## PAGE 1

(၁) အင်္ဂေဟိ ဥတ္တရော တေန၊ အင်္ဂုတ္တရပ္ပသံသိယော။
သမ္ဗုဒ္ဓေါ ဒေတု သမ္ဗောဓံ၊ အင်္ဂုတ္တရသမာပကံ။
(၂) ယတ္ထ အင်္ဂါ ဥတ္တရာ’တိ၊ ဓမ္မော အင်္ဂုတ္တရော အပိ။
ဥတ္တရာ ဟောန္တု မေ အင်္ဂါ၊ အင်္ဂုတ္တရပ္ပဒီပကာ။
(၃) သြဃမုတ္တရတေ သံဃော၊ အင်္ဂေဟိ အင်္ဂ ဥတ္တရော။
ဧသော တာရေတု မံ သြဃာ၊ ယာဝ ဂန္ထသမိဇ္ဈမှာ။
(၄) အနုဒ္ဒယာသီတလဝါတဝါယိတော၊
အနန္တ ဉာဏောဒက ဗိသမ္ဘတော။
သရီရိဒါဟူပသမဂ္ဂဝဿယော၊
ပဝတ္တယီ ဓမ္မနဒိ' ဇိနမ္ဗူဒေါ။
(၅) ဧတဉ္စ တပ္ပီတ မဟာနရာ ဝိဒူ၊
ဝိတံ မလမှာ ဝိမလာ ပုရေ ကရူ။
တံ သန္ဒန္တေဝ နာပိ နိမ္မလံ၊
မှေပီ နုသန္ဓေမ သုသန္တိတံ သုဘန္တိ။
(၁) ယော သမ္ဗုဒ္ဓေါ=ကောင်းမှုအများ ပေါင်းစုထားသဖြင့် တိုင်းသား
ပြည်သူ ကြည်ဖြူဝပ်တွား အားထားရာသခင် အကြင်သို ့သော မြတ်စွာဘုရား
ရှင်သည်၊ အင်္ဂေဟိ=စိတ်တော်အစဉ် မြဲကြည်လင်၍ သိမြင်ဥဿုံ ကောင်းခြင်း
ဂုဏ်ဟု လုံးစုံပေါင်းစပ် တရားမြတ်တို ့ဖြင့်၊ ဥတ္တရော=ဘယ်ခါမဟူ ဘယ်သူ
နှင့်မျှ နှိုင်းမရအောင် အတိုင်းအဆ လွန်စွာလွန်စွာ ကဲသာထူးခြား ထင်ရှား
တော်မူပါပေ၏၊ တေန=နတ်နှင့်တကွ လောကအားလုံး လွှမ်းဖုံးကျော်ကြား
ထိုသို ့သော ဂုဏ်တော်တရားကြောင့်၊ အင်္ဂုတ္တရတ္ထသံသိယော = ကောင်းမြတ်
ဂုဏ်အင် စုံလင်မြင့်ဖူး ပုဂ္ဂိုလ်ထူးဟု ချီးကျူးမကုန် အကြောင်းဂုဏ်ကြောင့်
လုံးစုံနတ်လူ ကြည်ဖြူဦးခိုက် ပူ ဇော်ထိုက်သည့် မကိုဋ်တဆူ သရဖူဘုရင်

## PAGE 2

အစဉ်တံဆိပ် ခတ်နှိပ်တော်မူအပ်ထသော၊ သော သမ္ဗုဒ္ဓေါ=အမှားမပါ မှန်စွာ
ပိုင်နိုင် ကိုယ်တိုင်စတွင် ကုန်စင်ခပင်း ကျန်ကြွင်းမရှိ အသိဘုရင် ထိုဘုရားရှင်
သည်၊ အင်္ဂုတ္တရသမာပကံ = အင်္ဂုတ္တရ နိဿယကျမ်း ဆုံးခန်းတိုင်ရောက်
ပြီးမြောက်စေနိုင်လောက်အောင် (မေ=ရှင်တော်ဘုရား ပေးသနားသည့် တရား
အမွေ တဆင့်ဝေဖို ့ မသွေကြည့်မျှော် တပည့်တော်အား) သမ္ဗောဓံ = ပုဒ်ပါဌ်
အခက် ဓိပ္ပာယ်ဝှက်၌ လေးနက်စဉ်းစား ခွဲခြားဖောက်ထွင်း ရှင်းလင်းတိမှန်
အသိဉာဏ်ကို၊ ဒေတု = ပုဒ်တိုင်းပုဒ်တိုင်း မဆုတ်ဆိုင်းအောင် ကသိုဏ်းတမျှ
နေလအသွင် ပေါ်လွင်မြွက်ကြား ပေးသနားတော်မူပါ့ဘုရား။
(၂) ယတ္ထ မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်မှတ်သား အကြင်
မြတ်တရား၌၊ အင်္ဂါ = ဒုက္ခကင်းရှင်း ငြိမ်းချမ်းခြင်းနှင့် ယင်းသည့် ဒုက္ခ မုချ
ကင်းကြောင်း အကောင်းစုံလင် ကြောင်းဂုဏ်အင်တို့သည်၊ ဥတ္တရာ=ကိလေသာ
အညစ်ကြေး မရစ်ထွေးဘဲ ကင်းဝေးကြည်လင် သူတော်စင်မှ ပေါ်လွင်ပြတ်သား
ထူးခြားပိုင်ပိုင် ဖြစ်လာနိုင်ကုန်၏၊ ဣတိ (တသ္မာ) = ကိုယ်တွေ့ဖြစ်အင်
ပညာရှင်မှ မျက်မြင်ဆုံးဖြတ် ယုံမှတ်နိုင်ကောင်း ထိုအကြောင်းကြောင့်၊ သော
ဓမ္မော အပိ=သူတော်သူမြတ် ဖြည့်ကျင့်အပ်သည့် အမြတ်ဆယ်ဖော် ထိုတရား
တော်သည်လည်း၊ အင်္ဂုတ္တရော=ထူးခြားဂုဏ်အင် စုံလင်ပြည့်ဝ “အင်္ဂုတ္တရ”ဟု
မုချသတ်မှတ် ခေါ်ဝေါ်အပ်လှပေ၏၊ ၊ မေ = သာသနာ့ဝန် အားသွန်ကြိုးပမ်း
နေ ့စဉ်ထမ်းသည့် လုပ်ငန်းနှင့် ပျော် တပည့်တော်၏။ အင်္ဂါ = ကိုယ်မှု နှုတ်မှ
စိတ်အမှုဟု ပြုပြုသမျှ ကုသလပေါင်းစုံ အကြောင်းဂုဏ်တို ့သည်၊ အင်္ဂုတ္တရပ္ပ
ဒီပကာ=ယင်းသည့်ဓမ္မ အင်္ဂုတ္တရဂုဏ်ရောင် ထွန်းပြောင်စေနိုင်ကုန်သော၊ (ဝါ
=ထွန်းပြောင်စေနိုင်လောက်အောင်) ဥတ္တရာ=တည်ကြည်လေးနက် သွက်လက်
မှန်ကန် ရင့်သန်မြင့်မား· အကောင်းစား အမြတ်စားတို ့သည်၊ ဟောန္တု
သတ္တဝါအများ ချမ်းသာပွားဖို့ မမှားပုံသေ ဖြစ်ကြပါစေသတည်း။
=
(၃) ယော သံဃော ဆရာသခင် ဘုရားရှင်၏ သွန်သွင်ဆုံးမ သြဝါဒ
ကို တိကျဧကန် အမှန်လိုက်နာ ထေရ်သံဃာရှင် သူတော်စင်ကောင်း အကြင်
ပညာရှိ အပေါင်းသည်၊ အင်္ဂေဟိ-နိဗ္ဗာန်ရောက်ရန် နည်းမှန် လမ်းကြောင်း
အကျင့်ကောင်းရှစ်ပါး မဂ္ဂင်တရားတို့ဖြင့်၊ သြဃံ=အပါယ်လေးဖြာ သံသရာဝဲ
ဒုက္ခထဲ၌ အမြဲစုပ်စုပ် နစ်မြုပ်စေရိုး တရားဆိုးကို၊ ဥတ္တရတေ=ရုပ်နှင့်နာမ်တွင်
ဖြစ်ပျက်မြင်၍ ဉာဏ်စဉ်မြင့်မား ကျော်လွှားထုတ်ချောက် လွန်မြောက်တော်မူ၏၊
(တသ္မာ=နိဗ္ဗာန်ရည်မှန်း ကျင့်စဉ်လမ်းသို ့ ဖြောင့်တန်းလိုက်သွား မမှားပြည့်စုံ

## PAGE 3

ဆိုခဲ့ပြီးသော အကျင့်ဂုဏ်ကြောင့်) အင်္ဂဥတ္တရော = အင်္ဂုတ္တရ ပုဂ္ဂလဟု မုချ
သတ်မှတ် ခေါ်ဝေါ်အပ်လှပေထသော၊ ဧသော (သံဃော) = ရှေးရှေးထေရ်ရှင်
သူတော်စင်မှ စ၍တဖြာ ငါ့ဆရာနှင့် သာသနာဝင် သံဃာရှင်အပေါင်း ဤ
သူတော်ကောင်းသည်၊ မံ = သံဃာတော်ရှင် ဦးထိပ်တင်၍ အစဉ်လေးမြတ်
ဆည်းကပ်ပူဇော် တပည့်တော်ကို၊ ယာဝဂန္ထသမိဂျနာ=အင်္ဂုတ္တိုရ်ကျမ်း (၁၁)ခန်း၏
ကြိုးပမ်းဖွင့်ပြ အတ္ထမြန်မာ ယောဇနာစုံ ကုံလုံပြီးမြောက် ဆုံးခန်းရောက်သည်
တိုင်အောင်၊ သြဃာ = အကြံစည်ဆုံး ဉာဏ်ရည်တုံးအောင် စုံးစုံးဆွဲမြှုပ် ဝဲ
ဇလုတ်ဆိုး အကုသိုလ်မျိုးမှ၊ တာရေတု အကြံစည်သွက် ဉာဏ်ရည်ထက်အောင်
ရွှေလက်တော်လှမ်း ပေးကမ်းဆယ်ယူ ကယ်တော်မူပါ့ဘုရား။
(၄) အနုဒ္ဒယာသီတလဝါတဝါယိတော ဒုက္ခကိုပင် သုခထင်၍ ခင်မင်
တွယ်တာ ဒုက္ခရှာသဖြင့် အိုနာသေရေး ပူဆွေးခံစား သတ္တဝါများ၌ ကြီးမား
ကရုဏာ အေးသာလေညင်း မပြင်းမထန် မှန်မှန်တိုက်ခတ် အပ်ထသော၊
အနန္တ ဉာဏောဒက ဗိန္ဒုသမ္ဘတော = လေးသင်္ချေကိန်း ကပ်တသိန်းမျှ ကာလ
ကြာရှည် ပါရမီအပေါင်း စုကာဆောင်းသဖြင့် ထောင်သောင်းသိန်းသန်း ကိန်း
ဂဏန်းပြ မမှန်းဆနိုင် ဆုံးတိုင်မထင် ဉာဏ်မြင်မိုးပေါက် အံ့လောက်ထန်သည်း
အရွာကြီးရွာသွန်းထသော၊ သမ္ဘတ=စုဆောင်းထားအပ်သော + အနန္တ=အဆုံး
အပိုင်းအခြားမရှိ များလှစွာသော + ဉာဏောဒက ဗိန္ဒု=ဉာဏ်အမြင် မိုးပေါက်
ရှိသော (ရွာသွန်းသော)] သရီရိဒါဟူပသမဂ္ဂဝဿယော = သတ္တဝါ အဖုံဖုံ
တွေ့ကြုံနေ ည ဒုက္ခမီးဘေး ငြှိမ်းသတ်ပေးသဖြင့် ကျေးဇူးအနန္တ ကြီးလှများစွာ
အမြတ်ဆုံး အားထားရာလည်း ဖြစ်ပေထသော၊ ဇိနမ္ဗူဒေါ = နတ်လူဗိုလ်ခြေ
စိုပြေလန်းဆန်း အေးချမ်းဖို ့ရာ ထွန်းပေါ်လာသည့် မြတ်စွာဗုဒ္ဓ ဇိနမည်တွင်
မိုးဘုရင်သည်၊ ဓမ္မဒိ ၱ = သစ္စာလေးပါး တရားရွှေစင် မြစ်ရေအယဉ်ကို။
ပဝတ္တယီ=စက္ကဝါသောင်းတိုက် နှစ်ခြိုက်ရွှင်ပြုံး သောက်သုံးကြစေ အေးမြစေဟု
ပေးဝေမရပ် မပြတ်အစဉ် သွင်သွင်ဒီးဒီး စီးစေတော်မူပြီ။
(၅) စ=ရှေးခေတ်ခုခါ သူတော်စွာတို ့ ဝန်တာကိုထမ်း ကြိုးပမ်းတော်
မူကြပုံကား၊ ပုရေ=ငါတို့အရင် ရှေးယခင်ကာလ သမယ၌၊ ဝိမလာ=ရာဂဒေါသ
မောဟတသိုက် အမှိုက်ညစ်ကြေး ရှင်းလင်းဆေးသဖြင့် ဖြူဖွေးစိတ်ဓာတ်
ငြိမ်ဝပ်ကြည်လင် သူတော်စင် ဖြစ်တော်မူကြကုန်သော။ ဝိဒူ = သစ္စာလေးလိ
ရေကြည်ရသာ ကောင်းမွန်စွာသိ ပညာရှိ ဖြစ်တော်မူကြကုန်သော၊ တပ္ပီတ
မဟာနရာ = သစ္စာလေးပါး တရားရွှေစင် မြစ်ရေယဉ်ကို ယူငင်သောက်သုံး
=

## PAGE 4

နှလုံးကြည်လင် မြတ်သောထေရ်အရှင်တို့ သည်၊ ဧတံ=ယင်းသို့ မပြတ် မရပ်မနား
စီးဆင်းသွားသည့် တရားဒေသနာ မြစ်ဧရာကို မလမှာ သိင်္ဂီလောဏ ဒွင်္ဂုလဟု
ကပ္ပအလီလီ ထိုဤမိစ္ဆာ ဖြာဖြာဝါဒ ပါပအညစ်ကြေး အမှိုက်ချေးမှ၊ ဝီတံ
အကရူ-သင်္ဂါယနာ ခါခါထပ်ထပ် ရွတ်ဖတ်တခင်း ပို့ချခြင်းဖြင့် ရှင်းလင်းသမှ
ပြုစုကြိုးကုတ် အားထုတ်သုတ်သင်တော် မူခဲ့ကြကုန်ပြီ၊ အခုနာပိ = ငါတို့
မျက်မှောက် ယခုရောက်လာ ဤအချိန်မှာလည်း၊ ဝိဒူ=သာသနာရေယဉ် အစဉ်
ဖြူဖွေး ကြံတွေးမျှော်ကြည့် ပညာရှိတို ့သည်၊ တံ = ထိုဓမ္မနဒီ မြစ်ရေကြည်ကို။
နိမ္ဗလံ=မိစ္ဆာဝါဒ ပါပညစ်ကြေး မရစ်ထွေးရလေအောင်၊ သန္ဒိယန္တေ ဝ=သင်ယူ
ပို ့ချ ဟောပြမနား စီးသွားစေကုန်လျက်သာတည်း။ အမှေပိ = သာသန နဒီ
မြစ်ရေကြည်ကို မှီခိုအားထား ကိုးစားလို့ နေ တို ့တတွေသည်လည်း၊ သုသန္တိတံ
-ဗုဒ္ဓပရမေ တွေတွေမရပ် စီးစေအပ်သည့် အမြတ်ဓမ္မ အင်္ဂုတ္တရမည် မြစ်နဒီကို၊
သုဘုံ=အသိခက်လှ ဝါကျတန္တ ဉာဏ်မှီသမျှ ကြံစည်ပြသဖြင့် လှပကြည်လင်
ဖွေးဖြူစင်အောင်၊ အနုသန္ဓေမ=နိသျတသွယ် ဓိပ္ပာယ်တူသတ် နှစ်ရပ်နှစ်ခန်း
စိတ်ဖြာခြမ်းလျက် ကြိုးပမ်းစီစဉ် သွင်သွင်မနား စီးသွားစေကုန်ဦးအံ့။ ဣတိ
=တောင့်တပန်ဆင် ပဋိညာဉ်ပေး ကျမ်းစာရေးမှ ယခုချိန်မှ ဦးစွာ စလိုက်ပါ
သတည်း။
#

## PAGE 5

ဧကကနိပါတ်
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁-ရူပါဒိဝဂ်
၁။ ဧဝံ မေ သုတံ-၌ ဧဝံသဒ္ဒါကို အာကာရအနက်၊ နိဒဿနအနက်၊
အဝဓာရဏအနက်ဟု အဋ္ဌကထာ၌ အနက်သုံးမျိုး ဖွင့်၏။ မေ-သဒ္ဒါကို
တတိယာကတ္တားအနက်၊ သမ္ဗန်အနက်ဟု နှစ်မျိုးဖွင့်၏။ သုတံ’၌ “တပစ္စည်းကို
က်အနက်၊ ဘောအနက်ဟု နှစ်မျိုးဖွင့်၏။ ထိုအဖွင့်အားလုံးစုံအောင် အနက်
ပြန်ဆိုမည်။ “ဘန္တေဣဒံ သုတ္တံ ဟူသော ပုဒ်တို ့နှင့် “ကထံ သုတံ” ဟူသော
ပုစ္ဆာဝါကျကို အသစ်ထည့်စွက်၍ အနက်ပြန်ဆိုမည်။
-
(ဘန္တေ =အရှင်ဘုရား၊ ဣဒံ သုတ္တံ-ဤစိတ္တပရိယာဒါနသုတ်ကို၊) ဧဝံ
“ဤတခုတည်းသော အခြင်းအရာအားဖြင့်၊ မေ = တပည့်တော် အာနန္ဒာသည်၊
သုတံ=(မြတ်စွာဘုရား အထံတော်မှ) နာယူ မှတ်မိထားအပ်ပါပြီ။ (ကထံ=
အဘယ်တခုတည်းသော အခြင်းအရာအားဖြင့်၊ သုတံ-နာယူ မှတ်မိထားအပ်
သနည်းဟူမူ) [ဤကား ဧဝံသဒ္ဒါ၏ အာကာရအနက် ပေးပုံတည်း။]
၁။ အာကာရအနက်၌ ဆိုလိုရင်း။ ။ “ဧဝံ မေ သုတံ”ဟူသောဝါကျကို
အဋ္ဌကထာ၌ ကျယ်ဝန်းစွာ ဖွင့်ပြထားသောကြောင့် ဤအဓိပ္ပာယ်ခန်း၌ ရေးဘို့
ရန် တာဝန်ရှိ၏။ ထို့ကြောင့် အဋ္ဌကထာဖွင့်သည့်အတိုင်း ရေးသင့်သမျှ ရေးပါ
ဦးမည်။ ဤအာကာရအနက်၌ “ဧဝံ မေ သုတံ” ၏ဆိုလိုရင်းကား’ဝေနေယျ
၏
သတ္တဝါတို့၏ အလိုအကြိုက် အတွင်းဓာတ်ခံနှင့် ကိုက်ညီအောင် နည်းမျိုးစုံစွာ
မြတ်စွာဘုရား ဟောကြားတော်မူအပ်သမျှ တရားစကားတော်အားလုံးကို မည်သူမျှ
အကုန်အစင် မသိနိုင်ပါ၊ သို့ဖြစ်၍ တပည့်တော်သည် နာယူလိုသော ဆန္ဒပြင်းပြ
စွာဖြင့် အစွမ်းကုန်ကြိုးစား၍ နာယူမှတ်သားပါ သော်လည်း နည်မျိုးစုံ အကုန်အစင်
မမှတ်ယူနိုင်သောကြောင့် “ဧဝံ( ဧကေန အာကာရေန)=ဤတခုတည်းသော
အခြင်းအရာ(တမျိုးတည်းသောနည်း) အားဖြင့်၊ သုတံ=ဤသုတ်ကိုနာယူ
မှတ်မိထားအပ်ပါပြီ”ဟု အရှင်အာနန္ဒာ ဆိုလိုသည်။
