## PAGE 126

နှစ်မျိုးတို့တည်း၊ ဒွေ=နှစ်မျိုးတို့ဟူသည်၊ ကတမေ=အဘယ်တို့နည်း၊ ဘိက္ခဝေ
တို့၊ ဣဓ=ဤလောက၌၊ ဧကစ္စဿ=အချို့သောသူသည်၊ ကာယဒုစ္စရိတံ=
ကို၊ ဝါ=သည်၊ ကတံ=ပြုအပ်ပြီးသည်၊ ဟောတိ=ဖြစ်၏၊ ကာယသုစရိတံ=
ကို၊ ဝါ-သည်။ အကတံ=မပြုအပ်သေးသည်၊ ဟောတိ=၏။ ပ။ သော=
ထိုသူသည်၊ မေ=ငါသည်၊ ကာယဒုစ္စရိတံ=ကို၊ ကတံ=ပြုအပ်ပြီးလေပြီ၊ ဣတိ
=ဤသို့၊ တပ္ပတိ=နောင်တ တဖန်ပူပန်၏။ မေ=ငါသည်၊ ကာယသုစရိတံ
ကို၊ အကတံ မပြုအပ်သေး၊ ဣတိ=သို့၊ တပ္ပတိ=၏။ ပ။ ဘိက္ခဝေ=တို့၊
တပနီယာ=ကုန်သော၊ ဓမ္မော=တို့သည်၊ ဣမေ ဒွေ=တည်း၊ ဣတိ(အဝေါစ)၊
၄-အတပနီယသုတ်
- ၄။ အတပနီယာ=(မျက် . . . . .ဘဝ၌) မနှိပ်စက်တတ်ကုန်သော၊ ဓမ္မာ၊
KIန တပ္ပတိ=နောင်တ တဖန် မပူပန်။ ပ။ စတုတ္ထ=လေးခုမြောက်သုတ်တည်း။
၅-ဥပညာတသုတ်
၅။ ဘိက္ခဝေ=တို့၊ ကုသလေသု=ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု=တရား
တို့၌၊ ယာ အသန္တုဋ္ဌိတာ=(အရဟတ္တမဂ်ကို မရသေးသမျှ) အကြင် ရောင့်ရဲ
ညှဉ်းပန်းနှိပ်စက်တတ်သော တရားများ (ဒုစ္စရိတ်အကုသိုလ်ကိုပြုပြီးခြင်း
သဘောနှင့် သုစရိတ်ကုသိုလ်ကို မပြုရသေးခြင်းသဘောတရားများ)။ တပဓာတ်,
ကတ္တားဟော အနီယပစ္စည်းတို့ဖြင့် တပရိယ-ဟုရုပ်ပြီး၏။
(တနည်း) “တပနံ ဝါ ဒုက္ခံ”ဟူသော ဋီကာနှင့်အညီ တပဓာတ်,
ယုပစ္စည်းဖြင့်ပြီးသော တပနသဒ္ဒါသည်. ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခဟူသော
အနက်ကိုဟော၏၊ တပနဿ ဒုက္ခဿ ဟိတာတိ တပနီယာ=ညှဉ်းပန်းနှိပ်စက်
တတ်သော ဒုက္ခ၏ စီးပွားဖြစ်သောတရားများ၊ (မျက်မှောက်, တမလွန်၊ နှစ်
တန်သောဘဝ၌ ဒုက္ခကိုဖြစ်စေခြင်း, ထိုဒုက္ခကို အားပေးအားမြှောက် အထောက်
အကူပြုခြင်းအားဖြင့် ဒုက္ခ၏စီးပွားဖြစ်သောတရားများဟုဆိုလို၏)
(တနည်း) တပန္တိ တေနာတိ တပနံ=ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သော
နောင်တ တဖန်ပူပန်ခြင်းသဘော၊ တပနဿ ဟိတာတိ တပနီယာ=ထိုပူပန်ခြင်း
၏ စီးပွားဖြစ်သောတရားများ (ပူပန်ခြင်းကိုဖြစ်စေတတ်သောကြောင့် ပူပန်ခြင်း၏
စီးပွားဟု ဆိုလို၏)။ ဤဒုတိယနည်းနှင့် တတိယနည်းတို့၌ သဒ္ဒနီတိ၊
တဒ္ဓိတ်-၇၇၅’သုတ်မှ ဒဿနိယာပုဒ်ကဲ့သို့ “တပန + ဤယ = တပနိယ”ဟု
ဒီဃဖြင့်သော်လည်းကောင်း သုတ္တန္တိက ဒုကမာတိကာ မူလဋီကာ မဓုဋီကာအတိုင်း
“တပန + ဣယ = တပနိယ”ဟု ဣရဿဖြင့်သော်လည်းကောင်းရှိနိုင်၏။
-

## PAGE 127

တင်းတိမ်ခြင်း မရှိသည် အဖြစ်သည်၊ (အတ္ထိ-ရှိ၏၊ တာယ အသန္တုဋ္ဌိတာယ
စ=ထို ကုသိုလ်တရားတို့၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိသည်အဖြစ်၏ လည်း
ကောင်း၊) ပဓာနသ္မိံ=လုံ့လဝီရိယ၌၊ ယာ အပ္ပဋိဝါနိတာ =(အလုပ်ကိစ္စ မပြီးပြတ်မီ
အတွင်း၌ ) အကြင်နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်သည် (အတ္ထိ=
၏။ တာယ အပ္ပဋိဝါနိတာယ စ=ထိုနောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်၏
လည်းကောင်း၊ ဣတိ=ဤသို့၊) ဒွိန္နံ=နှစ်ပါးကုန်သော၊ ဓမ္မာနံ=တရားတို့၏၊
(ဂုဏံ=ဂုဏ်ကို၊) အဟံ=ငါသည်၊ ဥပညာသိ=(နီးနီးစပ်စပ်) ကပ်ရောက်၍
သိတော်မူပြီ၊ ဘိက္ခဝေ=တို့၊ အဟံ=ငါသည်၊ [သုဒံ အနက်မရှိ] အပ္ပဋိဝါနီ=
နောက်သို့ တွန့်ဆုတ်ခြင်းမရှိပဲ၊ (ပဓာနံ=ဝီရိယကို၊) ပဒဟာမိ=(သဗ္ဗညုတ
ဉာဏ်တော်ကို တောင့်တကာ) ကြိုးစား အားထုတ်တော်မူ၏၊
(ကိန္တိ=အဘယ်သို့ နှလုံးသွင်း၍၊ ပဒဟာမိ=ကြိုးစားအားထုတ်တော်
မူသနည်းဟူမူ၊) သရီရေ=ခန္ဓာကိုယ်၌၊ တစော စ=အရေသည်လည်းကောင်း၊
နှာရု စ=အကြောသည်လည်းကောင်း၊ အဋ္ဌိ စ=အရိုးသည်လည်းကောင်း၊ ကာမံ
အဝသိဿတု=အကယ်၍ပင် ကြွင်းကျန်တော့စေကာမူ၊ မံသလောဟိတံ=အသား
အသွေးသည်၊ ကာမံ ဥပသုဿတု-အကယ်၍ပင် ခြောက်ခန်းသွားစေကာမူ၊
ယံ တံ (ဂုဏဇာတံ)=အကြင်ဂုဏ်ထူးသို့၊ ပုရိသထာမေန=ယောက်ျား၏ ဉာဏ်
စွမ်းအားဖြင့်၊ ပုရိသဝီရိယေန=ယောက်ျား၏ဉာဏ် ဝီရိယဖြင့်၊ ပုရိသပရက္ကမေနှ
=ယောကျ်ား၏ ဉာဏ်လုံ့လဖြင့်၊ ပတ္တဗ္ဗိ=ရောက်အပ် ရောက်နိုင်၏၊ တံ(ဂုဏ
ဇာတံ)=ထိုဂုဏ်ထူးသို့၊ အပါပုဏိတွာ=မရောက်သေးမူ၍၊ ဝီရိယဿ=လုံ့လ၏၊
သဏ္ဌာနံ=ရပ်တန့်ဆုတ်နစ်ခြင်းသည်၊ နှ ဘဝိဿတိ=မဖြစ်လတ္တံ့ ၊ ဣတိ=ဤသို့
နှလုံးသွင်း၍ (ပဒဟာမိ=အားထုတ်တော်မူ၏၊) [ရောက်ပြန်စပ်သည်]
-
=
-
ဘိက္ခဝေ = တို့၊ တဿ မယှံ = ထိုငါသည်၊ သမ္ဗောဓိ = မဂ်ဉာဏ်
လေးရပ် သဗ္ဗညုတဉာဏ်တော်မြတ်ကို၊ အပ္ပမာဒါဓိဂတာ=မမေ့လျော့ မပေါ့ဆ
ခြင်းဖြင့် ရအပ်ပြီ၊ အနုတ္တရော=မိမိထက် ထူးချွန်လွန်မြတ်သော တရားမရှိသော၊
ဝါ = အမြတ်ဆုံးဖြစ်သော၊ ယောဂက္ခေမော = ယောဂလေးဖြာ, ဘေးကုန်ရာ
အရဟတ္တဖိုလ် နိဗ္ဗာန်ကိုး အပ္ပမာဒါဓိဂတော=ပြီ၊ ဘိက္ခဝေ=တို့၊ တုမှေ=သင်တို့
၁။ အပ္ပဋိဝါနိတာ။ ။ ဝီရိယပ္ပဝါဟေ=ဝီရိယအယဉ်သည်၊ ဝတ္တမာနေ
=ဖြစ်လသော်၊ အန္တ ရာဇဝ=အလုပ်ကိစ္စမပြီးပြတ်မီ အကြားကာလ၌သာလျှင်၊
ပဋိဂမနံ နိဝတ္တနှံ ပဋိဝါနံ=နောက်သို့တွန့်ဆုတ်ခြင်း၊ ပဋိဝါနံ အဿ အတ္ထိတိ
ပဋိဝါနီ နောက်သို့တွန့်ဆုတ်ခြင်းရှိသောသူ၊ နပဋိဝါနီ အပ္ပဋိဝါနီ၊ အပ္ပဋိဝါနိဗော
ဘာဝေါ အပ္ပဋိဝါနိတာ=နောက်သို့တွန့်ဆုတ်ခြင်းမရှိ သူ၏အဖြစ်၊ အနောသက္ကနာ
-နောက်သို့မတွန့်ဆုတ်ခြင်း။ ဋီကာအဖွင့်။

## PAGE 128

သည်၊ အပ္ပဋိဝါနံ = နောက်တွန့်ဆုတ်ခြင်းမရှိသော ဝီရိယကို ပဓာနံကိုငဲ့သည်။
တုမှေနှင့် အရတူ ဝိဘက်တူအောင် အပ္ပဋိဝါနီ, အပ္ပဋိဝါနိနော, အပ္ပဋိဝါနာ-
ဟုလည်း တမျိုးမျိုးရှိနိုင်သည်သာ။ “စေပိ”၌ ပိကို ဧဝံ သတိပိ’ဟု တွေ့လတ္တံ့ စေ
ပဒဟေယျာထအကယ်၍ ကြိုးစားအားထုတ်ကုန်အံ့၊ (ကိန္တိ=၍၊ ပဒဟေယျာထ
=အားထုတ်ကြရမည်နည်းဟူမူ၊)
သရီရေ=၌၊ တစော စ=၎င်း။ ပ။ န ဘဝိဿတိ=တ္တံ့၊ ဣတိ=ဤသို့
နှလုံးသွင်း၍၊ (စေ ပဒဟေယျာထ=အံ့၊ ဧဝံ သတိပိ=ဤသို့အားထုတ်သည်
ဖြစ်လျှင်လည်း၊) ဘိက္ခဝေ=တို့၊ တုမှေပိ=သင်တို့သည်လည်း၊ နှစ်ရသေဝ=
မကြာမြင့်မီသာလျှင်၊ ဥပသမ္ပန္န ဝိဟရိဿထတို့၌ လှမ်းစပ်] ယဿ အကြင်
အရဟတ္တဖိုလ်၏၊ ဝါ=အကြင် အရဟတ္တဖိုလ် ဟူသော၊ အတ္ထာယ=အကျိုးငှာ၊
ကုလပုတ္တာ=(အကျင့်သီလရှိသော) အမျိုးကောင်းသားတို့သည်၊ သမ္မဒေဝ ိ =
အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်သာလျှင်၊ (ဇာတိ ဇရာ မရဏအစရှိသော
"
=
၁။ သမ္မဒေ၀။ ။ပ။ ပဗ္ဗန္တိ။ ။"သမ္မဒေဝါတိ ဟေတုနာဝ ကာရ
ဏေနေဝ”ဟူ၍ သီလက္ခန် အဋ္ဌကထာ မဟာသီဟနာဒသုတ်(၂၂၉)စသည်ဖွင့်၏။
ထိုအဖွင့်နှင့်အညီ အနက်ပြန်ဆိုထား၏၊ “သမ္ပဒေဝ=အကြောင်းမှန် နည်းလမ်းမှန်
အားဖြင့် သာလျှင်၊ အနဂါရိယံ-ရဟန်းအဖြစ်သို့၊ ပဗ္ဗန္တိ=ဝင်ရောက်ကြ (ကျင့်ကြံ
အားထုတ်ကြ) ကုန်၏”ဟူသော ပါဠိတော်၌ ဇာတိဇရာမရဏ အစရှိသော
ဘေးဒုက္ခတို့ကြောင့် သံဝေဂဖြစ်ပွား၍ မြတ်စွာဘုရား ဟောကြား ဆုံးမတော်
မူသည့်အတိုင်း ရဟန်းတရား သိက္ခာများကို ကျင့်ကြံပွါးများ အားထုတ်ကြ
သည်ကို ရည်ရွယ်၍ “သမ္မဒေဝ”ဟု ဟောတော်မူသည်။ သြတိဏ္ဏောမှီ ဇာတိ
ယာတိ အာဒိနာ နယေန ဟိ သံဝေဂပုဗ္ဗိကံ ယထာနုသိဋ္ဌိ ပဗ္ဗဇ္ဇ သမ္ပာယ ဣဓ
“သမ္မဒေဝါ” တိ ဝုတ္တံ၊ ဟေတုနာတိ ဥာယေန(နုယေန)။ ၎င်းဋီကာ၊ ၃၅၉။
သံယုတ်အဋ္ဌကထာ ဋီကာ။ ။ ကြွေးမြီနှိပ်စက်ခြင်း, ဘေးအန္တ ရာယ်
နှိပ်စက်ခြင်း, အသက်မွေးမှုခက်ခဲခြင်းဟူသော အကြောင်းများကြောင့် ရဟန်း
ပြုသည် မဟုတ်ဘဲ ပင်ကိုယ်သဘောရိုး ယုံကြည်ချက်သဒ္ဓါတရားဖြင့် ရဟန်းပြု
မှသာ သမ္မဒေဝ (အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်)ရဟန်းပြုသည်ဟု
ဆိုရ၏။ တနည်းအားဖြင့်ကား နဂိုမူလရဟန်း ပြုချိန်တုန်းက မည်သည့်
အကြောင်း, မည်သည့် ရည်ရွယ်ချက်ဖြင့် ရဟန်းပြုခဲ့သည်ဖြစ်စေ ရဟန်းပြု
ပြီးနောက် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာ တရားအားလျော်သော သီလ
သမထ ဝိပဿနာအကျင့် (အနုလောမပဋိပဒါ)ကို ကျင့်ကြံအားထုတ်ကြ
လျှင်ကား အကြောင်းမှန် နည်းလမ်းမှန်အားဖြင့် ရဟန်းပြုကြသည်ဟု ဆိုနိုင်
ပါ၏။
