## PAGE 105

အာရုံရှိသောဈာန်သို့၊ ဝါ=အာကာသာနဉ္စာယတနဈာန်သို ့၊ ဝါကို၊ ဥပသမ္ပဇ္ဇ
=ရောက်၍၊ ဝါ=ပြီးစီးစေ၍၊ စေ ဝိဟရတိ=အကယ်၍ နေအံ့။ ပ
သဗ္ဗသော = အားလုံးစုံသော အခြင်းအရာအားဖြင့် ဝါ = အားလုံးစုံ
သော၊ အာကာသာနဉ္စာယတနံ=အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်
ပညတ်ဟူသော တည်ရာအာရုံရှိသောဈာန်, အဆုံးအပိုင်းအခြားမရှိသော ကောင်း
ကင် ပညတ်ဟူသော တည်ရာအာရုံကို၊ ဝါ=အာကာသာနဉ္စာယတနဈာန်နှင့်
တကွ ထိုဈာန်၏ ကောင်းကင်ပညတ်အာရုံကို၊ ဈာန်နှင့် ဈာန်၏အာရုံ နှစ်
မျိုးစုံကိုဟုဆိုလို၏။] သမတိက္ကမ္မ=လွန်မြောက်ပြီး၍၊ “အနန္တံ=အဆုံးအပိုင်း
အခြား မရှိသော၊ ဝိညာဏံ=ဝိညာဏ်တည်း၊” ဣတိ=ဤသို ့ စီးဖြန်းပွားများ
လျက်၊ ဝိညာဏဉ္စာယတနံ အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်
ဟူသော ‘တည်ရာအာရုံရှိသော ဈာန်သို့၊ ဝါ=ဝိညာဏဉ္စာယတနဈာန်သို၊
သမတိက္ကမ္မ၏ ကံဖြစ်ခိုက် နောက်ထပ်ဝိဂြိုဟ်နှစ်မျိုး။ ။ ထိုအာကာ
သာနဉ္စာယတနပုဒ်ကို ဥပသမ္ပဇ္ဇ၏ ကံဖြစ်ခိုက်၌ ဤသို ့ ဗဟုဗွီဟိသမာသ်
တမျိုးသာ တွဲစပ်ရ၏။ သမတိက္ကမ္မ၏ ကံဖြစ်ခိုက်၌ကား (ဈာန်နှင့် ဈာန်၏
အာရုံနှစ်မျိုးစုံကို လွန်မြောက်ခြင်းကြောင့် အာကာသာနဉ္စာယတနတပုဒ်တည်းဖြင့်
ထိုနှစ်မျိုးစုံ ပါဝင်အောင်) ထိုဗဟုဗွီဟိသမာသ်အပြင် နောက်ထပ် ကမ္မဓာရယ
သမာသ်နှင့် ဧကသေသ်လည်း ပြုရဦးမည်။ ထို ့ကြောင့် အာကာသာနဉ္စဉ္စ တံ
အာယတနဉ္စာတိ အာကာသာနဉ္စာယတနံ=အဆုံးအပိုင်းအခြားမရှိသော ကောင်း
ကင်ပညတ်ဟူသော တည်ရာအာရုံ။ အာကာသာနဉ္စာယတနဉ္စ အာကာသာ
နဉ္စာယတနဉ္စ အာကာသာနဉ္စာယတနံ၊
၁။ ဝိညာဏဉ္စာယတနံ။ အာကာသာနဉ္စာယတနဈာန်စိတ်ကိုပင်
ပဌမာရုပ္ပဝိညာဏ်ဟု ခေါ်၏။ ၎င်းဝိညာဏ်သည် ဖြစ်ခြင်းပျက်ခြင်း အဆုံးအပိုင်း
အခြားရှိသည်သာ ဖြစ်၏။ သို ့သော် သူသည် ကောင်းကင်ပညတ်ကို အာရုံ
ပြု၍ “အနန္တော အာကာသော”ဟု စီးဖြန်းပွားများခြင်းကြောင့် သူ့ကိုလည်း
အနန္တဝိညာဏံဟု ဆိုရသည်။ အနန္တ မေဝ အာန၌ (အနန္တ+) ဝိညာဏံ
အာနဉ္စ ဝိညာဏဉ္စ-အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်။ ဝိညာဏာ
နဉ္စဟု ဆိုလိုလျက် နကိုချေ၊ အာကို ရဿပြု။ ဝိညာဏက္ခံ အာယတနံ
အဿ
သသမ္ပယုတ္တဓမ္မဿ ဈာနဿာတိ ဝိညာဏဉ္စာယတနံ=အဆုံးအပိုင်းအခြား
မရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသော သမ္ပယုတ်တရားနှင့်
တကွသော ဈာန် (ဝါ=ဝိညာဏဉ္စာယတနဈာန်)။ သမတိက္ကမ္မပုဒ်၏ ကံဖြစ်သော
အခါ၌ကား ထိုဗဟုဗွီဟိအပြင် နောက်ထပ် ကမ္မဓာရယသံမာသံနှင့်
ဧကသေသ်လည်း ပြုပါဦး၊

## PAGE 106

ဝါ=ကို၊ ဥပသမ္ပဇ္ဇ=၍၊ စေ ဝိဟရတိ’အံ့။ ပ။ သဗ္ဗသော=ဖြင့်၊ ဝါ=အားလုံးစုံသော၊
ဝိညာဏဉ္စာယတနံ=အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော
တည်ရာအာရုံရှိသောဈာန်,' အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်
ဟူသော တည်ရာအာရုံကို။ ဝါ=ဝိညာဏဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏
အာရုံဖြစ်သော ပဌမာရုပ္ပဝိညာဏ်ကို၊ (ဈာန်နှင့် ဈာန်၏ အာရုံနှစ်မျိုးလုံးကို
ဟူလို) သမတိက္ကမ္မ=၍၊ ကိဉ္စိ=(ပဌမာရုပ္ပဝိညာဏ်၏) အနည်းငယ်စိုးစဉ်း
ဘင်မျှ အကြွင်းအကျန်သည်၊ နတ္ထိ=မရှိတော့ပေ၊ ဣတိ=ဤသို့ စီးဖြန်းပွား
များလျက်၊ အာကိဉ္စညာယတန=(ပဌမာရုပ္ပဝိညာဏ်၏) အနည်းငယ် စိုးစဉ်း
ဘင်မျှ အကြွင်းအကျန်မရှိသည် အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော
တည်ရာအာရုံရှိသောဈာန်သို ့၊ ဝါအောကိဉ္စညာယတနဈာန်သို့၊ ဝါ=ကို၊ ဥပ
သမ္ပဇ္ဇ=၍၊ စေ ဝိဟရတိ-အံ့။ ပ။
သဗ္ဗသော=ဖြင့်၊ ဝါ=သော၊ အာကိဉ္စညာယတနံ=ပဌမာရုပ္ပဝိညာဏ်၏
အနည်းငယ်စိုးစဉ်း ဘင်မျှ အကြွင်းမရှိသည် အဖြစ်ဟူသော နတ္ထိဘောပညတ်
တည်းဟူသော တည်ရာ အာရုံရှိသော ဈာန်, ပဌမာရုပ္ပဝိညာဏ်၏ အနည်းငယ်
စိုးစဉ်း ဘင်မျှ အကြွင်းမရှိသည် အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော
တည်ရာအာရုံကို၊ ဝါ=အာကိဉ္စညာယတန ဈာန်နှင့်တကွ ထိုဈာန်၏ နတ္ထိဘော
ပညတ်အာရုံကို၊ သမတိက္ကမ္မ=၍၊ နေဝသညာနာသညာယတနံ=ရုန်ရင်းသော
သညာ မရှိသည်လည်း ဖြစ်၍ သိမ်မွေ့ သောသညာ မရှိသည်လည်း မဟုတ်သော
ဈာန်စိတ္တုပ္ပါဒ်တည်းဟူသော မနာယတနဓမ္မာယတနသို ့၊ ဝါ=ရုန် ့ရင်းသော
၁။ အာကိဉ္စညာယတနံ။ ။ နတ္ထိ ကိဉ္စနံ အဿာတိ အကိဉ္စနံ-စိုးစဉ်း
အနည်းငယ်မျှ (ဥပါဒ်နှင့်ဗွီကို မဆိုထားဘိ ဘင်မျှပင်) အကြွင်းအကျန် မရှိ
တော့သော ပဌမာရုပ္ပဝိညာဏ်၊ အကိဉ္စိနဿ-အနည်းငယ်စိုးစဉ်း ဘင်မျှပင်
အကြွင်းအကျန်မရှိသော ပဌမာရုပ္ပဝိညာဏ်၏၊ ဘာဝေါ=အဖြစ်ဟူသော (ဝါ=
ဖြစ်ကြောင်းဖြစ်သော) နတ္ထိဘောပညတ်တည်း၊ အာကိဉ္စညံ=အနည်းငယ်စိုးစဉ်း
ဘင်မျှ အကြွင်းမရှိသော ပဌမာရုပ္ပဝိညာဏ်၏ ဖြစ်ကြောင်း နတ္ထိဘောပညတ်၊
[အကိဉ္စန+ဏု = အာကိဉ္စည] အာကိဉ္စညံ အာယတနံ အဿ ဈာနဿာတိ
အာကိဉ္စညာယတနံ=အနည်းငယ် . . . . .နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံ
ရှိသော ဈာန်။
-
၂။ နေဝသညာနာသညာယတနံ။ ။ ပဌမနည်းအလို နေဝသညာ
နာသညာယတနဈာန် စိတ္တုပ္ပါဒ်ကိုပင် နေဝသည ဟုလည်းကောင်း နာသည
ဟုလည်းကောင်း အာယတန(မနာယတန ဓမ္မာယတနု)ဟုလည်းကောင်း
ခေါ်သည်ဟု ရှေးဦးစွာသိထားရမည်။ ထို့နောက် နေဝ အဿ သညာ အတ္ထိတိ

## PAGE 107

သညာလည်းမဟုတ်, သိမ်မွေ့သော သညာမဟုတ်သည်လည်း မဟုတ်သည့်ပြင်
သမ္ပယုတ်တရားတို ့၏ တည်ရာမှီရာလည်း ဖြစ်သော သညာသို ့၊ ဝါ=ကို၊
ဥပသမ္ပဇ္ဇ=၍၊ စေ ဝိဟရတိ=အံ့။ ပ။ သဗ္ဗသော=ဖြင့်၊ ဝါ=သော၊ နေဝသညာ
နာသညာယတနံ=နေဝသညာနာသညာယတနတရားနှင့်တကွ ထိုတရား၏
အာရုံဖြစ်သော တတိယာရုပ္ပဝိညာဏ်ကို၊ သမတိက္ကမ္မ=၍၊ သညာဝေဒယိတ
နိရောဓံ=သညာဝေဒနာတို ့၏ ချုပ်ခြင်းတည်းဟူသော နိရောဓသမာပတ်သို ့၊
ဝါ=ကို။ ။
၄၄၃၊ ၄၆၂။ ပထဝီကသိဏံ=ပထဝီကသိဏဈာန်ကို၊ ဝါ=မြေကသိုဏ်း
ပဋိဘာဂနိမိတ်ကို အာရုံပြုသောဈာန်ကို၊ စေ ဘာဝေတိ’အကယ်၍ ဖြစ်ပွားစေအံ့။
၂။ အာပေါကသိဏံ=အာပေါကသိဏဈာန်ကို၊ဝါ=ရေကသိုဏ်းပဋိဘာဂနိမိတ်ကို
အာရုံပြုသောဈာန်ကို။ ပ။ တေဇောကသိဏံ=ဈာန်ကို၊ ဝါ=မီးကသိုဏ်း...
..ဈာန်ကို။ ပ။ ဝါယောကသိဏံ=ကို၊ ဝါ=လေကသိုဏ်း.....ကို။ ။
နီလကသိဏံ=ကို၊ ဝါ=အညိုရောင်ကသိုဏ်း .....ကို။ ပ။ ပီတ အဝါရောင်၊
လောဟိတ=အနီရောင်၊ သြဒါတ အဖြူရောင်”ဤပုဒ်တို့ကို ရှေးနည်းအတိုင်းဆို]
အာကာသကသိဏံ=ဈာန်ကို၊ဝါ=(နံရံပေါက်စသော) ဟင်းလင်းပေါက်ကသိုဏ်း
ကို အာရုံပြုသောဈာန်ကို။ ပ။ ဝိညာဏကသိဏံ=ဝိညာဏကသိဏဈာန်ကို၊
နေဝသညံ=ရုန့်ရင်းသော (ထင်ရှားသော) သညာမရှိသော ဈာန်စိတ္တုပ္ပါဒ်၊
နတ္ထိ အဿ သညာတိ အသည်၊ န အသည် နာသည်=သိမ်မွေ့ သောသညာ
မရှိသည်လည်း မဟုတ်သောဈာန်စိတ္တုပ္ပါဒ်၊ နေဝသညဥ္စ တံ နာသဉ္ဇာတိ
တံ
နေဝသညာနာသည်၊ နေဝသညာနာသညဉ္စ တံ အာယတနဉ္ဇာတိ နေဝသညာ
နာသညာယတနံ=ရုန့်ရင်းပေါ်လွင်ထင်ရှားသော သညာမရှိသည်လည်းဖြစ်၍
သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်သော ဈာန်စိတ္တုပ္ပါဒ်ဟူသော
အာယတန(မနာယတနနှင့် ဓမ္မာယတန)။
(တနည်း)‘သညာစေတသိက်ကိုပင် နေဝသညာဟုလည်း ခေါ်၏။
(ဝိပဿနာဉာဏ်ဖြင့် ရှု၍ ငြီးငွေ့မှုကို ဖြစ်စေနိုင်လောက်အောင် ရုန် ့ရင်း
(ထင်ရှား)သည် မဟုတ်သော သညာဟူလို။) နာသညာ (န+အသညာ)ဟုလည်း
ခေါ်၏။ (သိမ်မွေ့သောသညာ မဟုတ်သည်လည်း မဟုတ်သော သညာဟူလို။)
အယတန (တည်ရာ) ဟုလည်း ခေါ်၏။ (သမ္ပယုတ်တရားတို့၏ တည်ရာမှီရာ
နိဿယပစ္စည်းဖြစ်သော သညာဟူလို။) ဤသို ့အားဖြင့် ထိုသုံးပုဒ်လုံးအရ
သညာစေတသိက်ကိုချည်း ယူရသောကြောင့် အရတူ ကမ္မဓာရယသမာသ်
တွဲရမည်။ နေဝသညာ စ သာ နာသညာ စာတိ နေဝသညာနာသညာ၊ နေဝ
သညာနာသညာ စ သာ အာယတနဉ္ဇာတိ နေဝသညာနာသညာယတနံ။
