## PAGE 216

ပဒံ=ကို၊ ပညတ္တံ=ဟောဖော်သတ်မှတ် ပညတ်တော်မူအပ်ပြီ) ဒုမ္မကိုနှံ=သီလ
မရှိကုန်သော၊ ဝါးခက်ခဲသဖြင့် အရှိန်အဝါ မရှိသူ၏ အဖြစ်သို့ ရောက်စေ
အပ်သော ဒုဿီလ ဖြစ်ကုန်သော၊` ပုဂ္ဂလာနံ=ပုဂ္ဂိုလ်တို့ကို၊ နိဂ္ဂဟာယ=
နှိပ်ကွပ်ခြင်းငှာ လည်းကောင်း၊ ပသလာနံ=ချစ်အပ်သော သီလရှိကုန်သေား
ဝါ=သီလကို ချစ်ကုန်သော၊ ဘိက္ခူနံ=ရဟန်းတို့၏၊ ဖာသုဝိဟာရာယ= ချမ်း
သာစွာ နေထိုင်ရခြင်းငှာလည်းကောင်း၊ (တထာဂတေန=သည်၊ သာဝကာနံ
=တို့အား၊ သိက္ခာပဒံ=ကို၊ ပညတ္တံဧပြီ)။
ဒိဋ္ဌဓမ္မိကာနံ=ယခုတွေ့ ကြုံနေရသော မျက်မှောက်ဘဝ အတ္တဘော၌
ဖြစ်ကုန်သော၊ ဝါ=ယခုဘဝ၌ ဖြစ်ကုန်သော အာသဝါနံ ဒုက္ခဘေးရန်တို့ကို၊
(ပြစ်မှုလွန်ကျူးခြင်းကြောင့် နှိပ်စက်သတ်ဖြတ်ခံရခြင်း, ဖမ်းဆီးချုပ်နှောင်ခံ
ရခြင်းစသော ဒုက္ခဘေးရန် အမျိုးမျိုးတို့ကို) သံဝရာယ=ပိတ်ပင်ခြင်းငှာ
လည်းကောင်း၊ သမ္ပရာယိကာနံ=နောက်ထပ်လားရောက်ရမည့် အနာဂတ်ဘဝ
၁။ ဒုမ္မနီ ပုဂ္ဂလာနံ၊ ။ “ဒုမ္မနာမ ဒုဿီလပုဂ္ဂလာ၊ ယေ
မကုတံ (နိတ္တေဇတံ) အာပါဒိယမာနာပိ ဒုက္ခေန အာပဟူ၍ အဋ္ဌကထာ
ဋီကာတို့ ဖွင့်ပြတော်မူကြ၏။ ထိုအဖွင့်၌ မကုသဒ္ဒါ၏ ဓာတ်နှက်, ပစ္စည်းနက်
(၁၈နတ္ထ)ကို မပြဘဲ နိတ္တေဇတံ”ဟုသာ ပြထားသောကြောင့် မက်သဒ္ဓါသည်
အရှိန်အဝါ မရှိသူ(ဒိုတ္တေဇ) အနက်ကို ဟောသော ရုဋီအနိပ္ပန္နပါဋိပဒိကဟု
ဆိုရတော့မည် ဖြစ်၏။ သို့သော် ဤနေရာ၌မူ မကုသဒ္ဒါကို ဘာဝပ္ပဓာန
ကြံပြီးလျှင် အရှိန်အဝါ မရှိသူ၏အဖြစ်, အရှိန်အဝါမရှိခြင်း (နိုတွေတော)ကို
`မတုံဟူ၍ အနက်ယူကာ ထိုမကုသဒ္ဒါနောင် ဥပစ္စည်းသက်၍ (မူရင်းဥကာရန္တ နှင့်
လျော်သော တဒ္ဓိတ်ဥပစ္စည်းသက်၍) မကုံ မက်တံ နိတ္တေတ် အာပါဒီယန္တိ တိ
မကူ (တန်ခိုးအရှိန်အဝါ မရှိသူအဖြစ်သို့ ရောက်စေအပ်သောသူများ) ဟူ၍
အာပါဒီယန္တိတန္တိတ်ဝစနတ္ထ ပြုသင့်၏။ ထို့နောက် ဒုက္ခေန မက္ခိ ဒုက္ခကို
(ခက်ခဲသဖြင့် အရှိန်အဝါ မရှိသည်အဖြစ်သို့ ရောက်စေအပ်သော ဒုဿီလများ)
ဟူ၍ ၄ငို အဖွင့်အတိုင်း အကျင့်ပျက် ဒုဿီလများကို ဒုက္ခံဟူ၍ အဘိဓေယျတ္တ
ဖော်ဆိုအပ်၏။ ပါရာဇိကဏ်ဘာသာဋီကာ၊ဒု၊ နှာ−၂၉၁၊ ၂၉၂-၌မူ မကုပုဒ်ကို
ဂတိအနက်ဟော မကိခတ်, ဥပစ္စည်းခွဲ၍ “မကီယန္တိ နိတ္တေတံ အာပါဒီယန္တိတိ
မကို”ဟူ၍ ဝစနတ္ထ ကြံတော်မူ၏။ ပေသလပုဒ်၏ ရူပသိဒ္ဓိကို ဒသက
နိပါတ်စာပိုဒ် (၈၉) ကောကာလိကသုတ်၌ ရေးထားပြီ။

## PAGE 217

၃-ဝိနယပေယျာလ
အတ္တဘော၌ ဖြစ်ကုန်သော၊ ဝါ=တမလွန်ဘဝ၌ ဖြစ်ကုန်သော၊ အာသဝါနံ=
(အပါယ်ဆင်းရဲစသော) ဒုက္ခဘေးရန် တို့ကို၊ ပဋိဃာတာယ=ပယ်ရှားတားမြစ်
ခြင်းငှာ လည်းကောင်း၊ (တထာဂတေန=သည်၊ သာဝကာနံ=တို့အား၊ သိက္ခာပဒံ
=ကို၊ ပညတ္တံ=ပြီ) ။ပ။ ဝေရာနံ=အကုသိုလ်ရန်, ပုဂ္ဂိုလ်ရန့်တို့ကို၊ [ ထိုရန်
နှစ်မျိုးကို နဝကနိပါတ်စာပိုဒ်(၂၇) ပဌမဝေရသုတ်၌ ရေးထားသည်] သံဝရာယ
=ငှာလည်းကောင်း ။ပ။ ပဋိဃာတာယ=ငှာလည်းကောင်း၊ (တထာဂတေန
ပ။ ပညတ္တံ) ။ပ။ ဝဇ္ဇာနံ=အပြစ်ဒေါသတို့ကို၊ ဝါ=ရှောင်ရှားအပ်သော
ဒုက္ခဘေးရန်တို့ကို၊ ပြခဲ့သော အာသဝတို့ပင်တည်း] သံဝရာယ= ငှာလည်း
ကောင်း။ပ။ ပဋိဃာတာယ=ငှာလည်းကောင်း၊ (တထာဂတေန ။ပ။ ပညတ္တံ)
။ပ။ ဘယာနံ=စိတ်ထိတ်လန့် ကြောက်ရွံ့ခြင်းတို့ကို၊ ဝါ=ကြောက်ဖွယ်ဘေးဆိုး
ဒုက္ခအမျိုးမျိုးတို့ကို ပ။
အကုသလာနံ=အကုသိုလ် ဖြစ်ကုန်သော၊ ဝါ=မအေးမချမ်း ဘေးဘျမ်း
ဖြစ်ကုန်သော၊ ကုသလံ ခေမံ သောတ္ထိဘာဝေါ ဟူသော သံဃဘေဒက
သိက္ခာပုဒ် အဋ္ဌကထာအဖွင့်ကို ထောက်၍ အကွေ့မဋ္ဌေန ဟူသော အဋ္ဌကထာ
(သီ,သာမူ) အတိုင်း အနက်ပေးသည်] ဓမ္မာနံ=ဒုက္ခတရားတို့ကို ။ပ။ ဂိဟီနံ
-လူတို့ကို၊ အနုကမ္ပာယ=ငဲ့ညှာထောက်ထားသနားခြင်းငှာ လည်းကောင်း၊
ပါပိစ္ဆာနံ=ယုတ်မာသော အလိုဆိုးရှိကုန်သော၊ ဘိက္ခူနံ=တို့၏၊ ပက္ခပစ္ဆေဒါယ
=အသင်းအဖွဲ့ကို ဖြိုဖျက်ခြင်းငှာလည်းကောင်း၊ (တထာဂတေန ။ပ။ ပညတ္တံ)
အပ္ပသန္နာနံ=မကြည်ညိုသေးသော သူတို့၏၊ ပသာဒါယ=ကြည်ညိုခြင်းငှာ
လည်းကောင်း၊ ပသန္နာနံ=ကြည်ညိုပြီးသောသူတို့၏၊ ဘိယျောဘာဝါယ=
တိုးတက်များပြား ကြည်ညိုမှု ဖြစ်ပွားခြင်းငှာလည်းကောင်း၊ (တထာဂတေန
။ပ။ ပညတ္တံ) သဒ္ဓမ္မဋ္ဌိတိယာ သူတော်ကောင်းတရား၏ ကြာရှည်တည်တံ့ခြင်း
ငှာလည်းကောင်း၊ ဝိနယာနုဂ္ဂဟာယ(တဒင်္ဂဝိနည်းစသော ငါးပါးသော)
ဝိနည်းကို ချီးမြှောက်ခြင်းငှာ လည်းကောင်း၊ (တထာဂတေန IKKH
ပ။ ပညတ္တံ)
ဘိက္ခဝေ=တို့၊ ဒွေ=ကုန်သော၊ ဣမေ အတ္ထဝသေ။ပ။ ပညတ္တံ=ပြိ၊ဣတိ(အဝေါစ)။
၂၀၂၊ ၂၃၀။ ဘိက္ခဝေ ။ပ။ ပါတိမောက္ခ-ဘိက္ခု ဘိက္ခုနီ နှစ်လီ
သော ပါတိမောက်ကို၊ ပညတ္တံ=ပြီ၊ ကတမေ ဒွေ? သံဃသုဋ္ဌတာယ၊ သံဃ
ဖာသုတာယ။ ဒုမ္မကိုနံ စသည် ဖော်ဆိုပါ] ။ပ။ ပါတိမောက္ခဒေသော=ကိုးမျိုးသော
ပါတိမောက္ခုဒ္ဒေသကို ၊ ဝါ=ကိုးမျိုးသော ရွတ်ပြအပ်သော ပါတိမောက်ကို၊
ပညတ္တော=ပြီ။ပ။ ပါတိမောက္ခဋ္ဌပနံ-(အာပတ် သင့်နေသော ရဟန်းအတွက်)

## PAGE 218

ပါတိမောက်ကြားနာခွင့် ရပ်ဆိုင်းဟန့်တားထားခြင်းကို #ပ။ ပဝါရဏာ=
ပဝါရဏာကို၊ ဝါ=ပြောဆိုဆုံးမဖို့ ဖိတ်မန်ခြင်းကို ။ပ။ ပဝါရဏဋ္ဌပနံ= (အာပတ်
သင့်နေသော ရဟန်းအတွက်) ပဝါရဏာ ပြုခွင့်ရပ်ဆိုင်း ဟန့်တားထားခြင်းကို
။ပ။ တဇ္ဇနီယကမ္မံ=တဇ္ဇနီယကံကို၊ ဝါ=ခိုက်ရန်များပြား အငြင်းပွားသော
ရဟန်းကို ခြိမ်းခြောက်ကြောင်းဖြစ်သော နိဂ္ဂဟကံကို ပ။ နိယဿကမ္မံ=
နိယဿကံကို၊ ဝါ-အမြဲမပြတ် အာပတ်သင့်နေသော ဗာလအဗျတ္တရဟန်းကို
ဆရာ့ထံ မှီခိုနေစေကြောင်း ဖြစ်သော နိဂ္ဂဟကံကို၊ နိ+ယသု+ကျ။ နိယဿတိ
ဘဇာပေတိ ဗာလံ အနေန ကမ္မုနာတိ နိယဿံ၊ တမေဝ ကမ္မံ ။ပ။
ပဗ္ဗာဇနီယကမ္မံ=ကို၊ ဝါ=ကုလဒူသကရဟန်းကို သူ၏ နေထိုင်ရာ
ရွာနှင့် ကျောင်းမှ နှင်ထုတ်ကြောင်း နိဂ္ဂဟကံကို ပ။ ပဋိသာရဏီယကမ္မံ=ကို၊
ဝါ=လူဒါယကာကို ဆဲရေးသော ရဟန်းကို ဒါယကာထံ တဖန် ပြန်သွားခိုင်းကာ
တောင်းပန်စေကြောင်း ဖြစ်သော နိဂ္ဂဟကံကို၊ ပဋိသာရေတိ ပုန ဂမာပေတိ
ဂန္ဓာ
ာ ခမာပေတိ ဧတေနာတိ ပဋိသာရဏီယံ] ။ပ။ ဥက္ခေပနီယကမ္မံ=ကို၊
ဝါ=(ယုတ်မာသော အယူကို မစွန့်ခြင်း, အာပတ်ကို မရှုခြင်း၊ မကုစားခြင်း
ကြောင့်) အပေါင်းအသင်း မလုပ် ကြဉ်ဖယ်ထုတ်ကြောင်း နိဂ္ဂဟကံကို ။ပ။
ပရိဝါသဒါနံ= (ဖွင့်ဖော်မပြောကြားဘဲ ဖုံးကွယ်ထားအပ်သော သံဃာဒိသေသ်
အာပတ်အတွက်) ပရိဝါသ်ပေးခြင်းကိစ္စကို ။ပ။ မူလာယ=အရင်းအစ ပရိဝါသ်
ကျင့်သုံးခြင်းသို့၊ ပဋိကဿနံ တဖန်ပြန်၍ ဆွဲငင်ခြင်းကို ပ။ မာနတ္တဒါနံ=
မာနတ်ပေးခြင်းကို ။ပ။ အဗ္ဗာနံ=အဗ္ဘာန်ကို၊ ဝါ=မာနတ်ကျင့်ပြီးသော ရဟန်းကို
သံဃာ့ဘောင်သို့ ခေါ်ဆောင်သွတ်သွင်းခြင်းကို ။ပ။ ဩသာရဏီယံ=(ကျင့်ဝတ်ကို
ကောင်းစွာ လိုက်နာပြုကျင့်သော ရဟန်းကို)သံဃာ့ဘောင်တွင်း ခေါ်ဆောင်
သွင်းခြင်းကို ။ပ။ နိဿာရဏီယံ-(ကျင့်ဝတ်ကို ကောင်းစွာ မကျင့်သော
ရဟန်းကို) သံဃာ့ဘောင်မှ နှင်ထုတ်ခြင်းကို ro။ ဥပသမ္ပဒါမြင့်မြတ်သော
ရဟန်းအဖြစ်သို့ ရောက်ခြင်းကို ။ပ။
ဉတ္တိကမ္မံ=ဉတ္တိကံကို၊ ဝါ=သံဃာတော်ကို အသိပေးခြင်းဖြင့် ပြုလုပ်
အပ်သော လုပ်ငန်းကိစ္စကို၊ [ဥပုသ်ပြုခြင်း, ပဝါရဏာပြုခြင်း စသော ကိစ္စ
များတည်း။ ဉတ္တိယာ ဉာပနေန ကတ္တဗ္ဗ ကမ္မံ ဉတ္တိကမ္မံ] ပ။ ဉတ္တိ
ဒုတိယကမ္မံ=ဉတ္တိဒုတိယကံကို၊ ဝါ=ရုတ်ဟူသော နှစ်ကြိမ်မြောက်ရှိသော
ကမ္မ ဝါစာဖြင့် ပြုလုပ်ဆောင်ရွက်အပ်သော လုပ်ငန်းကိစ္စကို၊ ဉတ်တကြိမ်,
ကမ္မဝါစာတကြိမ်ဟု နှစ်ကြိမ်တိတိ ရွတ်ဖတ်ကြားသိစေလျက် ဆောင်ရွက်
