## PAGE 16

၂။ ဘိက္ခဝေ=တို၊ ဣဒံ(အယံ) ဣတ္ထိသဒ္ဓေါ=ဤမိန်းမ၏ အသံသည်၊
ဝါ=ဤမိန်းမ၏ စကားပြောသံ၊ သီချင်းဆိုသံစသော စိတ္တဇအသံ၊ မိန်းမသည်
ဝတ်ဆင်ထားအပ်သော အဝတ်တန်ဆာနှင့် တီးမှုတ်အပ်သော တူရိယာ စသည်
တို့၏ ဥတုဇအသံသည်၊ ပုရိသဿ = (သဒ္ဒါရုံ၌ အထူးကြိုက်တတ်သော)
ယောက်ျား၏၊ စိတ္တံ=ကုသိုလ်စိတ်ကို၊ ပရိယာဒါယ၍၊ ဝါ=၍၊ ဝါ=လျက်၊
တိဋ္ဌတိ ယထာ=ကဲ့သို၊ ဧဝံ=ဤအတူ၊ ယံ (ယော သဒ္ဓေါ)=အကြင် အသံ
သည်၊ ပုရိသဿ = ယောက်ျား၏၊ စိတ္တံ=ကို၊ ပရိယာဒါယ=၍၊ တိဋ္ဌတိ=၏၊
ဘိက္ခဝေ-တို ့၊ အညံ = မိန်းမ၏ အသံမှ တပါးသော၊ တံ ဧကသဒ္ဒမ္ပိ=ထိုတခု
-
အသံကိုသော်မျှလည်း၊ (ယောက်ျား၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင်
ကုန်ခန်းစေနိုင်သော ထိုတခုတလေသော အသံကို သော်မျှလည်း) အဟံ-ငါသည်၊
န သမနုပဿာမိ=မမူ၊ ဘိက္ခဝေ=တို ့၊ ဣတ္ထိသဒ္ဓေါ = မိန်းမ၏ အသံသည်၊
ပုရိသဿ=၏၊ စိတ္တံ=ကို၊ ပရိယာဒါယ=၍၊ တိဋ္ဌတိ-၏၊ ဣတိ=သို ့၊ (အဝေါစ
ဧပြီ) [အကယ်၍ ဥပမေယျဝါကျမှ ပုဒ်တို ့ကို ဆွဲမယူဘဲ တိုတိုကျဉ်းကျဉ်း
အနက်ပေးလိုလျှင် ပြလတ္တံ့သော နည်းအတိုင်းဆိုပါ။
တနည်း- ဘိက္ခဝေ=တို့၊ ဣဒံ (အယံ) ဣတ္တိသဒ္ဓေါယထာ=ဤမိန်းမ၏
အသံကဲ့သို ့၊ ဧဝံ=ဤနည်းတူ၊ ယံ (ယော သဒ္ဓေါ)=အကြင် အသံသည်၊
ပုရိသဿ=၏၊ စိတ္တံ=ကို၊ ပရိယာဒါယ၍၊ တိဋ္ဌတိ=တည်၏၊ ဘိက္ခဝေ=တို့၊
အညံ=သော၊ တံ ဧကသဒ္ဒမ္ပိ=လည်း၊ နသမနုပဿာမိမမူ၊ ဘိက္ခဝေ=တို ့၊
ဣတ္ထိသဒ္ဓေါ=သည်၊ ပုရိသဿ=၏၊ စိတ္တံ=ကို၊ ပရိယာဒါယ=၍၊ တိဋ္ဌတိ၏၊
ဣတိ=သို၊ (အဝေါစပြီ၊ ဣတိ=သို၊ သုတံ=ပြီ) ဒုတိယံ=နှစ်ခုမြောက် စိတ္တ
ပရိယာဒါနသုတ်တည်း။ (အာရုံငါးပါးတို့တွင် သဒ္ဒါရုံ၌ အထူးကြိုက်တတ်သော
“သဒ္ဒဂရုက” ယောက်ျားနှင့်စပ်၍ ဟောတော်မူအပ်သော စိတ္တပရိယာဒါနသုတ်
တည်း။)
၃။ ဤနေရာမှ စ၍ ထူးသော ပုဒ်တို့ကိုသာ အနက်ရေးတော့မည်]
ဣဒံ(အယံ) ဣတ္ထိဂန္ဓော-ဤမိန်းမ၏ အနံ့ဂန္ဓာရုံသည်၊ ဝါ=ဤမိန်းမ ခန္ဓာ
ကိုယ်၏ စတုသမုဋ္ဌာနိကအနံ့နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော
အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို ့၏ ဥတုဇအနံ့သည်၊ ပုရိသဿ=
(အနံ့၌အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ ဧဝံတူ၊ ယံ (ယော
ဂန္ဓော) = အကြင်အနံ့သည်၊ ပုရိသဿ=၏။ ပ။ အညံ=မိန်းမ၏ အနံ့မှ
တပါးသော၊ တံ ဧကဂန္ဓမ္ပိ=ထိုတခုသော အနံ့ ကိုသော်မျှလည်း၊ (ယောက်ျား၏

## PAGE 17

ကုသိုလ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်းစေနိုင်သော ထိုတခုတလေသော အနံ့
ကိုသော်မျှလည်း)။ ပ။ ဣတ္ထိဂန္နော=မိန်းမ၏ အနံသည်၊ ပ။ တိဋ္ဌတိ၏၊
ဣတိ=သို့၊ (အဝေါစ=ပြီ) တတိယံ=သုံးခုမြောက် စိတ္တပရိယာဒါနသုတ်တည်း။
(အာရုံငါးပါးတို ့တွင် ဂန္ဓာရုံ၌ အထူးကြိုက်တတ်သော ဂန္ဓဂရုက ယောက်ျားနှင့်
စပ်၍ ဟောတော်မူအပ်သော တတိယ စိတ္တပရိယာဒါနသုတ်တည်း။) (ဒုတိယ
နည်း အနက်ပေးပုံလည်း သိလောက်ပြီ။
၄။ ဣဒံ (အယံ) ဣတ္ထိရသော= ဤမိန်းမ၏ အရသာ ရသာရုံသည်၊
ဝါ=ဤမိန်းမခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိက အရသာ, မိန်းမနှုတ်ခမ်း၌ရှိသော
တံတွေးရည် ကွမ်းရည်စသည်နှင့် မိန်းမက ချက်ပြုတ်ပေးအပ်သော ယာဂု
ထမင်းစသည်တို့၏ အရသာသည်၊ သက်ရှိသတ္တဝါတို ့၏ ခန္ဓာကိုယ်မှ ကင်း
ကွာ မသွားသေးသော ရသာရုံအဆက်ဆက်နှင့် အချို့ရုပ်အဆက်ဆက်တို ့သည်
စတုသမုဋ္ဌာနိကတွင် ပါဝင်နိုင်၏။ ခန္ဓာကိုယ်တွင်းမှ ကင်းကွာ၍ တသီးတခြား
ဖြစ်သွားလျှင်ကား ဥတုဇသာ ဖြစ်နိုင်တော့၏။] ပုရိသဿ=(အရသာ၌ အထူး
ကြိုက်တတ်သော) ယောက်ျား၏။ ပ။ ဧဝံ-တူ၊ ယံ(ယော ရသော=)အကြင်
အရသာသည်။ ပ။ အညံ=မိန်းမ၏ အရသာမှ တပါးတခြားသော၊ တံ ဧကရ
သမ္ပိ=ထိုတခုသော အရသာကိုမျှသော်လည်း။ ပ။ ဣတ္ထိရသော = မိန်းမ၏
အရသာသည်။ပ။ စတုတ္ထ-လေးခုမြောက် စိတ္တပရိယာဒါနသုတ်တည်း။ [ရသ
ဂရုကယောက်ျားနှင့် စပ်၍ ဟောသည်။
,
၅။ ဣဒံ (အယံ)ဣတ္ထိဖောဋ္ဌဗ္ဗော--ဤမိန်းမ၏ အတွေ့ ဖောဋ္ဌဗ္ဗာရုံသည်၊
ဝါ = ဤမိန်းမခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိကအတွေ့နှင့် မိန်းမခန္ဓာကိုယ်၌
ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ ပန်းစသည်တို ့၏ ဥတုဇအတွေ့ သည်၊
ပုရိသဿ=(အတွေ့၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ ဧဝံ=တူ၊
ယံ (ယော ဖောဋ္ဌဗ္ဗော)=အကြင်အတွေ့သည် ။ပ။ အညံ=မိန်းမ၏ အတွေ့ မှ
တပါးတခြားသော၊ တံ ဧကဖောဋ္ဌဗ္ဗိမ္ပိ-ထိုတခုသော အတွေ့ကိုသော်မျှလည်း။ပ။
ဣတ္ထိဖောဋ္ဌဗ္ဗော-မိန်းမ၏ အတွေ့သည်။ ပ။ ပဉ္စမံ=ငါးခုမြောက် စိတ္တပရိယာ
ဒါန သုတ်တည်း။ဖောဋ္ဌဗ္ဗဂရုက ယောက်ျားနှင့် စပ်၍ ဟောသည်]]
၆။ ဣဒံ ပုရိသရူပံ=ဤယောက်ျား၏ အဆင်းသည်၊ ဝါ=ဤယောက်ျား
ခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိက အဆင်းနှင့် ယောက်ျားခန္ဓာကိုယ်၌ ဆင်ယင်ထား
အပ်သော အဝတ်တန်ဆာ နံ့သာပျောင်း စသည်တို့၏ ဥတုဇ အဆင်းသည်၊
ဣတ္ထိယာ=(ရူပါရုံ၌ အထူးကြိုက်တတ်သော) မိန်းမ၏၊ စိတ္တံ=ကုသိုလ်စိတ်ကို

## PAGE 18

ပ။ ဧဝံ=တူ၊ ယံ=အကြင်အဆင်းသည်၊ ဣတ္ထိယာ=မိန်းမ၏၊ စိတ္တံ=ကို ပ
အညံ= ယောက်ျား၏ အဆင်းမှတပါး တခြားသော၊ တံ ဧကရူပမ္ပိ=ထိုတခုသော
အဆင်းကိုသော်မျှလည်း၊ (မိန်းမ၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်း
စေနိုင်သော ထိုတစ်ခုသော အဆင်းကို သော်မျှလည်း) အဟံ=သည်၊ န သမနု
ပဿာမိ=မမူ၊ ဘိက္ခဝေ=တို ့၊ ပုရိသရူပံ = ယောက်ျား၏ အဆင်းရူပါရုံသည်၊
ဣတ္ထိယာ = ၏၊ ။ပ။ ဆဋ္ဌံ=ခြောက်ခုမြောက် စိတ္တပရိယာဒါနသုတ်တည်း၊
(အာရုံငါးပါးတို ့တွင် ရူပါရုံ၌ အထူးကြိုက်တတ်သော ရူပဂရုက မိန်းမနှင့်
စပ်၍ ဟောတော်မူအပ်သော ဆဋ္ဌစိတ္တပရိယာဒါနသုတ်တည်း။) ကျန်သုတ်များ
ကို ဤနည်းမှီ၍ အနက်ဆိုလေ။] ပဌမော = ရှေးဦးစွာသော၊ ရူပါဒိဝဂ္ဂေါ
ရူပါဒိဝဂ်တည်း။
-
=
၂-နိဝရဏပ္ပဟာနဝဂ်
၁၁။ ဘိက္ခဝေ=တို၊ ယေန (ဓမ္မေန)=အကြင် တရားသဘောဖြင့်၊
ဝါ= အကြင်တရားသဘောကြောင့်၊ (ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ စသည်မဟုတ်သော
အကြင်တရားသဘောကြောင့်) အနုပ္ပန္နော=မဖြစ်သေးသော၊ (အာဂန္တုကဝတ်
စသော ဝိနည်းကျင့်ဝတ်ကို ပြုကျင့်ဆောင်ရွက်နေခြင်း, ကျမ်းဂန်ကို သင်ယူ
ပို ့ချခြင်း စသော အကြောင်းကြောင့် ဖြစ်ခွင့်မရသော၊ ဝါ=ထိုဘဝ၌ မခံစား
ဖူးသေးသော အာရုံနှင့် မတွေ့ ရ၍ မဖြစ်သေးသော၊) ကာမစ္ဆန္ဒော ဝါ=ကာမစ္ဆ၍၊
နီဝရဏသည်လည်း၊ ဝါ=ကာမဂုဏ်အာရုံတို့၌ လိုချင်တတ်သော တဏှာရာဂ
သည်လည်း၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်လာ၏။ (အာဂန္တုကဝတ်စသော ဝိနည်းကျင့်ဝတ်
ပျက်ကွက်ခြင်း, ကျမ်းဂန်သင်ယူ ပို့ချမှု ကင်းကွာခြင်း စသောအကြောင်းကြောင့်
ဖြစ်ပေါ်လာ၏။ ဝါ=ထိုဘဝ၌ မခံစားဖူးသေးသော အာရုံနှင့် တွေ့ကြုံခြင်းကြောင့်
ဖြစ်ပေါ်လာ၏၊) ဥပ္ပန္နော=ဖြစ်ပြီးသော၊ ဝါ=ဖြစ်ပြီးသော ကာမစ္ဆန္ဒနှင့် အလား
တူသော၊ ကာမစ္ဆန္ဒော ဝါ=သည်လည်း၊ ဘိယျောဘာဝါယ=ထပ်ကာ ထပ်ကာ
တိုး၍ဖြစ်ခြင်းငှာ၊ ဝေပုလ္လာယ=ပြန် ပွားများပြားသည် အဖြစ်ရှာ၊ သံဝတ္တတိ
=ဖြစ်၏။
ဘိက္ခဝေ=တို့၊ ဣဒံ သုဘနိမိတ္တံ” ယထာ-ဤသုဘနိမိတ်ကဲ့သို့၊ ဝါ
၁။ သုဘနိမိတ္တူပုဒ် ဝစနတ္ထသုံးမျိုး ။ ။ *သုဘုံ=တင့်တယ်သော၊

## PAGE 19

၂’နီဝရဏပ္ပဟာနဝဂ်
=ဤရာဂ၏အကြောင်းဖြစ်သော တင့်တယ်လှပသော အာရုံကဲ့သို ့၊ ဝါ=ဤ
တင့်တယ်၏ဟု ယူဆအပ်သော အကြောင်းအာရုံကဲ့သို့၊ (ဧဝံ=ဤအတူ) အညံ
=သုဘနိမိတ်မှ တပါးတခြားသော၊ တံ ဧကဓမ္မမ္ပိ=ထိုတခုသော တရားသဘော
ကိုမျှလည်း၊ (မဖြစ်သေးသော ကာမစ္ဆန္ဒကို ဖြစ်စေနိုင်၍ ဖြစ်ပြီးသော ကာမစ္ဆန္ဒ
ကိုလည်း ထပ်တလဲလဲ ဖြစ်ပွားစေနိုင်သည့် ထိုတခုသော တရားသဘောကို
မျှလည်း) အဟံ=သည်၊ နသမနုပဿာမိ=မမူ။
ဘိက္ခဝေ=တို၊ သုဘနိမိတ္တံ=သုဘနိမိတ်ကို၊ ဝါရာဂ၏ အကြောင်း
ဖြစ်သော တင့်တယ်သော အာရုံကို၊ အယောနိသော = ကုသိုလ်ဖြစ်ခြင်း၏
အကြောင်း မဟုတ်သောအားဖြင့်၊ ဝါ=လိုလား တောင့်တအပ်သော စီးပွားချမ်း
-
နိမိတ္တံ=ကာမစ္ဆန္ဒရာဂ၏ အကြောင်းဖြစ်သော ရူပါရုံစသော အာရုံ”ဟု ဝစနတ္ထပြု။
(တနည်း)သုဘန္တိ ဂဏှနကံ သုတံ = တင့်တယ်လှပ၏ဟု ယူဆတတ်သော
ကာမစ္ဆန္ဒ။ သုဘဿ(သုဘန္တိ ဂဏှနဿ)နိမိတ္တံ သုဘနိမိတ္တံ=တင်တယ်၏ဟု
ယူဆတတ်သော အခြား ကာမစ္ဆန္ဒ၏ အကြောင်း ဖြစ်သော ကာမစ္ဆန္ဒ။
ဤနည်းအလို… .
<
ကာမစ္ဆန္ဒသည် (၁)တင့်တယ်၏ဟု ယူဆတတ်သောကြောင့် သုဘ
လည်းမည်၏။ (၂) တင့်တယ်၏ဟု ယူဆတတ်သော အခြား ကာမစ္ဆန္ဒ၏
အကြောင်း ဖြစ်သောကြောင့် သုဘနိမိတ္တလည်း မည်၏။ ထို့ကြောင့် “သုဘဲ
စ တံ သုဘနိမိတ္တံ စာတိ သုဘနိမိတ္တံ” ဟု ဝစနတ္ထပြု၊ သုဘတပုဒ် အကျေကြံ။
သော ဟိ အတ္တနော ဂဟဏာကာရေန သုဘန္တိ, တေနာကာရေန ပဝတ္တနကဿ
အညဿ ကာမစ္ဆန္ဒဿ နိမိတ္တတ္တာ သုဘနိမိတ္တန္တိ စ ဝုစ္စတိ-ဟူသော ဤသုတ်
ဋီကာနှင့် မူလပဏ်ဋီကာ၊ ပ’၃၇၃’စာသွားအတိုင်း ဝစနတ္ထပြုသည်။ သုတ်မဟာ
ဝါဋီကာ၊ ၃၁၅’စာသွားအတိုင်းဆိုလျှင် သုဘတပုဒ် အကျေမကြံဘဲ“သုဘဲ စ
တံ နိမိတ္တံ စာတိ သုဘနိမိတ္တံ” ဟုပြုလေ။ ဤဋီကာများအတိုင်း အနက်ပေး
လိုလျှင်-
"
“ဣဒံ သုဘနိမိတ္တံ ယထာ=ဤတင့်တယ်လှပ၏ဟု ယူဆတတ်သော
တရားလည်းဖြစ်၍ တင့်တယ်လှပ၏ဟု ယူဆတတ်သော အခြားကာမစ္ဆန္ဒ၏
အကြောင်းလည်းဖြစ်သော ကာမစ္ဆန္ဒကဲ့သို့ "ဟု အနက်ဆိုပါ။
=
(တနည်း) သုဘန္တိ ဂဩမာနံ သုဘံ၊ သုတံ နိမိတ္တံ သုဘနိမိတ္တံ
တင့်တယ်လှပ၏ဟု ယူဆအပ်သော အကြောင်းအာရုံ (ရာဂ၏အကြောင်းဖြစ်
သော အာရုံ)၊ ဤသို့လည်း တတိယဝစနတ္ထတမျိုးပြုနိုင်၏၊ ထိုသုံးမျိုးတို့တွင်
နိဿယခန်း၌ ပထမနှင့် တတိယ ဝစနတ္ထအတိုင်း မြန်မာပြန်ဆိုခဲ့သည်။

## PAGE 20

သာ၏ အကြောင်းမဟုတ်သောအားဖြင့်၊ မနသိကရောတော =စိတ်နှလုံး၌ သွင်း
ပိုက်ထားသောသူ၏၊ ဝါ=သူမှာ (နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟု နှလုံးသွင်းသူမှာ)
အနုပ္ပန္နော=သော၊ ကာမစ္ဆန္ဒောစေဝ=ကာမစ္ဆန္ဒနီဝရဏ သည်လည်း၊ ဥပ္ပဇ္ဇတိ
=၏၊ ဥပ္ပန္နော=သော၊ ကာမစ္ဆန္ဒောစ=သည်လည်း ။ပ။ သံဝတ္တတိ=၏၊ ဣတိ
=ဤသို့ (အဝေါစ=မိန်
 ့တော်မူပြီ၊) ပဌမံ=ပဌမသုတ်တည်း။
၁၂။ ဘိက္ခဝေ=တို၊ ယေန (ဓမ္မေန)=ဖြင့်၊ ဝါ-ကြောင့်၊ အနုပ္ပန္နော
=သော၊ ဗျာပါဒေါဝါ ဗျာပါဒနီဝရဏသည်လည်း၊ ဝါ=ထမင်း၏ ဖောက်ပြန်
ပုပ်သိုးခြင်းကဲ့သို့ စိတ်၏ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသဘောဟူသော ဒေါသ
သည်လည်း၊ ဥပ္ပဇ္ဇတိ=၏၊ ဥပ္ပန္နော=ဖြစ်ပြီးသော၊ ဝါ=ဖြစ်ပြီးသော ဗျာပါဒနှင့်
တူသော၊ ဗျာပါဒေါ ဝါ=ဗျာပါဒနီဝရဏသည်လည်း။ ပ။ သံဝတ္တတိ-၏၊
၁။ အယောနိသောမနသိကာရ။ ။ အယောနိသောမနသိကာရောတိ
အနုပါယမနသိကာရော၊ ကုသလဓမ္မပ္ပဝတ္တိယာ အကာရဏဘူတော မနသိကာ
ရောတိ အတ္ထော။ ပ။တဒေဝါရမ္မဏံ အတ္တာနံ အနုဗဇ္ဇိတွာ ဥဒ္ဓမာရုံ မနသိ
ကရောတိ ဌပေတီတိ မနသိကာရော။ ဤသုတ်ဋီကာ။ ဌပနတ္ထပိ ကရောတိ
သဒ္ဒါ ယုဇ္ဇတိ။ ခုဒ္ဒကဝတ္ထုဝိဘင်းမှုလဋီကာ (၂၂၄)။ အာကင်္ခတဟိတသုခဿ
ပတ္တိယာ အနုပါယဘူတော မနသိကာရော။ သုတ်မဟာဝါဋီကာ၊ ၃၁၅။ ဤ
အဖွင့်များအတိုင်း အနက်ပေးသည်။ ဤသုတ်ဋီကာ၌ “ဥပ္ပဇ္ဇမာနော” ဟုလည်း
ကောင်း ဝိဘင်းအဋ္ဌကထာ(၄၈၂)၌ “ဥပ္ပဇ္ဇမာနေ”ဟု လည်းကောင်းပါဌ်ပျက်၏။
ဤနေရာ၌ ယောနိသော, အယောနိသောမနသိကာရ၏တရားကိုယ် အရကောက်
နှင့်တကွ အကျယ်တဝင့် စိစစ်ချက်ကို နိဿယ စတုတ္ထတွဲ အစပိုင်း၌ ရေး
ထား၏၊ ထို၌ကြည့်လေ။
၂။ “မှာ”ဟူသော အသုံးအနှုန်း။ ။“မှာ”ဟူသော အသုံးအနှုန်းကို
“၏”ဟူသော သမ္ဗန် အနက်နှင့် သဘောတူထား၍ အရာဌာနအားလျော်စွာ
သုံးနှုန်းထား၏။ အများအားဖြင့် ဤနေရာမျိုး၌ “အား”ဟု သမ္ပဒါန်အနက်ကိုသာ
မြန်မာနည်းအရ အသုံးပြုရိုးရှိသည်။ တနည်း-မနသိကရောတော=စိတ်နှလုံး၌
သွင်းပိုက်ထားသောသူ၏၊ သန္တာနေ=သန္တာန်၌၊ ဝါ=စိတ်အစဉ်၌” ဤသို့ သန္တာ
နေ ပုဒ်ထည့်၍သော်လည်း အနက်ဆိုပါ။ ဤနေရာ၌“မှာ”ဟူသော အသုံး
အနှုန်းနှင့်စပ်၍ ရေးသင့်သမျှကို နိဿယစတုတ္ထတွဲ အစပိုင်းမှာပင် အမှာအထား
အဖြစ်ဖြင့်ရေးထားပါသည်။
၃။ဗျာပါဒ၏ဝစနတ္ထ။ ဗျာပါဒ= 8 + အာပါဒ။ ဝိ=ဖောက်ပြန်ခြင်းသို့၊
အာပါဒ=ရောက်ခြင်း။ “ဘတ္တဗျာပတ္တိ ဝိယ စိတ္တဿ ဗျာပဇ္ဇနံ ပကတိဝိဇဟန
