## PAGE 132

၉-စရိယသုတ်
၉။ ဘိက္ခဝေ=တို့၊ ဒွေ=နှစ်ပါးကုန်သော၊ သုက္ကာ=ဖြူစင်ကုန်သော၊
ဣမေ ဓမ္မာ = ဤတရားတို့သည်၊ လောကံ = သတ္တလောကကို၊ ပါလေန္တိ=
စောင့်ရှောက်ကုန်၏။ ပ။ ဘိက္ခဝေ=တို့၊ ဒွေ=ကုန်သော၊ သုက္ကာ ကုန်သော၊
ဣမေ ဓမ္မာတို့သည်၊ လောကံ=ကို၊ န ပါလေယျုံ =မစောင့်ရှောက်ကုန်အံ့။
ဣဓ၊ဤလောက၌၊ မာတာတိဝါ=အမိဟူ၍လည်းကောင်း၊ မာတုစ္ဆာတိ ဝါ=
မိကြီး မိထွေးဟူ၍ လည်းကောင်း၊ [အမိ၏ အမ ညီမတည်း] မာတုလာနီတိ
ဝါ-ဦးကြီး ဦးလေး၏ မယားဟူ၍ လည်းကောင်း၊ အာစရိယဘရိယာတိ ဝါ =
ဆရာ၏ မယားဟူ၍ လည်းကောင်း၊ ဂရူနံ=လေးစားထိုက်သော ဘကြီး ဘထွေး
စသည်တို့၏၊ ဒါရာတိ ဝါ=မယားဟူ၍ လည်းကောင်း၊ နု ပညာယေထ=
(အလေးဂရု စိတ်၌ပြုသောအားဖြင့်) မထင်ရှားလေတော့ရာ၊ ဝါမသိအပ်နိုင်
တော့ရာ၊ အဖေဠကာ ယထာ=ဆိတ်,သိုးတို့ ကဲ့သို့လည်းကောင်း၊ [အဇ+ဧဠက]
ကုက္ကုဋ သူကရာ ယထာ=ကြက်, ဝက် တို့ကဲ့သို့ လည်းကောင်း၊ သောဏ
သိင်္ဂါလာ ယထာ=အိမ်ခွေး, တောခွေးတို့ကဲ့သို့ လည်းကောင်း၊ လောကော=
လူအပေါင်းသည်၊ သမ္ဘေဒံ=ရောယှက်ဆက်ဆံခြင်းသို့၊ ဝါ=စည်းကမ်းဖောက်
ဖျက်ခြင်းသို့၊ အဂမိဿ-ရောက်ခဲ့လေရာပြီ၊ ဘိက္ခဝေ=တို့၊ စ=ထိုသို့မဟုတ်မူ၍၊
ယသ္မာ=အကြင့်ကြောင့်။ ပ။ ပါလေန္တိ=ကုန်၏၊ တသ္မာ=ထို့ကြောင့်၊ မာတာတိဝါ
=ဟူ၍လည်းကောင်း။ပ။ ဒါရာတိ ဝါ=၍လည်းကောင်း၊ ပညာယတိ-ထင်ရှား၏၊
ဝါ = သိအပ်သိနိုင်၏။ ဣတိ (အဝေါစ) နဝမံ။
၁၀-ဝသူပနာယိကသုတ်
၁ဝ။ ဘိက္ခဝေ=တို့၊ ဝသူပနာယိကာ=မိုးလပတ်လုံး သီးတင်းသုံးမှီတင်း
ကပ်ရောက်ခြင်းတို့သည်၊ ဝါ=ဝါကပ်ခြင်းတို့သည်၊ ဣမာ ဒွေ=ဤနှစ်ပါး
တို့တည်း၊ [ဝဿံ အာဝါသော ဝဿာဝါသော=မိုးလပတ်လုံး နေထိုင်ခြင်း၊
ဥပနယနံ ဥပဂမနံ ဥပနာယော၊ ဝဿာဝါသဿ ဥပဇာယော ဝသူပနာယော၊
အာဝါသပုဒ်ကျေ၏၊ သော ဧဝ ဝသူပနာယိကာ=မိုးလပတ်လုံးနေခြင်းသို့
ကပ်ရောက်ခြင်း] ပုရိမိကာ စ=ရှေ့၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်း၊ ဝါ
=ပုရိမဝါကပ်ခြင်းလည်းကောင်း၊ ပစ္ဆိမိကာ စ=နောက်၌ဖြစ်သော ဝါကပ်ခြင်း
လည်းကောင်းတည်း၊
ဝါ=ပစ္ဆိမဝါကပ်ခြင်းလည်းကောင်းတည်း။ ပ။ ဣတိ
(အဝေါစ) ဒသမံ-ဆယ်ခုမြောက်သုတ်တည်း၊ ပဌမော=ရှေးဦးစွာသော၊ ကမ္မ
ကရဏဝဂ္ဂေါ-ကမ္မကရဏဝဂ်တည်း။
တဿ=ထိုကမ္မကရဏဝဂ်၏၊ ဥဒ္ဒါနံ=ဥဒ္ဒါန်းကား၊ ဝါ=ဆိုအပ်ခဲ့ပြီးသော
သုတ်တို့ကို နောက်ကာလ၌ မမေ့ပျောက်အောင် စောင့်ရှောက်တတ်သောခေါင်း

## PAGE 133

စဉ်ကား၊ ဥဒ္ဓံ-အထက်(နောက်ကာလ)၌၊ ဒါတိ ရက္ခတီတိ ဥဒ္ဒါနံ] ဝဇ္ဇာ=
ဝဇ္ဇသုတ်လည်းကောင်း၊ ပဓာနာ=ပဓာနသုတ်လည်းကောင်း၊ ဒွေ=နှစ်ပါးကုန်
သော၊ တပနီယာ=တပနီယသုတ်, အတပနီယသုတ်တို့ လည်းကောင်း၊ ပဉ္စမံ
=ငါးခုမြောက်သော၊ ဥပညာတေန=ဥပညာတသုတ် လည်းကောင်း၊ သံယောဇနဉ္စ
=သံယောဇနသုတ်လည်းကောင်း၊ ကဏှဉ္စ=ကဏှသုတ်လည်းကောင်း၊ သုက္ကဉ္စ
သုက္ကသုတ်လည်းကောင်း၊ စရိယာ=စရိယသုတ်လည်းကောင်း၊ ဝသူပနာယိကာ
=ဝပနာယိကာသုတ် လည်းကောင်းတည်း၊ ဝဂ္ဂေါ =ကမ္မကရဏဝဂ်တည်း။
ပြခဲ့သော သုတ်တို့၏ ရှေ့နောက်အစဉ်ကို ပါဠိကျက်သူတို့ မမေ့ပျောက်နိုင်အောင်
ဖြစ်သလို စီစဉ်ထားသော ခေါင်းစဉ်ဂါထာမျှသာ ဖြစ်၏။ ထို့ကြောင့် ဤ
ဥဒါန်းဂါထာကို အနက်ပေးရာ၌ ဝိဘတ်ကို ဂရုစိုက်စရာ မလိုပါ၊ သိပ်လည်း
အကျိုးမများလှသောကြောင့် နောက်ဝဂ်များ၌ အနက်ပေးပြတော့မည် မဟုတ်]
၁၁။ ဘိက္ခဝေ=တို့၊ ဗလာနို=စွမ်းအားတို့သည်၊ (ဆန့်ကျင်ဘက်
အကုသိုလ်တို့ မလှုပ်ရှားစေနိုင်သော စွမ်းအားတို့သည်။ ဝါ=ဆန့်ကျင်ဘက်
အကုသိုလ်တို့ မလွှမ်းမိုးနိုင်, မချေမှုန်းနိုင်သော စွမ်းအားတို့သည်) ပ။ ပဋိ
သင်္ခါန ဗလဉ္စ=စဉ်းစားဆင်ခြင် သိမြင်ခြင်းဟူသော စွမ်းအားလည်းကောင်း၊
(မစဉ်းစား မဆင်ခြင် မသိမြင်သော မောဟသည် မလှုပ်ရှားစေနိုင်, မလွှမ်းမိုး
မချေမှုန်းနိုင်သော စဉ်းစားဆင်ခြင် သိမြင်သော ဉာဏ်ပညာဟူသော စွမ်းအား
လည်းကောင်း) ဘာဝနာဗလဥ့်=တိုးပွားစေခြင်းဟူသော စွမ်းအားလည်းကောင်း
တည်း၊ ကတမဉ္စ ဘိက္ခဝေ စသည်ဖြင့် အကျယ်ဟောဦးမည် ဖြစ်၍ အကျဉ်း
ချုပ် သာမညမျှသာ အနက်ဆိုပါ] ။ပ။
HON
ဘိက္ခဝေ=တို့၊ ပဋိသင်္ခါနုဗလံ= စဉ်းစားဆင်ခြင် သိမြင်ခြင်းဟူသော
N
၁။ ဘာဝနာဗလံ ။ ။ ဋီကာ၌မူ ဓမ္မသင်္ဂဏီပါဠိ... ငိုတို့ကိုယူ၍
အနက်ဖွင့်သေး၏။ ထိုအတိုင်းဆိုလျှင် “ဘာဝနာဗလဉ္စ=ဝီရိယတရား အကြီး
အကဲထား၍ ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ဖြစ်ပွားစေခြင်း ဟူသော စွမ်းအား
လည်းကောင်း၊ ဝါ=ဝီရိယတရား အကြီးအကဲထား၍ ဖြစ်ပွားစေအပ်သော
ဗောဇ္ဈင်ခုနစ်ပါး အစွမ်းအားလည်းကောင်း”ဟု အနက် ဆိုရာ၏။ ထိုအဖွင့်သည်
သတိသမ္ဗောဇ္ဈဂံ ဘာဝေတိ ဝိဝေကနိဿိတံ စသောပါဠိတော်နှင့် ဆီလျော်၏။

## PAGE 134

စွမ်းအားဟူသည်၊ ကတမဉ္ဇူ=အဘယ်နည်း၊ ဘိက္ခဝေ=တို့၊ ဣဓ=၌၊ ဝဇ္ဇ
သုတ်ပြန်ကြည့်] ပ။ ဒိဋ္ဌိ=မျက်မှောက်ထင်ထင် တွေ့မြင်အပ်သော၊ ဓမ္မေစေဝ
=ယခုပစ္စုပ္ပန် အတ္တဘော၌လည်းကောင်း ယခုပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာ တရားတည်း
ဟူသော အတ္တဘော၌လည်းကောင်း။ စတုက္ကနိပါတ်ဋီကာ၊ ၃၆၉] ဝါ=ယခုပစ္စုပ္ပန်
ဘဝ၌လည်းကောင်း၊ အဘိသမ္ဗရာ ယဉ္စ=နောက်ထပ် လားရောက်ရမည့် အနာ
ဂတ် အတ္တဘော၌လည်းကောင်း၊ ဝါ=နောင်တမလွန်ဘဝ၌လည်းကောင်း၊
ကာယဒုစ္စရိတဿ =၏၊ ပါပကော=သော၊ ဝိပါကော=သည်၊ (ဟောတိ=၏)
။ပ။ ဣတိ=သို့၊ (ပဋိသန္နိက္ခတိ=၏) သော=ထိုသူသည်၊ ဣတိ=ဤသို့၊ ပဋိ
သင်္ခါယ=ဆင်ခြင်စဉ်းစား၍ ပ။ ဘိက္ခဝေ=တို့၊ ဣဒံ=ဤစွမ်းအားကို၊ (မျက်
မှောက် တမလွန် နှစ်တန်သောဘဝ၌ ဒုစ္စရိတ် အကုသိုလ်၏ ဆိုးဝါးသော
အကျိုးဝိပါက်ကို စဉ်းစားဆင်ခြင် သိမြင်၍ ဒုစ္စရိတ်ကို ပယ်ရှားလျက်
သုစရိတ်ကို ဖြစ်ပွားစေခြင်း ဟူသော စွမ်းအားကို) ပဋိသင်္ခါနဗလံ =ပဋိသင်္ခါနု
ဗလမည်၏ဟူ၍၊ ဝုစ္စတိ =ဆိုအပ်၏။ ယခင်စာပိုဒ် (၁)ဝဇ္ဇသုတ်လည်းကြည့်]။ပ။
ဘိက္ခဝေ=တို့၊ တတြ=ထိုနှစ်မျိုးသောစွမ်းအားတို့တွင်၊ ယံ ဣဒံ
ဘာဝနာဗလံ=အကြင် တိုးပွားစေခြင်းဟူသော စွမ်းအားသည်၊ (အတ္ထိ=ရှိ၏)
ဧတံ ဗလံ-ဤတိုးပွားစေခြင်းဟူသော စွမ်းအားသည်၊ သေခါနံ=သေက္ခပုဂ္ဂိုလ်
ခုနစ်ဦးတို့၏၊ ဗလံ =ဉာဏ်အစွမ်းအားတည်း၊ ဘိက္ခဝေ=တို့၊ သော-ထိုပုဂ္ဂိုလ်
သည်၊ သေခံ=သေက္ခ ပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊ ဗလံ ဟိ=ဉာဏ်
အစွမ်းအားကိုသာလျှင်၊ အာဂမ္မ-ရည်မှန်း၍ ။ပ။ ယံ=အကြင်တရားသဘောသည်၊
အကုသလံ=အကုသိုလ်မည်၏။တံ=ထိုအကုသိုလ်တရားသဘောကို၊ န ကရောတိ
=မပြုလုပ်၊ ယံ=အကြင်တရားသဘောသည်၊ ပါပံ=ယုတ်မာ၏၊ တံ-ထိုယုတ်မာ
သော တရားသဘောကို၊ နှ သေဝတိ-မမှီဝဲ၊ ဘိက္ခဝေ=တို့၊ ဣဒံ=ဤစွမ်း
အားကို၊ (ဤရာဂစသည်ကို ပယ်သတ်ကြောင်းဖြစ်သော သေခဗလကို တိုးပွား
စေခြင်းဟူသော စွမ်းအားကို) ဘာဝနာဗလံ=ဘာဝနာဗလဟူ၍၊ ဝုစ္စတိ ၏။ပ
၁၂။ ဘိက္ခဝေ=တို့၊ ဣဓ=ဤသာသနာတော်၌၊ ဝါ=ဤသာသနာ
တော်က၊ ဘိက္ခု=ရဟန်းသည်၊ သတိသမ္ဗောဇ္ဈင်္ဂ=သတိသမ္ဗောဇ္ဈင်ကို၊ (ဝိဂြိုဟ်
နက်ကို ဧကကနိပါတ် စာပိုဒ်-၇၄၊ ၄၁၂-၌ကြည့်] ဝိဝေကနိဿိတံ= သင်္ခတ
တရား အားလုံး ကင်းဆိတ်သုဉ်းသည့် နိဗ္ဗာန်ကို အမှီတံကဲ ပြုနေအောင်၊
[ဣဓ ပန နိဗ္ဗာနံယေဝ"စသော ဣဓာဓိတတ္ထ အဋ္ဌကထာ အဖွင့်အတိုင်း
အနက် ပေးသည်] ဝိရာဂနိဿိတံ=သင်္ခတတရားအားလုံးတို့ ပျက်စီးရာနိဗ္ဗာန်ကို
