## PAGE 144

တညီတညွတ်တည်း နှီးနှောမိပြီ၊ (ကျန်းမာသာရေး စသည်မေးကာ ညီညာဆိုပြော
နှီးနှောမိပြီ) သမ္မောဒနိယံ=ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။ သာရဏီယံ
အဖန်ဖန်အထပ်ထပ် အမှတ်ရသင့်သော၊ ကထံ=စကားကို၊ ဝိတိသာရေတွာ
ဧပြီးဆုံးစေပြီး၍၊ ဧကမန္တံ =သင့်လျော်သည့် တခုသောနေရာ၌၊ (ဝေး, နီး
ရှေ့, နောက်၊ မြင့်မောက်, လေညာ၊ ခြောက်ဖြာထိုင်ခြင်း, အပြစ်ကင်းကွာ,
တခုသောနေရာ၌) ဝါ=သင့်လျော်သည့် တခုသောနေရာ၌ ထိုင်ရာရောက်
အောင်၊ ဝါသင့်လျော်လျောက်ပတ်စွာ၊ နိသီဒိ=ထိုင်နေပြီ၊ ဧက မန္တ =၌၊ ဝါ=
အောင်၊ ဝါ=စွာ၊ နိသိန္နော=ထိုင်နေပြီးသော၊ သော ဗြာဟ္မ ဏော=ထိုပုဏ္ဏားသည်၊
ဘဂဝန္တံ=မြတ်စွာဘုရားကို၊ ဧတံဤစကားကို၊ အဝေါစ=မေးလျှောက်ပြီ။
(ကိန္တိ=အဘယ်သို့၊ အဝေါစ=မေးလျှောက်သနည်းဟူမူ)
ဘော ဂေါတမ=အရှင်ဂေါတမ၊ ယေန (ဟေတုနာ)=အကြင်အကြောင်း
ဟိတ်ကြောင့်၊ ယေန (ပစ္စယေန) အကြင်အကြောင်းပစ္စည်းကြောင့်၊ အနက်တူ
ဖြစ်သော ဟေတုနှင့် ပစ္စယပါဠိနှစ်ပုဒ်ကို အနက်တူမြန်မာပရိယာယ် နှစ်မျိုး
လဲလှယ်ပြန်ဆိုနိုင်လျှင် သာ၍ ကောင်းမည်] ဣဓ=ဤလောက၌၊ ဧကစ္စ =
အချို့ကုန်သော၊ မိဓေကစ္စေ=ဣဓ+ဧကန္ဓေ သတ္တာ သတ္တဝါတို့သည်၊ ကာယဿ
=၏၊ [ဧကကနိပါတ် စာပိုဒ်-၄၃-ကြည့်] ။ပ။ ဥပပဇ္ဇန္တိ=ကုန်၏၊ သော
ဟေတု=ထိုငရဲသို့ လားရောက်ခြင်း၏ အကြောင်းဟိတ်သည်၊ ကော နုခေါ=
အဘယ်ပါနည်း၊ သော ပစ္စယော=ထိုငရဲသို့ လားရောက်ခြင်း၏ အကြောင်းပစ္စည်း
သည်၊ ကော= အဘယ်ပါနည်း၊ ဣတိ=သို့ (အဝေါစမေးလျှောက်ပြီ)
ဗြာဟ္မဏ=ပုဏ္ဏား၊ အဓမ္မ စရိယာ+ဝိသမစရိယာ+ဟေတု= မတရား
သော အကုသိုလ်အမှုကို ပြုကျင့်ခြင်းဟု ဆိုအပ်သော+မမျှမတကျင့်ခြင်း
ဟူသော+အကြောင်းကြောင့်၊ ဝိသမံ စရိယာ=မမျှမတကျင့်ခြင်း၊ (တနည်း)
ဝိသမဿ စရိယာ မမျှတသော အလုပ်ကို ပြုလုပ်ခြင်းဟု အဋ္ဌကထာ၌
ဝစနတ္ထနှစ်မျိုး ပြ၏] ဧဝံ=ဤသို့၊ ဝါ-ဤသင်မေးလျှောက်သည့်အတိုင်း၊
“သာရဏီယံ=အမြဲမသွေ ကြာမြင့်စွာ ဖြစ်တည်နေစေသင့်သော” ဟု အနက်ဆို။
ဧကမန္တံ ၌-ဧက=တခုသော+အန္တ (ကောဋ္ဌာသ) ဧ နေရာအရပ်အဖို့။ ဧကသ္မိံ
အန္တေ ယုတ္တပဒေသေတိ အတ္ထော။ ဝိမတိဋီကာ၊ ပ-၆၇။ ဧကမန္တန္တိ ဘာဝန
ပုံသကနိဒ္ဒေသော၊ ဧကသ္မိံ ဌာနေ၊ အတိသမျှ ဝါဒိကေ ဆ နိသဒေါသေ
ဝဇ္ဇေတွာ ဧကသ္မိံ ပဒေသတိ အတ္ထော။ ဥဒါန်းအဋ္ဌကထာ၊ ၄၉။

## PAGE 145

ဣဓ=၌ ။ပ။ ဥပပဇ္ဇန္တိ-၏၊ ဣတိ (အဝေါစ-မိန့်တော်မူပြီ) ဘော ဂေါတမ"
မ၊ ယေန(ဟေတုနာ)-ကြောင့်။ပ။ ဥပပဇ္ဇန္တိ=၏၊ သော ဟေတု=ထိုနတ်ပြည်သို့
လားရောက်ခြင်း၏ အကြောင်းသည်၊ ကော နုခေါ=နည်း၊ သော ပစ္စယော=
ထိုနတ်ပြည်.......ပစ္စည်းသည်၊ ကော= နည်း၊ ဣတိ (အဝေါစ) ဗြာဟ္မဏ=
ဏ္ဏား၊ ဓမ္မစရိယာ သမ္မစရိယာဟေတု = ကုသိုလ်တရားကို ပြုကျင့်ခြင်းဟု
ဆိုအပ်သော မျှတစွာ ကျင့်ခြင်းဟူသော အကြောင်းကြောင့် ။ပ။ ဒသကနိပါတ်
စာပိုဒ်(၂၂၀)အဓမ္မစရိယာသုတ်၌ ဟောတော်မူသည့်အတိုင်း အကုသလကမ္မပထ
တရားဆယ်ပါးကို အဓမ္မစရိယာ ဝိသမစရိယာဟု ခေါ်၍ ကုသလကမ္မပထ
တရားဆယ်ပါးကို ဓမ္မစရိယာ သမစရိယာခေါ်၏]
-
ဘော.ဂေါတမ= အရှင်ဂေါတမ၊ အဘိက္ကန္တ =အလွန်လိုလား နှစ်သက်
အပ်ပါပေ၏၊ ဝါ=အလွန်ကောင်းပါပေ၏၊ ဘော ဂေါတမမ၊ အဘိက္ကန္တံ =၏၊
၁။ အဘိက္ကန္တံ ဘော ဂေါတမ။ ။ ဤ၌ နောက်တနည်းအဖွင့်များကား--
ဘော ဂေါတမ=အရှင်ဂေါတမ။ (ဝစနံ=အရှင်ဂေါတမ၏ တရားစကားတော်ကို၊
ဝါ=သည်)အဘိက္ကန္တ =အလွန်လိုလား နှစ်သက်အပ်ပါပေ၏။ ဝါ= အလွန်
ကောင်းပါပေ၏။ ဘော ဂေါတမ=မ၊ (ပသာဒနံ=တရားစကားတော် ကြောင့်
အကျွန်ုပ်၏ ကြည်ညိုခြင်းကို၊ ဝါ-သည်) အဘိက္ကန္တံ=၏၊ ဝါ=၏၊ ဤ
နည်းကား အာမေဍိတ်မဟုတ်။ ရှေ့အဘိက္ကန္တ သဒ္ဒါဖြင့် တရားစကားတော်ကို
ချီးကျူး၍ နောက်အဘိက္ကန္တ သဒ္ဓါဖြင့် မိမိ၏ ကြည်ညိုမှုကို ချီးကျူးသည်]
တနည်း- ဘော ဂေါတမ=မ၊ (ဝစနံ=တရားစကားတော်သည်)
အဘိက္ကန္တံ =ကိလေသာအပြစ်ကို ဖျက်ဆီးတတ်သည် အဖြစ်ကြောင့် အလွန်
ကောင်းပါပေ၏။ ဘော ဂေါတမ=မ၊ (ဝစနံ=သည်) အဘိက္ကန္တ သီလစသော
ဂုဏ်တို့ကို ရစေနိုင်သည် အဖြစ်ကြောင့် အလွန်ကောင်းပါပေ၏။
တနည်း-ဘောဂေါတမ-မ၊ (ဝစနံ=သည်) အဘိက္ကန္တံ=သဒ္ဓါတရား
ဖြစ်ပွားစေနိုင်သည် အဖြစ်ကြောင့် အလွန်ကောင်းပါပေ၏။ ဘော ဂေါတမမ၊
(ဝစန်=သည်) အဘိက္ကန္တပညာတရား ဖြစ်ပွားစေနိုင်သည် အဖြစ်ကြောင့်
အလွန်ကောင်းပါပေ၏။ ဤသို့ စသည်ဖြင့် အကြောင်းပြချက် နှစ်မျိုးစီ
နှစ်မျိုးစီကို စိတ်ဖြင့် ရည်မှန်းကာ နှစ်ကြိမ်တိတိ မြွက်ဆိုအပ်သော အဘိက္ကန္တ
သဒ္ဒါတို့ဖြင့် ပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကိုသာ
ချီးကျူးသည်ဟု အဋ္ဌကထာ၌ နောက်တနည်း ဖွင့်ပြတော်မူ၏]

## PAGE 146

[0000
ကြည်ညိုခြင်း,ချီးကျူးခြင်း ဖြစ်သောကြောင့် အဓိပ္ပါယ်တမျိုးတည်းကိုပင်
နှစ်ကြိမ်ထပ်၍ မြွက်ဆိုအပ်သော အာမေဋိတ် စကားတည်း] ဘော ဂေါတမမ၊
နိက္ကုဇ္ဇိတံ=(တစုံတယောက်က) မှောက်၍ “ ထားအပ်သော အိုးခွက်ကို၊ ဝါ
=(အလိုအလျောက်) မှောက်လျက်တည်နေသော အိုးခွက်ကို၊ ဥက္ကုဇ္ဈေယျ
သေယျထာပိ ဝါ=လှန်ပြရာသကဲ့သို့ လည်းကောင်း၊ ပဋိစ္ဆန္နံ= မြက်သစ်ရွက်
စသည်တို့ဖြင့် ဖုံးအုပ်ထားအပ်သော အရာဝတ္ထုကို၊ ဝိဝရေယျ သေယျထာပိ
ဝါ=ဖွင့်ဖော်ပြရာသကဲ့သို့ လည်းကောင်း၊ မူဠဿ အရပ်မျက်နှာတို့၌ တွေဝေ
နေသူအား၊ ဝါ=မျက်စိလည် လမ်းမှားနေသူအား မဂ္ဂ=လမ်းမှန်ကို၊ အာစိက္ခေယျ
သေယျထာပိ ဝါ=ပြောပြရာ သကဲ့သို့ လည်းကောင်း၊ “စက္ခုမန္တော=မျက်စိရှိသော
သူတို့သည်၊ ရူပါနိ=အရောင်အဆင်းတို့ကို၊ ဝါ=မြင်စရာဟူသမျှတို့ကို၊ ဒန္တိ
=မြင်ကြရကုန်လိမ့်မည်” ဣတိ=ဤသို့ ကြံစည်၍၊ အန္ဓကာရေ=အမိုက်မှောင်၌၊
(တောကြီးမြိုင်အုပ်, လဆုတ်ဆယ့်လေး, တိမ်မြှေးဖုံးကာ, သန်းခေါင်ခါဟု
လေးဖြာစုံခိုက် အမိုက်တိုက်၌) တေလပဇ္ဇောတံ=ဆီမီးတန်ဆောင် အလင်း
ရောင်ကို၊ ဓာရေယျ သေယျထာပိ ဝါ=ညှိထွန်းဆောင်ပြရာသကဲ့သို့လည်းကောင်း။
ဧဝမေဝံ=ဤအတူပင်၊ ဘောတာ ဂေါတမေန=အရှင်ဂေါတမသည်း
အနေကပရိယာယေန=များစွာသော နည်းပရိယာယ်ဖြင့်၊ ဓမ္မော=တရားတော်ကို၊
ပကာသိတော=ထင်ရှားပြတော်မူအပ်ပါပြီ၊ ဧသာဟံ (ဧသော အဟံ)= ထို
အကျွန်ုပ်သည်၊ ဘဝန္တိ ဂေါတမံ=အရှင်ဂေါတမကို၊ သရဏံ- ကိုးကွယ်
အားထားရာ ဟူ၍၊ (ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍) ဂစ္ဆာမိ=
ဆည်းကပ်ပါ၏၊ ဝါ-သဘောပေါက်သိမြင်ပါ၏။ ဓမ္မဉ္စ=ဆယ်ပါးသော တရား
တော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ=ရှစ်ပါးသော အရိယာရဟန်းတော်အပေါင်း
ကိုလည်းကောင်း၊ (သရဏံ=၍၊ ဂစ္ဆာမိ=၏) အဇ္ဇတဂ္ဂေ ’ယနေ့ကို အစပြု၍၊
"
၁၊ အဇ္ဇတဂ္ဂေ၊ အစ္စတွေ။ ။ “အဇ္ဇန္တိ အဣစ္စေဝ အတ္တော”ဟု
တာပစ္စည်း၏ အနက်ကို ဝေဖြင့် ပယ်မြစ်လျက် ဋီကာဖွင့်ထား၏။ ထို့
ကြောင့် အဋ္ဌကထာ၌ “အစ္စတန္တိ အဇ္ဇဘဝံ”ဟု (ဘ)၌ ရဿဖြင့်ရှိသော
သီဟိုဠ်မူသာ ပါဌ်မှန် ဖြစ်သင့်၏။ အဇ္ဇဘဝန္တိ အသိ အဟနိ ပဝတ္တံ ပသာ
ဒါ3: ဟူသော ဝိမတိဋီကာ၊ (ပ-၈၈)၌လည်း ဘဝ၏ ပရိယာယ် ပဝတ္တပုဒ်ဖြင့်
ဖွင့် ၏။ ထိုအဖွင့်ဖြင့် “ယနေ့ကို အစပြု၍”ဟူရာ၌ “ယနေ့ ကြည်ညိုမှု ဖြစ်
