## PAGE 129

ဘေးဒုက္ခတို့ကြောင့် သံဝေဂဖြစ်ပွား၍ မြတ်စွာဘုရားဟောကြား ဆုံးမတော်
မူအပ်သည့်အတိုင်း ရဟန်းတရား သိက္ခာများကို ကျင့်ကြံပွားများ အားထုတ်
လိုခြင်းဟူသော အကြောင်းမှန် နည်းလမ်းမှန် အားဖြင့်သာလျှင်) အဂါရသ္မာ=
မှ (နိက္ခမိတွာ=ထွက်ခွာကြ၍၊) အနဂါရိယံ=သို့၊ ဝါ=ကို၊ ပဗ္ဗဇန္တိ=ဝင်ရောက်
ကြကုန်၏၊ ဝါ=ကျင့်ကြကုန်၏၊ အနုတ္တရံ=သော၊ ဝါ=သော၊ ဗြဟ္မစရိယပရိယော
သာနံ=မဂ္ဂဗြဟ္မစရိယ၏ အဆုံးစွန်ဖြစ်သော၊ တံ=ထိုအရဟတ္တဖိုလ်ကို၊ ဝါ=သို့၊
ဒိဋ္ဌိဝ ဓမ္မေ ယခုတွေ့ကြုံနေရသောအတ္တဘော၌ပင်လျှင်၊ ဝါ=ယခုဘဝ၌ပင်လျှင်၊
သယံ=ကိုယ်တိုင်သာလျှင်၊ အဘိညာ(အဘိညာယ)=ထူးမြတ်သော ပစ္စဝေက္ခဏာ
ဉာဏ်ဖြင့်၊ သစ္ဆိကတွာ-မျက်မှောက်ပြုကြကုန်၍၊ ဥပသမ္ပန္န ရောက်ကြကုန်၍။
ဝါ=ရကြကုန်၍၊ ဝိဟရိဿထ=နေကြရကုန်လတ္တံ့၊
ဘိက္ခဝေ=တို့၊ တသ္မာ=ထို့ကြောင့်၊ (ထိုသို့တွန့်ဆုတ်ခြင်းမရှိသော
ဝီရိယမည်သည်မှာ ကျေးဇူးများ၍ မြတ်သောအရဟတ္တဖိုလ်အကျိုးကို ပြီးစေ
နိုင်သည်အဖြစ်ကြောင့်) ဣဟ=၌၊ (ဝေါ=တို့သည်) ဧဝံ=၍၊ သိက္ခိတဗ္ဗ=မည်
(ကိန္တိ=၍၊ သိက္ခိတဗ္ဗ=မူ၊) သရီရေ၊ ၌၊ တစောစ=လည်းကောင်း၊ ပ။ န ဘ
ဝိဿတိ=တ္တံ ၊ ဣတိ=ဤသို့ နှလုံးသွင်း၍၊ (မယံ=ငါတို့သည်၊) အပ္ပဋိဝါနံ=
နောက်တွန့်ဆုတ်ခြင်းမရှိဘဲ၊
(ပာနံ=ဝီရိယကို) ပဒဟိဿာမ=အားထုတ်ကုန်အံ့၊
ဣတိ=၍၊ သိဒ္ဓိတဗ္ဗ=မည်၊ ဘိက္ခဝေ=တို့၊ ဧဝံဟိ=လျှင်၊ ဝေါ သိက္ခိတဗ္ဗ
ဣတိ (အဝေါစ) ပဉ္စမံ=ငါးခုမြောက်သုတ်တည်း။
၆-သညောဇနသုတ်
၆။ ဘိက္ခဝေ=တို့၊ ဓမ္မာ=သဘောတရားတို့သည်၊ ဣမေ ဒွေ=တည်း။
ဃ။ သံယောဇနိယေသု=သံယောဇဉ်ဆယ်ပါးတို့၏ အကြောင်းတရား
စီးပွားဖြစ်ကုန်သော။ ဓမ္မေသု=တေဘူမကတရားတို့၌၊ ယာ အဿာဒါနုပဿိတာ
#အကြင်သာယာဖွယ် အနေအားဖြင့် ရှုလေ့ရှိသည် အဖြစ်သည်၊ (အတ္ထိ-ရှိ၏၊
သမ္မဒေဝါတိ န ဣဋ္ဌာ န ဘယဋာ န
ဇီဝိတပကတာ ဟုတွာ၊
ယထာဝါ တထာဝါ ပဗ္ဗဇ္ဇိတာပိ ယေ အနုလောမပဋိပဒံ ပူရေန္တိ၊ တေ
သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ နာမ၊ သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ
(သံယုတ်ဋ္ဌ၊ ပ-၁၈၇။ ဗြဟ္မဒေဝသုတ်အဖွင့်)။
သမ္ပဒေဝါတိ ဥာယေနေဝ၊ သော ပန ယတ္တိ အာဂမနတော ပဋ္ဌာယ
လဗ္ဘတိ၊ ဝတ္တဗ္ဗမေဝ နတ္ထိ၊ အထ ပဋိပဒါရမ္ဘတော ပဋ္ဌာယ လဗ္ဘတိ၊ ဧ၀မ္ပိ
ဝဋ္ဋတေဝါတိ ဒတုံ “ယထာဝါ တထာဝါ”တိ အာဒိ ဝုတ္တံ။ ၎င်းဋိကာ၊ပ-
၂၃၉။

## PAGE 130

သာအဿာ
ဒါနုပဿိတာ စ=ထိုသာယာ . . . .အဖြစ်လည်းကောင်း၊) သံယောဇ
နိယေသု=ကုန်သော၊ ဓမ္မေသု=တို့၌၊ ယာ နိဗ္ဗိဒါနုပဿိတာ=အကြင်ငြီးငွေ့ခြင်း
သဘောအားဖြင့်ရှုလေ့ရှိသည် အဖြစ်သည်(အတ္ထိ=၏၊သာ နိဗ္ဗိဒါနုပဿိတာ
၈=ထိုငြီးငွေ့ . . . . .ဖြစ်လည်းကောင်းတည်း၊)
...
ဘိက္ခဝေ=တို့၊ သံယောဇနိယေသု=ကုန်သော၊ ဓမ္မေသု=တို့၌၊ အဿာဒါ
နုပဿီ=သာယာဖွယ်အနေအားဖြင့် ရှုလျက်၊ ဝိဟရန္တော=နေသောသူသည်၊
ရာဂံ=ရာဂကို၊ န ပဇဟတိ=မပယ်စွန့်၊ ဒေါသံ=ကို။ပ။ ရာဂံ=ကို၊ အပ္ပဟာယ
=မပယ်စွန့်၍၊ ဝါ=မပယ်စွန့်ခြင်းကြောင့်။ ပ။ မောဟံ=ကို၊ အပ္ပဟာယ=၍၊
ဝါ=ကြောင့်၊ ဇာတိယာ=ဘဝဖန်ခါ ခန္ဓာအသစ် ထပ်တလဲလဲဖြစ်ခြင်းမှလည်း
ကောင်း၊ ဇရာယခန္ဓာဟောင်းမြင်းရင့်ရော်ခြင်းမှ လည်းကောင်း၊ မရဏေန=
ခန္ဓာပျက်ယွင်း သေလွန်ခြင်းမှလည်းကောင်း၊ သောကေဟိ= ဝမ်းနည်းပူဆွေးခြင်း
တို့မှ လည်းကောင်း၊ ပရိဒေဝေဟိ=ငိုကြွေးမြည်တမ်းခြင်းတို့မှလည်းကောင်း၊
ဒုက္ခဟိ=ကိုယ်ဆင်းရဲခြင်းတို့မှ လည်းကောင်း၊ ဒေါမနဿေဟိ=စိတ်ဆင်းရဲခြင်း
တို့မှ လည်းကောင်း၊ ဥပါယာသေဟိ=ပြင်းစွာ ပင်ပန်းခြင်းတို့မှ လည်းကောင်း၊
န ပရိမုစ္စတိး-မလွတ်မြောက်နိုင်၊ ဒုက္ခသ္မာ=ဝဋ်ဒုက္ခအားလုံးမှ၊ န ပရိမုစ္စတိ=
နိုင်၊ ဣတိ=ဤသို့၊ ဝဒါမိ=ငါမိန့်ဆို၏။ ပ။ နိဗ္ဗိဒါနုပဿီ=ငြီးငွေ့ ခြင်းသဘော
အားဖြင့် ရှုလျက်။ ပ။ ပဇဟတိ-(မဂ်ဖြင့်) ပယ်စွန့်၏။ ပ၊ ပရိမုစ္စတိ=လွတ်
မြောက်၏။ ပ။ ဘိက္ခဝေးတို့၊ ဓမ္မာ=တရားသဘောတို့သည်၊ ဣမေ ဒွေ=
တည်း။ ပ။ ဆဋ္ဌိ=ခြောက်ခုမြောက်သုတ်တည်း။
၇-ကဏှသုတ်
၇။ ဘိက္ခဝေ=ရဟန်းတို့၊ ကဏှာ=(ပင်ကိုယ် သဘောအားဖြင့်)
မည်းညစ်ကုန်သော၊ ဝါ = မည်းညစ်သောအပါယ်ဘဝနှင့် နိမ့်ကျဘုန်းကွဲ လူ
ဆင်းရဲဘဝ၏ အကြောင်းဖြစ်ကုန်သော၊ ဓမ္မာ=တရားတို့သည်၊ ဣမေ ဒွေ=
၁။ ကဏှာ, သုက္ကာ။ ။“ကဏှာ ဂါဝီ = မည်းနက်သော နွားမ”ဟု
ဆိုရာ၌ မည်းနက်သော အရောင်အဆင်းရှိ၍ ကဏှာဟုခေါ်ရ၏။ သို့သော်
ဤ၌ကား အဟိရိက အနောတ္တပ္ပမည်သော အကုသိုလ်တရားတို့ကို ကဏှာဟု
ခေါ်ဆိုရာ၌ ယင်သို့မည်းနက်သော အရောင်ရှိသောကြောင့် ခေါ်ဆိုသည်မဟုတ်၊
ကဏှာဘိဇာတိနိဗ္ဗတ္တိဟေတုတော = မည်းညစ်ယုတ်ညံ့သော အမျိုးဇာတ်၌ဖြစ်
ခြင်း၏ အကြောင်းဖြစ်သောကြောင့် (ဝါ=ထိုအမျိုးဇာတ်သို့ ပို့ဆောင်တတ်သော
ကြောင့်) ထိုအကုသိုလ်တရားတို့ကို ကဏှာဟု ခေါ်ဆိုရသည်။ ထိုစကားရပ်၌
-

## PAGE 131

တို့တည်း။ ပ။ အဟိရိကဉ္စ=မကောင်းမှုကို မစက်ဆုပ်သည်အဖြစ် လည်းကောင်း၊
(မကောင်းမှုကို မစက်ဆုပ်သော ပုဂ္ဂိုလ်, စိတ်, သမ္ပယုတ်တရားအပေါင်း၏
ဖြစ်ကြောင်း စေတသိက်လည်းကောင်း) အနောတ္တပ္ပဉ္စ=မကောင်းမှုကြောင့်
မကြောက်လန့် သည်အဖြစ် လည်းကောင်း၊ (မကောင်းမှုကြောင့် မကြောက်လန့်
သော ပုဂ္ဂိုလ်, စိတ် သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းစေတသိက်လည်း
ကောင်းတည်း) ဘိက္ခဝေ=တို့၊ ကဏှာ=ကုန်သော၊ ဓမ္မာ=တို့သည်၊ ဣမေ
ဒွေတို့တည်း။ ပ။ သတ္တမံ။
၈(စာပိုဒ်)။ ၈-သုက္ကသုတ်။ ။ သုက္ကာ=(ပင်ကိုသဘောအားဖြင့်) ဖြူစင်
ကုန်သော၊ ဝါ=ဖြူ ခင်ဘုန်းရှိ သုဂတိ ဘဝ၏ အကြောင်းဖြစ်ကုန်သော၊
ဟိရီစ=မကောင်းမှုကို စက်ဆုပ်တတ်သော တရားလည်းကောင်း၊ သြတ္တပ္ပဉ္စ=
မကောင်းမှုကြောင့် ကြောက်လန့်တတ်သော တရားလည်းကောင်းတည်း။ ပ။
အဋ္ဌမံ။
(၁)အပါယ်ဒုဂ္ဂတိဘဝနှင့် (၂)မနုဿဒေါဘဒ္ဒိယဟုခေါ်သော ဘုန်းကံ
မဲ့မွဲလူဆင်းရဲ လူနုံချာဘဝတို့ကို ကဏှာဘိဇာတိ (မည်းညစ်ယုတ်ညံ့သောအမျိုး
ဇာတ်) ဟုခေါ်၏။ ပါဠိတော်မှ ကဏှသဒ္ဒါသည်လည်း နဂိုမူလတုန်းက ထို
ကဏှာဘိဇာတိအနက်ကို ဟော၏။ သို့သော် ဤသုတ်၌ကား အကျိုးဖြစ်သော
ကဏှာဘိဇာတိ၏ ကဏှဟူသော နာမည်ကို အကြောင်းဖြစ်သော အဟိရိက
အနောတ္တပ္ပအကုသိုလ်တရားတို့၌ မှည့်ခေါ်တင်စား၍ ဖလူပစာရအားဖြင့် ထို
အကုသိုလ်တရားတို့ကို ကဏှာဟုဟောတော်မူသည်။
နောက်တနည်းအဖွင့်။ ။ တနည်းအားဖြင့် အကုသိုလ်တရား အားလုံး
တို့သည် အပ္ပဘဿရဘာဝကရဏတော = စိတ်ကိုမတောက်မပြောင် မဲမှောင်
မည်းညစ်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလသဘောအားဖြင့်ပင် မည်းညစ်
သော တရားများဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားတို့ကို ကဏှာဟု
ဟောတော်မူသည်၊ နိဿယခန်း၌ ဤဒုတိယနည်းကို ရှေးဦးစွာ အနက်ပြန်ဆို
ထားသည်။
ထို့အပြင် ကုသိုလ်တရားတို့သည် သုက္ကာဘိဇာတိ(ဖြူစင်ဘုန်းရှိ
သုဂတိဘဝ)၏ အကြောင်းဖြစ်သောကြောင့် (ဝါ=ထိုသုက္ကာဘိဇာတိသို့ ပို့ဆောင်
တတ်သောကြောင့်) ဖလူပစာရအားဖြင့် သုက္ကအမည်ရပုံနှင့် စိတ်ကို ဖြူစင်
တောက်ပြောင်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလ သဘောအားဖြင့်ပင်
သက္ကအမည်ရပုံကိုလည်းသိပါလေ။
