## PAGE 156

ပြုအပ်ခဲ့ဖူးသော ကျေးဇူးကိုမသိတတ်သည် အဖြစ်သည်၊ ယဒိဒံ (ယာအယံ)
အကတဝေဒိတာ=အကြင်သူတပါး ပြုအပ်ခဲ့ဖူးသော ကျေးဇူးကို ထင်ရှား
ဖော်ပြကာ မသိတတ်သည်အဖြစ်သည်၊ (အတ္ထိ-ရှိ၏) ဧတံ=ဤသူတပါး
ပြုခဲ့ဖူးသော ကျေးဇူးကိုမသိတတ်သည်အဖြစ်ကို၊ အသဋ္ဌိ=သူယုတ်မာတို့သည်၊
ဥပညာတံ=(ချီးမွမ်းခြင်း၏အစွမ်းဖြင့်)ကပ်ရောက်၍ သိအပ်ပြီ၊ ဝါ=ချီးမွမ်းအပ်ပြီ၊
ဘိက္ခဝေ=တို့၊ ယဒိဒံ အကတညုတာ=သည်၊ ယဒိဒံ အကတဝေဒိတာ=သည်၊
(အတ္ထိ) ကေဝလာ=အားလုံးစုံသော၊ ဧသာ=ဤသူတပါး ပြုအပ်ခဲ့ဖူးသော
ကျေးဇူးကို မသိတတ်သည်အဖြစ်သည်၊ အသပ္ပုရိသဘူမိ-ဌာနမည်၏၊ ဘိက္ခဝေ
=တို့၊ သပ္ပုရိသော စ=သူတော်ကောင်းသည်ကား၊ ကတညူ=ဇူးကိုသိတတ်သည်၊
ကတဒေဝီ=ဇူးကိုထင်ရှားဖော်ပြကာ သိတတ်သည်၊ ဟောတိ=၏၊ ဘိက္ခဝေ=တို့၊
ယဒိဒံ ကတညုတာ=ဇူးကို သိတတ်သည်အဖြစ်သည်၊ ယဒိဒံ ကတဝေဒိတာ
=ဇူးကိုထင်ရှားဖော်ပြကာ သိတတ်သည် အဖြစ်သည်၊ (အတ္ထိ) ဧတံ-ဤ
သူတပါးပြုအပ်ခဲ့ဖူးသော ကျေးဇူးကို သိတတ်သည်အဖြစ်ကို၊ သမ္ဘိ-သူတော်
ကောင်းတို့သည်၊ ဥပညာတံ=ပြီ။ပ။ ဣတိ (အဝေါစ=မိန့်)
၃၄။ ဘိက္ခဝေ=တို့၊ ဒွိန္နံ=နှစ်ဦးသောပုဂ္ဂိုလ်တို့ကို၊ န သုပ္ပတိကာရုံ=
လွယ်ကူစွာ အတုံ့ပြန်၍ ကျေးဇူးမပြုနိုင်ခြင်းကို၊ ဝါ=လွယ်ကူစွာ ကျေးဇူး
မဆပ်နိုင်ဟူ၍၊ အဟံ=ငါသည်၊ ဝဒါမိ=ဟောတော်မူ၏၊ ကတမေသံ 'ဒွိန္
=အဘယ်နှစ်ဦးသော ပုဂ္ဂိုလ်တို့ကိုနည်းဟူမူ၊ မာတုစ=အမိကိုလည်းကောင်း၊
ပိတုစအဘကိုလည်းကောင်းတည်း၊ ဘိက္ခဝေ=တို့၊(ပုတ္တော=သားသည်)
ဝဿသတာယုကော=အနှစ်တရာ အသက်တမ်းရှိသည်၊ ဝါ=အနှစ်တရာ
သက်တမ်းရှိရာအခါ၌ ဖွားမြင်သည် (ဟုတွာ=ဖြစ်၍) ဝဿသတဇီဝီ=အနှစ်တရာ
ပတ်လုံး အသက်ရှည်ရှည် တည်နေလျက်၊ ဧကေန=တဖက်သော၊ အံသေန
=လက်ယာပခုံး၌၊ မာတရံ=မိခင်ကို၊ (ဌပေတွာ=တင်ထား၍) ပရိဟရေယျ
=ပြုစုစောင့်ရှောက်ငြားအံ့၊ ဧကေန=သော၊ အံသေန=လက်ဝဲပခုံး၌၊ ပိတရံ=
ဘခင်ကို၊ (ဌပေတွာ)ပရိဟရေယျ=အံ့၊ စ=ထိုမျှမကသေး၊ သော=ထိုသားသည်၊
နေသံ=(ပခုံးပေါ်မှာပင်ရှိသော) ထိုမိဘတို့ကို၊ ဥစ္ဆာဒန+ပရိမဒ္ဒန+ာပန+
သမ္မာဟနေန=နံ ့သာဖြင့် ပွတ်တိုက်လိမ်းကျံပေးခြင်း+လက်ခြေတို့ကို ဆုပ်နှယ်
ပေးခြင်း+ရေအေး ရေနွေး ချိုးပေးခြင်း+လက်ခြေတို့ကို ဆွဲဆန့်ပေးခြင်းဖြင့်၊
(ဥပဋ္ဌာနံ=လုပ်ကျွေးပြုစုခြင်းကို၊ ကရေယျ=ပြုလုပ်ငြားအံ့)စ=ထိုမျှမကသေး၊
တေ-ထိုမိဘတို့သည်၊ တစ္ဆေဝ=ထိုသား၏ ပခုံးနှစ်ဖက်တို့၌ပင်၊ (နိသိန္နာ၊’

## PAGE 157

ထိုင်ကုန်လျက်) မုတ္တကရိသံ=ကျင်ငယ် ကျင်ကြီးကို၊ စဇေယျ=စွန့်ကုန်ငြားအံ့၊
ဘိက္ခဝေ= တို့၊ (ဧဝံပိ= ဤမျှလောက် ပြုစုစောင့်ရှောက်ပါသော်လည်း)
မာတာပိတူနံ=မိဘတို့အား၊ ကတံဝါ=ကျေးဇူးပြုအပ်ပြီးသည်လည်းကောင်း၊
ပဋိကတံဝါ=အတုံ့ပြန်၍ ကျေးဇူးပြုအပ်ပြီးသည်လည်းကောင်း၊ ဝါ=ကျေးဇူးဆပ်
အပ်ပြီးသည်လည်းကောင်း၊ နတွေဝ ဟောတိ=မဖြစ်နိုင်သေးသည်သာ။
ဘိက္ခဝေ=တို့၊ စ=ဤမျှမကသေး၊ ပဟူတရတ္တရတနာယများသော
တပ်မက်ဖွယ်ရတနာရှိသော၊ ဣမိဿာ မဟာပထဝိယာ=ဤမြေကြီး၏၊ ဝါ=၌၊
မာတာပိတရော=အမိအဘတို့ကို၊ ဣဿရာဓိပစ္စေ-စိုးမိုးအုပ်ချုပ်သူဟူသော
အကြီးအကဲအဖြစ်ရှိသော၊ ဝါ=စိုးမိုးအုပ်ချုပ် အကြီးအကဲပြုလုပ်ရခြင်းရှိသော၊
ဣဿရာ စ တေ အဓိပတယောစာတိ ဣဿရာဓိပတယော၊ ဣဿရာဓိပတိနံ
ဘာဝေါ ဣဿရာဓိပန္နံ၊ တံ အဿ ရဇ္ဇဿ အတ္ထိတိ ဣဿရာဓိပတ္ထံ။
တိကနိပါတ် စာပိုဒ်-၇၁-ဥပေါသထသုတ်ကြည့်] ရဇ္ဇေ=စကြဝတေးမင်း
အဖြစ်၌၊ ဝါ=စကြတေမင်း၏ ရာထူး၌၊ ပတိဋ္ဌာပေယျ=တည်စေငြားအံ့၊
ဘိက္ခဝေ=တို့၊ (ဝံပိ=ဤသို့ပင်' တည်စေပါသော်လည်း) မာတာပိတူနံ။ပ။
ဟောတိ=သာ၊ တံ=ထိုသို့ မဖြစ်နိုင်ခြင်းသည်၊ ကိဿ ဟေတု=အဘယ်
အကြောင်းကြောင့်နည်းဟူမူ၊ ဘိက္ခဝေ=တို့၊ မာတာပိတရော=မိဘတို့သည်၊
ပုတ္တာနံ-သားသမီးတို့အား၊ ဗဟုကာရာ=များသောကျေးဇူးရှိကုန်၏၊ (ပုတ္တာနံ=
တို့ကို) အာပါဒကာ=ကြီးပြင်းခြင်းသို့ ရောက်စေကုန်၏၊ ဝါ=ကြီးပြင်းရွယ်ရောက်
လူလားမြောက်အောင် စောင့်ရှောက် ကြကုန်၏၊ ပေါသကာ=နို့ချိုတိုက်ကျွေး
မွေးမြူကြကုန်၏၊ ဣမဿ လောကဿ =ဤလောကကို၊ ဝါ=ဤလောကမှ
အာရုံကောင်းဆိုး အမျိုးမျိုးကို၊ ဒဿေတာရော=ပြတတ်ကြကုန်၏၊ (ဣတိ=
ကြောင့်ပေတည်း)
ဘိက္ခဝေ=တို့၊ စခေါ=ကျေပြွန်စွာ ကျေးဇူးဆပ်နိုင်မည့် နည်းလမ်းများကို
ပြရလျှင်ကား၊ယော=အကြင်သားသမီးသည်၊ အဿဒ္ဓေ=သဒ္ဓါတရား မရှိသေး
ကုန်သော၊ မာတာပိတရော=မိဘတို့ကို၊ သဒ္ဓါသမ္ပဒါယ=သဒ္ဓါတရားနှင့်
ပြည့်စုံခြင်း၌၊ သမာဒပေတိ=ကောင်းစွာ နာယူစေအံ့၊ နိဝေသေတိ=သက်ဝင်
စေအံ့၊ ပတိဋ္ဌာပေတိ= တည်မြဲစေအံ့၊ ဒုဿီလေ=သီလမရှိသေးကုန်သော၊
(မာတာပိတရော=တို့ကို) သီလသမ္ပဒါယ=သီလနှင့် ပြည့်စုံခြင်း၌။ပ။ မစ္ဆရီ=
မပေးရက်လို သဝန်တိုခြင်းရှိကုန်သော၊ (မာတာပိတရော=တို့ကို) စာဂသမ္ပဒါယ
စွန့်ကြဲပေးကမ်းမှုနှင့် ပြည့်စုံခြင်း၌ ပ။ ဒုပ္ပညေ=ပညာမရှိ ကုန်သော၊
=

## PAGE 158

(မာတာပိတရော=တို့ကို) ပညာသမ္ပဒါယ=ပညာနှင့်ပြည့်စုံခြင်း၌ ။ပ။ ဘိက္ခဝေ
တို့၊ ဧတ္တာဝတာ=ဤမျှအတိုင်း အရှည်ရှိသော နာယူတည်မြဲစေခြင်းဖြင့်၊
(တေန=ထိုသားသမီးသည်) မာတာပိတူနံ=တို့အား၊ ကတဉ္စ=သည်လည်းကောင်း၊
ပဋိကတဉ္စ=လည်းကောင်း၊ ဟောတိ=၏၊ ဣတိ (အဝေါစ)
..
၃၅။ ဘဝံ ဂေါတမော=အရှင်ဂေါတမသည်၊ ကိဝါဒီ=အဘယ်သို့သော
အယူဝါဒ ရှိပါသနည်း၊ ကိမက္ခာယီ အဘယ်အကျင့်ကို ပြောဟောလေ့ ရှိပါ
သနည်း၊ ဣတိ (အဝေါစ=မေးလျှောက်ပြီ)ဗြာဟ္မဏ=ပုဏ္ဏား၊ အဟံ=ငါသည်၊
ကိရိယဝါဒီစပြုသင့်ပြုထိုက်၏ဟူသော အယူဝါဒလည်းရှိ၏၊ အကိရိယဝါဒီ
စ=မပြုသင့် မပြုထိုက်ဟူသော အယူဝါဒလည်း ရှိ၏၊ ဣတိ (အဝေါစ=မိန့်)ဘဝံ
ဂေါတမော=သည်၊ ကထံ=အဘယ်အခြင်းအရာအားဖြင့်၊ ဝါ=အဘယ်နည်း
အဘယ်ပုံအားဖြင့်၊ ကိရိယဝါဒီစ=လည်း ရှိပါသနည်း။ အကိရိယ ဝါဒီစနည်း။
ထို့နောက် ယထာကို အနက်ပေးလိုလျှင် ဆက်လက်ဆိုရန်မှာ- “ယထာ =
အကြင်အခြင်းအရာအားဖြင့်၊ တယ်=အရှင်ဂေါတမသည်။ ဒေသေန္တေ = ဟော
ကြားလသော်၊ မယာအကျွန်ုပ်သည်၊ တံ ဝစနံ=ထိုအရှင်ဂေါတမ၏ စကား
သည်၊ ဝါ=ကို။ ဉာတုံ=သိခြင်းငှာ။ သက္ကာ=စွမ်းနိုင်၏၊ တထာ=ထိုအကျွန်ုပ်
သိစွမ်းနိုင်လောက်မည့် အခြင်းအရာအားဖြင့်၊ မေ=အကျွန်ုပ်အား၊ ဒေသေတု=
ဟောတော်မူပါ။” ဤသို့အပိုထည့်ပါဌ်များစွာဖြင့် အနက်ပေးရမည်။ ယထာကို
အနက်မရှိ နိပါတ်ကြံလျှင်ကား ထိုပါဌ်အနက်အားလုံး ဆိုဖွယ်မလို] ဣတိ
(အဝေါစ-လျှောက်ပြီ)
ဗြာဟ္မဏ-ပုဏ္ဏား၊ အဟံ=ငါသည်၊ ကာယဒုစ္စရိတဿ=ကာယဒုစ္စရိတ်
အကုသိုလ်၏လည်းကောင်း၊ ဝါ=ကိုလည်းကောင်း။ပ။ မနောဒုစ္စရိတဿ=
၏ လည်းကောင်း၊ ဝါ=ကိုလည်းကောင်း၊ အကိရိယံ=မပြုသင့်သည် အဖြစ်ကို၊
ဝဒါမိ=ဟောတော်မူ၏၊ အနေကဝိဟိတာနံ=များသောအပြား ရှိကုန်သော၊
ပါပကာနံ=ယုတ်မာကုန်သော၊ အကုသလာနံ-အကုသိုလ် ဖြစ် ကုန်သော။
ဓမ္မာနံ=တရားတို့၏၊ ဝါ=တို့ကို။ အကိရိယံ=မပြုသင့်ကုန်သည် အဖြစ်ကို
ဝဒါမိ=ဟောတော်မူ၏။ ကာယဒုစ္စရိတဿ စသော သမ္ဗန်နှင့် အကိရိယံဟူသော
သမ္ဗန္နီတို့ ဝိဘတ်မတူဘဲလျက် အရကောက်အနက် တူနေ၏၊ ထို့ကြောင့်
အရကောက်အနက် မတူအောင် အကိရိယပုဒ်ကို ဘာဝပ္ပဓာန်ကြံပါ ဗြာဟ္မဏ=
ပုဏ္ဏား။ စခေါ=ထိုမှတပါး၊ အဟံ-သည်။ ကာယသုစရိတဿ=ကာယသုစရိတ်
ကုသိုလ်၏လည်းကောင်း၊ ဝါ=ကိုလည်းကောင်း ။ပ။ .မနောသုစရိတဿ =
