## PAGE 201

(၁ဝ) ၅-ဗာလဝဂ်
၂၀၁.
ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း၊ ပါရာဇိက, သံဃာဒိသေသ်, ပါစိတ်,
ပါဋိဒေသနီယ, ဒုက္ကဋ်ဟု အာပတ်ငါးမျိုး၊ ထုလ္လစ္စယနှင့် ဒုဗ္ဘာသိတထည့်၍
ခုနစ်မျိုးတည်း]အာပတ္တိဝုဋ္ဌာနကုသလတာ စ=အာပတ်မှ ထမြောက်မှု၌ ခွဲခြား
သိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း၊ (အာပတ်မှ ထမြောက်
စင်ကြယ်ခြင်း၏ အကြောင်းရင်းဖြစ်သော ဒေသနာပြောကြားခြင်းကိစ္စ, အတ္တာန
ကမ္မဝါစာ, တိဏဝတ္ထာရကကမ္မဝါစာတို့နှင့်တကွ အာပတ်မှ ထမြောက်ခြင်းကိစ္စ၌
ခွဲခြားသိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း) ။ပ။
(၁ဝ) ၅-ဗာလဝဂ်
၉၉၊ ၁၀၇။ ဘိက္ခဝေ=တို့၊ ဗာလာ=နားမလည်သူ လူဖျင်းတို့သည်
။ပ။ ယော=အကြင်ပုဂ္ဂိုလ်သည်၊ အနာဂတံ=မိမိထံသို့ မရောက်လာသေးသော၊
ဝါ=မိမိမဆောင်ရွက်သင့်သော၊ ဘာရံ=တာဝန်ကို၊ ဝဟတိ=ဆောင်ရွက်၏
(သောစ= ထိုပုဂ္ဂိုလ် လည်းကောင်း) ယော=အကြင်ပုဂ္ဂိုလ်သည်၊ အာဂတံ=မိမိ
ထံသို့ ရောက်လာသော၊ ဝါ=မိမိဆောင်ရွက်သင့်သော၊ ဘာရံ=ကိုး န ဝဟတိ
=မဆောင်ရွက်၊(သောစ=ထိုပုဂ္ဂိုလ်လည်းကောင်းတည်း) ။ပ။ ပဏ္ဍိတာ=
ပညာရှိတို့သည် ။ အကပ္ပိယေ=မအပ်စပ်သော ခြင်္သေ့အသားစသည်၌၊
ကပ္ပိယသည်=အပ်စပ်၏ဟု အမှတ်ရှိ၏၊ (သောစ=လည်းကောင်း) ပ။
ကပ္ပိယေ-အပ်စပ်သော မိကျောင်းသား စသည်၌၊ အကပ္ပိယသည် မအပ်စပ်ဟု
အမှတ်ရှိ၏၊ ၊ ပေ။ အနာပတ္တိယာ= အာပတ်မဟုတ်သည်၌၊ အာပတ္တိသည်=
အာပတ်ဟု အမှတ်ရှိ၏ ။ပ။ အာပတ္တိယာ=အာပတ်၌၊ အနာပတ္တိသညီ=အာပတ်
မဟုတ်ဟု အမှတ်ရှိ၏ ။ပ။ အဓမ္မ=ကုသိုလ်တရား၏ ဆန့်ကျင်ဘက်
အကုသိုလ်တရား၌၊ ဓမ္မသညီ=ကုသိုလ်တရားဟု အမှတ်ရှိ၏ ။ပ။ ဓမ္မေ=
ကုသိုလ်တရား၌၊ အဓမ္မသည်=ကုသိုလ်တရား၏ ဆန့်ကျင်ဘက် အကုသိုလ်
တရားဟု အမှတ်ရှိ၏ ။ပ။ အဝိနယေ ရာဂစသည်ကို ပယ်ရှားကြောင်း
မဟုတ်သော အကုသိုလ်တရား၌၊ ဝိနယသည်=ရာဂစသည်ကို ပယ်ရှားကြောင်း
ကုသိုလ်တရားဟု အမှတ်ရှိ၏ ။ပ။ ဝိနယေ=ရာဂစသည်ကို ပယ်ရှားကြောင်း
ကုသိုလ်တရား၌၊ အဝိနယသည်=ရာဂစသည်ကို ပယ်ရှားကြောင်း မဟုတ်သော
အကုသိုလ်တရားဟု အမှတ်ရှိ၏။

## PAGE 202

၁ဝ၉၊ ၁၁၀။ ဘိက္ခဝေ-တို့၊ ဒွိဇံ=နှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ၊ အာသဝါ
=ကိလေသာ အာသဝတို့သည်၊ ဝန္တိ=တိုးပွားနေကုန်၏။ ကတမေသံ ဒိ=
အဘယ်နှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ၊ (အာသဝါ=တို့သည်၊ သန္တိ=နည်း) ယော
“အကြင်ပုဂ္ဂိုလ်သည်၊ နကုက္ကုစ္စာယိတဗ္ဗ =ယုံမှားတွေးတော ကုက္ကုစ္စ မပြုသင့်
သည်ကို၊ ဝါ=ယုံမှားသံသယ မဖြစ်နိုင်လောက်သော ဝက်သားစသည်ကို။
ကုက္ကုစ္စာယတိ=ယုံမှားတွေးတောမှု ကုက္ကုစ္စပြု၏။ ဝါ=ဝံသားလေလော စသည်
ဖြင့် တွေးတောကာ မစားဘဲနေ၏။ (တဿစ=ထိုပုဂ္ဂိုလ်မှာလည်းကောင်း)
ယော=သည်၊ ကုက္ကုစ္စာယိတဗ္ဗ=ယုံမှားတွေးတောမှ ကုက္ကုစ္စပြုသင့်သည်ကို၊
ဝါ=ယုံမှား သံသယ ဖြစ်သင့်သော ဝံသား ဆင်သား စသည်ကို၊ နကုက္ကုစ္စာယတိ
=ယုံမှား တွေးတောမှု ကုက္ကုစ္စမပြု၊ ဝါ=ဝက်သားလေလော .. စသည်ဖြင့်
မတွေးတောဘဲ စားလိုက်၏။ ဝက်သားဘဲဖြစ်ဖြစ်, ဝံသားဘဲ ဖြစ်ဖြစ်,ဖြစ်ချင်ရာ
ဖြစ်ဟု ဆိုကာ စားချလိုက်၏ဟူလို] (တဿစ=မှာလည်းကောင်း၊ အာသဝါ
=တို့သည်၊ ဝစ္စန္တိ=၏) ဘိက္ခဝေ=တို့၊ ဣမေသံ ဒိန္နံ=ဤနှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ၊
အာသဝါ ဝန္တိ ။ပ။ န ကုက္ကုစ္စာယိတဗ္ဗ ယုံမှားတွေးတောမှု ကုက္ကုစ္စ မပြု
သင့်သည်ကို။ န ကုက္ကုစ္စာယတိ=ယုံမှားတွေးတောမှ ကုက္ကုစ္စမပြု ။ပ။
ဒုတိယော=နှစ်ခုမြောက်သော၊ ပဏ္ဏာသကော=သုတ်ငါးဆယ် အပေါင်း
သည်၊ သမတ္တော=ပြီးပြီ။
၁။ နကုက္ကုစ္စာယိတဗ္ဗ ကုက္ကုစ္စာယတိ ။ ။ ပုဂ္ဂလပညတ်ဋ္ဌ (၅၅)
နှင့် ဤသုတ်ဋီကာ အဖွင့်ကို ထည့်သွင်း၍ အနက်ပေးသည်။ (တနည်း)
နကုက္ကုစ္စာယိတဗ္ဗ=ကုက္ကုစ္စ မပြုသင့်သော သံဃာပိုင်လယ်ယာစသည် မစီမံ
ခြင်းကို၊ မစီမံကောင်း၍ မစီမံခြင်းကို] ကုက္ကုစ္စာယတိ-ကုက္ကုစ္စပြု၏ ပ
ကုက္ကုစ္စာယိတဗ္ဗ-ကုက္ကုစ္စပြုသင့်သော သံဃာပိုင် လယ်ယာစသည် စီမံခြင်းကို၊
နကုက္ကုစ္စာယတိ=ကုက္ကုစ္စမပြု။
ပစ္စည်းလေးပါးသုံးစွဲဖို့အတွက် အပ်စပ်သော နည်းဖြင့် သံဃာအား
လှူဒါန်းထားသော လယ်ယာ, တဖက်ဆည်ကန်စသည်နှင့် ထိုလယ်ယာထွက်
ပစ္စည်းမှ ရရှိသော ရွှေငွေ စသည်တို့၌ “ဤရေကန်ထဲမှ ရေကို ဤလယ်ထဲသွင်းပြီး
ထွန်ကြ၊ စပါးစိုက်ကြ၊ အဲဒီရွှေငွေဖြင့် သင်္ကန်းဝယ်ခဲ့” စသည်ဖြင့် သံဃာပိုင်
ပစ္စည်းများကို ရဟန်းများ မစီမံကောင်း၊ ထိုကိစ္စမှာ ကုက္ကုစ္စာယိတဗ္ဗတည်း။

## PAGE 203

(၁၁) ၁-အာသာဒုပ္ပဇဟဝဂ်
၁၁၉၊ ၁၂၁။ ဘိက္ခဝေ=ရဟန်းတို့၊ ဒုပ္ပဇဟာ=ခက်ခဲသဖြင့် ပယ်စွန့်
အပ်ကုန်သော၊ ဝါ=ပယ်စွန့်နိုင်ခဲကုန်သော၊ အာသာ=ခင်တွယ်တပ်မက် ငဲ့ကွက်
တတ်သော တဏှာတို့သည်၊ ဣမာ ဒွေ=ဤနှစ်မျိုးတို့တည်း၊ ဒွေ=နှစ်မျိုးတို့
ဟူသည်၊ ကတမာ-အဘယ်တို့နည်း၊ လာဘာသာစ=ပစ္စည်းလာဘ်၌ ခင်တွယ်
သော တဏှာလည်းကောင်း၊ ဇီဝိတာသာစ=အသက်၌ ခင်တွယ်သော တဏှာ
လည်းကောင်းတည်း၊ ဘိက္ခဝေ=တို့၊ ဒုပ္ပဇဟာကုန်သော၊ အာသာ=တို့သည်၊
ဣမာ ဒွေ=တည်း၊ ဣတိ-ဤသို့ (အဝေါစ=မိန့်တော်မူပြီ) ဘိက္ခဝေ=တို့၊
လောကသ္မိံ=သတ္တလောက၌၊ ဒုလ္လဘာ=ခက်ခဲသဖြင့် ရအပ်ကုန်သော၊ ဝါ=
ရနိုင်ခဲကုန်သော၊ ပုဂ္ဂလာ=ပုဂ္ဂိုလ်တို့သည် ။ပ။ ယော=အကြင်ပုဂ္ဂိုလ်သည်၊
ပုဗ္ဗကာရီ=ရှေးဦးစွာ ကျေးဇူးပြုတတ်၏၊ (သောစ=ထိုပုဂ္ဂိုလ်လည်းကောင်း)
ယော=သည် ကတညူး=သူတပါးပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်၏။
ကတဝေဒီ- သူတပါးပြုခဲ့ဖူးသော ကျေးဇူးကို ထင်ရှားပြုတတ် ဆပ်ပေးတတ်၏။
(သောစ=လည်းကောင်းတည်း) ။ပ။ တိတ္တောစ=လောကုတ္တရာ တရားကိုးပါး
တို့ဖြင့် “ရောင့်ရဲကုံလုံပြည့်စုံသော ပုဂ္ဂိုလ်လည်းကောင်း ။ပစ္စေကဗုဒ္ဓါနှင့်
မြတ်စွာဘုရား၏ တပည့်ရဟန္တာ ပုဂ္ဂိုလ်တို့တည်း] တပ္မေတာစ=လောကုတ္တရာ
တရားကိုးပါးတို့ဖြင့် သူတပါးကို ရောင့်ရဲကုံလုံ ပြည့်စုံစေသော ပုဂ္ဂိုလ်
လည်းကောင်းတည်း၊ မြတ်စွာဘုရားတည်း]
၁၂၂၊ ၁၃ဝ။ ဒုတ္တပ္ပယာ=(ဒါယကာတို့က) ခက်ခဲသဖြင့် ကျေနပ်နှစ်သိမ့်
စေအပ်ကုန်သော၊ ဝါ=ကျေနပ်နှစ်သိမ့်စေခြင်းငှာမလွယ်ကူကုန်သော၊ ပုဂ္ဂလာ
Bo။ ယော=အကြင်ပုဂ္ဂိုလ်သည်၊ လက္ခံ လက္ခံ=ရအပ်တိုင်း ရအပ်တိုင်းသော
ပစ္စည်းကို၊ နိက္ခိပတိ=မသုံးစွဲဘဲ .. သိမ်းဆည်းထား၏၊ (သောစ=ထိုပုဂ္ဂိုလ်
လည်းကောင်း) ယော=သည်၊ လက္ခံ လက္ခံ=ကို၊ ဝိဿဇ္ဇေတိ=သူတပါးတို့အား
အကုန်လုံး ပေးစွန့်လိုက်၏၊ (သောစ=လည်းကောင်းတည်း) ။ပ။ သုတပ္ပယာ
=လွယ်ကူသဖြင့် ကျေနပ်နှစ်သိမ့် စေအပ်ကုန်သော ပ။ ရာဂဿရာဂ၏၊
ဥပ္ပါဒါယ=ဖြစ်ခြင်းငှာ၊ ပစ္စယာ=အကြောင်းတို့သည်၊ ဣမေ ဒွေ။ပ။ သုဘနိမိတ္တဉ္စ
=ရာဂ၏ အကြောင်းဖြစ်သော တင့်တယ်သော အာရုံလည်းကောင်း၊ ဧကက
