## PAGE 219

၃-ဝိနယပေယျာလ
အပ်သော ကိစ္စဟူလို၊ သိမ်သမုတ်ခြင်း သိမ်နုတ်ခြင်း၊ ကထိန်သင်္ကန်းပေးခြင်း
စသည်တည်း၊ ဥတ္တိ ဒုတိယာ ဧတိဿာ အနုာဝနာယာတိ ဥတ္တိဒုတိယာ၊
တာယ ကတ္တဗ္ဗ ကမ္မံ ဉတ္တိဒုတိယကမ္မံ ဉတ္တိစတုတ္ထကမ္မံ=ကို၊ ဝါ=ဉာတ်ဟူသော
လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုလုပ်အပ်သော လုပ်ငန်းကိစ္စကို၊
[ပရိဝါရပါဠိ, ဋ္ဌ, ဋီ ကမ္မဝဂ်၌ကြည့်] ။ပ။ အပညတ္တေ (အပညတ္တံ)=
မပညတ်အပ်သေးသော သိက္ခာပုဒ်ကို၊ ပညတ္တံ=(မူလပညတ်အဖြစ်ဖြင့်) ရှေးဦး
အစ ပညတ်အပ်ပြီ။ပ။ ပညတ္တိ (ပညတ္တံ)=ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို
အနုပညတ္တံ-(အနုပညတ်အဖြစ်ဖြင့်) နောက်ထပ်ပညတ်အပ်ပြီ။ပ။ တနည်း-
(သိက္ခာပဒေ=သိက္ခာပုဒ်ကို) အပညတ္တေ= မပညတ်အပ်သေးလသော်၊ ပညတ္တံ
=(မူလပညတ် အဖြစ်ဖြင့် ရှေးဦးအစ ပညတ်အပ်ပြီ။ (သိက္ခာပဒေ=ကို၊
ပညတ္တေ=ပညတ်အပ်ပြီးလသော်၊ အနုပညတ္တံ (အနုပညတ်အဖြစ်ဖြင့်) နောက်
ထပ် ပညတ်အပ်ပြီ] ။ပ။
သမ္မုခါဝိနယော=သမ္မုခါဝိနည်းကို၊ ဝါ=သံဃ, ဓမ္မ ဝိနယ, ပုဂ္ဂလတို့၏
မျက်မှောက်၌ အဓိကရုဏ်းလေးပါး ပယ်ရှားခြင်းကို၊ ပညတ္တော=ပညတ်တော်
မူအပ်ပြီ။ပ။ သတိဝိနယော=သတိဝိနည်းကိုး ဝါ=ပြန့်ပွားများပြားသော သတိ
ရှိသော ရဟန္တာအား ပေးထိုက်သော စွပ်စွဲမှုပယ်ရှားကြောင်း ဝိနည်းကံကို၊
[သတိဝိပုလဿ ခီဏာသဝဿ ဒါတဗ္ဗော ဝိနယော (စွပ်စွဲမှု ပယ်ရှားကြောင်း
ဝိနည်းကံသည်) သတိဝိနယော] ။ပ။ အမူဋ္ဌဝိနယော=(ရှေးက ရူးသွပ်ဖူး၍
ယခု) မရူးသွပ် မတွေဝေခိုက်ဖြစ်သော ရဟန်းအား ပေးထိုက်သော စွပ်စွဲမှု
ပယ်ရှားကြောင်း ဝိနည်းကံကို ပ။ ပဋိညာတကရဏံ=အာပတ်ကို ဝန်ခံ
အပ်ပြီးလသော် စောင့်စည်းခိုင်းမှု, ပရိဝါသ်ပေးမှု စသည်ကိုပြုခြင်းကို ပ။
ယေဘုယျသိကာ=ယေဘုယျသိကာသမထကို၊ ဝါ=ဓမ္မဝါဒီရဟန်း အရေအတွက်
များသည် အဖြစ်ကို ပြီးစီးစေတတ်သော မဲဆန္ဒယူစေခြင်းကို၊ ဝါ=မဲဆန္ဒ
ယူစေခြင်းဖြင့် ဓမ္မဝါဒီရဟန်း အရေအတွက်များပြားမှုကို အမှီပြု၍ ဝိဝါဒါ
ဓိကရုဏ်း ငြိမ်းစေခြင်းကို၊ ယေဘုယျနဣက၊ သအာဂုံ၊ ဓမ္မဝါဒီနံ ယေဘုယျဘာဝံ
သမ္ပာဒိကာ ကိရိယာ ယေဘုယျသိကာ] ။ပ။ တဿပါပိယသိကာ= တဿ
ပါပိယသိ ကာကံကို၊ ဝါ=(ဥပဝါဠရဟန်းကဲ့သို့) ထိုယုတ်မာသော ရဟန်းအတွက်
ဖြူထိုက်သော နှိပ်ကွပ်မှုကို၊ တဿ ပါပိယဿ ကတ္တဗ္ဗာ တဿပါပိယသိကာဟု
အလုတ္တသမာသ်တွဲ] ။ပ။ တိဏဝတ္ထာရကော=တိာဝတ္ထာရကကံကို၊ ဝါ=မစင်ကို
ဖုံးအုပ်ကြောင်း မြက်နှင့် အလားတူ အာပတ္တာဓိကရုဏ်း ဖုံးအုပ်ထားကြောင်း

## PAGE 220

ဝိနည်းကံကို၊ ဂျူထံ အဝတ္ထရတိ ဧတေန တိဏေနာတိ အဝတ္ထာရကံ၊ တိဏဉ္စ
တံ အ၀တ္ထာရကဉ္ဇာတိ တိဏဝတ္ထာရကံ၊ တံ ၀ိယာတိ တိဏဝတ္ထာရကော
သမထော]
၄-ရာဂပေယျာလ
၂၃၁။ ဘိက္ခဝေ=တို့၊ ရာဂဿ=ငါးပါးအာရုံ ကာမဂုဏ်၌ တပ်မက်သော
ရာဂကို၊ အဘိညာယ-အထူးသိမြင်ခြင်းငှာ၊ ဒွေ=နှစ်မျိုးကုန်သော၊ ဓမ္မာ=
တရားတို့ကို၊ ဘာဝေတဗ္ဗာ ဖြစ်ပွားစေထိုက်ကုန်၏ ။ပ။ စာပိုဒ်(၃၂) သုတ်
လည်းကြည့်] ဘိက္ခဝေ=တို့၊ ရာဂဿ=ကို၊ ပရိညာယ=ပိုင်းခြားသိခြင်းငှာ၊
ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ ဤသို့ စသည်ဖြင့် ပြည့်စုံအောင် ဆိုပါ] ။ပ။ ဘိက္ခဝေ
တို့၊ ရာဂဿ-၏၊ ပရိက္ခယာယ=ကုန်ခန်းခြင်းငှာ ။ပ။ ရာဂဿ=ကို၊
ပဟာနာယ=ပယ်စွန့်ခြင်းငှာ ။ပ။ ရာဂဿ-၏၊ ခယာယ=ကုန်ခန်းခြင်းငှာ
။ပ။ ဝယာယ=ပျက်စီးခြင်းငှာ ။ပ။ ဝိရာဂါယ=ကင်းကွာပျောက်ပျက်ခြင်းငှာ
။ပ။ နိရောဓာယ=ချုပ်ငြိမ်းခြင်းငှာ ။ပ။ စာဂါယ=စွန့်လွှတ်ခြင်းငှာ ။ပ။
ပဋိနိဿဂ္ဂါယ=တဖန်စွန့်လွှတ်ခြင်းငှာ ။ပ။
ဘိက္ခဝေ=တို့၊ ဒေါသဿ=ဒေါသကို ။ပ။ မောဟဿ=မောဟကို
။ပ။ ကောဓဿ-စိတ်ဆိုးခြင်းကို ပ။ ဥပနာဟဿ=ရန်ငြိုးဖွဲ့ခြင်းကို ။ပ။
[ စာပိုဒ် (၁၈၁)လည်းကြည့်] ထမ္ဘဿ=ကောဓမာနအစွမ်းဖြင့် ကြမ်းတမ်း
ခက်ထန်ခြင်းကို ။ပ။ သာရမ္ဘဿ-သူတပါးထက် နှစ်ဆသုံးဆ စသည်တိုးပွား
သာလွန်အောင် ကြိုးစားခြင်း ဟူသော မာနကို ။ပ။ မာနဿ= (ကိုးမျိုးသော)
မာနကို ။ပ။ အတိမာနဿ=ပိုလွန်၍ မိမိကိုယ်ကို အထင်ကြီးသော မာနကို
။ပ။ မဒဿ=မာန်ယစ်ခြင်းကို ။ပ။ ပမာဒဿ-မေ့လျော့ခြင်းကို၊ အဘိညာယ
ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ၊ ကတမေ ဒွေ w။ ဣဒမဝေါစ စသည်ကို ဧကက
နိပါတ် အဆုံး၌ကြည့်] ရာဂပေယျာလံ=ရာဂပုဒ်၏ မြှုပ်ကွက်သည်၊ နိဋ္ဌိတံးပြီးပြီ၊
ဒုကနိပါတပါဠိဒုကနိပါတ်ပါဠိတော်သည်၊ ဝါ=တရားနှစ်မျိုး နှစ်မျိုး
တို့၏ အပေါင်းအစုကို ထည့်သွင်းဖော်ပြရာ အခန်း ပါဠိတော်သည်၊ နိဋ္ဌိတာ
=ပြီးပြီ။

## PAGE 221

တိကနိပါတ်
၁။(ဘန္တေ =အရှင်ဘုရား၊ ဣဒံ=ဤဘယသုတ်ကို) ဧဝံ=ဤသို့၊
မေ-တပည့်တော်သည်၊ သုတံ=ပြီ၊ ဧကကနိပါတ် စာပိုဒ် ၁-သုတ်ကြည့်]
ဘိက္ခဝေ=ရဟန်းတို့၊ ယာနိ ကာနိစိ=အမှတ်မထား တပါးပါးကုန်သော၊
ဘယာနိ- ကြောက်ရွံ့ထိတ်လန့်ခြင်းတို့သည်၊ ဥပ္ပဇ္ဇန္တိ=ဖြစ်လာကုန်၏။ သဗ္ဗာနိ
တာနို (ဘယာနို)=ထိုအားလုံးသော ကြောက်ရွံ့ ထိတ်လန့်ခြင်းတို့သည်၊
ဗာလတော-လူမိုက်ကြောင့်၊ ဥပ္ပဇ္ဇန္တိ=ဖြစ်ရကုန်၏။ ပဏ္ဍိတတော=ပညာရှိ
=
၁။ ဘယ, ဥပဒ္ဒဝ, ဥပသဂ္ဂ။ ။ ဘယန္တိ စိတ္တုတြာသော = စိတ်
ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ဘယမည်၏။ဥပဒ္ဒဝေါတိ အနေကဂ္ဂတာကာရော
စိတ်မတည်ကြည် မငြိမ်သက်ခြင်း (တုန်လှုပ်ချောက်ချားခြင်း) သဘောသည်
ဥပဒ္ဒဝ မည်၏။ ဥပသဂ္ဂေါတိ ဥပသဋ္ဌာကာရော၊ တတ္ထ တတ္ထ လဂ္ဂနာကာရော
ထိုထိုအရပ်၌ ခိုကပ်နေထိုင်ရခြင်းသည် ဥပသဂ္ဂ မည်၏။ အဋ္ဌကထာ၌
ဘယ, ဥပဒ္ဒဝ, ဥပသဂ္ဂ ဟူသော သုံးမျိုးတို့ကို ဤအတိုင်း အကျဉ်းချုပ်
ဖွင့်ပြပြီးနောက် ထိုသုံးမျိုးတို့၏ ထူးခြားဟန်ကို ဆက်လက် ဖွင့်ပြထားသည်မှာ--
=
သင်တို့ရွာကို ဘယ်နေ့ဘယ်ရက်မှာ ငါတို့လာပြီး လုယက်တိုက်ခိုက်
မည်ဟု ရွာသားများထံသို့ ခိုးသားဓားပြတို့က သတင်းပေး အကြောင်းကြား
လိုက်ခြင်းကြောင့် ထိုသတင်းကို ကြားရသည်မှစ၍ ရွာသားများ ကြောက်ရွံ့
ထိတ်လန့်ခြင်းသည် စိတ္တုတြာသဘယ မည်၏။
ထိုရွာသားတို့သည် လက်ဖြင့် သယ်ယူနိုင်သမျှ အဖိုးတန် ပစ္စည်း
ဥစ္စာများကို ယူဆောင်ကာ ကျွဲ၊ နွားစသော အိမ်မွေးတိရစ္ဆာန်များနှင့်တကွ
လွတ်ရာကျွတ်ရာ တောထဲသို့ ဝင်ရောက်ပုန်းအောင်း၍ မြေကြီးပေါ်၌ အိပ်ရခြင်း,
ခြင်မှက် အကိုက်ခံရခြင်း၊ ဆူးငြောင့်ခလုတ် နင်းမိတိုက်မိခြင်းတို့ကြောင့်
မငြိမ်မသက် စိတ်စက်ထွေပြား တုန်လှုပ်ချောက်ချားမှုဖြစ်ကြရ၏။ ယင်းသို့
ဖြစ်ရခြင်းသည် အနေကဂ္ဂတာကာရ (ဥပဒ္ဒဝ) မည်၏။
