## PAGE 159 ၏လည်းကောင်း၊ ဝါ=ကိုလည်းကောင်း၊ **ကိရိယံ**=ပြုသင့်သည် အဖြစ်ကို။ **ဝဒါမိ**=၏။ပ။ **ကုသလာနံ**=ကုသိုလ်ဖြစ်ကုန်သော။ **ဓမ္မာနံ**=တို့၏။ ဝါ=တို့ကို။ **ကိရိယံ**=ပြုသင့်ကုန်သည် အဖြစ်ကို။ **ဝဒါမိ**-၏။ **ဗြာဟ္မဏ**=ပုဏ္ဏား။ **ဧဝံ** “ဤအခြင်းအရာအားဖြင့်။ ဝါ=ဤနည်း ဤပုံအားဖြင့်။ပ။ **အကိရိယ ဝါဒီ**စ ရှိ၏။ **ဣတိ**(**အဝေါစ**) ၃၆။ **အထ ခေါ**=၌၊ **အနာထပိဏ္ဍိကော**=အနာထပိဏ်မည်သော၊ **ဂဟပတိ**=အိမ်ရှင်သူကြွယ်သည်။ပ။ **ဘန္တေ** =အရှင်ဘုရား၊ **လောကေ**-လောက၌၊ **ဒက္خိဏေယျာ**=လှူဖွယ်ဝတ္ထုကို ခံယူထိုက်သော ပုဂ္ဂိုလ်တို့သည်၊ **ကတိ နုခေါ**= အဘယ်မျှ ရှိပါကုန်သနည်း၊ **စ**=ထို့အပြင်၊ ဝါ=ပြီးတော့၊ **ကတ္ထ**-အဘယ် ပုဂ္ဂိုလ်တို့၌၊ ဝါ=တို့အား၊ **ဒါနံ**=လှူဖွယ်ဝတ္ထုကို၊ **ဒါတဗ္ဗ**= ပေးလှူထိုက်ပါသနည်း၊ **ဣတိ** (**အဝေါစ**=လျှောက်ပြီ) **ဂဟပတိ**=အိမ်ရှင်ဒါယကာ၊ **လောကေ**=၌၊ **ဒက္ခိဏေယျာ**=တို့သည်၊ **သေခေါစ**-ခုနစ်ဦးသော **သေက္ခ**ပုဂ္ဂိုလ်လည်းကောင်း၊ **အသေခေါစ**=အသေက္ခဖြစ်သော ရဟန္တာပုဂ္ဂိုလ်လည်းကောင်း၊ (**ဣတိ**= ဤ သို့) **ဒွေ**=နှစ်ဦးတို့တည်း၊ **ဂဟပတိ**=ကာ၊ **လောကေ**=၌၊ **ဒက္ခိဏေယျာ**=တို့သည်၊ **ဣမေ ဒွေ**=ဤနှစ်ဦးတို့တည်း၊ **စ**=ထို့အပြင်၊ ဝါ=ပြီးတော့၊ **ဧတ္ထ**=ဤနှစ်ဦးတို့၌၊ ဝါ=တို့အား၊ **ဒါနံ**=ကို၊ **ဒါတဗ္ဗ**=ပေးလှူထိုက်၏၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်) **ဘဂဝါ**=ဘုန်းတော်ကြီးမား မြတ်စွာဘုရားသည်၊ **ဣဒံ**=ဤ**စုဏ္ဏိယ** စကားပြေ တရားဒေသနာတော်ကို၊ **အဝေါစ**=ပြီး **သုဂတော**=ကောင်းသောစကားကို မိန့်ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်၊ **ဣဒံ**=ဤ**စုဏ္ဏိယ** စကားပြေတရား ဒေသနာတော်ကို၊ **ဝတွာန**=မိန့်တော်မူပြီး၍၊ **အထ**=မိန့်တော်မူပြီးရာ ထိုအခါ၌၊ **သတ္ထာ**=လူနတ်တို့၏ ဆရာ မြတ်စွာဘုရားသည်၊ **အပရံ**=အခြားတစ်မျိုးသော၊ **ဧတံ**= ဤသီကုံးဖွဲ့စပ် ဂါထာမြတ်ကို၊ **အဝေါစ**= မိန့်တော်မူပြန်ပြီ၊ (**ကိန္တိ**=သို့၊ **အဝေါစ**=နည်းဟူမူ) **ဣမသ္မိံ လောကေ**=ဤသတ္တလောက၌၊ **သေခေါစ**=သည်လည်းကောင်း၊ **အသေခေါ စ** =သည်လည်းကောင်း၊ **ယဇမာနာနံ**=ပေးလှူပူဇော်သူတို့၏၊ **အာဟုနေယျာ**=အဝေးမှပင်ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူ ထိုက်ကုန်သည်၊ [တိကနိပါတ်စာပိုဒ် ၇၁-သုတ်ကြည့်] **ဟောန္တိ**=ဖြစ်ကုန်၏၊ **တေ**=ထိုသေက္ခ, အသေက္ခပုဂ္ဂိုလ်တို့သည်၊ **ကာယေန**=ကိုယ်အားဖြင့်လည်း ကောင်း၊ **ဝါစာယ**=နှုတ်အားဖြင့်လည်းကောင်း၊ **ဥဒ**=ထိုမှတစ်ပါး၊ **စေတသာ** =စိတ်အားဖြင့်လည်းကောင်း၊ **ဥဇူဘူတာ**=ဖြောင့်မတ်သော ပုဂ္ဂိုလ်ဖြစ်ကြကုန်၏၊ ## PAGE 160 **တံ**=ထိုသေက္ခ, အသေက္ခပုဂ္ဂိုလ်နှစ်ဦးသည်၊ **ယဇမာနာနံ**=တို့၏၊ **ခေတ္တံ**= ကုသိုလ်မျိုးစေ့၏ စည်ပင်ပေါက်ဖွားရာ လယ်မြေပေတည်း၊ **ဧတ္ထ**=ဤပုဂ္ဂိုလ် နှစ်ဦးတို့၌၊ **ဒိန္နံ**=ပေးလှူကြောင်း စေတနာသည်၊ **မဟပ္ဖလံ**=များသောအကျိုးရှိ၏။ **ဣတိ** (**အဝေါစ**) ၃၇။ {**ဘန္တေ**=အရှင်ဘုရား၊ **ဣဒံ**=ဤ**သမစိတ္တပဋိပဒါ**သုတ်ကို) **ဧဝံ** =ဤသို့၊ **မေ**=တပည့်တော်သည်၊ **သုတံ**=ပြီးပြီ၊ (**ကထံ**=သို့၊ **သုတံ**=မူ)။ပ။ **တေန ခေါ ပန သမယေန**=ထိုအခါ၌၊ (ဇေတဝန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ထိုအခါ၌) **အာယသ္မာ သာရိပုတ္တော**=အရှင်သာရိပုတြာ သည်၊ **သာဝတ္ထိယံ**=သာဝတ္ထိမြို့တော်အနီး၌၊ **ပုဗ္ဗာရာမေ**=မြို့၏ အရှေ့ဘက် အာရာမ်၌၊ ဝါ=ပုဗ္ဗာရုံကျောင်းတိုက်၌၊ **မိဂါရမာတုပါသာဒေ**=မိဂါရု၏မိခင် ဝိသာခါ၏ ပြာသာဒ်၌၊ [ဧကကနိပါတ်စာပိုဒ် ၂၅၉-၌ကြည့်] **ဝိဟရတိ**=သီတင်း သုံးနေတော်မူ၏၊ **တတြ**-ထိုပြာသာဒ်၌၊(**ဝိဟရန္တော**=နေတော်မူသော) **အာယသ္မာ** **သာရိပုတ္တော**=သည်၊ **ဘိက္ခု**=ရဟန်းတို့ကို၊ "**အာဝုသော ဘိက္ခဝေ**=ငါ့ရှင် ရဟန်းတို့” **ဣတိ**-ဤသို့၊ **အာမန္တေသိ**=မိန့်ခေါ်တော်မူပြီ၊ “**အာဝုသော**=အရှင် ဘုရား” **ဣတိ**=ဤသို့၊ **တေ ဘိက္ခူ**=တို့သည်၊ **အာယသ္မတော သာရိပုတ္တဿ** =အရှင်သာရိပုတြာ၏၊ (**အာမန္တနံ**= မိန့်ခေါ်တော်မူခြင်းကို၊ ဝါ=အမိန့်စကားကို) **ပစ္စဿာသုံ**=နာယူကြကုန်ပြီ။ပ။ **အာဝုသော**=ငါ့ရှင်တို့၊ **အဇ္ဈတ္တသံယောဇနံ**=အဇ္ဈတ္တသံယောဇဉ်ရှိသော၊ ဝါ=မိမိရုပ်နာမ်ခန္ဓာဟူသော ကာမဘဝ၌ ချည်နှောင်တတ်သော ကာမရာဂ သံယောဇဉ်နှောင်ကြိုးရှိသော၊ ဝါ=မိမိရုပ်နာမ် ခန္ဓာဟူသော ကာမဘဝ၌ ချည်နှောင်ထားတတ်သော **သြရမ္ဘာဂိယ** သံယောဇဉ်နှောင်ကြိုး ငါးမျိုးရှိသော ၁။ **သြရမ္ဘာဂိယ**၊ **ဥဒ္ဓမ္ဘာဂိယသံယောဇဉ်** ။ ။ **သြရ**=အောက်ကာမဘဝ သို့ + **ဘာဂိယ**(**ဘဇ**+**ဏု**)=ချဉ်းကပ်တတ်(ပဋိသန္ဓေတည်နေစေတတ်)သော သံယောဇဉ်။ **သြရံ ဘဇန္တိတိ သြရမ္ဘာဂိယာနု**။ (တစ်နည်း) **သြရ**=အောက် ကာမဘဝဟူသော+**ဘာဂ**-အဖို့ (အပိုင်း)၏+**ဣယ**=စီးပွားဖြစ်သော သံယောဇဉ်။ **သြရမ္ဘာဂဿ ဟိတာနိ**- **သြရမ္ဘာဂိယာနု**။ [**ကာမရာဂ**,**ပဋိဃ**နှင့် **သီလ**, **ဒိဋ္ဌိ**, **ဝိစိကိစ္ဆာ** ဤငါးတန် **သြရမ္ဘာဂိယ**] **ဥဒ္ဓံ**= အထက် ရူပ အရူပ ဘဝသို့+ **ဘာဂိယ**=ချဉ်းကပ်တတ်သော သံယောဇဉ်။ (တစ်နည်း) **ဥဒ္ဓံ**-အထက် ရူပ အရူပ ဘဝဟူသော+ **ဘာဂ**=အဖို့(အပိုင်း)၏ +**ဣယ**=အစီးအပွားဖြစ်သော **သံယောဇဉ်** [**ရူပရာဂ**,**အရူပရာဂ**နှင့် **မာန**, **ဥဒ္ဓစ္စ**, **အဝိဇ္ဇာ** **ဥဒ္ဓမ္ဘာဂိယ**] ## PAGE 161 **ပုဂ္ဂလဉ္စ**= ပုဂ္ဂိုလ်ကိုလည်းကောင်း၊ **ဗဟိဒ္ဓါသံယောဇနံ**=ဗဟိဒ္ဓါ သံယောဇဉ်ရှိသော၊ ဝါ=အပြင်အပ ရုပ်နာမ်ခန္ဓာဟူသော ရူပ အရူပဘဝ၌ ချည်နှောင်ထားတတ်သော **ရူပရာဂ**, **အရူပရာဂ** သံယောဇဉ်နှောင်ကြိုးရှိသော၊ ဝါ-အပြင်အပ.....၌ ချည်နှောင်ထားတတ်သော **ဥဒ္ဓမ္ဘာဂိယ** သံယောဇဉ်နှောင်ကြိုး ငါးမျိုးရှိသော၊ **ပုဂ္ဂလဉ္စ**=ကိုလည်းကောင်း၊ (**အဟံ**-သည်) **ဒေသေဿာမိ**=ဟောကြားအံ့၊ **တံ** =ထိုပုဂ္ဂိုလ်နှစ်မျိုးကို၊ **သာဓုကံ**=စွာ၊ **သုဏာထ**။ပ။ **ဘာသိဿာမိ**=အံ့၊ **ဣတိ** (**အဝေါစ**) **ဧဝံ အာဝုသော**=ကောင်းပါပြီ အရှင်ဘုရား၊ **ဣတိ**=သို့၊ **တေ** **ဘိက္ခူ**=တို့သည်၊ **အာယသ္မတော သာရိပုတ္တဿ**=၏၊ (**ဝစနံ**=စကားကို) **ပစ္စာဿာသုံ**=နာယူကြကုန်ပြီ၊ **ဧတဒဝေါစ** ဟုရှိရာ၌ **ဝစနံ**’ဟုထည့်၍ **အာမန္တေသိ** ဟုရှိရာ၌ **အာမန္တနံ**ဟု ထည့်၏၊ နှစ်ဌาနလုံး **ဝစနံ**ချည်းလည်း ထည့်နိုင် ပါ၏။ပ။ **အာဝုသော**=ငါ့ရှင်တို့၊ **အဇ္ဈတ္တသံယောဇနော**=ရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ် ဟူသည်၊ **ကတမောစ**=အဘယ်နည်း၊ **အာဝုသော**=တို့၊ **ဣဓ**=ဤသာသနာ တော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ **သီလဝါ**=ပါတိမောက္ခသံဝရသီလရှိသည်၊ **ဟောတိ** =၏၊ **ပါတိမောက္ခသံဝရသံဝုတော** =ပါတိမောက် သီလတည်းဟူသော အပိတ် အဆီးဖြင့် ကာယဒွါရ, ဝစီဒွါရတို့ကို ပိတ်ဆို့စောင့်စည်းလျက်၊ ဝါ=ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံလျက်၊ **အာစာရဂေါစရသမ္ပန္နော**=အကျင့်, ကျက်စားရာ ၁။ **ပါတိမောက္ခသံဝရသံဝုတော**။ ။**ပါတိ**=မိမိကို စောင့်ရှောက်သော သူကို+**မောက္ခ**-အပါယ်ဆင်းရဲ စသည်တို့မှ လွတ်မြောက်စေတတ်သော **သီလ**တည်းဟူသော+**သံဝရ**=အပိတ်အဆီးဖြင့်+**သံဝုတ**=ပိတ်ဆို့စောင့်စည်းသော ရဟန်း (အာပတ်လွန်ကျူးမှု**ဝီတိက္ကမ** အကုသိုလ်မဝင်လာအောင် ကာယဒွါရ ဝစီဒွါရတို့ကို ပိတ်ဆို့စောင့်စည်းသော ရဟန်း) ၂။ **အာစာရဂေါစရသမ္ပန္နော**။ ။ ကာယဒွါရ ဝစီဒွါရတို့၌ ဖြစ်သော မလွန်ကျူးခြင်းတည်းဟူသော ကာယသုစရိတ်သုံးပါး, ဝစီသုစရိတ်လေးပါး တို့သည်လည်းကောင်း, ပစ္စည်းလာဘ်ကို မျှော်ကိုး၍ လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်းစသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည်လည်းကောင်း ရဟန်းတို့အား လျောက်ပတ်သော အကျင့် (**အာစာရ**)မည်၏။ **ဂါဝေါ စရန္တိ ဧတ္ထာတိ ဂေါစရော**=နွားတို့ကျက်စားရာ နွားစားကျက် မြက်ခင်း၊ **ဂေါစရော ဝိယာတိ ဂေါစရော**=နွားစားကျက်နှင့်တူသော သွားလာ