## PAGE 21

ဘိက္ခဝေ=တို ့၊ ဣဒံ ပဋိသနိမိတ္တံ ယထာ -ဤဒေါသ၏ အကြောင်းဖြစ်သော
အနိဋ္ဌာရုံကဲ့သို ့၊ ဝါ=ဤနောက်နောက်ဒေါသ၏ အကြောင်းဖြစ်သော ရှေးရှေး
ဒေါသကဲ့သို့၊ (ဧဝံ-ဤနည်းတူ) အညံ=ပဋိဃနိမိတ်မှ တခြားသော၊ တံ ဧက
ဓမ္မမ္မိ=ထိုတခုသော တရားသဘောကိုမျှလည်း၊ အဟံ=သည်၊ နသမနုပဿာမိ
=မမူ၊ ဘိက္ခဝေ=တို့၊ ပဋိဃနိမိတ္တံ=ဒေါသ၏ အကြောင်းဖြစ်သော အနိဋ္ဌာရုံကို၊
ဝါ=ကို၊ အယောနိသော=ဖြင့်ပ။
သံဝတ္တတိ=၏ (အဝေါစ=ပြီ) ဒုတိယံ=ဒုတိယ
သုတ်တည်း။
၁၃။ အနုပ္ပန္နံ=သော၊ ထိနမိဒ္ဓံဝါJ=ထိနမိဒ္ဓနီဝရဏသည်လည်း၊ ဝါ=
စိတ်နာမကျန်း မရွှင်လန်းခြင်း၊ ပျင်းရိလေးတွဲခြင်း သဘောနှင့် စေတသိက်
နာမကျန်း မရွှင်လန်းခြင်း၊ အိပ်ငိုက်စေခြင်း သဘောသည်လည်း၊ ဥပ္ပဇ္ဇတိ=
၏၊ ဥပ္ပန္နံ=သော၊ ဝါ=ဖြစ်ပြီးသော ထိနမိဒ္ဓ နီဝရဏနှင့်တူသော။ပ။ သံဝတ္တတိ
=၏၊ ဘိက္ခဝေ=တို၊ ဣဒံ (အယံ) အရတိ ယထာ=ဤ (တောကျောင်း၊သမထ
ဝိပဿနာ တရားတို ့၌) မပျော်မွေ့ခြင်းကဲ့သို ့လည်းကောင်း၊ ဣဒံ (အသံ)
ဘာဝေါ”ဟူသော အဋ္ဌကထာအဖွင့်အတိုင်း နိဿယခန်း၌ အနက်ပြန်ဆိုထား
သည်၊ ဋီကာ၌ကား “ဗျာပဇ္ဇတိ တေန စိတ္တံ ပူတိကုမ္မာသာဒယော ဝိယ ပုရိမ
ပကတိ ဇဟတီတိ ဗျာပါဒေါ=ပုပ်သိုးသော မုယောမုန့်စသည်ကဲ့သို့ စိတ်၏
ဖောက်ပြန်ခြင်းသို့ရောက်ကြောင်း (ရှေးပင်ကိုသဘောကို စွန့်ပစ်ကြောင်း)
ဖြစ်သော ဒေါသ”ဟူ၍ ကရဏသာဓနပြု၏။
၁။ ပဋိဃနိမိတ္တံ။ ။ပဋိဃဿ နိမိတ္တံ ကာရဏဘူတံ အာရမ္မဏံ
ပဋိဃနိမိတ္တံ=ဒေါသ၏အကြောင်းဖြစ်သော အနိဌာရုံ။ (တနည်း) ပဋိဃောယေဝ
-ရှေးရှေး ဒေါသသည်ပင်၊ နိမိတ္တံ-နောက်နောက်ဒေါသ၏ အကြောင်းတည်း၊
ပဋိဃနိမိတ္တံ=ရှေးရှေးဒေါသသည်ပင် နောက်နောက် ဒေါသ၏ အကြောင်း၊
ဝါ-နောက်နောက် ဒေါသ၏ အကြောင်းဖြစ်သော ရှေးရှေး (ဖြစ်ခဲ့ပြီးသော)
ဒေါသ။
၂။ ထိနမိဒ္ဓံ။ ။ ထိနပုဒ်ကို ထာဓာတ် ဣပစ္စည်း (တပစ္စည်း)၊ ထာ-
မှ အာကို ဣပြု၊ တကို နပြု၍ ရုပ်ပြီးကြောင်း မောဂ္ဂလ္လာန်နိသျ(၅-ခါဒိ
ကဏ္ဍ၊၁၁၄သုတ်) ၌မိန့်၏။ ထိယနံ ထိနံ=ထောပတ်ခဲကဲ့သို့ မပြန့်မကျဲ စိတ်
၏ စုခဲတွဲစပ်ခြင်းသဘောဟု ဋီကာအဖွင့်အတိုင်း အနက်ဆိုနိုင်၏။ နိဿယခန်း
၌ကား “တတ္ထ ကတမံ ထိနံ၊ ယာ စိတ္တဿ အကလျတာ အကမ္မညတာ”
စသော ဓမ္မသင်္ဂဏီပါဠိတော်အတိုင်း အဓိပ္ပာယ် ပေါ်အောင် အနက်ပေးထားသည်။
အကမ္ပညဘာဝေန ဟိသတီတိ မိဒ္ဓံ=မခံ့ကျန်းသည်အဖြစ်ဖြင့် နှိပ်စက်
မေတိ
တတ်သော တရားရှိ

## PAGE 22

တန္ဒီ ယထာ=ဤကုသိုလ်ကိစ္စ၌ ပျင်းရိ တွန့်ဆုတ်ခြင်းကဲ့သို ့လည်းကောင်း၊
ဣဒံ (အယံ) ဝိဇန္တိတာ ယထာ =ဤခန္ဓာကိုယ်ကို ထပ်တလဲလဲ လှုပ်ခါ လိမ်
တွန် ဆန် ငင်ခြင်း ရှိသူ၏ အဖြစ်ကဲ့သို ့လည်းကောင်း၊ ဣဒံ(အယံ) ဘတ္တသမ္မ
ဒေါ ယထာ=ဤစားပြီး ထမင်းကြောင့် မူးယစ်ထိုင်းမှိုင်းခြင်းကဲ့သို့လည်းကောင်း၊
ဝါ=ဤထမင်းဆီ ယစ်ခြင်းကဲ့သို ့ လည်းကောင်း၊ စေတသော=စိတ်၏၊ ဣဒံ
လီနတ္တံ ယထာစ=ဤတွန် ဆုတ်သည်၏ အဖြစ်ကဲ့သို ့လည်းကောင်း၊ (ဤပျံ့ပျူးမှု
မရှိ၍ တွန့်ရှုံ့ကျုံ့ဝင်သည် အဖြစ်ကဲ့သို ့ လည်းကောင်း) (ဧဝံ=တူ) အညံ=
အရတိ တန္ဒီ စသည်မှတပါးသော၊ တံ ဧကဓမ္မမ္ပိ=မျှလည်း။ပ။ ဘိက္ခဝေ=တို ့၊
လီနစိတ္တဿ=တွန် ့ဆုတ်သော စိတ်ရှိသူမှာ၊ အနုပ္ပန္နံ=သော၊ ထိနမိဒ္ဓံစေဝ=
သည်လည်း။ပ။
၁၄၊ ၁၅။ ဥဒ္ဓစ္စကုက္ကုစ္စံ ဝါ=ဥဒ္ဓစ္စ ကုက္ကုစ္စနိဝရဏသည်လည်း၊ ဝါ=
စိတ်ပျံ့လွင့်ခြင်း သဘောနှင့် နောင်တတဖန် ပူပန်ခြင်း သဘောသည်လည်း
။ပ။ ဘိက္ခဝေ=တို ့ စေတသော=စိတ်၏၊ ဣဒံ (အယံ) အဝူ ပသမော ယထာ
=ဤမငြိမ်သက်ခြင်းကဲ့သို ၊ (ဧဝံ=တူ) အညံ=စိတ်မငြိမ်သက်ခြင်းမှ တပါးသော
၁။ ဝိဇမ္ဘိတာ(ကာ)။ ။ ဝိဇမ္ဘိတာဟု (အဆုံး၌ ဒန္တဇ တဖြင့်)အရှိများ၏၊
ဝိဇမ္ဘူနံ ပုနပ္ပုနံ ဖန္ဒနံ ဝိဇမ္ဘော=(ခန္ဓာကိုယ်ကို)ထပ်တလဲလဲ လှုပ်ခါလိမ်တွန်
ဆန့်ငင်ခြင်း၊ ဝိဇမ္ဘော ယဿ အတ္ထိတိ ဝိဇမ္ဘီ=ထပ်တလဲလဲ လှုပ်ခါလိမ်တွန်
ဆန့်ငင်ခြင်းရှိသူ၊ ဝိဇမ္ဘိနော ဘာဝေါ ဝိဇမ္ဘိတာ(ခန္ဓာကိုယ်ကို) ထပ်တလဲလဲ
လှုပ်ခါလိမ်တွန် ဆန့်ငင်ခြင်းရှိသူ၏အဖြစ်ဟုကြံပါ။ ဝိဇမ္ဘိကာဟု (ကဏ္ဌဇ
က-ဖြင့်)လည်း တွေ့ရ၏။ ဇဘိဓာတ် အျပစ္စည်းဖြင့် “ဝိဇမ္ဘနံ ဝိဇမ္ဘိကာ” ဟု
ကိတ်ပုဒ်သော်လည်းကောင်း၊ “ဝိဇမ္ဘနံ ဝိဇမ္ဘော၊ ဝိဇမ္ဘော ဝေ ဝိဇမ္ဘိကာ”ဟူ၍
တဒ္ဓိတ်ပုဒ်သော်လည်းကောင်းကြံပါ။ ဝိဇမ္ဘိကာ=ခန္ဓာကိုယ်ကို ထပ်တလဲလဲ
လှုပ်ခါလိမ်တွန့်ဆန့်ငင်ခြင်း။
၂။ ဥဒ္ဓစ္စကုက္ကုစံ။ ။ ဥဒ္ဓတဿ ဘာဝေါ ဥဒ္ဓစ္စ=မငြိမ်မသက် ကြွတက်
ပျံ့လွင့်သောစိတ် (ဝါ=သမ္ပယုတ်တရားအပေါင်း)၏ ဖြစ်ကြောင်းသဘောတရား။
ကရိယတေတိ ကတံ၊ ကုစ္ဆိတံ ကတံ ကုကတံ=စက်ဆုပ်ဖွယ်ရာ ပြုကျင့်အပ်သော
ဒုစရိုက် သုစရိုက်တရား(ပြုခဲ့ပြီးသော ဒုစရိုက်နှင့် မပြုလိုက်မိသော သုစရိုက်
တရား)။ ဤဝစနတ္ထအရ တိုက်ရိုက်အားဖြင့် ဒုစရိုက် သုစရိုက်တရားကို
“ကုကတ”ဟု ဆိုရမည်ဖြစ်သော်လည်း ဤနေရာ၌ကား ထိုဒုစရိုက် သုစရိုက်ကို
အကြောင်းပြု၍ နောင်တရ ပူပန်နေသောစိတ်ကို “ကုကတ’ဟု ခေါ်ဆိုရမည်
ဖြစ်ကြောင်း ဤသုတ်ဋီကာနှင့် ဝိသုဒ္ဓိမဂ်ဋီကာ (ဒု-၁၅၂)၌ ဖွင့်၏။ အကြောင်း
ဖြစ်သော ဒုစရိုက် သုစရိုက်၏ ကုကတဟူသော နာမည်ကို အကျိုးဖြစ်သော

## PAGE 23

i
။ပ။ ဘိက္ခဝေ=တို၊ အပူ ပသန္တ စိတ္တဿ (ဈာန်ဝိပဿနာတို ့သည်) ငြိမ်သက်
စေအပ်သောစိတ် မရှိသူမှာ ။ပ။ ဝိစိကိစ္ဆာ ဝါ=ဝိစိကိစ္ဆာ နိဝရဏသည်လည်း၊
ဝါ=ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ သို ့လော သို ့လော တွေးတော
ယုံမှားခြင်း သဘောသည်လည်း ။ပ။ ဘိက္ခဝေ=တို ့၊ အယောနိသော=ကုသိုလ်
ဖြစ်ခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်၊ ဣဒံ (အယံ) မနသိကာရော
ယထာ=ဤနှလုံးသွင်းခြင်းကဲ့ သို ၊ (ဤဥပါဒါနက္ခန္ဓာတို့၌ နိစ္စ၊ သုခ၊ အတ္တ၊
သုဘဟု နှလုံးသွင်းခြင်းကဲ့သို့) (ဧဝံ=တူ)အညံ=အယောနိသော မနသိကာရမှ
တပါးသော။ ပ။ ဘိက္ခဝေ=တို ့၊ အယောနိသော=ဖြင့်၊ မနသိကရောတော=
နှလုံးသွင်းသောသူမှာ ။ပ။
၁၆။ ကာမစ္ဆန္ဒော ဝါ-သည်လည်း၊ နုပ္ပတိ=မဖြစ်၊ ဥပ္ပန္နော=သော၊
ကာမစ္ဆန္ဒော ဝါ=ကာမစ္ဆန္ဒနီဝရဏကိုလည်း၊ ပဟီယတိ=ပယ်ရှားအပ်၏၊ (တဒင်္ဂ
ပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်၊ ပဋိပ္ပဿဒ္ဓိပဟာန်၊ နိဿရဏပဟာန်
တို့ဖြင့် ပယ်ရှားအပ်၏) ဘိက္ခဝေးတို့၊ ဣဒံ အသုဘနိမိတ္တံ ယထာ =ဤအသုဘ
နိမိတ်ကဲ့သို ့၊ ဝါ=ဤအသုဘဈာန်၏ အကြောင်းအာရုံကဲ့သို့၊ (ဧဝံ=တူ) အသံ
=အသုဘနိမိတ်မှတပါးသော။ ပ။ ဘိက္ခဝေ=တို့၊ အသုဘနိမိတ္တံ=အသုဘ
နိမိတ်ကို၊ ဝါ=ကို၊ ယောနိသော=ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းအားဖြင့်၊ ဝါ
=လိုလား တောင့်တအပ်သော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့်၊
စိတ်၌ ရွှေ့ပြောင်းတင်စားသော ကာရဏူပစာရတည်း။ ကုကတဿ ဘာဝေါ
ကုက္ကုစ္စ=စက်ဆုပ်ဖွယ်ရာ ပြုကျင့်အပ်သော ဒုစရိုက်သုစရိုက်ကို အာရုံပြု၍
နောင်တရ ပူပန်နေသောစိတ်၏ ဖြစ်ကြောင်းသဘောတရား။ ။
၁။အသုဘနိမိတ္တံ။ ။အသုဘဿ(အသုဘဇ္ဈာနဿ) နိမိတ္တံ အသုဘနိမိတ္တံ
=အသုဘပဌမဈာန်၏အကြောင်းအာရုံဖြစ်သော ဥဒ္ဓုမာတက အလောင်းကောင်
စသော သက်မဲ့အသုဘဆယ်ပါးတည်း။ ကာယဂတာသတိ၏ အာရုံဖြစ်သော
ကေသာ၊ လောမာစသော သက်ရှိအသုဘအာရုံကိုလည်း သုတ်မဟာဝါဋီကာ
(၃၁၆)စသည်တို့၌ ထည့်သွင်းယူ၏။ (တနည်း) ဣဒံ အသုဘနိမိတ္တံ ယထာ
ဤမတင့်တယ်သော ဥဒ္ဓုမာတက သူသေကောင် စသော အကြောင်းအာရုံကဲ့သို့
[အသုဘမေဝ ဝါ နိမိတ္တံ အသုဘနိမိတ္တံ] ဝါ=ဤမတင့်တယ်သော ဥဒ္ဓုမာတက
စသည်ကို အာရုံပြုသော ပဌမဈာန်ကဲ့သို့။ ဤနောက်ဆုံးအနက်မှာ ဋီကာ၌
ဌာနူပစာရအဖြစ်ဖြင့် ဖွင့်သည်ကို နည်းမှီး၍ ပဌမဈာန်ကို တိုက်ရိုက်ရအောင်
ပေးလိုက်သော အနက်တည်း။]
*

## PAGE 24

မနသိကရောတော=စိတ်နှလုံး၌ သွင်းပိုက်ထားသောသူ၏၊ ဝါ=သူမှာ၊ (အနိစ္စ၊
ဒုက္ခ၊ အနတ္တ၊ အသုဘဟု နှလုံးသွင်းသောသူမှာ) [အသုဘနိမိတ်ကို အသုဘဟု
နှလုံးသွင်းခြင်းကို ဤနေရာ၌ အလိုရှိအပ်၏၊ တနည်းအားဖြင့် အနိစ္စ, ဒုက္ခ,
အနတ္တဟု နှလုံးသွင်းခြင်း သုံးမျိုးကိုလည်း ထိုအသုဘနိမိတ်နှင့် သင့်လျော်
သည်ပင် (တဒနုကူလပင်)ဖြစ်သောကြောင့် ထည့်သွင်းယူနိုင်သည်ဟူ၍ ဋီကာ
တို့ ဖွင့်တော်မူကြ၏။ သို ့သော် အောက်ခြေအဓိပ္ပာယ်ခန်း၌ ပြထားသည့်အတိုင်း
အသုဘနိမိတ္တပုဒ်အရ ပဌမဈာန်ကို ယူသောနည်း၌ကား ထိုအသုဘနိမိတ္တဖြစ်
သော ပဌမဈာန်ကို အနိစ္စ ဒုက္ခ အနတ္တဟု နှလုံးသွင်းခြင်း သုံးမျိုးသည်
တဒနုကူလဖြစ်ရုံမျှမက တိုက်ရိုက်ပင် သက်ဆိုင်သည်ဟု ယူဆ၏။ ထို ့အပြင်
ထိုအသုဘနိမိတ္တ ပဌမဈာန်ကို စိတ်နှလုံး၌သွင်းပိုက်ထားခြင်း (ထိုပဌမဈာန်ကို
ဖြစ်ပွားစေခြင်း) ဟူသော အနက်ကိုလည်း ယောနိသောမနသိကာရဟု ဆိုလို
ကြောင်းကို “အသုဘဘာဝနာနုယောဂေါ” ဟူသော အဋ္ဌကထာဖြင့် သိနိုင်ပါ၏။
“အပိစ ဆ ဓမ္မာ” စသော အဋ္ဌကထာအဖွင့်ကို ကြည့်ပါလေ ။။
၁၇။ ဘိက္ခဝေ-တို၊ စေတောဝိမုတ္တိ =ဆန် ့ကျင်ဘက် နိဝရဏစ
သည်တို ့မှ ယှဉ်ဘက်စိတ်၏ လွတ်ကင်းကြောင်းဖြစ်သော၊ ဝါ=ဗျာပါဒ ပရိယူ
၁။ စေတောဝိမုတ္တိပုဒ်ဝိဂြိုဟ် စိစစ်ချက်။ ။ နီဝရဏာဒီဟိ ပစ္စနီက
ဓမ္မေဟိ(သဗ္ဗဗျာပါဒပရိယုဋ္ဌာနေနဝါ) ဝိမုစ္စတိ ဧတာယာတိ ဝိမုတ္တိ’ဟု ကရဏ
သာဓနဝိဂြိုဟ်ပြုပြီးနောက် “စေတသော ဝိမုတ္တိ စေတောဝိမုတ္တိ”ဟု ဆနွှဲ
တပ္ပုရိသ်တွဲ၍ စေတောဝိမုတ္တိအရ (ဈာန်သုံးပါး လေးပါးနှင့်ယှဉ်သော)မေတ္တာ
ကို ယူရမည်။ သို့မှသာ မေတ္တာပုဒ်နှင့် စေတောဝိမုတ္တိပုဒ်တို့ အရတူတုလျာဓိ
ကရဏ ဖြစ်နိုင်မည်။ အဋ္ဌကထာ၌လည်း “ယသ္မာ ပန (ဧတာယ) တံသမ္ပယုတ္တံ
စိတ္တံ”ဟု ဧတာယပါဌ် ပါရှိသင့်၏။
အကယ်၍ ဧတာယပါဌ် မပါသော ယခုလက်ရှိစာသွားအတိုင်းဆိုလျှင်
ဝိမုတ္တိပုဒ်ကို ကတ္တုသာဓနဝစနတ္ထပြုကာ (တံသမ္ပယုတ္တစိတ္တသင်္ခါတံ) စေတော
စ တံ ဝိမုတ္တိ စာတိ စေတောဝိမုတ္တိဟု ကမ္မဓာရယ်တွဲ၍ စေတောဝိမုတ္တိအရ
(မေတ္တာကို မယူရတော့ဘဲ) မေတ္တာနှင့်ယှဉ်ဘက်စိတ်ကို ယူရပေတော့မည်။ သို့
ဖြစ်လျှင် မေတ္တာပုဒ်ကို စေတောဝိမုတ္တိပုဒ်နှင့် အရတူအောင် မေတ္တာယ သမ္ပယုတ္တာ
မေတ္တာဟု နောက်ထပ် တဒ္ဓိတ်ဆင့်ရပေတော့မည်။
သို့သော် ဋ္ဌ၊ ငိုတို့၌ ထိုကဲ့သို့ တဒ္ဓိတ်ဆင့် မပြကြပါ။ ထိုကြောင့်
အဋ္ဌကထာ၌ ဧတာယနှင့် ယာယပါဌ်တခုခု ကျနေရစ်ဟန်တူ၏။ အပရအန္တရာ
သံဃာတဝဂ် ဋ္ဌ၊ ဋီတို့ကိုလည်း လှမ်းကြည့်ပါ၊ အကယ်၍ ယခုလက်ရှိ အဋ္ဌ
ကထာ အဖွင့်ကိုကြည့်၍ ပါဠိတော်ကိုအနက်ပေးလိုလျှင်ကား “မေတ္တာ=မေတ္တာ

## PAGE 25

ဋ္ဌာန အားလုံးမှ ယှဉ်ဘက်စိတ်၏ လွတ်ကင်းကြောင်းဖြစ်သော၊ ဗျာပါဒပရိ
ယုဋ္ဌာန=ဒေါသဗျာပါဒ၏ ထကြွဖြစ်ပေါ်လာခြင်း၊ ဝါ=ထကြွဖြစ်ပေါ်လာသော
ဒေါသဗျာပါဒါ ဣဒံ (အယံ) မေတ္တာ ယထာ=ဤမေတ္တာကဲ့သို ့၊ (ဤအပ္ပနာသို
ရောက်သော တိကစတုက္ကဇ္ဈာနိကမေတ္တာကဲ့သို) (ဧဝံ=တူ) အညံ=မေတ္တာ
စေတော ဝိမုတ္တိမှတပါးသော။ ပ။ ဘိက္ခဝေ=တို ့၊ စေတောဝိမုတ္တိ = သော
မေတ္တံ=မေတ္တာကို၊ ယောနိသော=ဖြင့်၊ မနသိကရောတော=စိတ်နှလုံး၌ သွင်း
ပိုက်ထားသော ပုဂ္ဂိုလ်မှာ [ယောနိသော မနသိကရောတောတိ တံ မေတ္တံ
စေတောဝိမုတ္တိ ဝုတ္တလက္ခဏေန ဥပါယမနသိကာရေန မနသိကရောန္တဿ”
ဟူသော အဋ္ဌကထာ အဖွင့်ဖြင့် ထိုမေတ္တာစေတောဝိမုတ္တိကို အနိစ္စ ဒုက္ခ
စသည်ဖြင့် နှလုံးသွင်းခြင်းကိုပင် ယောနိသောမနသိကာရ ဆိုလိုသည်ဟု
စဉ်းစားမိ၏၊ ထိုမေတ္တာစေတောဝိမုတ္တိကို စိတ်နှလုံး၌ သွင်းပိုက်ထားခြင်း
(ဝါ=မေတ္တာဘာဝနာ ပွားများအားထုတ်ခြင်း)ကိုလည်း ယောနိသောမနသိကာရ
ဟု ဆိုသင့်ပါ၏၊ “အပိစ ဆ ုဓမ္မာ ဗျာပါဒဿ ပဟာနာယ သံဝတ္တန္တိ”
ဟူသော အဋ္ဌကထာအဖွင့်ကို ကြည့်ပါလေ]
၁၈၊ ၁၉၊ ၂၀။ ဣဒံ (အယံ) အာရမ္ဘ ဓာတု ယထာ =ဤဦးစွာအစ
အားထုတ်တတ်သော ဝိရိယဓာတ်ကဲ့သို ့လည်းကောင်၊ ဣဒံ (အယံ) နိက္ကမဓာတု
ယထာ=ဤကောသဇ္ဇမှ ထွက်မြောက်၍ အာရမ္ဘဓာတ်ထက် အားကောင်းသော
ဝိရိယဓာတ်ကဲ့သို ့လည်းကောင်း၊ [ကောသဇ္ဇ=ပျင်းရိတွန် ဆုတ်ခြင်းသဘော]
နှင့် ယှဉ်သော၊ ဣဒံ (အယံ)စေတောဝိမုတ္တိ ယထာ= ဤဆန့်ကျင်ဘက်နီဝရဏ
စသည်တို့မှ လွတ်ကင်းသော အပ္ပနာဈာန်စိတ်ကဲ့သို့” ဟု ပေးရပေလိမ့်မည်။
၁။ အာရမ္မဓာတုစသည်။ ။ အာရမ္ဘနံ အာရမ္ဘော၊ အာရမ္ဘတီတိဝါ
အာရမ္ဘော၊ အတ္တနှော သဘာဝံ ဓာရေတီတိ ဓာတု၊ အာရမ္ဘော စ သော ဓာတု
စာတိ အာရမ္ဘဓာတု-ဟု ဝစနတ္ထပြု၍ “အာရမ္ဘဓာတု=ရှေးဦးအစ အားထုတ်
တတ်၍ မိမိသဘောကို ဆောင်ထားတတ်သော ဝီရိယ”ဟု အနက်ဆိုနိုင်၏။
ကောသဇ္ဇတော နိက္ခမတီတိ နိက္ကမော၊ နိက္ကမော ဓာတု နိက္ခမဓာတု=ပျင်းရိမှုမှ
ထွက်မြောက်သော ဝီရိယဓာတ်သဘော၊ ဝါ=ပျင်းရိမှုမှ ထွက်မြောက်တတ်၍
မိမိသဘောကိုဆောင်ထားတတ်သော ဝီရိယ။ ပရံ ပရံ ဌာနံ အက္ကမတီတိ
ပရက္ကမော၊ ပရက္ကမော ဓာတု ပရက္ကမဓာတု=တဆင့်ထက် တဆင့်မြင့်သော
နေရာသို့ တက်ရောက်တတ်သော ဝီရိယဓာတ်သဘော၊ ဝါ=တဆင့် . . .တက်
ရောက်တတ်၍ မိမိသဘောကို ဆောင်ထားတတ်သော ဝီရိယ-ဟုအနက်ဆိုပါ။
