ,အမာလွှမ်း,နိသီဒိုင် တို့ကို သူ့အမည်နှင့် တင်သည်ရှိသော် တထည်စီသာ ထားရာသည်။ အဓိဋ္ဌာန် တင် သင်းပိုင်တထည်သာ ရှိရာသည်။ နှစ်ထည်မရှိရ။ အသစ်တထည်ကို အဓိဋ္ဌာန် တင်လိုသော် သင်းပိုင်ဟောင်းကို ပစ္စုတ္ထိုရ် ပြုပြီးမှ အသစ်ကို တင်ရသည်။ ကြွင်းသော ငါးထည် တို့၌လည်း ဤနည်းတူ ။ ။ အိပ်ရာ ခင်း မျက်နှာသုတ် ပရိက္ခာရစောဠ တို၌မူကား များစွာပင် တင်၍ ထားရ၏။ Trang11 ၂၉။ လျားနံပမာဏ၊ ပြည့်မှီမှ၊ တင်ရ ခြောက်ထည်မှာ။ သင်း, ကိုယ်, ဒု, မိုဃ်း, မာ, နိ, ဟူသော ခြောက်ထည်တို့ကို သူ့ အမည်နှင့်တင်ရာ၌ အသီးသီး အလျားအနံ ပမာဏ ပြည့်မှီမှသာ တင်ရသည်။ ၃၀။ ငါး တာင်-တောင်ဆုပ်၊ သုံးတောင်-ဆုပ်၊ ဒုကုဋ် ကိုယ် ရုံမှာ။ ဒုဂုဏ် ကိုယ်ရုံတို့၌ အယုတ်ဆုံး အားဖြင့် အလျား ၅-တောင်- တောင်ဆုပ်၊ အနံသုံးတောင်-တောင်ဆုပ်ရှိမှသာ အဓိဋ္ဌာန် နားသည်။ ။ ငါးတောင်- တောင်ဆုပ် ဆိုသည်ကား တောင်ရှည် လေးတောင်နှင့် တောင်ဆုပ် တခုကို ဆိုသည်။ သုံးတောင်-တောင်ဆုပ် မှာလည်း ဤ နည်းတူ ။ ၃၁။ အလျားလိုဟန်၊ နှစ်တောင်နံ၊ တင်ရန် သင်းပိုင်မှာ။ သင်းပိုင်၌ အလျားပမာဏ ဒုဂုဏ်ကိုယ်ရုံတို့ အတိုင်းပင်။ အနံမှာ အယုတ်ဆုံး နှစ်တောင်ပမာဏရှိမှ တင်ရသည်။ ၃၂။ နှစ်ထွာ,ထွာခွဲ၊ မြိတ်ထွာတွဲ၊ လုပ်မြဲ နိသိဒ်မှာ။ နိသီဒိုင်၌ အလွန်ဆုံး အားဖြင့် ဘုရား အထွာတော်နှင့် အလျား နှစ်ထွာ အနံတထွာခွဲ အမြိတ်အဆာ တထွာလုပ်မြဲ ဖြစ်သည်။ ထိုထက် မလွန်ရ။ ၃၃။ လေးနှင့် နှစ်တန်၊ ထွာတော်မှန်၊ ကဏ္ဍုပ္ပဋိစ္ဆာ။ အမာလွှမ်း၌ ဘုရားအထွာတော်နှင့် အလျားလေးထွာ အနံနှစ်ထွာ အလွန်ဆုံး။ ထိုထက်မလွန်ရ။ ၃၄။ ခြောက်ထွာရှည်နွှဲ၊ နှစ်ထွာခဲ့၊ လုပ်မြဲ မိုဃ်းရေမှာ။ မိုဃ်းရေခံ၌ ဘုရား အထွာတော်နှင့် အလျား ခြောက်ထွာ အနံ နှစ်ထွာခွဲလုပ်မြဲ၊ ထိုထက်မလွန်ရ။ ၃၅။ ပရိက်, အိပ်,မျက်၊ ဤသုံးချက်၊ မမြွက် လျား-နံမှာ။ ဤသုံးထည်တို့၌ အလျားအနံ ပမာဏကို ကျမ်းဂန်တို့၌ အမြွက် အဆိုမရှိ။ ။ “ဧကံပိ ဝဋ္ဋတိ၊ ဗဟူနိပိ ဝန္တိ”-ဟူ၍ လာ၏။ Trang12 ၃၆။ သုံးထည်အရိုး၊ ကောင်းစွာဆိုး၊ မာ, မိုဃ်း,သင့်ရုံသာ။ ဒုဂုဏ် ကိုယ်ရုံ သင်းပိုင်တို့၌ ကောင်းစွာဆိုးမှ အဓိဋ္ဌာန် နားသည်။ မာ, မိုဃ်းတို့၌ အဆင်းပျက်ရုံဆိုးလျှင် ပြီး၏။ ၃၇။ ကပ္ပဗိန္ဒု၊ ထိုးရိုးပြု၊သင်း, ဒု ကိုယ်, မိုဃ်း, မာ။ ဤငါးထည်တို့သည်ကား ကိုယ်၌ဝတ်ရုံသော သင်္ကန်းမျိုး ဖြစ်ကုန်၍ ဆိုးခြင်း ကပ္ပဗိန္ဒုထိုးခြင်းတို့ကို ပြုပြီးမှ အဓိဋ္ဌာန်တင်ထိုက်ကုန်သည်။ ။ အိပ်, မျက်, ပရိက်, နိသိဒ်တိုကား ဝတ်ရုံသော သင်္ကန်းမျိုး မဟုတ်ကုန်။ ဆိုးမှု ကပ္ပဗိန္ဒုထိုးမှု မလို။ ၃ဂ။ ဓိဋ္ဌာန်ဟောင်းပစ်၊ စွန့်ပြီးလစ်၊ အသစ် တင်မြဲသာ။ သင်း,ဒု,ကိုယ်,မိုဃ်း,မာတို့၌ တထည်သာ အပ်သောကြောင့် အမည် နှင့် တင်၍ ဆောင်သော အဟောင်းရှိခဲ့လျှင် အဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၍ အဓိဋ္ဌာန်စွန့်ပြီးမှ အသစ်ကို အဓိဋ္ဌာန် တင်ရသည်။ ။ဣမံ သံဃာဋိံ ပစ္စုဒ္ဓရာမိ” ဒုဂုဏ် အဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၍။ ။“ဣမံ သံဃာဋိံ အဓိဋ္ဌာမိ” ဒုဂုဏ်သစ်ကို အဓိဋ္ဌာန်တင်။ ။အဝေး၌ရှိနေသော ဒုဂုဏ် ဟောင်းကို အဝေးကနေ၍ စွန့်ရာ၌“ဧတံ သံဃာဋိ” ပစ္စုဒ္ဓရာမိ”ဟု စွန့်။ အဝေးအဓိဋ္ဌာန်၌လည်း ထိုနည်းအတူ။ ။ “ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ။ ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ။ ။ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ။ ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ။ ။ဣမံ ဝဿိကသာဋိကံ ပစ္စုဒ္ဓရာမိ။ ဣမံ ဝဿိကသာဋိကံ အဓိဋ္ဌာမိ။ ။ဣမံ ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပစ္စုဒ္ဓရာမိ။ ဣမံ ကဏ္ဍုပ္ပဋိစ္ဆာဒိံ အဓိဋ္ဌာမိ။ ၃၉။ သုံးထည်ကိုလျှင်၊ အမည်တင်၊ ညဉ့်ပင် မကင်းရာ။ ၄၀။ ဌာနဆဲ့ငါး၊ဝေဘန်ထား၊များလှ ဆိုခွင့်မှာ။ ဒု, ကိုယ်, သင်း, တို့ကို အမည်နှင့် အဓိဋ္ဌာန် တင်ပြီးသည်ရှိသော် တင်ပြီးသော နေ့မှစ၍ သင်္ကန်းနှင့် တညဉ့်မျှကင်း၍ မနေရာ၊ အရုဏ် တက်ဆဲအခါ၌ လိုရင်းတည်း။ ။မကင်းအောင် နေရာသောအစီအရင် ကိုလည်း သင်္ကန်းထားရာဌာန တဆဲ့ငါးပါးတို့နှင့် ဝေဘန်၍ ပါဠိတော်၌ ကျယ်စွာဟောဘော်၍ထား၏။ပြောဆိုဘွယ် အလွန်များ၏။ ။ထိုဌာန Trang13 တို့၌ မလိမ်မာခဲ့သော် နေလေရာ ဌာန၌၎င်း, လမ်းခရီးသွားဆဲ အခါ ၌၎င်း အရုဏ်တက်ဆဲအခါတွင် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ သင်္ကန်းကို အမြဲထား၍ ဆောင်လျှင် ပြီးတော့သည်။ ဘိက္ခု သမ္မုတိကို ရခဲ့သော်၎င်း, ကထိန်အာနိသင်ကို ရခဲ့သော်၎င်း ညဉ့်ကင်းသော်လည်း အပြစ်မရှိ။ အခန့်မတော်လှ၍ ညဉ့်ကင်းမည်ရှိခဲ့သော် အဝေးမှာလှမ်း၍ သော်လည်း ပစ္စုဒ္ဓိုရ်ပြုလိုက်ရသည်။ အရုဏ်တက်သည်နောက် အဝေးမှာ လှမ်း၍ အဓိဋ္ဌာန် တင်လိုလျှင် တင်ရ၏။ ၄၁။ မိုဃ်းလေးလတွင်၊ မိုဃ်းကိုတင်၊ လွန်လျှင် ဝိကပ္ပါ။ မိုဃ်းရေခံသင်္ကန်းမှာ ဝါဆိုလပြည့်ကျော် တရက်မှစ၍ တန်ဆောင် မုန်းလပြည်နေ့တိုင် မိုဃ်းလေးလ အတွင်း၌သာ အဓိဋ္ဌာန် တင်ရသည်။ ဆောင်းလေးလ နွေလေးလတို့၌ ဝိကပ္ပနာပြု၍ ထားရသည်။ ၄၂။ အနာရှိလျှင်၊ မာကိုတင်၊ လွန်လျှင် ဝိကပ္ပါ။ အမာလွှမ်းသင်္ကန်းမှာ အိုင်းကျသော ယားနာကြီး ဝဲနာကြီးစသည် ရှိသောအခါ၌သာ အဓိဋ္ဌာန်တင်ရသည်။ ထိုအနာ ပျောက်ငြိမ်းသော အခါ၌ ဝိကပ္ပနာပြု၍ ထားရသည်။ ၄၃။ နိသီဒန၊ တင်တုံက၊ လေးလ မကင်းရာ ။ နိသီဒိုင်သင်္ကန်းကို နိသီဒနအမည်နှင့်တင်၍ ဆောင်စဉ်အခါ လေးလ လုံးလုံး ကင်း၍ မထားရာ။ ၄၄။ ပေးစွန့်, ခိုးယူ၊ ကျွမ်းဝင်ယူ၊ လူထွက် ချသိက္ခာ။ ၄၅။ သေဆုံး,လိင်ပြန်၊ ပစ္စုဒ္ဓံ၊ ရှစ်တန်‘ကျဓိဋ္ဌာ ။ ။ အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသည် ရှစ်ပါးသော အကြောင်း တိုကြောင့် အဓိဋ္ဌာန်ကျ၏။ ထိုသင်္ကန်းကို သူတပါးအား ပေးလိုက် စွန့်လိုက်သော်၎င်း ထိုသင်္ကန်ကို သူတပါးတို့ခိုး၍ တိုက်၍ လုယက်၍ ယူခဲ့သော်၎င်း,အကျွမ်းဝင်၍ ဝိဿာသဂါဟ ယူနည်းဖြင့် ယူခဲ့သော်၎င်း သင်္ကန်းရှင်သည် ဘိက္ခုနီဖြစ်၍ သိက္ခာမချရဘဲ လူဝတ်လဲ၍ လူထွက် ခဲ့သော်၎င်း, ရဟန်း ယောက်ျားဖြစ်၍ သိက္ခာချခဲ့သော်၎င်း,သင်္ကန်းရှင် ရဟန်း သေဆုံးခဲ့သော်၎င်း, ဣတ္ထိလိင် ပြန်ခဲ့သော်၎င်း, ပစ္စုဒ္ဓိုရ် ပြုခဲ့ Trang14 သော်၎င်း အဓိဋ္ဌာန်ကျ၏။ သင်္ကန်းရှင် ပါရာဇိကကျခဲ့သော် အဓိဋ္ဌာန် ကျသည် မကျသည်ကို အဆိုမရှိ၊ သိက္ခာကျ၌ ရေတွက်ရာ၏။ ၄၆။ သင်း, ကိုယ်, ဒုအား၊ ပေါက်မှုပွား၊ ကိုးပါးကျကြောင်း သင်းပိုင် ကိုယ်ရုံ ဒုဂုဏ်တိုမှာ ပေါက်ခြင်းကို ထည့်၍ အဓိဋ္ဌာန်ကျ ကြောင်း ကိုးပါးလာ၏။ သုံးထည်လုံးမှာ အလျားစွန့်မှ တထွာ၏ အတွင်း၌ အနံစွန်း၌မူကား ကိုယ်ရုံဒုဂုဏ်တို့မှာ ရှစ်သစ်အတွင်း၌ သင်းပိုင် မှာ လေးသစ်အတွင်း၌ လက်သန်းသည်းခွန်အပြင် ပမာဏမျှ ကျယ်လှ စွာ ပေါက်ခဲ့သော် အဓိဋ္ဌာန်ကျ၏။ ။ ရှေ့ရှစ်ပါးကား ပရိက္ခာရစောဠ အဓိဋ္ဌာန်လည်း ဆိုင်၏။ ။အပေါက်ပေါက်မှုသည် တိစီဝရိက် အဓိဋ္ဌာန် ကြီးနှင့်သာ ဆိုင်၏။ သင်္ကန်းအဓိဋ္ဌာန် တင်နည်းပြီး၏။ ၃-သင်္ကန်းဝိကပ္ပနာပြုနည်း ၄၇။ ပရမ္မုခါ၊ သံမုခါ၊ နှစ်ဖြာ ဝိကပ္ပ။ ဝိကပ္ပနာပြုနည်းသည် သံမုခါဝိကပ္ပနာ, ပရမ္မုခါဝိကပ္ပနာ ဟူ၍ နှစ်ပါးရှိ၏။ သံမုခါဝိကပ္ပနာ မိမိနှုတ်ဖြင့်ပြုအပ်သော ဝိကပ္ပနာ၊ ပရမ္မု ခါ ဝိကပ္ပနာ- သူတပါးနှုတ်ဖြင့် ပြုအပ်သော ဝိကပ္ပနာဟု ဆိုကြ၏။ ၄၈။ ဝိနည်းဓိုရ်ပါး၊ ချဉ်းကပ်ငြား၊ နှစ်ပါးပြုဘိရ။ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ထံ ချဉ်းကပ်၍ ဝိနည်ဓိုရ်ပုဂ္ဂိုလ်အား ပြုရမည်။ ဝိကပ္ပနာ ပြုလိုသောသင်္ကန်းကို ဝိနည်းဓိုရ်ရှေ့၌ ထား၍ ။ ။ “ဣမံစီဝရံ တုယှံ ဝိကပ္ပေမိ”။ ။သင်္ကန်းအများ ဖြစ်ခဲ့လျှင်“ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဆို။ ။အဝေးရှိ သင်္ကန်း၌ ဧတံ ဧတာနိ-ဆို။ ၄၉။ ဝိနည်းလိမ်မာ၊ မြတ်ဆရာ၊ ပြန်ပါဝိကပ္ပ။ ဝိနည်းဓိုရ်ဆရာက ဝိကပ္ပနာပြန်ရသည်။ ။“မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိဝါ ယထာပစ္စယံ ကရောဟိ” ဆို၍ပြန်။ ။ ငါ၏ဥစ္စာကို သုံးလိုသုံး စွန့်လိုစွန့် အကြောင်းအားလျော်စွာ လိုရာပြုလေဟူလိုသည်။ Trang15 ၅၀ ။ သီတင်းဘော်မှန်၊ သမ္ပဒါန်၊ ငါးတန် လိုရာပြ။ သံမုခါဝိကပ္ပနာပြုပုံတနည်းမှာ သီတင်းသုံးဘော်ငါးယောက်တို့တွင် သင်္ကန်းရှင် အလိုရှိရာ တယောက်ယောက်ကို သမ္ပဒါန်ထား၍ ပြု၏။ ။ “ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ။ တိဿာယ ဘိက္ခုနိယာ။ တိဿာယ သိက္ခမာနာယ။တိဿဿ သာမဏေရဿ။တိဿာယ သာမဏေရိယာ”ဟု မိမိနှင့် အကျွမ်းဝင်သူ တယောက်ယောက်၏ နာမည်ကို ဘော်၍ဆို။ ။ဝိနည်းဓိုရ်က ပြန်ရာ၌“တိဿဿ သန္တကံ”ဆို၍ပြန်လေ။ ၅၁။ ကိုယ်မပြုဘဲ၊ သူ့ကိုလွှဲ၊ ခေါ်မြဲ ပရမ္မုခ။ တုယှံ ဝိကပ္ပေမိ-ဟု မိမိမပြုမူ၍ ဝိနည်းဓိုရ်ဆရာကိုပင် ဝိကပ္ပနာပြုမှုပါ လွှဲအပ်လိုက်၏။ “ဣမံ စီဝရံ ဝိကပ္ပနတ္ထာယ တုယှံ ဒမ္မိ”၊ လွှဲပုံ။ အလိုရှိရာ သီတင်းသုံးဘော်ကို ညွှန်းပါဟု ဝိနည်းဓိုရ်ကဆိုရာ အလိုရှိရာ ပုဂ္ဂိုလ်၏ နာမည်ကို ပြောကြားလျှင် ထိုနေရာ၌ပင်လျှင် ထိုနာမည်ကို သမ္ပဒါန်ပြု၍။ ။“အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဒမ္မိ” ဟု ဝိနည်းဓိုရ်ဆရာကပင် ဝိကပ္ပနာပြု။ ။“တိဿဿ သန္တကံ ပရိဘုဉ္ဇဝါ ဝိဿဇ္ဇေဟိဝါ ယထာပစ္စယံ ကရောဟိ”ဟု ဝိနည်းဓိုရ်ပင် ဝိကပ္ပနာပြန်။ ။ “တိဿာယ ဘိက္ခုနိယာ”စသည်ကိုလည်း သိလေ။ ၅၂။ ဝိကပ်ပြန်တုံ၊ ဆောင်နှင်းပုံ၊ ဝတ်ရုံ စွန့်ပေးရ။ ဤဝိကပ္ပနာ ပြန်မှုကိုလည်း ပစ္စုန္ဓိုရ်ဟူ၍ပင် ခေါ်၏။မသိမ်းပိုက်မူ၍ တဘန်ပြန်ထုတ်မှု ဆိုလိုသည်။ဤသို့ ဝိကပ္ပနာပြန်၍ တဘန် သင်္ကန်းရှင် အား ဆောင်နှင်း လွှဲပုံလိုက်သောအခါမှစ၍ ဝိနည်းဓိုရ်ဆရာ၏ ဥစ္စာ သီတင်းသုံးဘော် တယောက်ယောက်၏ဥစ္စာအနေနှင့် ထား၍ မိမိပိုင် ဥစ္စာကဲ့သို့ အလိုရှိတိုင်း သုံးရ၏။ သင်္ကန်းဝိကပ္ပနာပြုနည်း ပြီး၏။ Trang16 ၄-သင်္ကန်းဟူသော မှီရာနိဿယ ၅၃။ သင်း,ကိုယ်,ဒု,မိုဃ်း၊ မာ-ငါးမျိုး၊ ထိုးလေဗိန္ဒုညှင်း။ ၅၄။ ကြေး ညှိ သစ်စိမ်း၊ ရွှံ့ညွှန်လိမ်း၊ ခပ်သိမ်းမည်းနက်ဆင်း။ ၅၅ ။ သင်္ကန်းထောင့်မှာ၊ တခုသာ၊ ပမာ ဒေါင်းမျက်ကွင်း။ ၅၆။ သမန်းမြက်ဖျား၊ အငယ်ထား၊ အပ်ငြား ဗိန္ဒုညှင်း။ ဝတ်ရုံ၍ သုံးဆောင်ရသော ထိုသင်္ကန်းငါးမျိုးတို့၌ ကပ္ပဗိန္ဒုထိုးပြီးမှ ဝတ်ရုံ ရသည်။ ကြေးညှိမျိုး, သစ်ရွက်စိမ်းမျိုး, လိမ်းကပ်သော ရွှံ့ညွှန်မျိုး,ထိုမှကြွင်းသော ခပ်သိမ်းသော မည်းနက်သော အဆင်းမျိုး တိုတွင် တခုခုကို သင်္ကန်း ထောင့်၌ အကြီးဆုံး အားဖြင့် ဥဒေါင်း မျက်ကွင်း ပမာဏ၊ အငယ်ဆုံး အားဖြင့် သမန်းမြက်ဖျားခန့်မျှသော် လည်း ထိုးရမည်။ ။“အန္တမသော ကုသဂ္ဂေနပိ အနာဒိယိတွာ”။ ပါဠိတော်။ ၅၇။ နနွင်း,ထန်းကျင့်၊ ဆူးပန်းပွင့်၊ ပေါက်ပွင့် ပိန္နဲနွယ်။ ၅၀။ ကြပိုင်,ဒေါက်ရပ်၊ မဲ,ဒန်း,မှတ်၊ မအပ် ဆိုးရည်ဝယ်။ နနွှင်းထန်းကျင့် ခေါ်သော တိန်းညက်နှစ်,ဆူးပန်းပွင့်, ပေါက်ပွင့်, ပိန္နဲနွယ်, ကြပိုင်ခေါက်, ဒေါက်ရပ်ခေါက်, မဲရွှက်, ဒန်းရွက်၊ အကပ္ပိယ ဆိုးရည်ကိုးပါး။ ၅၉။ ခွံ့ပိုး,ဝါ,ဘန်၊ ကမ္ဗလံ၊ပိုက်ဆံချည်ခြောက်ပါး။ ၆၀။ ပဏ္ဍုဏ်,စိန၊ သောမာရ၊ ကုလ,နတ်လှူငြား။ ၆၁။ ဧဟိဘိက္ခုံ၊ တန်ခိုးကြုံ၊ နုလုံ ခြောက်ထည်ပြား။ ခေါမံ၊ ခုံချည်သင်္ကန်း။ ကောသေယျံ၊ ပိုးချည်သင်္ကန်း၊ ကပ္ပါ သိကံ၊ ဝါချည် သင်္ကန်း။ သာဏံ၊ ပိုက်ဆံချည် သင်္ကန်း။ ကမ္ဗလံ၊ သိုးမွေးချည် သင်္ကန်း။ ဘင်္ဂံ၊ ဘန်ချည် သင်္ကန်း။ ။ဇာတ်အားဖြင့် ပြားသော သင်္ကန်းခြောက်ထည်။ ။ပဋ္ဋုဏ္ဏံ၊ ပဋ္ဋုဏ်တိုင်း၌ ဖြစ်သော သင်္ကန်း။ သောမာရံ၊ သောမာရတိုင်း၌ ဖြစ်သော သင်္ကန်း။ စိနံ၊ စိန့်တိုင်း၌ ဖြစ်သော သင်္ကန်း။ ဒုကူလံ၊ ဘွဲ့ဖြူပုဆိုးမျိုး။ ဒေဝဒိန္န၊ နတ်တို့လှူအပ်သော သင်္ကန်း။ ဣဒ္ဓိဇံ၊ ဧဟိဘိက္ခု ခေါ်တော်မူဘိ Trang17 ပုညိဒ္ဓိကြောင့် ဖြစ်လာသော သင်္ကန်း။ အဋ္ဌကထာ တို့၌ လာသော ကပ္ပိယာနုလောမသင်္ကန်း ၆-မျိုး။ သင်္ကန်းဟူသော မှီရာနိဿယ ပြီး၏။ ၅-သပိတ်အပြား ခွက်အပြား ၆၂။ မြေသံ,နှစ်ရပ်၊ သပိတ်အပ်၊ ကြီး,လတ်,ငယ်သုံးစား ။ သပိတ်သည် မြေသပိတ် သံသပိတ် ဟူ၍ ကပ္ပိယသပိတ် နှစ်လုံးရှိ၏။ သစ်သားသပိတ်၊ ကြေးသပိတ်၊ ဖလ်သပိတ် စသည်မအပ်။ ထိုကပ္ပိယ သပိတ် နှစ်လုံးသည်လည်း အကြီး အလတ် အငယ်-ဟု သုံးစားစီ ရှိကြ၏။ ၆၃။ သုံးပြည်တခွက်၊ နှစ်ကြိမ်ဝဂ်၊ ချင့်တွက် အမှန်ထား။ ၆၄။ ဥက္ကဌ်,မဇ္ဈ၊ ဩမက၊ နာမ အစဉ်အား။ နှစ်ကြိမ်ဝဂ် ဆိုသည်ကား သုံးပြည်တခွက် ဝင်သော သပိတ်သည် ဥက္ကဋ္ဌသပိတ်မည်၏။ သုံးခွက်နှင့်တစလယ် ဝင်သော သပိတ်သည် မဇ္ဈိမသပိတ် မည်၏။ သုံးစလယ်နှင့်တလမယ် ဝင်သော သပိတ်သည် ဩမက သပိတ် မည်၏။ ။ ခုဒ္ဒသိက္ခာ အုတ်ကျောင်း နိဿယ၌ ဆွမ်းနှစ်ပြည် ပဲဟင်း အမဲ ငါး တခွက်သားစီ။ သုံးပြည်တခွက်ဝင်သည်ကား ဥက္ကဋ္ဌ သပိတ်မည်၏ဟု ဆိုပေ၏။ ၆၅။ သုံးလုံးအနေ၊ သုံးစီဝေ၊ ကိုးထွေ သပိတ်ပြား။ ဥက္ကဋ္ဌကို အကြီး၊ အလတ်၊ အငယ် သုံးလုံးပြု ။ သုံးပြည့် တခွက်ထက် ပို၍ဝင်မူ ဥက္ကဋ္ဌကြီး၊ သုံးပြည့်တခွက် တိတိဝင်မူ ဥက္ကဋ္ဌလယ်။ သုံးပြည့် တခွက်အောက် လျော့၍ဝင်မူ ဥက္ကဋ္ဌငယ်။ ထိုအတူ မဇ္ဈိမ ဩမက တို၌လည်း သုံးလုံးစီဝေဘန်သော် သပိတ်အပြား ကိုးလုံးဖြစ်၏။ နှစ်ပြည့် ထခွက်နှင့်တလမယ်ဝင်တွင် ဥက္ကဋ္ဌ၊ ထိုအောက် မဇ္ဈိမ၊ တပြည့်တစလယ် နှင့် တလမယ်ဝင်တွင် မဇ္ဈိမ၊ ထိုအောက် ဩမက၊ ဤသို့ အထက်အောက် သုံးပုံကွဲအောင် ပိုင်းခြားလေ။ Trang18 ၆၆။ စဆုံး-ကြီးငယ်၊ နှစ်လုံးပယ်၊ အလယ် ခုနစ်ပါး။ ၆၇။ ဓိဋ္ဌာဝိကပ်၊ လောက်သည်မှတ်၊ တင်အပ် တလုံးငြား။ ဥက္ကဋ္ဌကြီးကို အစဆိုသည်။ ဩမကငယ်ကို အဆုံးဆိုသည်။ထိုနှစ်လုံး ကိုပယ်၍ အလယ် ခုနစ်လုံးသည် အဓိဋ္ဌာန် ဝိကပ္ပနာ လောက်၏။ အဓိ ဋ္ဌာန်မှာမူကား တလုံးသာ ထင်ရသည်။ ၆၈။ ဖုတ်သား ကောင်းလျက်၊ အဆင်းနက်၊ ချောညက် ဓိဋ္ဌာန်နား။ ၆၉။ တလုံးတင်ဘိ၊ အကြွင်းရှိ၊ ဝိကပ်ပြု၍ထား။ အဖုတ်ကောင်း၍ ကောင်းစွာ ကျက်သဖြင့် အဆင်းမည်းနက်လျက် ချောညက်သော သပိတ်သည်သာလျှင် အဓိဋ္ဌာန်နားသည်။ တလုံးတင်၍ အကြွင်းရှိလျှင် ဝိကပ္ပနာချည်းပြု၍ သုံးဆောင်ရသည်။ အသစ်ကိုတင်လို လျှင် အဟောင်းကို ပစ္စုဒ္ဓိုရ်ပြုပြီးမှ တင်ရသည်။ ၇၀။ ဓိဋ္ဌာန်ဝိကပ်၊ ပစ္စုဒ္ဓပ်၊ ကျလတ်သင်္ကန်းလား။ ၇၁။ ဆပ်ဆန် ထမင်း၊ ဝင်လောက်လျှင်း၊ ပေါက်ခြင်းကျ ကြောင်းထား။ အဓိဋ္ဌာန်တင်နည်း ဝိကပ္ပနာပြုနည်း ပစ္စုဒ္ဓိုရ်ပြုနည်း၊ အဓိဋ္ဌာန် ကျရန် အကြောင်း ကိုးပါး၊ ဤအစီအရှင် အလုံးစုံတိုသည် သင်္ကန်း၌ ပြဆိုခဲ့ပြီးသောနည်းနှင့် အလားတူကုန်ပြီ။အပေါက်၌မူကား ဆပ်ထမင်း လုံး ဝင်လောက်အောင် ပေါက်သည်ကိုယူ ။ ၇၂။ စဆုံးနှစ်တန်၊ ဆွမ်းမခံ၊ သုံးရန်အိုးခွက်ထား။ ထိုနှစ်လုံးတို့ကိုမူကား ဆွမ်းခံမှုကို လွှတ်၍ အိုးခွက် အရာ၌ ထား၍ သုံးဆောင်ရ၏။ ဆွမ်းစားခွက် အရာ၌ထား၍ ဆွမ်းစားရ၏။ ။ ။ “ဣမံ ပတ္တံ ပစ္စုဒ္ဓရာမိ”။အဟောင်းအဓိဋ္ဌာန်စွန့်။ ။ “ဣမံ ပတ္တံ အဓိဋ္ဌာ”။ အသစ် အဓိဋ္ဌာန်တင်။ ။ “ဣမံ ပတ္တံ တုယှံ ဝိကပ္ပေမိ၊ ဣမေ ပတ္တေ တုယှံ ဝိကပ္ပေမိ”။အကြွင်းတို့ကို ဝိကပ္ပနာပြု။ ။“မယှံ သန္တကံ မယှံ သန္တကာနိ ပရိဘုဉ္ဇ ဝါ” စသည် ဝိကပ္ပနာပြန်။ ဝိကပ္ပနာပြန်ပြီးနောက် အလိုရှိတိုင်း သုံးရ၏။ Trang19 ၇၃။ ကြေးနီ, မြေ, သံ၊ ဤသုံးတန်၊ စားရန် ခွက်သုံးပါ။ ဆွမ်းစားခွက် သုံးပါး။ သစ်သားခွက်၊ နှီးခွက် စသည်ကား မအပ်။ ယာဝကာလိက ဝတ္ထုမျိုးကိုယူ။ ။ ဤ သပိတ် အရာ၌ မြေသပိတ်၌ နှစ်ကြိမ် ဖုတ်မှ သံသပိတ်၌ ငါးကြိမ် ဖုတ်မှ အဓိဋ္ဌာန် လောက်သည်ဟု အဋ္ဌကထာကြီး၌ ဆို၏။ ထိုစကားကို ဋီကာကြီးတို့က ပယ်ကြကုန်၍ တကြိမ်ပင် ဖုတ်သော်လည်း တညီတညာ ကောင်းစွာ ကျက်၍ အဆင်း မည်နက်သည်သာ ပမာဏဟု ယူကြကုန်၏။ ကင်္ခါ ခုဒ္ဒသိက္ခာတို့၌လည်း ထိုစကား မပါ။ ဋီကာကြီးတို့ဆိုတိုင်း စိတ်ချရာ၏။ သပိတ်အပြား ခွက်အပြားပြီး၏။ ၆-အကပ်ခံနည်း ၇၄။ နှစ်တောင့်ထွာမှတ်၊ ဟတ္ထပါသ်၊ ပညတ် ဝိနည်းလာ။ နှစ်တောင့်ထွာ ပမာဏကို အမှတ်ပြု၍ ဝိနည်း ပညတ်တော် အရာ၌ ဟတ္ထပါသ် ဟူ၍ လာ၏။ ၇၅။ ပေး,ယူ-လက်-နှစ်၊ ကြဉ်ပယ်ပစ်၊ ကြွင်းလစ် ကိုယ်အင်္ဂါ။ ၇၆။ ဟတ္ထပါသ်တွင်း၊ဝင်တုံလျှင်း၊ကပ်ခြင်း မြောက်ထိုက်စွာ။ ပေးသောသူ၏ ပေးသောလက်ကို၎င်း, ခံယူသောသူ၏ ခံသောလက် ကို၎င်း, ကြဉ်ပယ်လွှတ်ထား၍ ကြွင်းသောကိုယ်အင်္ဂါ တခုခုသည် တဦးနှင့် တဦး၏ နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်း၌ ဝင်သည်ဖြစ်အံ့ ကပ်ခြင်း မြောက်ထိုက်၏။ပေးသောလက် ခံသောလက် နီးမှုသည် အင်္ဂါ မဟုတ်။ စားပွဲခုံကြီး ပျပ်ခွက်ကြီးများနှင့် ကပ်ကြရာ၌ ` စားပွဲခုံကြီး ပျပ်ခွက်ကြီးခြား၍ နေသဖြင့် ကပ်သူနှင့်ခံသူ က္ခာလှမ်း၍ နေတတ်၏။ သတိရှိကြစေကုန်။ ၇၇။ ပေးခြင်းသုံးတန်၊ ခံခြင်းနှစ်ပါး၊ စိတ်နှစ်ပါး၊ စုံငြားကပ် အင်္ဂါ။ ပေးခြင်းသုံးတန် ဆိုသည်ကား ကိုယ်အင်္ဂါဖြင့် ကပ်ခြင်း,ကိုယ်အင်္ဂါ နှင့် စပ်သော ပန်းကန် ခွက်လျောက်ဖြင့် ကပ်ခြင်း, ခံသူ၏ လက်တွင်း Trang20 သပိတ်တွင်းသို့ ကျရောက်အောင် ပစ်လွှတ်၍ ကပ်ခြင်း၊ ဤသုံးပါးတည်း။ ခံခြင်းနှစ်ပါးဆိုသည်ကား ကိုယ်အင်္ဂါဖြင့်ခံခြင်း ကိုယ်နှင့် ထိစပ်သော သပိတ် ခွက်လျောက်ဖြင့် ခံခြင်း- ဤနှစ်ပါးတည်း။ ။စိတ်နှစ်ပါး ဆိုသည် ကား ပေးသူကလည်း ပေးမည်ဟု စိတ်ရှိခြင်း,ခံသူကလည်း ခံမည်ဟု စိတ် ရှိခြင်း၊ ဤနှစ်ပါးတည်း။ ။ ရှေ့အဘို့၌ သပိတ်နှင့် ခံမည်ဟု အသင့်ပြင် ဆင်၍နေ၏။ ပေးဆဲအခါ၌ အိပ်ပျော်နေ၍ မသိလိုက်၊ အကပ်မြောက် ၏။ ပရိဝါ၌၎င်း, ခုဒ္ဒသိက္ခာ၌၎င်း စိတ်နှစ်ပါးကို အင်္ဂါပြု၍ မဆိုလို သောကြောင့် အကပ်မြောက်ရာ အင်္ဂါငါးပါးဟု လာသတည်း။ ၇၀။ ထာမမဇ္ဈံ၊ ချီကြွနိုင်ဘွယ်၊ မြူရထရ်- အတွယ်မရှိရာ။ ကပ်အပ်သော ဝတ္ထုနှင့် ထည့်ရာခံရာ ဖြစ်သော စားပွဲခုံ အစရှိသော ဝတ္ထုသည် အလေးဆုံးအားဖြင့် အားအလယ် အလတ်ရှိသော ထာမ မဇ္ဈိမဖြစ်သူ တယောက်အားနှင့် ချီကြွနိုင်ကောင်းသော ဝတ္ထုမှ အကပ် မြောက်သည်။ ထိုထက်လေးမူ အကပ်မမြောက်။ အငယ်ဆုံးအားဖြင့် ရထရေဏုမြူခန့်ရှိမှ ကပ်ရသည်။ထိုအောက်ငယ်သော တဇ္ဇာရီမြူ အဏုမြူ ပရမာဏုမြူများမှာ ကပ်ဘွယ် ကိစ္စမရှိ။ တဇ္ဇာရီမြူဆိုသည် နံရံပေါက် စသည်မှ ဝင်သော နေရောင်နှင့် ပေါင်းမိမှ ထင်မြင်ရသောမြူမျိုးတည်း။ လေပြင်းတိုက်၍ တံမြက်လှည်း၍ လှည်းနွားစသည် သွား၍ ထကြွ ထင်ရှားသော မြူမျိုးသည် ရထရေဏုမြူမည်၏။ ဆွမ်းခံစဉ်အခါ ဆွမ်း စားစဉ်အခါတို့မှာ သပိတ်စသည်တို့၌ ထိုမြူမျိုးကျခဲ့သော် အကပ်ခံပြီးမှ ခံရ စားရသည်။ ။ အတွယ်မရှိရာ ဆိုသည်ကား အပင်၌ပေါက်ရောက် ဆဲသောဝတ္ထု, သစ်ပင်- တိုင်- စသည်တို့၌ ကြိုးလွန်နှင့် ဘွဲချည်လျက် ရှိသော ဝတ္ထုသည် အကပ်မမြောက်။ ထိုကဲ့ အဘွဲ့အတွယ် မရှိမှ မြောက်သည်။ ၇၉။ အဓိဋ္ဌာန်ပျက်၊ အင်ရှစ်ချက်၊ ကပ်ပျက်ကြောင်း အင်္ဂါ။ သင်္ကန်း သပိတ် အဓိဋ္ဌာန်ကျခန်း၌။ ။ပေးစွန့်ခိုးယူ၊ ကျွမ်းဝင်ယူ၊ လူထွက် ချသိက္ခာ။ ။သေဆုံးလိင်ပြန်၊ ပစ္စုဒ္ဓံ၊ ရှစ်တန် ကျဓိဋ္ဌာ။ ။ ဟူ၍ ဆိုခဲ့သော အင်္ဂါရှစ်ပါးသည် အကပ်ပျက်ကြောင်း အင်္ဂါလည်း Trang21 ဖြစ်၏။ ဤ၌ ပစ္စုဒ္ဓံအရကို ပစ္စုဒ္ဓိရ် ပြုသည်နှင့် အလားတူ ကပ်၍ ထားသော ဝတ္ထု၌ အကပ်ကို စွန့်၏ဟု စိတ်ဖြင့် အကပ်စွန့်မှုကိုယူ ။ “ပဋိဂ္ဂဟဏံနာမ လိင်္ဂပရိဝတ္တနေန ကာလံကိရိယာယ သိက္ခာပစ္စက္ခာနေန ဟိနာယာဝတ္တနေန အနုပသမ္ပန္နဿ ဒါနေန အနပေက္ခဝိဿဇ္ဇ နေန အစ္ဆိန္ဒိတွာ ဂဟဏေနစ ဝိဇဟတိ”။ ။ အဋ္ဌကထာ။ ။ဤပါဌ်၌ ပေးမှုနှင့်စွန့်မှု ခွဲ၍လာ၏။အကျွမ်းဝင်၍ ယူမှုသည် အစ္ဆိန္ဒိတွာဂဟဏေန၌ ပါဝင်လေ၏။ ခုဒ္ဒသိက္ခာ၌ လူထွက်မှု ကျန်ရှိ၏။ သိက္ခာကျရာ၌ သင်္ဂြိုဟ် လိုရိပ်ရှိ၏။ အကပ်စွန့်မှုကား သာရတ္ထဒီပနီအလို။ ။ကပ်ပြီးဝတ္ထုကို လူသာမဏေတို ကိုင်မိထိမိသော်လည်း အကပ်မပျက်။ ကိုင်မိ ထိမိသော် အကပ်ပျက်သည်ဟု ထင်မှတ်ကြ၏။ ဂဝ။ မဇ္ဈေဌာန၊ ကိုင်ရုံမျှ၊ ဒုရုပစိဏ္ဏာ။ ဂ၁။ တည်ရာဌာန၊ ရွေ့စေက၊ ဥဂ္ဂဟိတကာ။ ရဟန်းတို့ စားသောက်ရန် အကပ်မခံသေးသော ဆွမ်းသပိတ် စသည်ကိုသိလျက်နှင့် ထိအံ့၊ ကိုင်အံ့၊နေရာမှ မရွေ့စေမူ၍ လှုပ်ရှားစေအံ့၊ ဒုရူပစိဏ္ဏဒုက္ကဋ်သင့်၏။ ထိုဝတ္ထုကို ထိုရဟန်း မစားအပ်ပြီ၊ တပါးသော ရဟန်းတို့ အပ်သေး၏။ လှုပ်ရှားစေရုံမျှ မကဘဲ တည်ရာဌာနမှ ရွေ့စေ ငြားအံ့၊ထိုဝတ္ထုသည် ဥဂ္ဂဟိတက ဝတ္ထုမည်၏။ မကောင်းသဖြင့် ကိုင်ယူ အပ်သော ဝတ္ထုမည်၏။တပါးသော ရဟန်းတို့လည်း မစားအပ်ပြီ။ ဒုရုပစိဏ္ဏဒုက္ကဋ်နှင့် ဥဂ္ဂဟိတကဒုက္ကဋ် ခွဲခြားပုံ။ အကပ်ခံနည်း ပြီး၏။ ၇-အတိရိတ်ဝိနည်းကံပြုနည်း ဂ၂။ ထမင်း, ငါး,၊ အမဲ,သား၊ ငါးပါး ဘောဇဉ်စစ်။ ဂ၃။ သလေးမျိုးနှင့်၊ ကောက်မျိုးအများ၊ ဂျုံစပါး၊ တပါး နတ်ကောက်မျိုး။ ၈၄။ ပြောင်းနှင့် လူး,ဆပ်၊ ခုနစ်ရပ်၊ ပညတ် စပါးမျိုး။ ထမင်းမျိုး၊ မုယောမုံ့ မျိုး၊ ဂျုံမုံမျိုး၊ ရေသတ္တဝါသားမျိုး၊ ကုန်း သတ္တဝါသားမျိုး၊ ဘောဇဉ်ငါးပါး အစစ်တည်း။ ။ထိုတွင် သလေး (ဒုတိယအကြိမ်) Trang22 စပါးမျိုး၊ကောက်ရင် ကောက်ကြီး စပါးမျိုး၊ဂျုံစပါးမျိုး၊နတ်ကောက် စပါးမျိုး၊ ပြောင်းမျိုး၊ လူးမျိုး၊ ဆပ်မျိုး၊ ဤစပါးမျိုး ခုနစ်ပါးတို့၏ ဆန်ကို ချက်အပ်သော ထမင်းသည် ထမင်းဘောဇဉ် မည်၏။ ဂျုံဆန် တို့ကို အမှုန့်ထောင်း၍ သကြား ထောပတ်တို့နှင့် နယ်၍ မုံ့ရှက်မုံ့ပြား လုပ်၍ အိုးကင်း၌ ကြော်အပ်သော မုံ့မျိုးသည် မုယောမုံ့ မည်၏။ ဂျုံဆန်တို့ကို ကျက်စွာလှော်၍ ညက်စွာ ကြိတ်အပ် ထောင်းအပ်သော ဂျုံမုံမျိုး၊ထိုဂျုံမုံ့တို့ကို သကြားနှင့် ရောနှော၍ အလုံးအပြား ပြုလုပ်၍ အခြောက်လှော်သင်း၍ ထားအပ်သော မုံ့လုံး မုံ့ပြားမျိုးသည် သတ္တု ခေါ်သော ဂျုံမှုံမျိုးမည်၏။ရေသတ္တဝါသား ကုန်းသတ္တဝါသား ထင်ရှား ပြီ။ ငါတို့နိုင်ငံ၌ပြုလုပ်ကြသော မုံ့မျိုးသည် မုယော အလားရှိ၏။ ၈၅။ စားဆဲ ဘောဇဉ်၊ ဟတ်တွင်းဝင်၊ ဆောင်စဉ် ကိုယ် နှုတ်မြစ်။ ၈၆။ အင်္ဂါငါးလီ၊ ပြည့်စုံညီ၊ သင့်ပြီ ပဝါရေတ်။ ဆွမ်းစားဆဲဖြစ်သော ရဟန်း၏ မပြီးသေးသော စားခြင်း မျိုခြင်း တင်းလင်းရှိခိုက်လည်း ဖြစ်စေ၊ ထိုရဟန်းစားဆဲ ဝတ္ထု, ထိုရဟန်းအား ပေးရန် ကပ်ရန် ဆောင်အပ်သော ဝတ္ထုနှစ်ပါးသည် ပြဆိုခဲ့ပြီးသော ဘောဇဉ်မျိုးလည်း ဖြစ်စေ၊ ပေးသူ ကပ်သူ ရှင်လူ ရဟန်းသည် ထို ရဟန်း၏ ဟတ္ထပါသ်တွင်း၌ တည်သည်လည်း ဖြစ်စေ၊ ပေးခြင်းကပ်ခြင်း ငှာ ထိုရဟန်းသို့ ရှေ့ရှုသည်ပိုးခြင်းကြိယာ ထင်ရှားရှိခိုက်လည်း ဖြစ်စေ၊ မပေးနှင့် မလိုချင်ဘူး ငါတန်ပြီ-ဟူသော အနက်ကို ဦးခေါင်း ခါခြင်း လက်ကာခြင်းစသော ကိုယ်အင်္ဂါ,ထုတ်ဘော်၍ ပြောဆိုခြင်း ဟူသော နှုတ်အင်္ဂါနှစ်ပါးတို့တွင် တပါးပါးဖြင့် မြစ်ပယ်သည်လည်း ဖြစ်စေ၊ ဤအင်္ဂါငါးလီ ပြည့်စုံညီညွတ်ခဲ့သော် ထိုရဟန်းသည် ပဝါရိတ် သင့်၏။ ပဝါရိတရဟန်းဆိုရ၏။ အပြစ်ကား မရှိသေး။ ၈၇။ နေရာမရွေ့၊ ထိုသည့်နေ့၊ လိုရွေ့ စားထိုက်ငြား။ ဣရိယာပုထ် မပြောင်း မရွှေ့သေးသည်ရှိသော် ထိုနေ့ မွန်းမလွဲမီ အတွင်း၌ ပေးလာ ကပ်လာသမျှသော ဘောဇဉ် ခဲဘွယ်တို့ကို အလို Trang23 ရှိသရွေ့စားအပ်၏။ ။တင်ပြင်ခွေလျက် မြစ်မိခဲ့သော် တင်ပြင်ခွေကို မပျက်စေရ။ ဆောင့်ကြောင့်ထိုင်လျက် မြစ်မိခဲ့သော် ဆောင့်ကြောင့် ထိုင်မှုကို မပျက်စေရ။ကြွင်းသော ဣရိယာပုဒ်တို့၌လည်း နည်းတူ ။ ဂဂ။ နေရာရွှေမိ၊ စားလိုဘိ၊ ဝိနည်းကံနှင့်စား။ နေရာ ရွှေခဲ့သည်ရှိသော် ထိုနေ့မွန်းမလွဲမီအတွင်း တစုံတခုသော ကာလိကဝတ္ထုကိုမျှ အလိုအလျောက် မစားအပ်ပြီ၊ စားလိုသည်ရှိသော် စားလိုသမျှသော ဝတ္ထုကို ဝိနည်းကံပြုပြီးမှ စားအပ်တော့သည်။ ဂ၉။ အတိရိတ္တံ၊ ဝိနည်းကံ၊ ပြုရန် အင်္ဂါသတ်။ အတိရိတ် ဝိနည်းကံပြုရန် အင်္ဂါခုနစ်ပါး ရှိသည်။ ၉၀။ ကပ္ပိယမှန်၊အကပ်ခံ၊ ချီပြန် ဟတ္ထပါသ်။ ၉၁။ နေရာမထ၊ စားပြီးမှ၊ အလမေတံရွှတ်။ ထိုနေ့ မွန်းမလွဲမီ အတွင်း၌ စားသောက် သုံးဆောင် လိုသမျှသော ကာလိက ဝတ္ထုမျိုးတို့ကို သပိတ်၌ ထည့်ပြီးလျှင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်ထံသို သွား၍ “အတိရိတ္တံ ကရောထ ဘန္တေ”ဟု ဆိုရမည်။ ။အင်္ဂါခုနစ်ပါး တွင် ကပ္ပိယမှန် ဆိုသည်ကား သပိတ်၌ထည့်ဿော ဝတ္ထုစုသည် ကပ္ပိယ ချည်းဖြစ်စေရမည်။ဗီဇဂါမ်ဝတ္ထုမျိုးပါရှိခဲ့လျှင် ကပ္ပိပြီးမှထည့်ရမည်။ ။ အကပ်ခံဆိုသည်ကား အကပ်ခံပြီးလည်းဖြစ်စေရမည်။ ။ချီပြန်ဆိုသည် ကား သပိတ်ရှင် ရဟန်းသည် ထိုသပိတ်ကို အောက်၌ချ၍ မထားရ။ လက်နှင့်ပွေ့ ချီ၍ထားရမည်။ ။ ဟတ္ထပါသ်ဆိုသည်ကား ထိုရဟန်းသည် ဝိနည်းဓိုရ် ပုဂ္ဂိုလ်၏ ဟတ္ထပါသ်တွင်း၌ တည်ရှိ ရမည်။ ။နေရာမထ- ဟူသော အင်္ဂါကိုမူကား ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်လည်း ထိုအခါ၌ ပဝါရိတ် သင့်၍နေသော ပုဂ္ဂိုလ် ဖြစ်ခဲ့သော်သာ လို၏။ ပဝါရိတ် သင့်သော ပုဂ္ဂိုလ်မဟုတ်ပေလျှင် နေရာမထ အင်္ဂါမလိုပြီ။ ။စားပြီးမှဆိုသည်ကား ဝိနည်းဓိုရ် ဆရာသည် ထိုနေ့၌ ဘောဇဉ်မျိုး တပါးပါးကို စားပြီးလည်း ဖြစ်စေရမည်။ ရှေ့အဘို့၌ မစားမိသေးသော် ပြုခါနီးဆဲဆဲမှာပင် တခြား တပါးကယူစေ၍ ထမင်းလုံးတခုကိုပင်သော်လည်း မျိုပြီးမှ ပြုရမည်။ ။ Trang24 အလမေတံရွတ်-ဆိုသည်ကား ထိုသပိတ်ကိုကိုင်၍ “အလ မေတံ သဗ္ဗံ” ဟူ၍ သုံးကြိမ် ရွတ်ဆိုရမည်။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံသည်။ အလံ၊ ငါ ဝိနည်းဓိုရ်အလိုမရှိပြီ။ (အနက်) ။ ဤသို့ ဆိုသဖြင့် ထိုသပိတ်၌ ပါရှိသမျှ သော ဝတ္ထုစုသည် အတိရိတ္တဝတ္ထု စု ဖြစ်လေ၏။ ဝိနည်းဓိုရ် ပုဂ္ဂိုလ်၏ အပို အမို အကြွင်း အကျန် ဖြစ်လေ၏ ဟူလို။ ။ဤသို့ အတိရိတ် ဝိနည်းကံပြုအပ်ပြီးသော ဝတ္ထုစုကို ဝိနည်းဓိုရ်ဆရာမှတပါး ထိုရဟန်းနှင့် တကွ တခြား တပါးသော ပဝါရိတ် သင့်သော ရဟန်း၊ မသင့်သော ရဟန်း အလုံးစုံသည်ပင် သုံးဆောင်အပ်၏။ အတိရိတ်ဝိနည်းကံပြုနည်း ပြီး၏။ ဂ-ကာလိကလေးပါးအမြွက် ၉၂။ ယာဝ, ယာမ၊ သတ္တာဟ၊ ယာဝဇီဝိကာ။ ကာလိကမျိုးသည် ယာဝကာလိကမျိုး၊ယာမကာလိကမျိုး၊သတ္တာဟ ကာလိကမျိုး၊ ယာဝဇီဝိကမျိုး ဟူ၍ လေးမျိုး အပြားရှိ၏။ ၉၃။ ကပ်ပြီးသည်မှ၊ ထိုလေးဝ၊ ကာလပိုင်းခြားရာ။ ကပ်ပြီးသောအခါမှ ဤဝတ္ထုကား ယခုနေ့ မွန်းမလွဲမီ အတွင်း၌သာ ရဟန်းတို့မျိုခြင်းငှာအပ်သည်။ မွန်းလွဲသည်မှစ၍ ယနေ့နက်ဖြန် စသည် မအပ်ပြီ။ ဤသို့ စသဖြင့် ပိုင်းခြားခြင်းသို့ရောက်၏။ ၉၄။ ထိုနေ့နံနက်၊ ယာမ်သုံးချက်၊ ရက်ခွန်,ထက်ဆုံးသာ။ အကပ်ခံသောနေ့ကို ထိုနေ့ဆိုသည်။ ထိုနေ့ မွန်းမလွဲမီကာလ၊ ထိုနေ့ ညဉ့်ဦးယာမ်ကာလ၊ ထိုနေ့မှစ၍ ရက်ပေါင်း ခုနစ်လီကာလ၊ ထိုနေ့မှစ၍ အသက်ထက်ဆုံး အစဉ်အတိုင်း ယှဉ်လေ။ ၉၅။ အရပ် တိုင်းမှာ၊ အာဟာရ ကိစ္စ၊ စားရိုးကျ၊ ယာဝ ကာလိကာ။ အကြင် ဝတ္ထုမျိုးသည် ထိုထိုအရပ်တို့၌ ပကတိ အာဟာရကိစ္စနှင့် အစဉ်အဆက် စားရိုးကျ၏။ ထိုဝတ္ထု မျိုးသည် ယာဝကာလိကမျိုး မည်၏။ Trang25 ၉၆။ ဘောဇဉ် ခဲဘွယ်၊ အသွယ်သွယ်၊ အကျယ်များလှစွာ ။ (သိသာပြီ) ။ ၉၇။ သပြေသရက်၊ မုဒြက်၊ ဖက်သက်, သစ်မည်စည်။ ၉ဂ။ ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုးအဖျော်ရည်။ သပြေသီး အဖျော်၊ သရက်သီး အဖျော်၊ မုဒြက်သီး အဖျော်၊ ဖက်သက်တရော်သီးအဖျော်၊ သစ်မည်စည်ပွင့်အဖျော်၊ အိမ်ငှက်ပျောသီး အဖျော်၊ တောငှက်ပျောသီး အဖျော်၊ ကြာစွယ် အဖျော် ဟူ၍ ယာမ ကာလိကဝတ္ထု၌ ဟောတော်မူရင်း အဖျော်မျိုး ရှစ်ပါး။ ။သစ်မည် စည်ပွင့်သည် အလွန်အရည်ပေါ၏။ ရေမရောဘဲနှင့်ပင် သောက်လောက် အောင် ရနိုင်သော ဇာတိရသ ရှိ၏။ ဇာတိရသအတိုင်း အဖျော်ကိစ္စနှင့် မွန်းလွဲသောအခါ သောက်ခြင်းငှာမအပ်။ရေနှင့်ရောမှအပ်သည်။ ယာဝ ကာလိကဝတ္ထုတို့မှ ဖြစ်သော ဇာတိရသတို့၌ ဤနည်းချည်းမှတ်။ကြံရည်၊ တင်လဲရည်၊ ပျားရည်တို့၌လည်း ရေရောမှ ထိုဖျော်ရည်ကိစ္စ၌အပ်သည်။ ရေမရောလျှင် သတ္တာဟကာလိက အတိုင်းပင်။ ၉၉။ ထန်း, အုန်း နှစ်ကွဲ၊ ပိန္နဲ နှစ်ပါး၊ သုံးသခွါး၊ နှစ်ပါး ဗူး, ဖရုံ။ ထန်းသီး၊ အုန်းသီး၊ အိမ်ပိန္နဲသီး၊ တောင်ပိန္နဲသီး၊ သခွါးငဆစ်သီး၊ သခွါးငပြုတ်သီး၊ သခွါးငကြောင်သီး၊ ဗူးသီး၊ ဖရုံသီး၊ ဤကား သီးကြီး ကိုးပါးတည်း။ ၁၀၀။ သီးကြီးကိုးပါး၊ ပဲမျိုးများ၊ စပါး ခုနစ်မည်။ ၁၀၁။ အလျော်စပါး၊ လေးမျိုးအား၊ရှောင်ရှားအဖျော်ရည်။ ပြဆိုခဲ့ပြီးသော သီးကြီးကိုးပါး တရပ်၊ အလုံးစုံသော ပဲမျိုးတရပ်၊ စပါးမျိုးခုနစ်ပါးတရပ်၊ ကျိတ်စပါး အစရှိသော အနုလောမ စပါးမျိုး တရပ်၊ ဤလေးရပ်တို့ကို နေလွဲသောအခါ သောက်မျိုရန် အဖျော်ရည် ပြုလုပ်မှု၌ ရှောင်ကြဉ်အပ်ကုန်၏။ ။အဖျော်ရည် လုပ်နည်းမှာ အကပ် မခံသေးသော သပြေသီး သရက်သီး စသည်ကို ရေအေး၌ စိမ်စေ၍ Trang26 သောက်ချိန်ကျသောအခါ လူသာမဏေတို့ကို ကောင်းစွာ စစ်စေပြီးမှ အကပ်ခံ၍ သောက်အပ်၏။ ကောင်းစွာစစ်ခြင်း ဆိုသည်ကား ယာဝ ကာလိက ဝတ္ထုတို့၏ အဖတ် အနယ် ဟူ၍ မပါစေရ။ အရည်ကြည် သက်သက်ရအောင် ရေစစ်ပုဝါထူထူနှင့် စစ်ရမည်။ အဖတ်ဟူ၍ မုန်ညင်း စေ့ခန့်မျှ ပါရှိလျှင်ပင် မသောက်အပ်ပြီ။ ။ဇီးဖြူ ရှိရှား သဖန်းခါး အစရှိသော ယာဝဇီဝိက ဝတ္ထုတို့နှင့် ပြုလုပ်သော အဖျော်ရည်၌မူကား အဖတ်ပါသော်လည်း ကိစ္စမရှိ။ ၁၀၂။ ထော,ဆီ,ဆီ,ပျား၊ တင်လဲအား၊ ငါးပါး သတ္တာဟာ။ ထောပတ်မျိုး၊ ဆီဦးမျိုး၊ ဆီမျိုး၊ ပျားရည်မျိုး၊ သကာတင်လဲ ဟူသော တင်လဲမျိုး။ ဤဝတ္ထုငါးမျိုးသည် သတ္တာဟကာလိက မည်၏။ အကပ်ခံပြီးနောက် ခုနစ်ရက် သုံးဆောင်ရ၏။ ၁ဝ၃။ ကြံရည်၌မူ၊ ရေစင်ကူ၊ မာသူ အပ်သည်သာ။ “အနုဇာနာမိ ဘိက္ခဝေ ဥစ္ဆုရသံ။ ။အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ အဂိလာနဿ ဂုဠောဒကံ”။ ။ဟူသော ပါဠိတော်နှင့်အညီ အကပ်ခံ၍ ထိုနေ့ မွန်းလွဲသော အခါမှစ၍ ကြံရည်၊ တင်လဲရည်၊ သကြားခဲ၊ သကာခဲ၊ ထန်းလျက်ရည်၊ ထန်းလျက်ခဲ၊ ထန်းလျက် တင်လဲ၊ ထန်းလျက်သကာ တို့သည် ဂိလာနပုဂ္ဂိုလ်အား ရေမရောဘဲပင် အပ်ကုန်၏။မာကျန်းသူတို့အား ရေနှင့်ရော၍ အဖျော်ကိစ္စ၌ သုံးဆောင် အပ်၏။ ထောပတ်ပျား ဆီတို့၌လည်း ထို့ အတူမှတ်။ ၁၀၄။ အရပ်တိုင်းမှာ၊ အာဟာရ ကိစ္စ၊ မစားကြ၊ ယာဝ ဇီဝိကာ။ ၁၀၅။ ဇီးဖြူ, ရှိရှား၊ ဘဖန်းခါး၊များ၏ အနန္တာ။ အကြင်ဝတ္ထုမျိုးကို ထိုထိုအရပ်ဒေသတို့၌ ပကတိသော အာဟာရ ကိစ္စနှင့် စားရိုးပင်မရှိ။ ထိုဝတ္ထုမျိုးသည် ယာဝဇီဝိကဝတ္ထုမည်၏။ ဇီးဖြူ ရှိရှား သဖန်းခါး စသည်ဖြင့် ထိုယာဝဇီဝိကမျိုးသည် အသင်္ချေ အနန္တ များပြား၏။ Trang27 ၁ဝ၆။ အကပ်နှင့်တကွ၊ သူ ကာလ၊ လွန်က သန္နိဓာ။ အကပ်ခံပြီး၍ အကပ်နှင့်တကွ မိမိဥစ္စာအဖြစ်ဖြင့် ထားရာ ခုနစ်ရက် ကိုလွန်ခဲ့လျှင် ထိုဝတ္ထုလည်း နိဿဂ္ဂိဖြစ်၏။ သန္နိဓိပါစိတ်အာပတ်လည်း သင့်၏။ ခုနစ်ရက်မလွန်မီ လူသာမဏေတို့အား စွန့်၍ထားရာ၏။ ၁၀၇။ အတိုအရှေ၊ ရောမိချေ၊ အရှေ သူ့ဘက်ပါ။ ယာဝကာလိကသည် အတိုဆုံးဖြစ်၏။ ထိုထက် ယာမကာလိက ရှည်၏။ ထိုထက် သတ္တာဟကာလိကရှည်၏။ ထိုထက် ယာဝဇီဝိကသည် အရှည်ဆုံး ဖြစ်၏။ အတိုမျိုးနှင့် အရှည်မျိုး ရောမိကြသည် ရှိသော် အရှည်က အတိုဘက်သို့ ပါရ၏။ ထိုနေ့၌ အကပ်ခံအပ်သော ရှည်သော နောက်ကာလိက ဝတ္ထုတို့သည် တိုသော ရှေ့ကာလိကဝတ္ထု နှင့် ရောနှော မိကြကုန်သည်ရှိသော် မိမိတို့၏ ရှည်သောကာလကိုစွန့်၍ တိုသောဏာလိ ကအဖြစ်သို့ ရောက်ကြလေကုန်၏။တိုသော ကာလိကအတိုင်းသာအပ်ကြ လေကုန်၏ ဟူလိုသည်။ ။ရှေးရှေးနေ့၌ ကပ်ပြီးသောရှည်သောနောက် ကာလိကနှစ်ပါးတို့နှင့် တိုသောရှေ့ကာလိက နှစ်ပါးတို့ရောနှောမိကြရာ၌ အရှည်အတို နှစ်ပါးလုံး မျိုခြင်းငှာ မအပ်သော အကပ္ပိယအဖြစ်သို့ ရောက်ကြလေကုန်၏။ ။အထူးမူကား ရှေးရှေးရက် ရှေးရှေးလ ရှေးရှေး နှစ်တို့က အကပ်ခံ၍ ရှိနေသော ဆားအစရှိသော ယာဝဇီဝိက ဝတ္ထုနှင့် သတ္တာဟကာလိကဝတ္ထု ရောနှောမိကြရာ၌ ရှေးရှေးက အကပ်နှင့် လွန်ခဲ့ သောအတွက် အထူးမရှိ။ သတ္တာဟကာလိကအတိုင်း လိုက်လေ၏။ ယမန်နေ့၌ စားသောက်၍ ခံတွင်း၌ ငြိကပ်ရှိနေသော ဆွမ်းဆေးအစရှိ သော အညစ်အကြေးများသည် နောက်နေ့၌ စားသောဆွမ်းအစရှိသော ယာဝကာလိကဝတ္ထုများနှင့် ခံတွင်းမှာ ရောနှောမိခဲ့သည်ရှိသော် သန္နိဓိ အာပတ်ကို ဖြစ်စေတတ်၏။ ထိုကြောင့် ခံတွင်း၌၎င်း၊ သပိတ် ပန်းကန် ခွက်လျောက်တို့၌၎င်း အဆီအစေး အညစ်အကြေး အကပ်အငြိ မရှိစေရ အောင် စင်ကြယ်စွာ ဆေးကြောမှုကို ဂရုစိုက်ကြကုန်ရာ၏။ ကာလိကလေးပါးအမြွက်ပြီး၏။ Trang28 ၉-အကပ္ပိယအသားမျိုး ၁ဝဂ။ လူခွေး,မြင်း, ဆင်၊ သစ်, ကျား,ခြင်၊ ဝံလျင်, အောင်း, မြွေမျိုး။ ၁၀၉။ ရိုး, ရေသား, သွေး၊ အမွှေးတို့ပါ၊ မသုံးရာ၊ ဆယ်ဖြာ အသားမျိုး။ လူသား၊ ခွေးသား၊ မြင်းသား၊ ဆင်သား၊ သစ်သား၊ ကျားသား၊ ခြင်္သေ့သား၊ ဝံသား၊ အောင်းသား၊ မြွေသား၊ မစားအပ်သော အကပ္ပိယ အသားကြီးဆယ်ပါး။ ။ထိုသတ္တဝါတို့၏ အရိုး၊ အရေ၊အသား၊ အသွေး၊ အမွေးတို့ကိုလည်း ရဟန်းတို့အား သုံးဆောင်ခြင်းငှာ မအပ်ကုန်။ ၁၁၀။ လူမှာ ထုလ္လစဉ်း၊အကြွင်းဒုက္ကဋ်၊ ထောပတ်တမူ၊ သားဆီ ဟူ၊ လူကြဉ်- သုံးအပ်-ကိုး။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လူသားကို စားမိလျှင် ထုလ္လစဉ်း အာပတ်သင့်၏။ အကြွင်းကိုးပါးတို့၏ အသားကို စားမိလျှင် ဒုက္ကဋ် အာပတ်သင့်၏။ ။နို့ရည် ဆီဦးထောပတ် ဝသာတေလ ခေါ်သော သားဆီတို့ကိုမူကား လူကိုကြဉ်၍ အကြွင်းကိုးပါးတို့မှာ သုံဆောင်ခြင်း ငှာ အပ်ကုန်၏။ ၁၁၁။ ဆင်ခြင်မဲ့ပါ၊ ဆဲ့တဖြာ၊ အာပတ် အစိတ်မျိုး။ ဆွမ်းစားသောအခါ ဆွမ်းပွဲမှာ အသားဟင်းများ ပါရှိခဲ့သော် ဘာသားဘဲဟူ၍ အတပ်သိရန် ဆင်ခြင်မှုကို အမြဲသတိ ရှိစေရမည်။ ဆင်ခြင်မဲ့၍ အမှတ်တမဲ့ စားမိခဲ့လျှင် ကပ္ပိယအသားပင် ဖြစ်သော်လည်း ဝတ်ပျက်မှုအတွက် ဒုက္ကဋ်အာပတ်သင့်၏။ န ဘိက္ခဝေ အပဋိဝေက္ခိတွာ မံသံ ပရိဘုဉ္ဇိတဗ္ဗံ။ ယော ပရိဘုဉ္စယျ၊ အာပတ္တိဒုက္ကဋဿ။ ပါဠိတော်ရှိ၏။ ။ဤအသားသည် အပဋိဝေက္ခိတ အသားမည်၏။ မစားအပ်သော အသားဆဲ့တပါးဖြစ်၏။ အာပတ်အစိတ်မျိုး ဆိုသည်ကား အစိတ္တက အာပတ်မျိုးတည်း။ အကပ္ပိယအသားဟူ၍ မသိ၍ ကား စားမိသော်လည်း သင့်တတ်သော အာပတ် မျိုးတည်း ။ Trang29 ၁၁၂။ သီတင်းငါးရပ်၊ရည်၍သတ်၊မအပ်ထိုအသား။ ၁၁၃။ .မြင်ခြင်း, ကြားခြင်း၊ ယုံမှားခြင်း၊ ကင်းစေ စွန်းသုံးပါး။ သီတင်းသုံးဘော် ငါးယောက်တို့တွင် တယောက်ယောက်ကို ရှည်၍ ကျွေးမွေးလှူဒါန်းရန် သတ်အပ်သည် မှန်က ထိုအသားကို သီတင်း သုံးဘော် ငါးဦးလုံးမအပ်ပြီ။ ။သီတင်းသုံးဘော် တယောက်ယောက်ဘို့ သတ်သည်ဟု မြင်၍သိခြင်း၊ ကြား၍သိခြင်း၊ ယုံမှားသင်္ကာ မကင်းရှိခြင်း၊ ဤကား အစွန်းသုံးပါးတည်း။ထိုအစွန်းသုံးပါးတွင် တပါးပါးရှိခဲ့သော် ထိုအသားကို မစားအပ်။ အစွန်းသုံးပါး ကင်းရှင်းမှ စားအပ်သည်။ ဤ အာပတ်ကား သစိတ္တကအာပတ်တည်း။ ရည်၍ သတ်သည် မှန်ငြားသော် လည်း ရည်၍သတ်သော အသားမဟုတ်ပါဟု ဒါယကာတို့က လိမ်လည်၍ ပြောခဲ့လျှင် ပြောတိုင်း ယုံကြည်၍ စားမူကား အာပတ်လွတ်၏။ အကပ္ပိယအသားမျိုး ပြီး၏။ ။ ၁၀-အကပ္ပိယ ပစ္စည်းမျိုး ၁၁၄။ သီးပွင့်,ကသေ၊ မြေ့, ဒန်ပူ ဝါး၊ ဆေးဝါး,စေခံ၊လာဘ် ငဲ့မှန်၊ ဒူသန် ကုလရှစ်။ လာဘ်ကိုငဲ့၍ သစ်သီး ပေးခြင်း၊ ပန်း သစ်ပွင့်ပေးခြင်း၊ ရေချိုး ကသည်မှုန့်, မျက်နှာချည်မှုန့် ပေးခြင်း၊ အိမ်၌သုံးရန် သစ်, ဝါးပေးခြင်း၊ ဆေးဝါး ဓာတ်စာပေးခြင်း၊လူ့အစေအပါးခံ၍ တမန်ကိစ္စနှင့် သွားလာ ခြင်း။ ။ကုလဒူသနရှစ်ပါး။ ၁၁၅။ ကုလဒူသန်၊အင်ရှစ်တန်၊နေသန် နှစ်ဆဲ့ဘစ်။ ၁၁၆။ ရွှေ့ငွေ့ခံငြား၊ဈာန်မဂ်ကြား၊ဆေးဝါး, ဗေဒင်ဖြစ်။ ၁၁၇။ မိစ္ဆာဇီဝ၊ဟောဘော်ပြ၊တရာ့ငါးဆဲ့နှစ်။ ၁၁ဂ။ ထိုနှင့်ရလတ်၊ ပစ္စည်းရပ်၊ မအပ်ကြဉ်ပယ်ပစ်။ ကုလဒူသနမှု ရှစ်ပါးနှင့်ရသောပစ္စည်းမျိုး၊ အနေသနမှု နှစ်ဆဲ့တပါး နှင့်ရသော ပစ္စည်းမျိုး၊ ရွှေငွေကိုခံမှု ရောင်းဝယ်လဲလှယ်မှုတို့နှင့် ရသော Trang30 ပစ္စည်းမျိုး၊ ဈာန်မဂ်ဖိုလ် တရားကို ပြောကြား ဝါကြွား၍ ရသော ပစ္စည်းမျိုး၊ ဆေးဝါးကု၍ရသော ပစ္စည်းမျိုး၊ ဗေဒင် ယာယီဟော ပြော၍ ရသော ပစ္စည်းမျိုး၊ ဗြဟ္မဇာလသုတ်ကြီး၌ လာသော မိစ္ဆာဇီဝ အမှုမျိုး၊ တရာ့ငါးဆဲ့နှစ်ပါးနှင့် ရသော ပစ္စည်းမျိုးသည် သီတင်း သုံးဘော် ငါးယောက်တို့အား သုံးဆောင်ခြင်းငှာ မအပ်။ အကပ္ပိယပစ္စည်းမျိုး ပြီး၏။ ၁ ၀- ကပ္ပီခြင်း ငါးပါးအမြွက် ၁၁၉။ ပင်စည်အမြစ်၊ အဆစ်,ညွန့်ဖျား၊ အစေ့အား၊ ငါးပါး ဗီဂါမ်။ ၁၂၀။ ဖျက်ဆီးကုန်လတ်၊သင့်ဒုက္ကဋ်၊ငါးရပ်လွတ်ကြောင်းဘန်။ ၁၂၁။ မီး, ထား,လက်သဲ၊ကပ္ပိနဲ၊နုဆဲ,ပယ်နုတ်ခံ။ ၁၂၂။ လူသာမဏေ၊ ကပ္ပိစေ၊ လွတ်လေ မျိုးသန္တာန်။ စိုက်လျှင် အပင် ပေါက်တတ်သော မျိုးခေါ်သော ဝတ္ထုသည် ငါးပါးရှိ၏။ ပင်စည်မျိုး၊ အမြစ်မျိုး၊ အဆစ်မျိုး၊ အညွန့်မျိုး၊ အစေ့ အဆန်မျိုး၊ ဤ ငါးပါးတည်း၊ ဗီဇဂါမ်ငါးပါး ခေါ်၏။ ထိုငါးပါး တို့ကို အနာအကျင်ဖြစ်အောင်မျှ ပြုခြင်းငှာ မအပ်။ ပြုခဲ့သော် ဒုက္ကဋ် အာပတ်သင့်၏။ထိုဒုက္ကဋ်အာပတ်မှလွတ်ကြောင်း ငါးရပ်ရှိ၏။ ။မီးဖြင့် ကပ္ပီစေခြင်းတပါး၊ ထားဖြင့် ကပ္ပီစေခြင်းတပါး၊ လက်သည်းဖြင့် ကပ္ပီ စေခြင်းတပါး၊ မျိုးမရလောက်အောင် နုသေးသည်တပါး၊ အစေ့ကို မျိုးမပျက်စေရအောင် အသီးအခြား ထုတ်နုတ်ပယ်ရှား၍ ရကောင်း သည် တပါး၊ ဤငါးပါးတည်း။ ဤငါးပါးတွင် နောက်နှစ်ပါး၌ ဝိနည်းကံမရှိ၊ ရှေ့သုံးပါး၌ကား လူသာမဏေကို ကပ္ပီစေရမည်။ ကပ္ပီ ထိုက်သော ဗီဇဂါမ်ဝတ္ထုတို့ကို တပေါင်း တစုတည်း ထိစပ်မိအောင် ထား၍ “ကပ္ပိယံ ကရောဟိ”ဟု ရဟန်းကဆိုရာ၏။ ထိုအခါ လူသာမဏေ ဖြစ်သူက“ကပ္ပိယံ ဘန္တေ”ဆို၍ ကပ္ပီခြင်းကို ပြုရာ၏။ Trang31 ၁၂၃။ မီးနှင့်တို့လင့်၊ ပူရှိန်သင့်၊ အခွင့်လျော်လောက်တန်။ မီးဖြင့် ကပ္ပိရာ၌ ရဲရဲညီသောမီးဖြင့် တခုခုသော ဗီဇဂါမ်ဝတ္ထု၌ “ကပ္ပီယံ ဘန္တေ”ဆို၍ တစိတ်တဒေသ၌ တို့ရာ၏။ တို့ရာဌာန၌ ပူရှိန်သင့် ခဲ့လျှင် ကပ္ပီယဝိနည်းကံမြောက်ခွင့် လျော်လောက်ပြီ။ တပေါင်း တစု တည်း ထိစပ်၍ တည်ရှိသမျှ အလုံးစုံတည် တောင်ပမာဏပင် ရှိသော် လည်း ကပ္ပိယဝတ္ထုချည်း ဖြစ်လေ၏။ အကပ်မခံမီ လူသာမဏေတို့၏ လက်မှာရှိစဉ် မီးလက်ရှိသော လူသာမဏေအား ကပ္ပီလိုက်လောဟု ရဟန်းကဆိုရာ၏။ “ကပ္ပိယံ ဘန္တေ”ဟု လူသာမဏေက ဆိုဆိုတို့ကို ထိအောင် တို့ရာ၏။ လူသာမဏေလက်တွင် အုပ်ခွက်စသည် အတွင်း၌ ထိစပ်၍ တည်ရှိသမျှ အလုံးစုံသည် ကပ္ပိခြင်း မြောက်၏ဟူ၍လည်း ဆိုကြ ၏။ ထားဖြင့် ကပ္ပိရာ၌ အသွားထက်ခဲ့လျှင် အသွားနှင့်၊ အဦးထက်ခဲ့ လျှင် အဦးနှင့် “ကပ္ပိယံ ဘန္တေ”ဆို၍ ခုတ်မှု ထိုးမှု ကြိတ်နှိပ်ထိုးဖောက် မှုကို ပြုရာ၏။ ။လက်သည်းဖြင့် ကပ္ပိရာ၌ အစွန်းထက်သော လက်သည်း ဖြင့် ထိုးဆိတ်ရာ၏။ ၁၂၄။ ပြတ်ရာ,ပေါက်ရာ၊ထင်မှသာ၊မြောက်ရာ ထား,လက် ကံ။ ကံကား ကပ္ပိမှုကို ဆိုသတည်း။ ဤထား,လက်သည်းတို့ဖြင့် ကပ္ပီမှု၌ ပိမ့်ဝင်ရုံမျှနှင့်မအပ်။ ပေါက်ပြတ်ရာထင်မှ အပ်သည်။“ဆေဒံ ဝါ ဝေဓံ ဝါ ဒဿေန္တေန”ဟု လာသည်။ အကြွင်းဆိုဘွယ် အကျယ်မှာ မီးကပ္ပီ နည်းအတိုင်း သိလေ။ လူသာမဏေလက်မှာရှိစဉ် ကပ္ပီစေမှုအပ်ကြောင်း ကို အုတ်ကျောင်း ဆရာတော်လည်း ဆုံးဖြတ်၏။ သုဒုဒ္ဒသဝိလာသနီ ဆန်းဋီကာကို ပြုစီရင်တော်မူသော ဆိတ်ဖြူ ဆရာတော်သည် ကျောင်း ပေါ်ကနေ၍ “ကပ္ပိဟံ ကရောဟိ”ဟု ဆိုလိုက်၏။ ကျောင်းအောက် မီးတင်းကုတ်၌နေလျက် သာမဏေသည် “ကပ္ပိယံ ဘန္တေ”ဆို၍ မီးဖြင့် ထိပါးစေ၍ ကပ်လာသည်ကို တွေ့မြင်ဘူးသည်ဟု ငါတို့ကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရားကြီးလည်း မိန့်ဘူး၏။ ၁၂၅။ တခုမိက၊ တောင်ရှိများစေ၊ ထိစပ်ပေ၊ မြောက်လေ ကပ္ပိယံ။ ။ (သိသာပြီ) ။ ကပ္ပိခြင်း ငါးပါးအမြွက်ပြီး၏။ Trang32 ၁၂၆။ ဂဟပတိ၊ သမ္မုတိ၊ ဂေါနိသာဒိကာ။ ၁၂၇။ ဥဿာဝနန္တိ၊ အမည်ရှိ၊ ကုဋိ လေးပါးဖြာ။ ရဟန်းတို့ နေရာကျောင်းကို ကုဋိဆိုသည်။ ထိုကုဋိသည် ဂဟပတိ ကုဋိ၊ သမ္မုတိကုဋိ၊ ဂေါနိသာဒိကာကုဋိ၊ ဥဿာဝနန္တိကာကုဋိ ဟူ၍ လေးပါးရှိ၏။ ၁၂ဂ။ ရဟန်းဥစ္စာ၊ နေဘို့ငှာ၊ လောက်ရာသဟသေး။ ၁၂၉။ ကပ္ပိယမှု၊ ညီစွာပြု၊ ကုဋိအင်္ဂါလေး။ ရဟန်းသံဃာတို့၏ အပိုင်ဥစ္စာလည်းဖြစ်စေ၊ ရဟန်းသံဃာတို့ အမြဲ နေဘို့ရာ ကျောင်းလည်းဖြစ်စေ၊ သဟသေယျ အာပတ်သင့်လောက်သော အမိုးအကာနှင့် ပြည့်စုံသည်လည်းဖြစ်စေ၊ ကပ္ပိယဝေါဟာရနှင့် လှူဒါန်း ခြင်း ဉတ်ကမ္မဝါစာနှင့် သမုတ်ခြင်း စသည်ဖြင့် ထိုထိုကုဋိအားလျော် စွာ ကပ္ပိယအစီအရင်ကို နေရာကျ ပြုလုပ်သည်လည်း ဖြစ်စေ။ ဤကား ကပ္ပိယကုဋိ၏ သာမညအင်္ဂါလေးပါး။ ။ပဌမအင်္ဂါမရှိသော လူတို့၏ အိမ်ရာ တိုက်တာများသည်၎င်း၊ ဒုတိယအင်္ဂါမရှိသော ရဟန်းတူနေဘို့ မဟုတ် အခိုက်အတန့်မျှ သုံးဆောင်ဘို့ဖြစ်သော ဝစ္စကုဋိ ပဿာဝကုဋိ ဥပုသ်အိမ် သိမ် တန်ဆောင်း စသည်များသည်၎င်း၊ တတိယအင်္ဂါ မရှိသော ရဟန်းတို့ နေဘို့ရာပင် ဖြစ်သော်လည်း သဟသေယျ အာပတ် သင့်လောက်အောင် အမိုးမရှိသောကျောင်း အကာမရှိသောကျောင်း အမိုးအကာပျက်၍နေသော ကျောင်းများသည်၎င်း ကပ္ပိယကုဋိလေးပါး မှ အလွတ်ဖြစ်သော ပဉ္စမကပ္ပိယကုဋိဟူ၍ ဆိုအပ်၏။ ၁၃၀။ လူ့သန္တက၊ ကပ္ပိယဟူ၊ ဆို၍လှူ၊ မှတ်ယူ ဂဟပတိ ။ မလှူမီ ရှေးအဘို့၌ လူတို့၏ အပိုင်ဥစ္စာလည်းဖြစ်စေ၊ ကျောင်းပြီး၍ လှူဒါန်းသောအခါ၌ ကပ္ပိယစကားကို မြွက်ဆို၍ လှူဒါန်းသည်လည်း ဖြစ်စေ၊ ဤအင်္ဂါနှစ်ပါးရှိသော ကျောင်းကုဋိသည် ဂဟပတိကုဋိမည်၏။ Trang33 “ဣမံ ဝိဟာရံ ကပ္ပိယကုဋိံ ကာတုံ သံဃဿ ဒေမ”။ (သံဃိကဘို့) “အာယသ္မတော ဒေမ။ တိဿဿ ဒေမ” (ပုဂ္ဂလိကဘို့)။ ဤကား ကပ္ပိယ စကားတရပ်တည်း။ ရေစက်ချ၌ ဤကပ္ပိယစကား ပါရှိမှ ကပ္ပိယကုဋိဖြစ်သည်။ ၁၃၁။ ချီကြွမြွက်ကြား၊ ဆုံးပြိုင်ငြား၊ နက်သွားဥဿာမှာ။ ဥဿာဝနန္တိက ပုဒ်၌ ဥကား ချီကြွခြင်း အနက်ရှိ၏။ သာဝနကား မြွက်ကြားခြင်းအနက်ရှိ၏။ အန္တိက၌ အန္တကား အဆုံးဟူသော အနက် ရှိ၏။ချီကြွမှု၊ ကပ္ပိယစကားမြွက်ကြွားမှု၊ ဤအမှုနှစ်ပါးတို့၏ တပြိုင်နက် ပြီးဆုံးခြင်းရှိသော ကုဋိဆိုလိုသည်။ ၁၃၂။ ရဟန်းအပိုင်၊ ရှေးဦးတိုင်ကို၊ ပွေ့ကိုင်ချီချ၊ မြေအကျ နှင့်၊ ကပ္ပိယ စကား၊ ဆုံးပြိုင်ငြား၊ မှတ်သား ဥဿာဝနန္တိကာ။ ရဟန်းသံဃာတို့၏ ပုဂ္ဂလိကသံဃိကဖြစ်သော သစ်ဝါးအုတ်ကျောက် တို့နှင့် ဆောက်လုပ်သည်လည်း ဖြစ်စေ၊ ရှေးဦးစွာ စိုက်ထူသောတိုင် ရှေးဦးစွာတက်သော အုတ်ကျောက်တို့ကို ရဟန်းတို ပွေ့ ကိုင်ချီ၍ မြေသို့ ကျသည်နှင့် ကပ္ပိယစကား အဆုံးပြိုင်မိသည်လည်းဖြစ်စေ၊ ဤအင်္ဂါနှင့် ပြည့်စုံသော ကုဋိသည် ဥဿာဝနန္တိကာကုဋိ မည်၏။ ။ သစ်ဝါးတို့ကို ဆောက်ရာ၌ ရှေးဦးစွာ စိုက်ထူသောတိုင်ကို ရဟန်းတို့ကိုယ်တိုင် ပွေ့ချီ၍ ထားပြီးလျှင် “ကပ္ပိယကုဋိ ကရောမ”ဟု ကပ္ပိယစကားကို မြွက်ဆို၍ တိုင်ကို တွင်း၌ ချစိုက်ရမည်။ မြေသို့ တိုင်အကျနှင့် မအက္ခရာ ပြိုင်စေ ရမည်။ မပြိုင်မိအံ့ထင်လျှင် တဘန် ကြွချီ၍ချရမည်၊ ပြိုင်မိပြီဟု စိတ်ချ ရမှ တန်။ ။တိုင်မပါဘဲ အုတ်နံရံ ကျောက်နံရံတို့ကို ထစေ၍ ဆောက် လုပ်ရာ၌ အုတ်မြစ်ချသော ကျောက်အုတ်တိုကား မြေအလား ရှိကုန်သည် ဖြစ်၍ အင်္ဂါမလောက်ကုန်။ မြေမှအထက်သို့ ပေါ်တက်သော နံရံသည် သာ ကျောင်းအင်္ဂါ၌ ပါဝင်၏။ ထို ့ကြောင့် ရှေးဦးစွာ နံရံကိစ္စနှင့် မြေမှအထက်သို့တက်သော တခုသောအုတ်ချပ် တခုသောကျောက်ချပ်ကို ရဟန်းကိုယ်တိုင် ချီမ၍ “ကပ္ပီယကုဋိံ ကရောမ”ဟု ဆို၍ ချရမည်" မြေအကျနှင့် ကပ္ပီယစကားအဆုံး ပြိုင်မိစေရမည်။ ပေါ့ပေါ့ပါးပါး Trang34 ဖြစ်ခဲ့လျှင် ရဟန်းတပါးနှင့်ပင် ပြီးသင့်၏။ အများချီကြွ၍ အများဆို ကြ၍ စိုက်ခြင်းသည် တယောက်တယောက် စကားအဆုံးနှင့် ဧကန်ပြိုင် မိရန် ပြုလုပ်မှုပေတည်း။ ရဟန်းတို့ မနိုင်နိုင်ခဲ့လျှင် လူတို့ကို ကြွချီစေ၍ ရဟန်းတို့က ကိုင်ကာမျှပြု၍ မြွက်ဆိုရမည်။ ၁၃၃။ နွားတို့နေဘိ၊ အနက်ရှိ၊ ဂေါနိသာဒိကာ။ ဂေါနိသာဒိက သဒ္ဒါသည် နွားတိုနေရာ ဟူသော အနက်ရှိ၏။ တိုက်တာ ကျောင်းကန် အရံအကာ မရှိသည်ကို ဆိုလိုရင်း ဖြစ်သည်။ ၁၃၄။ တိုက်တာအရံ၊ ကျောင်းအရံ၊နှစ်တန်မရှိရာ။ ၁၃၅။ အာရာမ,ဝိဟာရ၊ နှစ်ပါးပြ၊ ရာမ လိုရင်းသာ။ * ၁၃၆။ လုံးလုံးမရှိ၊ အနည်းရှိ၊ တိုက်၏အရံမှာ။ တိုက်တာ အကာအရံ မရှိလျင် အာရာမ ဂေါနိသာဒိကာ ခေါ်၏။ တိုက်တွင်းရှိ ကျောင်းများမှာ အကာအရံမရှိခဲ့လျှင် ဝိဟာရဂေါနိသ၁ဒိ ကာမည်၏။ ထိုနှစ်ပါးတွင် တိုက်တာအကာအရံမရှိမှုသာ လိုရင်းဖြစ်၏။ တိုက်တွင်းရှိကျောင်းများ၌ ကျောင်းအောက်မှာ နွားမဝင်နိုင်ရန်အကာ အရံ ရှိမှုမရှိမှုသည် လိုရင်းမဟုတ်။ … ။အရံဆိုရာမှာလည်း နွားတို့ကို ကာဆီးနိုင်ရန် အမြင့် နှစ်တောင့်ခြောက်သစ်ခန့်ရှိ၍ တကိုယ်လုံးကို ဝန်းဝိုင်းမိအောင် ရှိခဲ့သော်၎င်း၊ ထက်ဝက်ထက် များခဲ့သော်၎င်း၊ ထက်ဝက်ခန့်ရှိခဲ့သော်၎င်း၊ အရံသည် ထက်ဝက်အောက်နည်းခဲ့သော်၎င်း အရံမရှိသည်မည်၏။ ဤအရံ မရှိမှုသည် ဂေါနိုသာဒိကာကုဋီ၏ အင်္ဂါ ပင်တည်း။ ဤကုဋိ၌ အရံအမြင့်ပမာဏကို ကျမ်းဂန်တို့မှာ မဆို။ သဟ သေယျ အရာ၌ တတောင့်ထွာ အမြင့်လာ၏။ ဝိနိစ္ဆယဋီကာ၌ ထို တတောင့်ထွာကို မဇ္ဈိမပုရိသ တထောင့်ထွာဟု ဆို၏။ ပကတိပုရိသ နှစ်ထောင့်ခြောက်သစ် ရှိ၏။ ထိုကို နည်းမှီ၍ ဤ၌ အမြင့် နှစ်တောင့် ခြောက်သစ်ခန့်ဟု ဆိုလိုက်ပေသည်။ ၁၃၇။ သမုတ်တုံဘိ၊ သမ္မုတိ၊ ဉတ္တိဒုတိယာ။ ၁၃ဂ။ ပန်ကြားမှုလည်း၊ အပ်သတည်း၊ နှစ်နည်း အဆိုလာ။ ၁၃၉။ အကပ္ပိယ၊ ဖြစ်နေက၊ မုချသမုတ်ရာ။ Trang35 ကပ္ပိယကုဋိအင်္ဂါ ချိုတဲ့သဖြင့် အကပ္ပိယကုဋိ ဖြစ်၍နေသော ကျောင်းကို ကပ္ပိယကုဋိ ဖြစ်စေခြင်းငှာ ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်ရသည်။ ထိုကုဋိကို သမုတိကုဋိခေါ်သည်။ အဋ္ဌကထာ၌ကား ပန်ကြားမှုဟူသော အပလောကန ကံဖြင့်လည်း သမုတ်အပ်၏ ဟု လာပေ၏။ ။ဝိနည်း မတတ်သော ရဟန်းတို့ အလှူခံ၍ ရှိနေသော ကျောင်းဟောင်း၊ ဝိနည်းမတတ်သော ရဟန်းတို့ ဆောက်လုပ်သော ကျောင်းသစ်၊ ဝိနည်းမတတ်သော ရဟန်းတို့ အမိုးဟောင်းကိုဖျက်၍ အသစ်မိုးသောကျောင်းမျိုး၊ ဤကဲ့သို့သော ကျောင်းများကို နောက် ဆက်ခံ၍ နေသော လဇ္ဇီပေသလ ရဟန်းသည် သမ္မုတိကပ္ပိယကုဋိ ဖြစ်အောင် ပြုလုပ်၍နေရမည်။ ဉတ္တိဒုတိယ ကမ္မဝါစာဖြင့်သော်လည်း သမုတ်ရမည်။ အပလောကနကံဖြင့်သော်လည်း သမုတ်ရမည်ဟူလို။ သမုတ်ပုံကား လေးပါးလေးပါးထက် အလွန်ဖြစ်သော ရဟန်းတို့သည် ခဏ္ဍသိမ်၌ စည်းဝေးကြ၍ မည်သည့်ကျောင်းကို အဘယဝိဟာရဟူ၍ အမည်မှည့်ပါ၏ဟု မထေရ်ကြီးကထိုကျောင်းကိုအမည်ပေး။ဉ တ်ကမ္မဝါ တို့၌ ထိုအမည်နှင့်ဘတ်။ သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကမ္မံ။ သံဃော အဘယံနာမ ဝိဟာရံ ကပ္ပိယဘူမိံ သမ္မန္နေယျ၊ ဧသာ ဉတ္တိ။ သုဏာတုမေဘန္တေသံဃော၊သံဃောအဘယံနာမဝိဟာရံကပ္ပိယဘူမိံ သမ္မန္နတိ။ယဿာ ယသ္မတော ခမတိ အဘယဿနာမဝိဟာရဿ ကပ္ပိယဘူမိယာ သမ္မုတိ။သော တုဏှဿ။ယဿ နက္ခမတိ၊ သောဘာသေယျ ။ သမ္မတော သံဃေန အဘယောနာမ ဝိဟာရော ကပ္ပိယဘူမိ။ ခမတိ သံဃဿ၊ တသ္မာတုဏှီ။ဧဝမေတံ ဓာရယာမိ။ ။ (သမ္မုတိကမ္မဝါ) ။ ကျောင်းအမည် ထင်ရှားစေခြင်းငှာ နာမသဒ္ဒါ ထည့်ပေသည်။ ။ ဤကပ္ပိယဘူမိ သမ္မုတိကံသည် အသမ္မုခါ ကရဏီယကံ ရှစ်ပါး၌ မပါ ငြားသော်လည်းကျောင်းမှခွါ၍ခဏ္ဍသိမ်မှာပြုခြင်းငှာအပ်သည်သာမှတ်။ ယတ္ထ ယတ္ထ ကမ္မဝါစာယံ အယန္တိ ဝါ ဣမေတိ ဝါ သမ္မုခါ နိဒ္ဒေသနိယမောနတ္ထိ သဗ္ဗံ တံ အသမ္မုခါ ကရဏီယံ။ Trang36 ဟူသော ပရိဝါဝဇိရဗုဒ္ဓိဋီကာနှင့် အညီတည်း။ ထိုတိုက်၌ ခဏ္ဍသိမ် မရှိခဲ့သော် တိုက်တစ်ပါး၌ရှိသော ခဏ္ဍသိမ်မှာလည်း ပြုရပါ၏။ ကမ္မဝါစံ အဝဇ္ဇာ အပလောကနေနပိ ဝဋ္ဋတိယေဝ”ဟူ၍ အဋ္ဌ ကထာ၌ ဆိုသောကြောင့် အပလောကနကံဖြင့်လည်း သမုတ်ရလေ၏။ သမုတ်ပုံမှာ ကမ္မဝါစာဖြင့် သမုတ်နည်း အတိုင်းပင်။ကမ္မဝါစာ ဘတ်မည့် နေရာ၌ အပလောကန စာစီရေး၍ ဘတ်မှုမျှသာထူး၏။ သံဃံ ဘန္တေ အာပုစ္ဆာမိ၊ အဘယောနာမ ဝိဟာရော အကပ္ပိယ ဘူမိ ဇာတော၊ တဿ ဝိဟာရဿ က ပ္ပိယဘူမိယာ သမ္မုတိ ရုစ္စတိ။ သံဃဿ၊ ဒုတိယမ္ပိ၊ တတိယမ္ပိ။ ခဏ္ဍသိမ်အပြင် သံဃဟတ္ထပါသ်၌ သုံးကြိမ်ဘတ်ကြားလေ ။ ၁၄၀။ ရှေးရှိတိုင်အုတ်၊ကုန်ပယ်နုတ်၊ ငြိမ်းချုပ် သာဝနာ။ ပွေ့ချီ၍ ကပ္ပိယစကားနှင့် စိုက်ထူအပ်သော တိုင်နှင့် ရက်မ ခါးပန်း တဆက်တည်း ဆက်လက်၍ ထိုအခါ၌၎င်း၊ နောက်မှသော်၎င်း စိုက်ထူ ဆောက်လုပ်အပ်သော အလုံးစုံသော တိုင်စုသည် ကပ္ပိချည်းဖြစ်လေ၏။ ထိုတိုင်စုကို တခုမကျန် အကုန်ပယ်၍ ပစ်သောအခါ၌ ဥဿာဝနန္တိကာ ကပ္ပိယကုဋိပျက်၏။ ထပ်မံ၍ ဆောက်လုပ်ပြန်သော် ကပ္ပိယဖြစ်အောင် အသစ်တဘန် ပြုရပြန်၏။ ၁၄၁။ လုံးလုံးထက်ဝက်၊ ကာရံချက်၊ ပျက်၏ ဂေါနိသာ။ တိုက်အကာအရံ မရှိ၍ ကပ္ပိယဂေါနိသာဒိကာ အရံဖြစ်၍ နေသော တိုက်တာကို အကုန်လုံး ရံပြန်သော်၎င်း၊ ထက်ဝက်မျှ ရံပြန်သော်၎င်း ဂေါနိသာဒိကာကပ္ပိယကုဋိပျက်၏။ထိုတိုက်တွင်း၌ ရှိသမျှသော ကျောင်း တို့လည်း အကပ္ပိယကုဋိ ကျောင်းတွေဖြစ်၍ ကုန်၏။ သမ္မုတိကပ္ပိယကုဋိ ဖြစ်အောင် ပြုလုပ်ကြရာ၏။ ၁၄၂ ။ အမိုးအကုန်၊ဖျက်ပယ်တုံ၊ပျက်ကုန် ကြွင်းနှစ်မှာ။ ဂဟပတိကုဋိနှင့် သမ္မုတိကုဋ်ကို ကြွင်းနှစ်ဆိုသည်။ ထိုကုဋိတို့သည် မူကား ဝမ်းဘဲတောင် ခေါင်ဖုံးမျှမကျန် အမိုးတို့ကို အကုန်ဖျက်ခဲ့သော် ကပ္ပိယကုဋိပျက်ကုန်၏။ မိုးပြန်သောအခါ အကပ္ပိယကုဋိ ဖြစ်ကြကုန်၏။ Trang37 ထို့ကြောင့် ထိုကျောင်းတို့၌ အသစ်မိုးရန် အမိုးဟောင်းတို့ကို ဖျက်ခဲ့ သည်ရှိသော် အကုန်မဖျက်ရာ။သွပ်တချပ် ပျဉ်တချပ်ကပ်တချပ်သက်ငယ် တချပ်မျှကိုသော်လည်း ချန်ထား၍ အသစ်ကိုမိုးမိမှ ချန်ထားသည်ကို ပယ်ဖျက်ရာ၏။ ဝမ်းဘဲတောင် ခေါင်ဖုံးများသည်လည်း အမိုးအရာ၌ တည်ကုန်၏။ ထို့ကြောင့် ဝမ်းဘဲတောင်ခေါင်ဖုံး ကျန်ရှိလျှင်ပင် မပျက် ပြီ။ ။အဆောင်များစွာရှိခဲ့ရာအဆောင်ချင်းချင်းအမိုးဆက်လက်သဖြင့် တခုသော သဟသေယျ၊ ဥပစာဖြစ်ခဲ့အံ့၊ တဆောင်ကို အကုန်ဖျက်၍ မိုးသော်လည်း ကြွင်းသော အဆောင်တို့က စောင့်ရှောက်ကုန်၏ဟု ယူကြ၏။ ၁၄၃။ အင်္ဂါမညီ၊ ကျောင်းကုဋီ၊ အကပ္ပီယသာ။ ရှေး၌ ပြဆိုခဲ့ပြီးမသော သာမညအင်္ဂါ, အသီးအသီးသော ဝိသေသ အင်္ဂါတို့နှင့် မညီညွတ်သော ကျောင်းများသည် အကပ္ပိယကုဋီ မည်၏။ အကပ္ပိယကုဋိ ဆိုသော်လည်း မနေအပ် မထိုင်အပ်သော ကျောင်းဟု ဆိုလိုသည်မဟုတ်။ နောက်ရှိ ပြဆိုလတ္တံ့သော ကာလိကဝတ္ထုများနှင့် စပ်၍ အာပတ်အပြစ် ရှိ သောကြောင့် ဆိုသတည်း။ ၁၄၄။ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ဤသုံးဝ၊ ယာဝ, ယာမမှာ။ အန္တောဝုတ္ထဒုက္ကဋ်၊ အန္တောပက္ကဒုက္ကဋ်၊ သာမံပက္ကဒုက္ကဋ်- ဟူ၍ ဒုက္ကဋ် အာပတ်သုံးမျိုးရှိ၏။ ထိုသုံးမျိုးသည် ယာဝကာလိက, ယာမကာလိက ဟူသော ရှေ့ကာလိက နှစ်ပါး၌သာရှိ၏၊နောက်ကာလိက နှစ်ပါး၌မရှိ။ ၁၄၅။ သိုမှီးသည်ကို၊ ဝုတ္ထဆို၊ ကျိုချက် ပက္ကမှာ။ ဝုတ္ထဆိုသည်ကား သိုမှီးသည်ကိုဆိုသည်။ ပက္ကဆိုသည်ကား ကျိုချက် သည်ကို ဆိုသည်။ အကပ္ပိယ ကုဋိအတွင်း၌ အရုဏ်တက်သည်တိုင်အောင် ညဉ့်သိပ်၍ ထားအပ်သောဝတ္ထုကို အန္တောဝုတ္ထခေါ်သည်။ အကပ္ပိယ ကုဋိတွင်း၌ ချက်ပြုတ် ကြော်လှော် အပ်သော ဝတ္ထုကို အန္တောပက္ကခေါ်သည်။ ရဟန်းကိုယ်တိုင်ချက်အပ်သာဝတ္ထုကို သာမံပက္ကဆိုသည်။ Trang38 ၁၄၆။ ကုဋိပျက်တွင်း၊ သိုမှီးခြင်း၊ အလျင်း မပြုရာ။ ကုဋိပျက် ဆိုသည်ကား အကပ္ပိယကုဋိ ဖြစ်သော ကျောင်းမျိုးကို ဆိုသတည်း။ ထိုအကပ္ပိယကုဋိတို့၌ သဟသေယျ လောက်ကောင်းသော အမိုးအရံတွင်း၌ ရှေ့ကာလိက နှစ်မျိုးတို့ကို အရုဏ်တက်သည်တိုင်အောင် သိုမှီး၍ ညဉ့်သိပ်ထားခြင်းကို အလျင်းမပြုရာ။ ညဉ့်သိပ်ထားခြင်းကို ပြုခဲ့သော် ထိုဝတ္ထုသည့် အန္တောဝုတ္ထဖြစ်၏။ ထိုဝတ္ထုကိုစားသောက်သော ရဟန်းအား အန္တောဝုတ္ထ ဒုက္ကဋ်အာပတ်သင့်၏။ ၁၄၇။ ထို၌ချက်အပ်၊ ယင်းနှစ်ရပ်၊ မအပ်လေသည်သာ။ ထိုအကပ္ပိယ ကျောင်းတွင်း၌ ထိုရှေ့ကာလိက နှစ်မျိုးတို့ကို လူ သာမဏေတို့ ချက်ပြုတ်ကြော်လှော်ခဲ့သည်ရှိသော် ထိုဝတ္ထုသည် အန္တော ပက္ကမည်၏။ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောပက္က ဒုက္ကဋ်အာပတ် သင့်၏။ ၁၄ဂ။ ဘယ်၌မဆို၊ ယင်းနှစ်ကို၊ ကိုယ်တိုင် မချက်ရာ။ ထိုရွှေကာလိက နှစ်မျိုးတို့ကို အကပ္ပိယ ကျောင်းတွင်း၌ ဖြစ်စေ၊ တပါးသော အရပ်ဌာနဖြစ်စေ ရဟန်းကိုယ်တိုင် ကြော်လှော်ချက်ပြုတ် ဖုတ်ကင် ပေါင်းနွေးခြင်းကို မပြုရာ။ပြုခဲ့သော် ထိုဝတ္ထုသည် သာမံပက္က ဖြစ်၏။ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား သာမံပက္က ဒုက္ကဋ် အာပတ်သင့်၏။ ၁၄၉။ ကျက်ပြီး ကိုလျက်၊ တဘန်ချက်၊ သက်သက် အပ်သည် သာ။ ၁၅ဝ။ ရွှေကာလိနှစ်၊ ရောပြန်လစ်၊ အပြစ်ရှိပြန်လာ။ လူသာမဏေတို့ ချက်၍ ကျက်ပြီးဖြစ်သော ရှေ့ကာလိက နှစ်မျိုး တို့ကို တဘန်ချက်မှုသည် ပုနပက္ကမည်၏။ ထိုတဘန် ချက်မှုကိုမူကား ရဟန်းကိုယ်တိုင်ပင် ပြုအပ်၏။ အပြစ်မရှိ။ ကျက်ပြီးသော ထမင်းအေး ဟင်းအေးကို ရဟန်းကိုယ်တိုင်ပင် မီး၌ နွှေးအပ်၏။ ကျက်ပြီးသော ထမင်းကို ယက်မန် ဖြစ်အောင် ရဟန်းကိုယ်တိုင် ကျို အပ်၏။ ရဟန်း ကိုယ်တိုင် ကျိုချက်အပ်သော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထု နှစ်မျိုး တို့နှင့် မရောမရှက် စေ၍ သက်သက် စားသောက်အပ်၏။ ရှေ့ကာလိက Trang39 ဝတ္ထု နှစ်မျိုးတိုနှင့် ရောနှော၍ စားသောက်ခဲ့သော် အပြစ်ရှိပြန်၏။ ဒုက္ကဋ်အာပတ် သင့်ပြန်၏။ ရွှေကာလိက နှစ်မျိုးတို့၌ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္က၊ လေးချက်ပြီး၏။ ၁၅၁။ သတ္တာ,ဇီဝိ၊ ကိုယ်ချက်မိ၊ သုဒ္ဓိအပ်သည်သာ။ နောက်ကာလိကနှစ်မျိုးတို့ကိုမူကား အကပ္ပိယကုဋိတွင်း၌ ညဉ့်သိပ်၍ တသက်လုံး ထားသော်လည်း အန္တော ဝုတ္ထဒုက္ကဋ်မရှိ။ ထိုအရပ်တွင်း၌ ကြော်လှော် ချက်ပြုတ်သော်လည်း အန္တောပက္ကဒုက္ကဋ် မရှိ။ အစိမ်း သက်သက်ကို ရဟန်းကိုယ်တိုင် ချက်သော်လည်း သာမံပက္ကဒုက္ကဋ် မရှိ။ ဒုက္ကဋ်သုံးမျိုး ကင်းလွတ်၏။ ကင်းလွတ်၏ ဆိုသော်လည်း ထိုကဲ့သို့ အကပ္ပိယ ကုဋိတွင်း၌ ညဉ့်သိပ်ခြင်း ချက်ပြုတ်ခြင်း ကိုယ်တိုင်ချက်ခြင်း တို့ကိုပြုပြီးသည်ရှိသော် ထိုဝတ္ထုကို ရှေ့ကာလိကနှစ်မျိုးတို့နှင့် ရောနှော၍ မစားမသောက်အပ်၊ စားသောက်ခဲ့သော် ဒုက္ကဋ်သုံးမျိုး သင့်ပြန်၏။ ၁၅၂။ အကပ္ပိယ၊ ကျောင်းဖြစ်က၊ များလှပြစ်ဆာနာ။ ကပ္ပိယကုဋိ အင်္ဂါ လက္ခဏာ မရှိသော အကပ္ပိယကုဋိ ကျောင်းဖြစ်ခဲ့ သော် ထိုကျောင်းသည် ကာလိကလေးပါးနှင့်စပ်၍ အလွန် အပြစ် ဆာနာ များလှ၏။ ၁၅၃။ ဝိနည်းမတတ်၊ ကျောင်းထိုင်လတ်၊ အာပတ်မဆုံးရာ။ ဝိနည်း မတတ်ပါဘဲနှင့် ကျောင်းထိုင်ပုဂ္ဂိုလ် လုပ်ခဲ့သော် ကျောင်း သည် အကပ္ပိယကုဋိကျောင်းသာ ဖြစ်ရာ၏။ အလုံးစုံသော ကာလိက ဝတ္ထုမျိုးတို့ကိုလည်း ထိုကျောင်းတွင်း၌ ထားလေရာ၏။ ဆန်သည်လည်း အန္တောဝုတ္ထဆန်ဖြစ်၏။ ငါးပိငါးခြောက် စသည်တို့သည်လည်း အန္တော ဝုတ္ထတို့သာဖြစ်ကုန်၏။ ညဉ့်သိပ်၍ ထားအပ်ကုန်သော အုန်း ငှက်ပျော စသည်တို့သည်လည်း အန္တောဝုတ္ထတို့သာ ဖြစ်ကုန်၏။ ။ ထောပတ်၊ ဆီဦး၊ သကာ၊ သကြား၊ ဆီ ဆား ဆေး ကွမ်း စသော နောက်ကာလိက ဝတ္ထုမျိုးတို့ကိုလည်း ထိုကျောင်းတွင်း၌ သိုမှီးပြီးလျှင် ထောပတ်၊ ဆီဦး သကာ၊ သကြားတို့ကို သစ်သီးခဲဘွယ် မုံ့ ခဲဘွယ်ဘိုနှင့် ရောဘက်၍ စားခြင်း, ဆီ ဆား တို့ကို ဟင်းခတ်ခြင်း, အကြော် အလှော်ပြုလုပ်ခြင်း Trang40 သကာ သကြား ဆားတို့ကို ညနေအခါ၌ အဖျော်ရည်မှာ ထည့်ခြင်း အစရှိသည်တို့ဖြင့် သက်တော်ရှည်၍ နေ့ရက်တွေ များသမျှ ကာလ ပတ်လုံး အန္တောဝုတ္ထဒုက္ကဋ်အာပတ်တွေ မဆုံးနိုင် ရှိလေရာ၏ဟူလိုသည်။ ဣမံ ဝိဟာရံ ကပ္ပိယကုဋိံ ကာတုံ သံဃဿ ဒေမ။ ကာယကာယ ပဋိဗဒ္ဓေဟိ ဖုသိတွာ ယထာသုခံ ပရိဘုဉ္ဇထ။ ။ သုံးခေါက်ဆို။ ဣမံ ဝိဟာရံ၊ ဤကျောင်းကို။ ကပ္ပိယကုဋိံ၊ ရဟန်းတော်မြတ်တို့ အား သင့်လျော်လျောက်ပတ် အလွန်အပ်သော ကပ္ပိယကုဋိကို။ ကာတုံ၊ ပြုစိမ့်သောငှာ။ သံဃဿ၊ အရပ်ဒိသာ ရှစ်မျက်နှာမှ ရောက်လာသမျှ ဓမ္မမွေ့လျော် သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။ တုမှေ၊ အရှင်ဘုရားတိုသည်။ ကာယကာယပဋိဗဒ္ဓေဟိ၊ ခြေဘဝါး လက်ဘဝါး တင်ပါး ကျောက်ကုန်း အစရှိကုန်သော ကိုယ်အင်္ဂါ၊ ဘိနပ် သင်္ကန်း အပေါ်လွှမ်း အစရှိကုန်သော ကိုယ်နှင့်စပ်သော ဝတ္ထုတို့ကိုဖြင့်။ ယထာ သုခံ၊ အလိုတော်ရှိတိုင်း။ ဖုသိတွာ၊ ထိပါး၍။ ပရိဘုဉ္ဇထ၊ ဣရိယာပထ မျှတမှီတင်း သီတင်းသုံးကာ သုံးဆောင်တော် မူပါကုန်လော။ ကပ္ပိယကုဋိ မြောက်အောင် ကျောင်းရေစက်ချနည်း။ ။ဆိုနေကျ ရေစက်ချ၌ လောင်းစွက်ထည့်သွင်း၍ဆိုရန်။ မိမိ ပုဂ္ဂလိကကျောင်းဖြစ်ခဲ့ သော် “သံဃဿ” နေရာမှာ “အာယသ္မတော”ဟု ထည့်လေ။ သူတပါးတို့ချ၍ပေးသူဖြစ်ခဲ့သော် “သံဃဿ”နေရာမှာ “အာယသ္မတော တိဿထေရဿ။ အာယသ္မတော သုမနထေရဿ” စသည်ဖြင့် ကျောင်း ရှင်ပုဂ္ဂိုလ်၏ ဘွဲ့အမည်ကို ထည့်လေ။ ကျောင်းဟူသော မှီရာနိဿယအမြွက်ပြီး၏။ ၁၃-ဆေးဟူသော မှီရာနိဿယအမြွက် ၁၅၄။ သတ္တာ ဇီဝ၊ ကာလိက၊ ဒွယ ဆေးပစ္စည်း။ 5 ဆေးပစ္စည်းသည် ထောပတ်၊ ဆီဦး၊ ပျား/ တင်းလဲ ဟူသော သတ္တာ ကာလိကမျိုး,ငရုပ် ပိတ်ချင်း၊ ချင်း၊ ဇီးဖြူ၊ ရှိရှား၊သဖန်းခါး စသော ယာဝဇီဝိကမျိုး ဟူ၍ နှစ်မျိုးရှိ၏။ Trang41 ၁၅၅။ အနာကြီးငယ်၊ ရောဂါသယ်၊ မှီတွယ်နိဿယည်း။ ဆေးပစ္စည်းသည် နေလွဲသော အခါ၌ အနာ ဟူသော ဂေလည အကြောင်းရှိမှ သုံးဆောင် ရသည်။ ဂေလည အကြောင်းမှာလည်း လျော်ရာလျော်ရာ သူ့အနာနှင့် သူ့ ဆေးကိုသာ လိုအပ်၏။ မိမိသန္တာန်၌ ရှိသော အနာကို အမြွက်ထောင်၍ ထိုအနာနှင့် မဆိုင်ပါဘဲ စားလိုရာရာ ဆေးကို မစားမသောက်အပ်။ ၁၅၆။ အတွင်းအပြင်၊ နှစ်မျိုးထင်၊ မျိုးလျှင်အတွင်းတည်း။ ၁၅၇။ အတွင်းဂရု၊ ပြင်လဟု၊ နှစ်စုခွဲဝေနည်း။ ဆေးပစ္စည်းသည် အတွင်းအသုံးအဆောင်မျိုး, အပအသုံးအဆောင် မျိုးဟူ၍ နှစ်မျိုးထင်၏။ ။ လည်ချောင်းတွင်းသို့ မျိုရန်ဝတ္ထုမျိုးသည် အတွင်းအသုံးအဆောင်မျိုးမည်၏။ လည်ချောင်းပေါက်မှ အပဖြစ်သော ကိုယ်အင်္ဂါတို့၌ လိမ်းကျံခြင်း စသည်ဖြင့် သုံးဆောင်အပ်သော ဝတ္ထု မျိုးသည် အပအသုံးအဆောင်မျိုး မည်၏။ ခံတွင်းသည်လည်း ဤအရာ၌ အပအင်္ဂါပင် ဖြစ်၏။ ဝမ်းတွင်းသို့ မျိုရန်မဟုတ်ဘဲ ခံတွင်းထဲ၌သာ ဝါးရန် ငုံရန် ဝတ္ထုမျိုးသည်လည်း အပ အသုံးအဆောင်မျိုးပင် ဖြစ်၏။ လည်ချောင်းတွင်းသို့ မဝင်အောင် တတ်နိုင်ပေမူကား အကပ်မခံသော ဝက်သား ကြက်သား ငါး အမဲ တို့ကိုပင် နေလွဲသောအခါ၌ ခံတွင်းမှာထည့်သွင်း၍ ငုံခြင်း ဝါးခြင်း လျှာအရသာကို ခံစားခြင်းငှာ အပ်၏။ ဗာဟိရသုံးဆောင်မူဖြစ်သော ကြောင့် အကပ်မခံသည့်အတွက် နေလွဲသည့်အတွက်နှင့် အပြစ်မရှိ။ ထိုနှစ်မျိုးတို့တွင် အတွင်း အသုံးအဆောင်မျိုးသည် ဘောဇနဝဂ်၌ -လာသော သန္နိဓိ၊ အဒိန္န ဝိကာလဘောဇနစသော ပါစိတ်အာပတ်ကြီး တို့၏အရာဖြစ်၍ ဂရုဖြစ်၏၊ လေး၏။ အပ အသုံးအဆောင်မျိုးသည် ထိုသိက္ခာပုဒ်ကြီးတို့၏ အရာမဟုတ် သောကြောင့် လဟုဖြစ်၏၊ ပေါ့၏။ ထိုအာပတ်တို့တွင်လည်း ဝိကာလဘောဇန အာပတ်သည် သန္နိမိ အာပတ် အဒိန္နအာပတ်တို့ထက် ပေါ့၏။ ။ ရှေးရှေးနေ့က အကပ်ခံ၍ Trang42 ထားသော ဒန်ပူကို နောက်နောက်နေ့၌ စားရာ ဒန်ပူရည်နှင့် ယာဝ ကာလိကဝတ္ထု ရောနှော၍ လည်ချောင်းသို့ ဝင်သည်ဖြစ်အံ့၊ သန္နိဓိ ပါစိတ်သင့်၏၊ နေလွဲသောအခါ၌အဖျော်ရည်နှင့်ရောနှော၍လည်ချောင်း သို့ ဝင်သည်ဖြစ်အံ့၊ သန္နိဓိပါစိတ်သင့်၏။ ဝိကာလဘောဇန အာပတ် မူကား မသင့်။ သွားခံတွင်းကို စင်ကြယ်စေခြင်းငှာ အရုဏ်မတက်မီအခါ၌ အကပ် မခံသော ဒန်ပူကိုစားကြရာ ဒန်ပူရည်သည် လည်ချောင်းသို့ ဝင်ခဲ့သော် အဒိန္နအာပတ်သင့်၏။ ဝိကာလဘောဇနအာပတ်မသင့်။ အဘယ့်ကြောင့် နည်းဆိုသော် သွားခံတွင်းကို စင်ကြယ်စေရန် အကြောင်း အမြွက် ထင်ရှားရှိပေသောကြောင့်တည်း။ နောက်ကာလိကနှစ်ပါးတို့၌ ထိုကဲ့သို့သော အကြောင်းအမြွက် ရှိပေ လျှင်ပင် ဝိကာလဘောဇန အာပတ်သည် လွတ်ကင်းတတ်၏။ အာဗာဓ ဂေလည အကြောင်းရှိမှသာ လွတ်ကင်းတတ်သည်မဟုတ်ဟု အဋ္ဌကထာ နည်းအားဖြင့် သိအပ်၏။ ။သက်သက်သော အခိုးမျိုး အနံ့မျိုးတို့သည် ကား ကာလိကလေးပါးမှ လွတ်ကုန်၏။ ၁၅၈။ ပစ္စုပ်, နာဂတ်၊ နာ,နှစ်ရပ်၊ ရအပ်ပါသည်ချည်း ။ ယခု ကိုယ်ခန္ဓာ၌ ဖြစ်၍နေဆဲဖြစ်သော ပစ္စုပ္ပန်အနာ ရှေ့သို့ ဖြစ် လာမည်ကို စိုးရိမ်ရသော အနာဂတ်အနာ နှစ်မျိုးလုံးကိုပင် ရသင့်၏။ . ။ ပတီးစိတ်ပါဠိ၌“ဥပ္ပန္နာနံ ဝေယျာဗျာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ” ဟူသောပါဌ်ဖြင့် ဥပ္ပန္န ဖြစ်သော ပစ္စုပ္ပန် အနာ အတွက် စားသောက် ရသော ဆေးမျိုး၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံကို ပြတော်မူ၏။ “အဗျာပဇ္ဇ ပရမတာယ”ပါဌ်ဖြင့် ရှေသို့ဖြစ်လာမည့် စိုးရိမ်ရသော အနာဂတ်အနာ အတွက် စားသောက်ရသော ပါဒရက်ဆေး အာယုဝဍ္ဎနဆေးတို့၌ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ပြတော်မူ၏။ ၁၅၉။ အကြွင်းဆိုဘွယ်၊ အသွယ်သွယ်၊ ရှေးဝယ် ဆိုပြီးနည်း။ ဤဆေးပစ္စည်းအရာ၌ အသွယ်သွယ် ဆိုဘွယ်အကြွင်းများကို ရှေး ကာလိကလေးပါးအရာ၌ ဆိုခဲ့ပြီ။ Trang43 ၁၆၀။ ဆေးကု ဆေးပေး၊ ဆေးနည်းပေး၊ ရွေးလေ- အပ်, မအပ်။ ဆေးကုမှု မိမိ၌ရှိသော ဆေးကိုပေးမှု ဆေးနည်းများကို ပြောကြား ရေးပေးမှုတို့၌ အပ် မအပ်ကို ရွေးချယ်ရာ၏။ ဘယ်ဟာကို စားလော့၊ သောက်လော့၊ ရေချိုးလော့၊ ချွေးအောင်းလော့ စသည်ဖြင့် သူနာအား ဆေးဝါး ဓာတ်စာကို ပြောကြားမှု၊ ယာယီ ယတြာ ဂါထာ မန္တရား အင်းအိုင်များနှင့် ကုစားမှုတို့ကို ဆေးကုမှု အသီးဆိုသည်။ ၁၆၁။ သီတင်းဘော်-ငါး၊ နှစ်ပါး မိဘ၊ ကပ္ပိယ၊ မိဘ လုပ်ကျွေးသူ။ ၁၆၂ ။ ရှင် ရဟန်းလောင်း၊ ကျောင်းမှီ ကျောင်းကပ်၊ဆဲ့တရပ်၊ ကုအပ်-ပေးအပ်သူ။ ၁၆၃ ။ ဆွေမျိုးနွယ်စပ်၊ မကျန်းလတ်၊ ကုအပ် ပြောအပ်သူ။ ၁၆၄။ ဆေးဝါးသူ့မှာ၊မရှိရာ၊ ပေးပါ ခိုက်တန့်ယူ။ ၁၆၅။ ထိုမှကြွင်းငြား၊ သူစိမ်းများ၊ သုံးပါး မအပ်ယူ။ သီတင်းသုံးဘော်ငါးဦး၊မိမိ၏အမိ,အဘနှစ်ပါး၊မိမိ၏ကပ္ပိယကာရက၊ မိမိ၏အမိ,အဘတို့ကို လုပ်ကျွေးသမူ ပြုပေသောသူ၊ (၉-ယောက်) ။ ကျောင်း၌နေသော ရှင်လောင်း ရဟန်းလောင်း၊ ရဟန်းတို့ကိုမှီ၍ ကျောင်း၌နေသော ကျောင်းမှီ ကျောင်းကပ်။ ဤတကျိပ်တယောက်တို့ မကျန်းမမာ ရှိခဲ့သော် ဆေးကုမှု မိမိ၌ ရှိသောဆေးကိုပေးမှု မရှိလျှင်ရှာကြံ၍ပေးမှု ဆေးနည်းပေးမှု ဆေးနည်း ပြောမှု အလုံးစုံအပ်ပါ၏။ မိမိ၏ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တွင် ပါဝင်သောသူဖြစ်အံ့၊ မိမိ၏ ဆေးကိုမပေးအပ်။ ပစပ်ပြောနှင့်ကုရ၏။ ဆေးနည်းပြောရ၏။ သူ့ မှာ မရှိခဲ့သော် နောင်အနာ ပျောက်ငြိမ်းသောအခါ၌ အစားပေးရလိမ့်မည် ဆို၍ အခိုက်အတန့် အနေအားဖြင့် မိမိဆေးကို စိုက်ထုတ်၍ ပေးနှင့်ရ၏။ နောင်အခါ မပေးသော်လည်း တောင်းဘွယ် ကိစ္စမရှိ။ ဤသူတို့မှ ကြွင်းသော သူစိမ်းပြင်ပဖြစ်သူတို့ မကျန်းမမာ ရှိရာ၌ကား ကုလည်း Trang44 မကုအပ်။ပေးလည်း မပေးအပ်။ ဆေးဝါးဓာတ်စာ နည်းလမ်းများကိုပင် မပြောအပ်။ပြောလိုသော် တစုံတယောက်သောသူကို မိမိနေရာ၌တံမြက် လှည်းမှု အမှိုက်ကျုံးမှု ရေခပ်မှု စသည်ကို ပြုစေ၍ ဝေယျာဝစ္စကရ အရာ၌ တည်သောအခါ ထိုသူအား ပေးရာ၏။ပြောရာ၏။ထိုသူကတဆင့် ပေးသော် ပြောသော် ရဟန်းမှာ အပြစ်မရှိ။ သူနာတင်းလင်းနှင့် မဟုတ်ဘဲ မိမိမျက်မှောက်သို့ ရောက်လာသူတို့ အား ကျန်းမာရန် အခွင့်အလမ်းများကို သင်ကြား ဆုံးမသောအားဖြင့် နည်းများကို ပြောကြားရာ၌ကား အပြစ်မရှိဟု ငါတို့ယူ၏။ ၁၆၆။ ခွင့်မပြုပါ၊ မလျော်ရာ၌၊ သဒ္ဓါလှူရေး၊ ပစ္စည်းလေး၊ ပေးလျှင် ဒုက္ကဋ်ဟူ။ သဒ္ဓါဒေယျ ပစ္စည်းဝတ္ထုတို့ကို ဘုရားခွင့်မပြုသော သူတို့အား ပေးခဲ့ သော်၎င်း ရဟန်းတော်တို့အား မလျော်သောအမှုတို့၌ သုံးစွဲခဲ့သော်၎င်း သဒ္ဓါဒေယျ ဝိနိပါတန ဒုက္ကဋ်သင့်၏။ အာပတ်ပင် ငယ်သော်လည်း သံသရာပြစ် ဆိုးဝါးလှ၏။ ငါပိုင်သောဝတ္ထု ဖြစ်သည်ဟု မတော်ရာ၌ ဖြုန်းတီး၍ မပစ်ရာ။ သတိရှိကြစေကုန်။ ဆေးဟူသော မှီရာနိဿယ အမြွက်ပြီး၏။ ၁၄-အမှီလေးပါး ၁၆၇။ နှစ်-ဝိညတ္တိ၊ ပရိကထာ၊ ဩဘာသာ၊ တဖြာ- နိမိတ္တ။ ၁၆၈။ တောင်းမှုကား-ဝိ၊ ပရိ-ရိပ်ရည်၊ ချိတ်သည် ဩဘာ၊ နိမိတ်မှာ၊ လိုရာလုပ်၍ပြ။ ပစ္စည်းလေးပါးအတွက်နှင့် ပယောဂ ပြုမှုသည်လေးပါးရှိ၏။ ဝိညတ် တပါး၊ ပရိကထာတပါး၊ ဩဘာသတပါး၊နိမိတ်တပါး။ ။တိုက်ရိုက် တောင်းသည်ကား ဝိညတ်၊ ထိုဝိညတ်သည် ကာယဝိညတ်, ဝစီဝိညတ် နှစ်ပါးရှိ၏။ စောင်းဘဲရိပ်ချည် ပြောဆိုသည်ကား ပရိကထာ။ မရှောင် သာအောင် ချိတ်ငင်စကား ပြောဆိုသည်ကား ဩဘာသ၊ လိုရာကို ပြုလုပ်၍ ပြသည်ကား နိမိတ္တ၊ အလိုရှိရာကို လက်နှင့်ပြ၍ တောင်းသည် Trang45 ကား ကာယဝိညတ်မှုတည်း။ဘယ်သင်းကို လှူပါဟု နှုတ်မြွက်၍ တောင်း သည်ကား ဝစီဝိညတ်တည်း။ ၁၆၉။ ဆွမ်း, သင်္ကန်းမှာ၊ထိုလေးဖြာ၊ ဝေးစွာ ကြဉ်အပ်စွ။ ၁၇၀။ ကျောင်းပစ္စည်းမှာ၊ မပြုရာ၊နှစ်ဖြာ-ဝိညတ္တ။ ၁၇၁။ ဆေးပစ္စည်းမှာ၊ ဂိလာနာ၊ လေးဖြာ ကပ္ပိယ။ ဆွမ်းပစ္စည်း သင်္ကန်းပစ္စည်းတို့မှာ အဆွေမတော်သောသူ မဘိတ် မကြားသောသူတို့၌ ထိုလေးပါးလုံး မအပ်။ အလိုရှိမှု “ဥဒ္ဒိဿ အရိယာ တိဋ္ဌန္တိ၊ သော အရိယာ နယာစနာ” ဟူသော ပါဠိနှင့်အညီ ထိုသူတို့ရှိရာ သွား၍ ကာယဝိညတ်ဖြင့် ရပ်ရာ၏။ ဘာကို အလိုရှိတော်မူပါသနည်းဟု မေးမှ ဘာကို အလိုရှိသည်ဟု ဝစီဝိညတ်ကို ပြုအပ်၏။ ။ကျောင်း ပစ္စည်းမှာ ဝိညတ်နှစ်ပါး မအပ်။ အကြွင်းသုံးပါးအပ်၏။ ဂိလာနပုဂ္ဂိုလ် အား ဆေးပစ္စည်းမှာ လေးပါးလုံးအပ်၏။ ၁၇၂။ မှီရာလေးသင်း၊ မာရ်ကျော့ကွင်း၊ ဝဋ်တွင်း နက်လေစွ။ ၁၇၃။ ရဟန်းပြီရေး၊ အမှီလေး၊ မှီရေး လိမ်မာမှ။ ဤမှီရာဟူသော ပစ္စည်းလေးပါးကို မာရ်နတ်မင်း ကျော့ကွင်းဟူ၍ ဟောတော်မူ၏။ သာယာတွယ်ငြိ၍ ကျော့ကွင်းမိခဲ့လျှင် ဝဋ်ဒုက္ခတွင်း နက်လှ၏။ ။အမှီလေးပါး၌ မှီရေး လိမ်မာကြမှ ရဟန်းကောင်း ပြီကြမည် ဟူလိုသည်။ အမှီလေးပါး ပြီး၏။ ၁၅-ပါရာဇိက ၁၇၄။ လူ့,နတ်, တိရိစ်၊ ပြိတ်, ဘီလူးတုံ၊ ဤငါးစုံ၊ မေထုန် ဝတ္ထုချည်း။ လူမျိုး၊နတ်မျိုး၊ ဘီလူးမျိုး၊ ပြိတ္တာမျိုး၊ တိရစ္ဆာန်မျိုး၊ မေထုန်မှု မြောက်ထိုက်သော မေထုန်ဝတ္ထု ငါးမျိုး။ ၁၇၅။ . အထီး, အမ၊ ပဏ္ဍက၊ဒွယဥဘောဗျည်း။ ယောက်ျား၊မိန်းမ၊ ပဏ္ဍုက်၊ ဥဘတောဗျည်း နှစ်မျိုး၊ဣတ္ထိဥဘတော ဗျည်း၊ ပုရိသဥဘတောဗျည်း။ Trang46 ၁၇၆။ ကျင်ကြောင်း နှစ်ပါး၊ ခံတွင်းအား၊ သုံးပါးမဂ်ခေါ် နည်း။ ကျင်ကြီးကြောင်း- ၁၊ ကျင်ငယ်ကြောင်း-၁၊ ခံတွင်းပေါက် - ၁၊ မဂ်သုံးပါးမည်၏။ ၁၇၇။ မဂ်သုံးခုမှာ၊စိုစွတ်ရာ၊ ပမာနှမ်းမျှတည်း။ ၁၇၀။ နိမိတ်ရောက်ထိ၊ သာယာမိ၊ပါရာဇိကချည်း။ မဂ်အပေါင်းတို့တွင် တခုခုသောမဂ်၌ မိမိ၏ ပယောဂနှင့် သော်၎င်း သူတပါး၏ ပယောဂနှင့်သော်၎င်း စိုစွတ်ရာ အရပ်တွင်းသို့ နှမ်းတစေ့ ခန့်မျှ မိမိ၏ အင်္ဂါနိမိတ် ရောက်သည် ထိသည်ကို သာယာသောစိတ် ဖြစ်ငြားအံ့၊ ပါရာဇိကကျ၏။ သာယာဆဲခဏ၌ ရဟန်းဘဝမှလည်း ရွေ့လျှော၏။ နောင်လည်း ရဟန်းတဘန် မပြုထိုက်ပြီဟူလို။ ၁၇၉။ ရွှေစင်တမတ်၊ငွေငါးကျပ်၊ ထိုက်လတ် လူ့ပစ္စည်း။ ၁၀၀။ ခိုးခြင်းဆဲ့ငါးပါး၊ တပါးပါး၊ ခိုးငြားရှုံးခဲ့ပြီ။ ရွှေစင်တမတ် ထိုက်တန်သော ဝတ္ထုသည် ပါရာဇိက ကျလောက်၏။ ငွေနှင့် တိုင်းတာမူ ငွေစင်ငွေကောင်း ငါးကျပ် ထိုက်တန်မူ ပါရာဇိက ကျလောက်၏။ လူမျိုး ဇာတိ ရှိသောသူ၏ ဥစ္စာမှသာ ပါရာဇိကကျ၏။ နတ် ဘီလူး ပြိတ္တာ တိရစ္ဆာန်တို့၏ ဥစ္စာ၌ ပါရာဇိက မကျ။ ထိုဥစ္စာကို တဆဲ့ငါးပါးသော ခိုးခြင်းတို့တွင် တပါးပါးသော ခိုးခြင်းဖြင့် ခိုးယူ ငြားအံ့၊ ရှုံးခြင်းသို့ ရောက်ပြီမှတ်။ ။ခိုးခြင်းနှစ်ဆဲ့ငါးပါး ရှိသည်တွင် နာနာဘဏ္ဍပဉ္စက ဧကဘဏ္ဍပဉ္စက နှစ်ပါးသည် ကြွင်းသော ပဉ္စက သုံးပါးတို့၌ အတွင်းဝင်သောကြောင့် ဤ၌ တဆဲ့ငါးပါးဆိုသည်။ ၁၈၁။ ကိုယ်တိုင်စေနည်း၊ စွန့်လွှတ်နည်း၊ ကျိုးပြီး,ဝန်ချငါး။ ကိုယ်တိုင် ခိုးနည်း၊ စေခိုင်း၍ ခိုးနည်း၊ စွန့်လွှတ်၍ ခိုးနည်း မခိုးမီ ကပင် ခိုးခြင်းအကျိုး ပြီးနှင့်ရသော ခိုးနည်း ဝန်ချမှုနှင့်ပြီးစီးသော ခိုးနည်း ဟူ၍ ငါးပါး။ ။သာဟတ္ထိကပဉ္စကတည်း ။ Trang47 ၁၈၂ ။ ရှေ့ကျပြိုင်ကျ၊ တိုင်ပင်ကျ၊ ချိန်းကျ, မှတ်ကျငါး။ ခိုးမှုပယောဂမပြီးမီ ရှေး၌ ပါရာဇိက ကျနည်း၊ ခိုးမှုပယောဂနှင့် အတူတကွ ပြိုင်၍ကျနည်း၊ မခိုးမီပင် တိုင်ပင်ရာ၌ ကျနည်း၊ မခိုးမီပင် အချိန်ပေးမှု ချိန်းချက်မှု၌ ကျနည်း၊ မခိုးမီပင် အမှတ်သညာ ပေးမှု၌ ကျနည်း ဟူ၍ ငါးပါး။ ။ပုဗ္ဗပယောဂပဉ္စကတည်း။ ၁၈၃ ။ ချောင်းလိမ်, နိုင်ထက်၊ ကြံဘန်ချက်၊ ဖုံးဖွက်ပြောင်း ကမ္ပည်း။ ချောင်းမြောင်း ဖုံးကွယ် လိမ်လည် လှည့်စား၍ ယူနည်း၊ အနိုင် အထက်ကျင့်၍ ယူနည်း၊ ကြံဘန်မှန်းဆ၍ ယူနည်း၊ ဝတ္ထုကို ဖုံးဝှက်၍ ယူနည်း၊ လိပ်ကမ္ပည်းဒဏ် ပြောင်းလဲ၍ ယူနည်း ဟူ၍ ငါးပါး။ ထေယျာဝဟာရပဉ္စကတည်း ။ ၁၈၄။ လူ့အသက်ကို၊ သေစေလို၊ ကိုယ်နှုတ်စေ့ဆော်ဘိ။ ၁၈၅။ စေ့ဆော်ချက်ကြောင့်၊ အသက်ဇိဝ၊ သေဆုံးက၊ ကျပြီ ပါရာဇိ။ လူသတ္တဝါ၏ အသက်ကို သေစေလိုသော စိတ်ဖြင့် ကိုယ်ပယောဂ နှုတ်ပယောဂကို ပြုသော် ထိုပယောဂကြောင့် ထိုလူသတ္တဝါ သေခဲ့အံ့၊ ပါရာဇိက ကျ၏။ ၁ဂ၆။ ကိုယ်တိုင် ခိုင်းစေ၊ ပစ်လွှတ်ထွေ၊ ပုံသေထာဝရ။ ၁၀၇။ ဝိဇ္ဇာမန္တန်၊ တန်ခိုးဘန်၊ ခြောက်တန်ပယောဂ။ ကိုယ်တိုင်သတ်ခြင်း၊ သူတပါးကိုခိုင်းစေ၍သတ်ခြင်း၊ လက်နက်နှင့် ပစ်လွှတ်၍သတ်ခြင်း၊ တာဝရပယောဂကိုပြု၍သတ်ခြင်း၊ မန္တန်မန္တရား ဆေးဝါး အင်းအိုင် ဟူသော ဝိဇ္ဇာမယအတတ်ဓာတ်နှင့် သတ်ခြင်း၊ကမ္မဝိပါက ဇိဒ္ဓိတန်ခိုးနှင့်သတ်ခြင်း ဟူ၍ ပယောဂခြောက်ပါးရှိ၏။ ၁၈၈။ ဝတ္ထုကာလ၊ ဩကာသ၊ သတ္ထ, ဣရိယာ။ ၁၈၉။ အမှုကြွေပြား၊ ဤခြောက်ပါး၊ သူ့ အား-စေခိုင်းရာ။ သတ်အပ်သောသူ ဟူသော ဝတ္ထု၊ အချိန်ကာလ၊ အရပ်ဌာန၊ လက်နက်၊ ဣရိယာပုထ်၊ ထိုးခြင်း ခုတ်ခြင်း,စသော သတ်မှုကြိယာ Trang48 အထွေအပြား။ သူတပါးအား စေခိုင်းရာ၌ စေခိုင်းသူ ကံမြောက်သည် မမြောက်သည်ကို ဆုံးဖြတ်ကြောင်း ခြောက်ပါး။ ။ ဤသူကိုသတ်ချေ ဟု စေရာ၌ ထိုသူကိုသတ်မှ စေခိုင်းသူ ကံမြောက်သည်။ တပါးသူကို သတ်လျှင် ကံမမြောက်၊ ဤအချိန်မှာ `သတ်ချေဟုစေရာ၌ ထိုအချိန်မှာ သတ်မှ စေခိုင်းသူကံမြောက်သည်။အချိန်လွဲလျှင် စေခိုင်းသူကံမမြောက်။ ဤအတူ နေရာအရပ်ဌာနကိုမှတ်၍ စေခိုင်းရာ၌၎င်း၊ မည်သည့်လက်နက် နှင့် သတ်လေဟု လက်နက်ကိုမှတ်၍ စေခိုင်းရာ၎င်း၊ မည်သည့်ဣရိယာပုတ် မှာ သတ်လေဟု ဣရိယာပုထ်ကိုမှတ်၍ စေခိုင်းရာ၌၎င်း၊ ထိုးခြင်း ခုတ်ခြင်းစသည်တို့တွင် တခုခုကိုမှတ်၍ စေခိုင်းရာ၌၎င်း စေခိုင်းတိုင်း ကျမှ စေခိုင်းသူကံမြောက်သည်။ တခုခုလွဲလျင် စေခိုင်းသူ လွတ်လေ၏။ ၁၉၀ ။ တိုက်တွန်း ချီးမွမ်း၊ သေဘို့ညွှန်း၊ စွန်းပြီ ထိုသူ့ ့မှာ။ မသေတဲ့နိုင်သောသူကို သေတဲ့နိုင်အောင် တိုက်တွန်းမှု၊ မသေ ချင်သောသူ မသေဝံ့သောသူကို သေချင်အောင် သေဝံ့အောင် သေမှုကို ချီးမွမ်းမှု၊ သေလိုသောသူကို သေရန် နည်းလမ်းပြညွှန်းမှုများသည်လည်း ပယောဂ စွန်းငြိလျက် ရှိ၏။ ထိုပယောဂကြောင့် သေခဲ့လျှင် ပါရာဇိက ကျ၏။ ၁၉၁ ။ ဈာန်,မဂ်, ဖိုလ်ကို၊ ကိုယ်၌ရှိပြု၊ ပြောကြားမှု၊ မုသား ပါရာဇိ။ မိမိကိုယ်၌မရှိသော ဈာန်မဂ်ဖိုလ်တို့ကို မိမိကိုယ်၌ အရှိပြု၍လူဇာတ်၌ ရှိသောသူအား အား မုသားစိုက်၍ တိုက်ရိုက်ပြောကြားခဲ့သည်ရှိသော် ပါရာ ဇိကကျ၏။ ၁၉၂။ ရဟန်းတော်များ၊မပေးငြားဘဲ၊လျောက်လျားကိုယ်စိုး ရှင်လုပ်မျိုး လိင်ခိုး ပါရာဇိ။ ရဟန်း အလျောက် ကန်းများထံ သင်္ကန်းတောင်းမှု သင်္ကန်းပေးမှု မရှိ၊ မိမိအလို အလျောက် ကိုယ်စိုးရ စိတ်စိုးရ သင်္ကန်းကိုဝတ်၍ ရှင်သာမဏေ လုပ်သော အမှုမျိုးသည် လိင်ခိုးပါရာဇိက မည်၏။ ။ဤသို့ ဝတ်ပြီး၍ နောက်၌ ရဟန်းကောင်း ရှင်ကောင်းများနှင့် ပေါင်းဘော်ခြင်းကို ပြုပြန်မူကား လိင်ခိုး ထေရ်ခိုး နှစ်မျိုးဖြစ်၏။ ဥဘယထေနက ခေါ်၏။ Trang49 ၁၉၃။ ကပ်, မင်း, ရန်သူ၊ ခိုးသူထားပြ၊ ကန္တာရ၊ ရောဂ အပ်ကြောင်းရှိ။ ကပ်ဥပဒ်ဘေး၊ မင်းဘေး၊ ရန်သူဘေး၊ ခိုးသူ-ထားပြဘေး၊ ကန္တာရ ခရီးခဲဘေး၊မိမိ၌စွဲရှိသော အနာရောဂါဘေး၊ ဤဘေးစုမှ လွတ်ခြင်းငှာ သင်္ကန်းကို အလိုအလျောက် ဝတ်သော်လည်း အပြစ်မရှိ။ ၁၉၄။ အကြောင်းရှိ၍၊ ဝတ်မိပြီးခါ၊သာမဏေကောင်း၊ရဟန်း ကောင်းနှင့်၊ ပေါင်းဘော်တမျိုး၊ စိတ်မရိုး၊ ထေရ်ခိုး ပါရာဇိ။ ကပ်ဘေးစသည်မှ လွန်မြောက်နိုင်ရန် မိမိအလိုလို သင်္ကန်းကို ဝတ်ပြီး သောအခါ၌ တပါးသော သာမဏေကောင်း ရဟန်းကောင်းတို့နှင့် တွေကြုံသောအခါ မိမိကိုယ်ကို ဟုတ်မှန်တိုင်းပြောကြားရမည်ကို မပြော ကြားဘဲ ရှင်ကောင်း ရဟန်းကောင်းတို့နှင့် ပေါင်းဘော်ဆက်ဆံခြင်းကို ပြုခဲ့အံ့၊ မရိုးမဖြောင့်သော စိတ်ဖြင့် ပေါင်းဘော်ခြင်းကြောင့် ထေရ်ခိုး ပါရာဇိကရောက်၏။ ၁၉၅။ သာမဏေစင်၊ ဖြစ်လျက်ပင်ကို၊သင်္ဃာနှင့်သာ၊တွေသော ခါ၌၊ ငါရဟန်းဟု၊ ပြခန်းတမျိုး၊ စိတ်မရိုး၊ ထေရ်ခိုး ပါရာဇိ။ သာမဏေကောင်းသည် ရဟန်းများနှင့်· တွေကြုံသောအခါ၌ မိမိ ကိုယ်ကို ရဟန်းဟုပြောငြားအံ့၊ ထေရ်ခိုးပါရာဇိက ရောက်၏။ ၁၉၆။ ရဟန်းစင်ဘိ၊ တိတ္ထိအမူ၊ အသွင်ယူ၊ မှတ်ယူပါရာဇိ။ ရဟန်းဖြစ်ပါလျက် တိတ္ထိတို့၏ အယူကိုနှစ်သက်၍ တိတ္ထိတို့၏အသွင် ကို ယူခဲ့အံ့။ ပါရာဇိကကျ၏။ ၁၉၇။ မိဘ,ရဟန္တာ၊ သတ်သုံးဖြာ၊ သံဃာသင်းခွဲမှု။ ၁၉ဂ။ သွေးစိမ်းတည်စေ၊ ဤငါးထွေ၊ ရှုံးလေရှင်ဖြစ်မှု။ အမိကိုသတ်သောသူ၊ အဘကိုသတ်သောသူ၊ ရဟန္တာကိုသတ်သော သူ၊ သံဃာကိုသင်းခွဲသောသူ၊ မြတ်စွာဘုရား၌ သွေးစိမ်းတည်အောင် ပြုသောသူ။ Trang50 ၁၉၉။ ဘိက္ခုနီအား၊ မဂ်သုံးပါး၊ ပြစ်မှား ကျူးလွန်ပြု။ (သိသာပြီ) ။ ၂၀၀။ ဥဘောဗျည်းပါ၊ဤနှစ်ဖြာ၊ပါရာဇိကစု။ ။ (သိသာပြီ) လူ ပါရာဇိကကျ၊ရှင်သာမဏေ ပါရာဇိကကျ၊ ရဟန်း ပါရာဇိကကျ သုံးမျိုး။ ပါရာဇိကပြီး၏။ ၁၆-သံဃာဒိသိသ် ၂၀၁။ သာယာစိတ်နှင့်၊ နိမိတ်၌မူ၊ လုံ့လကူ၊ လွတ်မူသံဃာဒိ။ သုက်လွှတ်ခြင်း၌ သာယာသောစိတ်နှင့်တကွ လက်စသော ကိုယ် အင်္ဂါဖြင့် လွတ်စေခြင်းငှာ အင်္ဂါနိမိတ်၌ လုံ့လပယောဂပြုသော ရဟန်း အား သံဃာဒိသိသ် အာပတ်သင့်၏။ ၂၀၂။ သာယာစိတ်နှင့်၊ ဣတ္ထိကာယ၊ တစစ၊ ထိက သံဃာဒိ။ သုံးသပ်မှု၌ သာယာသောစိတ်ဖြင့် ဣတ္ထိတို့၏ ကိုယ်အင်္ဂါဖြစ်သော ဆံပင် ခြေလက် အစရှိသည်ကို မိမိကိုယ်အင်္ဂါဖြင့် ကိုင်မိ ထိမိ သုံးသပ်မိ သော ရဟန်းအား သံဃာဒိသိသ် အာပတ်သင့်၏။ ၂၀၃။ မ-ရုပ်,တန်ဆာ၊ ရတနာ၊ အစာ စပါးသတ်။ ၂ဝ၄။ လက်နက်ကြိယာ၊ စည်ဘဏ္ဍာ၊ အနာမာသမှတ်။ လူမိန်းမရုပ်၊ နတ်မိန်းမရုပ်၊ တိရစ္ဆာန်မိန်းမရုပ် အစရှိသော အမ ရုပ်မျိုး၊ မိန်းမတို့၏ ဝတ်ဆင်သော တန်ဆာမျိုး၊ ရွှေ, ငွေ, ပုလဲ, မြ, ကျောက်မျက်ရွဲ, ခရုသင်း, ကျောက်သလင်း,သန္တာ, ပတ္တမြားနီ,ပတ္တမြား ပြောက်ဟူသော ဆယ်ပါးသောရတနာမျိုး၊ အစာစပါး ခုနစ်မျိုး၊ စစ်သည်တို့၏၎င်း၊ သူခိုးထားပြတို့၏၎င်း၊ မူဆိုး တံငါတို့၏၎င်း သတ္တဝါ တပါးကို နှိပ်စက်ကြောင်းဖြစ်သော လက်နက် ကြိယာ ဘဏ္ဍာမျိုးကို ကိုင်တွယ်သုံးသပ်လျှင် ဒုက္ကဋ်အာပတ်သင့်ရာ အနာမာသဝတ္ထုမျိုးမှတ်။ ၂၀၅။ သာယာစိတ်နှင့်၊ ဣတ္ထိကိုတုံ၊ မေထုန်စကား၊ မဂ်စကား၊ ပြောငြား သံဃာဒိ။ Trang51 သာယာသောစိတ်ဖြင့် ဣတ္ထိဖြစ်သူကို မေထုန်မှုနှင့်´ စပ်ယှဉ်သော စကားမျိုး၊ ဝစ္စပဿာဝမဂ် နှစ်ပါးနှင့် စပ်ယှဉ်သော စကားမျိုးတို့ကို ပြောဆိုငြားအံ့၊ သံဃာဒိသိသ် အာပတ်သင့်၏။ ပြောဆိုငြားအံ့၊ ၂၀၆။ သယာ စိတ်နှင့်၊ ဣတ္ထိကိုတုံ၊ မေထုန်အလှူ၊ ချီးမွမ်းမူ၊ မှဟ်ယူ သံဃာဒိ။ မိမိကို မေထုန်မှုဖြင့် ပြုစုလုပ်ကျွေး စေခြင်းငှာ ပြုစုလုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုငြားအံ့၊ သံဃာဒိသိသ် သင့်၏။ ၂၀၇။ မိန်းမ ယောက်ျား၊နှစ်ယောက်အားကို၊ မယားလင်ဖြစ်၊ အောင်သွယ်လစ်၊ စွန်းငြစ် သံဃာဒိ။ မိန်းမ ယောက်ျား နှစ်ယောက်တို့၏ အလယ်၌ လင်မယား ဖြစ်ကြ စေရန် အောင်သွယ်မှုကို ပြုသောရဟန်းအား သံဃာဒိသိသ်သင့်၏။ ၂ဝဂ။ ရဟန်းအားကို၊ကြားမြင်,သင်္ကာ၊ မရှိပါဘဲ၊သာသနာမှ၊ ရွေ့လျှော ကျအောင်၊ အန္တိမပြစ်၊ စွပ်စွဲလစ်၊ စွန်းငြစ် သံဃာဒိ။ ထိုအမှုကို မြင်ခြင်း ကြားခြင်း ယုံမှားခြင်းမရှိပါဘဲလျက် သက်သက် အားဖြင့် သာသနာမှ ရွှေ့လျှောစေခြင်းငှာ တပါးသော ရဟန်းကို အန္တိမဝတ္ထုဖြင့် စွပ်စွဲ စောဒနာသည်ရှိသော် သံဃာဒိသိသ်သင့်၏။ ၂ဝ၉။ အမျိုးအမည်၊စသည်တူငြား၊မှုတပါးကို၊ကြားမှု့,မြင်မှု၊ အရင်းပြုလျက်၊ ဝတ္ထု အန္တိ၊ စွပ်စွဲဘိ၊ စွန်းငြိသံဃာဒိ။ လူ တိရစ္ဆာန်စသော တပါးသောသူ ပြုသည်ကို မြင်ခြင်း ကြားခြင်း ယုံမှားခြင်းရှိရာ ထိုသူ၏အမှုကို ထိုသူနှင့် အမျိုးအမည်စသည်တူကြသော ရဟန်းတပါး အပေါ်၌ တင်စီး၍ ဤမည်သော ရဟန်း၏အန္တိမဝတ္ထုကို ကျူးလွန်မှုကို ငါမြင်သည် ငါကြားသည် ငါယုံမှား သင်္ကာရှိသည်ဟု စွပ်စွဲ စောဒနာသည်ရှိသော် သံဃာဒိသိသ်သင့်၏။ သံဃာဒိသိသ် ပြီး၏။ Trang52 ၁၇-နိဿဂ္ဂိယ ၂၁၀။ သင်္ကန်းကာလ၊ တလမျှ၊ ငါးလ-ကထိန်ရှိ။ သင်္ကန်းကာလမည်သည် ကထိန်ခင်းမှု မရှိသော ရဟန်းမှာ သီတင်း ကျွတ် လပြည့်ကျော် တရက်မှ တန်ဆောင်မုန်း လပြည့်တိုင် တလမျှသာ ရှိ၏၊ ကထိန်ခင်းမှုရှိသော ရဟန်းမှာ ထိုတလနှင့်တကွ ဆောင်းလေးလ အဆုံး တပေါင်းလပြည့်တိုင် ငါးလရ၏။ ။အဓိဋ္ဌာန်ဝိကပ္ပနာနှင့်ကင်း၍ ထားခွင့်ရသော ကာလတည်း။ ၂၁၁။ အကာလတွင်၊ ဆယ်ရက်စဉ်၊ လွန်လျှင် နိဿဂ္ဂိ။ ပြဆိုပြီးသော သင်္ကန်းကာလမှ အပဖြစ်သော လစုကို အကာလ ဆိုသည်။ ထိုအကာလအခါ၌ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော အဝတ် သင်္ကန်းများကို မိမိကိုယ်ပိုင် ဥစ္စာအဖြစ်ဖြင့် ရခဲ့သည်ရှိသော် ဆယ်ရက် အတွင်း၌ အဓိဋ္ဌာန်မှု ဝိကပ္ပနာမှု တခုခုကိုပြုရမည်။ မပြုမူ၍ ဆယ်ရက်ကို လွန်ခဲ့သော် နိဿဂ္ဂိဖြစ်၏။ နိဿဂ္ဂိဖြစ်မှုဆိုသည်ကား ထိုသင်္ကန်းကိုလည်း ပုဂ္ဂိုလ် ဂိုဏ်း သံဃာတို့အား စွန့်ရ၏။ပါစိတ်အာပတ်ကိုလည်း ဒေသနာ ကြားရ၏ ဆိုလိုသည်။ စွန့်ပုံကား ထိုအဝတ် သင်္ကန်းကိုယူ၍ ဝိနည်းဓိုရ်ရဟန်းထံသို့ သွား၍ အကြောင်းကို ပြန်ပြော၍။ ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ။ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ။ ဟု ဆို၍ ဝိနည်းဓိုရ်ရဟန်းအား စွန့်ပြီးလျှင် ထိုအာပတ်ကို ထိုရဟန်း ထံမှာ ဒေသနာကြား။ “အဟံ ဘန္တေ ဧကံ နိဿဂ္ဂိယံ ပါစိတ္တိယံ အာပန္နော၊ တံ တုမှမူလေ ပဋိဒေသေမိ”ဟု ကြား။ “ပဿသိ အာဝုသော တံ အာပတ္တိံ”ဟု ဝိနည်းဓိုရ်ကဆို။ “အာမ ဘန္တေ ပဿာမိ”ဟု ဝန်ခံ။ “အာယတိ” အာဝုသော သံဝရေယျာသိ”ဟု ဆုံးမ။ “သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ”ဟု ဝန်ခံ။ Trang53 ဒေသနာကြား အနက်လွယ်ပြီ။ ။တဘန် ဝိနည်းဓိုရ်က ထိုသင်္ကန်းကို ထိုရဟန်း ထိုရပ် ရဟန်းအား ပြန်၍ပေး။ “ဣမံ စီဝရံ အာယသ္မတော ဒမ္မိ”ဟုပေး။ ။ပြီးလျှင် အဓိဋ္ဌာန် ဝိကပ္ပနာတခုခု ဝိနည်းဓိုရ် ရွှေမှာပြု၍ထား။ ။နိဿဂ္ဂိသင်္ကန်း အများ ဖြစ်ခဲ့သော် ဗဟုဝုစ်နှင့်ဆို။ ဣမာနိ ဘန္တေ စီဝရာနိ ဒသဟာတိက္ကန္တာနိ နိဿဂ္ဂိယာနိ၊ ဣမာ နာဟံ အာယသ္မတော နိဿဇ္ဇာမိ။ ဒေသနာ ကြားရာ၌လည်း နှစ်ထည်ဖြစ်အံ့။ အဟံ ဘန္တေ ဒွေ နိဿဂ္ဂိယာနိ ပါစိတ္တိယာနိ အာပန္နော။ တာနိ တုမှမူလေ ပဋိဒေသေမိ”။ ။ “ပဿသိ အာဝုသော တာ အာပတ္တိယော” ဟုဆို၊ သုံးထည်မှစ၍ အများဖြစ်ခဲ့သော် ဒွေနေရာမှာ သမ္ပဟုလာနိ- ဟုဆို။ ။ဂိုဏ်း သံဃာတို့၌ စွန့်နည်းကို ကျမ်းဂန်တို့မှာယူလေ။ ဒေသနာကြားရာ၌ ပကတိကြားမြဲတိုင်းကြားလိုသော် ထိုပါစိတ်ကို ပါအောင် နှလုံးသွင်း ကြားလျှင်လည်း ပြီးပါ၏။ နောက်၌လည်း ဤနည်းတူ သိလေ။ ၂၁၂ ။ အမည်တော်ရင်း၊ သုံးထည်တွင်း၊ညဉ့်ကင်း နိဿဂ္ဂိ။ “ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ၊ ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ၊ ဣမံ သံဃာဋိံ အဓိဋ္ဌာမိ”ဟု အမည်ကိုဘော်လျက် အဓိဋ္ဌာန်တင်၍ ဆောင် သည်ကို ဝိနည်းတိစီဝရိက် ဆောင်နည်း ခေါ်သည်။ ထိုသုံးထည် အတွင်း တွင် တထည်ထည်နှင့်မျှ အရုဏ်တက်သည် တိုင်အောင် ကင်းကွာ၍ မနေအပ်။ နေခဲ့လျှင် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။ ညဉ့်ကင်းမှု မကင်းမှု၌ ရဟန်းနေရာဌာန အထွေအပြား သင်္ကန်း ထားရာဌာန အထွေအပြားသို့ လိုက်၍ ပြောဆိုဘွယ် အလွန်ကျယ်၏။ အဋ္ဌကထာမှာ ယူလေ။ “ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္တံ။ အညတြ ဘိက္ခု သမ္မုတိယ၁ နိဿဂ္ဂိယံ။ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ”စွန့်ပုံ။ နှစ်ထည် သုံးထည် ဖြစ်ခဲ့လျှင်- Trang54 “ဣမာနိ မေ ဘန္တေ စီ၀ရာနိ ရတ္တိဝိပ္ပဝုတ္ထာနိ။ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယာနိ။ဣမာနာဟံ အာယသ္မတော နိဿဇ္ဇာမိ”ဟု ဆိုလေ။ ကထိန်ရှိခဲ့သော် ပလိဗောဓ နှစ်ပါးမပြတ်မီ ကင်းရ၏။ ဂိလာနဖြစ်၍ ဘိက္ခု သမ္မုတိကို ရသူဖြစ်လျှင်လည်း ကင်းရ၏။ အကြောင်း မညီညွတ်၍ သင်္ကန်းနှင့် ကင်းကွာ၍ အရုဏ်တက်အောင် နေရခွင့် ရှိလာခဲ့သော် အဝေးကနေ၍ပင် ပစ္စုဒ္ဓိုရ်ပြုရ၏။ ။“ဧတာနိ စီဝရာနိ ပစ္စုဒ္ဓရာမိ”ဟု သင်္ကန်းရှိရာကို မှန်း၍ဆို၊ အဓိဋ္ဌာန်ကျလေ၏။ ဆယ်ရက်မလွန်မီ တဘန် တင်ရမည်။ ၂၁၃။ ဆွေမတော်သူ၊ တောင်း၍ယူ၊ ရမူ နိဿဂ္ဂိ။ မိမျိုးခုနစ်ဆက် ဘမျိုးခုနစ်ဆက်မှ အလွတ်ဖြစ်၍ ဆွေမျိုးမတော် သောသူကို အဓိဋ္ဌာန်ဝိကပ္ပနာလောက်သော အဝတ်သင်္ကန်းကိုတောင်း၍ ရခဲ့သည်ရှိသော် နိဿဂ္ဂိသင့်၏။ ခိုးသူလုယူ၍၎င်း၊ ပျောက်ပျက်၍၎င်း သင်္ကန်းဝတ်စရာ မရှိသောအခါ ဝက်လောက်ရုံလောက်ရုံမျှ တောင်းရ၏။ ၂၁၄။ မဘိတ်သူက၊ လှူမည်ကြားလျှင်၊ ကောင်းစေချင်၍၊ စီရင် လေငြား၊ အတိုးပွား၊ စွန်ငြား နိဿဂ္ဂိ။ ရှေး၌ မဘိတ်မကြားသောသူက မိမိကို သင်္ကန်းကပ်လှူလိမ့်မည်ဟု ကြားသိလေရာ သင်္ကန်းကို ကောင်းစေလိုလှ၍ ဘယ်လိုသင်္ကန်းကို လှူပါ ဟု ပြောဆိုငြားအံ့။ လှူဒါန်းသူရည်မှန်းရင်းထက် အဘိုးငွေပိုမိုတိုးပွား၍ ကုန်ခဲ့သည်ရှိသော် ထိုသင်္ကန်း နိဿဂ္ဂိဖြစ်၏။အဘိုးငွေတိုးပွားမှုမရှိခဲ့လျှင် လိုရာကိုပြောဆိုရ၏။ သင်္ကန်း၌သာမဟုတ် ကျောင်းဆောက်လှူဒါန်းရာ ၌၎င်း၊ တပါးသော ဝတ္ထုဘဏ္ဍာလှူဒါန်းရာ၌၎င်း အဘိုးတိုးပွားအောင် ရဟန်းက ကြောင့်ကြစိုက်ခြင်းငှာ မအပ်။ ၂၁၅။ သင်္ကန်းဘိုးကို၊ ခံပါဆို၊ ကိုယ်,နှုတ်,ပယ်မြစ်ဘိ။ ၂၁၆။ ကပ္ပိယကို၊ ညွှန်းပါဆို၊ လိုရာညွှန်းအပ်၏။ မလိမ်မာသောသူသည် သင်္ကန်းဘိုး ငွေဒင်္ဂါးကို ယူခဲ့၍ အရှင်ဘုရား အား သင်္ကန်းဘိုးလှူပါ၏။ သင်္ကန်းဘိုးကို အလှူခံပါဟု ဆိုခဲ့လျှင် ငါတို့ Trang55 ရဟန်းမှာ ရွှေငွေကိုအလှူမခံ၊ သင်္ကန်းကိုသာ ခံသည်ဟု ဆို၍ ပယ်မြစ် ရမည်။ ထိုအခါ ကပ္ပိယကာရကရှိပါသလော။ ရှိလျှင် ညွှန်းပါဟု ဆိုခဲ့ သော် မည်သူရှိလေ၏ဟု အလိုရှိရာညွှန်းအပ်၏။ ဝေယျာဝစ္စကရ ကပိယကာရက အပြား ၂၁၇။ ရဟန်းညွှန်းလေး၊ လူညွှန်းလေး၊ ဒွေးမှာ မညွှန်းပေ။ ကပ္ပိယကာရကသည် ရဟန်းညွှန်း လေးယောက်၊ ပစ္စည်းရှင်ဖြစ်သူ လူညွှန်းလေးယောက်၊ မညွှန်းရဘဲ အလိုလို ပြုလုပ်သူ နှစ်ယောက် ယူ၍ တကျိပ်ရှိ၏။ ၂၁ဂ။ မျက်မှောက်, မျက်ကွယ်၊ ညွှန်းနှစ်သွယ်၊ မျက်ကွယ် သုံးယောက်ထွေ။ ၂၁၉။ ရှေ့ဝယ်ဘိတ်သွား၊ ပြန်ဘိတ်ကြား၊ တပါးသူကိုစေ။ ၂၂ဝ။ လှူရစ်,ခံရှစ်၊ အဆိုနှစ်၊ စင်စစ်-ပါကောင်းလေ။ “မျက်မှောက်မျက်ကွယ်၊ ညွှန်းနှစ်သွယ်”ဆိုသည်ကား- ရဟန်းညွှန်း၌ ပစ္စည်းရှင်က ကပ္ပိယကာရက ညွှန်းပါဆိုရာ ရဟန်း မျက်မှောက်မှာ ရှိသောသူကို ဤသူပင် ကပ္ပိယကာရကဟု မျက်မှောက် ညွှန်း၌ တယောက်-၁။ ဝေးရာမျက်ကွယ်မှာ ရှိနေသောသူကို မည်သည့်နေရာဌာနမှာ မည်သူ သည် ငါတို့၏ကပ္ပိယကာရကဖြစ်သည်ဟု မျက်ကွယ်ညွှန်းတယောက်-၁။ “မျက်ကွယ်သုံးယောက်ထွေ”ဆိုသည်ကား ထိုရဟန်းညွှန်းနှစ်ယောက် တိုတွင် မျက်ကွယ်ညွှန်းသည် သုံးယောက် အထွေအပြား ရှိပြန်၏။ ပြားပုံကို နောက်သံပေါက်ဖြင့် ပြ၏။ မျက်ကွယ်မှာ ဖြစ်၍ ထိုသူ့ထံသို့ သွားမည်ရှိရာ ရဟန်းအား အပြီး ဘိတ်ကြား၍ သွားသည်တရပ်။ ထိုသူ့ထံကပြန်၍ ရဟန်းအား ဘိတ်ကြားသည်တရပ်။ တပါးသူကိုစေလွှတ်၍ ရဟန်းအား ဘိတ်ကြားစေသည်တရပ်-ဟူ၍ မျက်ကွယ်ညွှန်း သုံးယောက် ဖြစ်ပြန့်၏။ ရဟန်းအား ဘိတ်ကြားပုံကို နောက်သံပေါက်ဖြင့်ပြ၏။ Trang56 ထိုသူအား သင်္ကန်းဘိုးငွေ မည်မျှကို အပ်ပေးခဲ့ပါမည်။ အရှင်အလို ရှိသောအခါ ထိုသူ့ထံမှာသင်္ကန်းကို တောင်းခံရစ်ပါဟူ၍ ဘိတ်ကြား ၏။ ထိုသူကိုလည်း ရဟန်းတော်အလိုရှိသောအခါ သင်္ကန်းဝယ်၍ လှူရစ် ပါဟု ပြောခဲ့၏။ မျက်မှောက်ညွှန်းတယောက်၊ မျက်ကွယ်ညွှန်းသုံးယောက်၊ ရဟန်း ညွှန်း လေးယောက်ဖြစ်၏။ လေးယောက်လုံးမှာပင် လှူရစ် ခံရစ် အဆို နှစ်ကို စင်စစ်ရကောင်း၏။ ထိုအဆိုနှစ်ခုရှိမှ တောင်းအပ်သည်။ လူညွှန်း လေးမှာလည်း “မျက်မှောက် မျက်ကွယ်၊ ညွှန်းနှစ်သွယ်” ဆိုသည်ကား ကပ္ပိယကာရကကို ညွှန်းပြတော်မူပါဟု လူကဆိုရာ ရဟန်း က ငါ့မှာ ကပ္ပိယကာရကမရှိဟု ဆို၏။ ထိုအခါ ပစ္စည်းရှင်ဖြစ်သူ လူက ရဟန်းမျက်မှောက်၌ ရှိနေသည့် လူတယောက်ကို အမောင်သည် ကပ္ပိယ ကာရကလုပ်ပါဟု ပြောဆို၍ လုပ်ပါမည် ဆိုသောအခါမှ `ဤလူသည် အရှင်၏ ကပ္ပိယကာရှက ဖြစ်ပါသည်ဟု ညွှန်းပြ၏။ မျက်မှောက်ညွှန်း တည်း ။ အရပ်ထဲမှာ မည်သူ ကပ္ပိယကာရက ပြုလုပ်ပါစေမည်။ မျက်ကွယ် ညွှန်းတည်း။ ။မျက်ကွယ်သုံးယောက်ထွေပြားပုံ၊လှူရစ်ခံရှစ် ဘိတ်ကြား ပုံမှာ ရဟန်းညွှန်းနှင့်တူပြီ။ ၂၂၁။ သုံးကြိမ်တောင်းအပ်၊ ခြောက်ကြိမ်ရပ်၊ ပြောအပ် ရဟန်းညွှန်းလေး ။ ၂၂၂။ အကြိမ်လွန်မိ၊ ရတုံဘိ၊ နိဿဂ္ဂိသင့်ရေး။ ၂၂၃။ အတောင်းအရပ်၊ ကြိမ်မမှတ်၊ ပြုအပ်လူညွှန်းလေး။ ရဟန်းညွှန်းလေးဦး၌ ထိုသူနှင့် တွေ့ဆုံ၍ ငါသင်္ကန်း အလိုရှိပြီဟု နှုတ်ဖြင့်တောင်းခြင်း၊ ထိုသူ့ အိမ်သွား၍ ကိုယ်ဖြင့်ရပ်ခြင်းကို ပြုအပ် ၏။ ထိုတွင် နှုတ်ဖြင့်တောင်းရာ၌ တကြိမ်နှင့်မလှူလျှင် နှစ်ကြိမ် သုံးကြိမ် ပင် တောင်းရ၏။ သုံးကြိမ်မှ မလှူလျှင် ခြောက်ကြိမ်တိုင်အောင် ရပ်ရ၏။ သုံးကြိမ်တောင်း ခြောက်ကြိမ်ရပ်၍မှ မလှူခဲ့လျင် တောင်းမှုရပ်မှုကို မပြု ရပြီ။ ပစ္စည်းရှင်ကိုသာ မည်သူ ့ထံမှာ သင်အပ်နှံ၍ ထားသော သင်္ကန်း ဘိုးသည် ငါတို့၌ အကျိုးမရှိဖြစ်နေပြီ။ သင်တိုဥစ္စာကို အချည်းနှီးမဖြစ် Trang57 ကြစေနှင့်ဟု ပြန်ပြောရမည်။ မပြောလျှင် ဝတ္တဘေဒဒုက္ကဋ်သင့်၏။ သုံးကြိမ် ခြောက်ကြိမ်ထက်လွန်၍ တောင်းမှု ရပ်မှုနှင့် ရခဲ့သော် နိဿဂ္ဂိ သင့်၏။ လူညွှန်း လေးဦး၌မူကား အကြိမ် မည်မျှသာ တောင်းရသည်-ရပ်ရ သည်ဟု အရေအတွက် အမှတ်မရှိ။ အကြိမ်တရာ အကြိမ် တထောင်ပင် တောင်းရ၏။ရပ်ရ၏။ တောင်း၍ ရပ်၍မှ မလှူမဒါန်းနေခဲ့လျှင် ပစ္စည်း ရှင်ကိုပြောဆို၍ ကပ္ပိယကာရက လွှဲပြောင်းရ၏။ ရဟန်းညွှန်းသည်ကြပ်၏၊လူညွှန်းသည်ချောင်၏။ လူဖြစ်သူတို့လိမ်မာ ကြဘို့ ကောင်းလှ၏။ ၂၂၄။ မျက်မှောက် မျက်တွယ်၊ ကျန်နှစ်သွယ်၊ ရှောင်ပယ် တောင်းရပ်လေး။ အညွှန်းမရှိသော ကပ္ပိယကာရကသည်လည်း မျက်မှောက်တယောက် မျက်ကွယ်တယောက် ဟူ၍ နှစ်ယောက်ရှိ၏။ ရဟန်းက ကပ္ပိယမညွှန်းဘဲ ရှိနေသောအခါ ရဟန်းမျက်မှောက်ရှိသူ လူတယောက်က ငါ့ကိုပေးပါ ငါကပ္ပိယကာရကလုပ်ပါမည်ဟု ဆိုလေရာ ထိုသူ့လက်၌ သင်္ကန်းဘိုးကို ပေး၍ သွား၏။ ရွှေငွေရှင်, ထိုသူနှစ်ဦး တို့သည်ပင်လျှင် ရဟန်းအား ဘိတ်ကြားမှုကို မပြုကြကုန်။ ဤကား မျက်မှောက်တည်း။ ရွှေငွေရှင်သည် လွတ်ရာ၌ တယောက်သောသူကို ရဟန်းတော်အား သင်္ကန်းဝယ်၍ လှူလိုက်ပါဟု အပ်နှံ၍ထား၏။ ဘိတ်မှု ကြားမှု မရှိ။ မျက်ကွယ်တည်း။ ။ ဤနှစ်ယောက်၌မူကား တောင်းမှု ရပ်မှုမအပ်ပြီ။ ကြောင့်ကြစိ ကြောင့်ကြစိုက်ဘွယ်မရှိပြီ။ ၂၂၅။ ကိုယ်တိုင်ခံခြင်း၊ ခံစေခြင်း၊ ဝမ်းတွင်းသာယာမိ။ ၂၂၆။ ကြေး,ခဲ,ပိုက်ဆန်၊ ရွှေငွေဘဏ်၊ အမှန်နိဿဂ္ဂိ။ ကြေးနီပိုက်ဆန် ခဲပိုက်ဆန်တို့နှင့်တကွ ရွှေငွေတို့ကို၎င်း၊ ရွှေငွေဖြင့် ပြုသော ထုံးဘူး ဖလား အစရှိသော ဝတ္ထုဘဏ္ဍာမျိုးတို့ကို၎င်း ကိုယ်တိုင် ခံမှု ယူမှု သူတပါးကို အခံအယူစေခိုင်းမှု ကိုယ်နှုတ်ဖြင့် ခံလည်းမခံ ပယ်လည်းမပယ်မူ၍ ဝမ်းထဲကသာ စိတ်ဖြင့် သာယာခံယူမှုတို့ကို ပြုသည် Trang58 ရှိသော် ထိုဝတ္ထုသည် နိဿဂ္ဂိဖြစ်၏။ ဝတ္ထုကိုလည်း စွန့်အပ်၏။ ပါစိတ် အာပတ်ကိုလည်း ဒေသနာကြားအပ်၏ ဟူလိုသည်။ ပိုက်ဆန်ဖြစ်၍နေသော ကြေးနီပြား ခဲပြားများသည် ရွှေငွေနှင့် အတူတူပင်။ထိုဝတ္ထုတိုကို ရဟန်းထံသို့ယူခဲ့၍ ကိုယ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း လှူရာ၌ ကိုယ်ဖြင့်ခံယူမှု့ ကောင်းပြီ ငါယူ၏စသည်ကိုဆို၍ နှုတ်ဖြင့်ခံယူမှု အရှင်မရှိသော ထိုဝတ္ထုတို့ကို တွေ့မြင်ရာ ကိုယ်တိုင်ကိုင်ယူမှုမျိုးသည် ကိုယ်တိုင်ခံယူမှု မည်၏။ ။ သူတပါးတို့ကို ခံလိုက်ယူလိုက်ဟု စေခိုင်း မှုသည် ခံစေယူစေမှုမည်၏။ ။မျက်မှောက် မျက်ကွယ် အနီး အဝေး၌ ရှိနေသော ထိုဝတ္ထုမျိုးကို အရှင်ဘုရားအား လှူပါ၏၊ စွန့်ပါ၏၊ သုံးစွဲပါ ဟု ပေးအပ်လှူဒါန်းရာ၌ ကိုယ်နှုတ်ဖြင့် ခံလည်းမခံ ပယ်လည်းမပယ် ဝမ်းထဲကသာ ကောင်း၏ဟူ၍ သာယာမှုသည် စိတ်ဖြင့် သာယာခြင်း မည်၏။ ရွှေငွေအရာထား၍ သုံးကြသော နှုတ်ခေါ်သော စက္ကူများ သည်လည်း ရွှေငွေနှင့် အတူတူပင်။ ၂၂၇ ။ ဒ္ဓါရှသုံးသွယ်၊ ခုခုပယ်၊ မတွယ်မငြိဘိ။ ထိုသို့ ကိုယ်နှုတ်တို့ဖြင့် ပေးမှု အပ်မှု လှူဒါန်းမူတို့ကို ပြုနေဆဲအခါ၌ ကာယဒွါရဝစီဒွါရမနောဒွါရ သုံးပါးတို့တွင် တပါးပါးဖြင့် မအပ်ဘူး မခံဘူးဟူသော အခြင်းအရာတို့ကို ပြုလိုက်သည်ရှိသော် အာပတ်ကြီးငယ် အတွယ်အငြိမရှိ၊လွတ်ကင်းလေ၏။ စိတ်ကပင် သာယာ၍နေသော်လည်း ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် ပယ်သော အခြင်းအရာကို ပြုလိုက် လျင် အပြစ်ကင်းလွှတ်တော့သည်။ ထိုကဲ့သို့ ကိုယ်ဖြင့် နှုတ်ဖြင့် ပေးမှု အပ်မှု လှူဒါန်းမှု တင်းလင်းမရှိမူ၍ အလိုအလျောက် တည်နေသော ရွှေငွေတို့ကို စိတ်ဖြင့် ဘယ်လိုပင် ဘာယာမိသော်လည်း အာပတ်မရှိ။ စွန့်ပုံကား-သံဃာ့အလယ်၌ စွန့်ရသည်။ ။“အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိ ။ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ။ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ” ဟုစွန့် ။ ။ အာပတ်ကို ဒေသနာကြား။ ။ပြန်ပေး မရှိ။ စွန့်ရာဌာနသို့ ဂဟဋ္ဌဖြစ်သူ လူများလာခဲ့သည်ရှိသော် ဤဝတ္ထုကို သိလော့ဟုဆိုရ၏။ထိုဝတ္ထုကိုယူ၍ ထောပတ် ဆီဦးစသည်ကို ဝယ်ခြမ်း၍ Trang59 လှူလာခဲ့လျှင် ရွှေငွေ ရှင်ရဟန်းကို ချန်လှပ်၍ တပါးသော ရဟန်းတို့ သုံးဆောင်အပ်၏။ ထိုသို့ မပြုခဲ့လျှင် လွတ်ရာ၌ စွန့်ပစ်လိုက်လော့ဟုဆိုရမည်။စွန့်ပစ်သည် ဖြစ်စေ, ယူ၍သွားသည်ဖြစ်စေ အနပက္ခသာ နေရသည်။ ။ထိုသို ပြုလုပ်သူ လူမရှိခဲလျှင် လဇ္ဇီသဘောရှိသော ရဟန်းတပါးကို ဉတ် ကမ္မဝါစာဖြင့် ရူပိယဆဋ္ဋကသမ္မုတိကို ပေး၍ စွန့်ပစ်စေရသည်။ ၂၂ဂ။ အရံကျောင်းတွင်း၊ မေ့ရစ်လျှင်းဘိ၊လူမရှိ၊ မိမိကိုယ်တိုင် ထား။ ရဟန်းတို့ အမြဲနေရာ ကျောင်းတိုက်တွင်း၌ သော်၎င်း, ရဟန်းတို့ တည်းခိုနေထိုင်ရာ စရပ်တန်ဆောင်းတွင်း၌သော်၎င်း,ရွှေငွေရတနာတို့ကို လူတို့မေ့ရစ်၍ သွားကြကုန်သည်ရှိသော် လူရှိခဲ့လျှင် လူကိုသိမ်းယူစေ၍ လုံးရေ, ချပ်ပြား အမှတ်အသား ထားစေရသည်။ လူမရှိခဲ့လျှင် ရဟန်း ကိုယ်တိုင် ကိုင်ယူ၍ သိမ်းထားရသည်။ လူတိုဥစ္စာဘဏ္ဍာ မိန်းမတို့ တန်ဆာ ဘဏ္ဍာတို့၌လည်း ထိုနည်းတူ။ ၂၂၉။ ရွှေငွေဝတ္ထု|၊ ရောင်းဝယ်မှု၊ ပြုလျှင် နိဿဂ္ဂိ။ ပြဆိုခဲ့သော ဒင်္ဂါးပိုက်ဆံတို့ကို လဲလှယ် ရောင်းဝယ်မှုကို ပြုသည် ရှိသော် နိဿဂ္ဂိဖြစ်၏။ ရွှေငွေနှင့် ရွှေငွေချင်းသော်၎င်း, ရဟန်းက ကပ္ပိယ ဝတ္ထု သူတပါးက ရွှေငွေဖြစ်ခဲ့သော်၎င်း ရဟန်းကိုယ်တိုင်လဲလှယ်ခြင်းကို ပြုခဲ့သည်ရှိသော် ရဟန်းမှာ ရသောဝတ္ထုသည် ရွှေငွေပင်ဖြစ်စေ ကပ္ပိယ ဝတ္ထုပင်ဖြစ်စေ နိဿဂ္ဂိဖြစ်၏။ ။သံဃအလယ်၌စွန့် ။ ။“အဟံ ဘန္တေ ရူပိယသံဝေါဟာရံ သမာပဇ္ဇိ။ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ။ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ”။ ။ပြန်ပေးမရှိ။ ရှေးနည်းအတိုင်းပြုလေ။ ၂၃၀။ ခံသူရောင်းဝယ် စီရင်ချယ်၊ ကိုင်တွယ် သုံးသပ်ဘိ။ ၂၃၁။ အာပတ် ကြီး,ငယ်၊မလွဲဘွယ်၊လေးသွယ်မှုပြစ်ရှိ။ ရွှေငွေရတနာတို့နှင့် စပ်ဆိုင်ရာ ခံယူမှုတပါး, လဲလှယ်မှုတပါး, စီရင်မှု တပါး, ကိုင်တွယ်သုံးသပ်မှုတပါး၊ အာပတ်ကြီးငယ်ကို ပြုတတ်သော အပြစ်ရှိသော အမှုကြီးငယ်လေးပါး။ Trang60 ထိုလေးပါးတို့တွင် ခံယူမှုဆိုသည်ကား-“ကိုယ်တိုင်ခံခြင်း၊ခံစေခြင်း၊ ဝမ်းတွင်းသာယာမှု”ဟူသော သံပေါက်အရကိုဆိုသည်။ ရောင်းဝယ်မှု ဆိုသည်ကား- “ရွှေငွေဝတ္ထု၊ ရောင်းဝယ်မှု၊ ပြုလျင် နိဿဂ္ဂိ”ဟူသော သံပေါက်အရကိုဆိုသည်။ စီရင်ချယ်ဆိုသည်ကား- ရွှေငွေဘဏ္ဍာမျိုးကို သည်မှာ ထားလော့၊ ဟိုမှာထားလော့၊ ထုတ်လော့၊ သွင်းလော့၊ ပေးလိုက်၊ယူလိုက်၊ ဤဝတ္ထုနှင့် ဘာကို ဝယ်လိုက်၊ ကူလီခ ပေးလိုက်၊ စာရေးခ ပေးလိုက် စသည်ဖြင့် ရွှေငွေပိုက်ဆံဒင်္ဂါးကို တိုက်ရိုက် စီရင်ချယ်လှယ်မှုကို ဆိုသည်။ ကိုင်တွယ်သုံးသပ်မှုဆိုသည်ကား-ပကတိသော ရွှေငွေကို၄င်း၊ ဖလား ထုံးဘူးစသော ရွှေငွေဖြင့်ပြုလုပ်သော ဝတ္ထုများကို၎င်း ကိုင်တွယ်ထိပါး သုံးသပ်မှုတည်း။ရွှေချ၍ထားသော ဘုရားစေတီကိုပင် ရွှေငွေကို သာယာ သောစိတ်နှင့် ကိုင်ခြင်း, တွယ်ခြင်း,သုံးသပ်ထိပါးခြင်းငှာ မအပ်။ ၂၃၂။ ကြေး,ခဲ-ပိုက်ဆန်၊ရွှေငွေဘဏ်၊ ခံလျှင် အာပတ်ကြီး။ (သိသာပြီ) ။ ၂၃၃။ ရတနာဆယ်ပါး၊ စပါးခုနစ်၊ ခေတ္တ,ဝတ္ထု၊ နှစ်ခုရေကန်၊ အရံဥယျာဉ်၊ မြင်း,ဆင် ကျွဲ နွား၊သား, ငါး, ခွေးဝက်၊ ကြက် ငှက် တိရစ္ဆာန်၊ အလှူခံ၊ အမှန်ဒုက္ကဋ်ချည်း ။ ရတနာဆယ်ပါး စပါးမျိုးခုနစ်ပါးတို့ကို ရှေး၌ဆိုခဲ့ပြီ။ ကောက်ရင်၊ ကောက်ကြီး၊ ပြောင်းရင်၊ ပြောင်းကြီး၊ လူး၊ ဆပ်၊ ဂျုံ-အစရှိသော စပါးမျိုးတို့ကို စိုက်ပျိုးရာ မြေအရပ်သည် ခေတ္တမည်၏။ လယ်ဟု ခေါ်၏။ ပဲမျိုး၊ နှမ်းမျိုး၊ ကြံမျိုး၊ ဗူး၊ ဖရုံ၊ ဖရဲ၊ သခွါး-အစရှိသည် တို့ကို စိုက်ပျိုးရာ မြေအရပ်သည် ဝတ္ထုမည်၏။ယာဟုခေါ်၏။ အခွန်ရသော တဘက်ဆည်ကန်၊ လေးထောင့်ကန်တို့ကို နှစ်ခုကန် ဆိုသည်။ အရံဥယျာဉ် ဆိုသည်ကား- ငှက်ပျောခြံ၊ နာနတ်ခြံ၊ သရက်၊ ပိန္နဲ၊ ဒိန်ညင်း၊ ဒူးရင်း-စသည်ထွက်သော သစ်သီးပန်းမာလ်၊ အရံဥယျာဉ်မျိုး တို့ကိုဆိုသည်။ အာရာမ-ဟူသော ဝေါဟာရနှင့်လှူလျှင် ခံအပ်၏။ Trang61 ဤဒုက္ကဋ်ဝတ္ထုမျိုးတို့၌ ခံအပ်သော ကပ္ပိယနည်းလမ်းလည်း များစွာ ရှိသေး၏။ အဋ္ဌကထာမှာ ယူလေ။ ၂၃၄။ ပုဂ္ဂိုလ်,သံဃာ၊ ဂိုဏ်းအားသာ၊ ခံငှာ မအပ်သိ။ ဤရွှေငွေရတနာစသည်တို့ကို အရှင်ဘုရားအား လှူပါ၏၊ မည်သည့် ရဟန်းအား လှူပါ၏၊ မည်သည့်ဂိုဏ်းအား လှူပါ၏၊ သံဃာအား လှူပါ၏ ဟု ပုဂ္ဂိုလ် ဂိုဏ်းသံဃာကို သုံးသပ်၍ လှူလျှင် ခံခြင်းငှာ မအပ်။ ငါတို့ မခံအပ်ဘူးဟု မြစ်ပယ်ရမည်။ ၂၃၅။ ဘုရား, တရား၊ စေတီအားနှင့်၊ ကျောင်းအား တတန်၊ နဝကံ၊ ပယ်ရန် ခွင့်မရှိ။ အဋ္ဌကထာ၌ စေတီအကျိုးငှာ မခံအပ်ဆိုသည်မှာ စေတီအကျိုးငှာ အရှင်ဘုရားအား လှူပါ၏ဟုဆို၍ လှူသည်ကိုယူ။ စေတီ စသည်ကို သမ္ပဒါန်ထား၍“ဗုဒ္ဓဿ ဒေမ၊ဓမ္မဿ ဒေမ၊ စေတိယဿ ဒေမ၊နဝကမ္မဿ ဒေမ”ဟု ဘုရား, တရား,စေတီ, ကျောင်း, ပြာသာဒ်, နဝကမ္မအမှုတို့ကို သုံးသပ်၍ လှူခဲ့လျှင် ပယ်ခွင့်မရှိ။ ပယ်ခြင်းငှာ မအပ်။ ရေစက်ခံသော ပုဂ္ဂိုလ်အား အပြစ်မရှိ။ ရေစက်ခံမှု၌ အပြစ်မရှိသော်လည်း ထိုကဲ့သို့သော လှူပြီးသော ရွှေ့ ငွေစသော နိဿဂ္ဂိဝတ္ထုမျိုး ရတနာဆယ်ပါး စပါးမျိုးတို့ကို မူကား စီရင်ခြင်း ကိုင်တွယ်သုံးသပ်ခြင်းတို့ကို လွှတ်စေ၍ ကပ္ပိယကာရကတို့အား ကပ္ပိယစကားဖြင့် ပြောကြားရ၏။ နဝကမ္မဆိုသည်ကား-ဘုရားတည်မှု ဘုရားပြင်ဆင်မှု စရပ်တန်ဆောင်း ကျောင်း ကန် ဆောက်လုပ်မှု ပြင်ဆင်မှု ရေတွင်း ရေကန် တူးဘော်မှု ပြင်ဆင်မှု ဘုန်းကြီးပျံ ပြာသာဒ် တလား ရထား လောင်တိုက် လုပ် ဆောင်မှုစသည်တို့တည်း ။ထိုအမှုတို့ကို လုပ်ဆောင်ရန်ရည်စူး၍ ငွေဒင်္ဂါး တို့ကို ရှေ့ ၌ ထားပြီးလျှင် ရေစက်ချတော်မူပါဘုရားဟု ဆိုလျှင် “ဣမာနိ ကဟာပဏာနိ နဝကမ္မဿ ဒေမ”ဟု ရေစက်ချ၍ ပေးခြင်းငှာ အပ်၏ဟု ယူကြကုန်၏။ ပြုလုပ်ကြကုန်၏။ Trang62 ၂၃၆ ။ ရွှေ ငွေချယ်လတ်၊ ကျောင်းနှင့်စပ်၊ မအပ်သည်မရှိ။ ရွှေငွေရတနာ ချယ်လယ်သော ကျောင်းကြိယာမျိုး ဟူသမျှသည် မအပ်ဟူ၍မရှိ အလှူခံကောင်း၏။ ရွှေငွေရတနာကို ကိုင်မည်ဟု နှလုံး မပြုမူ၍ တိုင်ကိုကိုင်မည် နံရံကဲလားကို ကိုင်မည်ဟု နှလုံးပြု၍ တိုင်တွယ် သုံးသပ်ခြင်းငှာ အပ်၏။ ။ညောင်းစောင်း အင်းပျဉ် အိုးအင် အုပ်ခွက် မျက်နှာကြက် ကန့်လန့်ကာ စာတိုက် ဘီရိုစသော ကျောင်း အသုံး အဆောင်မျိုးတို့၌လည်း ထို့အတူမှတ်။ ၂၃၇။ အရောင်းအဝယ်၊လဲလှယ်,ငှားရန်း၊ စကားကြမ်း၊စွမ်း၏ နိဿဂ္ဂိ။ သပိတ် သင်္ကန်းအစရှိသော ကပ္ပိယဝတ္ထုတို့၌ သီတင်းသုံးဘော်ငါးဦး တို့မှတပါး လူဖြစ်သောသူတို့နှင့် ရုန့်ရှင်းသော စကားကို မြွက်ဆို၍ ရောင်းမှု ဝယ်မှု လဲလှယ်မှု အဘိုးအခနှင့် လှည်း လှေ ကူလီ ငှားရမ်းမှုတို ကို ပြုသည်ရှိသော် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။ကြမ်းသော စကားမျိုး ဆိုသည်ကား-ရောင်းဝယ်လဲလှယ် ငှားရမ်းမှုတို့၌ လူဖြစ်သူတို့ ပြောဆို ကြသော စကားမျိုးတို့ကို ဆိုသတည်း။ ဤကပ္ပိယ ဝတ္ထုမျိုးတို့၌ ဤဝတ္ထုနှင့် ဘယ်ဟာကို ဝယ်ချေလော့၊ ဘယ်ဟာနှင့် လဲချေလော့၊ ဘယ်ဟာတို ငှားရမ်းချေလော့ဟု လူဖြစ် သောသူတို့ စေခိုင်းရ၏။ ရှေး၌ ပြဆိုခဲ့သော နိဿဂ္ဂိဝတ္ထု ဒုက္ကဋ်ဝတ္ထုမျိုးတို့၌ ဤကဲ့သို့ ဆို၍ စေခိုင်းခြင်းငှာ မအပ်။စေခိုင်းရန်လူမရှိခဲ့သော် မိမိကိုယ်တိုင်ပင် ကပ္ပိယ စကားမျိုးနှင့် ပြုလုပ်ရ၏။ ကပ္ပိယစကားမျိုးဆိုသည်ကား-ငါ့မှာဆန်ရှိ၏၊ ပိတ်ရှိ၏။ သင့်လက်မှ ဘယ်ဟာကို အလိုရှိ၏ဟု ပြောရ၏။ လှည်းအလိုရှိသည် လှေအလိုရှိသည် ဘယ်ဟာကို လုပ်ပေးလော့၊ ဆန် ရလတ္တံ့ ၊ ပိတ်ရလတ္တံ့ဟု ပြောရ၏။ အကပ္ပိယစကားဖြင့် ရောင်းဝယ်လဲလှယ် ခိုင်းစေခဲ့မူ ရရှိသောဝတ္ထု သည် နိဿဂ္ဂိ ဖြစ်၏။ စွန့်၍ အာပတ်ကို ဒေသနာကြားအပ်၏။ လှည်းငှား လှေငှားမှု စသည်တို့၌ ပါစိတ်အာပတ်ကိုသာ ဒေသနာ ကြားအပ်၏။ ။ဤကပ္ပိယဝတ္ထုမျိုး၌ကား ပိနည်းဓိုရ် ပြန်၍ ပေးသော Trang63 အခါ ထိုရဟန်းသုံးဆောင်ရ၏။ ။“အံဟံ ဘန္တေ ကယဝိက္ကယံ သမာ ပဇ္ဇိ။ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ။ ဣမာဟေ့ အာယသ္မတော နိဿဇ္ဇာမိ” စွန့်ပုံ။ ။စွန့်ပြီးလျှင် ဒေသနာကြား။ ။”ဣမံ ဝတ္ထု အာယသ္မတော ဒမ္မိ”။ ။ပြန်ပေး။ ၂၃ဂ။ အဆင်းသဏ္ဌာန်၊ လောက်သည်မှန်လျက်၊ ဓိဋ္ဌာန်ဝိကပ်၊ မပြုလတ်ဘဲ၊ ဆယ်ရက်ကဲ၊ စွန့်မြဲထိုပတ္တ။ အဓိဋ္ဌာန်လောက်သော အဆင်း အဓိဋ္ဌာန်လောက်သော အကြီး အငယ် သဏ္ဌာန်လုံလောက်လျက် အဓိဋ္ဌာန်သော်လည်း မတင် ဝိကပ္ပနာ သော်လည်း မပြုဘဲ ဆယ်ရက်လွန်သော သပိတ်သည် နိဿဂ္ဂိဖြစ်၏။ အဓိဋ္ဌာန်လောက်သော အဆင်းဆိုသည်ကား- ကောင်းစွာ ကျက် သည်ဖြစ်၍ မည်းနက်သော အဆင်းပေတည်း။ ။အဓိဋ္ဌာန်လောက် သော အကြီး အငယ် သဏ္ဌာန်မှာ ရှေ့ ၌ ဆိုခဲ့ပြီ။ “အယံ မေ ပတ္တော ဒသာဟာတိက္ကန္တော နိဿဂ္ဂိယော။ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ”။ ။စွန့်ပုံ၊ ဒေသနာကြား၊ ပြန်၍ပေး။ အဋ္ဌကထာကြီး၌ မြေသပိတ်မှာနှစ်ကြိမ် သံသပိတ်မှာ ငါးကြိမ်ဖုတ်မှ အဓိဋ္ဌာန်လောက်သည်ဟူ၏။သာရတ္ထဒီပနီ၌ အကြိမ်သည် ပမာဏမဟုတ်၊ မည်းနက်သောအဆင်းရှိ၍ သမဏသာရုပ္ပဖြစ်သည်သာ ပမာဏဟူ၏။ ကင်္ခါ၌လည်း သမဏသာရုပ္ပဖြစ်သည်ကိုသာ ဆို၏။ အကြိမ်ကိုမဆို။ ၂၃၉။ ငါးဘွဲ့မပြည့်၊ သပိတ်ရှိငြား၊ သူတပါး၊ တောင်းငြား နိဿဂ္ဂိ။ အဓိဋ္ဌာန်တင်သော သပိတ်သည် အထက်နခမ်းမှစ၍ ကွဲအက်သော အရေး အကြောင်း ရှိလာခဲ့သော် အရေး၏ နှစ်ဘက်၌ စူးနှင့်ဘောက်၍ ကြိုးနှင့်ဘွဲ့သည်ကို အဘွဲ့ဆိုသည်။ ကွဲကြောင်း ရှည်လျှင် လက်နှစ်သစ် ခြား၍ အဘွဲ့များစွာ ဘွဲ့ရသည်၊ ငါးဘွဲ့ရှိလျှင် ထိုသပိတ်ကိုစွန့်၍ ဆွေ မတော်သော သူကိုပင် သပိတ်လှူပါဟု တောင်းရ၏။ ငါးဘွဲ့မပြည့်မီ တောင်းခဲ့သော် ရသော သပိတ်သည် နိဿဂ္ဂိဖြစ်၏။ Trang64 ၂၄၀။ သတ္တာငါးတန်၊ သူ့ ရက်လွန်၊ အမှန်နိဿဂ္ဂိ။ ထော, ဆီ, ဆီပျား၊ တင်းလဲအား၊ ငါးပါးသတ္တာဟာ-ဟူ၍ ဆိုခဲ့ပြီး သော သတ္တာဟကာလိက ဆေးငါးပါးသည် အကပ်ခံ၍ ခုနစ်ရက်ကို လွန်သည်ရှိသော် နိဿဂ္ဂိဖြစ်၏။ ။စွန့်ပြီးက ဝိနည်းဓိုရ်က ပြန်ပေး၍ ရသော်လည်း ကိုယ်အင်္ဂါနှင့်စပ်ရာ၌ အသုံးမပြုရ။ ၂၄၁။ ဘော်ရဟန်းအား၊သင်္ကန်းပေး၍၊အရေးမလှ၊ ယူပြန်က၊ ရလျှင် နိဿဂ္ဂိ။ ၂၄၂။ ကြွင်းပစ္စည်းကို၊ ထိုနည်းအတူ၊ ပေးပြီးမူ၊ ယူလျှင် ဒုက္ကဋ်သိ။ အပေါင်းအဘော် ဖြစ်သော ရဟန်းအား ဝိကပ္ပနာလောက်သော အဝတ်သင်္ကန်းကို ပေးကမ်း ချီးမြှောက်ပြီးမှ စိတ်တိုင်းမကျ၍ တဘန် အတင်း တောင်းခံ လုယက်၍ ယူပြန်အံ့၊ ရသော သင်္ကန်းသည် နိဿဂ္ဂိ ဖြစ်၏။ မိမိဥစ္စာအမှတ်နှင့် လုယူသည်ကို ဆိုသည်။ ။နောက် သံပေါက် လွယ်ပြီ ။ ၂၄၃။ သံဃာအားမူ၊ လှူမည်မြွက်ကြား၊ ညွတ်ပြီးသားကို၊ မိမိ ကိုယ်ဘို၊ ညွတ်စေမြို၊ စွန့်ဘိုနိဿဂ္ဂိ။ ၂၄၄။ သံဃာတော်၌၊ ထုတ်ဘော်မြွက်ကြား၊ ညွှတ်ပြီးသားကို၊ တပါးပုဂ္ဂလ၊ ညွတ်စေက၊ သုဒ္ဓပါစိတ္တိ။ သံဃိကအလှူ လှူမည် သံဃိကကျောင်း ဆောက်မည်ဟု နှုတ်မြွက်၍ သံဃာအား ညွှတ်ပြီးသော လာဘ်ကို သိလျက်နှင့် ငါ့အားလှူပါ ငါ့ဘို့ ဆောက်ပါဟု မိမိသို့ညွတ်စေသော ရဟန်းအား ထိုလာဘ်သည် နိဿဂ္ဂိ ဖြစ်၏။ စွန့်။ ဒေသနာကြား။ ပြန်ပေး။ ။မိမိမှတပါး အခြား တဦး တယောက်သော ပုဂ္ဂိုလ်အား လှူပါ ဆောက်ပါဟု ပုဂ္ဂိုလ်သို့ ညွတ်စေ မူကား သုဒ္ဓပါစိတ်အာပတ်သင့်၏။ မည်သည့်တိုက် သံဃာအား လှူမည်ဟု နှုတ်မြွက်၍ ညွတ်ပြီးသော ဝတ္ထုကို အခြားသောတိုက် သံဃာသို့သော်၎င်း၊ စေတီတော်သို့၎င်း ညွတ်စေအံ့၊ ဒုက္ကဋ်။ မည်သည့် စေတီတော်အား လှူမည်ဟု နှုတ်မြွက်၍ Trang65 ညွတ်ပြီးသော ဝတ္ထုကို အခြားစေတီတော်သို့၎င်း၊ သံဃာတော်သို့၎င်း၊ ပုဂ္ဂိုလ်သို့သော်၎င်း ညွတ်စေအံ့၊ ဒုက္ကဋ်။ မည်သည့်ပုဂ္ဂိုလ်အား လှူမည်ဟု နှုတ်မြွက်၍ ညွတ်ပြီးသော ဝတ္ထုကို အခြားပုဂ္ဂိုလ်သို့သော်၎င်း၊ သံဃာ တော်သို့သော်၎င်း၊ စေတီတော်သို့သော်၎င်း ညွတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပစ္စည်းရှင်က အရှင်ဘုရား အလိုရှိရာ ညွှန်ပြရာ ရှိပါမည် ညွှန်ပြတော်မူပါဆိုလျှင် ထိုပစ္စည်း အသုံးကျမည့်နေရာ အကျိုးများမည့် နေရာကို မြော်မြင်၍ ညွှန်ပြအပ်၏။ နိဿဂ္ဂိအမြွက် ပြီး၏။ ၁၈-သုဒ္ဓပါစိတ် ၂၄၅။ ချွတ်ယွင်းစေလို၊ မုသားဆို၊ ထိုသူ ပါစိတ္တိ။ ၂၄၆။ ပြက်ရယ်ပြုလို၊ ပြက်ချော်ဆို၊ ထိုသူ ဒုဗ္ဘာသိ။ ၂၄၇။ ဝန်ခံစကား၊ ပျက်စေငြား၊ သူအား ပဋိဿဝိ။ သူတပါးစိတ်၌ ဟုတ်သည်ကို မဟုတ်ဟူ၍ မဟုတ်သည်ကို အဟုတ် ဟူ၍ အထင်အမှတ် လွဲချော်ချွတ်ယွင်းစေလိုသောစိတ်နှင့် မဟုတ်စကား မုသားပြောဆိုသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ ။ချွတ်ယွင်း စေလိုသောစိတ်မျိုးမရှိဘဲ အပျက်အချော် ကရော်ကမည် ရယ်စရာ ပြုံး စရာအလိုနှင့် မဟုတ်စကား ပြောဆိုသောသူအား ဒုဗ္ဘာသိ အာပတ် သင့်၏။ ။ ရှေးအဘို့၌ ဖြောင့်စင်းသောစိတ်နှင့် လာမည် ပြုမည် စသည်ဖြင့် သူတပါးတို့အား ဝန်ခံပြီးသောစကားကို အချိန်ကျခါ မလာ မပြု နေလျက် ပျက်ကွက်စေသော ရဟန်းအား ပဋိဿဝဒုက္ကဋ်သင့်၏။ အချိန်မကျမီ တင်ကူး၍ ဝန်ခံမှုကို ပြောဆိုနုတ်သိမ်းလျှင် လွတ်ခွင့်ရှိ၏။ ၂၄ဂ။ ဆဲခြင်းဆယ်ပါး၊ ရဟန်းအား၊ ဆဲငြားပါစိတ္တိ။ ၂၄၉။ ဆဲခြင်းဆယ်ပါး၊ ပြက်ရယ်အား၊ ဆိုငြားဒုဗ္ဘာသိ။ ၂၅၀။ မျိုးမည်, နွယ်,ကံ၊ တတ်,နာ,သဏ်၊ ကိလံ,အာ,အက်ထိ။ ဒေါသစိတ်ဖြင့် ရဟန်းဖြစ်သော သူတပါးကို ဆယ်ပါးသော ဆဲရေး ခြင်းတို့တွင် တပါးပါးသော ဆဲရေးခြင်းဖြင့် ဆဲဆိုထိပါးသော ရဟန်း အား ထိုရဟန်းသည် ကြားသိခဲ့သော် ပါစိတ်သင့်၏။ Trang66 ဆယ်ပါးသော ဆဲရေးခြင်း ဆိုသည်ကား-အမျိုးကိုထိခြင်း,အမည်ကို ထိခြင်း, အနွယ်ကို ထိခြင်း, ထိုသူပြုလုပ်သော အမှုကို ထိခြင်း, အတတ် ပညာကို ထိခြင်း, ထိုသူ၌ရှိသော အနာရောဂါကို ထိခြင်း, အနိမ့်အမြင့် အရှည်အတို အဖြူအမည်း စသော ထိုသူတို့၏ အဆင်းသဏ္ဌာန်ကို ထိခြင်း, လောဘကြီးမှု ဒေါသကြီးမှု မိုက်မဲမှု မာန ဒိဋ္ဌိ ဣဿာ မစ္ဆေရ စသော ကိလေသာကိုထိခြင်း,ပါရာဇိက စသော ထိုသူမှာရှိနေသော အာပတ်ကို ထိခြင်း, အမျိုးမျိုးသော ဆဲရေးတိုင်းထွာမှု၊ ဤကား ဆဲရေးခြင်း ဆယ်ပါးတည်း။ လင်္ကာ၌ ကမ္မကိုကံဆိုသည်၊ လိင်္ဂခေါ်သော အဆင်း သဏ္ဌာန်ကို သဏ်ဆိုသည်၊ ကိလေသာကို ကိလံဆိုသည်၊ အာပတ်ကို အာဆိုသည်၊ အက္ကောသ ခေါ်သော လောက ဆဲရေးမှုကို အက် ဆိုသည်၊ ထိကား ထုတ်ဘော်ထိပါး၍ ပြောဆိုမှုတွေကို ဆဲရေးမှု ခေါ်သည်ဟု ပြသည်။ ။ ဒေါသစိတ်ဖြင့် သူတပါးမခံနိုင်မည့် အရာကိုရှာ၍ ဆိုသည်ကို ထိပါးမှု ဆိုသည်၊ လူသာမဏေတို့ကို ဆဲဆိုထိပါးခဲ့သော် ဒုက္ကဋ် သင့်၏။ ဒေါသစိတ်မရှိဘဲ ပြက်ရယ်ပြုမှုဖြင့် လူရှင် ရဟန်းအား ထိပါးပြောဆို ခဲ့သော် ဒုဗ္ဘာသိအာပတ်သင့်၏။ ၂၅၁ ။ ဆဲခြင်းဆယ်ပါး၊ ယူဆောင်ကြား၍၊ စကားကုန်သွင်း၊ ရဟန်းချင်း၊ ဖျက်လျှင်း ပါစိတ္တိ။ ရဟန်းတပါးက ရဟန်းတဦးအား ဆယ်ပါးသော ဆဲရေးမှုတိုတွင် တခုခုဖြင့် ထိထိပါးပါး ပြောဆိုသည်ကို တယောက်သော ရဟန်းက ကြားသိလေ၍ ပြောဆိုသော ရဟန်း၏ အကျိုးမဲ့ကို အလိုရှိ၍သော်၎င်း၊ တဦးသော ရဟန်းကို မျက်နှာလုပ်လို၍သော်၎င်း သင့်ကို မည်သူက သည်လိုဆိုသည် ပြောသည်ဟု ရဟန်းချင်းချင်းကို ကုန်းတိုက်စကားဖြင့် ပြော၍ ဖျက်ဆီးသော ရဟန်းအား ပါစိတ်သင့်၏။ ။လူသာမဏေတို့ကို ထိုသို့ဖျက်ဆီးလျှင် ဒုက္ကဋ်။ ၂၅၂။ သာမဏေလူ၊ နှစ်ဦးသူအား၊ ပြိုင်တူဆိုကာ၊ ပါဠိစာ၊ ချရာ ပါစိတ္တိ။ Trang67 ၂၅၃။ ပဒါ-နုပဒ၊ နွက္ခရဟု၊ အနုဗျဉ္စနံ၊ ဤလေးတန်၊ ခွဲရန် အာပတ္တိ။ လူသာမဏေတို့အား သင်္ဂါယနာ သုံးတန်တင်သော ပါဠိတော် ပါဌ် အဋ္ဌကထာပါဌ်များကို ပို့ချသင်ကြားသောအခါ ပါဠိကို ပြိုင်တူရွတ်ဆို၍ ပို့ချသင်ကြားသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။ ။ ပါဠိတော်လာ ဂါထာပါဒ စုဏ္ဏိယ ဝါကျတို့၌ ပဒ, အနုပဒ,အနွက္ခရ, အနုဗျဉ္စန ဟူ၍ အစိတ်လေးပါးရှိ၏။ ဂါထာတို့၌ ပဌမပါဒကို စုဏ္ဏိယတ္တိ၌ ပဌမဝါကျကို ချပို့ရာ အချီအချ ပြိုင်မိကြရာ၌ ပဒပြိုင်မှုနှင့် အာပတ် တချက်သင့်၏။ပဌမပါဒ ပဌမဝါကျ တို့၌ မပြိုင်ကြမူ၍ နောက်နောက်သော ပါဒဝါကျတို့၌ ပြိုင်မိကြမူ အနု ပဒပြိုင်မှုနှင့် တပါဒ တဝါကျလျှင် အာပတ်တချက်စီသင့်၏။ ။ရဟန်း ကသာ အတွင်ရွတ်ဆို၍သွားရာ လူသာမဏေက မလိုက်ဘဲ တခုသော အက္ခရာကို အပြိုင်ရွတ်၍ ရပ်နေအံ့၊အနွက္ခရပြိုင်မှုနှင့် အာပတ်သင့်၏။ ။ “ရူပံ အနတ္တာ ဝေဒနာ အနတ္တာ”ကို နှုတ်တိုက်ချရာ၌ ရူပံအနတ္တာပုဒ်ကို ချပြီး၍ ဝေဒနာအနတ္တာကို ချရာ၌ လူသာမဏေက ရူပံအနတ္တာဟူသော ရှေ့ပဒပါချီ၍ လာသဖြင့် ဝေဒနာအနတ္တာ၌ ရဟန်းဆိုသော အနတ္တာ နှင့် ရှေပဒ အနတ္တာ ပြိုင်မိကြအံ့၊အနုဗျဉ္စနပြိုင်မှုနှင့် အာပတ်သင့်၏။ ၂၅၄။ လူသာမဏေ၊ မေထုန် လောက်တန်၊ တိရစ္ဆာန်နှင့်၊ သုံးညဉ့်လွန်တူ၊ အိပ်မိမူ၊မှတ်ယူ ပါစိတ္တိ။ ၂၅၅။ ထက်ဝက်လွန်တုံ၊မိုးကာစုံ၊လောက်လုံ ပါစိတ္တိ။ ၂၅၆။ အမြင့်တောင့်ထွာ၊ ရှိခဲ့လာ၊ အကာဆိုလောက်၏။ ၂၅၇။ တပြင် အောက်ထက်၊ အမိုး ယှက်၍၊ ထွက်ဝင် တံခါး၊ တူကြငြား၊ ဆောင်ခြား မဟုတ်သိ။ လူသာမဏေနှင့်၎င်း၊ ခွေး,ဝက်,ကြောင်,ကြက် အစရှိသော မေထုန် အမှုဖြင့် လောက်သော တိရစ္ဆာန်များနှင့်၎င်း သုံးညဉ့်ထက် လွန်၍ တမိုးတရံ အတွင်း၌ အရုဏ်တက်အောင် အိပ်နေသော ရဟန်းအား ပါစိတ်အာပတ်သင့်၏။တမိုးတရံ ဆိုရာ၌လည်း ထက်ဝက်ထက် များသော အမိုး ထက်ဝက်ထက်များသော အကာရှိလျှင် ပါစိတ်အာပတ် သင့် Trang68 လောက်ပြီ။ ။ အမိုးထက်ဝက် အကာထက်ဝက်သာရှိလျင်ဒုက္ကဋ်။ အကာ၌လည်း ရေတံစက်ကျရာအတွင်း၌ အယုတ်ဆုံး အမြင့်အားဖြင့် မဇ္ဈိမ ပုရိသ တတောင့်ထွာရှိမှ အကာ လောက်သည်။ ပကတိ ပုရိသ နှစ်တောင့် ခြောက်သစ်တည်း ။ ။ ဝိနိစ္ဆယဋီကာ။ အဆောင်တွေများစွာ တပြင်တည်းဆက်၍ တည်ရာ၌ အမိုးချင်း ယှက်လျက် တဆောင်နှင့် တဆောင် အမိုးအတွင်း အကာတွင်းမှ လျှောက်သွားနိုင်လောက်သော ထွက်ပေါက်ဝင်ပေါက် တူခဲ့ကြသော် ၎င်း၊ သုံးဆင့်တိုက် လေးဆင့်တိုက်တို့၌ အမိုးတွင်းမှ တဆင့်နှင့်တဆင့် တက်ကာ ဆင်းကာ သွားလာနိုင်ခဲ့သော်၎င်း အဆောင်ခြားသည် အဆင့်ခြားသည်ဟု မမှတ်လင့်။အလုံးစုံသော အဆောင်စု အဆင့်စုသည် တခုသော ဥပစာရှိကြသည်ဖြစ်၍ တဆောင်တည်းပင်မည်၏။ တဆောင် ၌၎င်း၊တဆင့်၌၎င်း အိပ်သော လူသာမဏေ စသည်သည် တပါးသော အဆောင် တပါးသော အဆင့်၌ အိပ်သော ရဟန်းအား ပါစိတ်ဒုက္ကဋ် အာပတ်ကို ဖြစ်စေနိုင်၏။ ကုဋိလေးလုံးတို့၌ ကပ္ပိယကုဋိအင်္ဂါတွင် ဤသဟသေယျ လောက် သော အမိုးအကာအင်္ဂါသည် ပါရှိ၏။အကပ္ပိယကုဋိတို၌ ယာဝကာလိက ယာမကာလိကဝတ္ထုတို၏ အန္တောဝုတ္ထ အန္တောပက္က ဖြစ်ထိုက်ရာဌာန ဟူသည်လည်း ဤသဟသေယျ အာပတ် သင့်လောက်ရာ ဌာနကို ဆိုသတည်း။ကပ္ပိယကုဋိတို့၌ကား အန္တောဝုတ္ထ အန္တောပက္ကဟူ၍ မရှိပြီ။ ၂၅၀။ အမနှင့်မူ၊တညဉ့်တာမျှ၊ခွင့်မရ၊ အိပ်က ပါစိတ္တိ။ လူမိန်းမ မေထုန်လောက်သော ပါရာဇိက လောက်ကောင်းသော တိရစ္ဆာန်မတိုနှင့်မူကား သဟသေယျလောက်သော နေရာ၌ တမိုးတရံ တွင်းမှာ တညဉ့်မျှ ပြိုင်၍ အိပ်ခွင့်မရ။ နေဝင်သည့်နောက် ထိုဌာန အတွင်း၌ မာတုဂါမသည် အိပ်၍နေအံ့၊ ရဟန်းသည် မာတုဂါမ ရှိမှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိုယ်ကိုလှဲ၍ အိပ်သည်နှင့် တပြိုင်နက် အာပတ်သင့်၏။မှီရာဌာန၌ မှီ၍ထိုင်လျက် အိပ်မူ အာပတ်လွတ်၏။ ၂၅၉။ ဆဲ့နှစ်တောင်တွင်း၊ ယောက်ျားကင်းလျက်၊ခြောက်ခွန်း ထက်များ။ ဣတ္ထိအား၊ ဟောငြား ပါစိတ္တိ။ Trang69 မျက်စိမြင်ကောင်းသော နေရာတွင် ဆဲ့နှစ်တောင်အတွင်း၌ သိကြား လိမ်မာသော ယောက်ျားဖြစ်သော သူမရှိဘဲ ဣတ္ထိတို့အား ခြောက်ခွန်း ထက် လွန်၍ ပါဠိတော်ပါဌ် အဋ္ဌကထာပါဌ်များကို ဟောသောရဟန်း အား ပါစိတ်အာပတ်သင့်၏။ ခြောက်ခွန်းကား ဟောရ၏။ တခွန်း ဆိုသည်ကား ဂါထာတို့၌ တပါဒသည် တခွန်းမည်၏။ စုဏ္ဏိယတို့၌ ဝါကျတခုသည် တခွန်းမည်၏။ ။“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သည်တခွန်းမည်၏။ ။“ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိ ယာမိ”သည် တခွန်းမည်၏။ သရဏဂုံပေးမှု သီလဥပုသ်ပေးမှုများသည် တရားဟောမှု မဟုတ် သောကြောင့် အပ်၏ဟူ၍လည်း ယူကြကုန်၏၊ ဆင်ခြင်။ ။သရဏဂုံ သီလ ဥပုသ်ပေးရာ၌ တဆဲ့နှစ်တောင်တွင်း၌ သိကြား လိမ်မာသော ယောက်ျားကို နေစေ၍ ပေးရမည်၊ ထိုယောက်ျားသည် သရဏဂုံသီလ ဥပုသ်မခံသော်လည်း အနီး၌ရှိနေလျှင် အပ်တော့သည်။ ၂၆၀။ ဇာတိမြေကို၊ ကိုယ်တိုင်တူးငြား၊ တူးစေငြား၊ နှစ်ပါး ပါစိတ်သင့်။ ဤမဟာပထဝီမြေကြီး၌ ဖြစ်မြဲပကတိတည်လျက်ရှိသော မြေမှုန့်မျိုး မြေစိုင်ခဲမျိုး ထက်ဝက်အောက် နည်းသောကျောက် နည်းသောသဲတို့နှင့် ရောသော မီးမသင့်ဘူးသေးသောမြေကို ဇာတိမြေဆိုသည်။ ထိုမြေကို သိလျက်နှင့် ကိုယ်တိုင် တူးမှု ဆွမှု ပွန်းအောင် ပဲ့အောင်ပြုမှု ထိုမြေ ပေါ်၌ ကိုယ်တိုင် မီးကိုထားမှုစသည်ကို ပြုခဲ့သော်၎င်း, သူတပါးကို အကပ္ပိယစကားပြင့် စေခိုင်းခဲ့သော်၎င်း တူးလော့ ဆူလော့ အစရှိသော အကပ္ပိပ အမှုနှစ်ပါးအတွက် ပါစိတ်နှစ်ချက်သင့်၏။ ၂၆၁။ ကပ္ပိယံ ကရောဟိ၊ ဒေဟိ, ဇာန၊ အာဟရ, အတ္ထော၊ ဤအပြော၊ အပ်သော ပြုလုပ်ခွင့်။ ဤမြေကိုကပ္ပိလော့၊ ဤနေရာ၌ တွင်းကပ္ပိလော့၊ ဤမြေကိုယူ၍ ပေးလော့၊ ဤမြေကိုသိလော့၊ ဤမြေကိုဆောင်ခဲ့လော့၊ ဤမြေဖြင့် အလို ရှိသည်၊ ဤအလုံးစုံသည် ကပ္ပိယစကားချည်းသာတည်း ။ Trang70 ၂၆၂။ နွယ်, မြက် သစ်ပင်၊ စိမ်းစိုစဉ်၊ ဖျက်လျှင် ပါစိတ်သင့်။ ဗီဇဂါမ်ငါးမျိုးတို့မှ ပေါ်ထွက် ပေါက်ရောက်၍ ထိုအပင်၌ စိမ်းစို သော သဘောနှင့်တကွ ပွားမှု ကြီးမှု အရွက်အညွန့် ပေါက်ရောက်မှုရှိ နေသော နွယ်မြက်သစ်ပင်ဟူသော ဘူတဂါမ်ဝတ္ထုကို ကိုယ်တိုင်ဖြတ် ခုတ် ချိုးဖဲ့ခြင်းစသည်ဖြင့် ဖျက်ဆီးခဲ့သော်၎င်း၊ သူတပါးအား ဤအပင် ကို ဖြတ်လော့၊ ဤအကိုင်းကိုချိုးလော့၊ ဤအရွက် အပွင့်ကို ဆွတ်လော့၊ ဤအမြစ်ကိုထူးလော့၊ ဤသစ်ပင်ကို မီးရှို့ လော့ အစရှိသော အကပ္ပိယ စကားတို့ဖြင့် စေခိုင်းခဲ့သော်၎င်း ပါစိတ်သင့်၏။ ။ ဤ၌လည်း“ကပ္ပိယံ ကရောဟိ” အစရှိသော စကားတို့သည် ကပ္ပိယစကားတို့တည်း။ ။ ဗီဇဂါမ်ငါးပါးကို ရှေ့၌ဆိုခဲ့ပြီ။ ၂၆၃။ ပိုးရှိရေကို၊ မြေပေါ်, မြက်ပေါ်၊ လောင်းမိသော်၊ ချွတ်ချော် ပါစိတ္တိ။ ၂၆၄။ ပိုးရှိ ရေကို၊ သောက်လေ, ချိုးလေ၊ ဆေးကြောလေ၊ စွန်းချေ ပါစိတ္တိ။ ဤကဲ့သို့ လောင်းခြင်း သောက်ခြင်း စသည်ကိုပြုလျှင် ဤပိုးတို့သည် သေကြေကုန်လိမ့်မည်ဟု သိမြင်လျက်ပြုသည်ကို ဆိုသည်။ ၂၆၅။ တိရစ္ဆာန်ကို၊ သေစေလိုမှု၊ သေကြောင်းပြု၊ သတ်မှု ပါစိတ္တိ။ ရှေ့နှစ်ပါးတို့၌ သေစေလိုမှု မဟုတ်သောကြောင့် သတ်မှုပါစိတ် မဟုတ်၊ ဤ၌သာ သေစေလိုမှုနှင့် ပြုသော ပယောဂမျိုးဖြစ်၍ သတ်မှု ပါစိတ်ဆိုသည်။ ၂၆၆။ လင်နှင့်, မယား၊ နှစ်ပါးပျော်ခင်း၊ တိုက်ခန်းတွင်း၊ ချဉ်းနေ ပါစိတ္တိ။ ၂၆၇။ မိန်းမနှင့်သာ၊ ပုန်းကွယ်ရာတွင်း၊ နှစ်ယောက်ချင်း၊ နေလျှင်းပါစိတ္တိ။ ၂၆၈။ မကွယ်မကာ၊ လွင်ပြင်မှာလည်း၊ ဥပစာတွင်း၊ အဘော် ကင်း၊ နေလျှင်းပါစိတ္တိ။ (၁၂-တောင်ကို ဥပစာဆိုသည်။ ။အကြွင်းသိသာပြီ) ။ Trang71 ၂၆၉။ မိန်းမနှင့်လျှင်၊ တိုင်ပင် နှောနှီး၊ ချိန်းချက်ပြီး၊ ခရီး ပါစိတ္တိ။ အမိရင်း အမရင်း နှမရင်းနှင့်ပင် ဖြစ်သော်လည်း ရွာတပါးသို့ အတူ သွားလာရန် တိုင်ပင်မှုကို မပြုရာ ။ထွက်မိသည်နောက် တွေဆုံကြ၍ အတူ တကွသွားကြသော် အာပတ်လွတ်၏။ ၂၇ဝ ။ သေရက် ငါးထွေ၊ သေရည် ငါးပါး၊ ယစ်မျိုးများ' မျိုငြား ပါစိတ္တိ။ ၂၇၁။ ပိဋ္ဌပူဝ၊ ဩဒန၊ ကိဏ္ဏ, သမ္ဘာရာ။ ပိဋ္ဌသုရာ, ပူဝသုရာ,ဩဒနသုရာ, ကိဏ္ဏပက္ခိတ္တသုရာ, သမ္ဘာရသံယုတ္တ သုရာ၊ သေရည်ငါးပါး။ ။ပိဋ္ဌသုရာ၊ ဆန်မှုန့်ကိုပြုလုပ်သောသေရည်။ ပူဝသုရာ၊ မုယောမုံ့ကို ပြုလုပ်သော သေရည်။ ဩဒနသုရာ၊ ထမင်းကို ပြုလုပ်သော သေရည်။ ကိဏ္ဏပက္ခိတ္တသုရာ၊ တဆေးမှုန့်ကိုခပ်၍ ပြုလုပ် သော သေရည်။ သမ္ဘာရသံယုတ္တသုရာ၊ အဆောက်အဦ အမျိုးမျိုးတို့ကို ပေါင်းစု၍ပြုလုပ်သော သေရည်။ ၂၇၂ ။ ပုပ္ဖဖလ၊ မဓုက၊ ဂုဠ သမ္ဘာရာ။ ပုပ္ဖါသဝ, ဖလာသဝ, မခွာသဝ, ဂုဠာသဝ, သမ္ဘာရသံယုတ္တ။ ပုပ္ဖါသဝ၊ သစ်ပွင့်ရည်မှဖြစ်သော အရက်။ ဖလာသဝ၊ သစ်သီးရည်မှ ဖြစ်သော အရက်။ မဓွာသဝ၊ မုဒြက်ရည်မှဖြစ်သော အရက်။ ဂုဠာသဝ၊ ကြံရည်မှဖြစ်သောအရက်။သမ္ဘာရသံယုတ္တ၊အဆောက်အဦတို့ကို ပေါင်းစု ၍ဖြစ်သောအရက်။ ။ဤယစ်မျိုးများကို သောက်စားခဲ့လျှင် မျိုတိုင်း မျိုတိုင်း ပါစိတ်သင့်၏။ ၂၇၃။ မြှောက်ကြဲ လှုပ်ယမ်း၊ ကူးသန်း ငုပ်ပေါ်၊ လှေလှော် ဘောင်ခတ်၊ ရေနှင့် စပ်ငြား၊ ပျော်ကစား၊ သင့်ငြား ပါစိတ္တိ။ ။ သိသာပြီ။ အပျော်အပါး ကစားမြူးထူးလိုသော စိတ်ဖြင့် ပန်းကန် ဇွန်း ခွက်၌ ရှိသော ရေကိုမျှ ခံတွင်း၌ ရှိသော ရေကိုမျှ လှုပ်ရှား ကစားခြင်းငှာ မအပ်။ Trang72 ၂.၇၄။ ကိုယ်တွင် ထိလျှင်း၊ ရဟန်းချင်း အား၊ ပျော်ကစား၊ သင့်ငြား ပါစိတ္တိ။ ၂၇၅။ လူ့, ရှင်, တိရစ္ဆာန်၊ ရယ်မြူးရန်၊ ထိပြန် ဒုက္ကဋ်သိ။ ရယ်မြူးလိုသော စိတ်ဖြင့် ရဟန်းဖြစ်သူကို ကိုယ်အင်္ဂါဖြင့် ထိပါး ခဲ့သော် ပါစိတ်။ လူသာမဏေ တိရစ္ဆာန် သတ္တဝါများကို ထိပါးခဲ့သော် ဒုက္ကဋ်သင့်၏။ ၂၇၆။ ရဟန်းချင်းလျှင်၊ ပညတ်တော်ပြ၊ ဆုံးမသည်ကို၊မကျင့် လို၍၊ မရိုမသေ၊ ပြန်လှန်ချေ၊ သင့်လေ ပါစိတ်မှု။ ဝိနည်း ပညတ်တော်ကို ဘော်ပြ၍ ဆုံးမသည်ဟူလို။ ၂၇၇။ သုတ် အဘိဓမ္မာ၊ ကျမ်းလာ ဘော်ပြ၊ ဆုံးမသည်ကို၊ မနာလို၍၊ မရိုမသေ၊ လှန်ပြန်ချေ၊ သင့်လေ ဒုက္ကဋ်မှု။ ကျမ်းဂန် ပါဠိကို ပြ၍ ဆုံးမသော်လည်း ထိုပါဠိကိုပင် အမှန်အကန် ဟူ၍ မယုံကြည်ခဲ့သော်၎င်း ပါဠိကိုပင် ယုံကြည်သော်လည်း ထိုသူ ယူသော အနက် အဓိပ္ပါယ်ကို မယုံကြည်ခဲ့သော်၎င်း ပြန်လှန်သော်လည်း အာပတ်မသင့်။ ၂၇၈ ။ ထိတ်လန့် ကြောက်ရန်၊ ကြံဘန်ထွေပြား၊ ရဟန်းအား၊ ချောက်ငြား ပါစိတ္တိ။ ကြောက်တတ်သော ရဟန်းကို တစ္ဆေလုပ်၍ ချောက်ခြင်း စသည် တည်း ။ ။ လူသာမဏေတို့ကို ချောက်လျှင် ဒုက္ကဋ်။ ၂၇၉။ ဆောင်း အခါ၌၊ အနာ ကင်းလျက်၊ မီးထင်း ထည့်မှု၊ လှုံဘို့ပြု၊ သင့်မှု ပါစိတ်တည်း။ မီးတောက်အောင် ထည့်မှုကိုယူ။ မီးလှုံဘို့ သက်သက် ဖြစ်ခဲ့မူ ကိုယ် တိုင်လည်း မပြုရ၊ လူသာမဏေ တို့ကိုလည်း မခိုင်းရ။ သူတို့ အလို အလျောက် တောက်အောင် ပြု၍ပေးလျှင် လှုံရုံမျှ လှုံရ၏။ လှုံစဉ်အခါ ၌လည်း မီးကင်းကို တောက်အောင် မပြင်ဆင်ရ။ မီးလှုံရန် မီးသိလော့ ဟု ကပ္ပိယစကားနှင့် စေခိုင်းမူ အပ်၏ဟု ယူကြ၏။ ဆင်ခြင်။ ။မီးကျီး သက်သက်၌ အပ်၏။ Trang73 ၂၈ဝ။ ရှယ်လိုစိတ်နှင့်၊ သပိတ်သင်္ကန်း၊ ခါးပန်းကစ၊ မဖွက်ရ၊ ဖွက်က အာပတ်တည်း။ တပါးသော ရဟန်း၏ သပိတ်သင်္ကန်း ခါးပန်း အပ်ကျည်တောက် နိသီဒိုင်တို့ကို ဖွက်လျှင် ပါစိတ်။ ထိုမှကြွင်းသော ပရိက္ခရာတို့၌၎င်း၊ လူသာမဏေတို့၏ ဥစ္စာ၌၎င်း ဒုက္ကဋ်။ ၂၈၁။ ဝိနည်း ကြောင်းဖြင့်၊ ကောင်းစွာအမှန်၊ ငြိမ်းပြီးကံကို၊ တဘန်လှုပ်ရှား၊ လှန်ပြန်ငြား၊ သူအားပါစိတ်တည်း။ (သိသာပြီ) ။ ၂ဂ၂။ အာပတ် မှုကို၊ ပြုမှန်း သိလျက်၊ ငဲ့ကွက်သောအား၊ ဘော်မကြား၊ ဖုံးထား အာပတ်တည်း။ တပါးသောရဟန်း အာပတ်သင့်သည်ကို သိလျက် သူတပါးသိမည် ကို ညှာတာငဲ့ကွက်၍ တခြားသော ရဟန်းအား မပြောမကြားမူ၍ ထို ရဟန်းနှင့် စိတ်တူသဘောတူ ဖုံး၍ထားသော ရဟန်းအား အာပတ်သင့် ၏။ သံဃာဒိသိသ်မှုကို ဖုံးလျှင် ပါစိတ်။ ကြွင်းသော အာပတ်စုကို ဖုံးလျှင် ဒုက္ကဋ်။ ။ သာမဏေတို့၏ အပြစ်ကြီးငယ်ကို ဖုံးလျှင်လည်း ဒုက္ကဋ်။ ဖုံးလိုသောစိတ် မရှိမူ၍ သူ့အမှုနှင့်သူ ထင်ရှားမည်ဟု နေလျှင် မပြောကြားသော်လည်း လွတ်၏။ ၂၀၃။ ရဟန်းခံနေ့၊ မစေ့အသက်၊ သိလျက်သိမ်ဝ င်၊ ကံဆောင် လျင်၊ ထိုရှင် အာပတ်တည်း။ ပဋိသန္ဓေနှင့်ယူ၍မျှ အသက်နှစ်ဆယ် မစေ့သောသူကို သိလျက်နှင့် သိမ်ဝင်၍ ရဟန်းခံ ကံဆောင်သော ရဟန်းအား အာပတ်သင့်၏။ ဥပဇ္ဈာယ်ဆရာမှာ ပါစိတ်၊ ကမ္မဝါဆရာ ကာရကသံဃာတို့မှာ ဒုက္ကဋ်။ ထိုသူလည်း ရဟန်းမဖြစ်၊ ရဟန်းဖြစ်သည် ထင်မှတ်၍ ရဟန်းကောင်း တိုနှင့် ပေါင်းဘော်၍ နေသော်လည်း အပြစ်မရှိ။ သိသောအခါ ထပ်မံ ၍ ခံရသည်။ ၂၈၄။ ထားပြ, ခိုးသူ၊ မင်းဘဏ်ယူ၊ ခွန်မူရှောင်သမား။ ၂၈၅။ သိလျက်တိုင်ပင်၊ ခရီးနှင်၊ ရွာစဉ် အာပတ်များ။ Trang74 သိလျက်နှင့် သဘောတူ တိုင်ပင်၍ ခိုးသူ ထားပြတိုနှင့် သော်၎င်း, မင်း၏ဘဏ္ဍာတော် အရာတော်များကို ခိုးယူထွက်သွားသော သူများနှင့် ၎င်း, လမ်းစခန်း၌ ကင်းထား၍ ကောက်ခံသော အခွန်တော်များကို မပေးမဆောင်ရအောင် ကြံဘန်စဉ်းလဲ ရှောင်လွှဲ၍သွားသောသူများနှင့် ၎င်း, အတူတကွ တိုင်ပင်၍ ကုန်းကြောင်း ရေကြောင်း ခရီးသွားသော ရဟန်းအား ရွာစဉ်ရှိသော လမ်း၌သွားမူ တရွာလျှင် အာပတ်တချက်စီ သင့်၏။ မသိ၍တိုင်ပင်၍ အတူသွားရာ၌၎င်း, သိသော်လည်း မိမိက တိုင်ပင်မှုမပြုဘဲ အတူသွားရာ၌၎င်း အာပတ်လွှတ်၏။ ၂၈၆။ ပညတ်တော်ပြ၊ဆုံးမသည်ကို၊ မနာလို၍၊ ပုဂ္ဂိုလ်လူမြတ်၊ ဝိနည်းတတ်ဝယ်၊ မေးဦးမယ်ဟု၊ လွှဲဖယ်မှု၊ သူ့အား အာပတ်တည်း။ ရဟန်းချင်းချင်း ဝိနည်း ပညတ်တော်ကို ဘော်ပြ၍ ဆုံးမမြစ်တား ရာ၌ လွှဲဖယ်လျှင် ပါစိတ်၊ သုတ္တန်အဘိဓမ္မာကို ဘော်ပြ၍ ဆုံးမမြစ်တား ရာ၌ လွှဲဖယ်လျှင် ဒုက္ကဋ်၊ ဝိနည်း သုတ္တန် အဘိဓမ္မာနှင့် လူသာမဏေတို့က ဆုံးမမြစ်တားရာ၌ လွှဲဖယ်လျှင် ဒုက္ကဋ် ။ ၂၀၇။ ဝိနည်းတရား၊ သင်သူအားကို၊ မသင်လိုအောင်၊ ပြစ်ပို ကျိုးမဲ့၊ ပြောဆိုခဲ့၊ ဘွဲ့ပြီပါစိတ်တည်း။ ဝိနည်းတော်ကို သင်အံလေ့ကျက်၍ နေသော ရဟန်းများထံ ဝိနည်း တတ်သည့်အတွက် ကုက္ကုစ္စတရား ပွားများရန် အပြစ်ပိုရုံသာ ရှိသည်၊ တစုံတခုအကျိုးမရှိက ပြစ်ပိုကျိုးမဲ့ ကဲ့ရဲ့ရှုတ်ချ ပြောဆိုခဲ့သော် အာပတ် ဘွဲ့မိ၏။အာပတ်သင့်၏ဆိုလိုသည်။သုတ္တန်တရား အဘိဓမ္မာတရားများကို ကဲ့ရဲ့ရာ၌ ဒုက္ကဋ်။ကျမ်းဂန်ကို ကဲ့ရဲ့လိုသော စိတ်မရှိမူ၍ ဤစာနှင့် ဤသူ အခါမတန်သေးထင်၍ သဒ္ဒါကို သင်ဦး ဝိနည်းကို နောင်မှသင်ရမည် စသည်ဖြင့်ဆိုရာ လွှတ်၏။ ၂၀၀။ လွန်ကျူးမှုတိ၊ ဧကန် သိလျက်၊ မသိ လေယောင်၊ ဟန်ဆောင် လေက၊ မောဟ တင်ထား၊ နောက်ဆောင် ငြား၊ သူအား ပါစိတ်တည်း။ Trang75 သိလျက်နှင့် လွန်ကျူးပြီးနောက် သံဃာများက မသိ၍ လွန်ကျူး မိရှာသည်ဟု မှတ်ထင်ကြလေအောင် ဥပုသ်နေ့တွင် သိမ်အပြင်မှာ ပါတိမောက်နာသောအခါ၌ ဤအမှုများသည် ပါတိမောက်မှာ လာ သည်ဟု ယခုမှ သိပေသည်ဟု ဟန်ဆောင်မှုကို ပြုသောရဟန်းအား မောဟာရောပနက တင်ထားရသည်။ တင်ထားပြီးနောက် ထို့အတူ မသိလေအောင် ဟန်ဆောင်မှုကို ပြုပြန်သော ရဟန်းအား ပါစိတ် သင့်၏။ ၂၈၉။ ဒေါသထွက်၍၊ ရိုက်နှက်ထောင်းထု၊ ပစ်ခတ်မှု၊ ပြုတိုင်း အာပတ်တည်း ။ ရဟန်းကိုပြုလျှင် ပါစိတ်၊ရဟန်းမှတပါး လူသာမဏေ, ခွေး, ဝက်, ကြက်ငှက် အစရှိသော ခပ်သိမ်းသော သတ္တဝါတို့အား ပြုခဲ့လျှင် ဒုက္ကဋ် ။ ။မိမိကိုယ်ကို ထိပါးမည်စိုး၍ ကာဆီးမှုနှင့် ခုခံရိုက်နှက် ထောင်းထု ပစ်ခတ်ပြုရာ၌ကား သေစေလိုသောစိတ် မရှိခဲ့သော် ရန်သူ တပါး သေ၍ပင် သွားသော်လည်း အနာပတ္တိ။ ၂၉၀။ ဒေါသထွက်၍၊ ရိုက်နှက်မည်လား၊ လက်ဝါး လက်အုပ်၊ ကြိမ်တုတ် တံဖျာ၊ မိုးခဲ့ရာ၊ သင့်လာ အာပတ်တည်း။ မိမိကိုယ်ကို ကာကွယ်ရန် မိုးရာ၌ အနာပတ္တိ။ ။ (သိသာပြီ) ။ ၂၉၁။ သူတပါးကို၊ မြင်, ကြား, သင်္ကာ၊ မရှိပါဘဲ၊ အာပတ် ခြောက်ထွေ၊ စွပ်စွဲချေ၊ သင့်လေ အာပတ်တည်း။ မြင်ခြင်း ကြားခြင်း မသင်္ကာခြင်း အရင်းမရှိဘဲလျက် သူတပါးကို ပါရာဇိကမှ တပါးသော အာပတ်အပြစ်နှင့် စွပ်စွဲ စောဒနာငြားအံ့၊ ရဟန်းကို သံဃာဒိသိသ်နှင့် စွပ်စွဲလျှင် ပါစိတ်၊ကြွင်းသော အာပတ် ငါးမျိုးနှင့် စွပ်စွဲလျှင် ဒုက္ကဋ်၊ သာမဏေကို လိင်အမှု ဒဏ်အမှုနှင့် စွပ်စွဲ လျင် ဒုက္ကဋ်။ ၂၉၂။ အမျက်ကြုတ်၍၊ ကုက္ကုစ္စဖြစ်၊ ပြောဆိုလစ်၊ စွန်းညစ် အာပတ်တည်း ။ Trang76 အမျက် ဒေါသရှိ၍ တပါးသော သူအား ကုက္ကုစ္စ နှိပ်စက်၍ စိတ်စက်မချမ်းသာ ရှိလေအောင် သင်သည် ရဟန်းဖြစ်မည်မထင် အစရှိ သည်ဖြင့် ပြောဆိုရာ၌ ရဟန်းအား ပြောဆိုလျှင် ပါစိတ်၊ သာမဏေ အား ပြောဆိုလျှင် ဒုက္ကဋ်။ ၂၉၃။ အမျက်ရှိ၍၊ မိမိစကား၊ ပြောဆိုငြားလျှင်၊ ကြားဘို့ တစောင်း၊ ကပ်ခိုအောင်း၊ ချောင်းမြောင်း အာပတ် တည်း။ ရဟန်းကို ချောင်းလျှင် ပါစိတ်။ လူသာမဏေကို ချောင်းလျှင် ဒုက္ကဋ်။ ၂၉၄။ ဓမ္မိကမှန်၊ သံဃာ့ကံ၌၊ ညီရန်ဆန္ဒ၊ ပေးပြီးမှ၊ ရှုတ်ချ ပါစိတ်တည်း။ တခုခုသော သံဃာ့ကံ၌ စိတ္တသာမဂ္ဂီ အညီအညွတ် ဖြစ်စေရန် ဆန္ဒပေးပြီးမှ ထိုကံကို မကြိုက်သံ ပြော၍ ရှုတ်ချသော ရဟန်းအား ပါစိတ်သင့်၏။ ၂၉၅။ ဆုံးဖြတ်မှုရေး၊ ကံပြုရေးနှင့်၊ စည်းဝေးဝင်ပြီး၊ မှုမပြီးမီ၊ ဖျက်ဆီးလိုရေး၊ မပေးဆန္ဒ၊ ထွက်သွားက၊ သင့်ထ ပါစိတ်တည်း။ ထိုအမှု ထိုကံကို ပျက်စီးစေလို၍ ဆန္ဒ မပေးဘဲ သံဃာ့ဘောင်မှ ထွက်သွားသည် ဟူလို။ ၂၉၆။ ရဟန်း အားကို၊ အများ သံဃာ၊ ညီညာ ကြေအေး၊ သင်္ကန်းပေး၍၊ အရေးတဘန်၊ ရှုတ်ချပြန်၊ စွန်းရန် ပါစိတ်တည်း ။ သံဃာများသည် ဆန္ဒာဂတိသို့ လိုက်၍ သံဃိကသင်္ကန်းကို သူတို့ မေတ္တာရှိရာ ပေးကြသည်ဟု ရှုတ်ချမှုတည်း။ ၂၉၇။ ထိန်းပါအပ်နှံ၊ လူတို့ဘဏ်၊ လက်ခံ ပါစိတ်တည်း။ ၂၉၀။ ကျပျောက်, မေ့ကျန်၊ တွေ့ရှိဘဏ်၊ ယူပြန် ပါစိတ် တည်း။ Trang77 ရဟန်း ဥပစာ၊ မေ့ကျန်ရာ၊ ကောင်းစွာ ယူသိမ်း ဆည်း။ လူတို့၏ ဥစ္စာဘဏ္ဍာကို ရဟန်းတို့အား ထိန်းသိမ်း စောင့်ရှောက်ရန် အပ်နှံသည်ရှိသော် အမိ၏ ဥစ္စာကိုသော်လည်း လက်မခံရ။ လက်ခံလျှင် ပါစိတ်သင့်၏။ လူတို့လက်မှကျ၍ နေရစ်သောဝတ္ထု, ပျောက်ကွယ်၍ နေသောဝတ္ထု, မေ့ကျန်၍ နေရစ်သော ဝတ္ထုများကို ရဟန်းတို့၏ ဥပစာ မဟုတ်သော အရပ်ဌာနများ၌ တွေရှိခဲ့သော် ပံ့သုကူသညာ မရှိဘဲ ထိန်းသိမ်း၍ ထားခြင်းငှာ အယူမခိုင်းရ။ ရဟန်းတို့နေရာ တိုက်တာတွင်း၌သော်၎င်း, တိုက်တာ၏ အနီးအစပ် ဖြစ်သော တိုက်တာ ဥပစာအတွင်း၌သော်၎င်း, တိုက်တာမှ အလွတ် ဖြစ်သော ခဏခေတ္တ တည်းခိုနေထိုင်ရာ စရပ် တန်ဆောင်း စသည်တို့၌ သော်၎င်း မေ့ကျန်ရစ်သော လူတို၏ဥစ္စာ ဘဏ္ဍာဝတ္ထုများကို တွေရှိ ခဲ့သော် ကပ္ပိယရှိလျှင် ကပ္ပိယကို ကောက်ယူသိမ်းထားစေရာ၏။ ကပ္ပိယ မရှိသော် ရွှေထုပ် ငွေထုပ်ပင်ဖြစ်သော်လည်း ဥစ္စာရှင် ပေါ်လာလျှင် ပေးအပ်ရန် ရဟန်းကိုယ်တိုင်ပင် ကိုင်ယူသိမ်းထားအပ်၏။ ဤအရပ်မှာ အခြားသူမရှိ ရဟန်းများပင် ရလိမ့်မည်ဟု ရဟန်း များကို ယုံမှားသင်္ကာ ဖြစ်လောက်သော အရပ်ဌာန၌ တွေ့ရှိခဲ့သော် လမ်းခရီးသွားရာ နားနေရာမှာပင် ဖြစ်သော်လည်း ကောက်ယူသိမ်း ဆည်း၍ ထားရာ၏။ သတင်းပေးရာ၏။ ပစ္စည်းရှင်ပါဆို၍ ပေါ်လာလျှင် သေချာအောင် မေးဆေး၍ အပ်ပေးရာ၏။ ရွာတွင်း၌ ကြောင့်ကြမကင်း ရှိ၍ လူတို့အလိုအလျောက် ကျောင်းမှာထား၍ သွားခဲ့သော် မပျောက် မပျက်အောင် ကြောင့်ကြစိုက်ရာ၏။ မငြင်းသာသော သူတို့က အပ်နှံ လာသော် လက်မခံအပ်ဟု ပယ်ပြီးလျှင် ကျောင်းတွင်းမှာ ဤနေရာ ဌာနသည် လုံခြုံပါ၏ဟု လုံခြုံရာဌာနကိုမူကား ပြအပ်၏။ ဤနေရာမှာ ထားလော့ဟူ၍ မဆိုအပ်။ထား၍သွားလျှင် ကောင်းစွာ စောင့်ရှောက် ရသည်။ ၃၀၀။ ဆဲ့နှစ်တောင်ထိ၊ ရဟန်းရှိငြား၊ မပန်ကြားဘဲ၊ နေ့လွဲ ရွာဝင်၊ ပြုခဲ့လျှင်၊ ရွာဝင် ပါစိတ်တည်း။ Trang78 ဆဲ့နှစ်တောင်မှ အပ၌သာ ရှိနေခဲ့မူ ပန်ဘွယ်မရှိ။ ။ ဆဲ့နှစ်တောင် အတွင်း၌ ရဟန်းရှိငြားသော်လည်း ပန်ကြား၍ နေခဲ့လျှင် လွန်နှင့်ရန် အခွင့်ရှိသော အရေးတကြီးဖြစ်ခဲ့သော် မပန်ကြားဘဲ ဝင်သော်လည်း အာပတ်မသင့်။ ၃၀၁။ ရိုး, စွယ်ဥချို ၊ အပ်ကျည်ကိုလျှင်၊ ကိုယ်တိုင်ပြုလျင်း၊ ပြုစေလျှင်း၊ ခွဲခြင်း ပါစိတ္တိ။ အရိုးအစွယ်ဥချိုတိုကို အပ်ကျည်တောက်ပြုမိ ပြုစေမိလျှင်ခွဲဖျက်ပြီးမှ အာပတ်ကို ဒေသနာကြားရသည်။ ။ အပြီးကိုရသော်လည်း အပ်ထည့်၍ မဆောင်ရ။ ၃၀၂။ အပေါင်အောက်မှာ၊ တထောင့်ထွာ၊ ရှည်ရာ ညောင် စောင်းခြေ ။ ၃ဝ၃။ ထိုထက်ရှည်မှု၊ လွန်၍ပြု၊ ဖြတ်မှု ပါစိတ်ပေ။ ညောင်စောင်းခြေ အင်းပျဉ်ခြေကို အပေါင်မှအောက်၌ ဘုရား လက်ရှစ်သစ် မဇ္ဈိမတတောင် ပကတိ တတောင့်ထွာသာ ရှည်ရ၏။ ထိုထက်ရှည်စွာ ပြုသော်၎င်း၊ ပြုစေသော်၎င်း ဖြတ်ခြင်း ရှေးရှိသော ပါစိတ်သင့်၏။ ၃၁၄။ ညောင်စောင်းလဲမွေး၊ ပြုမိရေး၊ ဆုတ်ရှေး ပါစိတ္တိ။ မွေးသောလဲကို ဆုတ်ခွါဖျက်ဆီးပြီးမှ အာပတ်ကို ဒေသနာကြား ရမည်။ ဤညောင်စောင်း အင်းပျဉ်တို့၌ ရှည်သော အခြေကို တိုအောင် ဖြတ်မှု မွေးသောလဲကို ဆုတ်ခွါမှုကိုပြု၍ အာပတ်ကို ဒေသနာကြားပြီး သော် ထိုရဟန်းကား မသုံးဆောင်ရ။ ၃၀၅။ မိုး,မာ,နိသိ၊ လွန်တုံဘိ၊ ဖြတ်ရှိ ပါစိတ်တည်း ။ နိသီဒိုင်သင်္ကန်း အမာလွှမ်းသင်္ကန်း မိုးရေခံသင်္ကန်းတို့၌ ပမာဏကို လွန်ခဲ့သည်ရှိသော် ဖြတ်ခြင်း ရှေးရှိသော ပါစိတ်တည်း။ ဖြတ်ပြီးမှ ဒေသနာကြားရသော ပါစိတ်အာပတ်မျိုး ဟူလို။ Trang79 ၃၀၆။ ဘုရားသုံးထည်၊ မှီရာဝယ်၊ ဖြတ်ပယ် ပါစိတ်တည်း။ သင်းပိုင် ကိုယ်ရုံ ဒုဂုဏ် သင်္ကန်းတို့မှာ မြတ်စွာဘုရား၏သင်းပိုင်တော် ကိုယ်ရုံတော် ဒုဂုဏ်တော်ကို မှီအောင်ပြုခဲ့သော် ဖြတ်ခြင်း ရှေးရှိသော ပါစိတ်သင့်၏။ . ။ဤသင်္ကန်း ခြောက်ထည်တို့၌ ဖြတ်၍ ဒေသနာ ကြားပြီးသော် ဗြတန် မျက်နှာကြက် စသည်ပြု၍ သုံးဆောင်ရ၏။ သုဒ္ဓပါစိတ် ပြီး၏။ ၁၉-သေခိယ ၃၀၇ ။ ဝတ်ရုံ နှစ်ဖြာ၊ ဝန်းညီစွာနှင့်၊ ရွာမှာကြုံတောင်း၊ ကောင်းစွာ ဖုံးလွှမ်း၊ မယမ်း ခြေလက်၊ မျက်လွှာ လည်းချ၊ ခါးမှ ထက်ရောက်၊ မမြှောက် ကိုယ်ရုံ၊ ဆယ်ပါးတုံ၊ လုံစေ အသီးသီး။ ဝတ်ရုံနှစ်ဖြာ၊ ပန်းညီစွာ-ဆိုသည်ကား သင်းပိုင်ကို အဝန်းညီစွာ ဝတ်ရမည်၊ ကိုယ်ရုံကို အဝန်းညီစွာ ရုံရမည် ဆိုလိုသည်။ ဤ၌ သင်းပိုင် ဝတ်သောအခါ အထက်၌ ချက်အဝန်း အောက်၌ ပုဆစ်ဒူးဝန်းကို ဖုံးမိအောင် ဝတ်ရမည်။ ပုဆစ်ဒူးဝန်းမှအောက်၌ လက်ရှစ်သစ်ခန့်ချ၍ ဝတ်ရမည်ဟု လာ၏။ ။လက်ကန်တော့ တင်သော ကိုယ်ရုံကို ရုံသော အခါ အစွန်းနှစ်ခုတို့ကို ညီမျှအောင်ပြု၍ ရုံရမည်ဟုလာ၏။အချို့ဆရာ တို့ကား အောက်အစွန်း နှစ်ခုကို ယူကြ၏။ အချို့ဆရာတို့ကား အထက် အစွန်းနှစ်ခုကို ညီစွာပြု၍ လိပ်၍ လက်ဝဲလက်တင်၍ ရုံသည်ကို ယူကြ၏။ ဝိနိစ္ဆယဋီကာ၌ကား ရင်အပြင် ကျောက်ကုန်း အပြင် နှစ်ဘက်၌ ကျသော အစွန်းနှစ်ဘက်ကို ဘွင့်ဆို၏။ “ဥဘော ကဏ္ဏေ သမံ ကတွာ” ဟူသော ပါဌ်၏ ပြန်ဘက်ဖြစ်သော “ပုရတောဝါ ပစ္ဆတောဝါ ဩလမ္ဗေန္တော ပါရုပတိ”ဟူသောပါဠိနှင့် ဝိနိစ္ဆယဋီကာ ညီသကဲ့သို့ရှိ၏။ သင်းပိုင်ဝတ်မှု၌ “နာဘိမဏ္ဍလံ ဇာဏုမဏ္ဍလံ ပဋိစ္ဆာဒေန္တေန ဟူသော ပါဠိဖြင့် သင်းပိုင်ဝတ်မှုဖြင့် လုံခြုံစေထိုက်သော ကိုယ်အစိတ်ကို Trang80 လုံခြုံစေမှုကို ပြ၏။ “ပုရတော ဝါ ပစ္ဆတော ဝါ ဩလမ္ဗေန္တော နိဝါသေတိ”ဟူသော ပါဠိဖြင့် အာပတ်ဝတ္ထုကို ပြ၏။ ဤပါဠိဖြင့် သလုံး မြင်းခေါင်း၌ ဝဲ ယာ နောက် ရှေ့ ဝန်းဝိုင်း၍ကျသော သင်္ကန်း၊ အနား စွန်းချင်း မညီမညာရှိလျှင်သာ အာပတ်သင့်၏။ ညီညာလျှိုရှိလျှင် အပြစ် မရှိဟု သိအပ်၏။ ကိုယ်ရုံ ရုံမှု၌လည်း ဥဘော ကဏ္ဏေ သမံ ကတွာ” ဖြင့် ဝတ်ရုံ ရသော အစီအရင်ကို ပြ၏။ ။“ပုရတော ဝါ ပစ္ဆတော ဝါ ဩလမ္ဗေန္တော နိဝါသေတိ”ဖြင့် အာပတ် ဝတ္ထုကို ပြ၏။ ဤပါဠိဖြင့် သင်းပိုင် ဝတ်မှု၌ ပြဆိုခဲ့သည့်အတိုင်း အောက်၌ ကျသော သင်္ကန်း အနားစွန်းချင်း မညီမညာရှိလျှင်သာ အာပတ်သင့်၏။ ညီညာလို့ရှိလျှင် မသင့်ဟု သိအပ်၏။ ဤဝတ်မှုရုံမှု နှစ်ပါးတို့၌ ဝတ်ခြင်း ရုံခြင်းကို ပြသောအခါ၌ သိက္ခာ ပုဒ်ကို ရိုသေသောစိတ်ဖြင့် ပရိမဏ္ဍလ ဖြစ်အောင် ကြည့်ရှု၍ မဝတ်မရုံ လျှင်သာ အာပတ်။ ကြည့်ရှု၍ဝတ်ရုံပြီးနောက် မညီမညွတ်ဖြစ်၍ သွား သော်လည်း အာပတ် မရှိ။ ဘုရား စေတီရှေ့ ဆရာသမား ထေရ်ကြီး ဝါကြီးများရှေ့ သံဃာတော် အစည်းအဝေးရှိရာ ရွာတွင်းသို့ဝင်သော အခါတို့၌ကား မညီမညွတ်ရှိခဲ့လျှင် ပြင်ဆင်၍ဝတ်ရုံခြင်းသည် အထူး သင့်မြတ်၏။ထိုကြောင့် ဥပုသ်ကံ ပဝါရဏာကံ ထိုထိုသံဃကံ အစည်း အဝေးတို့၌ “ဧကံသံ စီဝရံ ကတွာ ဥက္ကုဋိကံ နိသီဒိ” ဟူ၍၎င်း၊ ရွာတွင်းဝင်မှုတို့၌ “အန္တရဝါသကံ နိဝါသေတွာ”ဟူ၍၎င်း ပြင်ဆင်၍ ဝတ်ရုံမှုများသည် ထင်ရှားစွာလာရှိပေသတည်း။“ဗုဒ္ဓုပဋ္ဌာနာဒိ ကာလံ သန္ဓာယ ဝုတ္တံ”ဟူသော ဋီကာများ၌လည်း ဤအဓိပ္ပါယ်ကိုယူ။ ဗုဒ္ဓု ပဋ္ဌာန ထေရုပဌာန သံဃသန္နိပါတမှတပါး အလွတ်နေရာတို့မှာ ဝတ်ရုံ မှုကို ပြုသောအခါ၌ ပညီမညွတ် ဝတ်ချင်တတ်တိုင်း ဝတ်ရုံအပ်၏ဟု မယူလင့်။ ရွာမှာကြုံတောင်း၊ ကောင်းစွာဖုံးလွှမ်း ဆိုသည်ကား ရွာတွင်းသို့ သွားမည် ရွာတွင်း၌ နေထိုင်မည်ရှိရာ၌ သုပ္ပဋိစ္ဆန္န ကိစ္စဖြင့် ရုံမှုကို ဆိုသ တည်း ။ ။ လည်ပင်းကိုဖုံးခြင်း, လက်လိပ်ကို ဖြေ၍ လက်ကောက်ဝတ် Trang81 တိုင်အောင်ဖုံးခြင်း,ကပတ်သီးတပ်ခြင်းတို့ကိုပြု၍ ရွာတွင်းသို့သွားရာ၏။ ထိုင်သော အခါ၌ ဦးခေါင်း အင်္ဂါကို၎င်း, လက်ကောက်ဝတ်မှ စ၍ လက်ဝါး အင်္ဂါကို၎င်း, သလုံးသားမှ အောက်ဖြစ်သော ခြေအင်္ဂါတို့ကို ၎င်း ထုတ်ဘော်၍ ကြွင်းသော ကိုယ်အင်္ဂါအလုံးကို ဖုံး၍နေရမည်ဟု လာ၏။ ဤသုပ္ပဋိစ္ဆန္နကိစ္စ၌ “ကာယံ ဝိဝရိတွာ အန္တရဃရေ ဂစ္ဆတိ နိသီ ဒတိ”ဟူ၍ ပါဠိတော်၌ လာသောကြောင့် ကိုယ်အင်္ဂါကို ဘွင့်ခြင်းသည် သာ အာပတ်ဝတ္ထုဖြစ်၏။ လက်ခြေအင်္ဂါကို ဘွင့်သော်လည်း အာပတ် ဝတ္ထု မဟုတ်ဟုမှတ်။ မယမ်းခြေလက် ဆိုသည်ကား ရွာတွင်း၌ သွားလာ နေထိုင်သော အခါ၌ လက်ခြေတို့ကို ထိန်းသိမ်းသော သတိမရှိဘဲ ပေါက်လွှတ်ထား သဖြင့် လက်ခြေကစား လှုပ်ရှားခြင်း ထိုင်နေသောအခါ၌ လက်ခြေ မငြိမ်သက်ခြင်းတို့ကို မပြုရာ။ ။မျက်လွှာမှာ ရှေ့သို့ လေးတောင်ခန့် အတွင်း၌သာ စိုက်၍ ကြည့်ရှုရာသည်။ ကိုယ်ရုံသင်္ကန်းကို ခါးမှအထက်သို့ ပင့်မြှောက်ခြင်းကို မပြုရ။ ပရိမဏ္ဍလဝဂ်ပြီး၏။ ၃ဝဂ။ ပြောသံမကျယ်၊ ရှယ်သံမထွက်၊ ကိုယ်လက်ဦးခေါင်း၊ မလှုပ်ရှောင်း၊ ကောင်းစွာ ချီစောင့်စည်း။ စကားသံကို ကျယ်စွာလွှတ်၍မပြောရ၊ တဆဲ့နှစ်တောင်ခန့်သာ အသံ ထွက်စေရမည်။ တရားဟောမှု၌ကား တရားနာသူရှိသမျှ ကြားနိုင်ကြရန် အသံလွှတ်ရ၏။ ။ ရယ်ခွင့် ရှိသော်လည်း ပြုံးရုံမျှ ပြုံးရသည်။ အသံ ထွက်အောင် မရယ်ရ။ ကိုယ်အင်္ဂါ လက်မောင်းအင်္ဂါ ဦးခေါင်းအင်္ဂါ တို့ကို တောင့်တင်းစွာပြု၍ ထားရမည်။ ငိုက်မျည်းသောသူကဲ့သို့ ရော့ရဲ စွာ လွှတ်ပုံ၍ တိမ်းတီးတိမ်းပါး မထားရ။ ရွာတွင်း၌ သွားခြင်း ထိုင်နေ ခြင်း နှစ်ပါးစီ ယူလေ။ ဥဇ္ဇတ္ထိကဝဂ် ပြီး၏။ Trang82 ဓါးထောက်,ခေါင်းခြုံ၊နင်းတုံ ခြေစွန်၊ နှစ်တန်ဒူးဗန်း၊ ဆွမ်းခံ ရိုသေ၊ မလေ ငြိမ်စိဟ်၊ သပိတ်မှာထား၊ ဟင်း အား မျှရှုံ၊ ညီတုံ နားရေး၊ သတိရှေး၊ ကျင့်ရေး ဆယ် မျိုးတည်း။ ခါး၌ လက်ထောက်ခြင်း ဦးခေါင်းခြုံခြင်း မြေ၌ ခြေဘဝါးကို အညီအမျှမနင်းမူ၍ ဘနောင့်နှင့်သော်၎င်း၊ခြေဖျားနှင့်သော်၎င်း၊ ဘဝါး စောင်းနှင့်သော်၎င်း နင်းခြင်းများကို မပြုရ။ နှစ်တန် ဒူးဗန်းဆိုသည် ကား လက်နှစ်ဘက်ကို ဆက်၍ ဒူးနှစ်ဘက်ကို ပွေ့ပိုက်၍ ထိုင်ခြင်း သင်္ကန်းဖြင့် ဒူးနှစ်ဘက်ကို ပွေ့ပိုက်၍ ထိုင်ခြင်းကို ဆိုသည်။ လက် အာယောဂပဋ်ဘွဲ့ခြင်း၊ ပုဆိုးအာယောဂပဋ် ဘွဲ့ခြင်းခေါ်သည်။ ဆွမ်းခံ ရိုသေဆိုသည်ကား လောင်းသောဆွမ်းကို မခံလိုဘိသကဲ့သို့ လောင်းဆဲ အခါ၌ ပေါ့စီပေါ့စားမပြုမူ၍ ဆင်းရဲစွာသော ယောက်ျားအား ရွှေငွေ ရတနာကို ပေးလာသော် မဘိတ်မယိုစေဘဲ ရိုသေစွာ ခံဘိသကဲ့သို့ ခံရ မည် ဟူလိုသည်။ ။မလေ ငြိမ်စိတ်၊ သပိတ်မှာထား ဆိုသည်ကား ဆွမ်းလောင်းသော အခါ၌ တခြားတပါးသို့ မကြည့်မရှု၊ တခြားတပါး သို့ စိတ်မသွား၍ တည်ငြိမ်သောစိတ်ကို သပိတ်၌ စိုက်ထား၍ လောင်းမှု ပြီးမှုကို အာရုံပြု၍ ဂရုစိုက်ရမည်ဆိုလိုသည်။ ။ဟင်းအားမျှရုံ ဆိုသည် ကား ပဲဟင်းတို့ကို ဆွမ်း၏ လေးဘို့ တဘို့ထက်ပိုမို၍ မခံရ။ ဆွမ်းနှင့် မျှလောက်ရုံ လေးဘို့တဘို့ခန့်မျှ ခံရမည် ဆိုလိုသည်။ ။ညီတုံနားရေး ဆိုသည်ကား သပိတ်နခမ်းနှင့် ညီမျှရုံသာ ခံရမည်။ မိုမောက်အောင် မခံရ။ ခမ္ဘကတဝဂ်ပြီး၏။ ၃၁၀။ ရိုသေ ဆွမ်းစား၊ စိတ်ထားခွက်တွင်၊ အစဉ်ယူလျှင်း၊ ဟင်းအားမျှချိန်၊ မနှိမ်ဆွမ်းဦး၊ အထူးများလို၊ ဟင်းကို မဝှက်၊ကျန်းမာလျက်နှင့်၊သက်သက်ကိုယ့်ဘို့၊တောင်းလို့ မစား၊သပိတ်များကို၊စိတ်ထားမကောင်း၊ ကဲ့ရဲကြောင်း နှင့်၊ စောင်း၍မရှု၊ ဒေါင်းဥနှယ်မှီး၊ မကြီးမရှည်၊ဝန်းညီ Trang83 ဆွမ်းလုပ်၊ သရုပ် ဆယ်ပါး၊ သိက္ခာများ၊ မှတ်သား ကျင့်ဘို့တည်း ။ ရိုသေဆွမ်းစား ဆိုသည်ကား မစားလိုဘိသကဲ့သို့ မပြုမူ၍ နတ် သုဓာဘုတ်ကို စားဘိသကဲ့သို့ ရိုသေစွာ စားရမည်။ ။စိတ်ထား ခွက်တွင် ဆိုသည်ကား တပါးတခြားကို မော့၍ မစားရ၊ ဆွမ်စားခွက် ဆွမ်းစားပန်းကန် ဆွမ်းစားသပိတ်၌ စိတ်ကို ငြိမ်သက်စွာ ကြည့်ရှု စိုက် ထား၍ စားရမည်ဆိုလိုသည်။ ။အစဉ်ယူလျှင်း ဆိုသည်ကား ဆွမ်းကို တလုပ်တနေရာ မယူမူ၍ ယူမိရာက အစဉ်အတိုင်းယူ၍ စားရမည် ဆိုလို သည်။ ။ဟင်းအားမျှချိန် ဆိုသည်ကား ပဲဟင်းကို ဆွမ်းလေးဘို့တဘို့ ထက် ပိုမို၍မစားရ၊ လေးဘို့တဘို့မျှနှိုင်းချိန်၍ စားရမည် ဟူလိုသည်။ ။ မနှိမ်ဆွမ်းဦး ဆိုသည်ကား သပိတ်၌ တည်ရှိသောဆွမ်းကို အလယ် တည့်တည့်က ဖြိုနှိမ်၍ မစားရ။ အစွန်းအနားကစ၍ စားရမည် ဆိုလို သည်။ ။ပဲဟင်း စမဲဟင်းလျာတို့ကို များများ လိုက်စေလို လောင်း စေလို၍ ဆွမ်းနှင့်ဖုံးဖွက်၍ မထားရ။ ။ကျန်းမာလျက်နှင့် ဆွမ်းပဲဟင်း စမဲဟင်းလျာတို့ကို ကိုယ့်ဘို့တောင်း၍ မစားရ။ ။ အတူဆွမ်းစား၍ နေကြစဉ် ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတပါးတို့၏ သပိတ်ကို မကြည့်ရ။ ။ ဥဒေါင်းဥမျှကြီးသော ဆွမ်းလုပ်ကိုလည်းမပြုရ။ ။ရှည်လည်း မရှည်စေ မူ၍ အဝန်းညီစွာပြု၍ စားရမည်။ သက္ကစ္စဝဂ် ပြိး၏။ ၃၁၁။ ဆွမ်းလုပ်မလာ၊ တင်ကာဘွင့်ခြင်း၊ ခံတွင်းလက်ထည့်၊ ဆွမ်းပြည့်လျက်သား၊ စကားပြောဆို၊ ဆွမ်းကိုမြှောက် လတ်၊ဆွမ်းလုပ်ဖြတ်ငြား၊ပါးစောင်ထားနှင့်၊ လက်ဖျား တွက်ကာ၊ ဆွမ်းကြဲကာတည့်၊ လျှာကို ထုတ်လတ်၊ တစပ်စပ်၊ မအပ်ကြဉ်ရှောင်ရေး ။ တစပ်စပ် ခံကွင်းဝသို ဆွမ်းလုပ်မရောက်မီ တင်၍ ခံတွင်းကို ဘွင့်မှု, ဆွမ်း လုပ်ကို ခွန့်သောအခါ လက်ပါခံတွင်းသို သွင်းမှု့ ခံတွင်း၌ စကားမပြီသ လောက်အောင် ဆွမ်းပြည့်၍နေစဉ် စကားပြောမှု့, ဆွမ်းခဲကို မြှောက် Trang84 ကြဲမှု့လက်၌တည်ရှိသော ဆွမ်းလုပ်တခုကို သွားဖြင့် ကိုက်ဖြတ်၍ စားမှု့ ဆွမ်းကို ပါးစောင်၌ထား၍ စားမှု့, ဆွမ်းကပ်သော လက်ချောင်းတို့ကို ခါတွက်၍ စားမှု့ ဆွမ်းလုံးတို့ကို ဆွမ်းစားရာဌာန၌ ပစ်ကြဲ၍စားမှု လျှာကိုထုတ်၍ ဆွမ်းလုပ်ကိုခံမှု့ စပ်စပ်စပ်စပ် အသံပြု၍ စားမှု၊ ဤ ဆယ်ခုကို မပြုအပ်။ ကဗဠဝဂ် ပြီး၏။ ၃၁၂။ မြည်သံရှုပ်ရှုပ်၊ နှုတ်သပိတ်လက်၊လျက်၍တခန်း၊ ဆွမ်းရှိ လက်နှင့်၊ ရေခွက်ကိုင်ထွေ၊ ဆွမ်းရှိရေကို သွန်လေ အိမ်ကြား၊ ထီး, ဒါး တောင်ဝှေး၊ လေးလက်ရှိအား၊ တရားဟောမှု၊ ဤဆယ်ခု၊ မပြုကြဉ်ရှောင်ရေး။ ရှုပ်ရှုပ်ဟူသောအသံ, ရှူရှူးဟူသော အသံကို ပြု၍ မစားအပ်။ နှုတ် ခမ်းကို လျှာနှင့်လျက်မှု, သပိတ်ကို လက်နှင့်ယက်မှု, လက်ဝါး၌ကပ်သော အာမိသကို လျှာနှင့်လျက်မှု့, ဆွမ်းအာမိသ ရှိသော လက်နှင့်ရေခွက် ရေဖလားကို ကိုင်မှု့ ဆွမ်းလုံးရှိသော သပိတ်ဆေးရည်ကို အိမ်ကြို အိမ်ကြား ဆွမ်းစားရာဌာန၌ သွန်မှု့, လက်၌ ထီးကိုင်လျက်ရှိသောသူ့ ဒါးသန်လျက် သေနတ် လက်နက် ကိုင်လျက် ရှိသောသူ့, မဇ္ဈိမပိုရိသ လေးတောင် ပမာဏရှိသော လှံတံတောင်ဝှေး ကိုင်လျက်ရှိသောသူ, လေးလက်နက် ကိုင်လျက်ရှိသောသူတို့အား တရားဟောမှု၊ ဤဆယ်ပါး တို့ကိုလည်း မပြုအပ်။ သုရုသုရုဝဂ် ပြီး၏။ ၃၁၃။ ခြေနင်း, ဘိနပ်၊ ယာဉ်စီးလတ်ထွေ၊ အိပ်လျက်နေနှင့်၊ ဘွဲ့နေဒူးနှစ်၊ ဦးရစ်, ခေါင်းမြီး၊ မြေကြီးနေရာ၊ နိမ့်မြင့် ရာဆိုင်၊ ရုပ်ထိုင်နှစ်ပါး၊ နောက်ရှေ့သွားပြီး၊ ခရီးမဲ့ရှိ၊ မနာဘိလျက်၊ ပါဠိဟောလတ်၊ မတ်တတ် နှစ်ကြဉ်၊ သစ်ပင်, မြက်, ရေ၊ နှစ်ထွေ ကြဉ်ရေး၊ နှပ်တံထွေးမှု၊ ဆဲ့ငါးခု၊ မပြုရှောင်ကြဉ်ရေး။ Trang85 အသီးမတပ်သော ခြေနင်းစီးလျက် ရှိသောသူ, အသီးတပ်သော ဘိနပ်စီးးလျက် ရှိသောသူ, ယာဉ်စီးလျက် ရှိသောသူ့ အိပ်ရာ၌အိပ်လျက် နေသောသူ,လက်နှင့်၎င်း, ပုဆိုးနှင့်၎င်း ဒူးပိုက်၍နေသောသူ့ ဆံစွန်းမျှ မပေါ်ရအောင် ခေါင်းအုံးလုပ်၍ ဦးထုပ် ဦးရစ် ပေါင်းသောသူ, ခေါင်းမြီးခြုံသောသူ, ဤသူများကိုလည်း အနာရောဂါရှိခိုက် မဟုတ် ကြသောအခါ၌ တရားမဟောအပ်။ မြေကြီး၌နေလျက် ဖျာ,ရိုင် သင်ဖြူးစသောနေရာ၌ နေသောသူအား တရားမဟောအပ်။ နိမ့်ရာ၌နေလျက် မြင့်ရာ၌နေသောသူအား မဟော အပ်။ မတ်တတ်ရပ်လျက် ထိုင်၍နေသောသူအား မဟောအပ်။ရှေ့နောက် သွား၍ နေကြရာ၌ နောက်နေသော ရဟန်းသည် ရှေ့သွားသောသူအား မဟောအပ်။ ခရီးမဲ့ရှိဆိုသည်ကား ခရီးမဲ့သောသူ, ခရီးရှိသောသူ ဆိုလိုလည်။ လမ်း ခရီးမှ အပ၌နေသော ရဟန်းသည် လမ်းခရီး၌ နေသောသူအား မဟော အပ်။မနာလိုလျက်ဆိုသည်ကား ပြဆိုခဲ့ပြီးသော သူတို့အား အနာရောဂါ ရှိခိုက် ဖြစ်ကြလျှင် ဟောအပ်၏ ဟူလို။ ပါဠိတရား ဆိုသည်ကား မဟာဝါအဋ္ဌကထာနှင့်တကွသော ပိဋကတ် သုံးပုံ ပါဠိဘာသာတရားကိုသာ ဟောခဲ့လျှင် အာပတ်သင့်သည်။မြန်မာ စကား ဘာသာတပါးနှင့် ဟောလျှင် အာပတ်မသင့်။ အာပတ်မသင့် သော်လည်း ဟောခြင်းငှာ မလျော်။ မတ်တတ်နှစ်ကြဉ် ဆိုသည်ကား ပကတိကျန်းမာလျက် ကျင်ကြီး ကျင်ငယ်နှစ်ပါးကို မတ်တတ်ရပ်လျက် မစွန့်အပ်။ သစ်ပင် မြက်, ရေ၊ နှစ်ထွေကြဉ်ရေး၊ နှပ်တံထွေး ဆိုသည်ကား စိမ်းရှင်သော သစ်ပင် သစ်ခက်ပေါ်တို့၌၎င်း၊ စိမ်းရှင်သော ကောက်ပဲ မြက်ပင်စသည်တို့၌၎င်း၊ သောက်မှု ချိုးမှု _ ဆေးကြောမှုတို့ဖြင့် လူတို အသုံးပြုကြသော ကန်ရေ တွင်းရေ အင်းရေ အိုင်ရေ ချောင်းရေ မြောင်းရေတို့၌၎င်း ကျင်ကြီး ကျင်ငယ် စွန့်ရေး၊ နှပ် တံထွေး စွန့်ရေး များကို မပြုအပ်။ ( ပါဒုကဝဂ် ပြီး၏ ) ။ သေခိယ ပြီး၏။ Trang86 ၂၀-သမုဋ္ဌာနာဒိ ၃၁၄။ ကိုယ်, နှုတ်,၊ ကိုယ်နှုတ်၊ စိတ်ယှဉ်ထုတ်၊ သမုတ်ဋ္ဌာန် ခြောက်ပါး။ ကာယော, ဝါစာ, ကာယဝါစာ, ကာယစိတ္တံ့ ဝါစာစိတ္တံ့ ကာယ ၀ါစာစိတ္တံ-ဟူ၍ အာပတ်ကို ဖြစ်စေတတ်သော သမုဋ္ဌာန် ခြောက်ပါး လာ၏။ ။ကိုယ်အမူအရာ သက်သက်နှင့် သင့်သော အာပတ်, နှုတ် အမှုအရာ သက်သက်နှင့် သင့်သော အာပတ်, ကိုယ်နှုတ် နှစ်ပါးနှင့် သင့်သော အာပတ်၊ ဤသုံးပါးကား အစိတ္တက အာပတ်မျိုးတည်း။ စိတ်ယှဉ်ထုတ် ဆိုသည်ကား ထိုသုံးပါးကို စိတ်နှင့်ယှဉ်၍ ထုတ်ဘော် ပြန်သော် သုံးပါးပွားပြန်၏။ ခြောက်ပါးဖြစ်၏။ ၃၁၅။ ပြုမပြုနှင့်၊နှစ်ခုအစုံ၊ မပြုတုံနှင့်၊ ပြုတုံရံခါ၊ ပြုခါသင့်မှု၊ ပြုမပြု၊ ငါးခုကြိပြား။ ကိုယ်နှုတ် အမူအယာကိုပြု၍ သင့်သော အာပတ် မပြု၍ သင့်သော အာပတ်, ပြုမပြု နှစ်ပါးစုံ၍ သင့်သော အာပတ်, ရံခါပြု၍သင့်သည် ရံခါမပြု၍ သင့်သည်ဟု နှစ်မျိုးရှိသော အာပတ်, ရံခါပြု၍ သင့်သည် ရံခါမပြု နှစ်ပါးစုံ၍ သင့်သည်ဟု နှစ်မျိုးရှိသော အာပတ်ဟူ၍ ကြိယာအပြားအားဖြင့် ငါးပါးရှိ၏။ ၃၁၆။ သညာမောက္ခ၊ နောမောက္ခ၊ ဒ္ဓယ သညာပြား။ ထိုအမှုကို ပြုလိုသောစိတ်မရှိလျှင် ပြုမိသော်လည်း အာပတ်လွတ်၏။ သညာဝိမောက္ခတည်း၊ ထိုအမှုကို ပြုလိုသောစိတ် မရှိသော်လည်း ပြုမိ လျှင် အာပတ်မလွှတ်။ နောသညာဝိမောက္ခတည်း၊ဤသို့ သညာအပြား အားဖြင့် နှစ်ပါးရှိ၏။ ၃၁၇။ လောကဝဇ္ဇ၊ ပဏ္ဏတ္တိဝဇ္ဇ၊သစိတ္တက၊ အစိတ္တက၊ ဤနှစ်ဝ၊ ဝဇ္ဇစိတ္တပြား။ လောကဝဇ္ဇ အာပတ်, ပဏ္ဏတ္တိဝဇ္ဇ အာပတ်, သစိတ္တက အာပတ်, အစိတ္တက အာပတ်-ဟူ၍ ဝဇ္ဇအပြား အားဖြင့် နှစ်ပါး၊ စိတ္တ အပြား အားဖြင့် နှစ်ပါးရှိ၏။ ပါရာဇိက အာပတ် စသည်ကဲ့သို့ အကုသိုလ်စိတ် နှင့်ပြုမှ သင့်သော အာပတ်မျိုးသည် လောကဝဇ္ဇ အာပတ်မျိုး မည်၏။ Trang87 သဟသေယျအာပတ် စသည်ကဲ့သို့ ဘုရားပညတ်၍သာ အပြစ်အာပတ် ဖြစ်ရသော အာပတ်မျိုးသည် ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးမည်၏။ သညာ ဝိမောက္ခမျိုးသည် သစိတ္တက အာပတ်မျိုး မည်၏။ နေသညာ ဝိမောက္ခ မျိုးသည် အစိတ္တကအာပတ်မျိုးမည်၏။ ။အကျယ်ကို အဋ္ဌကထာမှာ ယူလေ။ သမုဋ္ဌာန် ကြိယာ သညာ ဝဇ္ဇ စိတ္တ အပြား ပြီး၏။ ၂ ၁-အဓိကရုဏ်း လေးပါးအမြွက် ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိစ္စာမိ ကရုဏ်း ။ ။ အဓိကရုဏ်း လေးပါး ဆောင်ပုဒ်။ ၃၁ဂ။ ဝိဝါ,နုဝါ၊ အာပတ္တာ၊ ကိစ္စာဓိကရ။ ။သိသာပြီ။ ၃၁၉။ ဓမ္မာဓမ္မ၊ စသည်အစုံ၊ ငြင်းခုံဖြစ်ပွား၊ ဆဲ့ရှစ်ပါး၊ မှတ် သား ဝိဝါဒ။ ၃၂၀။ ဓမ္မဝိနယ၊ ဘာသိတ၊ စိဏ္ဏပညတ္တံ။ ၃၂၁။ အာပတ်, ဂရုက၊ ဒုဠုလ္လ၊ သာဝသေသမှန်။ ၃၂၂။ ပဋိပက္ခ၊ ပွားတုံက၊ ဝါဒ ဆဲ့ရှစ်တန်။ ဓမ္မဝိနယ, ဘာသိတ,အာစိဏ္ဏပညတ္တ အာပတ္တိ,ဂရုက, သာဝသေသ, ဒုဠုလ္လ။ ။ဤကိုးပါးကို မူတည်ပြီးလျှင် ပဋိပက္ခ အစုပြု၍ ပွားသည် ရှိသော် ဝိဝါဒဝတ္ထု တဆဲ့ရှစ်ပါးဖြစ်၏။ ။ဓမ္မ,အဓမ္မ, ဝိနယ,အဝိနယ, ဘာသိတ, အဘာသိတ, အာစိဏ္ဏ, အနာစိဏ္ဏ, ပညတ္တ, အပညတ္တ, အနာ ပတ္တိ အာပတ္တိ ဂရုက, လဟုက, သာဝသေသ, အနဝသေသ,ဒုဠုလ အဒုဠုလ္လ။ ။တခုသောအမှုကို တဦးက ဓမ္မဟူ၍ ဆို၏။ တရားလမ်းမှန် ဖြစ်၏ဟု ဆိုလိုသည်။ တဦးက အဓမ္မဟူ၍ဆို၏။ တရားလမ်းမှန်မဟုတ် ဆိုလိုသည်။ ဝိဝါဒ ဖြစ်ကြ၏။ အကြွင်း ရှစ်စုံတို့၌လည်း ဤနည်းတူ။ ၃၂၃။ စောဒနာမှု၊ စွပ်စွဲမှု၊ အနုဝါဒတည်း။ ၃၂၄။ ဝါသံတုပါ၊ ဒုက်, ဒုဗ်,ပါ၊ သတ္တာနုဝါဒ။ Trang88 ရဟန်း အချင်းချင်း အာပတ်ဖြင့် စောဒနာမှု စွပ်စွဲမှုကို အနုဝါဒါ ဓိကရုဏ်းခေါ်သည်။ ။ ပါရာဇိက, သံဃာဒိသိသ်, ထုလ္လစ္စဉ်း, ပါစိတ်, ဒုက္ကဋ်, ဒုဗ္ဘာသိ, ပါဋိဒေသနီ၊ ဤအာပတ် ခုနစ်ပုံကို အနုဝါဒ ဝတ္ထု ခုနစ်ပါး ခေါ်သည်။ ၃၂၅။ အာပတ်ခုနစ်ဖြာ၊ သင့်တုံလာ၊ အာပတ္တာဓိတည်း။ ရဟန်းတို့၌ အာပတ်ခုနစ်ပုံတို့တွင် တခုခုသော အာပတ် သင့်မှုကို အာပတ္တာဓိကရုဏ်း ခေါ်သည်။ ၃၂၆။ ဉတ္တိသုံးတန်၊ ပလောကန်၊ လေးတန်ကိစ္စာဓိ။ အပလောကနကံ, ဉတ္တိကံ, ဉတ္တိဒုတိယကံ, ဉတ္တိစတုတ္ထကံ၊ ဤကံ လေးမျိုးကို ကိစ္စာဓိကရုဏ်း ခေါ်သည်။ အဓိကရုဏ်းလေးပါးအမြွက်ပြီး၏။ ၂ ၂ -သမထခုနစ်ပါး ၃၂၇။ သမ္မု,သတိ၊ အမုဠိ၊ ပဋိ, ယေဘုယျ ။ ၃၂၈။ ပါပိသိက၊ တိဏဝတ္ထာ၊ ခုနစ်ဖြာ၊ ငြိမ်းငှာ သမထ။ သမ္မုခါဝိနယ,သတိဝိနယ, အမုဠဝိနယ, ပဋိညာတကရဏ, ယေဘုယျ သိက,တဿပါပိယသိက,တိဏဝတ္ထာရက။ဤကား အဓိကရုဏ်း လေးပါး တို့ကို ပြေငြိမ်းစေနိုင်သော သမထကြီးခုနစ်ပါးတည်း။ ၃၂၉။ ခန္ဓကမှာ၊ အကျယ်သာ၊ ဤမှာအကျဉ်းမျှ၊ (သိသာပြီ) ။ သမထခုနစ်ပါးပြီး၏။ ၂ ၃ - ပါရာဇိကအာပတ်ကုစားနည်း ၃ ၃၀။ ပါရာဇိက၊ သင့်တုံက၊ ကုသလမ်းမရှိ။ ။ (သိသာပြီ) ။ ၃၃၁။ လူသာမဏေ၊ လုပ်၍နေ၊ စင်လေ အာပတ္တိ။ ။ (သိသာပြီ) ။ ၃၃၂။ ဈာန်, မဂ် အန္တရာယ်၊ မငြိတွယ်၊ စင်ကြယ် ဝိသုဒ္ဓိ ။ (သိသာပြီ) ။ Trang89 ၃၃၃။ မပျော်ဘဲ၊ လူးလဲ ခံကာ၊ မနေရာ၊ သိက္ခာ ချလေဘိ။ သာသနာတော်၌ ဂန္ထဓုရ ဝိပဿနာဓုရ ဟူ၍ ဓုရ နှစ်ပါး ရှိ၏။ စာပေကျမ်းဂန်မှုသည် ဂန္ထဓုရ မည်၏။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း မှုသည် ဝိပဿနာ ဓုရ မည်၏။ သာသနာတော်၌ ရဟန်းဖြစ်သောသူသည် ဓုရနှစ်ပါးတွင် တပါးပါးသောဓုရ၌ ပျော်မွေ့ရာ၏။ တပါးပါးသော ဓုရ၌ မပျော်မွေ့ဘဲ သက်မွေးဝမ်းကျောင်းမျှနှင့် ကိစ္စကုန်၍ သိက္ခာသီလ နည်းပါး စတုပစ္စယတဏှာ လွန်ကဲလျက် အလူးအလဲ ခံကာ မနေရာ၊ သိက္ခာချ၍ လူထွက်ရာ၏။ ၃၃၄။ သိက္ခာတင်က၊ ပဉ္စင်္ဂ၊ချမှုဆဋ္ဌင်္ဂါ။ ရဟန်းဖြစ်ရန် သိက္ခာတင်သောအခါ၌ ဝတ္ထုသမ္ပတ္တိ, ဉတ္တိသမ္ပတ္တိ ကမ္မဝါစာသမ္ပတ္တိ, သီမာသမ္ပတ္တိ, ပရိသာသမ္ပတ္တိ ဟူသော သမ္ပတ္တိ အင်္ဂါ ငါးပါးနှင့်ပြည့်စုံလျှင် ရဟန်းဖြစ်၏။ လူဖြစ်လို၍ တင်ပြီးသောသိက္ခာကို ချသောအခါ၌မူကား အင်္ဂါခြောက်ပါးစုံလင်မှ ကျ၏။ ၃၃၅။ စိတ်,ခေတ်ကာလ၊ပယောဂ၊ဇာန,ပုဂ္ဂလာ။ ။အင်္ဂါ ခြောက်ပါးတည်း။ ၃၃၆။ ချလိုစိတ်သန်၊ ခေတ်ပုဒ်မှန်၊ပစ္စုပ္ပန်နှင့်သာ။ ခြောက်ပါး အကျယ်။ ။အင်္ဂါ ၃၃၇ ။ ဝစီ မြွက်ဆို၊ လူပုဂ္ဂိုလ်၊ ဆိုခြင်း သိမှသာ။ ။အင်္ဂါ ခြောက်ပါး အကျယ်။ ၁-သိက္ခာချလိုသော စိတ်ရှိသည်လည်း ဖြစ်စေ။ ၂-ဗုဒ္ဓံ ပစ္စက္ခာမိ အစရှိသော သိက္ခာကို ကျစေနိုင်သော ခေတ်ပုဒ် လည်း မှန်စေ။ ၃-ပစ္စုပ္ပန်ကာလနှင့် ယှဉ်သော ဝတ္တမာန် ဝိဘတ်၊ ပဉ္စမီဝိဘတ်များ လည်း ဖြစ်စေ။ ၄-မြွက်ဆိုခြင်း ဝစီပယောဂကို ပြုသည်လည်း ဖြစ်စေ။ ၅-နားထောင်သူကလည်း လူပုဂ္ဂိုလ် မှန်စေ။ Trang90 ၆-ထိုခေတ်ပုဒ်ကို ရွတ်ဆို၍ ဆုံးလျှင်ဆုံးခြင်း ဤသူသည် ရဟန်း သိက္ခာကို စွန့်ပါသည်တကားဟု သိသည်လည်း ဖြစ်စေ။ ဤအင်္ဂါခြောက်ပါး စုံလင်ခဲ့လျှင် ထိုခဏ၌ သိက္ခာကျလေသည်။ ။ ပစ္စုပ္ပန် ကာလဆိုရာ၌ “အလံ မေ ဗုဒ္ဓေန”စသည်ကိုလည်း သင်္ဂြိုဟ် လေ။ ။ဗုဒ္ဓံ ပစ္စက္ခာမိ၊ ဓမ္မံ ပစ္စက္ခာမိ၊သံဃံ ပစ္စက္ခာမိ၊သိက္ခံ ပစ္စက္ခာမိ” စသည်။ ။ဂိဟီတိ မံ ဓာရေဟိ၊ ဂဟဋ္ဌောတိ မံ ဓာရေဟိ၊ ဥပါ သကောတိ မံ ဓာရေဟိ၊ သာမဏေရောတိ မံ ဓာရေဟိ”စသည်။ ခေတ်ပုဒ်အများရှိသည်တွင် တခုသော ခေတ်ပုဒ်နှင့်ပင် သိက္ခာကျ၏။ ဗုဒ္ဓံ ပစ္စက္ခာမိ၊ဘုရားကိုစွန့်ပါ၏ ဆိုသော်လည်း ဘုရားကို မကိုးကွယ် လို၍ ဆိုသည်မဟုတ်။သိက္ခာကျရုံမျှ ဆိုသည်ဖြစ်၍ အကုသိုလ်မဖြစ်။ ။ သိက္ခံ ပစ္စက္ခာမိနှင့် ဂိဟီတိ မံ ဓာရေဟိ ကို ဆိုကြ၏။ ။မဆိုမီ ရှေး အဘို၌ အနက် အဓိပ္ပါယ် ကို၎င်း၊လူဖြစ်ရန် ပြုလုပ်မှုကို၎င်း သိနိုင်သော ပုဂ္ဂိုလ်ကို ရွေးချယ်၍ ထိုပုဂ္ဂိုလ်ထံ၌ ချရာ၏။ ချသောအခါ၌လည်း အကြိမ်များစွာ ရွတ်ဆို၍ချရာ၏။ဤပုဂ္ဂိုလ်ထံမှာ သုံးကြိမ် လေးကြိမ်၊ ထိုပုဂ္ဂိုလ်ထံမှာ သုံးကြိမ် လေးကြိမ်သော်လည်း ချရာ၏။ ။အင်္ဂါ ခြောက်ပါးညီညွတ်ပြီဟု စိတ်ချရမှ တန့်လေ။ သိက္ခာချပါလျက် အင်္ဂါမညီညွတ်၍ သိက္ခာမကျ ရှိနေခဲ့သော် လူ့ဘောင်သို့ ရောက်ကာလ ပါရာဇိကမှုကို ကျူးလွန်မိလျှင် ထိုအခါမှ ပါရာဇိကကျမှု ရောက်လေရာ၏။ သံဃာဒိသိသ်မှုကို ကျူးလွန်ခဲ့သော် သံဃာဒိသိသ် သင့်လေရာ၏။သတိမူကြလေကုန်။ ပါရာဇိကအာပတ်ကုစားနည်းပြီး၏။ ၂၄-သံဃာဒိသိသ်အာပတ် ကုစားနည်း ၃၃ဂ။ သင့်တုံအာပတ်၊ ပကတတ်၊ ကင်းလတ် အန္တရာယ်။ ၃၃၉။ ကြားငှာစွမ်းငြား၊ သညီပွား၊ ရှစ်ပါး သရုပ်ချယ်။ ၃၄၀။ ဖုံးလွှမ်း လိုငြား၊ ဖုံးလွှမ်းငြား၊ ဆယ်ပါး ဖုံးလွှမ်းဘွယ်။ Trang91 သညီပွား ဆိုသည်ကား အာပတ်သင့်သည်လည်း ဖြစ်စေ၊ အာပတ် သင့်ပြီဟူသော အမှတ်ရှိသည်လည်း ဖြစ်စေ၊ ဥက္ခိတ္တက ရဟန်းမဟုတ် ပကတတ်ရဟန်း မှန်သည်လည်း ဖြစ်စေ၊ ငါကား ပကတတ်ရဟန်းဘဲဟု အမှတ်ရှိသည်လည်းဖြစ်စေ၊ ထိုအခါ၌ အန္တရာယ် ဆယ်ပါး မရှိသည် လည်း ဖြစ်စေ၊ မရှိဟု သိသည်လည်းဖြစ်စေ၊ ဒေသနာကြားရန် တပါး သော ရဟန်းထံသို့ သွားနိုင် ဒေသနာ ကြားနိုင်သည်လည်း ဖြစ်စေ၊ သွားနိုင် ကြားနိုင်၏ဟု သိသည်လည်းဖြစ်စေ၊ ဤသို့ ရှေ့လေးပါးကို အမှတ်အသိနှင့် အသီးသီး ပွား၍ ရှစ်ပါးဖြစ်အောင် ဝေဘန်ရမည်။ ၎င်းရှစ်ပါးကို ဖုံးလွှမ်းလိုသော စိတ်ရှိသည်လည်း ဖြစ်စေ၊ ဒေသနာ မကြားမူ၍ အရုဏ်တက်စေသဖြင့် ဖုံးလွှမ်းသည်လည်း ဖြစ်စေ။ ဤ နှစ်ပါးကိုထည့်သော် အာပတ်ဖုံးလွှမ်းကြောင်း အင်္ဂါဆယ်ပါးဖြစ်၏။ ။ ပါရာဇိကမှတပါး ခပ်သိမ်းသော အာပတ်တို့နှင့် ဆက်ဆံသော အင်္ဂါစု ပေတည်း။ ဤအင်္ဂါ ဆယ်ပါးနှင့် ညီညွတ်စွာ ဖုံးလွှမ်းခဲ့လျှင် ခပ်သိမ်း သော အာပတ်တို၌ပင် အရုဏ်တက်သည်နှင့် တပြိုင်နက် ပဋိစ္ဆာဒန ဒုက္ကဋ် ထပ်မံ၍ သင့်၏။ ။သံဃာဒိသိသ် အာပတ်ကို ဖုံးလွှမ်းခဲ့သော် ထိုသံဃာဒိသိသ် အာပတ်သည် ပဋိစ္ဆန္နအာပတ်မည်၏ ။ ။ သံဃာဒိသိသ် အာပတ်ဟူ၍ မသိသော်လည်း ယခု ငါပြုသော အမှုသည် အာပတ် သင့်သော အမှုဖြစ်သည်ဟု ဝတ္ထုကိုသိလျက်နှင့် ဖုံးလှမ်းလျှင် ပဋိစ္ဆန္န ဖြစ်ပြီ၊ တပါးသော အာပတ်ဟု ထင်မှတ်ခဲ့သော်၎င်း၊ သံဃာဒိသိသ် ဟုတ်မည်လောဟု ယုံမှားရှိခဲ့သော်၎င်း ဖုံးလွှမ်းသော်လည်း ပဋိစ္ဆန္န မဖြစ်။ ၃၄၁။ မဖုံးလွှမ်းမူ၊မာနတ်ယူ၊ ဖုံးမူ ပရိဝါသ်။ ။ (သိသာပြီ) ။ ၃၄၂။ အပဋိစ္ဆာန်၊ပဋိစ္ဆာန်၊ နှစ်တန် မာနတ်မှတ်။ အပဋိစ္ဆန္နမာနတ်, ပဋိစ္ဆန္နမာနတ်-ဟူ၍ မာနတ်ကျင့်မှု နှစ်မျိုး ရှိ၏။ ။ အာပတ်သင့်၍ ထိုနေ့ အရုဏ်မတက်မီ အတွင်း၌ တပါးသော ရဟန်းထံ၌။ ။“အဟံ ဘန္တေ သံဃာဒိသေသံ အာပန္နော။ တံ တုမှ မူလေ အာဝိကရောမိ”ဟူ၍၎င်း၊ “အာရောစယာမိ” ဟူ၍၎င်း ကြားခဲ့ လျှင် ဖုံးလွှမ်းခြင်း မရှိပြီ။ ။ဒေသနာဂါမ် အာပတ်မဟုတ်သောကြောင့် (ဒုတိယအကြိမ်) Trang92 “ပဋိဒေသေမိ”ဟူ၍ မဆိုရ။ ။ထို အပဋိစ္ဆန္န အာပတ်အတွက် ကျင့် ရသော မာနတ်သည် အပဋိစ္ဆန္နမာနတ်မည်၏။ ။ ဖုံးလွှမ်းသော ပဋိစ္ဆန္န အာပတ်အတွက် ဖုံးလွှမ်းသော ရက်အရေအတွက်စေ့အောင် ပရိဝါသ် နေပြီးမှ ထိုပရိဝါသ်၏ အဆုံး၌ ကျင့်ရသော မာနတ်သည် ပဋိစ္ဆန္န မာနတ်မည်၏။ ၃၄၃။ ပဋိစ္ဆန္န၊သမောဓာန်၊သုဒ္ဓန် ပရိဝါသ်။ ပရိဝါသ်သည် ပဋိစ္ဆန္နပရိဝါသ်,သမောဓာနပရိဝါသ်,သုဒ္ဓန္တပရိဝါသ် ဟူ၍ သုံးမျိုးရှိ၏။ ၃၄၄။ ဩဓာန်,အတ္ထံ၊မိဿကံ၊ သုံးတန် သမောမှတ်။ ပဋိစ္ဆန္နပရိဝါသ်သည် အပြားမရှိ။ ။သမောဓာနပရိဝါသ်လည်း ဩဓာနသမောဓာန်, အဂ္ဃသမောဓာန်, မိဿကသမောဓာန်- ဟူ၍ သုံးပါးပြား၏။ ၃၄၅။ ဝတ်တင်းလင်းရှိ၊သံဃာဒိ၊သင့်ဘိ အန္တရာ။ ၃၄၆။ ကျင့်ပြီးရက်တွင်း၊ပျက်တုံလျှင်း၊အရင်း ငင်ဘိုရာ။ ၃၄၇ ။ အန္တရာပတ်၊ မဖုံးလတ်၊ မာနတ်မှာ ထည့်ပါ။ ၃၄၀။ ဖုံးလွှမ်းခဲ့လျှင်း၊မူလတွင်း၊ ပေါင်းသွင်း ဩဓာနာ။ ဝတ်ကိုမချမီအတွင်း ဝတ်တင်းလင်း ရှိနေစဉ် သင့်လာသော သံဃာ ဒိသိသ် အာပတ်သည် အန္တရာပတ်မည်၏။ ။ အန္တရာပတ် သင့်သည် ရှိသော် ကျင့်ပြီးသော ရက်စုသည် ပျက်၍ကုန်၏။ ထိုပုဂ္ဂိုလ်ကို ဉတ် ကမ္မဝါစာဖြင့် အရင်းသို့ ငင်ရ၏။ ထိုအန္တရာပတ်ကို မဖုံးလွှမ်းခဲ့လျှင် ဩဓာနပရိဝါသ်ကိုမပေးရ။ထိုအန္တရာပတ်ကို မာနတ်၌ထည့်သွင်းရသည်။ ဖုံးလွှမ်းခဲ့သည်ရှိသော် ထိုအန္တရာပတ်ကို မူလအာပတ်၌ပေါင်း၍ ပရိဝါသ် အသစ်ပေးရသည်။ ဤပရိဝါသ်ကို ဩဓာနသမောဓာန် ခေါ်သည်။ ။ ဝတ်ကိုချ၍ ထားဆဲအခါ၌ သင့်သော သံဃာဒိသိသ်ကို မူကား အန္တရာ ပတ်ဟူ၍ မဆိုအပ်။မဖုံးလွှမ်းခဲ့လျှင် မာနတ်၌ ထည့်သွင်းရမည်။ ဖုံးလွှမ်း ခဲ့လျှင် နောက်မှ အသီးအခြား ပရိဝါသ် နေရမည်။ ။အန္တရာပတ် သင့်မှုသည် ပရိဝါသ်ကျင့်ဆဲ၌ သင့်သည်လည်း ရှိ၏။ ပရိဝါသ်ရက်စေ့ ပြီးသော မာနတ္တာရဟ အခိုက်၌ သင့်သည်လည်း ရှိ၏။မာနတ်ကျင့်ဆဲ၌ Trang93 သင့်သည်လည်း ရှိ၏။ မာနတ်ရက်စေ့ပြီးသော အမ္ဘာနာရဟ အခိုက်၌ သင့်သည်လည်း ရှိ၏။ အဗ္ဘာနာရဟ အခိုက်၌ပင် သင့်သော်လည်း ပရိဝါသ် ကျင့်ပြီးသော ရက်တို့ပါ အကုန်ပျက်ကုန်၏။ အစ, အလယ် တို့ ၌ သင့်မူ ဆိုဘွယ်မရှိ။ ၃၄၉။ ရှည်တို ထွေလာ၊ အာပတ်အများ၊ ရှိငြားတထုံး၊အရှည် ဆုံး၌၊ ပေါင်းရုံး၍သာ ကျင့်ဆောင်ရာ၊ မှတ်ပါ အဂ္ဃတည်း။ ရက်ရှည်ဖုံးလွှမ်းသောအာပတ် ရက်တို ဖုံးလွှမ်းသော အာပတ်- ဟူ၍ အထွေအလာ သံဃာဒိသိသ် အာပတ်အများ ရှိနေခဲ့သော် အရှည် ဆုံးသော အာပတ်၌ အလုံးစုံကို ပေါင်းရုံး၍ ပေးအပ် ကျင့်အပ်သော ပရိပါသ်သည် အဂ္ဃသမောဓာန်မည်၏။ ၃၅၀။ မတူမှု၊ ဝတ္ထုထွေပြား၊ အာပတ်များ၊ ပေါင်းငြား မိဿက။ တချို့သော အာပတ်ကား သုက္ကဝိဿဋ္ဌိမှုနှင့် သင့်သည်။ အချိုကား ကာယသံသဂ္ဂမှုနှင့် သင့်သည်။ ဤသို့စသည်ဖြင့် အမှုဝတ္ထု၊ မတူကြသော အာပတ်များတို့ကို ပေါင်းရုံး၍ ပေးအပ်, ကျင့်အပ်သော ပရိဝါသ်သည် မိဿကသမောဓာန်မည်၏။ ၃၅၁။ ဖုံးလွှမ်းရက်ကို သက်သက်မသိ၊ မမှတ်မိငြား၊ယုံမှားရှိရာ၊ ကျင့်အပ်စွာ၊ သညာ သုဒ္ဓန္တ။ ၃၅၂။ စူဠမဟာ၊သုဒ္ဓန်မှာ၊ နှစ်ဖြာ အပြားရ။ သံဃာဒိသိသ်အာပတ် အနည်းအများ သင့်ပြီး၍ ရက်ပေါင်းမည်မျှ ဖုံးလွှမ်းမိသည် ဟူ၍ သက်သက်မသိသောသူ့ မမှတ်မိသောသူ့ ယုံမှား ဒွိဟရှိ၍နေသောသူအား ပေးအပ် ကျင့်အပ်သော ပရိဝါသ်သည် သုဒ္ဓန် ပရိဝါသ် မည်၏။ ထိုသုဒ္ဓန်သည်, စူဠသုဒ္ဓန် မဟာသုဒ္ဓန်ဟူ၍ နှစ်ပါး ရှိ၏။ ။ ရဟန်းခံသောနေ့မှစ၍ မည်သည့်ရက် မည်သည့်လတိုင်အောင် ငါသည် စင်ကြယ်ခဲ့၏။ သည်ကနောက်ကို သံဃာဒိသိသ်မှ စင်ကြယ်သည် ဟူ၍ မထင်ရှိနေရာ၌ စင်ကြယ်သည်မထင်သော နေ့ရက်စုကို ရေတွက်၍ ထိုနေ့ရက်စု အရေအတွက်စေ့အောင် ကျင့်ရသော သုဒ္ဓန်သည် စူလသုဒ္ဓန် Trang94 မည်၏။ ။ ရဟန်းခံသောနေ့မှစ၍ ယနေ့တိုင်အောင်ပင် သံဃာဒိသိသ် အာပတ်မှ တနေ့တရက်မျှ စင်ကြယ်သည်မထင် ရှိနေရာ၌ ရဟန်းခံသော နေ့မှစ၍ ပရိဝါသ်ယူနေသော နေ့တိုင်အောင် နေ့ရက်တိုကို ရေတွက်၍ စေ့အောင်ကျင့်ရသော သုဒ္ဓန်သည် မဟာသုဒ္ဓန်မည်၏။ ၃၅၃။ အနိက္ခိတ္တ၊ နိက္ခိတ္တ၊ ပြားက ဝတ်နှစ်မျိုး။ ရဟန်းသံဃာ နည်းပါး၍ စောင့်ရှောက်ခြင်းငှာ လွယ်သော အရပ် ဒေသ၌ အနိက္ခိတ္တဝတ် လျော်၏။ သိမ်အပြင်၌ ဆောက်တည်၍ တကြိမ် ကြားပြီးနောက် အဗ္ဘာန်သွင်းသည် တိုင်အောင် မချဘဲ ကျင့်ရသော ဝတ်ကို အနိက္ခိတ္တဝတ်ခေါ်သည်။ ၃၅၄။ အနာရောစ၊ သဟဝါသာ၊ ဝိပ္ပဝါ၊ သုံးဖြာ ဝတ်ပျက် ကြောင်း။ အနာရောစန တပါး၊ သဟဝါသ တပါး၊ ဝိပ္ပဝါသ တပါး၊ ကျင့်ဆောက်တည်၍နေသောဝတ်ပျက်ကြောင်းသုံးပါးတည်း ။ ရတ္တိစ္ဆေဒ သုံးပါး ခေါ်သည်။ ၃၅၅။ တိုက်တွင်းနေခါ၊ တိုက်လုံးသာ၊ ပြင်မှာ တောင်ဆဲ့နှစ်။ ၃၅၆။ ဒိဋ္ဌ,သုတ ရှိချေက၊ ဌာန မရွေ့ခေတ်။ တိုက်တွင်း၌သာ နေ၍ ကျင့်သူမှာ တိုက်တာ ဥပစာရသိမ် တခုလုံး သည် အာရောစန ခေတ်ပေတည်း ။ ။တိုက်ပြင်၌ ထွက်၍ ကျင့်သူမှာ မိမိ နေရာမှ တဆဲ့နှစ်တောင်တွင်း အရပ်သည် အာရောစန ခေတ် ပေတည်း။ ။နိက္ခိတ္တဝတ်သားတို့မှာ တိုက်တွင်း၌လည်း တဆဲ့နှစ်တောင် သာ အာရောစနခေတ်ရှိ၏ဟု လာသော ဋီကာဝါဒကို မယူအပ်။ ထိုခေတ်အတွင်းသို့ ရောက်လာသမျှသော ရဟန်းတို့ကို မကြားဘဲမနေရ။ ရဟန်းသစ် ရောက်လာမှန်း သိ၍ မကြားမိသော်လည်း ထိုဝတ်ပျက်၏။ သိလျက်နှင့် မကြားလျှင် ညဉ့်လည်း ပြတ်၏။ ဝတ္တဘေဒ ဒုက္ကဋ်လည်း သင့်၏။ ။မသိ၍ မကြားမိလျှင် ညဉ့်သာပြတ်၏။ ဝတ္တဘေဒ ဒုက္ကဋ် လွတ်၏။ ။ ရဟန်းတို့၏အဆင်းကိုမြင်ရမှု,ရဟန်းတို့၏အသံကိုကြားရမှု, ရဟန်းတို့၏ တီးနှက်သော ကလတက်သံ ကြေးစည်သံ ခေါင်းလောင်းသံ Trang95 စသော အသံကြားမှု ရှိရာတို့၌ကား အနီးအဝေး ဌာနမရွှေးပြီ။ တယူ ဇနာ ကွာဝေးရာ၌ပင် ဖြစ်ငြားသော်လည်း ရဟန်းမှန်းသိခဲ့သော် ရဟန်း ပြုလုပ်သော အသံမှန်း သိခဲ့သော် သွား၍ ကြားရမည်။ မကြားခဲ့လျှင် ညဉ့်လည်းပြတ်၏။ ဒုက္ကဋ်လည်း သင့်၏။မသိ၍ မကြားမိခဲ့လျှင် ညဉ့်သာ ပြတ်၏။ ဒုက္ကဋ်အာပတ် လွတ်၏။ အကယ်မသိ၍ မကြားမိလျှင် နှစ်ပါး စုံမှလွတ်၏ဟု ဆိုကြ၏။ ဆင်ခြင်ကြလေ။ ၃၅၇ ။ ရဟန်းနှင့်မူ၊ အမိုးတူ၊ အိပ်မူ သဟဖြစ်။ အမိုးတခုလုံး၌ ဝတ်သားချင်းဖြစ်စေ တပါးသော ရဟန်းနှင့်ဖြစ်စေ ညဉ့်အခါ၌ အတူ အိပ်မိသည်ကို သဟဝါသ ဆိုသည်။ ထိုညဉ့်ပြတ်၍ ရတ္တိစ္ဆေဒ ဖြစ်၏။ ၃၅၈ ။ ပကတတ် ကင်းလျက်၊ အရုဏ်တက်၊ ဝတ်ပျက် ဝိပ္ပ ဝါသဖြစ်။ အရုဏ်တက်ဆဲအခါ၌ တဆဲ့နှစ်တောင်အတွင်း ပကတတ် ရဟန်းနှင့် ကင်း၍ အရုဏ် တက်စေခဲ့သော် ဝိပ္ပဝါသ ဖြစ်၏။ ထိုညဉ့် ပြတ်၏။ တိုက်တွင်း၌ပင် အရုဏ်တက်ဆဲ အခါ၌ ပကတတ် ရဟန်းနှင့် တဆဲ့ နှစ်တောင်မကင်းရ ယူကြကုန်၏။ ၃၅၉။ ဦနေဂဏေ၊ ဒေဝသိက၊ သဟဝါသာ၊ ဝိပ္ပဝါ၊ လေးဖြာ မာနတ်၌။ မာနတ်ကျင့်သောအခါ၌ကား ဦနေဂဏေ,ဒေဝသိက, အနာရောစန, သဟဝါသ ဝိပ္ပဝါသ-ဟူ၍ ရတ္တိစ္ဆေဒ အကြောင်း လေးပါးရှိ၏။ ဆောက်တည်၍ ရှေးဦးစွာ ကြားစဉ်အခါ၌ ပကတတ်ရဟန်း လေးပါး အောက် မလျော့စေရ၊ လျော့ခဲ့လျှင် ဦနေဂဏေ စရတိ-ဟူသော ရုတ္တိစ္ဆေဒ ဖြစ်၏။ ။ ကြားမှုမှာလည်း ပရိဝါသ်သားမှာ ဝတ်ကိုမချဘဲ ကျင့်ခဲ့သော် တကြိမ်ကြားအပ်ပြီးသော ရဟန်းကို တဘန် ကြားဘွယ် ကိစ္စမရှိ။ မာနတ်၌မူကား ကြားအပ်ပြီးသော ရဟန်းကိုပင်သော်လည်း ထပ်မံ၍ နေ့စဉ်ကြားရသည်။ မကြားခဲ့လျှင် ထိုနေ့ပျက်၏။ ရတ္တိစ္ဆေဒ ဖြစ်၏။ ။နောက်နှစ်ပါးကား ရှေးအတိုင်းပင်။ သံဃာဒိသိသ်အာပတ်ကုစားနည်း ပြီး၏။ Trang96 ၂၅-ဒေသနာဂါမ်အာပတ်ကုစားနည်း အမြွက် ၃၆၀။ ဒေသနာဂါမ်၊ ကြွင်းငါးတန်၊ ကြားရန် အနည်းနည်း။ ၃၆၁။ စွန့်ခြင်းရှေးရှိ၊ နိဿဂ္ဂိ၊ ကြားဘိ နောက်မှတည်း။ ၃၆၂။ အခွဲ အဖြတ်၊ ရှေးရှိလတ်၊ အပ်ကျည် ပါစိတ် စသည် တည်း။ ၃၆၃။ ပါဋိဒေသနိယာ၊ လေးမျိုးဖြာ၊ ကြားရာတမျိုးတည်း။ ၃၆၄။ အာယတိံသံဝရ၊ ရှိမှထ၊ ဆိုကြ ဆရာနည်း။ ဒေသနာဂါမ်အာပတ်ကို ဒေသနာကြားပါသော်လည်း “အာယတိံ အာဝုသော သံဝရေယျာသိ”-ဟု ဆိုပေရာ “သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ”-ဟု ပဋိညာဉ် ပြုသည့်အတိုင်း ဤအမှုကို နောင် ငါမပြုပါပြီဟု နောင် ရှောင်ကြဉ်မည် ဟူသော စိတ်နှင့်ကြားမှ ထိုအာပတ် ထသည်။ ဒေသနာလည်း ကြား၏။ နောင် ထိုအမှုကို ပြုလိုလျက်လည်း ရှိနေ၏ ဆိုလျှင် ထိုအာပတ်မှ မထဟု အချို့ဆရာတို ယူကြ၏။ ဘိက္ခုနီတို၏ အဋ္ဌဝတ္ထုက ပါရာဇိက၌သာ အာယတိ ံ သံဝရ မရှိလျှင် မထသည်။ ကြွင်းသော အာပတ်တို့၌ ထပါ၏ ဟူ၍လည်း ဆိုကြ၏။ ။နိဿဂ္ဂိ အာပတ် ခွဲခြင်း ဖြတ်ခြင်း ရှေးရှိသော အာပတ်တို့၌ ရှိသော ဝတ္ထုကို မစွန့်မခွဲ မဖျက်မူ၍ ဒေသနာကြားသော်လည်း မထ။ ဒေသနာ ကြားရိုး ကြားစဉ်၌။ ။“အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ၊ အာရောစေမိ၊ အာရောစယာမိ”- တို့ကား ဒေသနာ ကြားမှု မဟုတ်။ ပုထုဇ္ဇန် ဂတိ ဖြစ်၍ ယခုနေ့၌ သင့်သော် သင့်ခဲ့ရာသော သံဃာဒိသိသ် အာပတ်စုကို ရည်၍ အာဝီကရဏ ပြုမှုသာတည်း။ ။“အဟံ ဘန္တေ သမ္ပဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိ။တာ တုမှ မူလေ ပဋိဒေသေမိ”-သည်သာ ဒေသနာဂါမ် အာပတ်တို့ကို ဒေသနာ ကြားမှုတည်း။ ။“ပဿသိအာဝုသော တာ အာပတ္တိယော။ ။အာမ ဘန္တေ ပဿာမိ”- တို့ကား ပဋိညာဉ်တိုပေတည်း။ ။ အာယတိ ံအာငု သော သံဝရေယျာသိ၊ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ”- တိုကား ပဋိညာယ ကာရေတဗ္ဗော-ဟူသော သမထအရ ပဋိညာတကရဏမှုတို့ Trang97 ပေတည်း။ ။ ဤဒေသနာကြားမှုသည် အာပတ္တာဓိကရုဏ်းကိုငြိမ်းစေမှု ပေတည်း။ ။သမ္မုခါဝိနယ သမထ၊ ပဋိညာတကရဏ သမထ-ဟူ၍ နှစ်ပါးရ၏။ ။အနက်ကိုသိကြ၍ ကြားမှလျော်မည်။ ၃၆၅။ စေ့ဆော်သမှု၊ ဖုံးလွှမ်းမှု၊ လေးခု အဂတိ။ ၃၆၆။လက္ခဏာညီ၊ အလဇ္ဇီ၊ ဖြစ်ပြီ ဟောချက်ရှိ။ ၃၆၇။ ဆန္ဒာဘယာ၊ မျက်ဒေါသာ၊ မောဟာ လေးဂတိ။ “သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ။ အာပတ္တိံ ပရိဂူဟတိ။ အဂတိ ဂမနဉ္စ ဂစ္ဆတိ။ ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော” ဤပါဠိတော်နှင့် အညီ ပညတ်တော်ကိုသိလျက်နှင့် စေ့ဆော်၍ အာပတ်မှုကို ပြုကျင့်သောရဟန်း ပြဆိုခဲ့ပြီးသော ဆယ်ပါးသော ဖုံးလွှမ်းကြောင်းနှင့်အညီ အရုဏ်တက် သည်တိုင်အောင် ဒေသနာမကြားဘဲ အာပတ်ကို ဖုံးလွှမ်း၍ ထားသော ရဟန်း, ရဟန်းဖြစ်လျက် ဆန္ဒာဂတိ ဘယာဂတိ ဒေါသာဂတိ မောဟာ ဂတိသို့ လိုက်သော ရဟန်းများသည် အလဇ္ဇီ လက္ခဏာသို့ ရောက်၏။ ထိုပုဂ္ဂိုလ်နှင့် အမိသသမ္ဘောဂ ဓမ္မသမ္ဘောဂကို မပြုအပ်။ဥပုသ်ပဝါရဏာ ကံကြီး ကံငယ် အတူပြုမှု-ဟူသော သံဝါသကိုမူကား မပြုအပ်ဟု ပညတ် တော်မရှိ။ ။မဟာဝါ၊ ဝဇိရဗုဒ္ဓိ။ ဒေသနာဂါမ်အာပတ် ကုစားနည်း အမြွက်ပြီး၏။ ၂ ၆-ရှင်ပြုခန်း အမြွက် ၃ ၆၈။ သူ့ မိ,သူ့ဘ၊ ခွင့်ပြုမှ၊ ပြုရပဗ္ဗဇ္ဇာ။ ။ (သိသာပြီ) ။ ၃ ၆၉ ။ ဆံရိတ်တခန်း၊ သင်္ကန်းပေးတုံ၊ သရဏဂုံပေးငြား၊ ဤ သုံးပါး၊ ခေါ်ငြား ပဗ္ဗဇ္ဇာ။ ရှင်ပြုမှုသည် ဆံရိတ်ခြင်းတပါး, သင်္ကန်းပေးခြင်းတပါး, သရဏဂုံ ပေးခြင်းတပါး-ဟူ၍ သုံးပါးရှိ၏။ ၃၇ဝ။ တိုက်တွင်းဝယ်ဘိ၊ သံဃာရှိ၊ ပန်ဘိ ဆံရိတ်မှာ။ မိမိနေရာ ကျောင်းတိုက်၌ ရဟန်းသံဃာ အများရှိခဲ့လျှင် သံဃာ ကို အပလောကနကံဖြင့် ပန်ကြားပြီးမှ ရှင်လောင်းကို ရဟန်းများ Trang98 ကိုယ်တိုင် ဆံရိတ်အပ်သည်၊ သို့မဟုတ်လျှင် ဆံပင်ရှည်နှင့် ရှင်ပြု၍ ပေးပါ ဟု လာခဲ့သော် ဦးခေါင်းရိတ်ပြီးကိုမှ ငါတို့ရှင်ပြု၍ပေးသည်ဟု ပြောရ မည်။ လူတို့အလိုအလျောက် ဆံရိတ်၍လာလျှင် ကောင်းလှ၏။ ဆံရိတ်မှုဟူသော ရှင်ပြုခန်း အမြွက်ပြီး၏။ ၃၇၁။ ဥပဇ္ဈာယ် ဆရာ၊ အင်္ဂါညီလှ၊ ဆယ်ဝါရ၊ ပေးကြ သင်္ကန်းမှာ။ ဥဘတောဝိဘင်းကိုရခြင်း အစရှိသော ဗဟုဿုတ အင်္ဂါနှင့်ပြည့်စုံ၍ ဆယ်ဝါရပြီးသော ဥပဇ္ဈာယ် ဆရာသည်သာလျှင် သာမဏေလောင်း အား သင်္ကန်းပေးခြင်းဟူသော ပဗ္ဗဇ္ဇအမှုကို အစိုးတရပြုထိုက်သည်။ ။ ဆယ်ဝါ မရသေးသော ရဟန်းငယ်၊ အဝါ ၆၀-ပင် ရသော်လည်း ဗဟုဿုတ အင်္ဂါနှင့် မပြည်စုံသော ရဟန်းသည် သာမဏေလောင်းအား သင်္ကန်းပေးခြင်းအမှုကို အစိုးတရ မပြုအပ်။ ၃၇၂။ ခိုင်းစေတုံလတ်၊ ကိုယ်စားမှတ်၊ ပြုအပ်ထေရ်ငယ်မှာ။ ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံသောဆရာက ဤရှင်လောင်းကို သင်္ကန်း ပေးလိုက်လောဟု စေခိုင်းလျှင် ရဟန်းငယ်ပင် ပေးရ၏။ မခိုင်းသော် လည်း ဥပဇ္ဈာယ်ဆရာ၏ ကိုယ်စား ရည်မှတ်၍ ပေးလျင်လည်း ပေးအပ် ၏။ ။ ယခုအခါ၌လည်း ဥပဇ္ဈာယ် အင်္ဂါနှင့် မပြည့်စုံကြကုန်သော ရဟန်းတို့သည် မိမိတို့ကျောင်း၌ မိမိတို့၏ တပည့်ဖြစ်သူ ရှင်လောင်း များကို မိမိတို့ကိုယ်တိုင် သင်္ကန်းပေး၍ ရှင်ပြုကြသောအခါ ဤလောက ၌ သံဃာတော် ဆရာတော်မြတ်တို့သည် ရှိကြပေကုန်၏။ ထိုဆရာမြတ် တို့၏ ကိုယ်စားလည် ကိုယ်စားပြု၍ ငါသည် ဤရှင်လောင်းအား သင်္ကန်းပေးမည်၊ ငါ၏အလိုအလျောက် အစိုးတရ ပေးမည်မဟုတ်ဟု စိတ်ကို ဖြစ်စေ၍ ပေးကြကုန်ရာ၏။ … ။ “သကလဝဋ္ဋ” ကို ဆိုစေ၍ တောင်းနည်း ပေးနည်း အရိုးအစဉ် ရှိလေ၏။ ။“သကလဝဋ္ဋကို မဆို သော်လည်း မိမိလက်ဖြင့် သင်္ကန်းတို့ကို ကိုင်ယူ၍ ဤ သင်္ကန်းတို့ကို သင့်အား ရှင်ပြုခြင်းငှာ ငါပေး၏၊ ဝတ်ချေ ရုံချေလော့ဟူ၍ ဆိုလျှင်ပင် Trang99 ယူ၍ ဝတ်ရ ရုံရ၏။ ရဟန်းကိုယ်တိုင် ဝတ်ရုံ၍ ပေးလျှင် ဆိုဘွယ်မရှိ။ ကိုယ်တိုင် မပေးမူ၍ ဤသင်္ကန်းတို့ကိုယူ၍ ဤရှင်လောင်းအား သင်္ကန်း ဝတ်ရုံ၍ ပေးလိုက်လော့ဟု ရဟန်းရှင်လူတို့ကို စေခိုင်း၍ ဝတ်ရုံစေ ခြင်းငှာ အပ်၏။ သင်္ကန်းပေးမှုဟူသော ရှင်ပြုခန်း အမြွက်ပြီး၏။ ၃၇၃။ ဥပဇ္ဈာယ် ဆရာ၊ အင်္ဂါညီမှ၊ ဆယ်ဝါရ၊ ပေးကြ သရဏာ။ သရဏဂုံပေးမှု၌ကား ဥပဇ္ဈာယ်ဆရာ ကိုယ်တိုင် ပေးမှုသည်သာ ကျမ်းဂန်တို့၌ လာ၏။ သင်္ကန်းပေးမှုကဲ့သို့ ဥပဇ္ဈာယ်ဆရာက စေခိုင်း သော်၎င်း၊ ဥပဇ္ဈာယ်ဆရာ၏ ကိုယ်စားပြု၍သော်၎င်း ပေးခြင်းငှာ အပ်ရာပါ၏။ ၃၇၄။ နိဂ္ဂဟိတန်၊ မကာရန်၊ နှစ်တန်ပေးနည်းလာ။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစရှိသည်ဖြင့် သရဏဂုံကို ပေးရာ၌ နိဂ္ဂဟိတန္တ နှင့်လည်း ပေးအပ်၏။ မကာရန္တ နှင့်လည်း ပေးအပ်၏။ နိဂ္ဂဟိတန္တ ဆိုသည်ကား သေးသေးတင်နှင့် ရှိနေသော အက္ခရာတို့၌ ခံတွင်း နှုတ်ခမ်းတို့ကိုပိတ်ခြင်း အဆုံးရှိသည်ကိုပြု၍ ရွတ်ဆိုခြင်းတည်း။ ။ မကာရန္တ ဆိုသည်လည်း ထိုအတူ ခံတွင်း နှုတ်ခမ်းတို့ကို ပိတ်ခြင်း အဆုံးရှိသည်ကိုပြု၍ ရွတ်ဆိုခြင်းပင် ဖြစ်၏။ အထူးမူကား နိဂ္ဂဟိတ် မည်သည် ရှေ့သရကိုမှီသော ဗျည်းအထူးဖြစ်ပေ၍ ဗုဒ္ဓံ၌ ဗျည်းနှင့်မှီရာ တူကြ၏။ ထိုကြောင့် နိဂ္ဂဟိတန္တနှင့် ရွတ်ဆိုသောအခါ၌ ဓဗျည်းနှင့် နိဂ္ဂဟိတ်၏ အကြားမှာ အသံတမျိုး အခြားမရှိစေမူ၍ တစပ်ထည်းပြု၍ ရွတ်ဆိုရာ၏။ ဓဗျည်း ပြီသသည်နှင့် တပြိုင်နက် ခံတွင်းပိတ်မှုကို ပြုရာ၏။ ခံတွင်းပိတ်မှု နောက်ကျ၍ မနေစေရာဟူလိုသည်။ မအက္ခရာသည်မူကား ဤ၌ သရမရှိသော်လည်း နောက်သရကိုမှီသော ဗျည်းမျိုးဖြစ်ပေ၍ ဗုဒ္ဓံ၌ ဗျည်းနှင့် မှီရာကွဲပြားကြ၏။ထိုကြောင့် မကာရန္တနှင့်ရွတ်ဆိုသော အခါ၌ ဗျည်းနှင့် မအက္ခရာ၏ အကြားမှာ အတန်ငယ် ခြားပြီးမှ ပိတ်မှုကို ပြုရာ၏။ Trang100 ဣမာနိ စ ပန ဒဒမာနေန ဗုဒ္ဓံ သရဏံ ဂစ္ဆာမီတိ ဧဝံ ဧက သမ္ဗန္ဓာနိ အနုနာသိကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမီတိ ဧဝံ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိဝါ ကတွာ ဒါတဗ္ဗာနိ။ ။ (အဋ္ဌကထာ) ။ ၃၇၅။ ဌာန်,ကရဏ၊ပယတ်ကျ၊ ပြီသ လိုလှစွာ။ ၃၇၆။ ဆရာလည်းပြီ၊ တပည့်ပြီ၊စုံညီကြမှသာ။ တလုံးတလုံးသော အက္ခရာ၌ ဌာန်, ကရိုဏ်း, ပယတ်, သုံးပါး အပြီ အသ အကျအန အလွန်လိုလှစွာ၏။ ။ပေးသူ ဆရာကလည်း ကျကျနန ပြီသပါမှ လိုက်သူတပည့်ကလည်း ကျကျနန ပြီသပါမှ သရဏဂုံမြောက် သည်။တဦးဦးက ပြီးရုံမျှနှင့် မမြောက်ဟုလာ၏။ သရဏံပုဒ်၌ ရကြီး, ဏကြီး နှစ်လုံးသည် မုဒ္ဓဇချည်း ဖြစ်ကြ၏။ အာခေါင်အရပ်မှ ဖြစ်ကြ၏။လျှာဖျား၏ အနီးဖြစ်သော လျှာအရပ်သည် ထိုနှစ်လုံး၏ ကရိုဏ်းဖြစ်၏။ လျှာကို အထက်သို့ ခေါက်လိပ်၍ ရွတ်မှ အထက်အာခေါင်ကို ထိခိုက်၏။ သွားသံပါခဲ့လျှင် ဏကြီး မဟုတ်ပြီ။ ဒန္တဇ နငယ်ဖြစ်လေ၏။ ဌာန် ကရိုဏ်း ပယတ်တိုနှင့် ပြည့်စုံစွာ ရွှတ်ဖတ်မှုမည်သည် ဆရာ နည်းကောင်းလှမှ နေရာကျနိုင်သည်။ သရဏဂုံ ဌာန်ကရိုဏ်း မကျ၍ သာမဏေအစစ် မဖြစ်သော်လည်း ဖြစ်သည်မှတ်၍နေလျှင် အပြစ်မရှိ။ မဖြစ်မှန်းသိလျက် သာမဏေကောင်းတို့နှင့် ပေါင်းဘော်၍ နေသော်၎င်း သင်္ကန်းခံယူမှုက စောင့်ရှောက်လျက် ရှိသောကြောင့် ထေနကမဖြစ်။ ‘သရဏဂုံ အောင်မြင်ခဲ့လျှင် “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ” ၌ မိအက္ခရာ အဆုံးတွင် ရှင်သာမဏေအစစ် ဖြစ်လေ၏။ သာမဏေတို့ကျင့်အပ်သော ဆယ်ပါးသီလ လိင်ဆယ်ပါး ဒဏ်ဆယ်ပါးတို့မှစ၍ အလုံးစုံသော ကျင့်ဝတ်တရားတို့ကို ဆောက်တည်မှုကိစ္စ တချက်တည်း ပြီးလေ၏။ သီလခံဘွယ် ကိစ္စမရှိ၊ခံသော်လည်း အပြစ်မရှိ။ကြေပွန်ရခြင်း အကျိုးရှိ၏။ သာမဏေဖြစ်ပြီးလျှင် ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံသော ဆရာ ရှိခဲ့လျှင် ထိုဆရာထံ၌ ဥပဇ္ဈာယ်ယူစေရမည်။ Trang101 “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ”ဟု သုံးခေါက်ဆို၍ယူ။ ဆယ်ပါးသီလကို၎င်း၊ လိင်ဆယ်ပါး ဒဏ်ဆယ်ပါးတို့ကို၎င်း အမြဲ ဆောင်စေရမည်။ လိင်ဆယ်ပါးတို့တွင်တပါးပါးကိုပြုမိသော် သရဏဂုံပျက်၏။သင်္ကန်း ပေးမှုကား မပျက်။လူဖြစ်သည်မဟုတ်။နောင် ကြဉ်ရှောင်ပါမည်ဆိုလျှင် ရေဒဏ် သဲဒဏ်ပေး၍ သရဏဂုံကိုသာ ထပ်မံ၍ ပေးအပ်၏။ နောက် လွန်ကျူးပြန်၍ နောင်ကြဉ်ရှောင်ပါတော့မည် ဆိုပြန်လျှင် သုံးကြိမ် တိုင်အောင်ပင် သရဏဂုံကိုသာ ထပ်မံ၍ ပေးအပ်၏။ နောက် လွန်ကျူး ပြန်၍ ရှေ့သို့လည်း ကြဉ်ရှောင်မည့်သူ မဟုတ်ဟု သိခဲ့လျှင် လူဝတ်လဲ၍ တခါတည်း သွားစေရသည်။ ဤကား လိင်ပေးမှုအစီအရင်တည်း။ လိင်အမှုကို ပြုမိတိုင်း လူဝတ်လဲ၍ လိင်ပြန်ရသည်ချည်း မှတ်ထင်ကြ ကုန်၏။ အချို့ဆရာတို့ကား ကျူးလွန်မှု ထင်ရှားမရှိဘဲနှင့်ပင် စင်ကြယ် စေခြင်းငှာဆို၍ ဝါဝင် ဝါကျွတ်တို့၌ လိင်ဆေးသည်ဟု တနှစ်လျှင် နှစ်ကြိမ် လူဝတ်လဲစေကြကုန်၏။ ကျမ်းဂန်မရှိ။ ရှင်ပြု ခန်းအမြွက် ပြီး၏။ ၂၇-ရဟန်းခံခန်းအမြွက် ၃၇၇။ ဝတ်, ဉတ်ကမ္မဝါ၊ သိမ်,ပရိသာ၊ ငါးဖြာသမ္ပတ္တိ။ ၃၇ဂ။ ပဉ္စင်းမြောက်ရန်၊ အင်ငါးတန်၊ ပြန်လေ ဝိပတ္တိ။ ဝတ္ထုသမ္ပတ္တိဉတ္တိသမ္ပတ္တိ, ကမ္မဝါစာသမ္ပတ္တိ, သီမာသမ္ပတ္တိ, ပရိသာ သမ္ပတ္တိ-ဟူ၍ ရဟန်းပဉ္စင်းအဖြစ် ထမြောက်ရန် အင်္ဂါငါးပါး၊ ထိုမှ ပြန်သော် ရဟန်းပဉ္စင်းအဖြစ် မမြောက်ရန် ဝိပတ္တိငါးပါး ဖြစ်၏။ ဝတ္ထုဝိပတ္တိ, ဉတ္တိဝိပတ္တိ,ကမ္မဝါစာဝိပတ္တိ,သီမာဝိပတ္တိပရိသာဝိပတ္တိ။ ॥ ၃၇၉ ။ ပဉ္စင်းလောင်းကို၊ ဝတ္ထုဆို၊ ထိုမှာ သံ,ဝိပ်ရှိ။ ပဉ္စင်းလောင်းကို ဝတ္ထုဆို၏။ ထိုပဉ္စင်းလောင်းမှာ သမ္ပတ္တိ ဝိပတ္တိ နှစ်ပါးရှိ၏။ Trang102 ၃ဂဝ။ ဦနဝီသ၊ အန္တိမ၊ ဘဗ္ဗ တဆဲ့တစ်။ ၃ဂ၁။ ဆဲ့သုံးဝိပတ်၊ ကင်းစင်လတ်၊ အမြတ် သမ္ပတ္တိ။ အသက်နှစ်ဆယ် မပြည့်သောသူ၊ ပါရာဇိက ကျပြီးသောသူ၊ ပဏ် ထေ, ပက်, ဆန်၊ ပဉ္စာနန်၊ ဒူသံ, ဥဘောဗျည်း-ဟူ၍ ဆိုလတ္တံ့သော ပဏ္ဍုက် အစရှိသော အဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက်၊ ဤတဆဲ့ သုံးယောက်တို့သည် ရဟန်းမဖြစ်ထိုက်ကုန်။ ထိုသူတို့ကို ပဉ္စင်းခံခဲ့သော် ဝတ္ထုအတွက်နှင့် ထိုကံပျက်၏။ထိုသူတို့ကိုကြဉ်၍ သမ္ပတ္တိကို သိအပ်၏။ ၃ဂ၂။ သန္ဓေတည်နေ့၊ စတုံရွေ့၊ ပြေ့ စေ ဝီသတိ။ “အနုဇာနာမိ ဘိက္ခဝေ ဂဗ္ဘဝီသံ ဥပသမ္ပာဒေတုံ”။ ။ ဘိက္ခဝေ၊ ။ ဂဗ္ဘဝီသံ၊ အမိဝမ်း၌ ကိန်းနေသော ပဋိသန္ဓေ လ ရက် တိုကို ထည့်စွက်၍ အသက်နှစ်ဆယ် ပြည့်သောသူကို။ ဥပသမ္ပာဒေတုံ၊ ရဟန်း ပဉ္စင်းခံစေခြင်းငှာ။ အနုဇာနာမိ၊ ငါဘုရား ခွင့်ပြု၏-ဟူ၍ လာသော ကြောင့် ပဋိသန္ဓေတည်နေသောနေ့မှစ၍ အနှစ်နှစ်ဆယ်ပြည့်စေရာ၏။ ၃ဂ၃။ ခုနစ်လဘွား၊ ဆယ်လဘွား၊ ထင်ရှားလူဝယ်ရှိ။ လောက၌ ခုနစ်လဘွား၊ ဆယ်လဘွား၊ နှစ်မျိုးသာ ထင်ရှားရှိ၏။ ၃၈၄။ ဘွားသက္ကရာဇ်၊ ဆဲ့ကိုးနှစ်မှ၊ ငါးလ, နှစ်လ စွန်းတုံက၊ ဂဗ္ဘဝီသပြည့်။ ဘွားသက္ကရာဇ်ကို တွက်စစ်၍ ဆဲ့ကိုးနှစ် လုံးလုံးပြည့်သည်မှ ခုနစ်လ ဘွားသူမှာ ငါးလစွန်းလျှင် ဂဗ္ဘဝီသပြည့်၏။ ဆယ်လဘွားသူမှာ နှစ်လ စွန်းလျင် ဂဗ္ဘဝီသပြည့်၏။ ။အဋ္ဌကထာနည်းတည်း။ ၃ဂ၅။ ရက်သုံးဆယ်လ၊ ဆဲ့နှစ်လ၊ ၀ဿ အမှန်သိ။ အဋ္ဌကထာ၌ လာသော အာစရိယဝါဒ အလိုကား “တိံသရတ္တိ ဒိဝေါမာသော” ဟူ၍ ဟောတော်မူသောကြောင့် ရက်ပေါင်းသုံးဆယ် ပြည့်မှ တလအမှန်ဖြစ်သည်။ ။ဒ္ဓါဒသမာသာ ဧကံ သံဝစ္ဆရံ” ဟူ၍ ဟောတော်မူသောကြောင့် တဆဲ့နှစ်လသည်သာ တနှစ်အမှန် ဖြစ်သည်။ တနှစ်တနှစ် အဘို့တွင် အရက်သုံးဆယ် မပြည့်သော ရက်မစုံ လပေါင်း Trang103 ခြောက်လပါရှိ၏။ ဝါထပ်သည့် အတွက် တနှစ်တွင် တဆဲ့သုံးလရှိသော နှစ်မျိုးသည် သုံးနှစ်လျှင် တကြိမ် တကြိမ် လာ၏။ ၃ဂ၆။ ဆဲ့ကိုးနှစ်ကို၊ ခြောက်လပို၊ ဝါဆိုထပ်သည့်တွက်။ ၃ဂ၇။ လေးလမျှတုံ၊ ယုတ်လျော့ကုန်၊ မစုံလ အတွက်။ ဘွားသည့်နေ့မှစ၍ တဆဲ့ကိုးနှစ် ပြည့်ပြီဟု ဆိုရသောအခါ ဝါဆို ထပ်သည့် အတွက် ခြောက်လ အပို ထွက်လာ၏။ ရက်မစုံလ အတွက် ရက်ပေါင်း ၁၁၄-ရက် ယုတ်လျော့လျက်ရှိ၏။ ထိုရက်ပေါင်းကို လေးလ မျှဆိုသည်။ သုံးလနှင့် ၂၄-ရက်တည်း။ ၃ဂဂ။ ယုတ်ပိုညှိက၊ ကျန်သေသ၊ နှစ်လခြောက်ရက်ထွက်။ ဝါထပ်အတွက် ခြောက်လ ပိုသည်တွင် ရက်မစုံအတွက် ယုတ်ခဲ့သော ရက်တိုနှင့် ပယ်နှုတ် နှိုင်းညှိသည်ရှိသော် အကျန် နှစ်လ ခြောက်ရက် အပိုထွက်သည် ။ ၃ဂ၉။ သုံးလစွန်းက၊ ခုနစ်လ၊ ဂဗ္ဘဝီသပြည့်။ ခုနစ်လဘွားသူမှာ တဆဲ့ကိုးမှ သုံးလစွန်းခဲ့လျှင် ဂဗ္ဘဝီသ ပြည့်၏။ ရဟန်းခံရပြီ။ ။ ဆယ်လဘွားမှာမူကား ပဋိသန္ဓေ ဆယ်လနှင့် ထိုအပို နှစ်လခြောက်ရက်ကို ပေါင်းသော် တနှစ်ပြည့်လျက် ရှိသောကြောင့် ဘွားသက္ကရာဇ်နှစ် တဆဲ့ကိုးနှစ် ပြည်ခဲ့လျှင် ဂဗ္ဘဝီသပြည့်၏။ တဆဲ့ကိုးနှစ် လုံးလုံးရှိလျှင် ရဟန်းခံရပြီ။ ။ရဟန်းလောင်း၏ အမိဖြစ်သူက သူ၏ သားသည် ဆယ်လဘွား ဖြစ်ပါသည်ဟု အတပ်ပြောသော်လည်း အမှန် မုချ အယုံခက်လှသော အရာမျိုးဖြစ်ခဲ့၍ အယုတ်ဆုံးအားဖြင့် ခုနစ်လ ဘွားကို အတည်ပြု၍ ကဆဲ့ကိုးနှစ်နှင့် သုံးလအောက် မယုတ်စေရ၊ ပိုလျှင်သာ ပိုစေရမည်ဟု ငါတို့ ကျေးဇူးရှင် စံကျောင်းဆရာမတာ် ဘုရားကြီး မိန့်တော်မူ၏။ ဝတ္ထုသမ္ပတ္တိ ပြီး၏။ ၃၉၀။ ဝတ်,သံ,ပုဂ်ဉတ်၊မသုံးသပ်၊ဉတ်ကို နောက်မှထား။ ၃၉၁။ ဉတ္တိဝိပတ်၊ အင်ငါးရပ်၊ သမ္ပတ် အပြန်ငါး။ Trang104 ဉတ်တွင်း၌ ဝတ္ထုကို မသုံးသပ်ခြင်း, သံဃာကို မသုံးသပ်ခြင်း ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း, ဉတ်ကို မသုံးသပ်ခြင်း, ဉတ်ကို ကမ္မဝါစာ၏ နောက်မှ ထားခြင်း-ဟူ၍ ဉတ္တိဝိပတ္တိ ငါးပါးရှိ၏။ဝတ္ထုကိုသုံးသပ်ခြင်း စသည်ဖြင့် ထိုမှပြန်၍ ဉတ္တိသမ္ပတ္တိငါးပါးကို သိအပ်၏။ ၃၉၂။ ကမ္မဝါလဲ၊ဉတ္တိနဲ၊ ခွဲလေ,ဝိပ်,သံ,ငါး။ ၃၉၃။ အက္ခရပဒံ၊ယုတ်လျော့ကျန်၊ ဆယ်တန် သဒ္ဒါမှား။ ၃၉၄။ ကမ္မဝါမှာ၊ကံပျက်ရာ၊ ဉတ်မှာ ထိုနည်းလား။ အနုဿာဝနာ-ခေါ်သော ကမ္မဝါ၌လည်း ဉတ်မှာကဲ့သို့ ဝတ္ထု, သံဃာ, ပုဂ္ဂိုလ်, ကမ္မဝါတို့ကို မသုံးသပ်ခြင်း သုံးသပ်ခြင်း ကမ္မဝါကို ဉတ်၏ရှေ့၌ ဘတ်ခြင်း၊ ဉတ်၏နောက်၌ ဘတ်ခြင်းဟူ၍ ဝိပတ္တိငါးပါး သမ္ပတ္တိငါးပါး ရှိ၏။ ကမ္မဝါတွင်း၌ အက္ခရာပုဒ် ယုတ်လျော့ ကြွင်းကျန်ခြင်း၊ ဗျဉ္စနဗုဒ္ဓိ ခေါ်သော သဒ္ဒါဆယ်ပါး တိမ်းပါး ချွတ်ယွင်းခြင်းတို့သည် ကမ္မဝါ ဝိပတ္တိအတွက် ကံပျက်ရန် အမှုတို့ဖြစ်ကုန်၏။ဉတ်၌လည်း ဤအက္ခရာပုဒ် ယုတ်လျော့ခြင်း၊ သဒ္ဒါဆယ်ပါး တိမ်းမှားခြင်းတို့သည် ကမ္မဝါနည်းတူ ကံပျက်ရန် အမှုတို့ပင်တည်း။ အက္ခရပဒံ-ဟူသော နောက်သံပေါက် နှစ်ခုသည် ပါဠိတော်၌ “သာဝနံ ဟာပေတိ” ဟူသော စတုတ္ထဝိပတ္တိ အရကို ဘော်ပြသော သံပေါက်စုသာတည်း။ အသီးအခြားမဟုတ်။ ။“ဉတ္တိဝိပတ္တိ၌ ဉ တ္တိံ န ပရာမသတိ” နှင့် အနုဿာဝနာဝိပတ္တိ၌ “သာဝနံ ဟာပေတိ” သည် အတူတူပင်။ ပစ္ဆာ ဉတ္တိံ ထပေတိ” နှင့် “အကာလေဝါ သာဝေတိ” သည် အတူတူပင်။ ထိုကြောင့် ဉ တ္တိဝိပတ္တိ ကမ္မဝါစာဝိပတ္တိ-နှစ်ပါးကို တပေါင်းတည်း ပြု၍ ပြဆိုပေအံ့။ ဝတ္ထုကိုမသုံးသပ်ခြင်း ဆိုသည်ကား ဉတ်၌၎င်း၊ ကမ္မဝါသုံးချက်တို ၌၎င်း ရဟန်းလောင်း၏ အမည်ကို မသုံးသပ်ခြင်းတည်း။ မဘတ်ခြင်း တည်း။ သံဃပုဒ်တို့ကို မဘတ်ခြင်းသည် သံဃာကို မသုံးသပ်ခြင်း မည်၏။ Trang105 ဥပဇ္ဈာယ်ဆရာ၏ အမည်နာမ မပါခြင်းသည် ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း မည်၏။ ဉတ်နေရာ၌ ဉတ်ကို လုံးလုံးမဘတ်ဘဲ ကမ္မဝါ သက်သက်သာ ဘတ်ခြင်း၊ ကမ္မဝါနေရာ၌ ကမ္မဝါကို လုံးလုံးမဘတ်ဘဲ ဉတ်ကိုသာ လေးကြိမ်ဘတ်ခြင်းသည် ဉတ်ကိုမသုံးသပ်ခြင်း၊ ကမ္မဝါစာကို ယုတ် လျော့စေခြင်း မည်၏။ ဉတ်၌ အကျုံးဝင်သော အချို့အချို့သော အက္ခရာတို့ကို စွန့်ခြင်း,မကောင်းသဖြင့် ရွတ်ဆိုခြင်း, ကမ္မဝါတို့၌ အကျုံး ဝင်သော အချို့အချို့သော အက္ခရာပုဒ်တို့ကို စွန့်ခြင်း, မကောင်းသဖြင့် ရွတ်ခြင်း များသည်လည်း ဉတ်ကို မသုံးသပ်ခြင်း၊ ကမ္မဝါကို ယုတ်စေ ခြင်း မည်၏။ ဉတ်ကို ကမ္မဝါတို့၏ နောက်၌ ထားခြင်း၊ ကမ္မဝါတို့ကို ဉတ်၏ရှေ့၌ ဘတ်ခြင်း ထင်ရှားပြီ။ ဝတ္ထုပုဂ္ဂလတို့ကို သုံးသပ်မှု၌ သိမ်အပြင်၌ သံဃာစုံလင်၍ ကမ္မဝါ ဘတ်တော့မည်ရှိရာ မဘတ်မီတင်ကူး၍ ဥပဇ္ဈာယ်ဆရာက သံဃာအများ ကြားသိကြစေရန် ရဟန်းလောင်းကိုလည်း နာဂ-ဟူ၍အမည်ပေးရမည်။ မိမိကိုယ်ကိုလည်း တိဿ-ဟူ၍ အမည်ပေးရမည်။ ။ရဟန်းလောင်း မောင်မည်သူကို နာဂ-ဟူ၍ အမည်ပေးပါ၏။ ဉတ်၌၎င်း၊ကမ္မဝါစာတို့ ၌၎င်း နာဂဟူ၍ ရွတ်ဆိုသည်ရှိသော် ရဟန်းလောင်း မောင်မည်သူကို ဆိုသည်ဟူ၍ သံဃာတော်တို့က သိတော်မူကြပါကုန်။ ။ဥပဇ္ဈာယ်ဆရာ ဖြစ်သူ အကျွန်ုပ်ကိုလည်း တိဿဟူ၍ အမည်ပေးပါ၏။ ဉတ်၌၎င်း၊ ကမ္မဝါစာတို့၌၎င်း တိဿဟူ၍ ရွတ်ဆိုသည်ရှိသော် ဥပဇ္ဈာယ်ဆရာဖြစ်သူ အကျွန်ုပ်ကို ဆိုသည်ဟူ၍ သံဃာတော်တို့က သိတော်မူကြပါကုန်။ (အမည်ပေးပုံ) ။ ရဟန်းခံ ကမ္မဝါသို့ မရောက်မီ ဆုံးမခန်း စစ်မေးခန်းတို့၌လည်း သမ္မုတိဉတ်ပါရှိသည်။ ထိုဉတ်၌လည်း ဝတ္ထုပုဂ္ဂလတို့ ပါရှိကြသည့ ဖြစ်၍ အမည်ကို တင်ကူး၍ မှည့်မှ သင့်လျော်သည်။ ရှေးဦးစွာ အမည် ပေးမှုကို မပြုမူ၍ ဉတ်ကမ္မဝါစာတို့၌သာ နာဂအမည် တိဿအမည် တို့ကို ရွတ်ဆို၍ သွားသည်ရှိသော် ယခုရှိနေကြသော ရဟန်းလောင်း၏ အမည်မဟုတ်၊ဥပဇ္ဈာယ်ဆရာ ပြုလုပ်သူ၏ အမည် မဟုတ်သဖြင့် ရဟန်း Trang106 လောင်းဖြစ်သူ ဥပဇ္ဈာယ်ဖြစ်သူတို့ကို မထိမငြိသည်ဖြစ်၍ ဝတ္ထု ပုဂ္ဂလ တို့ကို မသုံးသပ်ရာပင်ကျ၏။ ။ ( ဝိမတိဋီကာအဆို) ။ သာဝနံ ဟာပေတိ-၌။ ။ ဥရ၊ရင်။ ကဏ္ဌ၊ လည်ချောင်း။ တာလု၊ အာစောက်။ မုဒ္ဓ၊ အာခေါင်။ ဒန္တ၊ သွား။ ဩဋ္ဌ ၊နှုတ်ခမ်း။ နာသိကာ၊ နှာခေါင်း။ ။ (ဌာန်ခုနစ်ပါး ဆောင်ပုဒ်) ။ ဇိဝှါမဇ္ဈ၊လျှာလယ်။ဇိဝှေါပဂ္ဂ၊ လျှာဖျား၏ အနီး။ဇိဝှဂ္ဂ၊လျှာဖျား။ သကဋ္ဌာန၊မိမိတို့၏ဌာန်။ ။ (ကရိုဏ်းလေးပါး ဆောင်ပုဒ်) ။ သံဝုဋ၊ပိတ်မှု ။ ဝိဝဋ၊ ဖွင့်မှု။ ဖုဋ္ဌ၊ ထိမှု။ဤသံဖုဋ္ဌ၊စဉ်းငယ်ထိမှု။ (ပယတ်လေးပါး ဆောင်ပုဒ်) ။ အထက်သွား၏ အတွင်းဖြစ်သော အာခေါင် အရပ်မှစ၍ လည် ချောင်းပေါက်ဝသို့ ဆိုက်အောင် ခံတွင်း၏ အထက်အပြင်ကို နှစ်ဘို့ပြု၍ အတွင်းအဘို့ကို အာစောက်ခေါ်သည်။ ပြင်အဘို့ကို အာခေါင်ခေါ် သည်။ လျာထိပ်ဟူ၍လည်း ဆိုကြ၏။ ။ခံတွင်းမှ နှာခေါင်းသို့ ထွက် သွားသော အပေါက်တလျှောက်လုံးကို ကို နာသိကဌာန်ဆိုသည်။ သံဝုဋ၊ပိတ်ခြင်း ဆိုသည်ကား-ဘွင့်၍ မလွှတ်ဘဲ ချုပ်အုပ်၍ ရွတ်ဆို ခြင်းကို ဆိုသည်။ ပတ်ဝိုင်းကို လက်ဖြင့်တီးကြရာ၌ စီတန်း၍နေသော ပုံတောင်ကြီး ငယ်စုနှင့် ဌာန်ခုနစ်ပါးတူသည်။ အလိုရှိရာကိုလှည့်လည်၍ တီးခေါက်သောလက်နှင့် ကရိုဏ်းလေးပါး တူသည်။ တခုသောပုံကို တီးခေါက်ရာ၌ တခုသောပုံမျက်နှာအပြင်မှ အသံတို့ အသံရှည်, အသံမာ, အသံပျော့ အမျိုးမျိုး ဖြစ်လေအောင် ပြုပြင်သော အမူအရာ အထွေအပြားတို့နှင့် ပယတ်မှုလေးပါးတူသည်။ ၃၉၅။ ရှင်,လည် အာ,အာ,သွား,နှုတ်,နှာ၊ဖြစ်ရာဌာန်ခုနစ်။ ။ (သိသာပြီ) ။ ၃၉၆။ လျှာလယ်, လျှာဖျား၊ နီးအပါး၊ ဌာန်အား ကရိုဏ်း လေး။ ။ (သိသာပြီ) ။ Trang107 ၃၉၇။ ပိတ်, ဘွင့် ခိုက်ထိ၊ စဉ်းငယ်ထိ၊ ပြုဘိပယတ်လေး ။ (သိသာပြီ) ။ ၃၉ဂ။ က,ခ,ဂ,ဃ, င၊ အ,အာ,ဟ၊ အဋ္ဌ လည်ချောင်းဖြစ်။ ။ (ကဏ္ဌဇ ရှစ်လုံး) ။ ၃၉၉။ စ ဆ, ဇ, ဈ,ည၊ ဣ ဤယ၊ အဋ္ဌ အာစောက်ဖြစ်။ ။ (တာလုဇ ရှစ်လုံး) ။ ၄၀၀။ ဋ,ဌ,ဍ,ဎ,ဏ၊ ရနှင့်ဠ၊ သတ္တ အာခေါင်ဖြစ်။ ။ (မုဒ္ဓဇ ခုနစ်လုံး) ။ ၄၀၁။ တ,ထ,ဒ,ဓ,န၊ လနှင့်သ၊ သတ္တ သွားမှာဖြစ်။ ။ (ဒန္တဇ ခုနစ်လုံး) ။ ၄၀၂။ ပ, ဖ,ဗ, ဘ,မ၊ ဥ,ဦ,မျှ၊ သတ္တ နှုတ်ခမ်းဖြစ်။ ။ (ဩဋ္ဌဇ ခုနစ်လုံး) ။ ၄၀၃။ ဝဂ္ဂန်ပဉ္စ၊ နိဂ္ဂဟိတ၊ ဆမှာ နှာခေါင်းဖြစ်။ င,ဉ,ဏ,န,မ၊ ဤဝဂ္ဂန္တငါးလုံးကို ဝဂ္ဂန်ပဉ္စ ဆိုသည်။ သေးသေးတင် ခေါ်သော ဗိန္ဒုငယ်တခုကို နိဂ္ဂဟိတ ခေါ်သည်။ ၄၀၄။ လည်, နှုတ်, ဩသာ၊ ဧ, လည်, အာ၊ ၀-မှာ သွား, နှုတ်ဖြစ်။ ဩ-သည် လည်ချောင်း နှုတ်ခမ်း၌ ဖြစ်၏။ ဧ-သည် လည်ချောင်း အာစောက်၌ ဖြစ်၏။ ဝ-သည် သွားနှုတ်ခမ်း၌ ဖြစ်၏။ ၄၀၅။ ဝဂ္ဂန်, ယ,ဝ၊ ယှဉ်သည်ဟ၊ ဥရဌာန်၌ဖြစ်။ ဝဂ္ဂန္တငါးလုံး ယ,ရ,လ,ဝ,လေးလုံး၊ ဤကိုးလုံးနှင့် ယှဉ်သော ဟ- အက္ခရာသည် ရင်၌ဖြစ်သည်ဟု လာ၏။ ဠကြီးနှင့် ယှဉ်လျှင်လည်း ထို့ အတူ ယူလေ။ ။ငှ,ဥှ, ဏှ, နှ, မှ, ယှ, ရှ, လှ,ဝှ,ဠှ။ ၄၀၆ ။ အာစောက် မဇ္ဈ၊ ခေါင်-ပဂ္ဂ၊ ဒန္တ-လျှာဖျားစပ်။ အစောက်ဌာန်နှင့် ဇိဝှါမဇ္ဈကရိုဏ်း တွဲဘက်။ အာခေါင် ဌာန်နှင့် ဇိဝှေါပဂ္ဂကရိုဏ်း တွဲဘက်။ သွားအရပ်နှင့် ဇိဝှဂ္ဂကရိုဏ်းတွဲဘက်။ ။ တလုဇ အက္ခရာတို့ကို ဖြစ်စေလိုသော် လျှာလယ်အရပ်၌ လှုံ့ဆော်၍ Trang108 ပေးမှ ဖြစ်နိုင်ကြကုန်သည်။ စဝဂ် ပဉ္စ၊ ဣ, ဤ, ယ တို့ကို ရွတ်ဆို၍ ကြည့်လေ။ မဇ္ဈိမသား သီဟိုဠ်သားတိုသည် စဝဂ် ငါးလုံးတို့ကို အစဉ်အတိုင်း ကျ, ချ, ဂျ, ဃျ, နျ-ဟု ရွတ်ကြကုန်၏။ မုဒ္ဓဇအက္ခရာတို့ကို ဖြစ်စေလိုသော် လျှာဖျား၏အနီးဖြစ်သော လျှာ အရပ်နှင့် လှုံ့ဆော်၍ပေးမှ ဖြစ်နိုင်ကြကုန်သည်။ ဋဝဂ်ပဉ္စ၊ ရနှင့်ဠတို့ကို ရွတ်ဆို၍ ကြည့်လေ။ ရကြီးကို ပြီသအောင်ရွတ်လိုသော် လျှာကို အထက်သို့ ခေါက်လိပ်၍ အထက် အာခေါင်အရပ်ကို ထိခိုက်၍ပေးမှ လျှာလိပ်သံပေါ်၍ ရကြီး အက္ခရာ ပြီသစ္စာ ဖြစ်နိုင်သည်။ ဋ, ဌ, ဍ, ဎ, ဏ,ဠကြီးတိုကို ရွတ်လိုသော အခါ၌လည်း လျှာကို အထက်သို့ ခေါက်လိပ်၍ ပေးရမည်။ ရကြီးနှင့် ဌာန်တူ ကရိုဏ်းတူဖြစ်ကြသည်။ လျှာကိုအထက်သို့ခေါက်လိပ်၍ မပေး ခဲ့လျှင် တ, ထ, ဒ, ဓ, န, လ-ဟူသော ဒန္တဇတွေဖြစ်၍ကုန်၏။ မုဒ္ဓဇတွေ မဖြစ်လာကုန်။ သုဏာတု မေ- ၌ ဏာကို ရွတ်မည်ဟု ရွတ်ပါသော်လည်း လျှာကို တန်းတန်းထား၍ ရွတ်ခဲ့သော် ဒန္တဇ နာအက္ခရာသာ ဖြစ်လေ၏။ ပဋိစ္ဆန္နာနဉ္စ-၌ ဋိကို အနုသိဋ္ဌော·၌ ဋ္ဌောကို ရွတ်မည်ဟု ရွတ်ပါ သော်လည်း လျှာကို လန်းတန်းထား၍ ရွတ်ခဲ့သော် ဒန္တဇတိ, ဒန္တဇ ထော,တို့သာ ဖြစ်၍သွားကုန်၏။ ဤမုဒ္ဓဇခုနစ်လုံးတို့နှင့် ဒန္တဇခုနစ်လုံး တို့သည် ဌာန်လည်း တခြားစီ ဖြစ်ကြကုန်၏။ ကရိုဏ်းလည်း တခြားစီ ဖြစ်ကြကုန်၏။ ဋသံနှင့် တသံ ကွဲအောင်ရွတ်ရလိမ့်မည်။ ဌသံနှင့် ထသံ ကွဲစေရမည်။ ဍသံနှင့် ဒသံ ကွဲစေရမည်။ ဎသံနှင့် ဓသံ ကွဲစေရမည်။ ဏသံနှင့် နသံ ကွဲစေရမည်။ ရသံနှင့် ယသံ ကွဲစေရမည်။ ဠသံနှင့် လသံ ကွဲစေရမည်။ ကွဲအောင် မရွတ်တတ်လျှင် ကမ္မဝါ ဘတ်ခြင်းငှာ မထိုက်။ သုဏာတု-၌ပင်လျှင် အလွဲလွဲအချော်ချော် ဖြစ်လိမ့်မည်။ သတိကြီးကြီး ထားသင့်လှ၏။ ဒန္တ-လျှာဖျားစပ် ဆိုသည်ကား ဒန္တဌာန်နှင့် လျှာဖျား ကရိုဏ်း တွဲတက်။ ဒန္တဇ အက္ခရာတို့ကို ဖြစ်စေလိုသော် လျှာပြင်နှင့် အထက် Trang109 သွားကို လှုံ့ဆော်၍ ပေးမှ ဖြစ်နိုင်သည်။ တဝဂ်ပဉ္စ၊ လနှင့်သတို့ကို ရွတ်ဆို၍ ကြည့်လေ။ လျှာက အထက်သို့ ခေါက်လိပ်၍ ရွတ်ဆိုခဲ့လျှင် မုဒ္ဓဇတွေဖြစ်၍လာလိမ့်မည်။သုဏာတု-၌ တုကို လျှာလိပ်သံနှင့် ရွတ်ခဲ့ လျှင် ဋုဖြစ်၍သွား၏။ နာဂေါ၌ နာကို လျှာလိပ်သံနှင့် ရွတ်ခဲ့လျှင် ဏာဖြစ်၍သွား၏။ အကြွင်းသိသာပြီ။ ဆိုပြီးသည်မှ ကြွင်းကုန်သော ကဏ္ဌဇရှစ်လုံး ဩဋ္ဌဇ ခုနစ်လုံးတို့၌ ဌာန်နှင့်ကရိုဏ်း အခြားမရှိ။ ဌာန်သည်ပင်လျှင် ကရိုဏ်းဖြစ်၏။ ကဝဂ် ပဉ္စ၊ အ,အာ,ဟ,တို့၌ လည်ချောင်းသားချင်း လှုံ့ဆော်သည်။ ပဝဂ်ပဉ္စ၊ ဥဝဏ္ဏတို့မှာ နှုတ်ခမ်းသား နှစ်ခုချင်း လှုံ့ဆော်သည်။ ကရိုဏ်း အသီး အခြားမရှိပြီ။ နှာခေါင်းဖြစ်အက္ခရာခြောက်လုံးတို့၌ နှုတ်ခမ်းကိုကရိုဏ်း ဆိုသင့်၏။ နှုတ်ခမ်းကိုပိတ်၍ပေးမှ နှာခေါင်းသို့လေနှင့်တကွ အသံလုံး၍ သွားသဖြင့် နှာခေါင်းသံ ပြီစွာပေါ် လေသည်။ ၄၀၇။ အ-သံဝုဋ၊ ကြွင်းသရ၊ သ,ဟ-ဝိဝဋာ။ ၄၀၈။ ဝဂ်မှာဖုဋ္ဌံ၊ ယ,ဝ, မှန်၊ ဤသံဖုဋ္ဌသာ။ အသရသည် သံဝုဋပယတ်ရှိ၏။ လည်ချောင်းကို ပိတ်သော အခြင်း အရာထင်၏။ ပိတ်လေ ပြီသလေ ဖြစ်၏။ ။ ကြွင်းသော သရခုနစ်လုံး၊ သ ဟ တို့သည် ဝိဝဋပယတ် ရှိကြကုန်၏။ အာကို ရွတ်သောအခါ လည်ချောင်းပေါက်ကို ပွင့်ပွင့်ပြု၍ရွတ် ။ ။ဣ, ဤကို ရွတ်သောအခါ အာစောက် ဌာန်နှင့် လျှာလယ်ကရိုဏ်းကို ပွင့်ပွင့်ပြု၍ရွှတ်။ . ။ဧ,ဩ, သ,ဟ-တိုမှာလည်း သူတို့ဆိုင်ရာ ဌာန်ကရိုဏ်းတို့နှင့် ခွဲလေ။ ။ကဝဂ် ငါးလုံး၊ စဝဂ်ငါးလုံး၊ ဋဝဂ်ငါးလုံး၊ တဝဂ်ငါးလုံး၊ ပဝဂ်ငါးလုံးတို့ကို ရွတ်သောအခါ သူ့ဌာန်တိုနှင့် သူ့ ကရိုဏ်းတို့ကို နာနာ တိခိုက်စေ၍ ရွတ်။ ။ယ,ရ,လ,၀-တို့ကို ရှုတ်သောအခါ သူတို့ဌာန်နှင့်ကရိုဏ်းတို့ကို စဉ်းငယ်သာ ထိခိုက်စေ၍ရွတ်။ ။ပဝဂ် ငါးလုံးတို့သည် နှုတ်ခမ်း၌ ဖြစ်ကုန်၏။ ဥ,ဦ, နှစ်လုံးတို့လည်း နှုတ်ခမ်း၌ဖြစ်ကုန်၏။ ပယတ်မူကား ကွဲကြ၏။ ပဝဂ်မှာ ဖုဋ္ဌပယတ်ရှိ၏။ နှုတ်ခမ်းချင်း နာနာထိလေ-ပြီသလေ ဖြစ်ကြကုန်၏။ ဥဦ-နှစ်လုံးတို့မှာ ဝိဝဋပယတ်ရှိကြကုန်၏။ နှုတ်ခမ်းချင်း ဘွင့်၍ရွတ်မှ ပြီသကုန်၏။ ထိ၍ရွတ်လျှင် မပြီသကုန်ပြီ။ ဤနည်းကိုအမှီ Trang110 ပြု၍ ကြွင်းသော ဌာန်တူ ကရိုဏ်းတူ ပယတ်ကွဲ အက္ခရာတို့၌ ရွတ်ပုံ အထူး အပြားတွေကို အကုန်ဝေဘန်၍ ရှင်းလင်းစွာ သိလေမြင်လေ။ ဌာန်-ကရိုဏ်း-ပယတ်- ပြီး၏။ သိထိလံ ဓနိတဉ္စေဝ၊ ဒီယံ ရဿံ ဂရုံ လဟုံ။ နိဂ္ဂဟိတံ ဝိမုတ္တဉ္စ၊ သမ္ဗန္ဓဉ္စ ဝဝတ္ထိတံ။ သိထိလံ၊ လျော့လျော့ ရွတ်အပ်သော အက္ခရာ၎င်း။ ဓနိတဉ္စေဝ၊ တင်းတင်း ရွတ်အပ်သော အက္ခရာ၎င်း။ ဒီယံ၊ ရှည်ရှည် ရွတ်အပ်သော အက္ခရာ၎င်း။ ရဿံ၊ တိုတိုရွတ်အပ်သောအက္ခရာ၎င်း။ ဂရုံ၊ လေးလေး ရွတ်အပ်သောအက္ခရာ၎င်း ။ လဟုံ၊ ပေါ့ပေါ့ရွှတ်အပ်သော အက္ခရာ၎င်း။ နိဂ္ဂဟီတံ၊ ခံတွင်းကိုပိတ်၍ ရွတ်အပ်သော ဗိန္ဒု၊ အက္ခရာ၎င်း၊ ဝိမုတ္တဉ္စ၊ ခံတွင်းကို မပိတ်မူ၍ ရွတ်အပ်သော အက္ခရာ၎င်း။ သမ္မန္ဓဉ္စ၊ သန္ဓိစပ်၍ ရွတ်အပ်သော အက္ခရာ၎င်း။ဝဝတ္ထိတံ၊ သန္ဓိမစပ် ပုဒ်ဖြတ်၍ရွတ်အပ်သော အက္ခရာ၎င်း။ ။ သဒ္ဒါဆယ်ပါး ဆောင်ပုဒ်။ ဗျဉ္စနဗုဒ္ဓိ ဆယ်ပါးလည်း ခေါ်၏။ ၄၀၉။ လျှော့, တင်း, ရှည်, တို၊ လေး,ပေါ့ကို၊ ပိတ်သို, လွှတ်, စပ်, ဖြတ်။ ၄၁၀။ ပ, တ,သိထိ၊ ဝဂ်တွင်ရှိ၊ ဓနိ, ဒု, စ,မှတ်။ ဝဂ်နှစ်ဆဲ့ငါးလုံးတွင် ရှိသော ပထမက္ခရာ ငါးလုံး, တတိယက္ခရာ ငါးလုံးသည် သိထိလမည်၏။ က၊ ဂ၊စ၊ဇ၊ဋ၊ဌ၊တ၊ဒ၊ပ၊ဗ၊ဤဆယ်လုံးကို ဆိုသတည်း။ ။ဒုတိယက္ခရာငါးလုံး၊ စတုတ္ထက္ခရာ ငါးလုံးသည် ဓနိတ မည်၏။ ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ၊ ဤ ဆယ်လုံးကိုဆို သတည်း။ ၄၁၁။ ငါးလုံးဒီဃ၊ သုံးရဿ၊ ဂ,လ,နှစ်မည်ထပ်။ အာ၊ဤ၊ဦ၊ဧ၊ဩ၊ ဤငါးလုံးသည် ဒီဃလည်းမည်၏။ ဂရုလည်း မည်၏။ အ၊ဣ၊ဥ-ဤသုံးလုံးသည် ရဿလည်းမည်၏။ လဟုလည်းမည်၏။ ဂ၊လ-ဆိုသည်ကား ဂရုလဟူ- ဆိုလိုသည်။ ။ဤအရာ၌ ဒီဃသရနှင့် Trang111 ယှဉ်သော ဗျည်းတို့သည်လည်း ဒီဃပင်မည်ကုန်၏။ရဿသရနှင့်ယှဉ်သော ဗျည်းတို့သည်လည်း ရဿပင်မည်ကုန်၏။ ၄၁၂။ သံယုဂ်,နိဂ္ဂဟိတ၊ နှောင်းပြန်က၊ ရဿ‘ဂရုမှတ် ။ ရဿပင် ဖြစ်သော်လည်း နောက်၌ သံယုဂ်ရှိခဲ့သော်၎င်း၊ နိဂ္ဂဟိတ် ရှိခဲ့သော်၎င်း ဂရုမည်ပြန်၏။ စသည်တည်း။ ။အတ္ထ၊ ဓမ္မ၊ ဣဋ္ဌ၊ ယိဋ္ဌ၊ ဥဒ္ဓ၊ မုဒ္ဓ၊သံဃ- ၄၁၃။ ဗိန္ဒုနိဂ္ဂဟိတ်၊ ခံတွင်းပိတ်၊ မပိတ် ဝိမုတ်မှတ်။ ခံတွင်းကို ပိတ်၍ ရှုတ်အပ်သော ဗိန္ဒုတခုသည် နိဂ္ဂဟိတ် မည်၏။ ခံတွင်းကို မပိတ်မူ၍ ရွတ်အပ်သော အက္ခရာစုသည် ဝိမုတ္တ မည်၏။ နိဂ္ဂဟိတန္တိ ယံ ကရုဏာနိ နိဂ္ဂဟေတွာ အဝိဿဇ္ဇေတွာ အဝိဝဋေန မုခေန သာနုနာသိကံ ကတွာ ဝုတ္တံ။ ။ဝိမုတ္တန္တိ ယံ ကရုဏာနိ အနိဂ္ဂဟေက္ခာ ဝိဿဇ္ဇေတွာ ဝိဝဋေန မုခေန သာနုနာသိကံ အကတွာ ဝုစ္စတိ။ ။ အဋ္ဌကထာပါဌ်။ ၄၁၄။ သမ္ဗန်သန္ဓေ၊ ပုဒ်ဖြတ်ဘိ၊ ဝဝတ္ထိတမှတ်။ ယဿာ ယသ္မတော ခမတိ။ ယဿ အာယသ္မတော ခမတိ။ နှစ်ချက်သင့်၏။ ၄၁၅။ သိ,ဓ,နိဂ်-ဝိ၊ ပြန်လှန်ဘိ၊ ပျက်၏ ဉတ်ကမ္မဝါ။ သိထိလ- ဓနိတ တစုံ၊ နိဂ္ဂဟိတ-ဝိမုတ္တ တစုံ၊ ဤသဒ္ဒါအစုံနှစ်ခုသည် ပြန်၍ရွတ်ဆိုခဲ့သော် ဉတ္တိဝိပတ္တိ ကမ္မဝါစာဝိပတ္တိဖြစ်၏။ကံပျက်၏။ ၄၁၆။ ဒီ-ရှသ်,ဂ-လံ၊ ဝဝတ်,သံ၊ ကံကိုမဖျက်ရာ။ ဒီဃ-ရဿ တစုံ၊ ဂရုလဟု တစုံ၊ သမ္ဗန္ဓ-ဝဝတ္ထိတ တစုံ၊ ဤသုံးစုံ တိုသည် ပြန်လှန်၍ ရွတ်ဆိုမိသော်လည်း ကံကို မဖျက်တတ်ကုန်။ ဝိမတိ ဋီကာ၌မူကား သိထိလချင်းဖြစ်သော်လည်း ဝဂ်တပါး၌ သိထိလအက္ခရာ ကို ဝဂ်တပါး၌ သိထိလပြု၍ ရွတ်ဆိုမိခဲ့သော် ကံပျက်၏ဟု ဆို၏။ သုဏာတု၌ ဏာသည် မုဒ္ဓဇ ဏကြီး၏အရာသာဖြစ်၏။ဒန္တဇ နငယ်၏ အရာမဟုတ်။ ဏကြီးဖြစ်အောင် လျှာကိုပြုပြင်မှု၌မလိမ်မာသောသူအား (ဒုတိယအကြိမ်) Trang112 ဏကြီးကို ရွတ်ဆိုမည်ဟု ကမ္မဝါစာကို ကြောင်ကြောင် ကြည့်၍ ရွတ်ဆို သော်လည်း နှုတ်လျာမှာ နငယ်သာ ဖြစ်နေတတ်၏။ ဤသို့ ဌာန်ကရိုဏ်း အစီအရင်တို့၌ မလိမ်မာသည့်အတွက် ပျက်ကွက်မှားယွင်းမှုတို့ကို ရည်၍ ဋီကာရှင်ဆိုပေသည်။ ဉတ်ကမ္မဝါ ရွတ်ဘတ်သောသူသည် ဌာန်,ကရိုဏ်း, ပယတ်တို့၌၎င်း သဒ္ဒါဆယ်ပါး တို့၌၎င်း ကောင်းစွာ လိမ်မာရာ၏။ လိမ်မာသော သူမှ သာလျှင် ဘတ်ရွတ်ခြင်းငှာ ထိုက်၏။ ထိုကြောင့် မဟုတ်လော ဉတ် ကမ္မဝါစာတို့နှင့် စပ်လျဉ်းရာတို့၌ ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော-ဟူ၍ ဗျတ္တပဋိဗလကို အထူး ထုတ်ဘော်၍ ဟောတော် မူပေသတည်း။ ။ထိုအစီအရင်တို့ကို သိတတ်ရုံမျှနှင့်လည်းမဖြစ်သေး။ သိမ်အပြင်၌ ကမ္မဝါ ဘတ်ခွင် မဝင်မီ ရှေးအဘို့ကပင် ထိုထိုအက္ခရာ တို့၌ ဌာန်ကရိုဏ်းကျ နှုတ်လျှာကျိုးပြီးသောသူမှသာ ကမ္မဝါဘတ်ခွင်သို ဝင်သင့်သည်။ စိတ်ကပင် သိသော်လည်း နှုတ်လျှာ မကျိုးဘူးချေက သံဃာ အလယ်၌ ဘတ်သောအခါ နှုတ်လျာ အချော်အချွတ် များ၍ နေတတ်လှ၏။ ထိုကြောင့် ရဟန်းပြုပြီးသောအခါမှစ၍ ကမ္မဝါဘတ် သင်ကြားမှုများကို အထူး ကြောင့်ကြစိုက်ကြကုန်ရာ၏။ ငါတို့ မုံရွာမြို့ လယ်တီတိုက်တွင်း၌ရှိ ရဟန်းငယ်တိုသည် သီတင်းနေ့တို့၌ ကမ္မဝါဘတ် တတ်မြောက် လိမ်မာပြီးသော မထေရ်ကြီးတို့ ကျောင်း၌ စည်းဝေး၍ ကမ္မဝါဘတ် သင်ကြားမှုကို အမြဲပြုကြရကုန်၏။ သတိရှိကြစေကုန်။ သာဝနံ ဟာပေတိအရကိုပြဆိုချက် ပြီး၏။ တဆဲ့တပါးသော ဝိပတ္တိသိမ်တို့မှကင်းလွတ်၍ နိမိတ္တသမ္ပတ္တိ, ပရိသာ သမ္ပတ္တိ ကမ္မဝါစာ သမ္ပတ္တိ-ဟူသော သုံးပါးသော သမ္ပတ္တိ အင်္ဂါနှင့် ပြည့်စုံသော သိမ်၌ ဆောင်ရွက်သော ထိုကံသည် သီမာ သမ္ပတ္တိနှင့် ပြည့်စုံသော ကံမည်၏။ သိမ်အကြောင်းအရာကိုမူကား နောက်မှ အသီး အခြား ဆိုလတ္တံ့။ ၄၁၇ ။ ကမ္မပတ္တ၊ မလာကြ၊ ဆန္ဒ မဆောင်ဘိ။ ၄၁ဂ။ မျက်မှောက်မြစ်တား၊ ဤသုံးပါး၊ ပျက်ငြား ဝိပတ္တိ။ Trang113 ကမ္မပတ္တသံဃာ-သိမ်အပြင်သို့ မလာ မရောက်ခြင်း, ဆန္ဒထိုက်သော ရဟန်းတို့၏ဆန္ဒကို မဆောင်ခြင်း, သိမ်သို့ရောက်၍ မျက်မှောက်၌ရှိကုန် သော သူတို့၏ တားမြစ်ခြင်း။ ။ပရိသတ်မှဖြစ်သော ဝိပတ္တိသုံးပါး။ ၄၁၉ ။ နာနာသံဝါသက၊ နှစ်မျိုးပြ၊ကမ္မ လဒ္ဓိဒွိ ။ ကမ္မနာနာသံ၀ါသက ပုဂ္ဂိုလ် တမျိုး၊ လဒ္ဓိနာနာသံဝါသက ပုဂ္ဂိုလ် တမျိုး။ ၄၂၀ ။ ဥက္ခိတ်-ကမ္မ၊ နုဝတ္တ၊ လဒ္ဓနာနာသိ။ ဥက္ခိတ္တက ပုဂ္ဂိုလ် သုံးယောက်သည် ကမ္မနာနာ သံဝါသက ပုဂ္ဂိုလ် မည်၏။ ဥက္ခိတ္တာနုဝတ္တကပုဂ္ဂိုလ်သုံးယောက်သည် လဒ္ဓိနာနာသံဝါသက ပုဂ္ဂိုလ် မည်၏။ ၄၂၁ ။ မရှု့မကု၊မစွန့်မှု၊ သုံးခု ဥက္ခိတ်ရှိ။ ၄၂၂။ အယူကြိုက်ကာ၊အစဉ်ပါ၊ သုံးဖြာ နုဝတ္တိ။ ပဿသိ အာဝုသော တံ အာပတ္တိံ-ဟု ဆိုသည်ရှိသော် အာမဘန္တေ ပဿာမိ-ဟု ဝန်မခံလိုသော ရဟန်းသည် အာပတ်ကို မရှုသော ရဟန်း မည်၏။ ။ သင့်ပြီးသော အာပတ်ကို ထင်စွာမပြု ဒေသနာမကြား နေ့လွန်ငြားအောင် ဖုံးဝှက်၍ထားသော ရဟန်းသည် အာပတ်ကို မကုစားသော ရဟန်းမည်၏။ အရိဋ္ဌ ရဟန်းတို့ကဲ့သို့ ပါပဒိဋ္ဌိကိုယူ၍ သုံးကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာတို့ဖြင့် ဆုံးမပါလျက် မစွန့်သော ရဟန်းသည် ဒိဋ္ဌိကိုမစွန့်သော ရဟန်းမည်၏။ ထိုအကြောင်းတို့ကြောင့် ဥက္ခေပနိယကံ အပြုခံရသော ရဟန်းသုံးပါးတို့သည် ဥက္ခိတ္တက ရဟန်း မည်ကုန်၏။ ထိုရဟန်းတို့ကို ကမ္မနာနာသံဝါသက ရဟန်းဟူ၍ ခေါ်၏။ ထိုရဟန်းတို့၏ အလိုအယူကိုကြိုက်၍ အသင်းအပင်း ပြုလုပ်ကြကုန်သော ရဟန်းတို့သည် ဥက္ခိတ္တာနုဝတ္တက မည်ကုန်၏။ လဒ္ဓိနာနာသံဝါသက– ဟူ၍လည်း ခေါ်၏။ ၄၂၃။ နာနာသံဝါသက၊ အန္တိမ၊အပကတတ္တသိ။ ၄၂၄။ ထိုမှကြွင်းလတ်၊ ပကတတ်၊ အမြတ် သီလရှိ။ ပြဆိုခဲ့ပြီးသော နာနာသံဝါသက ရဟန်းမျိုး အန္တိမဝတ္ထုသို့ ရောက် ပြီးသော ရဟန်းတို့သည် အပကတတ် ရဟန်းတို့ မည်ကုန်၏။ ထိုမှ Trang114 ကြွင်းသောရဟန်းတို့သည် ဤဥပသမ္ပဒကံ၌ ပကတတ်ရဟန်းတို့ မည်ကုန် ၏။ ပကတိ သီလရှိသော ရဟန်းဆိုလိုသည်။ ၄၂၅။ ငါးပါး ပကတတ်၊ ဂိုဏ်းပြည့်လတ်၊ ကမ္မပတ္တသိ။ (သိသာပြီ) ။ ၄၂၆။ ဂိုဏ်းမပြည့်လာ၊ဝိပတ်သာ၊ပြည့်လာသမ္ပတ္တိ။ တခုသောသိမ်တွင် နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်း၌ ပဉ္စဝဂ္ဂဂိုဏ်း ပြည့်မလာလျှင် ဝိပတ္တိဖြစ်၏။ဂိုဏ်းပြည့်လာလျှင် သမ္ပတ္တိဖြစ်၏။ ၄၂၇။ ထိုမှကြွင်းထွေ၊ သိမ်တွင်းနေ၊ ထိုက်လေ ဆန္ဒသာ။ ၄၂၈။ ဆန္ဒမလာ၊ ဝိပတ်သာ၊ လာလျှင် သမ္ပတ်ငြား ။ ပကတတ်ငါးပါးတို့မှတပါး ထိုသိမ်တွင်း၌ ကြွင်းကျန်သမျှသော ရဟန်းတို့သည် ထိုကံ၌ ဆန္ဒပေးထိုက်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏။ ထို ပုဂ္ဂိုလ်တို့၏ဆန္ဒသည် ကံပြုသံဃာတို့၏အထံသို့ မရောက်လာသည်ဖြစ်အံ့၊ ထိုကံသည် ဝဂ္ဂကံဖြစ်၍ ဝိပတ္တိ ဖြစ်၏။ ရောက်လာသည် ဖြစ်အံ့၊ သမ္ပတ္တိ ဖြစ်၏။ ဆန္ဒပေးနည်း ဆန္ဒဆောင်နည်း ဆန္ဒကြားနည်းတို့ကို ဥပုသ် အခန်း၌ ဆိုလတ္တံ့ ။ ၄၂၉ ။ မျက်မှောက်တားမြစ်၊ ဝိပတ်ဖြစ်၊ မမြစ် သမ္ပတ်ငြား။ သုဏာတု မေ-အစရှိသည်ဖြင့် ဘတ်မှု ရွတ်မှု ကံပြုဆဲအခါ၌ ထို ပရိသတ်၌ အကျုံးဝင်သော သံဃာတပါးပါးက ထိုထိုကံကို တားမြစ် ခဲ့ပြန်သော်ဝိပတ္တိဖြစ်၏။ တားမြစ်သူမရှိဘဲချောမောစွာပြီးစီး၍သွားလျှင် သမ္ပတ္တိဖြစ်၏။ တားမြစ်ဆိုသည်ကား- ဤကံကို မပြုကြပါနှင့်ဟူ၍၎င်း, ပြု၍မတော် ဟူ၍၎င်း,ပြုသည်ကို ငါတိုမကြိုက် ငါတို့သဘောမတူ ငါတို့သဘောမကျ ဟူ၍၎င်း, ကမ္မဝါဘတ်ပုံကို ငါတို့သဘောမကျဟူ၍၎င်း ဤသို့ အစရှိ သည်ဖြင့် တားမြစ်ခဲ့ငြားအံ့၊ကဲ့ရဲ့ပြစ်တင်စကား ပြောဆိုငြားအံ့၊ အများ ကြားအောင်ပင် မပြောသော်လည်း မိမိ၏အနီး၌ရှိသောသူ အချင်းချင်း အား တိုးတိုးစကား ပြောဆိုငြားအံ့၊ ကောင်းသောစိတ်နှင့် ပြောသည် ဖြစ်စေ၊မကောင်းသောစိတ်နှင့် ပြောသည်ဖြစ်စေ ထိုကံပျက်၏။ Trang115 ကံပျက်၏ ဆိုသည်ကား- တားမြစ်မှုနှင့် တိုက်ဆိုင်မိသော ဉတ် ကမ္မဝါစာ အကြိမ်ပျက်၏။ ဆုံးအောင် ဘတ်၍ သွားသော်လည်း ကံမမြောက်ပြီ။ ထိုတွင် ရပ်တန့်၍ တားမြစ်သူနှင့် ပြောဆို ပြီးငြိမ်းမှ သုဏာတုမေက ပြန်၍ ဘတ်ရပြန်၏။ ။နှစ်ပါး သုံးပါးပြိုင်၍ ဘတ်ကြ ရာ၌ တပါးပါးက နောက်ကျ၍ နေခဲ့သော်၎င်း,စာပျောက်၍နေခဲ့သော် ၎င်း,ရပ်ပါဦး ဆိုင်းပါဦးဟု ဆိုကြသည်များကို တားမြစ်ရာ ရောက် သည်ဟု ငါတို့ကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရားကြီး အယူရှိတော် မူ၏။ သတိပြုကြပါကုန်။ ပရိသတ်အတွက်နှင့်ကံပျက်မှုပြီး၏။ ဤသို့လျှင် ပြဆိုခဲ့ပြီးသော အလုံးစုံသော ဝိပတ္တိတို့ကို ကင်းလွှတ် စေ၍ အလုံးစုံသော သမ္ပတ္တိတို့ကို ပြည့်စုံစေ၍ ပြုလုပ်အပ်သော ဥပသမ္ပဒ ကံသည် ဝတ္ထုသမ္ပတ္တိအင်္ဂါ, ဉတ္တိသမ္ပတ္တိအင်္ဂါ, အနုဿာဝနသမ္ပတ္တိအင်္ဂါ သီမာသမ္ပတ္တိအင်္ဂါ, ပရိသာသမ္ပတ္တိအင်္ဂါ၊ ဤအင်္ဂါငါးပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ ကံမြောက်၏။ ရဟန်းကောင်း စင်စစ်ဖြစ်၏။ ပဉ္စအင်္ဂါနှင့် ပြည့်စုံစွာ ဖြစ်ပေသောကြောင့် ပဉ္စင်းဟူသော စကားအနက် ပြည့်စုံ၏။ စတုတ္ထကမ္မဝါတွင် သောဘာသေယျ-၌ ယျအက္ခရာကို ရွတ်ဆို၍ ပြီးဆုံး သည်နှင့် တပြိုင်နက် မြတ်စွာဘုရား၏ အမွေခံသားတော် အဖြစ်သို့ ရောက်လေ၏။ ။ဒဠီကမ္မ ဖြစ်စေခြင်းငှာ ဆယ်ဝါမရမီအတွင်း၌ ဆရာ ကောင်း အမျိုးမျိုးတို့နှင့် အကြိမ်ကြိမ် အခါခါ ရဟန်းထပ်ခြင်းသည် အလွန်ကောင်းမြတ်သော အမှုဖြစ်ပေ၏။ ငါတို့ တပည့်တပန်းများမှာ သုံးကြိမ်အောက် မနည်းစေရ။ ရဟန်းထပ်ရိုး ပြု၍ထား၏။ ရဟန်းခံခန်း အမြွက်ပြီး၏။ ၂ ဂ -နိဿယမုတ္တကအင်္ဂါ ၄၃၀။ ငါးဝါတွင်းဝယ်၊ ဥပဇ္ဈာယ်၊ မှီတွယ်မကင်းရာ ။ ရဟန်းဖြစ်ပြီးသည်မှ ငါးနှစ်အတွင်း၌ ဥပဇ္ဈာယ်ဆရာ, နိဿယည်း ဆရာနှစ်ပါးတို့တွင် တပါးပါးကို မှီတွယ်၍သာ နေရသည်။ ။မိမိ Trang116 ဥပဇ္ဈာယ်ဆရာနေသော တိုက်တာမှ တပါးသောတိုက်တာ၌ နေသော အခါ နိဿယည်းဆရာ အင်္ဂါမြောက်သော ဝိနည်းဓိုရ် ပုဂ္ဂိုလ်ထံမှာ နိဿယည်းယူ၍ နေရသည်။ ။“အာစရိယော မေ ဘန္တေ ဟောတိ။ အာယသ္မတော နိဿာယ ဝစ္ဆာမိ”။ ။နိဿယည်းယူပုံ။ ။“ပတိရူပံ” ဟူ၍သော်၎င်း၊ “ပါသာဒိကေန သမ္ပာဒေဟိ”ဟူ၍သော်၎င်း ဝိနည်းဓိုရ် ဆရာ ဆိုလိမ့်မည်။“အာမဘန္တေ”ဆိုလေ။ ၄၃၁။ ဖဲ, ပြောင်း,ထွက်,သေ၊နှင်ထုတ်ချေ၊ငြိမ်းလေနိဿယည်း။ ဥပဇ္ဈာယ်ဆရာ အရပ်တပါးသို့ အပြီးဖဲသွားခဲ့သော်၎င်း တိတ္ထိဘောင် သို့ ပြောင်းသွားခဲ့သော်၎င်း, လူထွက်ခဲ့သော်၎င်း, သေဆုံးခဲ့သော်၎င်း, တပည့်ဖြစ်သူ ရဟန်းငယ်ကို ဥပဇ္ဈာယ်ဆရာက နှင်ထုတ်ခဲ့သော်၎င်း, ဥပဇ္ဈာယ်နှင့်စပ်သော အမှီပျက်၏။ ။နိဿယည်းယူ၍ နေရာမှလည်း နိဿယည်းဆရာ ဖဲသွားခြင်းစသည် ငါးပါးတွင် မိမိဥဇ္ဈာယ်ဆရာရှင် နှင့် တွေဆုံမှုကို ထည့်၍ အမှီပျက်အင်္ဂါ ခြောက်ပါးရှိ၏။ ၄၃၂။ ငါးဝါပြည့်မြောက်၊ပါတိမောက်နှုတ်၊ဥပုသ်,ပဝါရဏာ၊ ကမ္မာ ကမ္မ၊ ကြေလည်က၊ လွတ်ထ နိဿယည်း။ ရဟန်းဖြစ်သည်မှ ငါးဝါရသည်လည်းဖြစ်စေ,ပါတိမောက်နှစ်စောင် ကို နှုတ်တက်ရွရွ ရဘူးသည်လည်းဖြစ်စေ, ဥပုသ်ပ၀ါရဏာမှု ပရိဝါသ် မာနတ်စသော အချို သောကံကြီး ကံငယ်မှုတို့၌ ကြေလည်ပွန်းတီးရှိသည် လည်းဖြစ်စေ ဤအင်္ဂါစုနှင့် ပြည့်စုံလျှင် နိဿယည်းလွတ်၏။ နိဿယ မုတ္တကပုဂ္ဂိုလ်ဖြစ်၏။ ဥပဇ္ဈာယ်ဆရာ, နိဿယည်းဆရာကို လွှတ်၍ နေလို ရာ၌ ပေါက်လွှတ်နေရပြီ။ အဋ္ဌကထာတို့၌ သုတ္တန်မှ လေးဘာဏဝါရ အရဆောင်ရမည်။ အန္ဓကဝိန္ဒသုတ်, အမ္ဗဋ္ဌသုတ်,မဟာရာဟုလောဝါဒသုတ် အစရှိသည်တို့နှင့် တူမျှသော တခုခုသော ဓမ္မကထာအစဉ်ကို ပြောဟော တတ်စေရမည်။ မင်္ဂလာတရား ၁၊ဆွမ်း,သင်္ကန်းအလှူ အနုမောဒနာတရား ၁၊အသုဘ တရား ၁-ဟူ၍ တရားသုံးပုဒ်ကို ရစေရမည်။ အရဟတ္တဖိုလ်သို ရောက် အောင် လမ်းပေါက်သော တခုသော သမထ ကမ္မဋ္ဌာန်း ဝိပဿနာ Trang117 ကမ္မဋ္ဌာန်းအစီအရင်ကို တတ်စေရမည်ဟူ၍ ဆိုသေး၏။အလျော်အားဖြင့် ဆိုသည်ဟုမှတ်။ ရှေးအင်္ဂါစုသာ လိုရင်းတည်။ ဒွေမာတိကာကို နှုတ်တက်ရှူ၍ ရစေရမည် ဟူသော စကားမှာလည်း ယခုအခါ၌ ဘိက္ခုနီမတို့ မရှိကြကုန်ပြီ ဖြစ်၍ ဘိက္ခုနီ ပါတိမောက်ကို အရမလိုပြီ။ ဘိက္ခုပါတိမောက် တစောင်လျှင်ပင် သင့်လျော်ပြီဆိုကြ၏။ ပရိသုပဋ္ဌာပကအင်္ဂါ၌ ဥဘတောဝိဘင်းကို ရစေရမည်ဟု ပါရှိသည် ကို ဋီကာကြီးတို့၌ အတ္ထဝသေနပိ ယောဇေသုံ-ဟု ပါဠိကိုပင် မရသော် လည်း စာကိုကြည့်၍ အနက်အဓိပ္ပါယ် ထင်မြင်နိုင်လျှင်ပင် သင့်လျော်ပြီ ဟူသော ရှေးဆရာများ အယူကို ပြဆိုသည်နှင့်အညီ ဤ နိဿယမုတ္တက အင်္ဂါမှာလည်း ဒွေမာတိကာပါဠိကိုပင် မရသော်လည်း စာကိုလက်ကိုင် လက်စွဲပြု၍ ကြည့်ရှုဆင်ခြင်သောအခါ အနက်အဓိပ္ပါယ်ကို အစုံအလင် သိမြင်မှတ်မိခဲ့လျှင်ပင် သင့်လျော်ပြီဟူ၍လည်းဆိုကြ၏။ ပါဠိတော်၌ ဥဘယာနိ ခေါ ပနဿ ပါတိမောက္ခာနိ ဝိတ္ထာရေန သွာဂတာနိ ဟောန္တိ သုဝိဘတ္တာနိ သုပ္ပဝတ္တီနိ-ဟူ၍ဥဘတော ဝိဘင်းကို အလွန် ကြေပွန်စွာ ရစေရမည်ဟု လာရှိပါလျက် အသက္ကောန္တေဟိ တိဇနေဟိ သဒ္ဓိံ ပရိဝတ္တနက္ခမာ ကာတဗ္ဗာ-ဟူ၍ ဥဘတောဝိဘင်းကို `တပါးချင်းနှင့် ချောမောစွာ မရရှိနိုင်ခဲ့ပါလျှင် သုံးပါးတွဲ၍ ပြန်သော် ချောမောနိုင်လောက်အောင် ရစေရမည်ဟု ကာလသို့လိုက်၍ အဋ္ဌကထာ ဆရာတို့ လျှော့ပေါ့၍ ပြဓာန်း ကြသော အချက်များနှင့် အနက် အဓိပ္ပါယ် ထင်မြင်နိုင်လျှင်ပင် သင့်လျော်ပြီဟုယခုကာလနှင့် တိုင်းတာ၍ ယူကြသော အရာသည် သင့်လျော်သကဲ့သို့ရှိ၏၊ နိဿယမုတ္တကအင်္ဂါ ပြီး၏။ ၂၉-ဥပဇ္ဈာယ်-နိဿယည်း အမြွက် ၄၃၃။ ဆယ်ဝါရလျှင်း၊ ဝိဘင်းနှစ်ဖြာ၊ နှုတ်တက်စွာ၊ ကမ္မာ ကမ္မသိ။ ၄၃၄။ ဝတ်ခန္ဓက၊ ကြေပွန်လှ၊ မြောက်ထ ဥပဇ္ဈိ။ Trang118 ၄၃၅။ နိဿယည်းဆရာ၊ ဥပဇ္ဈာ၊ အင်္ဂါထူးမရှိ။ ရဟန်း ဖြစ်သည်မှစ၍ ဆယ်ဝါရပြီးသည်လည်း ဖြစ်စေ, ဘိက္ခု ဝိဘင်း ဘိက္ခုနီဝိဘင်း ဟူသော ဥဘတောဝိဘင်းကို နှုတ်တက်ရွရွ ရဘူး သည်လည်းဖြစ်စေ,စူဠဝါကမ္မခန္ဓက ပရိဝါကမ္မဝဂ်တို့၌ လာသော ကံကြီး ကံငယ်တို့၌ ကြေလည်တတ်သိ ရှိသည်လည်းဖြစ်စေ, ဥပဇ္ဈာယ်ဝတ် သဒ္ဓိ ဝိဟာရိကဝတ်အစရှိသော ခန္ဓကဝတ်တို့၌ တတ်သိလိမ်မာ ရှိသည်လည်း ဖြစ်စေ၊ ဤအင်္ဂါစုနှင့် ပြည့်စုံလျင် ဥပဇ္ဈာယ်ဆရာမြောက်၏။ ဥပဇ္ဈာယ် ပေးထိုက်၏။ နိဿယည်း ပေးထိုက်၏။ နိဿယည်းဆရာ ဥပဇ္ဈာယ်ဆရာ အင်္ဂါအထူး မရှိကြ။ ၄၃၆။ ဝိနယဓရ၊ ပါမောက္ခ၊ ဂဏ ဓိပတိ။ ထိုအင်္ဂါစုနှင့် ပြည့်စုံပေလျှင် ဝိနည်းဓိုရ် ပုဂ္ဂိုလ် မြောက်၏။ ဝိနည်း အရာ၌ ဒိသာပါမောက္ခကြီးဖြစ်၏။ ဂိုဏ်းထောက် ဂိုဏ်းအုပ် ဂိုဏ်းချုပ် လုပ်ထိုက်၏။ ။ဂဏာဓိပတိ ဂဏာစရိယ ဂဏပါမောက္ခ လုပ်ထိုက်၏။ ၄၃၇။ ရှင်ပြုတတန်၊ ရဟန်းခံနှင့်၊ ကံငယ်ကံကြီး၊ဝိနည်းအရာ၊ အဖြာဖြာ၊ သူသာစိုးရဘိ။ ရှင်ပြုခန်း၌ ပြဆိုခဲ့ပြီးသော ဆံရိတ်ခြင်း သင်္ကန်းပေးခြင်း သရဏဂုံ ပေးခြင်းဟူသော ရှင်ပြုမှု့, ရဟန်းခံရာ သိမ်အပြင်၌ ဥပဇ္ဈာယ် ဆရာ ပြုလုပ်မှု, ဥပုသ်ပ၀ါရဏာ အစရှိသော ကံကြီးကံငယ် ဆောင်ရွက်မှု ဝိနည်းနှင့်စပ်သော အဓိကရုဏ်း ဆုံးဖြတ် စီရင်မှုတို့၌ ဤသူသည်သာ အစိုးရ၏။ ၄၃ဂ။ ရှင်ရဟန်းမွေး၊ ပြုစုရေး၊ လုပ်ကျွေး ခံထိုက်၏။ ဥပဇ္ဈာယ်ပေး၍ နိဿယည်းပေး၍ ရှင်သာမဏေ မွေးထိုက်၏။ ရဟန်း ပဉ္စင်းမွေးထိုက်၏။ ရဟန်း သာမဏေတို့၏ အခြံရံမှု ဝတ်ကြီး ဝတ်ငယ် ပြုစုမှုကို ခံထိုက်၏။ ။ဤ၌လည်း ဥဘတောဝိဘင်းကို ရစေရမည် ဟူသော ဒုတိယအင်္ဂါ၌ ဘိက္ခုနီဝိဘင်းကို အရမလိုလှပြီ။ကြည့်ရှုချပို့မှုပင် ပြီးသင့်ပြီ။ ဘိက္ခုဝိဘင်းသည်သာ ယခုအခါ လိုရင်း ဖြစ်တော့သည်။ ဘိက္ခုဝိဘင်းကို တယောက်အားနှင့် ချောမောစွာ ရအောင် မတတ်နိုင် Trang119 ခဲ့လျှင် သုံးယောက်စပ် ချောမောလျှင် သင့်လျော်ပြီဟု ဆိုကြ၏။ ဝိဘင်းနှစ်စောင်ကို ပါဠိအာဂုံ မရသော်လည်း အနက်ထင်၍ အဓိပ္ပါယ် သိလျှင် ပြီး၏ဟု ဋီကာကြီးများ နည်းအတိုင်းလည်း ယူကြ၏။ ဥပဇ္ဈာယ်အင်္ဂါ နိဿယည်းအင်္ဂါ တိုနှင့်ပင် မပြည့်စုံငြားသော်လည်း နိဿယနံစောင်နှင့် ကြည့်ရှု၍ စာပေကျမ်းဂန် ပို့ချနိုင်လျှင်ပင် ဓမ္မာစရိယ အနေနှင့် ရဟန်း သာမဏေ မွေးရ၏။ ။ဝတ်ကြီး ဝတ်ငယ် အပြုအစု ခံရ၏။ ။ သာမဏေတို့ကို ရဟန်းခံမည်ရှိသောအခါ၌မူကား ဥပဇ္ဈာယ် အင်္ဂါ နိဿယည်းအင်္ဂါနှင့် ပြည့်စုံသော ဆရာထံ အပ်နှံ၍ ပြုရာ၏။ ကမ္မဝါစာကို ဌာန်ကရိုဏ်းမှန်စွာနှင့် နေရာကျ ဘတ်တတ်သော ဆရာကို ရှာကြံ ပင့်ဆောင်ရာ၏။ ကုသိုလ်ပါရမီ အစအနကောင်းသော ရဟန်း လောင်းများဖြစ်ခဲ့လျှင် တော်ကာ လျော်ကာ ဥပဇ္ဈာယ် တော်ကာ လျော်ကာ ကမ္မဝါဆရာနှင့် မပြီးသင့်။ မလွှဲသာ၍ ပြီးခဲ့ရလျှင် ဆရာ ကောင်းများထံမှာ အမြန်ထပ်ရမည်။ ဥပဇ္ဈာယ်-နိဿယည်း အမြွက် ပြီး၏။ ၃ ဝ-သိမ်ခန်းအမြွက် အတိခုဒ္ဒကာ။အတိမဟတီ။ခဏ္ဍနိမိတ္တာ။ ဆာယာနိမိတ္တာ။အနိမိတ္တာ။ ဗဟိသီမေဌိတသမ္မတာ။ နဒိယံသမ္မတာ။ သမုဒ္ဒေသမ္မတာ။ ဇာတဿရေ သမ္မတာ။ သီမာယ သီမံ သမ္ဘိန္ဒန္တေနသမ္မတာ။ သီမာယ သီမံ အဇ္ဈောတ္ထ ရန္တေနသမ္မတာ။ ။ ဝိပတ္တိသိမ်ပျက် တဆဲ့တပါးဆောင်ပုဒ်။ အတိခုဒ္ဒကာ၊ နှစ်ကျိပ်တယောက် မထိုင်လောက်ဘွယ် အလွန်ငယ် သောသိမ်ပျက်။ အဟိမဟတီ၊ သုံးယူဇနာထက် ကျယ်ပြီး အလွန်ကြီး သောသိမ်ပျက်။ ခဏ္ဍနိမိတ္တာ၊ နိမိတ်ကျိုးပြတ်သော သိမ်ပျက်။ ဆာယာ နိမိတ္တာ၊ တောရိပ် တောင်ရှိ သစ်ပင်ရိပ်ကို နိမိတ်ပြုလုပ်သော သိမ်ပျက်။ အနိမိတ္တာ၊ နိမိတ်လုံးလုံးမရှိဘဲ သမုတ်သော သိမ်ပျက်။ ဗဟိ သီမေ ဌိတသမ္မတာ၊ သိမ်ပ၌ တည်၍ သမုတ်သော သိမ်ပျက်။ နဒိယံ သမ္မတာ၊ မြစ်ပြင်၌ သမုတ်သော သိမ်ပျက်။ သမုဒ္ဒေသမ္မတာ၊ သမုဒ္ဒရာ Trang120 အပြင်၌သမုတ်သော သိမ်ပျက်။ ဇာတဿရေသမ္မတာ၊ ဇာတဿရအိုင် အပြင်၌ သမုတ်သော သိမ်ပျက်။ သီမာယ သီမံ သမ္ဘိန္ဒန္တေန သမ္မတာ၊ သိမ်ဟောင်းနှင့်စပ် နဘေထပ်၍ သမုတ်သော သိမ်ပျက်။သီမာယ သီမံ အဇ္ဈောတ္ထရန္တေန သမ္မတာ၊ သိမ်ဟောင်းကို ခြုံငုံ၍ သမုတ်အပ်သော သိမ်ပျက်။ ။ အနက်။ ၄၃၉။ ကြီး,ငယ်,ကျိုး,ရိပ်၊ အနိမိတ်၊ ဗဟိဒ်တည်သမုတ်။ ၄၄၀။ အိုင် သမုဒ် မြစ်၊ စပ်လွှမ်းလစ်၊ဆဲ့တစ် သိမ်ပျက်ထုတ်။ (လင်္ကာဖြစ်၍ အချို့ ရှေ့နောက်ပြန်သည်) ။ ၄၄၁။ ဗဒ္ဓါ,ဗဒ္ဓ၊ သိမ်နှစ်ဝ၊ ဗဒ္ဓ,ခဏ်,မဟာ။ သမုတ်၍ ဖြစ်သော ဗဒ္ဓသိမ်၊ သမုတ်မှုမရှိသော အဗဒ္ဓသိမ်-ဟူ၍ နှစ်မျိုး ရှိ၏။ ထိုတွင် ဗဒ္ဓသိမ်သည် ခဏ္ဍသိမ် မဟာသိမ် ဟူ၍ နှစ်မျိုး ရှိပြန်၏။ ၄၄၂။ တိုက်ထောင့်ခဏ္ဍ၊ တိုက်လုံးကျ၊ ဗုဒ္ဓ သိမ်မဟာ။ ကျောင်းတိုက်တခုလုံးကို မခြုံမငုံမူ၍ ကျောင်းတိုက်၏ တပိုင်းတစိတ် တထောင့် တကွက်၌ သမုတ်သော ဗဒ္ဓသိမ်သည် ခဏ္ဍသိမ် မည်၏။ ကျောင်းတိုက်တခုလုံးကို ဖြစ်စေ အနီးအစပ်ဖြစ်သော ကျောင်းတိုက် အများကိုဖြစ်စေ ခြုံ၍သမုတ်သော ဗဒ္ဓသိမ်သည် မဟာသိမ်မည်၏။ ဘုရားလက်ထက်တော်၌ရာဇဂြိုဟ်ပြည်မှာတဆဲ့ရှစ်ရပ်သောကျောင်းတိုက် ကြီးတို့ကို တသိမ်တည်းပြု၍ သမုတ်၏။ … ။ သီဟိုဠ်ကျွန်း၌ အရှင်မဟိန္ဒ ထေရ်သည် အနုရာဓမြို့ပါ ခြုံ၍ သမုတ်၏။ အနုရာဓမြိုသည် သိမ်တွင်း ကျ၏။ ။ ယခုကာလ၌ကား သိမ်ဆိုလျှင် လူများမဝင်ရဟု ထင်မှတ် ကြ၏။ မာတုဂါမများ မဝင်ဝံ့ရှိကြ၏။ အနုရာဓမြိုသူတို့ကား သိမ်တွင်း၌ နေကြရကုန်၏။ ၄၄၃။ နိမိတ်ကမ္မဝါ၊ ပရိသာ၊ သုံးဖြာ,သံ,ဝိပ်,လာ။ ထိုဗဒ္ဓသိမ်နှစ်ပါး၌ နိမိတ္တသမ္ပတ္တိ-ဝိပတ္တိ၊ကမ္မဝါစာ သမ္ပတ္တိ-ဝိပတ္တိ၊ ပရိသာသမ္ပတ္တိ-ဝိပတ္တိဟူ၍ သမ္ပတ္တိသုံးပါး ဝိပတ္တိ သုံးပါးစီ လာရှိ၏။ ထိုတွင် ကမ္မဝါသမ္ပတ္တိ-ဝိပတ္တိ၊ ပရိသာသမ္မတ္တိ-ဝိပတ္တိတို့မှာ ရဟန်းခံရာ၌ Trang121 ပြဆိုခဲ့ပြီးသော နည်းကိုမှီ၍ သိအပ်၏။ ဤ၌ ဝတ်,ဉတ်, ကမ္မဝါ၊ သိမ်, ပရိသာ၊ ငါးဖြာ သမ္ပတ္တိ-ဟူ၍ ဆိုခဲ့သော ငါးပါးတို့၌ ဉတ်, ကမ္မဝါ ပရိသတ် သုံးပါးတို့ကို ယူလေ။ ။သမုတ်ဆဲဖြစ်သော သိမ်ကိုပင် ဝတ္ထု ပြု၍ ဆိုလိုမူကား အတိခုဒ္ဒက, အတိမဟန္တ, နဒိယံသမ္မတ,သမုဒ္ဒေသမ္မတ ဇာတဿရေသမ္မတ -တို့ကို ဝတ္ထုဝိပတ္တိ သိမ်ဆိုလေ။ ဆာယာနိမိတ္တ ခဏ္ဍ နိမိတ္တ အနိမိတ္တတို့ကား နိမိတ္တဝိပတ္တိတို့တည်း။ ဗဟိသိမေ ဌိတသမ္မတ ကား ကမ္မဝါစာဝိပတ္တိ၌ လျော်၏။ ၄၄၄။ တောင်,ကျောက်, တော, သစ်၊မဂ်,ရေမြစ်၊တောင်,ရှစ်- နိမိတ်လာ။ တောင်နိမိတ်, ကျောက်နိမိတ်, တောနိမိတ်,သစ်ပင်နိမိတ်,ခရီးနိမိတ်, ရေနိမိတ်,မြစ်နိမိတ်, တောင်ပို့နိမိတ်-ဟူ၍ နိမိတ်ရှစ်ပါးလာ၏။ ၄၄၅။ ဗာတ္တိပလ၊ တင်လဲမျှ၊ လောက်ထ ကျောက်နိမှာ။ ချိန်ဝန်ဖြစ်သော ပိုလ်ကို ပလဆိုသည်။ သုံးဆဲ့နှစ်ပိုလ် ရှိသော တင်လဲခဲမျှ သဏ္ဌာန် ပမာဏရှိသော ကျောက်တုံးသည် ကျောက် နိမိတ်၌ အယုတ်ဆုံးအားဖြင့် နိမိတ်လောက်၏။ ထိုထက် ကြီးမူကား ခုနစ်တောင့်ထွာရှိသော ဆင်ကောင်ပမာဏအောက် ယုတ်သည် တိုင် အောင် ကြီးစေရ၏။ ထိုထက်ကြီးမူ ကျောက်နိမိတ် မကြားရ။ တောင် နိမိတ်ပြု၍ ကြားရ၏။ ၄၄၆။ ထွက်ရေ, လောင်းရေ၊ ဤနှစ်ထွေ၊ လောက်လေ ရေ နိမှာ။ ၄၄၇။ ကံပြီးရုံမျှ၊ တည်နေက၊ လောက်ထ-ရေနိသာ။ ရေနိမိတ်သိမ်၏ ပတ်လည်အရပ် ရှစ်မျက်နှာ ရှစ်ဌာနတို့မှာ တူး၍ ထားသော တွင်းတို့၌ ထိုတွင်းမှ ထွက်သော ရေဖြစ်စေ၊ အခြားတပါးမှ ခပ်ဆောင်၍ လောင်းသော ရေဖြစ်စေ၊ ရေနိမိတ် လောက်သည်ချည်း ဖြစ်၏။ အနည်းအများမှာလည်း နိမိတ်ကြားခါနီးမှသည် သိမ်သမုတ် ကမ္မဝါပြီးဆုံးသည် တိုင်အောင် မကုန်မခန်းဘဲ တည်နေလောက်အောင် ရှိသည်ပင် နိမိတ်လောက်၏။ ကြွင်းသော နိမိတ်ကိုမူကား ယခုကာလ၌ လုပ်းရိုးမပြုကြ၍ မဆိုလိုက်ပြီ၊ အဋ္ဌကထာမှာယူလေ။ (ဒုတိယအကြိမ်) Trang122 ဗဒ္ဓအချင်းချင်း၊ အဇ္ဈောတ္ထရဏ၊သမ္ဗန္ဓသင်္ကရာ ။ ၄၄ဂ။ ဗဒ္ဓသိမ်ချင်း၊ လွှမ်း,စပ်ခြင်း၊ အလျှင်းမပြုရာ။ အဇ္ဈောက္ကရဏကို လွှမ်းဆိုသည်။သမ္ဗန္ဓကို စပ်ဆိုသည်။သိမ်ဟောင်း၌ သိမ်သစ်က,လွှမ်းမိုးမှု, ထိစပ်မှုတို့ကိုဆိုသည်။ ၄၄၉။ သိမ်မှီထိက၊ ကံပျက်ရ၊ သီမ သင်္ကရာ။ သိမ်မှီဆိုသည်ကား သိမ်တွင်းမှာ ဆောက်သော စရပ်တန်ဆောင်း စသည် သိမ်တွင်းမှ ပေါက်သော သစ်ပင် ချုံနွယ်စသည် သိမ်တွင်းမှာ ရှိသော တုံး, တိုင်,သစ်ဝါး စသည်တို့ကို သိမ်မှီဆိုသည်။ ဗဒ္ဓသိမ်တခုမှ ပေါက်သော သစ်ပင်ချုံနွယ်သည် တပါးသော ဗဒ္ဓသိမ်၌ ထိ၍တည်အံ့၊ တပါးသော ဗဒ္ဓသိမ်၌ ပေါက်သော သစ်ပင်ချုံနွယ်တို့ကို ထိစပ်ရောယှက် ၍ တည်အံ့၊ သီမာသင်္ကရဖြစ်၏။ ဤသိမ်၌ ကံပြုလိုလျှင် ထိုသိမ်တွင်းရှိ သံဃာကိုလည်း ဟတ္ထပါသ်တွင် ပါဝင်စေရ၏။ ထိုသိမ်၌ ကံပြုလျှင် ဤ သိမ်တွင်းရှိ သံဃာကိုလည်း ပါဝင်စေရ၏။ မပါဝင်ခဲ့လျှင် ထိုကံပျက်၏။ ထိစပ်ရောယှက်သော အကိုင်း အခက်တိုကိုသော်လည်း ဖြတ်တောက် ရှင်းလင်းပြီးမှ ပြုရ၏။မြေ၌ နွယ်၍သွားသော မြက်နွယ်ကူးယှက်သည် ကိုပင် သုတ်သင်ကြကုန်ရာ၏။ သိမ်နုတ်ဆဲအခါ သိမ်သမုတ်ဆဲအခါတို ၌လည်း သိမ်တွင်းနှင့် သိမ်ပြင်မှီဝတ္ထု ကူးယှက်ခြင်းများကို သုတ်သင် ကြကုန်ရာ၏။ သိမ်ပြင်အရပ်သည် ဗဒ္ဓသိမ်ဟောင်း ရှိနေသော ဌာနဖြစ်ခဲ့ သော် ထိုသိမ်ဟောင်း အတွင်း၌ ရှိနေသော သံဃာကို မသိမ်းမိလျှင် သိမ်နုတ်ကံ ပျက်ရာ၏။ ၄၅၀။ သိမ်ဟောင်းတစိ၊ရှိမရှိ၊ အသိခက်လှစွာ။ ၄၅၁။ သိမ်မှီရောထ၊ သင်္ကရ၊ ကြောင့်ကြ စိုက်ဘို့ရာ ။ တော၌ဖြစ်စေ, ရွာ၌ဖြစ်စေ သာသနာတော် အဓွန့်ရှည်ကြာလှပြီ ဖြစ်၍ ဤနေရာ၌ကား သိမ်ဟောင်းရှိ၏၊ မရှိဟု ပိုင်နိုင်စွာ သိခြင်းငှာ ခဲခက်လှ၏။ထိုကြောင့် ရဟန်းခံမှု့ ဥပုသ်ပ၀ါရဏာပြုမှု့ ပရိဝါသ်,မာနတ် အဗ္ဘာန်ကံဆောင်မှုတို့၌ မိမိတို့ ကံဆောင်ရာ သိမ်နှင့် သိမ်၏ အပြင်ပ အရပ်တို့၌ တုံး,တိုင်,ကလကာ, ဖျာရိုင်,သင်ဖြူး, မဏ္ဍပ်ကန္နား, သစ်ကိုင်း, Trang123 သစ်ခက်, နွယ်မြက်-စသည် ကူးယှက်မည်ကို သုတ်သင်ခြင်းငှာ အထူး ကြောင့်ကြ စိုက်ကြကုန်ရာ၏။ အချို့သူတို့ကား သိမ်ပြင် အရပ်သည် ဗဒ္ဓသိမ်မဟုတ် ဂါမသိမ်ဖြစ်၍ ကူးယှက်သော်လည်း အပြစ်မရှိဆိုကြ၏။ ဗဒ္ဓသိမ်မဟုတ်ဟု အတတ်မသိနိုင်ရှိ၏။ ထိုနေရာမှာ သိမ်သမုတ်လိုလျှင် သိမ်နုတ်မှုကို ပြုရမည်ပင် ဖြစ်၏။ ထို့ကြောင့် သုတ်သင်ခြင်းသည်သာ သင့်၏။ ဗဒ္ဓသိမ်အမြွက် ပြီး၏။ ဂါမသိမ်၊ သတ္တဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပသိမ်။ ၄၅၂။ ရွာနယ်,မြို့နယ်၊နိဂုံးနယ်၊ သိမ်နယ် သီးသီးသာ။ ထိုထိုတိုင်းပြည်အတွင်း၌ သူကြီးတယောက် ကြီးစိုးရာ ဖြစ်ကြသော ဌာနယ်အသီးသီး မြို့နယ်အသီးသီး နိဂုံးနယ်အသီးသီးသည် တခုတခု စီသော ဂါမသိမ်အသီးသီးဖြစ်ကြ၏။ အသီးသီးသော ဗဒ္ဓသိမ်စုနှင့်တူ၏။ တခုသော ရွာနယ်တွင်ရှိသော သံဃာကို အကုန် သိမ်းရုံးနိုင်ခဲ့သည် ရှိသော် ထိုနယ်ရွာအတွင်းမှာ ဘယ်နေရာ၌မဆို ဥပသမ္ပဒစသော ကံကြီး ကံငယ်တို့ကို ပြုရ၏။ အနီးအစပ်ဖြစ်ကုန်သော တပါးသော ရွာနယ်တိုနှင့် သစ်ပင်ချုံနွယ်စသည် ကူးယှက်သော်လည်း အဋ္ဌကထာတို့၌ သင်္ကရ ဖြစ်မှုကို ပြဆိုချက်မရှိ။ ၄၅၃။ ဂါမကြီး၌၊နယ်သီးကွက်မှု၊မင်းစိုးပြု၊ဝိသုဂါမသာ။ တခုသောရွာနယ်ကြီးအတွင်း၌ တခုသော မြေကွက်တကွက်ကို အရပ် လေးမျက်နှာတို့၌ သတ်မှတ်ပိုင်းခြား၍ ဤမြေအရပ်သည် နယ်သီး ဖြစ်စေဟု မြေရေကိုပိုင်သော မင်းစိုးရာဇာတို့က နယ်သီးပြုလုပ်ခဲ့သည် ရှိသော် ထိုအရပ်အကွက်သည် အသီးသော ဂါမသိမ်တခု ဖြစ်ပြန်၏။ ဝိသုံဂါမသိမ်ဟူ၍ ခေါ်၏။ ယံပိ ဧကသ္မိံယေဝ ဂါမခေတ္တ ဧကံ ပဒေသံ အယမ္ပိ ဝိသုံ ဂါမော ဟောတူတိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ။ သောပိ ပိသုံ ဂါမသီမာ ဟောတိယေဝ။ Trang124 ဟူသောအဋ္ဌကထာ၌ ယခုကာလ၌ကဲ့သို့ သိမ်သမုတ်ရန် အမိန့်ခံသော ဝိသုံဂါမကို ပြဆိုရင်းမဟုတ်။ တဦးတယောက်သော သူအား အထူး ချီးမြှောက်သော အားဖြင့် နယ်စား ပယ်စား ကွက်ခြား၍ ပေးမှုကို ဆိုသတည်း။ကဿစိ ဒေတိ၊ဟူ၍ ဆိုပေသည်။ ဤကဲ့သို့ ပေးအပ်သော အရပ်သည်လည်း ဝိသုံဂါမတမျိုး။ ။ယခုကာလ၌ ဗဒ္ဓသိမ်သမုတ် လောက်ရုံ အနည်းအကျဉ်းမျှ ဖြစ်သော မြေကွက်ကို သိမ်သမုတ်ရန် အမိန့်ခံရာမျိုး၌မူကား နယ်စား ပယ်စားအဖြစ်နှင့် တစုံတယောက်သော သူအား မပေးဘဲနှင့်ပင်လျှင် ဤအရပ်သည် နယ်သီးပယ်သီး ဖြစ်စေဟူ၍ ရေမြေကိုပိုင်သော မင်းစိုးရာဇာတို့က ပြုလုပ်၍ ပေးခဲ့သည်ရှိသော် ဝိသုံဂါမ ဖြစ်တော့သည်သာတည်း။ထိုအရပ် အကွက်သည် ရွာကြီးနယ် မဟုတ်ပြီ၊ရွာကြီး သူကြီးပိုင် မဟုတ်ပြီ၊ဘယ်သူ ပိုင်သနည်းဟူမူ နယ်သီး ပြုလုပ်သော မင်းစိုးရာဇာပိုင်၏။ထိုအရပ်အကွက်သည် ဥယျာဉ်လယ်ယာ လုပ်ကိုင်စားသောက်သူ မြေရှင်၏ မြေပင်ဖြစ်၏၊ လုပ်ကိုင်စားသောက် ရ၏။ဝိသုံဂါမအဖြစ်နှင့် ကံကြီး ကံငယ်လည်း ဆောင်ရ၏။ဗဒ္ဓသိမ်သမုတ် လိုလျှင် ဂါမကြီးကို မသိမ်းဘဲပင် သမုတ်ရ၏။ ဤ ဝိသုံဂါမ၏ အကြောင်းအရာတို့ကို ပြည့်စုံစွာ သိလိုသည်ရှိသော် ငါတို့စီရင်သော ဝိသုံဂါမဝိနိစ္ဆယ၊ မဟာဝိသုဒ္ဓါရာမဆရာတော်စီရင်သော ဝိသုံဂါမဝိနိစ္ဆယ၊ရွှေရေးဆောင် ဆရာတော်စီရင်သော ဝိသုံဂါမဝိနိစ္ဆယ တို့မှာ ကြည့်လေ။ ဂါမသိမ်အမြွက် ပြီး၏။ ၄.၅၄ ။ ရွာနယ်လွတ်လေ၊တောတောင်မြေ၊ယူလေသတ္တဗ္ဘန္တရာ ။ လူတို့နေရာ ရွာနယ် မြိုနယ် နိဂုံးနယ်တို့မှ အလွတ်ဖြစ်၍ ဤအရပ် ကား မည်သည့် ရွာနယ် ဖြစ်သည်ဟု ပြောဆိုခွင့် မရှိသော တောအရပ် တောင်အရပ်များ၌ သတ္တဗန္တရသိမ်ကို ရအပ်၏။ ။အဂါမကောစေတီ ဂါမ နိဂမ နဂရ သီမာဟိ အပရိစ္ဆိန္နေ အဋဝိပဒေသေ-ဟူသော မဟာဝါ အဋ္ဌကထာနှင့် အညီတည်း။ Trang125 ၄၅၅။ တောင်နှစ်ဆဲ့ရှစ်၊ အဗ္ဘာန်တစ်၊ ခုနစ်ဆ နောဧး။ ၄၅၆။ ထုတ်ချင်းခတ်မူ၊ နှစ်ပြန်ယူ၊ တောင်မူ ဒွိနော,တေး။ ၄၅၇။ သံဃာစွန်းမှ၊ ခုနစ်အန္တရာ၊ ယူမြဲသာ၊ သံဃာ ပွား တိုင်းပွား။ နှစ်ဆဲ့ရှစ်တောင်သည် အဗ္ဘန္တရ တခု မည်၏။ အဗ္ဘန္တရ ခုနစ်ခုသည် အတောင်(၁၉ ၆) ရှိ၏။တဘက်အဘို့တည်း။ ။အရှေ့အနောက်ဖြစ်စေ တောင်မြောက်ဖြစ်စေ ထုတ်ချင်းခတ် တိုင်းတာသည်ရှိသော် အတောင် (၃၉၂) ဖြစ်၏။ဤကား သတ္တတ္တန္တရသိမ်တခု၏ အကျယ်ပမာဏတည်း။ ။ ဥပုသ်ပဝါရဏာ ပြုသောအခါ၌၎င်း၊ ဥပသမ္ပဒ အစရှိသော ကံကြီး ကံငယ် ပြုသောအခါ၌၎င်း ထိုမျှလောက်သော အရပ်အဘို့သည် တခု သော မဟာသိမ်နှင့် အလားတူ၏။ ။သံဃာအများ စည်းဝေးရာ၌ သံဃာပရိသတ်၏ အစွန်းမှ ပြင်ဘက်၌ သတ္တဗ္ဘန္တရသွား၏။ ထို့ကြောင့် သတ္တဗ္ဘန္တရသိမ်မည်သည် သံဃာပွားတိုင်း သိမ်နယ်ကျယ်ပွား၏။ နောက် ဥဒကုက္ခေပသိမ်မှာလည်း ဤနည်းတူ။ ၄၅၈။ မြစ်သမုဒြာ၊ ဇာတဿရ၊ ရေနယ်ကျ၊ ဥဒကုက္ခေပါ။ မြစ်ကြီး မြစ်ငယ် ပင်လယ် သမုဒြာ ဇာတဿရ ခေါ်သောအင်းကြီး အင်းငယ် အိုင်ကြီး အိုင်ငယ် ရေနယ် ရေခေတ် ဟူသမျှတို့၌ ဥဒကုက္ခေပ သိမ်ကို ရအပ်၏။ ၄၅၉။ မိုဃ်းမှန်ရွာက၊မိုဃ်းလေးလတွင်း၊ သင်းပိုင်စွတ်လောက်၊ စီးတုံမြောက်၊ လောက်ပြီး မြစ်အင်္ဂါ။ ၄၆၀။ မိုဃ်းခေါင်သော်၎င်း၊ ဆောင်းနွေ ရောက်ဘိ၊ ရေမရှိ၊ သဲတိ မြစ်ပင်သာ။ မိုဃ်းမှန်-ဆိုသည်ကား မင်း စိုးရာဇာတို့ တရားစောင့်သောအခါ၌ မိုဃ်းဥတုမှာ ငါးရက်တကြိမ် ဆယ်ရက်တကြိမ် မလွန်မူ၍ ရွာသော မိုဃ်းကို မိုဃ်းမှန်ဆိုသည်။ ထိုကဲ့သို့ရွာသောအခါ၌ မိုဃ်းလေးလပတ်လုံး အဝန်းညီစွာ ဝတ်ရုံ၍ ကူးသော ရဟန်း၏ သင်းပိုင်စွန်းကို စွတ်လောက် အောင် မပြတ်စီးသော ရေရှိသော ချောင်းမြောင်းသည် အယုတ်ဆုံး Trang126 အားဖြင့် မြစ်အင်္ဂါလောက်၏။ ။မိုဃ်းမှန်မရွာမူ၍မိုဃ်းပါးရှားသော အခါ၌ မိုဃ်းလ အတွင်းမှာပင် ရေပြတ်ခဲ့သော်၎င်း၊ ဆောင်းလ နွေလ တို့၌ ရေမရှိခဲ့သော်၎င်း သဲသောင်ပြင်အတိ ဖြစ်၍နေသော်လည်း မြစ်ပင် သာတည်း။မြစ်အင်္ဂါမပျက် သဲပြင် သောင်ပြင်ပေါ်၌ပင် ကံကြီးကံငယ် ပြုရ၏။ ၄၆၁။ လူမပြုဘဲ၊ သူ့အလိုဇဇ်၊ အင်း,အိုင်, ဖြစ်၍၊မိုဃ်းခေတ် လေးလရေတည်က၊ လောက်ထ ဇာတဿာ။ ၄၆၂။ ဆောင်းနွေရောက်ဘိ၊ ရေမရှိ၊ ပကတိပင်သာ။ မိုဃ်းမှန်ရွာသောအခါ၌ လူတို့၏ တူးမှု ဆွမှု ဆယ်မှု ဖိုမှုတိုဖြင့် ပြုလုပ်ခြင်းမရှိဘဲ ရေ၏ အစွမ်းသက်သက်အားဖြင့် အင်း အိုင် ကြီး ငယ် ဖြစ်၍ မိုဃ်းလေးလပတ်လုံး လက်ခြေ ဆေးလောက်အောင် ရေမပြတ် တည်နေသောဌာနသည် ဇာတဿရအင်္ဂါလောက်၏။ မိုဃ်းပါးရှားသော အခါ မိုဃ်းလေးလ အတွင်း၌သော်၎င်း၊ ဆောင်းနွေတို့၌သော်၎င်း ရေ မရှိသော်လည်း ထိုနေရာ၌ လူတို့သည် ဗူး ဖရုံ ဂျုံ မယင်း စိုက်ပျိုးမှုကို မပြုကြသည်ဖြစ်ကုန်မူကား ဇာတဿရ ပကတိအတိုင်းပင်။ ရေမရှိသော အိုင်အပြင်၌ ကံကြီးကံငယ် ဆောင်ရ၏။ ၄၆၃။ အားကုန်လွှဲ၍၊ ရေ, သဲ, ကြဲပစ်၊ ကျရာခေတ်၊ သိမ်ဖြစ် ရေ, သောင်မှာ။ ရေရှိရာ၌ ရေကို၎င်း၊ သဲသောင်ပြင်၌ သဲတို့ကို၎င်း အားကုန်လွှဲ၍ ပစ်ကြဲသည်ရှိသော် ထိုရေ ထိုသဲတို့၏ ကျရာအရပ် အတွင်း ဖြစ်သော ရေပြင် သောင်ပြင်အရပ်သည် ဥဒကုက္ခေပသိမ်ဖြစ်၏။ ရေကြဲမှု သဲပစ်မှု တို့မှာ သိမ်ရောက်ရာဌာနကို မှန်းထားလိုသော်သာ ကြဲခွင့်ပစ်ခွင့်ရှိသည်။ ရေသဲပစ်ကြဲမှ ဥဒကုက္ခေပသိမ်ဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်။ ထိုနေရာ၌ ကြံပြုဆဲအခါမှာ သံဃာ၏ ထက်ဝန်းကျင် အရပ်ရှစ်မျက်နှာတို့၌ ရေ တလှမ်း သဲတလှမ်း အတွင်းသည် အလိုလိုသိမ်ဖြစ်၏။ ဝဂ္ဂကမ္မကို စောင့် ရှောက်ရသော ကံဆောင်မှုနှင့်စပ်၍ ဖြစ်လေသောကြောင့် ကံပြုဆဲအခါ ၌သာ ထိုသိမ်သည် တည်ရှိသည်။ ကံမပြုမီ ရှေးအဘို့၌၎င်း၊ ကံပြုပြီး Trang127 သည်မှ နောက်အဘို၌၎င်း ထိုနေရာမှာ သိမ်ရှိသည် မဆိုရ၊ သတ္တဗန္တရ သိမ်၌လည်း ဤနည်းတူ။ ငါတို့အလို။ ဤနေရာ၌ ဝါဒ အလွန်များ၏။ စဉ်းစား၍ ယူလေ။ ၄၆၄။ ရေပြင်, ရွှံ့ပြင်၊ ဖြစ်ခဲ့လျှင်၊ ထိုတွင် သိမ်ငြမ်းထား။ မြစ်အင်္ဂါ ဇာတရဿ အင်းအိုင် အင်္ဂါ ညီညွတ်ရာ အရပ်တိုင်း၌ သိမ်ငြမ်းဆောက်၍ ပြုအပ်၏ ဟူလို။ ၄၆၅။ လှေ, ဘောင်နှင့်သာ၊ ပြုကြရာ၊ ကမ်းမှာ မချည်ရ။ လှေ, ဘောင် တိုနှင့် ကံပြုကြရာ၌ လှေကြိုး ဘောင်ကြိုး များကို ဖြစ်ကမ်း၌ ဖြစ်ကမ်း၌ လှမ်း၍ မချည်ရ။ ထိုနေရာ၌သာ ဝါးစိုက်၍ ကျောက်ချ၍ ပြုရမည်။ အဗဒ္ဓချင်း အဇ္ဈောတ္ထရဏ၊ သမ္ဗန္ဓ၊ သင်္ကရ။ ပြဆိုခဲ့ပြီးသော တောအရပ်၌ သံဃာနှစ်သင်းတို့သည် တဌာနနှင့် တဌာန သတ္တဗန္တရ နှစ်ပြန်စာအတွင်း၌ ကံပြုကြကုန်အံ့။ နှစ်ကျိပ် တယောက် စည်းဝေးလောက်သည်မှစ၍ ထိုထက်အလွန် သိမ်နယ်ချင်း ထပ်မိကြအံ့ အဇ္ဈောတ္ထရဏဖြစ်၏။ နှစ်ကျိပ်တယောက် စည်းဝေးလောက် သည်မှ ယုတ်လျော့၍ ထပ်မိကြအံ့ သမ္ဗန္ဓ ဖြစ်၏။ ။ သိမ်နယ်တွင်း၌ ပေါက်ရောက်သော သစ်ပင် ချုံနွယ် ကူးယှက် ထိပါးခဲ့အံ့ သင်္ကရ ဖြစ်၏။ ။ကံပြုမှုတပြိုင်နက်ကျခဲ့လျှင် နှစ်သိမ်လုံး ပျက်၏။ ရှေ့နောက် ကျခဲ့လျှင် နောက်သိမ်ပျက်၏။ ။ဥဒကုက္ခေပ သိမ်ချင်းလည်း ဤနည်း တူ။ ။ သတ္တဗ္ဘန္တရနှင့် ဥဒကုက္ခေပ ဖြစ်မူကား တည်ရာ ဌာနချင်း တခြားစီဖြစ်ကြ၍ အဇ္ဈောတ္ထရဏ သမ္ဗန္ဓ နှစ်ပါးမရ။ သစ်ပင် ချုံ နွယ် စသည် ကူးယှက်မှုအတွက်နှင့် ကံပျက် သင်္ကရကိုသာ ရထိုက်၏။ ထိုကြောင့် သံဃာ တသင်းနှင့် တသင်းသည် တောနယ်မှာ ဖြစ်ခဲ့အံ့။ အတောင်သုံးရာခန့်ထက် မနည်းစေမူ၍ ပြုကြရာ၏။ ရေနယ်မှာဖြစ်အံ့။ အတောင် တရာထက် မနည်းစေမူ၍ ပြုကြရာ၏။ အဘယ့်ကြောင့်နည်း ဟူမူ သိမ်နယ်နိမိတ်ကို အမှန်အကန်သိခြင်းငှာ ခက်ခဲလှ၏။ သံဃာပွား တိုင်းလည်း သိမ်ပွား တတ်၏။ ကျယ်၍ကား မလွန်နိုင်။ ထိုကြောင့် ပေတည်း။ Trang128 ၄၆၆။ ဂါမနှင့်, သတ်၊ ဥ-ရောလတ်၊ မအပ်ကံပျက်ကြ။ ဂါမနှင့် သတ္တဗ္ဘန္တရ၊ ဂါမနှင့် ဥဒကုက္ခေပ တို့၌ အဇ္ဈောတ္ထရဏ သမ္ဗန္ဓ နှစ်ပါးမရှိ။ သစ်ပင်ချုံနွယ် စသည် ကူးယှက် ထိစပ်မှုအတွက် ကံပျက် သင်္ကရကိုသာ ရအပ်၏။ ဗဒ္ဓနှင့် အဗဒ္ဓ၊ အဇ္ဈောတ္ထရဏ၊ သမ္ဗန္ဓ၊ သင်္ကရ။ ၄၆၇။ ဂါမနှင့် ဗဒ်၊ လွှမ်းစပ် ရောဘိ၊ ပြစ်မရှိ၊ နိဿိ နိဿယ။ ဂါမသိမ်နှင့်ဗဒ္ဓသိမ်နှစ်ပါးသည် နိဿယနိဿိတ ဖြစ်ကြ၍ အဇ္ဈောတ္ထ ရဏအပြစ်လည်းမရှိ၊ သမ္ဗန္ဓအဖြစ်လည်းမရှိ၊ သစ်ပင် ချုံနွယ်စသည် ကူးယှက်သော်လည်း ကံပျက်ရန် သင်္ကရအပြစ်လည်းမရှိ။ ၄၅ဂ။ ဗဒ္ဓနှင့်သတ်၊ ဥ-ရောလတ်၊ သုံးရပ် အပြစ်ရ။ သတ္တဗ္ဘန္တရ အပိုင်းအခြားနှင့် တသင်းသော သံဃာ ကံပြု၍ နေဆဲ အခါ၌ အတောင်သုံးရာကျော်မျှ ကွာဝေးရာဌာနက ထိုသတ္တဗ္ဘန္တရသိမ်ကို ခြုံ၍ စပ်၍ သစ်ပင်စသည်ရောယှက်၍ ဗဒ္ဓသိမ်သမုတ်ခဲ့သော် သုံးပါးလုံး အတွက်ပင် ထိုဗဒ္ဓသိမ်ပျက်ရာ၏။ ရှေးအခါ၌ ဗဒ္ဓသိမ်ရှိဘူးသောရွာသည် နောက်အခါ၌ ပျက်ပြား၍ တောနယ်ဖြစ်လေ၏။ ထိုသိမ်ရှိရာ အရပ်၌ သတ္တဗ္ဘန္တရသိမ်နှင့် ကံပြုရာ၌လည်း သုံးပါးပင်ရသင့်၏။ဤ၌ သင်္ကရမှုမှာ ထိုဗဒ္ဓသိမ်ဟောင်း၌ သံဃာရှိလျက် မသိမ်းခဲ့မှသာ ကံပျက်ရာ၏။ ။ ဥဒကုက္ခေပ၌လည်း ဗဒ္ဓသိမ်အရပ်သည် ရေလွှမ်းကမ်းပြိုမှုနှင့် မြစ်ပြင် ဖြစ်၍သွားရာ၌ မြစ်ပြင်မှာ ဥဒကုက္ခေပသိမ် အဖြစ်နှင့် ကံပြုကြရာ၌ ဥဒကုက္ခေပ အပိုင်းအခြားသည် ဗဒ္ဓသိမ်အရပ်ကို အရပ်ကို လွှမ်းမိုးမှု့ လွှမ်းမိုး စပ်မှု၊ ထို ဗဒ္ဓသိမ်အရပ်၌ ကျောက်ချ၍ ထိုးဝါးစိုက်၍ ပြင်ပ၌ကံပြုမှု စသည်ဖြင့် အပြစ်သုံးပါးကို ထိုက်သည်အားလျော်စွာ သိလေ။ သီဟိုဠ်ကျွန်း ကလျာဏီမြစ်၌ မြစ်ကိုဖြတ်သန်းသော တံတားကြီး တခုရှိ၏။မြစ်လယ်မှာ ထိုတံတား၏အနီး၌ ဥဒကုက္ခေပသိမ် တန်ဆောင်း ငယ် ဆောက်လုပ်လျက်ရှိ၏။ ။ကံပြုသောအခါ၌ တံတားပေါ်မှ နင်းကြမ်းထိုး၍ သိမ်တန်ဆောင်း ကူးကြ၏။ သိမ်တန်ဆောင်း၌ Trang129 သံဃာစုံ၍ ကံပြုမည်ရှိသောအခါ၌ ထိုနင်းကြမ်းကို နုတ်ယူ၍ ထား၏။ ကံပြုပြီးလျှင် ထိုနင်းကြမ်း ခင်းပြန်၍ တံတားသို့ လျှောက်ကူးကြ၏။ တံတားခြေဖြစ်သော တိုင်တို့သည် ကံပြုရာဌာနမှ ရေတကျ အတွင်း၌ ကျကုန်၏။အပ်,မအပ် အဓိကရုဏ်းကြီးစွာ ဖြစ်ကြ၏။ ဂိုဏ်းပင်ကွဲကြ၏။ ခမည်းတော် မင်း ဟုံးရှင်ဘုရင် လက်ထက်၌ သီဟိုဠ်မှ အဆုံးအဖြတ် ခံယူရန် နှစ်ကြိမ်လာရောက်၏။ပထမအကြိမ်မှာ ထိုသိမ်မအပ်ကြောင်းကို သာသနာပိုင်ဆရာတော်ကြီးက ပါဠိဘာသာနှင့် ဝိနိစ္ဆယစကားရေးသား ဆုံးဖြတ်၍ ပေးလိုက်သည်။ ဒုတိယအကြိမ်မှာ ထိုသိမ်အပ်ကြောင်းကို ခင်မကန်ဆရာတော်ကြီးက ပါဠိဘာသာနှင့် ဝိနိစ္ဆယစကား ရေးသား ဆုံးဖြတ်၍ ပေးလိုက်သည်။ ဂိုဏ်းနှစ်ဂိုဏ်းသည် ဝိနိစ္ဆယ စာတမ်းကြီး ကိုယ်စီလက်ကိုင်ရှိကြသဖြင့် ရှေးကထက်တိုးတက်၍ အခိုင်အမြဲကွဲပြား ကြ၏။ ။သာသနာပိုင်ဆရာတော်ကြီး ဝိနိစ္ဆယကို ချီးမွမ်းသူများကြ၏။ သိမ်အရာမည်သည် အလွန်ခဲခက်လှ၏။ နက်နဲ၏။ ကျမ်းဂန်လည်း တတ်ပါမှ, အာစရိယလဒ္ဓေါပဒေသလည်း ကောင်းလှပါမှ, ဝိနည်းဓိုရ် ကြီးများ ပြုလုပ်သည်ကိုလည်း တွေ့ဘူး ကြုံဘူးပါမှ, နေရာကျစီရင် တတ်သည်။ တော်ကာလျော်ကာ ဆရာနှင့် ထိုက်တန်သော အမှုပင် မဟုတ်။ သိမ်ခန်းအမြွက် ပြီး၏။ ၃ ၁ -ပုဗ္ဗကရဏ-ပုဗ္ဗကိစ္စ ၄၆၉။ တံမြက်,နေရာ၊ရေနှစ်ဖြာ၊ ညဉ့်မှာ ဆီမီးလေး။ ၄၇၀။ ပုဗ္ဗကရဏ၊ အမည်ရ၊ မဆွပြုအပ်သေး။ ဥပုသ်နေ့ ပ၀ါရဏာနေ့တို့မှာ ညဉ့်အခါ၌ ဥပုသ်ပြုကြရန် ပဝါရဏာ ပြုကြရန် နေမဝင်မီကပင် သိမ်အပြင်၌ တံမြက်လှည်းခြင်း, နေရာခင်း ခြင်း, ခြေဆေးရေ သောက်ရေတည်ခြင်း, နေဝင်သောအခါ၌ ဆီမီး ထွန်းခြင်း၊ ဤကား သိမ်အတွင်းသို့ သံဃာမရောက်မီ ရှေးမဆွက ပြုနှင့် ရသော ပုဗ္ဗကရဏ လေးပါးတည်း။ ပုဗ္ဗကရဏလေးပါး ပြီး၏။ Trang130 ၄၇၁။ ဆန္ဒပါရှိ၊ သုဒ္ဓိ,ဥတု၊ ဘိက္ခုဂဏန၊ ဩဝါဒ၊ ပုဗ္ဗကိစ္စ ရေး။ ၄၇၂။ ဥပုသ်,ပဝါရဏာ၊ ရှေး၌သာ၊ဆိုက်ရာ ပြုအပ်သေး။ နေဝင်၍ သိမ်အပြင်၌ သံဃာစုံညီစွာ စည်းဝေးမိသော အခါ၌ ဥပုသ်ပ၀ါရဏာမပြုမီ ဤပုဗ္ဗကိစ္စ ငါးပါးကို ထိုက်သည် အားလျော်စွာ ပြုရသည်။ ။ယခုအခါ၌ ဘိက္ခုနီမရှိ။ ထိုကြောင့် သံဃာ့ဥပုသ်၌ပင် ဘိက္ခုနီဩဝါဒကို ကြားဘွယ်မရှိ။ ။ဂဏပုဂ္ဂလ ဥပုသ်ပဝါရဏာတို့၌ ဆန္ဒပါရိသုဒ္ဓိနှစ်ပါး ကြားဘွယ်မရှိ။ ရဟန်းတပါး နှစ်ပါး သုံးပါး နေသောတိုက်တာအတွင်း၌ သံဃာရေတွက်မှု ဘိက္ခုဂဏနကိုပြုဘွယ်မရှိ။ ဥတု, မာသ, ပက္ခ, နေ့ ရက်များကို သိမ်အပြင် သံဃာအစည်းအဝေး၌ ကြားရမည်ဟု ပါဠိတော်မလာ၊ အဋ္ဌကထာ၌ လာ၏။ ။ပါဠိတော် ၌ကား တိုက်တာရှိ ရဟန်းအလုံးစုံသည် ပက္ခဂဏနကို သိအောင် ပြုကြရ မည်ဟု လာ၏။ပက္ခဂဏနဆိုသည်ကား-ထိုလဆန်းပက္ခ, လဆုတ်ပက္ခတို့၌ ရောက်ဆဲသော နေ့ရက်ကိုဆိုသည်။ လူတို့က ယခန့လဆန်း ဘယ်နှစ်ရက် ပါလဲဟု မေးလျှင် ဘယ်အခါမဆို ပြောတတ်စေရမည် ဟူလိုသည်။ ။ သို့သော်လည်း အဋ္ဌကထာ၌ လာလျက်ရှိသောကြောင့် အဋ္ဌကထာကို အလေးပြုသောအားဖြင့် အလုံးစုံကိုပင် ပြုခွင့်ရှိလျှင် ရှိလျောက် မရှိလျှင် မရှိလျောက် မေးဖြေဘော်ကြားမှုကို ပြုရာ၏။ ။ပါဠိတော်၌ ဥပုသ်နေ့ ပြောကြားမှု လာသေး၏။ဥပုသ်နေ့ ပြောကြားမှုဆိုသည်ကား-လကွယ်, လပြည့်, ဥပုသ်နေ့တိုင် ရောက်လျှင် ဥပုသ်နေ့မှန်း မသိမရှိကြစေရန် နေ့အဘိုကပင် တိုက်တာရှိ ရဟန်း သံဃာတို့အား မထေရ်ကြီးက ကြောင့်ကြစိုက်၍ ပြောကြားမှုတည်း။ ၄၇၃။ ဆန္ဒ, ပါရိ၊ သုဒ္ဓိ နှစ်ပါး၊ ပေးဆောင်ကြား၊ကံအား လျော်ကန်စွာ။ ဆန္ဒပေးခြင်း, ဆန္ဒဆောင်ခြင်း, ဆန္ဒကြားခြင်း၊ ပါရိသုဒ္ဓိပေးခြင်း, ပါရိသုဒ္ဓိဆောင်ခြင်း, ပါရိသုဒ္ဓိကြားခြင်း သုံးပါးစီရှိ၏။ ။ပါရိသုဒ္ဓိဖြင့် ပဝါရဏာ ပေးခြင်း, ပဝါရဏာ ဆောင်ခြင်း, ပဝါရဏာ ကြားခြင်း ကိုလည်းယူ။ ။ကျောင်းတိုက် တခုလုံးကို တသိမ်တည်း သမုတ်၍ Trang131 ထားသော မဟာသိမ် ကျောင်းတိုက်များ၌ပြုကြရသော ပုဗ္ဗကိစ္စမျိုး တည်း။ ။ဆန္ဒပေးမှု, ဆန္ဒဆောင်မှု့, ဆန္ဒကြားမှုသည်ကား ယခု အခါမှာ သိမ်သမုတ်ရာ၌ ပြုလုပ်ကြ၏။ ။ကံအား လျော်စွာ ဆိုသည်ကား-ပါရိသုဒ္ဓိ ဆောင်မှုသည် ` သံဃာ့ဥပုသ်နှင့်သာ ဆိုင်၏။ ပဝါရဏာဆောင်မှ သည် သံဃာ့ပဝါရဏာနှင့်သာ ဆိုင်၏။ဆန္ဒဆောင်မှု ကား သံဃာ့ကံ အများနှင့် ဆိုင်၏။ ၄၇၄။ သိမ်အပြင်၌၊ သင်္ကာရှိက၊ထိုကိစ္စ၊ပြုကြ စဉ်အလာ။ မဟာသိမ်ကျောင်းတိုက်၌ ဥပုသ်အိမ်တွင် ဥပုသ်ပဝါရဏာကိစ္စနှင့် သံဃာလေးပါး စည်းဝေးမိသောအခါ၌ ဆန္ဒဆောင်ခြင်း, ပါရိသုဒ္ဓိ ဆောင်ခြင်း, ပဝါရဏာဆောင်ခြင်း-ဟူသော ထိုပုဗ္ဗကိစ္စ သုံးပါးကို ပြုကြမြဲအစဉ်အလာ ဖြစ်သည်။ ဥပုသ်ကံမှာ လေးပါး၊ ပဝါရဏာကံမှာ ငါးပါး ခွဲ၍ယူ။ ၄၇၅။ သံဃဟတ္ထပါသ်၊ မဝင်လတ်၊ ပေးအပ် ထိုသုံးဖြာ။ သံဃာစည်းဝေးရာ ဌာနနှင့် တသိမ်တည်း ဖြစ်ကြသော တိုက်တာ အတွင်းမှာ နေလျက် -သံဃာ၏ နှစ်တောင့်ထွာ ဟတ္တပါသ်တွင်းသို မဝင်သောသူသည် ဆန္ဒပါရိသုဒ္ဓိ ပဝါရဏာ ထိုက်ရာပေး၍သာ နေ အပ်၏။ ၄.၇ ၆ ။ ဥပုသ်မိမိ၊ မပြီးရှိ၊ ပါရိသုဒ္ဓိပေး။ ဥပုသ်ကံပြုဆဲအခါ၌ သံဃာ့ဟတ္ထပါသ်သို့ မဝင်ဘဲနေသော ရဟန်း သည် မိမိမှာ ဥပုသ်မပြုရသေးသူဖြစ်ခဲ့သော် ပါရိသုဒ္ဓိကို ပေးရမည်။ ၄၇၇။ ပဝါရဏာ၊ လိုလေပါ၊ ပဝါရဏာပေး။ ပဝါရဏာကံ ပြုဆဲအခါ၌ သံဃာ့ဟတ္ထပါသ် မကပ်လိုသော ရဟန်းသည် မိမိမှာ ပဝါရဏာမပြုသေးသူ ဖြစ်ခဲ့သော် ပဝါရဏာကို ပေးရမည်။ ၄၇၈။ ဥပုသ်ပဝါရဏံ၊ ပြုပြီးမှန်၊ ဆန္ဒကိုသာပေး။ ထိုရဟန်းသည် ဥပုသ်ပြုပြီး ပ၀ါရဏာပြုပြီး ဖြစ်ခဲ့သော် ဆန္ဒကို သာပေး။ (ဒုတိယအကြိမ်) Trang132 ၄၇၉။ ဆန္ဒပေးမှာ၊ သူ့ ဘို့သာ၊ ကြွင်းမှာ နှစ်ပါးရေး။ ဆန္ဒပေးမှုမှာ ကိုယ်ဘို့မဟုတ် သူ့ ဘို့သာ ဖြစ်သည်။ ဆန္ဒမပေးဘဲ ထိုသိမ်ထဲမှာနေခဲ့သော် သံဃာတို့ ဆောင်ရွက်သော ကံသည် ဝဂ္ဂကံဖြစ်၍ ပျက်၏။ ထို့ကြောင့် သူ့ဘို့ဆိုသည်။ ပါရိသုဒ္ဓိပေး ပ၀ါရဏာပေး နှစ်ပါးမှာ သံဃဥပုသ်ကံ ပဝါရဏာကံလည်း ချောမောလေ၏။ မိမိမှာ ဥပုသ်ပြုမှု ပဝါရဏာပြုမှုလည်းပြီးစီး၏။ထို့ကြောင့် ကြွင်းမှာနှစ်ပါးရေး ဆိုပေသည်။ ၄ဂ၀။ ဆန္ဒပါရိ၊ ဆန္ဒပဝါရဏာ၊ အစုံမှာ၊နှစ်ဖြာစိတ်ချရေး။ သံဃဥပုသ်ကမှာ ဆန္ဒနှင့်ပါရှိသုဒ္ဓိ အစုံပေးခြင်း သံဃပဝါရဏာ ကံမှာ ဆန္ဒနှင့်ပဝါရဏာ အစုံပေးခြင်းသည် မိမိအကျိုး သံဃာ့အကျိုး နှစ်ပါးအတွက်ပင် စိတ်ချရတော့သည်။ သိမ်အပြင်၌ သံဃာ လေးပါး ငါးပါး နှစ်တောင့်ထွာ ဟတ္ထပါသ် စပ်မိအောင် စည်းဝေး၍ရှိနေသော အခါ၌ သံဃာ့ဘောင်သို့ မဝင်လိုသော ရဟန်းသည် သံဃာ့ဟတ္ထပါသ်မှ အပ၌ တည်နေသော တပါးပါးသော ရဟန်းထံသို့သွား၍ ဆန္ဒပါရိသုဒ္ဓိ အစုံပေးရမည်။ ပေးပုံကား-ရှေးဦးစွာ ဒေသနာကြားရာ၏၊ ကြားပြီးမှ။ ။“ဆန္ဒံ ဒမ္မိ၊ ဆန္ဒံ မေ ဟရ၊ ဆန္ဒံ မေ အာရောစေဟိ”ဟု သုံးကြိမ်ဆို။ ။ တဦး သောရဟန်းက “အာမ ဘန္တေ”-ဟု ဆို။ ။ ဆန္ဒပေးပြီး၏။ “ပါရိသုဒ္ဓိံ ဒမ္မိ၊ ပါရိသုဒ္ဓိံ မေ ဟရ၊ ပါရိသုဒ္ဓိံ မေ အာရော စေဟိ”- ဟု သုံးကြိမ်ဆို။ ။တဦးသောရဟန်းက “အာမ ဘန္တေ”-ဟု ဆို။ ။ ပါရိသုဒ္ဓိပေး ပြီး၏။ ၄ ၈၁။ ဆောင်သူ မှာလည်း၊သံဃာ ဟတ္ထပါသ်၊ ချောစွာကပ်၊ ကြားအပ် မနှောင့်နှေး။ လက်ခံသောရဟန်းက ထိုနေရာမှ အခြားတပါးသို့ မသွားမူ၍ သိမ် အပြင် သံဃာဘောင် နှစ်တောင့်ထွာ _ ဟတ္ထပါသ် တွင်းသို့သာ သွားရ မည်။ ။ ဟတ္ထပါသ်တွင်း၌ ထိုင်နေ၍ သံဃာတော်တို့အား ထိုဆန္ဒပါရိ Trang133 သုဒ္ဓိတို့ကို လျှောက်ထားရမည်။လျောက်ကြားပုံကား။ ။ဆန္ဒပေးသော ရဟန်း၏ဘွဲ့ကို ထုတ်ဘော်၍။ ။“တိဿ နာမေန ဘန္တေ ဘိက္ခုနာ ဆန္ဒော ဒိန္နော”။ ။သုံးကြိမ်ဆို။ ။“တိဿ နာမေန ဘန္တေ ဘိက္ခုနာ ပါရိသုဒ္ဓိ ဒိန္နာ”။ သုံးကြိမ်ဆို။ ။သံဃာတော်တို့က “သာဓု သာဓု” ဆိုကြလိမ့်မည်။ ဆန္ဒကြား ပါရိသုဒ္ဓိကြား ပြီး၏။ ။ဆန္ဒပဝါရဏာ လည်း ထိုနည်းတူ။ ။“ပဝါရဏံ ဒမ္မိ၊ ပဝါရဏံ မေ ဟရ၊ ပဝါရဏံ မေ အာရောစေဟိ၊ မမတ္ထာယ ပဝါရေဟိ”။ ။ သုံးကြိမ်ဆို။ ။ဤ၌ မမတ္ထာယ ပဝါရေဟိ ပို၏၊ ငါ၏ အကျိုးငှာ ပ၀ါရဏာ ပြုပါလေ ဆိုလိုသည်။ ဆောင်သောရဟန်းသည် သံဃာဘောင်သို့ရောက်၍ ဆန္ဒပဝါရဏာ နှစ်ပါးကို သံဃာအား ကြားပြီးသောအခါ၌ ပေးလိုက်သော ရဟန်း အတွက် ပဝါရဏာပြုရသည်။ ။“တိဿော ဘန္တေ ဘိက္ခု သံဃံ ပဝါ ရေတိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ၀ါ။ ဝဒတု တံ သံဃော အနုကမ္မံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿတိ”။ ။သုံးကြိမ်ပြုလေ။ ။ ဆောင်သော ရဟန်းသည် သံဃာ့ ဟတ္တပါသ်သို့ ရောက်လျှင် ဆန္ဒပါရိသုဒ္ဓိလည်း ရောက်တော့သည်။ ကြားမှုမှာ မကြားဘဲနေခဲ့လျှင် ဆောင် သောရဟန်းမှာ ဒုက္ကဋ်သင့်၏။ ထိုဒုက္ကဋ်မှ လွတ်အောင် ကြားရသည်။ ဆန္ဒပါရိသုဒ္ဓိ ကြားပြီးနောက် ဥပုသ်ကံ၌ လေးပါးသော ရဟန်း ပဝါ ရဏာကံ၌ ငါးပါးသော ရဟန်းတို့သည် ထိုကံ ပြီးသည် တိုင်အောင် ဟတ္ထပါသ်ကိုစွန့်၍ မထမသွားရာ။ ဟတ္ထပါသ်ကို စွန့်၍ ထသွားခဲ့သော် ထိုဆန္ဒပါရိသုဒ္ဓိသည် ပျက်ပြန်၏။ အသစ်တဘန် ယူရပြန်၏။ ၄ဂ၂။ ဥတု, မာသ၊ ပက္ခ, တိထီ၊ အစဉ်ချီ၊ ပြီပြီ လျှောက် ကြားရေး။ ၄ဂ၃။ ရဟန်း တွက်ရေ၊ ကြားမြဲပေ၊ လျှောက်လေ ဩဝါ ရေး။ ။(ဤသံပေါက်နှစ်ခု သိသာပြီ) ။ ပုဗ္ဗကိစ္စငါးပါး ပြီး၏။ Trang134 ၃၂-ပတ္တကလ္လအင်္ဂါလေးပါး ၄၈၄။ ပတ္တကလ္လံ၊ အင်လေးတန်၊ သိရန် ကြားကြသေး။ ၄ဂ၅။ ဥပုသ်နေ့ကြိုက်၊ သိမ်ပြင်၌၊ ကံထိုက် သံဃာညီ။ ၄ဂ၆။ သဘာဂါပတ်၊ မရှိလတ်၊ ကင်းလွတ် ဝဇ္ဇနီ။ ၄၈၇။ ပတ္တကလ္လာ၊ အင်လေးဖြာ၊ ညီခါ ကံပြုပြီ။ ဥပုသ်ကံ၌ ဥပုသ်နေ့ ကြိုက်ကြုံခြင်းတပါး, တခုသော သိမ်အပြင်၌ ကံထိုက်သောသံဃာတို့ ဟတ္ထပါသ်စပ်မိအောင် အညီအညွတ် စည်းဝေး မိခြင်းတပါး,အမှုဝတ္ထု သဘောတူသင့်သောဝတ္ထု သဘောတူအာပတ်မှ ကင်းရှင်းကြခြင်းတပါး, လူသာမဏေ စသော ဝဇ္ဇနီယပုဂ္ဂိုလ် နှစ်ကျိပ် တယောက်တို့၏ သံဃဟတ္ထပါသ်တွင်း၌ မရှိကြခြင်း တပါး။ ပတ္တကလ္လ အင်္ဂါလေးပါး။ ဤအင်္ဂါလေးပါးညီလျှင် ဥပုသ်ကံ၌ ကံပြုထိုက်ပြီ။ ၄၈၈။ သုံးဥက္ခိက္က၊ အန္တိမ၊ ကြဉ်က ကံထိုက်ပြီ။ ကံထိုက်သော ရဟန်းဆိုသည်ကား ဥက္ခိတ္တက သုံးမျိုးတို့မှ ကင်း လွတ်၍ ပါရာဇိက အန္တိမမှု မရှိသော ရဟန်းတည်း။ ။အာပတ်ကိုမရှုမှု အာပတ်ကို မကုစားမှု မိစ္ဆာဒိဋ္ဌိကို မစွန့်မှုတို့ကြောင့် ဥက္ခေပနိယ ကံပြု ခံရသော ရဟန်းသုံးမျိုးကို သုံးဥက္ခိတ္တဆိုသည်။ ၄၈၉။ ဟတ္တပါသ၊ ကပ်တုံက၊ ကာယသာမဂ္ဂီ။ ၄၉၀။ ဆန္ဒ လာရောက်၊ မျက်မှောက် ရှိကြ၊ မမြစ်က၊ စိတ္တ သာမဂ္ဂီ။ သံဃာညီ ဟူသော အထက်စကား၌… ကာယသာမဂ္ဂီ၊ စိတ္တ သာမဂ္ဂီ ဟူ၍ သာမဂ္ဂီနှစ်ပါးရှိ၏။ဟတ္ထပါသ်တွင်းသို့ လာရောက်သည်ကို ကာယသာမဂ္ဂီခေါ်သည်။ ။တသိမ်တည်း၌နေလျက် သံဃာ့ဟတ္ထပါသ် သို့ မကပ်ဘဲ ပြင်၌နေသောပုဂ္ဂိုလ်မှာ သံဃာဘောင်သို့ ကိုယ်တိုင်မလာ သော်လည်း ဆန္ဒရောက်လာမှု ဟတ္ထပါသ် တွင်းသို့ လာရောက်သော မျက်မှောက်ရှိ သံဃာထဲကလည်း ပြုဆဲဖြစ်သော သံဃာ့ကံကို မကြိုက် မလို၊ မြွက်ဆိုတားမြစ်ခြင်းမှ ကင်းလွတ်မှုတို့ကို စိတ္တသာမဂ္ဂီဆိုသည်။ Trang135 ၃ ၃−ဥပုသ်အပြား သံဃာညီညွတ်ပြီ။ ၄၉၁။ ကိုယ်စိတ်နှစ်ဖြာ၊ ညီညွတ်လာ၊ သံဃာညီ ညွတ်ပြီ ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီ နှစ်ပါးနှင့် ပြည့်စုံပေလျှင် သံဃာ ညီညွတ်ပြီ။ ၄၉၂။ လူ,ဘိ,သိက်,သာ၊ သာ,သိက္ခာ၊ ပါရာ,ဥက္ခိတ်တည်း။ ၄၉၃။ ပဏ်,ထေ,ပက်,ဆန်၊ ပဉ္စာနန်၊ ဒုသံ,ဥဘောဗျည်း။ ၄၉၄။ ဟတ္ထပါသ်မှ၊ ကြဉ်ဖယ်ရ၊ ဧကဝီသတည်း။ ဝဇ္ဇနီယပုဂ္ဂိုလ် နှစ်ကျိပ်တယောက်။ လူ, ဘိက္ခုနီ, သိက္ခမာန်, သာမဏေယောက်ျား, သာမဏေမိန်းမ, သိက္ခာချပြီးသောသူ, ပါရာဇိက ကျသူ, ဥက္ခိတ္တက ရဟန်း သုံးမျိုး, နပုံပဏ္ဍုက်, ထေယျသံဝါသကပုဂ္ဂိုလ်, တိတ္ထိဘောင်သို့ပြောင်းသွားသော တိတ္ထိယပက္ခန္တကပုဂ္ဂိုလ်, ဂဠုန် နဂါးစသော တိရစ္ဆာန်, မာတုဃာတက စသော ပဉ္စာနန္တရိကကံ ထိုက်သော ပုဂ္ဂိုလ် ငါးယောက်, ဘိက္ခုနီကို ဖျက်ဆီးဘူးသော ဘိက္ခုနီဒူသကပုဂ္ဂိုလ်, ဥဘတောဗျည်း။ ပတ္တကလ္လအင်္ဂါလေးပါး ပြီး၏။ ၃ ၃-ဥပုသ်အပြား ၄၉၅ ။ အစင်ဆေးရိုး၊ ဥပုသ်ကိုး၊ သုံးမျိုး သုံးထွေပြား။ အစင်ဆေးမှုကို ဥပုသ်ပြုမှုခေါ်သည်။ထိုဥပုသ်သည် ကိုးပါးလာ၏။ ပဝါရဏာလည်း ကိုးပါးလာ၏။ ၄၉၆။ သံဃ ဂဏ၊ ပုဂ္ဂလ၊ သုံးဝ ပြုသူပြား။ ၄၉၇။ သုတ္တုဒ္ဒေသာ၊ ပါရိသုဒ္ဓိ၊ ဓိဋ္ဌာန်ဘိ၊ တြိပြုပုံပြား။ ၄၉ဂ။ စာတုဒ္ဒသီ၊ ပန္နရသီ၊ သာမဂ္ဂီ၊ သုံးလီ နေ့အပြား။ ဥပုသ်သည် ပြုသူပုဂ္ဂိုလ် အပြားအားဖြင့် သံဃာ့ဥပုသ်, ဂဏဥပုသ်, ပုဂ္ဂလဥပုသ်-ဟူ၍ သုံးပါး။ ။ပြုသောအခြင်းအရာအားဖြင့် သုတ္တုဒ္ဒေသ ဥပုသ်, ပါရိသုဒ္ဓိဥပုသ်, အဓိဋ္ဌာန်ဥပုသ်-ဟူ၍ သုံးပါး။ ။နေ့အပြား အားဖြင့် စာတုဒ္ဒသီဥပုသ်,ပန္နရသီဥပုသ်,သာမဂ္ဂီဥပုသ်ဟူ၍သုံးပါး။ Trang136 ၄၉၉။ ပါတိမောက်သုတ်၊ ရွတ်ဘော်ထုတ်၊ သုတ္တုဒ္ဒေသငြား။ သုတ္တုဒ္ဒေသပုဒ်၌ သုတ္တဆိုသည်ကား ပါတိမောက်ပါဠိကိုဆိုသတည်း။ ဥဒ္ဒေသဆိုသည်ကား သံဃာအလယ်၌ ထိုပါတိမောက်ပါဠိကို ရွတ်ဆို ဘော်ပြမှုကို ဆိုသတည်း ။ ၅၀၀။ နိဒါန်း,ပါရာဇိ၊ သံဃာဒိ၊ အနိ,ဝိတ္ထာရာ။ ၅၀၁။ ပါတိမောက်သုတ်၊ ငါးခဏ်းထုတ်၊သရုပ်ဘော်ပြရာ။ ၅ဝ၂။ အကျဉ်း,အကျယ်၊ သုတ္တုဒ်ဝယ်၊ ငါးသွယ် အပြားလာ။ ထိုပါတိမောက် ပါဠိကို ရွတ်ဆိုဘော်ပြမှုသည် ဥဒ္ဒေသ အပိုင်း အခြားအားဖြင့် နိဒါနုဒ္ဒေသ, ပါရာဇိကုဒ္ဒေသ, သံဃာဒိသေသုဒ္ဒေသ, အနိယတုဒ္ဒေသ, ဝိတ္ထာရုဒ္ဒေသ-ဟူ၍ သုတ္တုဒ္ဒေသ အပြား ငါးပါး ရှိ၏။ ၅၀၃။ မီး,မင်း,ခိုးသူ၊မိုးရေလူ၊ ဘီလူး,သားရဲ,မြွေ။ ၅ဝ၄။ အသက်,ဗြဟ္မ၊စရိယ၊ ဒသ အန္တရေ။ အန္တရာယ်ဆယ်ပါး၊ မီးအန္တရာယ် စသည်ဆိုလေ။ ၅၀၅။ အချင်းချင်းကြား၊ သံဃာကြား၊ နှစ်ပါး ပါရှိမှာ။ ပါရိသုဒ္ဓိဥပုသ်မှာ အချင်းချင်း လျှောက်ကြားသော ပါရိသုဒ္ဓိ, သံဃာထံမှာ လျှောက်ကြားသော ပါရိသုဒ္ဓိဟူ၍ နှစ်ပါးရှိ၏။ ၅၀၆။ နှစ်ပါး,သုံးပါး၊ ချင်းချင်းကြား၊ နည်းများ သံဃာမှာ။ သိမ်အပြင်၌ နှစ်ပါးသာရှိ၍ နှစ်ပါးချင်းချင်း ကြားသော ပါရိသုဒ္ဓိ သုံးပါးသာရှိ၍ သုံးပါးအချင်းချင်း ကြားသော ပါရိသုဒ္ဓိဟူ၍ အချင်း ချင်းကြား နှစ်မျိုးရှိ၏။ ။သံဃဥပုသ် သံဃပဝါရဏာ ပြုပြီး၍ သိမ် အပြင်၌ ရှိနေကြသော သံဃအထံမှာ နောက်မှရောက်လာသော ရဟန်း တို့က လျှောက်ကြားရသော သံဃာကြား ပါရိသုဒ္ဓိမှာမူကား နောက်မှ ရောက်လာသော ရဟန်း အနည်းအများသို့ လိုက်၍ တပါး နှစ်ပါး စသည် အနည်းလည်း ရှိ၏။ တကျိပ် နှစ်ကျိပ် စသည် အများလည်း ရှိ၏။ Trang137 ၅၀၇။ ဓမ္မာ,ဓမ္မ၊ သမဂ္ဂ၊ ဝဂ္ဂ လေးမျိုးဖြာ။ ဥပုသ်ကံသည် အဓမ္မဝဂ္ဂကံ,အဓမ္မသမဂ္ဂကံ,ဓမ္မဝဂ္ဂကံ,ဓမ္မသမဂ္ဂကံ-ဟူ၍ လေးပါးရှိ၏။ ။အကျယ်ကို ပါဠိတော်၌ ကြည့်လေ။ ဥပုသ်အပြား ပြီး၏။ ၃၄-ပဝါရဏာ အပြား ၅၀ဂ ။ သံဃဂဏ၊ ပုဂ္ဂလ၊ သုံးဝ ပဝါရဏာ။ သံဃပဝါရဏာ၊ ဂဏပဝါရဏာ၊ ပုဂ္ဂလပဝါရဏာ။ ၅၀၉ ။ တေး,ဒွေး,ဧက၊ ဝါစိကနှင့်၊ သမာနဝဿံ၊ဤလေးတန်၊ ဆိုဟန် ပြားသည်သာ။ တေဝါစိကပဝါရဏာ, ဒွေဝါစိကပဝါရဏာ, ဧကဝါစိကပဝါရဏာ, သမာနဝဿိက ပဝါရဏာ-ဟူ၍ ရွတ်ဆိုဟန် အခြင်းအရာ အားဖြင့် လေးပါး။ သမာနဝဿိကကို အခြားယူခဲ့လျှင် သုံးပါးဖြစ်၏။ သိမ်အပြင်တွင် ပဝါရဏာပြုသော သံဃာတရာ အရေအတွက် ရှိရာ၌ “သံဃံ ဘန္တေ ပ၀ါရေမိ” အစရှိသော စကားကို သုံးကြိမ်စီ ဆို၍ တပါးချင်းပြုသည်ကို တေဝါစိကပဝါရဏာ ဆိုသည်။ အန္တရာယ်ရှိလာ၍ သုံးကြိမ်စီဆိုခွင့်မရရာ၌ နှစ်ကြိမ်စီဆို၍ ပြုသည်ကို ဒွေဝါစိက ပဝါရဏာ ဆိုသည်။ နှစ်ကြိမ်စီမှ ဆိုခွင့်မရရာ၌ တကြိမ်စီဆို၍ ပြုသည်ကို ဧကဝါစိက ပဝါရဏာ ဆိုသည်။ အန္တရာယ်အတွက် အသီးသီး တပါးချင်း ဆိုခွင့် မရရာ၌ ဝါတူချင်းပေါင်း၍ ဆယ်ပါးတတွဲ ငါးပါးတတွဲ စသည်ဖြင့် ဆို၍ ပြုသည်ကို သမာနဝဿိက ပဝါရဏာ ဆိုသည်။ ဉတ်ထားပုံ အသီးသီးရှိသည်။ ၅၁၀ ။ တေး,ဒွေး,ဧက၊ သမာန၊ သံဃပဝါရဏာ။ ဤတေဝါစိကစသည် လေးပါးကား သံဃပဝါရဏာချည်းတည်း။ ၅၁၁။ စာတုဒ္ဒသီ ပန္နရသီ၊ သာမဂ္ဂီ၊ သုံးလီ နေ့တွက်မှာ။ ပ၀ါရဏာနေ့ ပြားသည်အတွက် စာတုဒ္ဒသီပဝါရဏာ စသည် သုံးလီပြား။ ။ ထိုနေ့စုကိုလည်း သီတင်းကျွတ် လဆန်း ၁၄-ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အတွင်း၌သာမှတ်။ Trang138 ၅၁၂။ နှစ်,သုံး လေးပါး၊ ဂဏထား၊ ငါးပါးသံဃာသာ။ ပဝါရဏာကံ၌ ရဟန်းနှစ်ပါး,သုံးပါး,လေးပါးသည် ဂဏပဝါရဏာ မည်၏။ ရဟန်းငါးပါးရှိမှ သံဃပဝါရဏာခေါ်သည်။ ၅၁၃ ။ အကြွင်းဆိုဘွယ်၊ဥပုသ်နှယ်၊ သွယ်သွယ် ခွဲစိတ်ဖြာ။ ဥပုသ်ပဝါရဏာ ပြုပြီးသော သံဃာအများထံ၌ နောက်မှ ရောက် လာသော ရဟန်းအနည်းအများကို လျှောက်ကြားရသော အစီအရင် ဆိုဘွယ် အသွယ်သွယ်မှာ ဥပုသ်ခဏ်း၌ကဲ့သို့ ခွဲစိတ်ဖြာရာ၏။ ပဝါရဏာအပြား ပြီး၏။ ၃၅-ဥပုသ် ပဝါရဏာပြုပုံ ၅၁၄။ တပါးတည်းသာ၊ နေသူမှာ၊ ပြုပါ အဓိဋ္ဌာန်။ ကျောင်းတိုက်တခု၌ တပါးတည်းရှိနေသော ရဟန်းသည် အဓိဋ္ဌာန် ဟူသော ပုဂ္ဂလဥပုသ်ကိုပြု ။ ။ ထိုပုဂ္ဂိုလ်သည် ဥပုသ်နေ့၌ သိမ်အပြင်၌ တံမြက်လှည်းခြင်းစသော ပုဗ္ဗကရဏ လေးပါးကိုပြု၍ အဘော်သံဃာ များကို စောင့်စားရဦးမည်။ အဘော်သံဃာ လာသူမရှိပြီဟု စိတ်ချရမှ အဓိဋ္ဌာန် ဥပုသ်ကို ပြုရသည်။စာတုဒ္ဒသီနေ့ဖြစ်အံ့။ ။“အဇ္ဇ မေ ဥပေါ သထော စာတုဒ္ဒသော အဓိဋ္ဌာမိ”။ ။ပန္နရသီနေ့ဖြစ်အံ့။ ။“အဇ္ဇ မေ ဥပေါသထော ပန္နရသော အဓိဋ္ဌာမိ”ဟု သုံးကြိမ်ဆို။ ။ပဝါရဏာ မှာလည်း ထိုနည်းတူ ။ ။ “အဇ္ဇ မေ ပဝါရဏာ စာတုဒ္ဒသီ အဓိဋ္ဌာမိ။ အဇ္ဇ မေ ပဝါရဏာ ပန္နရသီ အဓိဋ္ဌာမိ။ ပုဂ္ဂလအဓိဋ္ဌာန် ဥပုသ်ပြုနည်း ပြီး၏။ ၅၁၅ ။ နှစ်ယောက်မူကား၊ ဉတ်မထား၊ သုံးပါးဉ တ္တိကံ။ နှစ်ပါးသာရှိသော တိုက်တာဖြစ်အံ့၊ ပုဗ္ဗကရဏ လေးပါးကိုပြု၍ ပါရှိသုဒ္ဓိဥပုသ်ပြု ။ ။ သိမ်၌တည်၍ ဒေသနာကြားပြီးလျှင်သီတင်းကြီး သီတင်းငယ် အစဉ်အတိုင်း ပါရှိသုဒ္ဓိကြား။ ။“ပရိသုဒ္ဓေါ အဟံ အာဝုသော၊ ပရိသုဒ္ဓေါတိ မံ ဓာရေဟိ။ ။ပရိသုဒ္ဓေါ အဟံ ဘန္တေ၊ Trang139 ပရိသုဒ္ဓေါတိ မံ ဓာရေထ”။ ။အကျွန်ုပ်ကို အာပတ်မှ စင်ကြယ်သော သူဟူ၍ မှတ်တော်မူပါ ဆိုလိုသည်။ ။တပါးပုဂ္ဂိုလ်က “သာဓု- သာဓု”ဆို။ ။ နှစ်ပါးပြီး၏။ သုံးပါးရှိသော တိုက်တာဖြစ်အံ့၊ ဉ တ်ထား၍ပြု ။ ။“သုဏန္တု မေ အာယသ္မန္တာ၊ အ္ဇုပေါသထော စာတုဒ္ဒသော။ယဒါ ယသ္မန္တာနံ ပတ္တ ကလံ။မယံ အညမညံ့ ပါရိသုဒ္ဓိ ဥပေါသထံ ကရေယျာမ”။ ။ဉတ်။ ။ ပြီးမှထေရ်စဉ် အတိုင်းဆို။ ။“ပရိသုဒ္ဓေါ အဟံ အာဝုသော ပရိ သုဒ္ဓေါတိ မံ ဓာရေထ”။ ။ သုံးကြိမ်ဆို။ ။နှစ်ပါးတို့က “သာဓု- သာဓု”ဆို။ အချင်းချင်းကြား ပါရိသုဒ္ဓိ ဥပုသ်ပြီး၏။ သံဃာကြား ပါရိသုဒ္ဓိ၌ မဟာသိမ်ဖြစ်သောတိုက်၌ သံဃဥပုသ် ပြုကြရာ အချို့ သော ရဟန်းတို့သည် ကိစ္စတပါးရှိ၍ တိုက်ပသို သွား ကြရာ တိုက်တွင်းရှိ သံဃာကို သံဃဥပုသ်ပြုကြ၍ ပြီးဆုံးမှ ရောက်လာကြ ကုန်၏။ ပြီးနှင့်သော သံဃာအရေအတွက်ထက်လည်း မိမိတို့က ရဟန်း အရေအတွက် မပိုကြကုန်သည် ဖြစ်အံ့။ နောက်လာသံဃာ တရာပင်ဖြစ် သော်လည်း ပြီးနှင့်သော သံဃာတို့ထံ၌ ပါရိသုဒ္ဓိကိုကြား၍ ပါရိသုဒ္ဓိ ဥပုသ်ကိုသာ ပြုကြရ၏။ ။“ပရိသုဒ္ဓေါ အဟံ ဘန္တေ၊ ပရိသုဒ္ဓေါတိမံ ဓာရေထ”ဟု အသီးသီးဆိုရမည်။ ။နောက်လာသောရဟန်းတို့သည် အရပ်တပါးကလာကြသော အာဂန္တုပုဂ္ဂိုလ်တို့ ဖြစ်လျှင်လည်း ဤနည်း အတူပင် ရှေး၌ ပြဆိုခဲ့ပြီးသော သံဃာကြား ပါရိသုဒ္ဓိ အပြားတိုကို ဤနည်းကိုမှီ၍ အကုန်သိလေ။ ပါရိသုဒ္ဓိဥပုသ်ပြုနည်း ပြီး၏။ ၅ ၁၆။ ပါတိမောက္ခ၊ ရွတ်ဆိုပြ၊ သံဃဥပုသ်မှာ။ သံဃဥပုသ်-ဆိုသည်ကား သုတ္တုဒ္ဒေသ ဥပုသ်တည်း။ ပါတိမောက် ပြုမှုတည်း။ နေဝင်လျှင် တိုက်ရှိ သံဃာတို့သည် ဥပုသ်အိမ်၌ စည်းဝေး ကြကုန်၏။ စည်းဝေးမိသော အခါ၌ သံဃာ အစည်းအဝေးသို့ မလာ Trang140 နိုင်သော ဂိလာနရဟန်း ဗဟုကိစ္စရဟန်းတို့သည် ဝိနည်းအရာ၌ လိမ်မာ သောရဟန်းတို့ထံ၌ ဒေသနာကြားပြီးမှ ဆန္ဒပေးခြင်း ပါရိသုဒ္ဓိပေးခြင်း တို့ကိုပြုကြရကုန်၏။ ထိုရဟန်းတို့သည်လည်း ရှေး၌ပြဆိုခဲ့ပြီးသောအတိုင်း ထိုဆန္ဒ ပါရိသုဒ္ဓိ တို့ကို ဆောင်ယူ၍ သံဃဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်းသို့ဝင်ကြကုန်၍၊ မိမိတိုဆောင်ယူလာသော ဆန္ဒပါရိသုဒ္ဓိ တို့ကို ရှေး၌ပြဆိုခဲ့ပြီးသည့်အတိုင်း သံဃာတို့အား, လျှောက်ကြားကြရ ကုန်၏။ ထိုနောက် အဋ္ဌကထာနည်းအားဖြင့် ဥတု,မာသ,ပက္ခ, တိထီတိုကို၎င်း, သိမ်အပြင်၌ရှိသော သံဃာအရေအတွက်ကို၎င်း, ဘိက္ခုနီမတို့၏ ဩဝါဒ စကားကို၎င်း ကြားရာ၏။ ။ ထို့နောက် ပတ္တကလ္လအင်္ဂါ လေးပါးကို ကြားရာ၏။ ။ သီတင်းကြီးကမေး၍ သီတင်းငယ်ကဖြေ။ “သမ္မဇ္ဇနီ ပဒီပေါစ၊ ဥဒကံ အာသနေနစ။ ဥပေါသထဿ ဧတာနိ၊ ပုဗ္ဗကရုဏန္တိ ဝုစ္စတိ”ဟူသော အဋ္ဌကထာပါဌ် လာသည်နှင့်အညီ သိမ် အပြင်၌ တံမြက်လှည်းခြင်း အစရှိသော ပုဗ္ဗကရဏ အပြား လေးပါး ရှိသည်တွင် တံမြက်လှည်းခြင်းကိစ္စ ပြည့်စုံပြီလော။၁။ပြည့်စုံပါပြီဘုရား။ ဆီမီးထွန်းခြင်းကိစ္စ ပြည့်စုံပြီလော။ ၂။ ပြည့်စုံပါပြီဘုရား။ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်းကိစ္စပြည့်စုံပြီလော။၃။ ပြည့်စုံပါပြီဘုရား။ နေရာခင်းခြင်းကိစ္စပြည့်စုံပြီလော။ ၄။ ပြည့်စုံပါပြီဘုရား ။ “ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ၊ဘိက္ခု ဂဏနာစဩဝါဒေါ။ဥပေါသထဿ ဧတာနိ ပုဗ္ဗကိစ္စန္တိ ဝုစ္စတိ-ဟူသော အဋ္ဌကထာပါဌ် လာသည်နှင့်အညီ ဆန္ဒပါရိသုဒ္ဓိဆောင်ခြင်းအစရှိသော ပုဗ္ဗကိစ္စအပြား ငါးပါးရှိသည်တွင် ဆန္ဒပါရိသုဒ္ဓိ ဆောင်ခြင်းကိစ္စ ပြီးပြီလော။. ။မဟာသိမ် မဟုတ်၊ ခဏ္ဍ သိမ်ဖြစ်၍ ဆောင်ဘွယ် ကိစ္စ မရှိပါပြီ ဘုရား။ ။ယခု ရောက်ဆဲကား အဘယ်ဥတု, အဘယ်မာသ, အဘယ်ပက္ခ, အဘယ်တိထိပေနည်း။ ။ ဂိမှာနဥတု ဝါဆိုလ, အဋ္ဌမပက္ခ, ပန္နရသီ-တိထီရက်စေ့ ဝါဆိုလပြည့်နေ့ ဖြစ်ပါသည်ဘုရား။ ။ဤဂိမှာနဥတု၌ လွန်သော အဘို့ကား အဘယ် မျှနည်း။လအားဖြင့် လေးလလွန်ပါပြီ။ ပက္ခအားဖြင့် ရှစ်ပက္ခလွန်ပါပြီ။ ဤပါဆိုလ၌ ရက်အားဖြင့် တဆဲ့လေးရက်လွန်ပါပြီဘုရား။ ။ဤဂိမှာန Trang141 ဥတု၌ လာလတ္တံ့သောအဘို့ကား အဘယ်မျှနည်း။ ။ဝါဆိုလပြည့်သည် ဂိမှာနဥတု၏ အဆုံးနေ့ဖြစ်၍ လာလတ္တံ့သောအဘို့ မရှိပါဘုရား။ ဤသိမ်အပြင်၌ သံဃာအရေအတွက်ကား အဘယ်မျှနည်း ။ ။ဤသိမ် အပြင်၌ သံဃာအရေအတွက် မည်မျှရှိပါသည်ဘုရား။ ။ဘိက္ခုနီမတို့က တောင်းပန်ကြသော ဩဝါဒကိစ္စ ပြီးပြေကြပြီလော။ ။ ဘိက္ခုနီမတို့ မရှိကြသောအခါဖြစ်၍ ကြောင့်ကြစိုက်ဘွယ်မရှိ၊ပြီးပြေပါပြီဘုရား။ “ဥပေါသထော ယာဝတိကာစ ဘိက္ခု ကမ္မပတ္တာ၊ သဘာဂါပတ္တိ ယောစ နဝိဇ္ဇန္တိ။ ဝဇ္ဇနီယာစ ပုဂ္ဂလာ တသ္မိံ နဟောန္တိ၊ ပတ္တကလ္လန္တိ ဝုစ္စတိ” ဟူသော အဋ္ဌကထာပါဌ် လာသည်နှင့်အညီ ယခု ပြုကြလတ္တံ့ သော ဥပုသ်ကံသည် ဥပုသ်နေ့သုံးပါးတို့တွင် တပါးပါးကြိမ်ကြိုက်ခြင်း, ဥက္ခိတ္တက အန္တိမ မဟုတ် အယုတ်ဆုံးအားဖြင့် လေးပါးသော ပကတတ် ရဟန်းတို့သည် အချင်းချင်း ဟတ္ထပါသ်ကို မစွန့်မူ၍ တခုသော သိမ် အပြင်၌ တည်ခြင်း, ဝတ္ထုသဘောတူသော အာပတ်မှ စင်ကြယ်ကြခြင်း, သံဃဟတ္ထပါသ် တွင်း၌ နှစ်ကျိပ် တယောက်သော ဝဇ္ဇနီယ ပုဂ္ဂိုလ်တို့ မရှိခြင်း ဟူသော ပတ္တကလ္လ အင်္ဂါ လေးပါးနှင့် ညီညွတ်ပါ၏လော။ ညီညွတ်ပါသည်ဘုရား။ မေးခန်း-ဖြေခန်း ပြီး၏။ ထို့နောက် ပါတိမောက်ပြစေရန် တောင်းပန်ရာ၏။ ၅၁၇ ။ နှစ်ဥဒ္ဒေသ၊ ထေရ်ကြီးရ၊ ထေရ ပိုင်သည်သာ။ သံဃာထေရ်ကြီးသည် အစ၌ နှစ်ဥဒ္ဒေသမျှပင် ကြေပွန်စွာရပေသည် ဖြစ်အံ့၊ ထိုဥပုသ်ကံကို သံဃာထေရ်ကြီး ပိုင်၏။ ၅၁ဂ။ ပြလိုပြမှု၊ တိုက်တွန်းမှု၊ ပြုထိုက်တော့သည်သာ။ ပိုင်၏ ဆိုသည်ကား မိမိပင် ပြလိုလျှင် ပြရ၏။သူတပါးကို တိုက်တွန်း လိုလျှင် တိုက်တွန်းရ၏။ ။ဤသို့ သံဃာထေရ်ကြီး ကြေပွန်စွာရသည်ကို သိကြသည်ရှိသော် သံဃာထေရ်ကြီးကိုပင် တောင်းပန်ရမည်။ “သံယော ဘန္တေ ထေရံ အဇ္ဈေသတိ၊ ဥဒ္ဒိသတု ဘန္တေ ထေရော ပါတိမောက္ခံ”။ ။စွမ်းနိုင်သော ရဟန်းတပါးက သုံးကြိမ်တောင်းပန်။ (ဒုတိယအကြိမ်) Trang142 သံဃော၊ သည်။ ထေရံ၊ ကို။ အဇ္ဈေသတိ၊ တောင်းပန်၏။ ထေရော၊ သည်။ ပါတိမောက္ခံ၊ ကို။ ဥဒ္ဓိသတု၊ ရွတ်ဆိုဘော်ပြပါလော့။ ထိုအခါ သံဃာထေရ်ကြီးသည် “ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ သမာဒပေတွာ ဒေသိတာ ပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပါတိမောက္ခံ ဥဒ္ဒိသိတုံ အာရာဓနံ ကရောမ”။ ဟုရွတ်ဆိုပြီးလျှင်။ “သုဏာတု မေ အာဝုသော သံဃော”စသည်ဖြင့် ဉတ်ထား၍“ကိံ သံဃဿ ပုဗ္ဗကိစ္စံ စသည်ဖြင့် ရွတ်ဆို၍ ပါတိမောက် ပြရာ၏။ ၅၁၉ ။ နှစ်ဥဒ္ဒေသ၊ မရက၊ ရသူပိုင်သည်သာ။ သံဃထေရ်ကြီးသည် နှစ်ဥဒ္ဒေသမျှမရခဲ့အံ့။ ထေရ်ငယ်များကရခဲ့အံ့။ ရသူပိုင်၏။ ရသောရဟန်းကို တိုက်တွန်းရ၏။ “သံဃော ဘန္တေ အာယသ္မန္တံ အဇ္ဈေသတိ။ ဥဒ္ဒိသတု ဘန္တေ အာယသ္မာ ပါတိမောက္ခံ။ ။ သုံးကြိမ်ဆို။ ထိုနောက် ပါတိမောက်ပြ ဆရာသည် “ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ။လ။ ကရောမ”- ဟု ရွတ်ဆို၍ “သုဏာတု မေ ဘန္တေ သံဃော”-စသည်ဖြင့် ဉတ်ကိုရွတ်ဆိုပြီးမှ တ်ဆိုပြီးမှ “ သံဃဿ” - စသော ပါတိမောက် ပါဠိကို ပြဆိုရမည်။ ၅၂၀။ အန္တရာယ်ကင်းပ၊ အကျယ်ရ၊ ပြပေအကျယ်သာ။ အန္တရာယ်ဆယ်ပါးတွင် တပါးပါးမျှမရှိခဲ့သော်၎င်း ပြသောဆရာက ငါးဥဒ္ဒေသ စောင်လုံးရခဲ့သော်၎င်း ငါးဥဒ္ဒေသလုံး ရွတ်ဆို၍ အကျယ် သာ ပြရာ၏။ ၅၂၁။ အန္တရာယ်နှင့်၊ အကျယ် မရ၊ အကျဉ်းမျှ၊ ပြနည်း ထွေထွေလာ။ ၅၂၂ ။ ကြွင်းကျန်သမျှ၊ ဥဒ္ဒေသ၊ သုတ္တသိမ်းမြဲသာ။ အန္တရာယ် တပါးပါး ရှိလာခဲ့သော်၎င်း, အကျယ် မရခဲ့သော်၎င်း အကျဉ်း ပြရာ၏။ ထိုအကျဉ်းပြနည်းသည် ဥဒ္ဒေသ အပြားသို့ လိုက်၍ Trang143 အထွေထွေ ရှိ၏။ ချောမောစွာရသော ဥဒ္ဒေသကို ရွတ်ဆို ဘော်ပြ ပြီးနောက် ကြွင်းကျန်သော ဥဒ္ဒေသတို့ကို သုတသဒ္ဒါဖြင့် သိမ်းမြဲ ဖြစ်၏။ ။ နှစ်ဥဒ္ဒေသမျှကိုသာ သံဃထေရ် ပြရာ၌။ ။ကိ သံဃဿ ပုဗ္ဗကိစ္စံ မှစ၍ ပါရာဇိကုဒ္ဒေသော ဒုတိယော-တိုင်အောင် နှစ်ဥဒ္ဒေသကို ပြီပြင်စွာရွတ်ဆိုပြီးလျှင် ကြွင်းကျန်သော သံဃာဒိသေသုဒ္ဒေသ, အနိယ တုဒ္ဒေသ တိံသနိဿဂ္ဂိယ-စသည်တို့ကို သုတသဒ္ဒါဖြင့် သိမ်းရမည်။ သိမ်းပုံကား။ “ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော နိဒါနံ။ ဥဒ္ဒိဋ္ဌာ စတ္တာရော ပါရာဇိကာ ဓမ္မာ”-ဟု ဆိုပြီးလျှင်။ “သုတာခေါ ပနာ ယသ္မန္တေဟိ တေရသ သံဃာဒိသေသာ ဓမ္မာ။ သုတာ ဒ္ဓေ အနိယတာ ဓမ္မာ။သုတာ တိံသနိဿဂ္ဂိယာ ဓမ္မာ။သုတာ ဒ္ဓေ နဝုတိ ပါစိတ္တိယာ ဓမ္မာ။ သုတာ စတ္တာရော ပါဋိဒေသနိယာ ဓမ္မာ။သုတာ သေခိယာဓမ္မာ။သုတာ သတ္တအဓိကရဏသမထာဓမ္မာ။ ဧတ္တကံ တဿ ဘဂဝတော သုတ္တာဂတံ သုတ္တပရိယာပန္နံ အနွဍ္ဎမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ။တတ္ထ သဗ္ဗေဟေဝ သမဂ္ဂေဟိ သမ္မောဒမာနေဟိ အဝိဝဒမာနေဟိ သိက္ခိတဗ္ဗန္တိ”ဟု ရွတ်ဆို၍ အဆုံးသတ်ရမည်။ တဥဒ္ဒေသမျှသာရသော သီတင်းငယ် ပြရာ၌။ ။နိဒါနုဒ္ဒေသော ပထမော ဆိုလျှင် ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံဟု ဆိုပြီးမှ “သုတာ ခေါ ပနာယသ္မန္တေဟိ စတ္တာရော ပါရာဇိကာ ဓမ္မာ။ သုတာ တေရသ သံဃာဒိသေသာ ဓမ္မာ။လ။ သိက္ခိတဗ္ဗန္တိ” ဟု ရွတ်ဆို၍ အဆုံးသတ် ရမည်။ ။ ပါတိမောက် ရွတ်ဆို၍ပြီးလျှင် ထိုပရိသတ်မှာ ပါရှိသော အလုံးစုံသော ရဟန်းသံဃာအား ဥပုသ်ပြုခြင်းကိစ္စ ပြီးလေ၏။ ဥပုသ်ပြုပုံအပြား ပြီး၏။ ပဝါရဏာပြုရာ၌ ပုဗ္ဗကရဏ ပုဗ္ဗကိစ္စ ပတ္တကလ္လတို့မှာ ဥပုသ်၌ ပြဆိုခဲ့ ပြီးသော အတိုင်းပင်။ ။ဥပေါသထဿ ဧတာနိ-၌ ပဝါရဏာယ ဇတာနိ-ဟုဆို။ ။ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ-၌ ဆန္ဒပဝါရဏာ ဥတုက္ခာနံ။ ။ ဥပေါသထော ယာဝတိကာ-၌ ပဝါရဏာ ယာဝတိကာ။ ။ပါတိ Trang144 မောက္ခံ ဥဒ္ဒိသိတုံ-၌ ပဝါရေတုံ။ ။အဇ္ဇုပေါသထော ပန္နရသော-၌ အဇ္ဇပဝါရဏာ ပန္နရသီ-ဟု ပြင်၍ ဆိုလေ။ ။နှစ်ယောက်ပြုရာ၌ ဉတ် ထားဘွယ်မရှိ။ အချင်းချင်းသာ ဘိတ်ကြားရသည်။ “အဟံ အာဝုသော အာယသ္မန္တံ ပဝါရေမိ။ ဒိဋ္ဌေနဝါသုတေနဝါ ပရိသင်္ကာယဝါ ဝဒတု မံ အာယသ္မာ အနုကမ္မံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ။ ။ဒုတိယမ္ပိ၊ တတိယမ္ပိ” သီတင်းကြီး သုံးကြိမ်ဆို။ ။ သီတင်းငယ်က သာဓု-သာဓုဆို။ သီတင်းငယ်မှာ အာဝုသော နေရာ၌ ဘန္တေဆို။ သုံးယောက်ပြုရာ၌ ဉတ်ထား။ ။“သုဏန္တု မေ အာယသ္မန္တာ။အဇ္ဇ ပဝါရဏာ ပန္နရသီ။ယဒါယသ္မန္တာနံ ပတ္တကလ္လံ။မယံ အညမညံ ပဝါရေ ယျာမ”။ ။ဉတ်။ ။ထို့နောက် ထေရ်စဉ် အတိုင်းပြု ။ ။“အဟံ အာဝုသော အာယသ္မန္တေ ပ၀ါရေမိ။ဒိဋ္ဌေနဝါ သုတေနဝါ ပရိသင်္ကာယ ဝါ ဝဒန္တု မံ အာယသ္မန္တာ အနုကမ္မံ ဥပါဒါယ။ ပဿန္တော ပဋိ ကရိဿာမိ။ ။ဒုတိယမ္ပိ၊တတိယမ္ပိ။ ။သာဓု-သာဓု”။ ။ လေးယောက် ပြုရာ၌လည်း ထိုနည်းအတိုင်းပင်။ အာယသ္မန္တာ နေရာ၌ အာယသ္မန္တော ဟု ဩနှင့်လာ၏။ ငါးယောက်ဖြစ်ခဲ့လျှင် သံဃပဝါရဏာပြု ။ ။“သုဏာတု မေ ဘန္တေ သံဃော၊အဇ္ဇပဝါရဏာ ပန္နရသီ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ပပါရေယျ”။ ။သာမညဉတ်၊ တေဝါစိက စသည်ပြုလိုရာနှင့် ဆက်ဆံ ၏။ ။“သံဃော တေဝါစိကံ ပဝါရေယျ”။ ။တေဝါစိကဉတ်။ ။ တပါးချင်း ဒုတိယမ္ပိ၊ တတိယမ္ပိ-တိုင်အောင် သုံးကြိမ်စီ ဆို၍သာ ပြုရသည်။ ။အန္တရာယ်ရှိခဲ့သော် အန္တရာယ်ကို ထောက်၍။ ။“ဒွေ ဝါစိကံ ပဝါရေယျ။ ။ဧကဝါစိကံ ပဝါရေယျ။ . ။သမာနဝဿိကံ ပဝါရေယျ”ဟု လျော်ရာ ဉတ်ကိုထား။ ။ဒွေဝါစိကဟု ဉတ်ထားလျှင် တပါးချင်း ဒုတိယမ္ပိတိုင်ရုံ နှစ်ကြိမ်စီသာပြု ။ ။ဧကဝါစိကံဟု ဉတ် ထားလျှင် တပါး တကြိမ်စီသာပြု ။ ။သမာနဝဿိကံ-ဟု ဉတ်ထား ခဲ့လျှင် ဝါတူချင်းပေါင်း၍ သုံးကြိမ်စီ။ “သံဃံ အာဝုသော ပဝါရေမိ”။ ။ သံဃထေရ်ကြီး။ Trang145 “သံဃံ ဘန္တေ ပ၀ါရေမိ”။ ။ကြွင်းသံဃာစု။ ။၀ဒန္တု မံ အာ ယသ္မန္တော-ကား အကြီးအငယ် မခြားရ။ သာမဂ္ဂီဥပုသ် သာမဂ္ဂီပဝါရဏာတို့မူကား တိုက်တာ အတွင်း၌ အဓိကရုဏ်းကြီးစွာ ဖြစ်နေ၍ ဥပုသ်ပဝါရဏာပင် မပြုဘဲနေကြရသော တိုက်တာ၌ အဓိကရုဏ်း ပြေငြိမ်းသောနေ့မှာ ထိုဥပုသ် ထိုပဝါရဏာ တို့ကို ပြုကြရကုန်၏။ ။ထိုတွင် ဥပုသ်မှာ တနှစ်လုံး အတွင်း၌ ပကတိ ဥပုသ်နေ့တို့ကို ချန်လှပ်၍ ကြွင်းသောနေ့တို့၌ ဘယ်နေ့မှာမဆို အဓိ ကရုဏ်း ပြေငြိမ်းရာနေ့၌ ပြုရာ၏။ သာမဂ္ဂီပဝါရဏာမှာ သီတင်းကျွတ် လဆုတ် တရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့် အတွင်း၌ စာတုဒ္ဒသီ ပန္နရသီနေ့တို့ကို ချန်လှပ်၍ ကြွင်းသောနေ့တို့၌ ပြုအပ်၏။ရဟန်း ဖြစ်ပါ လျက် ဥပုသ်ပဝါရဏာမှုများ၌ မလိမ်မာခဲ့သော် အလွန် ရှက်ဘွယ် ကောင်းလှ၏။ ထိုကြောင့် ဥပုသ်ပ၀ါရဏာတို့၌ အတန်ငယ် ကျယ်၍ သွားပေသည်။ ဥပုသ်ပဝါရဏာပြုပုံ ပြီး၏။ ၃ ၆ - ၀ါဆိုခန်း ၅၂၃။ ပုရိမိကာ၊ပစ္ဆိမာ၊ နှစ်ဖြာ ဝါကပ်နည်း ။ ၅၂၄။ ဝါနှစ်လတွင်၊ လဆုတ်တရက်၊ ၀ါကပ်ရက်၊ နှစ်ချက် စဉ်တိုင်းတည်း။ ပုရိမိကာဝါကပ်ခြင်း,ပစ္ဆိမိကာဝါကပ်ခြင်း-ဟူ၍ ဝါကပ်ခြင်းနှစ်ပါး ရှိ၏။ ဝါဆို ဝါခေါင် နှစ်လသည် ဝါကပ်လမည်၏။ ဝါဆိုလပြည့်ကျော် တရက်နေ့ ဝါခေါင်လပြည့်ကျော် တရက်နေ့ ဤနှစ်ရက် တို့သည် အစဉ် အတိုင်း ပုရိမ ပစ္ဆိမ နှစ်ချက် ဝါကပ်ရက်တည်း။ ၅၂၅။ ဝါထပ်ကြုံတွေ့၊ တလရွှေ့၊ ရှေ့သို့တိုးသတည်း။ ဝါထပ်သည့်နှစ် ဖြစ်ခဲ့သော် တလရွှေ့၏၊ နောက်ဝါဆိုလဆုတ်တရက် နေ့၌ ပုရိမဝါ၊ဝါခေါင်လဆုတ် တရက်နေ့၌ ပစ္ဆိမဝါ ကပ်ရသည်။ ဝါထပ်ရက်ငင်မှုမည်သည် မင်းစိုးရာဇာတို့နှင့် စပ်၏။ ထိုကြောင် “အနု Trang146 ဇာနာမိ ဘိက္ခဝေ ရာဇာနံ အနုဝတ္တိတုံ”ဟူ၍ ဟောတော်မူသည်။ မင်းစိုး ရာဇာတို့က နိုင်ငံအဝှန်းနှင့်တကွ ယခုနှစ် ဝါထပ်ရမည်ဟု ပြဓာန်းခဲ့လျှင် ရဟန်းသံဃာတော်တို့ကလည်းထပ်ကြရမည်။မင်းစိုးရာဇာတို့က ဝါထပ်မှု မရှိခဲ့လျှင် ရဟန်းသံဃာတော်တို့ကလည်း ဝါထပ်မှု မပြုရဟူလိုသည်။ ။ မင်းစိုးရာဇာတို့က ဝါမထပ်သောနှစ်မှာ အချိုသော ရဟန်းသံဃာတော် တို့က မိမိတို့အလိုနှင့် ဝါထပ်ငြားအံ့၊ ဝါဆို ဝါကပ်နှင့်စပ်သော ပညတ် တော်တို့သည် ယခင် ပါဠိတော်နှင့် အညီ ထိုနှစ်အတွင်းမှာ မင်းစိုးရာဇာ တို့၏ ဥတုမာသပက္ခ တိထီ ဝေါဟာရသို့သာ အစဉ်လိုက်ကြကုန်ရာ၏။ ထိုရဟန်း သံဃာတော်တို့၏ ဝေါဟာရသို့ မလိုက်ကြကုန်ရာ- အဘယ် ကြောင့် နည်းဟူမူကား ရာဇာပဓာန အရာမျိုး ဖြစ်သောကြောင့်တည်း။ မင်းစိုးရာဇာတို့က လွှဲအပ်မှုမရှိဘဲ မိမိတို့အလိုအလျောက် ဗေဒင်ကိန်းခန်း အတွက်နှင့် ဝါထပ်ရက်ငင်မှုကို ပြုခြင်းငှာ မထိုက်။ ၅၂၆။ လှည်း,လှေနှစ်ဖြာ၊နွားခြံမှာ၊ဝါကပ်ရသည်ချည်း ။ လမ်းခရီး သွားဆဲဖြစ်သော လှည်းဝိုင်း, သွားဆဲဖြစ်သော လှေ သင်းဘော, နွားကျောင်းသားတို့နေရာ နွားခြံဌာနတို့၌လည်း ဝါကပ် ရ၏။ ၅၂၇။ ရွာ၌ကပ်ရာ၊ရွာသွားရာ၊မကွာလိုက်သတည်း။ ရွာ၌ ဝါကပ်ပြီးမှ တစုံတခုသော ဘေးရန်တို့ကြောင့် ဝါတွင်းမှာပင် ဌာနတပါး ထိုရွာပြောင်းရွှေ့၍ သွားခဲ့သော် ရဟန်းသည်လည်း ထိုရွာသွားရာသို့လိုက်၍ နေရ၏၊ဝါမပျက်။ ၅၂ဂ။ ဝစီဘေဒ၊ အာလယ၊ ဒွယ ဝါကပ်နည်း။ ၀ါကပ်နည်းသည် ဝစီဘေဒက မြွက်ဆို၍ ကပ်နည်း၊ စိတ္တုပ္ပါဒ အာလယမျှပြု၍ ကပ်နည်းဟူ၍ နှစ်ပါးရှိ၏။ ၅၂၉။ စကားပြည့်စုံ၊ မပြည့်စုံ၊ နှစ်ပုံနှုတ်မြွက်နည်း။ “ဣမသ္မိံ” ဝိဟာရေဣမံ တေမာသံ ဝဿံဥပေမိ”။ ။စကားပြည့်စုံ နည်း။ ။ ဝိဟာရ၊တေမာသသဒ္ဒါ မပါစေ၍“ဣဓ ဝဿံ ဥပေမိ”မျှဆို၍ ကပ်သည်ကား စကားမပြည့်စုံနည်း။ ။အမိုးနှင့် ပြည့်စုံခြင်း, အကာနှင့် Trang147 ပြည့်စုံခြင်း, တံခါးအိမ် တံခါးဘွဲ့ တံခါးရွက်နှင့် ပြည့်စုံခြင်း, ဝါတွင်း သုံးလအမြဲနေရန် ကျောင်းဖြစ်ခြင်း၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော ကျောင်းမျိုး၌သာ ပြည့်စုံသော ဝစီဘေဒကို မြွက်ဆို၍ ကပ်ရမည်။ ကျောင်းမဟုတ်သော ခရီးသွားဆဲ လှည်း, လှေ, သင်းဘောတို့မှာ အမိုး အကာ တံခါးတို့နှင့်တကွ ယာယီကုဋိ ပြုလုပ်၍ ဝါကပ်ရာ၌ “ဣဓ ဝဿံ ဥပေမိ”ဤမျှသာဆို၍ ကပ်ရမည်။ ။ထိုကဲ့သို့သော ကုဋိကိုမျှမရခဲ့သော် လှည်း, လှေ အမိုးတွင်းသို့ဝင်၍ “ဣဓ ဝဿံ ဝသိဿာမိ”-ဟု စိတ္တုပ္ပါဒ အာလယမျှကိုပြု၍ ကပ်ရသည်။ ။ကျောင်းမဟုတ်သောကြောင့်ဝိဟာရ သဒ္ဒါကိုမဆိုရ။ ။လှည်း လှေ သင်္ဘော တို့၌ ဝါဆို၍ လိုက်သွားရာ ဝါတွင်းမှာပင် မိမိအလိုရှိရာ ရပ်ရွာသို့ ရောက်ခဲ့လျှင် ဆင်း၍နေရစ်ရ၏။ ထိုရွာမှာ ဝါကျွတ်စေရ၏။ထိုကြောင့် တေမာသံသဒ္ဒါကို မဆိုရ။ လှည်း လှေ သင်းဘောတို့၌ပင် ဝါကျွတ်သည်တိုင်အောင် နေရလိမ့်မည်ဖြစ်လျှင် တေမာသံသဒ္ဒါကို ဆိုသင့်ရာ၏။ ။အင်္ဂါနှင့် ပြည့်စုံသော ကျောင်းမှာ ကပ်ရာ၌ နှုတ်မြွက်၍ မဆိုမိသော်လည်း ဤကျောင်း၌ သုံးလပတ်လုံး နေမည်ဟု စိတ်ဖြစ်ခဲ့လျှင် ဝါကပ်ခြင်း မြောက်ပါ၏။ ၅၃၀။ ဝဿရုတ္တိ၊ ဆေဒဒွိ၊ ကြောင်းရှိ အသီးသီး။ ဝဿစ္ဆေဒအကြောင်း ရတ္တိစ္ဆေဒအကြောင်း အသီးသီးရှိသည်။ ။ ဝဿစ္ဆေဒ ဆိုသည်ကား ကပ်ဆိုပြီးသော ဝါကို ဖျက်ဆီးမှုတည်း။ ရတ္တိစ္ဆေဒ-ဆိုသည်ကား သတ္တာဟဆောင်၍ သွားမှုတည်း ။ ၅၃၁။ သုံးဆဲ့နှစ်သာ၊ ပါဠိလာ၊ ဝါပြတ်အကြောင်းတည်း။ ဆိုခဲ့ပြီးသောဝါကို ဖျက်ထိုက်သောအကြောင်း သုံးဆဲ့နှစ်ပါး ရှိ၏။ ထို သုံးဆဲ့နှစ်ပါးသော အကြောင်း တိုတွင် တခုခုသော အကြောင်း ရှိနေခဲ့သော် ပုရိမဝါဆိုနေ့၌ ၀ါမဆိုဘဲ နေခြင်းငှာလည်း အပ်၏။ထိုအန္တ ရာယ်မရှိခဲ့လျှင် ဒုတိယဝါ၌ ဆိုရ၏။ ဒုတိယဝါ၌လည်း ထိုအန္တရာယ်ရှိခဲ့ ပြန်သော် ဒုတိယဝါ၌ ဝါမဆိုဘဲလည်း နေအပ်၏။ ။“ကေနစိအန္တရာ ယေန ပုရိမိကံ အနုပဂတေန ပစ္ဆိမိကာ ဥပဂန္တဗ္ဗာ”။ ။အဋ္ဌကထာ။ ။ ကေနစိ အန္တရာယေန-၌ ဝဿစ္ဆေဒ အကြောင်းစုတွင် ပါဝင်သော အန္တရာယ်စုကို၎င်း၊ ထိုမှတပါးသော အန္တရာယ်စုကို၎င်း ယူ။ အန္တရာယ် Trang148 တစုံတခုရှိခဲ့လျှင် ပုရိမဝါ၌ ဝါမကပ်ဘဲ နေရသည်ကိုပြဆိုသဖြင့် ဒုတိယ ဝါ၌လည်း ထို အန္တရာယ်မျိုး ရှိခဲ့ပြန်လျှင် မကပ်ဘဲ နေရ၏ ဟူသော အနက်သည် ပြီး၏။ ။သုံးဆဲ့နှစ်ပါးသော အကြောင်း ဆိုသည်ကား သားရဲဘေး, မြွေကင်းဘေး, ခိုးသူ ထားပြဘေး, ဘီလူး သဘက်ဘေး ဆွမ်း မပြည့်စုံခြင်း,ကျောင်း မပြည့်စုံခြင်း, ဆေးပစ္စည်း မပြည့်စုံခြင်း, မိမိ သပ္ပါယဖြစ်သော ဆွမ်းပစ္စည်း ဆေးပစ္စည်းကို မရခြင်း, ပတိရူပဖြစ်သော တကာဥပါသကာအလုပ်အကျွေးကို မရခြင်း, ဗြဟ္မစရိအန္တရာယ်မျိုးကိုး ပါး အရပ်တပါး၌ သံဃာကွဲပြားရန်အားထုတ်မှုကိုကြားသိရခြင်းစသည် တို့တည်း။ ။ဤအကြောင်းစုတ် တခုခုရှိခဲ့လျှင် ဆိုခဲ့ပြီးသော ဝါကို ဖြတ်၍ အရပ်တပါးသို့ သွားရ၏။ ၅၃၂။ ညဉ့်ပြတ် ကြောင်းကား၊ အလွန်များ၊ ထင်ရှား ကျမ်း ဂန်လာ။ ။ (သိသာပြီ) ။ ၅၃၃ ။ သီတင်းသုံးဘော်၊ မိဘသော်၊ မခေါ်သွားထိုက်ပါ။ သီတင်းသုံးဘော်ငါးယောက် မိဘနှစ်ပါးတို့၌ အကြောင်းရှိခဲ့သော် ကပ္ပိယ စကားနှင့် မပင့် မခေါ်သော်လည်း ဝါပန်၍ သွားအပ်၏။ ခုနစ်ရက်ကို မလွန်စေမူ၍ ပြန်ရ၏။ ၅၃၄။ ထိုပြင်သေသ၊ ကြွင်းသမျှ၊ ပင့်မှ သွားထိုက်ရာ။ ၅၃၅ ။ ကပ္ပိယစကား၊ ပါရှိငြား၊ သွားအပ်သည်ချည်းသာ။ ထိုခုနစ်ယောက်တို့မှ ကြွင်းကုန်သော သူတို့ဖြစ်ခဲ့ကြမူ ပင့်ခေါ်မှုရှိမှ ဝါပန်၍ သွားအပ်သည်။ ။ပင့်ခေါ်ရာ၌လည်း ကပ္ပိယစကား ပါရှိမှ သွားအပ်သည်။ ကပ္ပိယစကားနှင့်ပင့်ခဲ့လျှင် ဘယ်သူ့ထံသို့မဆို ဝါပန်၍ သွားလျှင် သွားအပ်သည်ချည်းတည်း။ “ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မဉ္စ သောတုံ ဘိက္ခူ စ ပဿိတုံ”။ ကပ္ပိယ စကားတည်း။ အရှင်သံဃာတော်မြတ်တို့အား မည်သည့်ဝတ္ထုကို လှူဒါန်း လိုပါသည်။ ဟောကြားတော်မူသော တရားတော် ကိုလည်း နာခံလိုပါ သည်။ရွှေမျက်နှာတော်ကိုလည်း ဖူးမျှော်လိုပါသည်။ကပ္ပိယစကား။ “အန္တော သတ္တာဟေ ပဋိနိဝတ္တေဿာမိ။ ။သတ္တာဟတ္တန္တရေ ပဋိနိ ဝတ္တေဿာမိ” ။ ။ဝါပန်။ ။သွားမည်ပြုသောနေ့၌ ယနေ့ပြန်ခဲ့မည်နက် Trang149 ဖန်ပြန်ခဲ့မည်ဟူ၍၎င်း၊ ခုနစ်ရက်အတွင်း ပြန်ခဲ့မည်ဟူ၍၎င်း ရှေ့အဘို့၌ နှလုံးသွင်းသည်ဖြစ်အံ့။ သွားခါနီး၌ မေ့လျော့၍ ဝါမပန်ဘဲသွားသော် လည်း ဝါမပျက်။ ။ဝါပန်၍ထွက်သွားပြီးမှ ထီးမေ့ကျန်ခြင်း ဘိနပ် မေ့ကျန်ခြင်း စသည်တို့ကြောင့် တိုက်တွင်းသို့ တဘန် ပြန်ရောက်ခဲ့သော် ပန်ပြီးဝါပျက်၏။ ထိုကဲ့သို့ ပြန်ဝင်မိသည်ရှိသော် သည်နေ့၌ မသွားရပြီ။ တိုက်တွင်းမှာနေပြီး၍ နက်ဖန်မှ ဝါပန် သွားရသည်။ သည်နေ့၌ပင် တဘန် ဝါပန်၍ သွားခဲ့မိအံ့။ ဝါပျက်၏ဟု ဆိုကြ၏။ဆင်ခြင်။ ၅၃၆။ လဆန်းကိုးရက်၊ ဝါပန်ထွက်၊ ပြန်ရက် မရှိပြီ။ သီတင်းကျွတ် လဆန်း ကိုးရက်နေ့၌ သတ္တာဟဆောင်၍ ဝါပန်၍ ထွက်သွားသောရဟန်းအား ရောက်ရာဌာနမှာ သတ္တမအရုဏ်၌ ဝါကျွတ် သည်ဖြစ်၍ သတ္တာဟ ကိစ္စအတွက်နှင့် ထိုတိုက်သို့ တဘန်ပြန်ခွင့် မရှိပြီ။ မပြန်လိုလျှင် နေရ၏။ ပြန်လိုလျှင် ပြန်ရ၏ ဟူလိုသည်။ အချိုကား ဝါမပန်ဘဲ ထိုလဆန်းကိုးရက်နေ့၌ ထွက်သွားကြ၏။ ငါတို့ ကျေးဇူးရှင် ဆရာတော်ကြီးကား ဝါပန်၍ သွားရမည်ဟု မိန့်၏။ ။ ဝါဆိုပြီး၍ ဝါပန်ခြင်းကိုမပြု၊ ခုနစ်ရက်တွင်း၌ ပြန်ခဲ့မည်ဟူသော နှလုံးသွင်းကိုမျှ မပြုမိဘဲ တိုက်မှထွက်သွားခဲ့သော် ထိုအရံကို လွန်သည်နှင့် တပြိုင်နက် ဝါပျက်၏။ ယခုနေ့ပင် ပြန်ခဲ့မည်အကြံနှင့် ဝါမပန်ဘဲ ထွက်သွားပြီး၍ တိုက်ပြင်သို့ရောက်မှ ယနေ့မပြန်သေးပြီဟု အကြံဖြစ်ခဲ့အံ့။ အကြံဖြစ်ရာ ဌာန၌ ဝါပျက်၏။ ။အရံမရှိသော ကျောင်းတိုက်၌ အဆုံးစွန်သော ကျောင်းမှ ခဲတကျလွန်လျှင် ဝါပျက်၏။ မဟာအဋ္ဌကထာအလို။ အရှင်မဟာဗုဒ္ဓဃောသအလိုကား ဒုတိယခဲတကျကိုလွန်မှ ဝါပျက်၏။ ။ အချို သောသူတို့သည် အရံမရှိသော တောကျောင်း၌ ဝါဆိုကြသော အခါ အရှေ့အရပ်၌ မည်သည့်သစ်ပင်ထိ၊ တောင်အရပ်၌ မည်သည့် သစ်ပင်ထိ-စသည်ဖြင့် အရုဏ် စောင့်ရှောက်ရန် အပိုင်း အခြားကို မှန်း ထား၍ဆိုကြကုန်၏။ မှန်းထား၍ရသည်မဟုတ်။ ပြဆိုခဲ့ပြီးသော ခဲတကျ အတိုင်းသာ အပိုင်းအခြား သွား၏။ ဝါဆိုခန်းပြီး၏ Trang150 ၅၃၇ ။ ထိုတိုက်ထဲ၌၊ ခိုင်မြဲစွာလှ၊ စီဝရတွက်၊ ကြောင့်ကြစိုက် ထား၊ အနက်သွား၊ ခေါ်ငြား ကထိန။ ကထိန သဒ္ဒါသည် မလှုပ်မရှား ခိုင်မြဲခြင်း အနက်ကို ဟော၏။ တိုက်တာ အတွင်း၌ ကထိန်ခင်းမှု မည်သည် ထိုတိုက်နှင့်စပ်၍ အလွန် ခိုင်မြဲသောစီဝရပလိဗောဓမှုကို ပြုခြင်းတည်း။ တပေါင်းလပြည့် တိုင် အောင် စီဝရကာလ သမယကို ခိုင်မြဲ စေနိုင်သော ဒဠီကမ္မ မှုကြီး ဆိုလိုသည်။ ၅ ၃ဂ။ မိုဃ်းနောက်ဆုံးလ၊ ကထိန်ကျ၊ ခင်းရ ထိုအခါ။ ကထိန်ခင်းမှုမည်သည် မိုဃ်းလေးလ တို့တွင် နောက်ဆုံး တလသည် ကထိန်ကာလကျ၏။ ထိုတလအတွင်း၌ ခင်းရ၏။ သီတင်းကျွတ် လပြည့် ကျော်တရက်မှ တန်ဆောင်မုန်းလပြည့်တိုင် ဤတလကိုဆိုသည်။ ၅ ၃ ၉ ။ ဤတိုက် တွင်းမှာ၊ ဝါပထမ၊ ကျွတ်သူမှ၊ ခင်းရ ပုဂ္ဂိုလ်မှာ။ ပုဂ္ဂိုလ်မှာမူကား ဤတိုက်တွင်းမှာ ပထမဝါကပ်ခဲ့၍ သီတင်းကျွတ် လပြည့်နေ့၌ ပဝါရဏာ ပြု၍ လပြည့်ကျော် တရက်နေ့၌ ပထမဝါ ကောင်းစွာ ကျွတ်လတ်သော ပုဂ္ဂိုလ်သည်သာ ကထိန်ခင်းရသည်။ ဒုတိယ၀ါသားရဟန်း, ဝါပျက်သောရဟန်း, ဝါမကပ်ခဲ့ရသောရဟန်းတို့ မခင်းရကုန် ။ ။ပုရိမဝါသားပင် ဖြစ်သော်လည်း မိမိဝါကျွတ်ရာ တိုက် တာ၌သာ ခင်းရသည်။ တပါးတိုက်တာ၌ မခင်းရ။ ၅၄၀။ ခံ,ရွေး,ပေးနှင်း၊ စွန့် ထိုးခြင်း၊ တင်,ခင်း နုမောဒါ။ ကထိန် သင်္ကန်းကို အလှူခံမှု- ၁။ သံဃာတော်တို့က ကထိန်ခင်း ထိုက်သောပုဂ္ဂိုလ်ကို ရွေးချယ်ခန်း- ၁။ သိမ်တွင်းသို့ သွား၍ ထိုပုဂ္ဂိုလ် အား ကထိန်သင်္ကန်းကိုပေးခန်း-၁။ တိစီဝရိုက်အဓိဋ္ဌာန် တင်ရှိသော သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၍ အဓိဋ္ဌာန်စွန့်မှု- ၁။ ခင်းမည့် သင်္ကန်း သစ်ကို ကပ္ပဗိန္ဒုထိုးမှု- ၁ ။ အမည်ဖြင့် အဓိဋ္ဌာန်တင်မှု- ၁။ နှုတ်မြွက်၍ ခင်းမှု- ၁ ။ အနုမောဒနာခန်း - ၁ ။ အစဉ်အတိုင်း ပြုရန်ကိစ္စရှစ်ပါး။ Trang151 ပြုပုံကား။ ။ကထိန်လှူလိုသော ဒါယကာသည် ဝါဦး ဝါလယ် ဆီကပင် မိမိကြည်ညိုရာ ကျောင်းတိုက်၌ ဝါကျွတ်လျှင် အရှင်တို့ တိုက် တာမှာ ကထိန်သင်္ကန်း ကပ်လှူလိုပါသည်ဟု လျှောက်ကြားထားခြင်းငှာ သင့်မြတ်လှ၏။ ။ထိုတိုက်တာတွင် သံဃာထေရ်ကြီးများက ဝါတွင်း အခါကပင် ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံအောင် ကြောင့်ကြစိုက်မှု့, ဝိနည်း တိစီဝရိက်ဆောင်မှု့ အမေးအဖြေ သင်ကြားမှု များကို ကြောင့်ကြစိုက်၍ ထားရမည်။ ။ဒါယကာတို့မှာလည်း သံဃိက အလှူစစ်မှ အကျိုးကြီးသည်ဖြစ်၍ သံဃိကအလှူ မြောက်လေအောင် ပုဂ္ဂိုလ်ကို ရည်စူးခြင်းမှ ကင်းစေရာ၏။ ။ သီတင်းကျွတ်လပြည့်ကျော် တရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်အတွင်း သင့်လျော်ရာ နေ့ရက်၌ သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ယူဆောင်၍ ထိုတိုက်တွင်းရှိ သံဃထေရ်ကြီးထံသို့ သွား၍။ ။ “ဣမံ စီဝရံ ကထိနတ္ထာယ သံဃဿ ဒမ္မိ။ဣမိနာ စီဝရေန ကထိနံ အတ္ထရထ¸ဆို၍ လှူဒါန်းရမည်။ ။မဆိုတတ် ရှိလျှင် သံဃထေရ်ကြီးက သင်ကြား၍ ရေစက်ခံ၊ အနက်ပါဆိုစေ။ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါ စသည်တို့နှင့်တကွ ဖျင်ထည် ပိတ်ထည် သင်္ကန်းထည်များ အပိုအမို ပါရှိသေးခဲ့လျှင် ဉတ်သင်္ကန်း၏အရံပြု၍။ ။ “ဣမာနိ စီဝရာနိ သံဃဿ ဒေမ” ဟု ရေစက်ချ၍ သင့်ရာကထား။ ။ ခံခန်းပြီး၏။ ကထိန်မည်သည် နေ့လွန်ခြင်းငှာ မအပ်ရကား ထိုနေ့၌ပင် တိုက်ရှိ သံဃာကုန် စည်းဝေး၍ ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ သော ပုဂ္ဂိုလ်ကို ရွေးချယ်၍ ဤနေရာ၌ မေးခန်းဖြေခန်းထွက်။ ရွေးချယ်ခန်းပြီး၏။ မေးဖြေ ရွေးချယ်၍ ရသောအခါ လေးပါး ငါးပါးသော သံဃာ သည် ထိုပုဂ္ဂိုလ် ထိုသင်္ကန်းတို့ကို ယူဆောင်၍ ခဏ္ဍသိမ် သွားပြီးလျှင် ထိုပုဂ္ဂိုလ်ကို တိဿ-ဟု အမည်မှည့်။ ဉတ်ကမ္မဝါစာ, ဘတ်ကြား၍ ထို ပုဂ္ဂိုလ်အား သင်္ကန်းကိုပေး ။ ။ သင်္ကန်းလျာ မဟုတ်၊ သင်္ကန်းပြီးပြီး ဖြစ်လျှင် ဉတ်ကမ္မဝါစာ၌ “ဣဒံ သံဃဿ ကထိနစီဝရံ” ဟုဘတ်။ ပေးခန်းပြီး၏။ (ဒုတိယအကြိမ်) Trang152 ဉတ်ကမ္မဝါစာဆုံးလျှင် ထိုပုဂ္ဂိုလ်က ခင်းလိုရာဌာနသို့ ထိုသင်္ကန်းကို ယူခဲ့၍ ထိုနေရာ၌ ထိုင်နေ၍ ဉတ်သင်္ကန်းသည် ဒုဂုဏ်သင်္ကန်း ဖြစ်ခဲ့သော် ဒုဂုဏ်ဟောင်းကိုင်ပြီး “ဣမံ စီဝရံ ပစ္စုဒ္ဓရာမိ”ဆို၍ အဓိဋ္ဌာန်စွန့်။ စွန့်ခန်းပြီး၏။ ဉတ်သင်္ကန်း၌ ကပ္ပဗိန္ဒုထိုး ။ ။ ထိုးခန်းပြီး၏။ ဉတ်သင်္ကန်းကို “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ” ဟု မြွက်ဆို၍ အဓိဋ္ဌာန် တင်။ ။တင်ခန်းပြီး၏။ ထိုသင်္ကန်းကိုကိုင်၍ “ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ”ဟု သုံးကြိမ် ဆို၍ခင်း။ ။ ထိုသို့ ဆိုသည်ကိုပင် အခင်းဆိုသတည်း။ ကိုယ်ရုံဖြစ်ခဲ့သော်“ဣမိနာ ဥတ္တရာသင်္ဂေန”ဟုဆို၊ သင်းပိုင်ဖြစ်ခဲ့သော် “ဣမိနာ အန္တရဝါသကေန” ဟုဆို၊ သိမ်အပြင်မှာလည်း ခင်းရပါ၏၊ မိမိနေရာ ကျောင်းပေါ်မှာလည်း ခင်းရ၏။ ။တန်ဆောင်း, မဏ္ဍပ်, ပရိသတ်အလယ်မှာလည်းခင်းကြ၏။ ။ထိုပုဂ္ဂိုလ်မှာ ခင်းခြင်းမြောက်ပြီ။ တိုက်တွင်းရှိ သံဃာများမှာ အခင်းမမြောက်ကြသေး၊ခင်းခန်းပြီး၏။ ခင်း၍ပြီးလျှင် သံဃာတို့ကို အနုမောဒနာ. ပြုကြစေရန် တောင်းပန် ရမည်။ ။အတ္ထတံ အာဝုသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိ နတ္ထာရော အနုမောဒထ”။ ။ သုံးခေါက်ဆို။ သံဃာတိုက အနုမောဒနာ ပြု၍။ ။အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော အနုမောဒါမ”။ ။သုံးခေါက်ဆို။ ထိုတိုက်မှာ ပုရိမဝါ ချောမောစွာ ကျွတ်ခဲ့သော ရဟန်းမှ ပါဝင် ရသည်။အနုမောဒနာ ပြုသူတို့မှာ ကထိန်ခင်းခြင်းမြောက်ပြန်၏။ကထိန် အာနိသင်ငါးပါးကို ရထိုက်ကြလေ၏။ ။အနုမောဒနာခန်းပြီး၏။ ထိုတိုက်၌ သံဃာမလုံမလောက် ရှိခဲ့သော် တပါးတိုက်တာမှ ဉတ် ကမ္မဝါစာဘတ်တတ်သော ရဟန်းများကို ပင့်ခေါ်၍ ဘတ်စေရမည်။ ။ ဒါယကာတို့က တပါးတိုက်တာမှ သူတို့ကြည်ညိုရာ ပုဂ္ဂိုလ်များကို ပင့်လို လျှင် ပင့်စေရပါ၏။ ။မျက်နှာသုတ်ပုဝါမှစ၍ အလုံးစုံသော သင်္ကန်း အထည်များတို့ကို သံဃိက အနေနှင့်ချည်း လှူကြသည်ဖြစ်လျှင် အနု Trang153 မောဒနာပြုသော ထိုတိုက်တာ သံဃာသာရ၏။ ဒါယကာတို့က တပါး တိုက်တာမှ ပင့်သံဃာများသို့ အသီးပြု၍ထားသော သင်္ကန်းများ ဖြစ်ခဲ့ လျှင် သူတို့အလိုရှိရာ လှူရ၏။ သင်္ကန်းမှ တပါးသော ဝတ္ထုပရိက္ခရာတို့ကို မူကား ထိုအခါ၌ ထိုတိုက်တွင်းမှာ ရှိနေသော တပါးတိုက်တာ သံဃာ များလည်း ညီတူညီမျှ ရထိုက်၏။ ။သာမဏေများကိုလည်း အနု မောဒနာပြုစေ၍ သင်္ကန်းများကို အဘို့ပေးဝေကြ၏။ ကထိန်ခင်းနည်း အကျဉ်းချုပ်ပြီး၏။ ကထိန်ခင်းထိုက်ရာ အင်္ဂါရှစ်ပါး ၅၄၁။ ပုဗ္ဗကရဏံ၊ ပစ္စုဒ္ဓံ၊ ဓိဋ္ဌာန်,အတ္ထာရ။ ၅၄၂။ မာတိဗောဓံ၊ ဥဒ္ဓါရံ၊ နိသံ အင်ရှစ်ဝ။ ပုဗ္ဗကရဏကိုသိခြင်း, ပစ္စုဒ္ဓိုရ်ကိုသိခြင်း, အဓိဋ္ဌာန်ကိုသိခြင်း, ခင်းမှု ဟူသော အတ္ထာရကိုသိခြင်း, မာတိကာရှစ်ပါးကို သိခြင်း, ပလိဗောဓ နှစ်ပါးကိုသိခြင်း, ဥဒ္ဓါရဟု ဆိုအပ်သော ကထိန်နုတ်ခြင်း နှစ်ပါးကို သိခြင်း,အာနိသင် ငါးပါးကိုသိခြင်း။ ။အင်္ဂါရှစ်ပါး။ ၅၄၃။ လျှော်,စီ,ဖြတ်,တဲ့၊ ချုပ်,ဆိုးနဲ၊ ထိုးမြဲခွန်ပုဗ္ဗ။ သင်္ကန်းလျာအဝတ်ကို ဖွပ်လျှော်ရခြင်း, ပဉ္စခဏ်း သတ္တခဏ်း စသည် မျဉ်းချမှု အမှတ်ပြုမှုတို့ဖြင့် စီရင်ရခြင်း, စီရင်ချက်အတိုင်း ဖြတ်ရခြင်း, တဲအပ်တွယ်ရခြင်း,ချုပ်ရခြင်း, ဆိုးရခြင်း, ကပ္ပဗိန္ဒုထိုးရခြင်း၊ ပုဗ္ဗကရဏ ခုနစ်ပါး။ ၅၄၄။ ပစ္စုဒ္ဓါရံ၊ အဓိဋ္ဌာန်၊ ခင်းပြန် အတ္ထာရ။ သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြုရခြင်း, ကထိန်သင်္ကန်းကို အဓိဋ္ဌာန် တင်ရခြင်း, နှုတ်မြွက်၍ ခင်းရခြင်း။ ။ယခုကာလ၌ကား ချုပ်ပြီး ဆိုးပြီးကို ဉတ်သင်္ကန်းပြုလုပ်ရန် လှူကြသည်ဖြစ်၍ ပုဗ္ဗကရဏ ခုနစ်ပါး တွင် ကပ္ပဗိန္ဒုထိုးမှု တခုသာ ပြုခွင့်ရှိပေသည်။ ၅၄၅။ ဖဲသွား ပြီးပြေ၊ဆုံးဖြတ်ထွေ၊ပျောက်လေ,နုတ်ပြီကြား။ ၅၄၆။ အာသာ ပြတ်တုံ၊ဆောင်းလကုန်၊ နုတ်ကြုံ,မာ,ရှစ်ပါး။ Trang154 မာတိကာရှစ်ပါး၏ သရုပ်ကား-ကထိန် အာနိသင်ကို ရရှိသော ရဟန်းတို့တွင် အချို့သော ရဟန်းသည် တပေါင်းလပြည့် မတိုင်မီ အတွင်း၌ ပြီးပြီးသော သင်္ကန်းကိုယူ၍ တပေါင်းလအတွင်း မပြန့်ပြီဟု ထိုတိုက်တာမှ အရပ်တပါးသို့ ဖဲသွားခြင်းတပါး, ဤသို့ ဖဲသွားရာ၌ သင်္ကန်းချုပ်လုပ်ရန်ကိစ္စသည် တိုက်တွင်း၌ပင် ပြီးစီးလျက်ရှိသောကြောင့် တိုက်တွင်း၌ပင် စီဝရပလိဗောဓပြတ်၏။ တပေါင်းလအတွင်း ဤတိုက်သို့မပြန်ပြီဟု ထွက်သောကြောင့် တိုက် အရံကိုလွန်သည်နှင့် တပြိုင်နက် အာဝါသပလိဗောဓပြတ်၏။ ပလိဗောဓ နှစ်ပါးပြတ်ရာ၌ ထိုပုဂ္ဂိုလ်မှာ ကထိန်ပျက်၏၊ ဖဲသွားခြင်းလျှင် အဆုံး ရှိသော ကထိန်နုတ်ခြင်းမည်၏-၁။ ပြီးပြေ ဆိုသည်ကား-မချုပ်မဆိုးရသေးသော သင်္ကန်းကို ယူ၍ ထို နည်းတူ ထွက်သွား၏၊ သင်္ကန်းကို အရပ်တပါးသို့ ရောက်မှ ချုပ်မည်ဟု ယူခဲ့၍ အရပ်တပါး၌ ချုပ်လုပ်၏။ ဤ၌ မပြန်ပြီဟု ထွက်သောကြောင့် တိုက်အရံကိုလွန်ရာ၌ အာဝါသပလိဗောဓ ပြတ်၏။ သင်္ကန်းကို ရောက်ရာ၌ ချုပ်မည်ဟု ယူခဲ့သောကြောင့် စီဝရပလိဗောဓ မပြတ်သေး၊ သင်္ကန်း ချုပ်လုပ်၍ပြီးပြေမှ ပြတ်၏၊ ကထိန်ငြိမ်း၏’သင်္ကန်းပြီးခြင်းလျှင် အဆုံး ရှိသော ကထိန်နုတ်ခြင်းမည်၏-၂။ ရောက်ရာ၌ သင်္ကန်းကိုလည်း ချုပ်လုပ်မည်,တပေါင်းလပြည့်အတွင်း မှာပင် တိုက်တာသို့ရပြန်မည်ဟု ထွက်သွား၍ တိုက်ပြင် အရပ်တပါးသို့ ရောက်မှ သင်္ကန်းကိုလည်း မချုပ်ပြီး တိုက်တာသို့လည်း မပြန်ပြီဟု စိတ် ဆုံးဖြတ်ရာ၏။ ဆုံးဖြတ်ရာ၌ ကထိန်ငြိမ်း၏။ ။ (သိသာပြီ-၃) ။ ပျောက်လေ ဆိုသည်ကား ထိုနည်းတူ ထွက်သွား၍ တိုက်ပြင်သူ ရောက်မှ သင်္ကန်းလည်း ပျောက်၍သွား၏။ မပြန်လိုပြီဟု စိတ်ဖြစ်၏။ ကထိန်ငြိမ်း၏။ ။ (သိသာပြီ-၄) ။ နုတ်ပြီကြား ဆိုသည်ကား- ထိုနည်းတူ ထွက်သွားရာ၏။ ထိုရဟန်း ထွက်သွားသည့်နောက် ထိုတိုက်မှာ ကထိန်နုတ်ရန် အကြောင်းရှိ၍ ထို ကထိန်ကိုနုတ်ရ၏။သင်္ကန်းကို ရောက်ရာ၌ ချုပ်လုပ်ပြီးမှ ထိုတိုက်တာမှာ Trang155 ကထိန်နုတ်ကြောင်းကို ကြား၏။ ပြန်မည်ဟု စိတ်ရှိသော်လည်း နုတ် ကြောင်းကို ကြားသည်နှင့်တပြိုင်နက် ထိုရဟန်းမှာ ကထိန်ငြိမ်း၏-၅။ ထိုနည်းတူ ထွက်သွား၍ ရောက်ရာ၌ သင်္ကန်းကို ချုပ်လုပ်၍ ပြန်မည် ဟု ကြံလျက် မပြန်ဖြစ်တဲ့နိုင်ရှိ၍ တပေါင်းလအတွင်းမှာ ပြန်လာရာ ထိုတိုက်တာ၌ အကြောင်းရှိ၍ ထိုကထိန်ကို နုတ်ကြသည်ကို ထိုရဟန်း လည်း ရောက်လာခိုက်ကြုံ၍ သံဃာတို့နှင့်အတူ နုတ်ရာပါလေ၏။ ငြိမ်း၏။ အာသာပြတ်တုံ ဆိုသည်ကား- အရပ်တပါး၌ သင်္ကန်းလျာ ရှလိမ့် မည်ဟု အာသာနှင့်တကွ ထိုတိုက်တာ မပြန်ပြီဟု ထွက်သွား၏။ အာသာရှိသေးသည်အတွက် တိုက်ပြင် အရပ်တပါး ရောက်သော် လည်း စီဝရပလိဗောဓ ရှိသေး၏။ ကထိန်မငြိမ်းသေး၊ ထိုသင်္ကန်းလျာ သည် မရဘဲရှိသေး၏၊ အာသာပြတ်၏၊ ကထိန်ငြိမ်း၏။ အာသာနှင့်တကွ ထွက်သွားရာ အာသာရှိရာက သင်္ကန်းလျာရမူကား ထိုသင်္ကန်းလျာ အတွက် ချုပ်လုပ်ရန် စီဝရပလိဗောဓဆက်၍ သွားပြန်၏။ ပြီးပြေ ဆုံးဖြတ်စသည်တို့သို့ ရောက်ပြန်လေ၏။ အကျယ်ကို ခန္ဓကပရိဝါရတို့၌ ယူလေ။ မာတိကာ ရှစ်ပါးပြီး၏။ ၅၄၇။ သင်္ကန်းနှင့်စပ်၊ ကျောင်းနှင့်စပ်၊ နှစ်ရပ် ဗောဓပြား။ (ဤပလိဗောဓနှစ်ပါး ထင်ရှားပြီ) ။ ၅၄ဂ။ အန္တရုဗ္ဘာ၊ သဟုဗ္ဘာ၊ နှစ်ဖြာ နုတ်ခြင်းပြား။ အန္တရုဗ္ဘာရနုတ်ခြင်း, သဟဗ္ဘာရနုတ်ခြင်းဟူ၍ နုတ်ခြင်းနှစ်ပါးရှိ၏။ ထိုတိုက်တွင်း၌ ကထိန်နုတ်မှုကိုပင် ထိုရဟန်းမပြန်မီ နုတ်မှု ထိုရဟန်း ပြန်လာ၍ မှီသဖြင့် ထိုရဟန်းနှင့်တကွ နုတ်မှုဟူ၍ နှစ်ပါးဖြစ်သတည်း။ ၅၄၉။ နိသင်ငါးမှာ၊ ရှေး၌သာ၊ သေချာ ပြပြီးငြား။ ပုဗ္ဗကရဏမှစ၍ ဤအလုံးစုံကိုသိသော ရဟန်းမှ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ ကထိန်ခင်းခြင်းငှာ ထိုက်သည်ဟု ပရိဝါ၌လာသည်၊ Trang156 အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော အဘဗ္ဗော ကထိနံ အတ္ထရိတုံ။ အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတုံ” ။ ။ ပါဠိတော်။ ။ရှေ့ရှစ်ပါးကား အင်္ဂါရှစ်ပါးကို မသိခြင်းရှစ်ပါးတည်း။ ကထိန်အမြွက် ပြီး၏။ ၁။ ငါးရာငါးဆယ်၊ လင်္ကာချယ်၊ ဤဝယ် ပြီးကဗျာ။ ၂။ ဝိနယသံခိပ်၊ ဘွဲ့တံဆိပ်၊ ခတ်နှိပ် မည်သညာ။ ၃။ မုံရွာလယ်တီ၊ တောရပ်မှီ၊ မထေရ် ဉာဏ်ဓဇာ။ ၄။ နော,ဆ,ဒွေ , က ၊ ဝါခေါင်လ၊ ပြီးထ ဤကျမ်းစာ။ ၅။ လိုရင်းအကုန်၊ အကျဉ်းခြုံ၊ နှုတ်ငုံ သူတို့မှာ။ ၆။ ဝိနယဓရ၊ ပါမောက္ခ၊ အမျာ့ ကိုးကွယ်ရာ။ ၇။ ကျမ်းပြုပါရ၊ ဤပုညကြောင့်၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းစေခလို၊ ဆုပန်ဆို၊ ဗိုလ်လူ သတ္တဝါ။ ဂ။ အနာမျိုးကင်း၊မိုဃ်းမင်းသည်းထန်၊နိုင်ငံခပ်သိမ်း၊တရားထိန်း၊ ငြိမ်းစေ အဖြာဖြာ။ ၉။ ရှစ်သောင်းလေးထောင်၊ တရားရောင်လည်း၊ မိုက်မှောင်ပယ် တွန်း၊ ထိန်ထိန်ရွှန်း၊ ထွန်းစေ သာသနာ။ ဝိ နယသံခိပ် ကျမ်း ပြီး၏။