## PAGE 11

ဝါဇေတမင်းသား၏ ဥယျာဉ်တောဖြစ်သော အနာထပိဏ္ဍိကဿ-အနာ
ထပိဏ်သူဌေး၏၊ အာရာမေ=ကျောင်းတိုက်၌၊ ဝိဟရတိ=သီတင်းသုံးနေတော်
သာဝတ္ထိ”ဟု ပါဌ်နှစ်မျိုးဖြစ်သင့်၏။ ယထာ ကာကန္ဒဿ ဣသိနော နိဝါသ
ဋ္ဌာန မာပိတာ နဂရီ ကာကန္ဒီ။ပ။ ကုသမ္ဖဿ နိဝါသဋ္ဌာနေ မာပိတာ ကော
သင်္ချီတိ ဝုစ္စတို့၊ ဧဝံ သဝတ္ထဿ ဣသိနော့ နိဝါသဋ္ဌာနေ မာပိတာ နဂရီ
သာဝတ္ထိတိ ဝုစ္စတိ၊ ဤသုတ်ဋီကာ (မူလပဏီ ဋ္ဌ၊ ပ-နှာ၊ ၆၂)။ “တေန
နိဗ္ဗတ္တေ” ဟူသော မောဂ္ဂလ္လာန် (၄-ဏာဒိကဏ္ဍ၊ ၁၈-သုတ်)၌ ကုသမ္ပစသော
ပုဒ်နောင် ဏပစ္စည်းသက်၍ ကုသဗ္ဗေန နိဗ္ဗတ္တာ ကောသမ္ဘီ နဂရီ ကာကန္ဒီ
မာကန္ဒီ’ဟုရုပ်ပြီးပုံပြ၏။ ဏ‘ပစ္စည်းသက်လျှင် နဒါဒိဤပစ္စည်း သက်ရိုးထုံးစံ
အတိုင်း “ဣတ္ထိယံ ဤ”ဟု နှိရုတ္တိ ဒီပနီ (၂၉၇)၌ ဆို၏။ ထို့ကြောင့်
မောဂ္ဂလ္လာန်အတိုင်း သဝဏ္ဏေန နိဗ္ဗတ္တာ နဂရီ သာဝတ္ထိ (သဝတ္ထရသေ့သည် ဖြစ်
စေအပ်, တည်ထောင်အပ်သောမြို့)ဟု နဒါဒိ ဤပစ္စည်းဖြင့်လည်း ပါဌ်ရှိနိုင်၏။
တနည်း-ကုန်သည်တွေ ဆုံမိကြ၍ “ဤမြို့၌ ဘာကုန်ပစ္စည်းရှိသလဲ”
ဟု မေးကြသောအခါ ဘာမဆို အကုန်ရှိသည်ဟု ပြန်ပြောကြ၏။ ဤစကားကို
အစွဲပြု၍ သာဝတ္ထိ (ဒြာဝတ္တိ) ဟုမြို့နာမည်တွင်လာ၏။
ထို့ကြောင့် “သဗ္ဗ
ဧတ္ထ အတ္ထိတိ သာဝတ္ထိ”ဟု ဝစနတ္ထပြု။ ဤနည်း၌ သဗ္ဗနှင့် အတ္ထိကို ပေါင်း
စပ်ပြီး (သဗ္ဗကို သာဝပြု၍) “သာဝတ္ထိ” ဟူ၍ ဣရဿသရဖြင့် ပါဌ်ရှိရ၏။
ဤနေရာမှ အဋ္ဌကထာ၊ ဋီကာတို့ဖွင့်သည့်အတိုင်း သဗ္ဗနှင့် အတ္ထိ (အန္တိ) ပေါင်း
စပ်ထားကြောင်း ထင်ရှားပါလျက် အဘိဓာန်ဋီကာ (၂ဝဝ-ဂါထာ)၌ နဝါစက
အတ္ထသဒ္ဓါဟု ဆိုပြီးလျှင် “သဗ္ဗ+အတ္ထ =သာဝတ္ထု)ပုဒ်နောင် ဣ’ပစ္စည်းသက်၍
သာဝတ္ထိဟု ရုပ်စီရင်လေ၏။ ပြခဲ့သော ဋ္ဌ၊ ဋီ အဖွင့်များအတိုင်း “သာဝတ္ထိယံ
'=သဝတ္ထရသေ့၏ ကျောင်းနေရာ၌ တည်ထောင်အပ်သည်အဖြစ်ကြောင့် သာဝတ္ထိ
မည်သော မြို့တော်၏အနီး၌၊ ဝါ=သက်ရှိသက်မဲ့ ပစ္စည်းဝတ္ထုအားလုံးစုံ အကုန်
ရှိရာ၏အဖြစ်ကြောင့် သာဝတ္ထိမည်သော မြို့၏အနီး၌”ဟု ဝိဂြိုဟ်နက် ပေးလိုက
ပေးပါ။
၁။ အနာထပိဏ္ဍိကဿ အာရာမေ ဝိဟရတိ။ ။အနာထပိဏ္ဍိကဿ
=ခိုကိုးရာမဲ့သူ လူဆင်းရဲတို့အား ထမင်းရိက္ခာပေးတတ်သည်အဖြစ်ကြောင့်
အနာထပိဏ်ဟု ခေါ်ဝေါ်အပ်သော သုဒတ္တမည်သော သူဌေး၏၊ အာရာမေ
=လူရှင်ရဟန်းတို့ လာရောက်၍ ပျော်မွေ့ နေထိုင်ရာ ကျောင်းတိုက်၌၊ ဝိဟရတိ
=လျောင်းထိုင်ရပ်သွား လေးပါးဣရိယာ ညီညာမျှကြောင်း ပြုပြင်ပြောင်း၍
ကိန်းအောင်းနေတော်မူ၏။ (ဝေါဟာရတ္ထအရှည်နက်) ဝါ=ဣရိယာပုထ်တဖြာ
အနေကြာ၍ ညောင်းညာခံစာဒုက္ခများကို တခြားဣရိယာ ပုတ်တဖြာဖြင့်

## PAGE 12

မှု၏။ [အဖွင့်အနက်များကို အောက်ခြေအဓိပ္ပာယ်ခန်း၌ကြည့်]
ပယ်ခွာရှောင်လွှဲ မယိုင်လဲအောင် ခန္ဓာကိုယ်ကို ဆောင်တော်မူ တည်တံ့စေ
တော်မူ၏၊ ဝါ=မိမိ သူတပါး စီးပွားချမ်းသာ အဖြာဖြာကို ဆောင်တော်မူ
ဖြစ်စေတော်မူ၏။ (ဌ၊ ဋီ’ဖွင့်နှစ်နည်း) ဤသို့လည်း အနက်ဆိုနိုင်၏။ ယင်းသို့
အနက်ပြန်ဆိုရာ၌-
အနာထပိဏ္ဍိကပုဒ်၏ဝိဂြိုဟ်။ ။“နိစ္စကာလံ အနာထာနံ ပိဏ္ဍမဒါသိ၊
တေန အနာထပိဏ္ဍိကောတိ သင်္ခ ဂတော” ဟူသော မူလပဋ္ဌ (ပ-၆၂)
အတိုင်း အနာထပိဏ္ဍိကပုဒ်ကို ဗဟုဿုတအဖြစ် ဝိဂြိုဟ် အနက်ပေးထားသည်။
ထိုအဋ္ဌကထာစာသွားအတိုင်း “အနာထာနံ ပိဏ္ဍ ဒဒါတီတိ အနာထပိဏ္ဍိကော”
ဟူသော သဒ္ဒနီတိ(၇၆၄)သုတ်၌ရှိသော ဝါကျသည် ဝိဂြိုဟ်အစစ်မဟုတ်သေး။
သဒ္ဒတ္ထတော ပန ဒါတဗ္ဗဘာဝေန သဗ္ဗကာလံ ဥပဋ္ဌပိတော အနာထာနံ
ပိဏ္ဍော ဧတဿ အတ္ထိတိ အနာထပိဏ္ဍိကော’ဟူသော မူလပဏီဋီ (ပ-၁၄၁)
နှင့်အညီ“အနာထာနံ ပိဏ္ဍော အနာထပိဏ္ဍော=ခိုကိုးရာမဲ့သူ လူဆင်းရဲတို့ဘို့
ထမင်း၊ အနာထပိဏ္ဍော ဧတဿ အတ္ထိတိ အနာထပိဏ္ဍိကော=ခိုကိုးရာမဲ့သူ
လူဆင်းရဲတို့ဘို့ အမြဲစီမံထားအပ်သော ထမင်းအစာရှိသော သူဌေး”ဟု ဝိဂြိုဟ်
အစစ်ပြုပါ၊ ထိုသူဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏။
600
ဝိဟရတိပုဒ်နက်ရှင်းလင်းချက်။ “ဝိဟရတိ နေတော်မူ၏” ဟူသော
အနက်မှာ အများသုံးဝေါဟာရတ္ထဖြစ်၏။ အဋ္ဌကထာ၌ ဝိဟရတိပုဒ်ကို ဝိစ္ဆိဒ္ဓိ
တွာ ဟရတိ ပဝတ္တေတိ (ပယ်ဖြတ်၍ ဆောင်၏။ အဆက်မပြတ်ဖြစ်စေ၏၊
တည်တံ့စေ၏)ဟုဖွင့်၏။ ထိုအဖွင့်နှင့်အညီ ဝိဟရတိမှ ဝိသဒ္ဒါသည် ဝိစ္ဆေဒ
(ပယ်ဖြတ်ခြင်း)အနက်ကိုဟော၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဟူသော လေးပါး
သော ဣရိယာပုထ်တို့တွင် ထိုင်ခြင်းစသော ဣရိယာပုထ်တခုခုဖြင့် အနေကြာ၍
ညောင်းညာနာကျင်မှု ဒုက္ခဖြစ်လာလျှင် လျောင်းခြင်း၊ ရပ်ခြင်းစသော အခြား
ဣရိယာပုထ် တမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲကာ ထိုဒုက္ခကို ပယ်ဖြတ်ရ၏။
ဤသို့ပယ်ဖြတ်သည်ကို ဝိစ္ဆေဒဟုဆို၏။ ဟရဓာတ်၏ သဒ္ဒတ္ထမှာ ဆောင်ခြင်း
အနက်ပင်တည်း။ ထိုညောင်းညာမှုဒုက္ခကို ပယ်ရှား၍ ခန္ဓာကိုယ်အတ္တဘောကို
မယိုင်လဲအောင် ဆောင်ထားသည်ဟု ဆိုလို၏။ ပဝတ္တေတိကား အဓိပ္ပါယ်
အနက်အဖွင့်တည်း။ ထိုပဝတ္တေတိဖြင့် ထိုဒုက္ခကို ပယ်ဖြတ်၍ ခန္ဓာကိုယ်
အတ္တဘောကို အဆက်မပြတ် ဖြစ်စေ၏။ ကြာရှည်တည်တံ့စေ၏ဟု ဆိုလို၏။
{ဧကံ ဣရိယာပထဗာဓနံ အညေန ဣရိယာပထေန ဝိစ္ဆိန္ဒိတွာ အပရိပတတ္တံ
အတ္တဘာဝံ ဟရတိ ပဝတ္တေတိ။) ထို့ပြင် ဋီကာ၌ ဝိဟရတိမှ ဝိသဒ္ဒါကို ဝိဝိဓ
အနက်ဟောကြံ၍ ဝိဝိဓဟိတသုခံ ဟရတိ ဥပနေတိ ဥပ္ပါဒေတိဟုဖွင့်၏။ ထို
အဖွင့်များအားလုံးစုံအောင် ဝိဟရတိပုဒ်ကို အနက်ပေးထားသည်။

## PAGE 13

တတြ=ထိုအခါ၌ (ဇေတဝန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံး
နေတော်မူရာ ထိုအခါ၌၊) ဝါ=မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာဖြစ်သော
ထိုဇေတဝန်ကျောင်းတိုက်၌၊ ဝါ=ထိုတရားဟောခြင်းငှာ ရဟန်းတို ့ကို မိန် ခေါ်
သင့်ရာ အရပ်ဒေသ အချိန်ကာလ၌၊ ဘဂဝါ-မြတ်စွာဘုရားသည်၊ ဘိက္ခု=
ရဟန်းတို ့ကို၊ “ဘိက္ခဝေါ=ရဟန်းတို ”၊ ဣတိ=ဤသို ့၊ အာမန္တေ သိ=မိန် ခေါ်
တော်မူပြီ၊ တတြခေါ်၌ ခေါသဒ္ဒါ အနက်မရှိ၊ ပဒပူ ရဏနိပါတ်မျှသာတည်း။]
“ဘဒန္တေ =အရှင်ဘုရား ” ဣတိ=ဤသို ့၊ တေ ဘိက္ခု=ထိုရဟန်းတို ့သည်၊
ဘဂဝတော=မြတ်စွာဘုရား၏၊ (အာမန္တနံ=မိန့် ခေါ်တော်မူခြင်းကို၊ ဝါ-အမိန့်
၁။ ဒေါသဒ္ဓါအဖွင့်သုံးမျိုး။ ။ နိဿယခန်း၌ တတြပုဒ်ကို အဋ္ဌကထာ
ဖွင့်သည့်အတိုင်း အနက်သုံးမျိုးပေးခဲ့၏။ ခေါသဒ္ဒါကိုလည်း ပဒပူရဏဟုဆိုခဲ့
သည်။ (တနည်း) ဘဂဝါ=သည်၊ ဘိက္ခု=တို့ကို၊ “ဘိက္ခဝေါ=တို့”၊ ဣတိ
= ဤသို့၊ အာမန္တေသိ ခေါ(အာမန္တေသိ ဧဝ) = ဧကန်မိန့်ခေါ်တော်မူပြီးသည်သာ။
ဤသို့လည်း အနက်ဆိုနိုင်၏။ ဤနည်း၌ ခေါ်သဒ္ဒါအဝဓာရဏအနက်ဟော
နိပါတ်ပုဒ်ဖြစ်၍ အာမန္တေသိနှင့်တွဲ၍ အနက်ဆိုရသည်။
ထိုခေါသဒ္ဒါကို အာဒိကာလ (တရားဒေသနာတော်၏ အစပျိုးအခြေ
တည်ရာကာလ) အနက်ဟော ဟုလည်း အဋ္ဌကထာ၌ ဖွင့်သေး၏။ ထိုအာဒိ
ကာလကို ဝါကျာရမ္ဘဟု ဋီကာဖွင့်၏။ (ဝါကျ = နောက်ထပ်ဆိုဖွယ်စကားရပ်ကို
+အာရမ္ဘ=အားထုတ်ခြင်း၊ ဆက်လက်ဖော်ပြခြင်း) နောက်ထပ်ဆိုဖွယ် ရှိသည်
ကို ပြဆိုဘို့ရန် စကားပျိုးလိုက်ခြင်း၊ ရှေ့နောက်စကားနှစ်ရပ် ဆက်သွယ်ခြင်းကို
ဝါကျာရမ္ဘဟုလည်းကောင်း၊ ဥပညာသ (ဥပနျာသ)ဟုလည်းကောင်းခေါ်၏။
ထိုအာဒိကာလ အနက်အတွက် ထူးထူးထွေထွေ အနက်ယောဇနာဘို့
မလိုပါ။ ဋီကာ၌လည်း အဝဓာရဏ အနက်အတွက်သာ “အာမန္တေသိ ဧဝ
ဟု အနက်ယောဇနာပုံကိုပြ၍ အာဒိကာလအနက်အတွက် အနက်ယောဇနာပုံကို
မပြသည်သာမက– ပဒပူရဏေန ဝစနာလင်္ကာရမတ္တံ ကတံ ဟောတိ၊ အာဒိ
ကာလတ္ထေန ဝါကျဿ ဥပညာသမတ္တံ” ဟူ၍ အာဒိကာလအနှက်ကို
ပူရဏနှင့် တတန်းစားတည်းထား၍ “မတ္တ” သဒ္ဒါဖြင့် ဖွင့်ပြထားသည်။ ထို
ကြောင့် အာဒိကာလ ဝါကျာရမ္ဘအနက်၌ “တတြ ခေါ = သီတင်းသုံးနေတော်မူရာ
ထိုအခါ၌ပင် (ထိုအခါမှာပဲ)”ဟု စကားပျိုးခြင်း၊ စကားဆက်စပ်ခြင်းသဘော
သက်ရောက်ရုံမျှသာ အနက်ပြန်ဆိုပါလေ။
၂။ ဘဂဝတော ပစ္စေဿာသုံ။ ။ ဘဂဝါ အာမန္တေသိ’ဟုဆိုခဲ့ပြီးဖြစ်
သည့်အတိုင်း ဘဂဝတော ပစ္စာသုံ၌ –ဘဂဝတော = မြတ်စွာဘုရား၏”

## PAGE 14

စကားတော်ကို)၊ ပစ္စသောသုံ=ရှေးရှုနာယူကြကုန်ပြီ၊ ဝါ=စကားတုံ့ ပြန် နာခံ
ကြကုန်ပြီ၊ ဘဂဝါ=သည်၊ ဇိတံ-ဤတရားစကားတော်ကို၊ အဝေါစ=မိန့်တော်
မူပြီး (ကိန္တိ=အဘယ်သို ့၊ အဝေါစ-မိန့် တော်မူသနည်းဟူမှု)
ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ’ဟူသော ဥပမာနဝါကျကစ၍ အနက်
ပေးရမည်။ ယထယိဒံကို ယထာ+ဣဒံဟု ပုဒ်ဖြတ်] ဘိက္ခဝေ=ရဟန်းတို ့
ဣဒံ ဣတ္ထိရူပံ=ဤမိန်းမ၏ အဆင်းရူပါရုံသည်၊ (ဤမိန်းမခန္ဓာကိုယ်၏ စတု
သမုဋ္ဌာနိကအဆင်း”နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ်
တန်ဆာ ပန်းနံ့သာ စသည်တို့၏ ကာယပဋိဗဒ္ဓ ဥတုဇအဆင်းသည်) ပုရိသဿ
=
(ရူပါရုံ၌ အထူးကြိုက်တတ်သော) ယောက်ျား၏၊ စိတ္တံ=ကုသိုလ်စိတ်ကို
(ကာမ ရူပ အရူပ လောကုတ္တရာဟူ သော စတုဘူမက ကုသိုလ်စိတ်ကို)ပရိယာ
ဒါယ=ယူဆောင်၍၊ ဝါ=ကုန်ခန်းစေ၍၊ ဝါ=ဖြစ်ခွင့်မရအောင် တားဆီးလျက်၊
တိဋ္ဌတိ ယထာ-တည်ရှိသကဲ့သို ့ ဣတ္ထိရူပါရုံသည် ကုသိုလ်စိတ် ဖြစ်ခွင့်မရ
အောင်တားဆီး၏။ ယင်းသို ့ တားဆီးသည်ကိုပင် “ယူဆောင်သည်၊ ကုန်ခန်း
စေသည်”ဟု ဆိုလိုသည်။ ]
ဧဝံ=ဤအတူ၊ ယံ=အကြင်အဆင်းသည်၊ ပုရိသဿ=ယောက်ျား၏၊
စိတ္တံ=ကုသိုလ်စိတ်ကို၊ ပရိယာဒါယ=၍၊ ဝါ=၍၊ ဝါ=လျက်၊ တိဋ္ဌတိ=တည်ရှိ၏၊
ဘိက္ခဝေ=ရဟန်းတို ့နာဟံ ဘိက္ခဝေမှ ဘိက္ခဝေကို ယခုမှ အနက်ပေးရသည်။]
"
ဟု သမ္ဗန်အနက်ပေး၍ “အာမန္တ နံ” ပုဒ်ထည့်စပ်စေလိုသောကြောင့် “ဘဂဝတော
ပစ္စာသူန္တိ ဘဂဝတော အာမန္တနံ ပဋိအသောသုံ”ဟု အဋ္ဌကထာဖွင့်၏။
သဒ္ဒါကျမ်းတို့၌ကား ပတိ အာရှေးရှိသော သုဓာတ်၏ယှဉ်ဘက်ပုဒ်၌ သမ္ပဒါန်
ဖြစ်၏ဟု ဆိုကြ၏။ ထိုအလို–ဘဂဝတော=မြတ်စွာဘုရားအား၊ ပစ္စာသုံ
=စကားတုံ့ပြန် နာခံကြကုန်ပြီ”ဟု အနက်ဆိုပါ။
၁။ စတုသမုဋ္ဌာနိကအဆင်းနှင့် ဥတုအဆင်း။ ကံ၊ စိတ်၊ ဥတု၊
အာဟာရဟူသော အကြောင်းလေးပါးကြောင့်ဖြစ်သော ရူပါရုံကို စတုသမုဋ္ဌာနိက
အဆင်းဟုခေါ်၏။ ထိုစတုသမုဌာနိက အဆင်းသည် သက်ရှိသတ္တဝါတို့
ခန္ဓာကိုယ်၏ ပင်ကိုမူရင်း အဆင်း ဖြစ်သောကြောင့် သက်မဲ့အရာဝတ္ထုများ၌
မရှိနိုင်။ မိန်းမခန္ဓာကိုယ်၌ ဝတ်ဆင်ထားအပ်သော အဝတ်တန်ဆာစသည်တို့၏
ကာယပဋိဗဒ္ဓ အဆင်းရောင်ကား ဥတုဇ အဆင်းသာတည်း။
*
N

## PAGE 15

အညံ=မိန်းမ၏အဆင်းမှ တပါးသော၊ တံ ဧကရူပမ္ပိ=ထိုတခုသော အဆင်းကို
သော်မျှလည်း၊ (ယောက်ျား၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင်၊ ကုန်ခန်းစေနိုင်သော
ထိုတခုတလေသော အဆင်းကိုသော်မျှလည်း) အဟံ=ငါသည်၊ န သမနုပဿာမိ
အမြင်တော်မမူ၊ (သဗ္ဗညုတဉာဏ်စက္ခုဖြင့် အကုန်အစင် ကြည့်ရှု၍ပင် မြင်တော်
မမူ။)
ဘိက္ခဝေ-တို့၊ ဣတ္ထိရူပံ=မိန်းမ၏ အဆင်းရူပါရုံသည်၊ ပုရိသဿ=၏၊
စိတ္တံ=ကို၊ ပရိယာဒါယ=၍၊ တိဋ္ဌတိ=၏။ ဣတိ-ဤသို့၊ (အဝေါစ=မိန့် တော်မူပြီ)
ဧတဒဝေါစမှ အဝေါစသို ့ ပြန်စပ်သည်။ ထို ့နောက် ဣတိတလုံး အကျေ
ကြံပြီးလျှင် “ဣတိ=ဤသို့၊ သုတံ=နာယူမှတ်မိထားအပ်ပါပြီ၊ (တနည်း)ဣတိ
ဤသို ့၊သုတံ=နာယူမှတ်မိထားခြင်းသည်၊ အဟောသိ-ဖြစ်ပါပြီ” ဤသို့လည်း
ဆက်လက်၍ အနက်ဆိုလိုက ဆိုနိုင်၏။ ဧဝံ မေ သုတံသို့ ပြန်၍ ဆက်စပ်
 ့
နိဂုံးအုပ်လိုက်ခြင်းတည်း။]
(*ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ” ကား ဥပေမယျ
ဝါကျ(နှိုင်းယှဉ်ခံရသော အနက်ဒြပ်ကို ဖော်ပြသော စကားရပ်)တည်း။
“ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ”ကား ဥပမာနဝါကျ (နှိုင်းယှဉ်ကြောင်း အနက်
ဒြပ်ကိုပြသော စကားရပ်)တည်း။ ဥပမေယျဝါကျမှ ပုရိသဿ စိတ္တံစသော
ပုဒ်တို ့ကို ဥပမာန ဝါကျသို ့လည်း ဆွဲယူအနက်ပေးရသည်။ ထိုကဲ့သို့ ဆွဲယူ
မပေးလိုလျှင် ပြလတံ့သော နည်းအတိုင်းလည်း တိုတိုကျဉ်းကျဉ်း အနက်ပေး
နိုင်ပါ၏။]
တနည်း- ဘိက္ခဝေ=တို ့၊ ဣဒံ ဣတ္ထိရူပံ ယထာ=ဤမိန်းမ၏ အဆင်း
ကဲ့သို့၊ ဧဝံ-ဤနည်းတူ ၊ ယံ=အကြင်အဆင်းသည်၊ ပုရိသဿ=၏၊ စိတ္တံ=ကို၊
ပရိယာဒါယ=၍၊ တိဋ္ဌတိ=၏၊ ဘိက္ခဝေ-တို ့၊ အညံ=သော၊ တံ ဧကရူပမ္ပိ=
လည်း၊ အဟံ=သည်၊ နသမနုပဿာမိ=မမူ၊ ဘိက္ခဝေ=တို ့၊ ဣတ္ထိရူပံ=သည်၊
ပုရိသဿ=၏၊ စိတ္တံ=ကို၊ ပရိယာဒါယ=၍၊ တိဋ္ဌတိ=၏၊ ဣတိ-ဤသို ့၊
(အဝေါ်စ=မိန်
 ့တော်မူပြီ၊ ဣတိ=ဤသို ့ သုတံ=နာယူမှတ်မိထားအပ်ပါပြီ)
ပဌမံ=ပဌမ စိတ္တပရိယာဒါနသုတ်တည်း။ ရူပါရုံ၊ သဒ္ဒါရုံ စသော အာရုံငါးပါး
တို ့တွင် ရူပါရုံ၌ အထူးကြိုက်တတ်သော “ရူပဂရုက” ယောက်ျားနှင့် စပ်၍
ဤပဌမသုတ်ကို ဟောတော်မူသည်၊ “စိတ္တံ ပရိယာဒါယ”ဟူသော ပါဠိကို
အစွဲပြု၍ စိတ္တပရိယာဒါနသုတ်ဟု ခေါ်၏။ နိပါတေသု ဧကကနိပါတော
အာဒိ၊ သုတ္တေသု စိတ္တပရိယာဒါနသုတ္တံ။ အဋ္ဌကထာ]
