## PAGE 222

JJJ
သူတော်ကောင်းကြောင့်၊ နော ဥပ္ပတ္တိဖြစ်ရသည် မဟုတ်ကုန်။ ယေ ကေစိ=
အမှတ်မထား တပါးပါးကုန်သော၊ ဥပဒ္ဒဝါ=ဘေးဥပဒ်အန္တ ရာယ်တို့သည်၊
(မငြိမ်မသက် စိတ်စက်ထွေပြား ချောက်ချားကြောင်း ဘေးအန္တ ရာယ်တို့သည်)
ထို့နောက် ယင်းသို့ သတင်းပေးအကြောင်းကြားထားသော်လည်း
ထိုနေ့၌ သူခိုးဓားပြတို့ မလာကြသဖြင့် ရွာသားတို့သည် ပစ္စည်းဥစ္စာ
များနှင့်တကွ မိမိတို့ ရွာသို့ ပြန်လာကြ၏။ ထိုအချိန်ကျမှ ဓားပြများ
ရောက်လာကြပြီး ရွာကို ဝိုင်းရံပိတ်ဆို့ကာ မီးရှို့လူသတ်ပြီး ရှိသမျှ
ပစ္စည်းဥစ္စာများကို လုယက်ယူဆောင်သွားကြ၏။ အသက်မသေဘဲ ကျန်နေ
ရစ်ခဲ့သော ရွာသားများသည် မီးကို ငြိမ်းသတ်ပြီး ကျီ(ဂိုဒေါင်)၏ အရိပ်,
နံရံအရိပ် စသည်တို့၌ ခိုကပ်နေထိုင်ကာ ဆုံးရှုံးသမျှကို တွေးတောပူဆွေး
ဝမ်းနည်းနေကြ၏။ ယင်းသို့ ဖြစ်ရခြင်းသည် ဥပသဋ္ဌာကာရ လဂ္ဂနာကာရ
(ဥပသဂ္ဂ) မည်၏။ (ဤကား အဋ္ဌကထာအဖွင့်)။
ဋီကာအဖွင့်။ ။ ဥပဒ္ဒဝေါတိ အန္တရာယော၊ တဿ ပန ဝိက္ခေပ
ကာရဏတ္တာ ဝုတ္တံ “အနေကဂ္ဂတာကာရော”တိ = ဥပဒ္ဒဝသဒ္ဒါသည် ဘေး
အန္တ ရာယ်ဟူသော အနက်ဟောတည်း၊ ထိုအန္တ ရာယ်သည် စိတ်ဓာတ် မငြိမ်
သက်ခြင်း (တုန်လှုပ်ချောက်ချားခြင်း)၏ အကြောင်းဖြစ်သောကြောင့် “အနေ
ကဂ္ဂတာကာရော” ဟု အဋ္ဌကထာမိန့်ဆိုခြင်း ဖြစ်သည်။ ဤသို့ ဋီကာ ဖွင့်
၏။ ထိုအဖွင့်အတိုင်း နိဿယခန်း၌ အနက်ပြန်ဆိုထားသည်၊ ဥပသဂ္ဂပုဒ်ကို
ဖွင့်ဆိုရာ၌ကား-
ဥပသဂ္ဂေါတိ ဥပသဇ္ဇနံ၊ ဒေဝတောပပိဠာဒိနာ အပ္ပဋိကာရ ဝိဃာ
တာပတ္တိ = တွယ်ကပ်ခြင်း၊ နတ်ပူးကပ်နှိပ်စက်ခြင်း စသည်ကြောင့် ကုသ၍
မရနိုင်လောက်အောင် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ခြင်းသည် ဥပသဂ္ဂ မည်
၏။ ဤသို့ စသည်ဖြင့် တွေ့ ရ၏။ အခြားနေရာများ၌ ဥပသဂ္ဂေါတိ ဥပဒ္ဒဝေါ
(သာရတ္ထဋီကာ၊ တ-၂ဝ၈)ဟူ၍ ဥပသဂ္ဂပုဒ်ကို ဥပဒ္ဒဝပုဒ်နှင့် အနက်တူ
ဖွင့်ထားသည်ကို တွေ့ရသည်သာမက ဤသုတ်ဋီကာအဖွင့်နှင့် အလားတူပင်
ဖြစ်သော-
ဒေဝတူပသဂ္ဂေါ ဝိယ (ထေရီအဋ္ဌကထာ၊ ၂၅ဝ)၊ ဥပသဂ္ဂေါတိ
ဒေဝတူပသံဟာရဝသေန ပဝတ္တော ဗျာဓိအာဒိအနတ္ထော (ဝိသုဒ္ဓိမဂ် မဟာ
ဋီကာ၊ ဒု-၃၉၆)-ဟူသော အဖွင့်များကိုလည်း တွေ့ရ၏။ ဆရာတော် အရှင်

## PAGE 223

ဥပ္ပဇ္ဇန္တိ=ဖြစ်လာကုန်၏။ သဗ္ဗေ=အားလုံးကုန်သော၊ တေ(ဥပဒ္ဒဝါ)=ထိုဘေးဥပဒ်
အန္တရာယ်တို့သည် ။ပ။ ဥပသဂ္ဂါ-ထိုထိုအရပ် ခိုကပ်မှီတင်း ကြေကွဲဖွယ်
နေရခြင်းတို့သည်၊ ဝါ-စုန်းဘီလူးနတ် ပူးကပ်ညှဉ်းဆဲသဖြင့် ဆင်းရဲညှိုးနွမ်း
ပင်ပန်းခြင်းတို့သည်။ပ။ ဘိက္ခဝေ=တို့၊ နဠာဂါရာ ဝါ=ကျူမိုးကျူကာ အိမ်မှ
လည်းကောင်း၊ တိဏာဂါရာ ဝါ=မြက်မိုးမြက်ကာ အိမ်မှလည်းကောင်း၊
မုတ္တော=လွတ်ထွက်လွင့်စင်လာသော၊ အင်္ဂ=မီးသည်၊ ဥလိတ္တာဝလိတ္တာနိ=
အတွင်းအပြင် - လိမ်းကျံထားအပ်ကုန်သော၊ နိဝါတာနိ=လေမရှိကုန်သော။
ဝါ=လေလုံကုန်သော၊ ဖုသိတဂ္ဂလ္လာနိ=ထိမိစေ့စပ်သော တံခါးရွက် ရှိကုန်သော၊
[ဖုသိတ+အဂ္ဂဠ] ပိဟိတဝါတပါနာနိ=ပိတ်အပ်ပြီးသော လေသာပြူတင်း ရှိ
ကုန်သော၊ ကူဋာဂါရာနိပိ=အထွတ်တပ်ဆင်ထားအပ်သော အိမ်တို့ကိုပင်လည်း၊
ဍဟတိ သေယျထာပိ=လောင်နိုင်သကဲ့သို့၊ ဘိက္ခဝေ=တို့၊ ဧဝမေဝံ-ဤအတူပင်
5
လော
ဘိက္ခဝေ=တို့၊ ဣတိ ခေါ=ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်းပင်။
=လူမိုက်သည်၊ သပ္ပဋိဘယော=ကြောက်ရွံ့ ထိတ် လန့်ခြင်းနှင့်တကွ ဖြစ်၏၊
ဝါ=ကြောက်ရွံ့ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏ ၊ ပဏ္ဍိတော=ပညာရှိ သူတော်
ကောင်းသည်။ အပ္ပဋိဘယော=ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ၊ ဝါ=ကြောက်ရွံ့
ထိတ်လန့်ခြင်းကို မဖြစ်စေတတ်၊ ဗာလော-သည်၊ သဥပဒ္ဒဝေါ= ဘေးဥပဒ်နှင့်
တကွဖြစ်၏။ ဝါ=ဘေးဥပဒ်ကို ဖြစ်စေတတ်၏။ ပဏ္ဍိတော-သည်၊ အနုပဒ္ဓ
ဝေါ-ဘေးဥပဒ်မရှိ၊ ဝါ=ဘေးဥပဒ်ကို မဖြစ်စေတတ်၊ ဗာလော-သည်၊ သဥပ
သဒ္ဓေါ=ထိုထိုအရပ် .......ခြင်းနှင့်တကွ ဖြစ်၏။ ဝါ=ထိုထိုအရပ်......ခြင်းကို
ဖြစ်စေတတ်၏။ ပဏ္ဍိတော=သည်၊ အနုပသဂ္ဂေါ=ထိုထိုအရပ်.....ခြင်း မရှိ၊
ဝါးခြင်းကို မဖြစ်စေတတ်၊ ဘိက္ခဝေ=တို့၊ ပဏ္ဍိတတော=ပညာရှိကြောင့်၊
မြတ်များကား ထိုအဖွင့်များအတိုင်း ဥပသဂ္ဂပုဒ်ကို အစွဲ (စုန်းနတ်ပယောဂ)။
ကပ်ငြိတတ်သော အနှောင့်အယှက်။ ပူးကပ်တတ်သော အမှောင့်ပယောဂ။
ဤသို့ မြန်မာပြန်ဆိုတော် မူကြ၏ ။ THE PRACTICAL မည်သော သက္ကတ
အင်္ဂလိပ်အဘိဓာန်၌လည်း possession by an evil spirit (စုန်းဘီလူးနတ်
ပူးကပ်ခြင်း)ဟု ဖွင့်ဆိုထားသည်ကို တွေ့ ရ၏။ ထိုတွေ့ ရသမျှ အဖွင့်များသည်
ပြခဲ့သော ဤသုတ်အဋ္ဌကထာ အဖွင့်နှင့် မည်သို့ မည်ပုံ ဆက်စပ်သည်ကို
စဉ်းစားကြပါလေ။

## PAGE 224

ဘယံ=ကြောက်ရွံ့ထိတ်လန့်ခြင်းသည်၊ နတ္ထိ=မရှိ၊ ပဏ္ဍိတတော=ကြောင့်
ဥပဒ္ဒဝေါ=ဘေးဥပဒ်သည်၊ နတ္ထိ=မရှိ ။ပ။ ဥပသဂ္ဂေါ=ထိုထိုအရပ်
ခြင်းသည်၊ နတ္ထိ=မရှိ။
ဘိက္ခဝေ=တို့၊ တသ္မာ=ထို့ကြောင့် (ထိုသို့ လူမိုက်သည် ဘေးဥပဒ်ကို
ဖြစ်စေ၍ ပညာရှိသည် ဘေးဥပဒ်ကို မဖြစ်စေတတ်သည် အဖြစ်ကြောင့်)ဣာ၌၊
(ဝေါ=တို့သည်) ဧဝံ=၍၊ ဧကကနိပါတ် စာပိုဒ် ၇၇ကြည့်] သိက္ခိတဗ္ဗ=မည်၊
(ကိန္တိ၍၊ သိက္ခိတဗ္ဗ=ဟူမူ) တီဟိ=သုံးမျိုးကုန်သော၊ ယေဟိ ဓမ္မေဟိ=
အကြင်တရားတို့နှင့်၊ သမန္နာဂတော=ပြည့်စုံသောသူကို၊ ဗာလော=လူမိုက်ဟူ၍၊
ဝေဒိတဗ္ဗော=သိနိုင်၏။ (မယံ-ငါတို့သည်) တယော=သုံးမျိုးကုန်သေား တေ
ဓမ္မ= ထိုတရားတို့ကို၊ အဘိနိဝဇ္ဇေတွာ=ရှောင်ကြဉ်၍၊ နောက်သုတ်များ၌
ထိုတရားသုံးမျိုးတွေ့လတ္တံ့ ] ။ပ။ ပဏ္ဍိတော-ဟူ၍၊ ဝေဒိတဗ္ဗော၏ ။ပ။
သမာဒါယ=ကောင်းစွာခံယူ၍၊ ဝတ္တိဿာမ=ဖြစ်စေကုန်အံ့၊ ဝါကျင့်သုံးကုန်အံ့၊”
ဣတိ=ဤသို့နှလုံးသွင်း၍၊ (သိက္ခိတဗ္ဗ=မည်) ဘိက္ခဝေ=တို့၊ ဧဝံဟိ=လျှင်၊
ဝေါ=သင်တို့သည်၊ သိက္ခိတဗ္ဗိ=မည်၊ ဣတိ-ဤသို့၊ အဝေါစ-မိန့်တော်မူပြီး
ပဌမံ=ပဋ္ဌမသုတ်တည်း။
၂-လက္ခဏသုတ်
၂။ ဘိက္ခဝေ=တို့၊ ဗာလော=သည်၊ ကမ္မလက္ခဏော (မိမိ ပြုလုပ်
အပ်သော)ကာယကံစသော သိကြောင်းအမှတ်အသား ရှိ၏။ ပဏ္ဍိတော=သည်၊
ကမ္မလက္ခဏာ=၏၊ ပညာ=ပညာသည်၊ အပဒါနသောဘနီ=သတ္တဝါတို့၏
အမှန်အမှား နှစ်မျိုးကွဲပြားသော အားထုတ်လုပ်ဆောင်မှုဖြင့် ထင်ရှား၏၊”
[ဣတိသဒ္ဒါ မလို] ဘိက္ခဝေ=တို့၊ တီဟိ ။ပ။ ဝေဒိတဗ္ဗော၏၊ ကတမေဟိ
အဘယ်မည်ကုန်သော၊ တီဟိ=ကုန်သော၊ (ဓမ္မေဟိ=တို့နှင့်၊ သမန္နာဂတော=ကို၊
၁။ အပဒါနသောဘနီ။ အပဒါနပုဒ်၏ အဘိဇေယျတ္ထမှာ
အားထုတ်လုပ်ဆောင်မှု အကျင့်စရိုက် ပယောဂတည်း၊ ဒါဓာတ်သည် ဤနေရာ၌
ရက္ခဏအနက်, ဆေဒနအနက်တို့ကို ဟော၏။ အပဒိယန္တိ ဒေါသာ ဧတေန
ရက္ခိယန္တိတိ အပဒါနံ = အပြစ်ဒေါသတို့ကို ထိန်းသိမ်းကြောင်း ဖြစ်သော
မှားယွင်းသော အားထုတ်လုပ်ဆောင်မှု(မိစ္ဆာပဝတ္တပ္ပယောဂ)။ အပဒီယန္တိ
လူယန္တိ ဆိန္တိ ဒေါသာ ဧတေနာတိ အပဒါနံ = အပြစ်ဒေါသတို့ကို ပယ်.
.
.
