## PAGE 198

အာရုံရှိသော၊ သုခဉ္စ=လည်းကောင်း၊ ဥပေက္ခာရမ္မဏံ=ဥပေက္ခာဝေဒနာ ရှိသော
စတုတ္ထဈာန်ဟူသော အာရုံရှိသော၊ သုခဉ္စ=လည်းကောင်းတည်း ။ပ။ ရူပါရမ္မဏံ
=ရူပါဝစရ စတုတ္ထဈာန်ဟူသော အာရုံရှိသော၊ ဝါ=ဖောက်ပြန်တတ်သော
ရုပ်အားလုံးဟူသော အာရုံရှိသော၊ သုခဉ္စ=လည်းကောင်း။ [ရူပ (ရူပဇ္ဈာန)=
ရူပါဝစရ စတုတ္ထဈာန်ဟူသော၊ (တနည်း) ရူပ=ရုပ်တရားဟူသော +အာရမ္မဏ
=အာရုံ (ရှိသော)] အရူပါရမ္မဏံ=အရူပါဝစရ ဈာန်ဟူသော အာရုံရှိသော။
ဝါ=နာမ်တရားဟူသော အာရုံရှိသော၊ သုခဉ္စ=လည်းကောင်းတည်း ။
(၈) ၃-သနိမိတ္တဝဂ်
O
၇၈၊ ၈၇။ ဘိက္ခဝေ=တို့၊ ပါပကာ=ယုတ်ညံ့ကုန်သော၊ အကုသလာ=
အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ=တရားတို့သည်၊ သနိမိတ္တာ=အကြောင်း နိမိတ်နှင့်
တကွ ဖြစ်ကုန်၍သာလျှင်၊ ဝါ=အကြောင်းနိမိတ် ရှိကုန်၍သာလျှင်၊ ဥပ္ပဇ္ဇန္တိ
ဖြစ်ကုန်၏၊ အနိမိတ္တာ=အကြောင်းနိမိတ် မရှိကုန်ဘဲ၊ နော ဥပ္ပဇ္ဇန္တိ= မဖြစ်
ကုန်၊ တသော နိမိတ္တဿ= ထိုအကြောင်း နိမိတ်ကိုသာလျှင်၊ ပဟာနာ=
ပယ်ခြင်းကြောင့်၊ ဧဝံ=ဤသို့၊ ပါပကာ=ကုန်သော၊ အကုသလာ=ကုန်သော၊
တေ ဓမ္မာ=ထိုတရားသည်၊ န ဟောန္တိ=မဖြစ်နိုင်တော့ကုန်၊ ဣတိ-ဤသို့၊
(အဝေါစမိန့်တော်မူပြီ) ဘိက္ခဝေ=တို့၊ ပါပကာ ပေ။ သနိဒါနာ=အကြောင်း
နိဒါန်းနှင့် တကွ ဖြစ်ကုန်၍သာလျှင်၊ ဝါ=အကြောင်းနိဒါန်း ရှိကုန်၍သာလျှင်
။ပ။ အနိဒါနာ=အကြောင်းနိဒါန်း မရှိကုန်ဘဲ ။ပ။ တေဿဝ နိဒါနဿ-ထို
အကြောင်း နိဒါန်းကိုသာလျှင် ။ပ။ သဟေတုကာ=အကြောင်းဟိတ်နှင့်တကွ
ဖြစ်ကုန်၍သာလျှင်၊ ဝါ=ရှိကုန်၍သာလျှင် ။ပ။ အဟေတုကာမှအကြောင်းဟိတ်
မရှိကုန်ဘဲ။ ပ။ တဿေ ဟေတုဿ=ထိုအကြောင်းဟိတ်ကိုသာလျှင် ။ပ။
သသင်္ခါရာ=အကျိုးတရားကို စီမံပြုလုပ်တတ်သော အကြောင်းနှင့်တကွ ဖြစ်
ကုန်၍သာလျှင်၊ ဝါ=လျှင် ။ပ။ တေသံယေဝ သင်္ခါရာနံ=ထိုအကျိုးတရားကို
စီမံပြုလုပ်တတ်သော အကြောင်းတို့ကိုသာလျှင် ။ပ။ သပ္ပစ္စယာ=အကြောင်း
ပစ္စည်းနှင့်တကွ ဖြစ်ကုန်၍သာလျှင် ။ပ။ သရူပါအကျိုးတရားကို ဖော်ပြ
တတ်သော အကြောင်းနှင့်တကွ ဖြစ်ကုန်၍သာလျှင် ။ပ။ တဝ ရူပဿ
=ထိုအကျိုးတရားကို ဖော်ပြတတ်သော အကြောင်းကိုသာလျှင် ။ပ။
[နိမိတ္တမှစ၍ ရူပတိုင်အောင် (၆)ပုဒ်တို့သည် အကြောင်းဟူသော
အနက်ကိုဟောသောပရိယာယ်ပုဒ်ချည်းတည်း၊ ထိုတွင် ရူပနှင့် သင်္ခါရ နှစ်ပုဒ်

## PAGE 199

(၉) ၄-ဓမ္မဝဂ်
ကိုသာ ဝိဂြိုဟ်နက် ရေး၏။ စာသင်သားတို့ နားရှုပ်မည်စိုး၍ နိမိတ္တစသော
ပုဒ်တို့ကို ဝိဂြိုဟ်နက် မရေးခဲ့]
သဝေဒနာ=ယှဉ်ဘက် အကြောင်းဝေဒနာနှင့်တကွ ဖြစ်ကုန်၍သာလျှင်
။ပ။ တဿာယေဝ ဝေဒနာယ=ထိုယှဉ်ဘက် အကြောင်း ဝေဒနာကိုသာလျှင်၊
နောက်သုတ်များ၌ “ယှဉ်ဘက်အကြောင်း သညာ, ယှဉ်ဘက်အကြောင်း
ဝိညာဏ်”ဟု လဲလှယ်ဆိုပါ] ။ပ။ သင်္ခတာရမ္မဏာ-သင်္ခတ တရားဟူသော
အာရုံရှိကုန်လျက်သာလျှင်၊ ဝါ=သင်္ခတ တရားကို အာရုံပြုကုန်လျက်သာလျှင်
။ပ။ အသင်္ခတာရမ္မဏာ=အသင်္ခတ နိဗ္ဗာန်ဟူသော အာရုံရှိကုန်လျက်၊ ဝါ=
အသင်္ခတနိဗ္ဗာန်ကို အာရုံပြုကုန်လျက် ။ပ။ တသေဝ သင်္ခတဿ=ထိုသင်္ခတ
တရားကိုသာလျှင် (ထိုအကြောင်းတရားတို့သည် ပေါင်းဆုံဆိုက်ရောက်၍
စီမံပြုလုပ်အပ်သော စိတ် စေတသိတ် ရုပ်တရားကိုသာလျှင်)သင်္ဂမ္မ သမာဂမ္မ
ပစ္စယေဟိ ကတောတိ သင်္ခတော၊ ဤဝစနတ္ထ၌ သင်္ဂမ္မပုဒ်၏ အနက်ကို
ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ–၃၄၇၌ “သင်္ဂမ္မာတိ ပစ္စယသမောဓာနလက္ခဏေန သင်္ဂမေနု
သန္နိပတိတွာ၊ သမာဂမ္မာတိ တဿဝ ဝေဝစနံ”ဟု ဖွင့်၏]
(၉) ၄-ဓမ္မဝဂ်
၈၈၊ ၉၄။ ဘိက္ခဝေ=တို့၊ ဓမ္မာ=တရားသဘောတို့သည်၊ ဣမေ ဒွေ=
ဤနှစ်ပါးတို့တည်း ။ပ။ စေတောဝိမုတ္တိစ=ကိလေသာတို့မှ လွတ်မြောက်သော
လေးပါးသော ဖိုလ်စိတ် သမာဓိလည်းကောင်း၊ ဖိုလ်လေးပါးတို့၌ ပါဝင်သော
သမာဓိဟုဆိုလို၏၊ ပညာဝိမုတ္တိလည်း ထို့အတူပင်တည်း] ပညာဝိမုတ္တိစ=
ကိလေသာတို့မှ လွတ်မြောက်သော လေးပါးသော ဖိုလ်ပညာ လည်းကောင်း
တည်း ။ပ။ ပဂ္ဂါဟော စ=ယှဉ်ဘက်တရားတို့ကို မြှောက်ပင့်အားပေးတတ်သော
ဝီရိယလည်းကောင်း၊ အဝိက္ခေပေါ စ=မပျံ့လွင့်တတ်သော သမာဓိလည်းကောင်း၊
ဝါ=စိတ်ကို အာရုံအမျိုးမျိုးတို့၌ မပစ်လွှင့်တတ်သော သမာဓိလည်းကောင်း၊
ဝါ=ပျံ့လွင့်သော ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက် သမာဓိလည်းကောင်းတည်း
နာမဉ္စ=အာရုံသို့ ညွတ်တတ်သော နာမ်ခန္ဓာလေးပါးလည်းကောင်း၊ ရူပဉ္စ=
ဖော်ပြန်တတ်သော ရုပ်ခန္ဓာလည်းကောင်းတည်း ။ပ။ ဝိဇ္ဇာစ=နိဗ္ဗာန်ကို
သိမြင်တတ်သော ဖိုလ်ဉာဏ်လည်းကောင်း၊ ဝိမုတ္တိစ=ဖိုလ်ဉာဏ်နှင့် ယှဉ်ဘက်
ဖြစ်သော လွတ်မြောက်သော တရားအပေါင်းလည်းကောင်းတည်း ပ။ ဘဝ
TOR

## PAGE 200

ဒိဋ္ဌိ စ (အသက်ရှင် အတ္တကောင်နှင့် လောကသည်) မပြတ်မစဲ အမြဲတည်ရှိ၏ဟု
ယူဆသော သဿတဒိဋ္ဌိလည်းကောင်း၊ [ခန္ဓာငါးပါးကိုပင် အတ္တဟုလည်း
ကောင်း, လောကဟုလည်းကောင်း ယူဆကြသည်။ ဘဝတိ အတ္ထိ သဗ္ဗကာလံ
တိဋ္ဌတီတိ ဘဝေါ၊ ဘဝေါတိ ပဝတ္တာ ဒိဋ္ဌိ ဘဝဒိဋ္ဌိ] ဝိဘဝဒိဋ္ဌိစ=(အသက်ရှင်
အတ္တကောင်နှင့် လောကသည်) အတည်မမြဲ ပြတ်စဲ၏ဟု ယူဆသော
ဥစ္ဆေဒဒိဋ္ဌိ လည်းကောင်းတည်း၊ [ဝိဘဝတိ ဝိနဿတိ ဥစ္ဆိဇ္ဇတိတိ ဝိဘဝေါ-
စသည်ပြု အဟိရိကစသည်ကို စာပိုဒ် ၇ နှင့်၈ ကြည့်]. ။ပ။
၉၅-၈။ ဒေါဝစဿတာစ=ဆိုဆုံးမခက်သူ လူရိုင်းစိုင်း၏ မလေးစားမှ
အပြုအမူ စေတနာရှိသည်၏ အဖြစ်လည်းကောင်း၊ ပါပမိတ္တတာစ=(သဒ္ဓါတရား
မရှိသူစသော) ယုတ်မာသော မိတ်ဆွေရှိသူ၏ အဖြစ်လည်းကောင်းတည်း
။ပ။ သောဝစဿတာ စ=ဆိုဆုံးမလွယ်ကူသူ လူလိမ္မာ၏ ယဉ်ကျေးလေးစားမှ
အပြုအမူ စေတနာရှိသည်အဖြစ်လည်းကောင်း၊ ကလျာဏမိတ္တတာ စ=
(သဒ္ဓါတရားရှိသူစသော) ကောင်းသော မိတ်ဆွေရှိသူ၏ အဖြစ်လည်းကောင်း
တည်း။ပ။ ဓာတုကုသလတာ စ=ဓာတ် ၁၈-ပါးတို့၌ ခွဲခြားသိမြင် ကျွမ်းကျင်
သူ၏ အဖြစ်လည်းကောင်း၊ မနသိကာရကုသလတာ စ =(လက္ခဏ, ရသ
စသည်, အနိစ္စစသည်အားဖြင့်) ဓာတ် ၁၈–ပါးတို့ကို နှလုံးသွင်းမှု၌ ကျွမ်းကျင်
သူ၏ အဖြစ်လည်းကောင်းတည်း ။ပ။ အာပတ္တိကုသလတာ စ= (အာပတ်သင့်
ခြင်း၏ အကြောင်းရင်းဝတ္ထုနှင့်တကွ) အာပတ်(၅)မျိုး (၇)မျိုးတို့၌ ခွဲခြားသိမြင်
=
၁။ ဒေါဝစဿတာ။ ။ ဒုက္ခံ ၀စော ဧတသ္မိံ ပုဂ္ဂလေတိ ဒုဗ္ဗစော
ခက်ခဲသော ဆိုဆုံးမ စကားရှိသူ (ဆန့်ကျင်ဘက် ကန့်လန့်ပြောတတ်သူ၊
ရိုင်းစိုင်းကြမ်းကြုတ်သူ) ဒုဗ္ဗစဿ ကမ္မံ (မလေးစားမှု ရိုင်းစိုင်းမှ အပြုအမူ
စေတနာ) ဒေါဝစဿံ၊ တဿ ဘာဝေါ (အတ္ထိဘာဝေါ) ဒေါဝစဿတာ။
တာပစ္စည်း ဆင့်ထားသော်လည်း တရားကိုယ်အားဖြင့် ဒေါဝစဿ၏ အရ
ဖြစ်သော ယခင်စေတနာကိုပင် ရယူ၏။ ထို့ကြောင့် ဆက္ကနိပါတ် အင်္ဂတ္တိုရ်ဋီကာ
(တ၊ နှာ၊ ၁ဝဝ)၌ တာပစ္စည်းအနက် မရှိနည်းကိုလည်း ပြထားသည်။ ဤဋ္ဌ
ဋီတို့၏ ၀စနတ္ထ၌ နပုလ္လိင် မနောဂိုဏ်း ဝစောသဒ္ဓါနှင့် လျော်ညီစွာ နပုလ္လိင်
ဖြင့်ပင် ရှိသော ဒုက္ခံဟူသော ပဌမန္တပုဒ်သည် ကြိယာဝိသေသန မဖြစ်နိုင်၊
ဝစော၏ နာမဝိသေသနသာ ဖြစ်နိုင်၏။ သုန္ဒရံ မနော သုမနောနှင့် နှိုင်းယှဉ်
ကြည့်ပါ။
