## PAGE 225

JJO
ဗာလော=၍၊ ဝေဒိတဗ္ဗော=နည်း) ကာယဒုစ္စရိတေန=ကာယဒုစ္စရိတ် အကုသိုလ်
နှင့်လည်းကောင်း၊ [ဧကကစာပိုဒ်-၂၈၄-စသည်ကြည့်] ။ပ။ မနောဒုစ္စရိတေန
=နှင့်လည်းကောင်း၊ (သမန္နာဂတော=ကို၊ ဗာလော=၍၊ ဝေဒိတဗ္ဗော=၏)
ဘိက္ခဝေ=တို့၊ တီဟိ=ကုန်သော၊ ဣမေဟိ ဓမ္မေဟိ=ဤတရားတို့နှင့်
တသ္မာ-ထို့ကြောင့် (ထိုသို့ ဒုစ္စရိတ်သုံးပါးနှင့် ပြည့်စုံသူကို ဗာလဟု သိနိုင်၍
သုစရိတ်သုံးပါးနှင့် ပြည့်စုံသူကို ပဏ္ဍိတဟု သိနိုင်သည် အဖြစ်ကြောင့်) ။ပ။
3
၃-စိန္တိ သုတ်
HON
၃။ ဘိက္ခဝေ=တို့၊ ဗာလဿ=လူမိုက်၏၊ ဗာလလက္ခဏာနိ=လူမိုက်
အမှတ် လက္ခဏာတို့သည်၊ (လူမိုက်ဟု သိနိုင်ကြောင်း အမှတ်အသားတို့သည်)
ဗာလနိမိတ္တာနိ=လူမိုက်အမှတ်တံဆိပ်တို့သည်။ ဗာလာပဒါနာနိ=လူမိုက်၏
ထင်ရှားသော အားထုတ်လုပ်ဆောင်မှုတို့သည်၊ ဣမာနိ တီဏိ=ဤသုံးမျိုး
တို့တည်း၊ တီဏိ=သုံးမျိုးတို့ဟူသည်။ ကတမာန်=အဘယ်တို့နည်း၊ ဘိက္ခဝေ=တို့၊
ဣဓ=ဤလောက၌၊ ဗာလော=သည်၊ ဒုစိန္တိတစိန္တစ=အဘိဇ္ဈာ စသည်တို့သည်
ဖျက်ဆီးအပ်သော အကြံဆိုးကိုသာ ကြံစည်တတ်သည်လည်းကောင်း၊ ဒု
(ဒုဋ္ဌ)=ဖျက်ဆီးအပ်သော+စိန္တိတ=ကြံစည်အပ်သော အကြံဆိုးကိုစိန္တိ= ကြံစည်
တတ်သူ] ဒုဗ္ဘာသိတဘာသိ စ=လောဘစသည်တို့သည် ဖျက်ဆီးအပ်သော
မုသာဝါဒစသော ပြောဖွယ်စကားကို ပြောဆိုတတ်သည်လည်းကောင်း၊ ဘာသိ
တပြောဆိုဖွယ်စကား] ဒုက္ကဋကမ္မကာရီ စ=မကောင်းသဖြင့် ပြုလုပ်အပ်သော
ပါဏာတိပါတ စသော အလုပ်ကိုသာ ပြုလုပ်တတ်သည် လည်းကောင်း၊
ဟောတိ=ဖြစ်၏။ [ဒု=မကောင်းသဖြင့်+ကဋ ပြုလုပ်အပ်သော+ ကမ္မ=(ပါဏာ
တိပါတ စသော) အလုပ်]
ဘိက္ခဝေ=တို့၊ ဗာလော=သည်၊ ဒုဗ္ဘိန္တိ တစိန္တိ စ=လည်းကောင်း mon
[စေဒံ=စေ+ဣဒံ။ ဣဒံအနက်မဲ့] နော စေ အဘဝိဿ=အကယ်၍ မဖြစ်ငြားအံ့။
(ဧဝံ သတိ=ဤသို့ မဖြစ်သည်ရှိသော်) ကေန=အဘယ်ကြောင့်၊ နံ=ထိုလူမိုက်ကို၊
“အယံ ဘဝံ=ဤသူကား၊ ဗာလော=လူမိုက်တည်း၊ အသပ္ပုရိသော=သူတော်
ဖြတ်ကြောင်းဖြစ်သော မှန်ကန်သော အားထုတ်လုပ်ဆောင်မှု (သမ္မာပဝတ္တပ္ပ
ယောဂ)။

## PAGE 226

ကောင်း မဟုတ်၊” ဣတိ=ဤသို့၊ ပဏ္ဍိတာ= ပညာရှိတို့သည်၊ ဇာနေယျ=
သိနိုင်ပါကုန်မည်နည်း၊ ဘိက္ခဝေတို့၊ စခေါ=ထိုသို့မဟုတ်မူ၍၊ ယသ္မာ=
အကြင့်ကြောင့် ။ပ။ တသ္မာ=ထို့ကြောင့်၊ နံ=ထိုလူမိုက်ကို ။ပ။ အသပ္ပုရိသော
=ဟုတ်၊ ဣတိ=ဤသို့=၊ ပဏ္ဍိတာ=တို့သည်၊ ဇာနန္တိ=သိကြကုန်၏၊ ဘိက္ခဝေ
=တို့၊ ဗာလဿ၏ ။ပ။ ဗာလာပဒါနာနိ=တို့သည်၊ ဣမာနိ တီဏိ=တည်း
ON ပဏ္ဍိတဿ=ပညာရှိ၏။ ပဏ္ဍိတလက္ခဏာနိ=ပညာရှိ အမှတ်လက္ခဏာ
တို့သည် ။ပ။သုစိန္တိ တစိန္တိ စ(အနဘိဇ္ဈာစသော မနောသုစရိတ် အစွမ်းဖြင့်)
ကောင်းသောအကြံအစည်ကိုသာ ကြံစည်တတ်သည်လည်းကောင်း၊ သုဘာသိတ
ဘာသီစ=(အလောဘစသည်တို့၏ အစွမ်းဖြင့်) ကောင်းသော ပြောဆိုဖွယ်
စကားကိုသာ ပြောဆိုတတ်သည်လည်းကောင်း၊ သုကတကမ္မကာရီစ=ကောင်းစွာ
ပြုလုပ်အပ်သော ကာယသုစရိတ် အလုပ်ကိုသာ ပြုလုပ်တတ်သည်လည်းကောင်း၊
ဟောတိ ။ပ။ ကေန=အဘယ့်ကြောင့်၊ နံ=ထိုပညာရှိကို၊ “အယံ ဘဝံ=ကား၊
ပဏ္ဍိတော-ပညာရှိတည်း၊ သပ္ပုရိသောသူတော်ကောင်းတည်း”ဣတိ=သို့၊
ပဏ္ဍိတာ=တို့သည်၊ ဇာနေယျ=နည်း ။ပ။
၄-အစ္စယသုတ်
=
၄။ အစ္စယံ=မိမိအပြစ်ကို၊ အစ္စယတော=အပြစ်အနေအားဖြင့်၊ ဝါ
အပြစ်ဟူ၍၊ န ပဿတိ=မမြင် ။ပ။ ဒိသွာ=မြင်ပြီး၍လည်း၊ ယထာဓမ္မံ=
တရားသဘောအတိုင်း၊ နပ္ပဋိကရောတိ=မကုစား၊ ဝါဒဏ်ထမ်း၍ ဝန်ခံ
တောင်းပန်မှ မပြု၊ ပန-ထို့အပြင်၊ အစ္စယံ=ကို၊ ဒေသန္တဿ=ဖွင့်ဟဝန်ခံ
တောင်းပန်သော၊ (ဖွင့်ဟဝန်ခံကာ ဒဏ်ထမ်းလျက် တောင်းပန်ကန်တော့သော)
ပရဿ=သူတပါးအား၊ ယထာဓမ္မံ=တိုင်း၊ နုပ္ပဋိဂ္ဂဏှာတိ=လက်မခံ၊ ဝါ=သည်းမခံ
ခွင့်မလွှတ် ။ပ။ ပဋိကရောတိ=ကုစား၏၊ ဝါ=ဒဏ်ထမ်း၍ ဝန်ခံတောင်းပန်မှုပြု၏
ပဋိဂ္ဂဏှာတိ=လက်ခံ၏၊ ဝါ=သည်းခံ ခွင့်လွှတ်၏
၅-အယောနိသောသုတ်
၅။ အယောနိသော=သင့်လျော်သော အကြောင်းမဟုတ်သောအားဖြင့်၊
ပဉ္စ=အမေးပုစ္ဆာပြဿနာကို၊ ကတ္တာ=ကြံစည်ပြုလုပ် တတ်သည်၊ ဟောတိ=၏
းပ၊ ဝိဿဇ္ဇေတာ-ဖြေဆိုတတ်သည်၊ ဟောတိ=၏၊ ပန=ထိုမှတပါး၊ ပရဿ
=သူတပါးသည်၊ ဝါ=၏၊ ယောနိသော သင့်လျော်သော အကြောင်းအားဖြင့်၊

## PAGE 227

JJ7
ဝိဿဇ္ဇိတံ=ဖြေဆိုအပ်သော၊ ပဉ္စ=ကို၊ ပရိမဏ္ဍလေဟိ=ပြည့်ဝညီညာ ပီသစွာ
ကုန်သော၊ (သိထိလ, ဓနိတ စကာဆယ်လီ အညီပြည့်ဝ ပီပီသသ ပြောဆို
အပ်ကုန်သော) သိလိဋ္ဌေဟိ=ပြေပြစ်ညက်ညော ချောမောကုန်သော၊ ဥပဂတေဟိ
=အကြောင်းအကျိုးသို့ ကပ်ရောက်ကုန်သော၊ ဝါ=အကြောင်းအကျိုး ဆက်စပ်
ကုန်သော၊ ပဒဗျဉ္ဇနေဟိ=ပုဒ်ဗျည်းတို့ဖြင့်၊ ဝါ=အနက်ကို ထင်ရှားပြတတ်သော
ပုဒ်တို့ဖြင့်၊ အတ္တံ ဗုဒ္ဓယတိ ပကာသေတီတိ ဗျဉ္စနံ၊ ပဒမေဝ ဗျဉ္ဇနံ ပဒဗျနှံ]
အတ္တာနုမောဒိတာ=နှစ်သက်ဝမ်းမြောက်တတ်သည်၊ နဟောတိ=မဖြစ် ။ပ။
၆-အကုသလ စသောသုတ်များ
၆၊ ၁ဝ။ အကုသလေန=အကုသိုလ်ဖြစ်သော၊ ကာယကမ္မေန =
ကာယကံနှင့်လည်းကောင်း၊ ဝါ=ကာယဒွါရဖြင့် ပြုလုပ်အပ်သော စေတနာကံ
သုံးပါးနှင့်လည်းကောင်း ။ပ။ ဝစီကမ္မေန=ဝစိကံနှင့်လည်းကောင်း၊ ဝါ=ဝစီ
ဒွရဖြင့် ပြုလုပ်အပ်သော စေတနာ ကံလေးပါးနှင့်လည်းကောင်း ။ပ။ မနော
ကမ္မန=လည်းကောင်း၊ ဝါ=မနောဒွါရဖြင့် ပြုလုပ်အပ်သော စေတနာကံ
သုံးပါးနှင့် လည်းကောင်း။ (သမန္နာဂတော=ကို၊ ဗာလော=၍၊ ဝေဒိတဗ္ဗေား၏)
။ပ။ သာဝဇ္ဇေန=အပြစ်ရှိသော၊ ကာယကမ္မေနု- နှင့်လည်းကောင်း ။ပ။ အနု
ဝဇ္ဇေန=အပြစ်မရှိသော= ပ။ သဗျာဗဇ္ဇေန=အမျိုးမျိုး နှိပ်စက်တတ်သော
ဒုက္ခနှင့်တကွ ဖြစ်သော။ပ။ အဗျာဗဇ္ဇေန=အမျိုးမျိုး နှိပ်စက်တတ်သော ဒုက္ခ
မရှိသော ။။ [ခတသုတ်ကို ဒုကနိပါတ်စာပိုဒ် ၁၃၅-ကြည့်]
ဘိက္ခဝေ=တို့၊ တီဟိ ဓမ္မေဟိ သမန္နာဂတော=သူကိုး တယော=
သုံးမျိုးကုန်သော၊ မလေ=အညစ်အကြေးတို့ကို၊ မလေ=အပါယ်ဘုံတို့၌ အပူ
မီးတိုက် လောင်မြိုက်တတ်သော အကုသိုလ်အညစ်အကြေးတို့ကို၊ ဝါ=အနံ့ဆိုး
၁။ မလသဒ္ဒါ၏ အနက်များ။ ။ ပါဠိတော်၌ တိုက်ရိုက်ပါရှိပြီးသည့်
အတိုင်း ဒုဿိလျ၊ ဣဿာ, မစ္ဆေရဟူသော အကုသိုလ် အညစ်အကြေး
သုံးမျိုးတို့ကို မလဟုခေါ်၏။ ဘာ့ကြောင့် ထိုသုံးမျိုးတို့ကို မလဟု ခေါ်သနည်း။
(၁) အနုဒဟနဋ္ဌ=အပါယ်ဘုံတို့၌ အပူမီးတိုက်လောင်မြှိုက်ခြင်း
အနက်သဘောကြောင့်လည်း မလဟု ခေါ်၏။ (၂) ဒုဂ္ဂန္ဓဋ္ဌ=စက်ဆုပ်ဖွယ်
အနံ့ဆိုးရှိခြင်း အနက်သဘော။ (၃) ကိလိဋကရဏဋ္ဌ-ပူပန်အောင် ပြုခြင်းနှင့်
မည်းညစ်မဖွယ် မစင်ကြယ်သော ကာယကံစသည်ရှိအောင်ပြုခြင်း အနက်
