## PAGE 207

(၁၃) ၃-ဒါနဝဂ်
သာဝကေစ=မြတ်စွာဘုရား၏တပည့် သူတော်ကောင်း၌လည်းကောင်း။ပ။
သစိတ္တပေါဒါနဉ္စ=မိမိစိတ်၏ ဖြူစင်ကြောင်း သမတ်ရှစ်ပါးလည်းကောင်း၊
လောကေ-အမျိုးမျိုး အဖုံဖုံ ပျက်စီးတတ်သောရုပ် ဝေဒနာ စသောတရား၌၊
ဝါ=တွင်၊ ကိဉ္စိ=မည်သည့်တရားကိုမျှ၊ (ယံ) နဥပါဒိယတိ=အကြင်မြဲမြံ ပြင်း
ထန်စွာ မယူငင်၊ ဝါ-အကြင်မစွဲလန်း၊ တဉ္စ အနုပါဒါနံ=ထိုမည်သည့်တရားကိုမျှ
မြဲမြံပြင်းထန်စွာ မယူငင်ခြင်းလည်းကောင်းတည်း) ။ပ။ ကောဓောစ= အမျက်
ထွက်ခြင်းလည်းကောင်း၊ ဥပနာဟောစ= ရန်ငြိုးဖွဲ့ခြင်းလည်းကောင်းတည်း၊
ဝါ=ရှေ့ဒေါသကို ဖွဲ့ကပ်ဆက်စပ်တတ်သော နောက်ဒေါသလည်းကောင်းတည်း၊
[ပုဗ္ဗကာလိကံ ကောဓံ ဥပနယှတိ ဗန္ဓတိတိ (အပရကာလိကော ကောဓော)
ဥပနာဟော နာမ] းပ၊ ကောဓဝိနယော စ=အမျက်ဒေါသကို ပယ်ဖျောက်ခြင်း
လည်းကောင်း၊ ဥပနာဟဝိနယော စ= ရန်ငြိုးဖွဲ့မှုကို ပယ်ဖျောက်ခြင်းလည်း
ကောင်းတည်း။
(၁၃) ၃-ဒါနဝဂ်
၁၄၂၊ ဘိက္ခဝေ=တို့၊ ဒါနာနိ=အလှူဒါနတို့သည်၊ [သာမညအနက်
တည်း] ဝါ-ပေးလှူဖွယ် အရာဝတ္ထုတို့သည်၊ [ဝတ္ထုဒါနတည်း၊ ဒီယတေတိ
ဒါနံ] ဝါ=လှူဖွယ်ဝတ္ထုကို ပေးလှူကြောင်း စေတနာတို့သည်၊ စေတနာဒါနတည်း၊
ဒီယာ အနေနာတိ ဒါနဣမာနိ ဒွေ=ဤနှစ်မျိုးတို့တည်း ။ပ။ အာမိသဒါနဉ္စ
=အာမိသအလှူလည်းကောင်း၊ ဝါး(ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး)
လေးမျိုးသော ပစ္စည်းအာမိသဟူသော ပေးလှူဖွယ် ဝတ္ထုလည်းကောင်း၊ ဝါ=
လေးမျိုးသော ပစ္စည်းအာမိသကို ပေးလှူကြောင်း စေတနာလည်းကောင်း၊ ဓမ္မ
ဒါနဉ္စ=တရားအလှူလည်းကောင်းတည်း၊ ဝါ=နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော
အကျင့်တရားဟူသော ပေးလှူဖွယ်လည်းကောင်းတည်း၊ ဝါ=နိဗ္ဗာန်ရောက်ကြောင်း
မှန်ကန်သော အကျင့်တရားကို ပေးလှူကြောင်း စေတနာလည်းကောင်းတည်း
ပ။ ဘိက္ခဝေ=တို့၊ ဒွိနှုံ=နှစ်မျိုးကုန်သော၊ ဣမေသံ ဒါနာနံ=ဤအလှူဒါနတို့တွင်း
ယဒိဒံ ဓမ္မဒါနံ=အကြင်တရားအလှူသည်၊ (အတ္ထိ=ရှိ၏) ဧတံ=ဤတရားအလှူ
သည်၊ အခွံ=အမြတ်ဆုံးပေတည်း၊ ဣတိ (အဝေါစ) နောက်သုတ်များ၌လည်း
ဝတ္ထုနှင့် စေတနာ နှစ်ဖြာခွဲ၍ အနက်ဆိုနိုင်၏]
၁၄၃၊ ၁၅၁။ ယာဂါ= ပူဇော်ဖွယ် အမျိုးအစားတို့သည် ။
အာမိသယာဂေါ်စ=လေးမျိုးသော ပစ္စည်းအာမိသဟူသော ပူဇော်ဖွယ် အမျိုးအစား

## PAGE 208

လည်းကောင်း၊ ဓမ္မယာဂေါစ=နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အကျင့်တရား
ဟူသော ပူဇော်ဖွယ် အမျိုးအစားလည်းကောင်းတည်း ။ပ။ ဒွိန္နီ-ကုန်သော
ဣမေသံ ယာဂါနံ= ဤပူဇော်ဖွယ် အမျိုးအစားတို့တွင် ။ပ။ စာဂါ =စွန့်ကြဲခြင်း
တို့သည် ။o။ အာမိသစာဂေါစ=ပစ္စည်းအာမိသကို စွန့်ကြဲခြင်းလည်းကောင်း၊
ဓမ္မစာဂေါ စ=တရားကို စွန့်ကြဲခြင်းလည်းကောင်းတည်း ဝါ=တရားဟောခြင်း
လည်းကောင်းတည်း ။ပ။ ပရိစ္စာဂါ=စွန့်ကြဲခြင်းတို့သည်၊ စာဂနှင့် အားလုံးတူ၏]
ပ။ ဘောဂါ=သုံးဆောင်ခြင်းတို့သည် ။ပ။ အာမိသဘောဂေါစ =အာမိသကို
သုံးဆောင်ခြင်းလည်းကောင်း၊ ဓမ္မဘောဂေါစ=တရားကို သုံးဆောင်ခြင်း
လည်းကောင်းတည်း ။ပ။ သမ္ဘောဂါ သုံးဆောင်ခြင်းတို့သည် ။ပ။ သံဝိဘာဂါ=
ခွဲခြမ်းဝေဖန်ခြင်းတို့သည် ။ပ။ သင်္ဂဟာ=ချီးမြှောက်ထောက်ပင့်ခြင်းတို့သည်
ပ။ အာမိသသင်္ဂဟော ၈=အာမိသဖြင့် ချီးမြှောက်ထောက်ပင့်ခြင်း လည်းကောင်း၊
ဓမ္မသင်္ဂဟော စ=တရားဖြင့် ချီးမြှောက်ထောက်ပင့်ခြင်း လည်းကောင်းတည်း
Hot အနုဂ္ဂဟာ၌လည်း သင်္ဂဟာအတိုင်း ဆိုပါ] ။ပ။ အနုကမ္မာ=ငဲ့ညှာ
ထောက်ထား သနားခြင်းတို့သည် no။ အာမိသာနုကမ္ပာ စ=အာမိသဖြင့်
ငဲ့ညှာထောက်ထား သနားခြင်းလည်းကောင်း ။ပ။
(၁၄) ၄-သန္တာရဝဂ်
၁၅၂၆။ သန္တာရာ=လောကတံထွာ, ပျူငှာဝတ်ပြု, ချီးမြှောက်မှုတို့သည်၊
ဝါ=အာမိသ ဓမ္မ, မရကြရာ, သူငါအကြား, ခြားနားပေါက်ဖျက်, ကွာဟ
ချက်များ, မထင်ရှားအောင်, တသားတည်းကပ်, ဆက်စပ်ဖုံးကာ, ပျူငှာဝတ်ပြု
ချီးမြှောက်မှုတို့သည်၊ ဋီကာအဖွင့်အားလုံး ငုံမိအောင် အနက်ပြန်ထားသည်၊
သံပုဗ္ဗ ထရဓာတ်၏ မူရင်းသဒ္ဒတ္ထမှာ ပိဒဟန(ဖုံးအုပ်ခြင်း) အနက်တည်း။
သင်္ဂဏှန(ချီးမြှောက်ခြင်း)အနက်ကား အဓိပ္ပာယတ္ထတည်း]။ပ။ အာမိသသန္တာရော
စ=ပစ္စည်းအာမိသဖြင့် လောကတံထွာ ပျုငှာဝတ်ပြု ချီးမြှောက်မှ လည်းကောင်း၊
[မိမိထံ ရောက်လာသော အာဂန္တုက ရဟန်းစသည်တို့အား ခရီးဦးကြိုဆိုခြင်းမှစ၍
တတ်စွမ်းသမျှ ကျွေးမွေးဧည့်ခံခြင်းတည်း] ဓမ္မသန္တာရော စ=တရားဖြင့်
လောကတံထွာ ပျူငှာဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း တပည့်တို့အား
စာပေကျမ်းဂန် ပို့ချခြင်း, ကမ္မဋ္ဌာန်းပေးခြင်း၊ ရှင်ရဟန်းပြု ပေးခြင်း
စသည်တည်း၊ ပုံဝတ္ထုနှင့်တကွ အဓိပ္ပာယ်အကျယ်ကို အဋ္ဌသာလိနီ ၄၂၆-၌
ကြည့်ပါ] ပဋိသန္တာရပုဒ်သည် ဤသန္တာရပုဒ်နှင့် အနက်တူ၏။ပ။ ဧသနာ=

## PAGE 209

(၁၅) ၅-သမာပတ္တိဝဂ်
ရှာမှီးခြင်းတို့သည်။ပ။ အာမိသေသနာ စ=ပစ္စည်းအာမိသကို ရှာမှီးခြင်း
လည်းကောင်း၊ ဓမ္မေသနာ စ= တရားကို ရှာမှီးခြင်း လည်းကောင်းတည်း။
[ပရိယေသနာကိုလည်း ဧသနာအတိုင်းဆို] ။ပ။ ပရိယေဋ္ဌိယော= ထိပ်ဆုံးသို့
ရောက်သော ရှာမှီးခြင်းတို့သည် ။ပ။ အာမိသပရိယေဋ္ဌိ စ=ထိပ်ဆုံးသို့
ရောက်အောင် အာမိသကို ရှာမှီးခြင်းလည်းကောင်း၊ ဓမ္မပရိယေဋ္ဌိစ=ထိပ်ဆုံးသို့
ရောက်အောင် တရားရှာမှီးခြင်း လည်းကောင်းတည်း ။
000
၁၅၇၊ ၁၆၃။ပူဇာ=ပူဇော်ခြင်းတို့သည် ။ပ။ အာမိသပူဇာစ=အာမိသဖြင့်
ပူဇော်ခြင်းလည်းကောင်း၊ ဓမ္မပူဇာ စ=တရား ဖြင့် ပူဇော်ခြင်းလည်းကောင်းတည်း
အာကိဏေယျာနိ=ဧည့်သည်တို့အား ပေးကမ်းဖွယ် လက်ဆောင်တို့သည်
။ပ။ အာမိသာတိလေယျဉ္စ=အာမိသဟူသောဧည့်သည်လက်ဆောင်လည်း
ကောင်း၊ ဓမ္မာတိထေယျဥတရားဟူသော ဧည့်သည် လက်ဆောင် လည်း
ကောင်းတည်း ပ။ ဣဒ္ဓိယော=ပြီးစီးအောင်မြင်ကြောင်းတို့သည် ။ပ။ အာမိသိဒ္ဓိ
စ=အာမိသဟူသော ပြီးစီးအောင်မြင်ကြောင်း လည်းကောင်း၊ ဓမ္ဗိဒ္ဓိစ=တရား
ဟူသော ပြီးစီးအောင်မြင်ကြောင်း လည်းကောင်းတည်း ။ပ။ ဝုဒ္ဓိယော=ကြီးပွား
တိုးတက်ခြင်းတို့သည် ဃ။ အာမိသဝုဒ္ဓိ စ=အာမိသကြောင့် ကြီးပွားတိုးတတ်ခြင်း
လည်းကောင်း၊ ဓမ္မဗုဒ္ဓိ စ=တရားကြောင့် ကြီးပွားတိုးတက်ခြင်း လည်းကောင်း
တည်း ပး ရတနာနိ=ရတနာတို့သည်၊ ဝါနှစ်သက်မှုကို ဖြစ်စေတတ်သော
အဖိုးတန်ပစ္စည်းတို့သည် ။ပ။ အာမိသရတနဉ္စ=အာမိသ ဟူသော ရတနာ
လည်းကောင်း၊ ဝါ--အာမိသဟူသော နှစ်သက်မှုကို ဖြစ်စေတတ်သော အဖိုးတန်
ပစ္စည်းလည်းကောင်း၊ ဓမ္မရတနဉ္စတရားဟူသောရတနာလည်းကောင်းတည်း၊
ဝါ=တည်း။ပ။ သန္ဓေစယာ=ဆည်းပူးစုဆောင်းခြင်းတို့သည်။ပ။အာမိသသဒ္ဓိစယော
စ=အာမိသကို ဆည်းပူးစုဆောင်းခြင်းလည်းကောင်း၊ ဓမ္မသန္နိစယော စ=တရား
ကို ဆည်းပူးစုဆောင်းခြင်းလည်းကောင်းတည်း ။ပ။ ဝေပုလ္လာနိ= ပြန့်ပွားသည်
အဖြစ်တို့သည်။ပ။ အာမိသဝေပုလ္လ စ-အာမိသ၏ ပြန့်ပွားသည်အဖြစ်လည်း
ကောင်း၊ ဓမ္မဝေပုလ္လ စ=တရား၏ ပြန့်ပွားသည် အဖြစ်လည်းကောင်းတည်း။ပ။
(၁၅) ၅-သမာပတ္တိဝဂ်
၁၆၄၊ ၁၇၃။ သမာပတ္တိကုသလတာ စ“သမာပတ် ဝင်စားခြင်း၌
ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း၊ ရှေ့ပိုင်း၌ ပရိကမ္မဘာဝနာ ဖြစ်၏ ။
