## PAGE 210

တည်းနောက်ပိုင်း၌ တဝင်ဖြစ်၏။, အလယ်၌ သမာပတ်ဖြစ်၏ဟု ပရိကမ္မဘာဝနာနှင့်တကွ အပ္ပနာဈာန် သမာပတ်ကို ခွဲခြားသိမြင်သော ပညာတည်း]
သမာပတ္တိဝုဋ္ဌာနကုသလတာ စ=(သတ်မှတ်ထားသည့် အချိန်နာရီအတွင်း)သမာပတ်မှ ထခြင်း၌ ကျွမ်းကျင်သူ၏အဖြစ်လည်းကောင်းတည်း။ပ။ အဇ္ဇဝဉ္စ
=ဖြောင့်မတ်သူ၏ အဖြစ်လည်းကောင်း၊ မဒ္ဒဝဉ္စ=နူးညံ့သူ၏အဖြစ်လည်းကောင်းခန္တိစ=သည်းခံခြင်းလည်းကောင်း၊ သောရစ္စဉ္စ=တင့်တယ်သောသုစရိတ်အမှု၌ မွေ့လျော်သူ၏ အဖြစ်လည်းကောင်းတည်း၊ [ရမတီတိ ရတော၊သောဘနေ ရတော သူရတော၊ [ “သူ”ဟု ဦဒီဃဖြင့် ရှိသင့်ပုံကို ဆက္ကနိပါတ် စာပိုဒ်(၅၂) ခတ္တိယသုတ်၌ ရေးထားပြီ] သူရတဿ ဘာဝေါသောရစ္စ] ဝါ=မကောင်းမှုမှ ကောင်းစွာ ရှောင်ကြဉ်သူ၏ အဖြစ်လည်းကောင်းတည်း၊ ပါပတော သြရမတိ ဝိရမတီတိ သြရတော။ အဝ+မု+တ+။
သြရတော သောရတော၊ သောရတဿ ဘာဝေါ သောရမ္မံ] ။ပ။
သာခလျာ့=နူးညံ့သိမ်မွေ့ သော စကားရှိသူ၏အဖြစ်လည်းကောင်း၊ပဋိသန္တာရော စံ=အာမိသ, ဓမ္မ, နှစ်ဌာနဖြင့်, လောကဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း၊ (အာမိသ ဓမ္မာ, ဤနှစ်ဖြာဖြင့်, သူငါနှစ်ပါး, ခြားနားပေါက်ပျက်, ကွာဟချက်ကို, ဆက်စပ်ဖုံးကာ, ပျူငှာဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း) ။ပ။ အဝိဟိံ'သာစ=သတ္တဝါတို့ကို မညှဉ်းဆဲကြောင်းကရုဏာလည်းကောင်း၊ (၁) အပ္ပနာသို့ ရောက်သော ကရုဏာ (၂) ၎င်း၏ရှေ့အဖို့၌ဖြစ်သော ကရုဏာ၊ ဤနှစ်မျိုးလုံး ဋီကာ၌ ယူ၏၊အဋ္ဌကထာ၌ကား(၂) ကိုသာ ပြထား၏] သောစေယျာ=သီလစင်ကြယ်သူ၏ အဖြစ်လည်းကောင်း၊
[သီလပင်တည်း]ဝါ=စင်ကြယ်သူ၏ ဖြစ်ကြောင်း မေတ္တာလည်းကောင်းတည်း၊ဋီကာ၌ သောစဗဲ့ဟု ပါဌ်ရှိ၏] ။ပ။
ဣန္ဒြိယေသု =ဣန္ဒြေခြောက်ပါးတို့၌၊ အဂုတ္တဒွါရတာစ=မပိတ်ဆီးအပ်သော ဒွါရရှိသူ၏အဖြစ်လည်းကောင်း၊ ဘောဇနေ=ဘောဇဉ်၌၊ အမတ္တညုတာ၁။ ဣန္ဒြိယေသု အဂုတ္တဒွါရတာ။ ။ အဂုတ္တဒွါရတာတိ ဝုတ္တေကေသု ဒွါရေသူတိ န ပညာယတိတိ “ဣန္ဒြိယေသူ” တိ ဝုတ္တံ။ ဓမ္မသင်္ဂဏီမူလဋီကာ (၅၇)။ အဝုတ္တဒွါရ=မပိတ်ဆီးအပ်သော ဒွါရဟု ဆိုရုံမျှဖြင့် မည်သည့် ဒွါရ (အပေါက်) တို့၌ မပိတ်ဆီးသည်ဟု မသိသာ မထင်ရှားသောကြောင့် “ဣန္ဒြိယေသု”ဟု ဟောတော်မူ၏။ စက္ခုန္ဒြေ အစရှိသော ဒွါရ

## PAGE 211

(၁၅) ၅-သမာပတ္တိဝဂ်စ=(ခံယူခြင်း, သုံးဆောင်ခြင်းနှင့် စပ်၍) အတိုင်းအတာကို မသိသူ၏အဖြစ်လည်းကောင်း ပ။ ဝုတ္တဒွါရတာ စ=ပိတ်ဆီးအပ်သော ဒွါရရှိသူ၏အဖြစ်လည်းကောင်း ။ပ။ မတ္တညုတာ စအတိုင်းအတာကို သိသူ၏ အဖြစ် လည်းကောင်းတည်း ။ပ။ ပဋိသင်္ခါနဗလဉ္စ=စဉ်းစားဆင်ခြင် သိမြင်သော ဉာဏ်ပညာဟူသော (မလှုပ်မယိုင် ခိုင်မြဲသော) စွမ်းအားလည်းကောင်း၊ ဘာဝနာဗလဒ္ဓ
=ကုသိုလ်တရားတို့ကို ဖြစ်ပွားစေခြင်းဟူသော စွမ်းအားလည်းကောင်း၊(ဝီရိယတရား အကြီးအကဲထား၍ ဗောဓိပက္ခိယ တရား, ဗောဇ္ဈင်တရားတို့ကိုဖြစ်ပွားစေခြင်းဟူသော ခိုင်မြဲသော စွမ်းအားလည်းကောင်း၊ ဝါ=ဝီရိယတရားအကြီးအကဲ ထား၍ ဖြစ်ပွားစေအပ်သော ဗောဓိပက္ခိတရား, ဗောဇ္ဈင်တရားဟူသော ခိုင်မြဲသော စွမ်းအားလည်းကောင်း) ။ပ။ သမထဒုက်ကို ဤဒုကနိပါတ်စာပိုဒ် ၃၂သုတ်, သတိဗလံကို ဧကကနိပါတ် စာပိုဒ် ၄ဝ၇၌ကြည့်]
၁၇၄၊ ၁၈ဝ။ သီလဝိပတ္တိစသီလပျက်စီးခြင်းလည်းကောင်း၊ ဒိဋ္ဌိဝိပတ္တိစ=အယူပျက်စီးခြင်းလည်းကောင်း၊ ဝါ=သမ္မာဒိဋ္ဌိကို ဖျက်ဆီးတတ်သောဖောက်ပြန်ပျက်စီးသော မိစ္ဆာအယူလည်းကောင်းတည်း ။ပ။ သီလသမ္ပဒါစ=သီလပြည့်စုံခြင်းလည်းကောင်း၊ ဒိဋ္ဌိသမ္ပဒါစ=အမြင်မှန် ဉာဏ်ပညာ၏ ပြည့်စုံခြင်းလည်းကောင်းတည်း၊ ဝါ =ပြည့်စုံသော အမြင်မှန် ဉာဏ်ပညာလည်းကောင်းတည်း ၎င်းပညာငါးမျိုးကို အဋ္ဌကထာ၌ကြည့် ။။ သီလဝိသုဒ္ဓိစ = သီလစင်ကြယ်ခြင်းလည်းကောင်း၊ (စိတ္တဝိသုဒ္ဓိ စသော အထက်ဝိသုဒ္ဓိသို့ ရောက်စေနိုင်လောက်အောင် သီလစင်ကြယ်ခြင်း လည်းကောင်း) ဒိဋ္ဌိဝိသုဒ္ဓိစ=ဉာဏ်အမြင်စင်ကြယ်ခြင်း ·လည်းကောင်းတည်း၊ (ဉာဏဒဿနဝိသုဒ္ဓိနှင့် ပရမတ္ထဝိသုဒ္ဓိခြောက်ပေါက်တို့၌ မပိတ်ဆီးဟူလို၊ ဤစကားဖြင့် “အဂုတ္တဒွါရတာ”မှ ဒွါရနှင့် ဣန္ဒြိယေသုပုဒ်တို့အရ စက္ခုနြေ (စက္ခုပသာဒ) အစရှိသော ဒွါရခြောက်ပါးကိုချည်း ယူရကြောင်း သိသာ၏။ ဝိသုဒ္ဓိမဂ် (ပ-၂၁) အဋ္ဌသာလိနီ (၄၂၈။
၄၂၉) တို့၌ အဓိပ္ပာယ်အကျယ် ဖွင့်ပုံကို ကြည့်လျှင်လည်း ထိုဒွါရနှင့် ဣန္ဒြိယပုဒ်တို့ အနက်တူကြောင်း သိသာ၏။
မူလပဏ္ဏာသဋ္ဌ(ပ-၁၅၇) နှင့် ထို၏ ဋီကာ (ပ-၂၅၃) တို့၌ကားဒွါရအရ စက္ခုဒွါရ စသော ထိုဒွါရခြောက်ပါးကို မယူဘဲ ကမ္မဒွါရ (ကာယကမ္ဗုဒွါရ စသည်)ကို ယူပြီးလျှင် ဣန္ဒြိယေသုပုဒ်၌လည်း သတ္တမီဝိဘတ်ကိုအာဓာရအနက်ကိုသာမက နိမိတ်အနက် ဟောကြောင်းကိုပါ ဖွင့်ထား၏။

## PAGE 212

ဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိစသောဉာဏ်အမြင်ငါးမျိုးစင်ကြယ်ခြင်း လည်းကောင်းတည်း၊ ဝါ=ပရမတ္ထ ဝိသုဒ္ဓိနိဗ္ဗာန်သို့ ရောက်စေနိုင်သော လေးပါးသော မဂ်ဉာဏ်အမြင် စင်ကြယ်ခြင်းလည်းကောင်းတည်း) [ဤသုတ်ဋီကာစာမူ မသန့်ရှင်း၊ ဒီ၊ ပါထိကဝဂ်ဋီကာ၊၁၈၂-သန့်ရှင်း၏] ။
ဒိဋ္ဌိဝိသုဒ္ဓိ စလည်းကောင်း၊ ယထာဒိဋ္ဌိဿ=ဝီရိယအား သင့်လျော်သောကောင်းသော ဉာဏ်အမြင်ရှိသော ပုဂ္ဂိုလ်၏၊ ယထာ အနုရူပါ ဒိဋ္ဌိ ယဿာတိ ယထာဒိဋ္ဌိ] ဝါ=ဖြစ်စေအပ်ပြီးသော အပြားရှိသော ဉာဏ်အမြင်ရှိသူ၏၊ဝါ=ဖြစ်စေထိုက်သော ဝီရိယအား လျော်သော ဉာဏ်အမြင်ရှိသူ၏၊ ဝါ=ဉာဏ်အမြင်အားလျော်စွာဖြစ်သော ပြုလုပ်အားထုတ်ခြင်းရှိသူ၏ ။ ဤ နောက်အနက်များမှာ နိက္ခေပကဏ္ဍ မူလဋီကာ (၅၇) မှ ယူထားသော ဤသုတ်ဋီကာ အဖွင့်များတည်း]ပဓာနံ စ=သောတာပတ္တိမဂ်နှင့်ယှဉ်သော ဝီရိယလည်းကောင်းတည်း။ပ။ ကုသလေသု=ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု=တရားတို့၌၊ အသန္တုဋ္ဌိတာစ
=(အရဟတ္တမဂ်သို့ မရောက်မချင်း) အပြည့်အစုံ ရောင့်ရဲကျေနပ်မှု မရှိသူ၏အဖြစ်လည်းကောင်း၊ ပဓာနသ္မိံ=ကုသိုလ်တရားပွားများ အားထုတ်ခြင်း၌၊အပ္ပဋိဝါနိတာစ=(အရဟတ္တမဂ် မရောက်မချင်း) နောက်တွန့်ဆုတ်ခြင်း မရှိသူ၏အဖြစ်လည်းကောင်းတည်း ။ပ။ မုဋ္ဌဿစ္စဉ္စ=ကင်းလွတ်ပျောက်ပျက်သောသတိရှိသူ၏အဖြစ်လည်းကောင်း၊ အသမ္ပဇညဉ္စ=ကောင်းစွာမသိ ဉာဏ်မရှိသူ၏အဖြစ်လည်းကောင်းတည်း ။ပ။ သတိစ=ကုသိုလ်တရား၌ အမှတ်ရသောသဘောလည်းကောင်း၊ သမ္ပဇညဉ္စ=ကောင်းစွာ သိသူ၏ အဖြစ်လည်းကောင်းတည်း ။ပ။ ပဉ္စမော=ငါးခုမြောက်သော၊ သမာပတ္တိဝဂ္ဂေါ=ဝဂ်တည်း။
တတိယော=သုံးခုမြောက်သော၊ ပဏ္ဏာသကော သုတ်ငါးဆယ်အပေါင်းအစုသည်၊ သမတ္တော=ပြီးပြီ။
၁-ကောခပေယျာလ၁၈၁-၆။ [ကောဓကို စာပိုဒ် ၁၄၀-၌ကြည့်] မကောစ-သူတပါးဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း သဘောလည်းကောင်း [ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်တည်း။ ဣတိဝုတ်၊ဋ္ဌ ၄၇] ပဠာသောစ=ကိုယ့်ထက်သာသူ တန်းတူယှဉ်တု ဂုဏ်ပြိုင်မှုလည်းကောင်း၊ ဝါ-သူတပါးဂုဏ်တို့ကို ကိုက်ဖြတ်၍ မိမိဂုဏ်နှင့် ညီမျှအောင် ပြုတတ်သော သဘောလည်းကောင်း-ဟု ဝိဂြိုဟ်နှက်

