## PAGE 249

သမား လက်ပန်းသမား စသည်တို့ကဲ့သို့) ခွန်အားမာန် ယောက်ျားမာန်စသည်ဖြင့်
မာန်တက်ထောင်လွှားဝင့်ကြွားခြင်းငှာ။ န အာဟာရေတိ=မဟုတ်။ မဏ္ဍနာယ
(နန်းတော်သူ ပြည့်တန်ဆာမတို့ကဲ့သို့) ကိုယ်လက်အင်္ဂါ ပြည့်ဖြိုးခြင်းငှာ။ န
အာဟာရေတိ=မဟုတ်။ ဝိဘူသနာယ=(ဂျွမ်းသမား, ကချေသည်တို့ကဲ့သို့)
အရေအဆင်း ကြည်လင်ခြင်းငှာ။ န အာဟာရေတိ=ဟုတ်။ ဣမဿ ကာ
ယဿ=ဤခန္ဓာကိုယ်၏၊ ယာဝဒေဝ ဌိတိယာ=အဆက်မပြတ် ခိုင်မတ် တည်
တံ့နေရုံအကျိုးငှာသာလည်းကောင်း၊ ယာဝဒေဝ ယာပနာယ=ဇီဝိတိန္ဒြေကို
မပြတ်မစဲ ဖြစ်မြဲဖြစ်တည်စေရုံ အကျိုးငှာသာလည်းကောင်း။ တနည်း--ဣမဿ
ကာယဿ-၏၊ ယာဝဒေ၀ ဌိတိယာ=လည်းကောင်း၊ ယာဝဒေဝ ယာပနာယ
=ကာလကြာရှည် တည်နေနိုင်ရုံ အကျိုးငှာသာ လည်းကောင်း ယာဝဒေဝ
ဝိဟိံသူပရတိယာ=ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲကင်းရုံ အကျိုးငှာသာလည်း
ကောင်း၊ [ဝိဟိံသာ= ဆင်းရဲ၏+ဥပရတိ= ကင်းပျောက်ခြင်း] ယာဝဒေဝ
ဗြဟ္မစရိယာနုဂ္ဂဟာယ=သာသနမဂ္ဂ နှစ်ပါးသော ဗြဟ္မစရိယကို ချီးမြှောက်နိုင်ရုံ
(၁၈ဝ)၌ “အာဟာရံ အာဟာရေတိ, အာဟာရံ အာဟာရယမာနှံ”ဟူ၍ .ဏေ,
ကယနှစ်မျိုး တွေ့ ရ၏။
ဓာတ်ကျမ်းတို့၌ ာရဓာတ်၏ စုရာဒိရုပ် မပြသော်လည်း ဤနေရာ၌
ဘူဝါဒိ စုရာဒိနှစ်မျိုးလုံး ဖြစ်သင့်၏၊ အကယ်၍ ဏေ, ကယပစ္စည်းဖြင့်
ရှိရာ၌ စုရာဒိ{ရုဋီကာရိတ်)ရုပ် မကြံဘဲ မုချ (အနွတ္ထ) ကာရိတ်ရုပ် ကြံ
ခဲ့သော် မူလက ဒို့ကမ္မကဖြစ်သော ဟရဓာတ်အတွက် နောက်ထပ် ကံတမျိုး
ရှာနေရလိမ့်ဦးမည်၊ သို့ဖြစ်လျှင် မုခဒ္ဓါရံ, အာဟာရံဟု ကံနှစ်ပုဒ် ရှိထားပြီးသော
ဒန္တပေါနသိက္ခာပုဒ်၌ အဓိပ္ပာယ် ပျက်သွားနိုင်၏။ ထို့ကြောင့် အနွတ္ထကာရိတ်
ရုပ်မဖြစ်သင့်ဟု ယူဆ၏။
၁။ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ။ ။ ဌိတိယာတိ
ပဗန္ဓဋ္ဌိတတ္ထံ၊ ယာပနာယာတိ ပဝတ္တိယာ အဝိစ္ဆေဒတ္ထိ၊ စိရကာလန္တိတတ္တံ ဝါ။
ဝိသုဒ္ဓိမဂ်(ပ-၃၁)။ တနည်း‘ဣမဿ ကာယဿ=ဤခန္ဓာကိုယ်၏။ ဋ္ဌိတိယာ=
တည်တံ့ကြောင်း ဇီဝိတိန္ဒြေကို၊ ယာဝဒေဝ ယာပနာယ=မပြတ်မစဲ ဖြစ်မြဲ
ဖြစ်တည်စေရုံ အကျိုးငှါသာလည်းကောင်း၊ [အပ်စ ဌိတီတိ ဇီဝိတိန္ဒိယဿေတံ
အဓိဝစနံ။ပ။ ဧတဿ ကာယဿ ဇီဝိတိန္ဒိယပဝတ္တာပနတ္ထန္တိပိ ဝုတ္တံ
ဟောတိ]

## PAGE 250

အကျိုးငှာသာလည်းကောင်း၊ (အာဟာရေတိ=စားမျိုမှီဝဲ၏) ဣတိ-ဤသို့
အာဟာရကို စားမျိုမှီဝဲခြင်းဖြင့်။ ပုရာဏံ  ံ= အဟောင်းဖြစ်သော၊ ဝေဒနံ
ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲ ဝေဒနာကိုလည်း။ ပဋိဟင်္ခါမိ= ပယ်ရှား
*
၁။ “ဣတိ ပုရာဏဉ္စ”စသည်၌ တနည်း အနက်ဖွင့်။ ။ ဣတိ
ပုရာဏဉ္စ-စသည်၌ တနည်းအဖွင့်မှာ= အထဝါ ယာ အခုနာ အသပ္ပါယာပရိမိတ
ဘောဇနံ ပ။ နှ ဥပ္ပါဒေဿာမိ မိမိနှင့် မသင့်မြတ်သော အစာကို စားခြင်း
ကြောင့် လည်းကောင်း, အလွန်အကျွံ စားခြင်းကြောင့်လည်းကောင်း ရောဂါ
ဝေဒနာ တခုခုဖြစ်လာလျှင် (ယခုချက်ချင်း ပေါ်ပေါက်လာသော ဝေဒနာပင်
ဖြစ်သော်လည်း ရှေးဘဝက ပြုခဲ့သော အကုသိုလ်ကံဟောင်းကြောင့် ပေါ်လာ
သော ဝေဒနာဖြစ်သောကြောင့် (ကာရဏူပစာရအားဖြင့်) ပုရာဏဝေဒနာ
(ဝေဒနာဟောင်း)ဟုပင် ဆိုရ၏။ မိမိနှင့် သင့်မြတ်သော အစာကိုစားခြင်း
နှိုင်းနှိုင်း ချိန်ချိန် စားခြင်းဖြင့် ထိုဝေဒနာဟောင်း၏ အကြောင်းရင်းဖြစ်သော
ထိုအကုသိုလ်ကံဟောင်းကို (အကျိုးပေးခွင့် မရအောင်) ပယ်ရှားပစ်နိုင်၏၊
ထို့ကြောင့် ထိုအကြောင်းရင်း အကုသိုလ်ကံဟောင်းကို ပယ်ရှားလျက်ပင်
“ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ= အကျိုးဝေဒနာဟောင်းကိုလည်း ပယ်ရှားအံ”ဟု
ဆိုလို၏။
*
ထို့ပြင် ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ (ပျော်မြူးနိုင်အောင်, ခန္ဓာကိုယ်
လှပဝဖြိုးအောင်) အစာအာဟာရကို စားခြင်းသည် အကုသိုလ်ကံ အသစ်
ပြုလုပ်ခြင်းပင် ဖြစ်၏။ ဤ၌ ထိုအကုသိုလ်ကံ အသစ်ကြောင့် နောက်ဘဝ၌
တွေ့ကြုံရမည့် ဒုက္ခဝေဒနာကို နဝဝေဒနာ (ဝေဒနာအသစ်)ဟုခေါ်၏။
ပစ္စဝေက္ခဏာဆင်ခြင်၍ စားလျှင်ကား ထိုအကုသိုလ်ကံ အသစ်မဖြစ်နိုင်၊
ထို့ကြောင့် ထိုအကုသိုလ်ကံအသစ် မဖြစ်စေသော အားဖြင့် “နဝဉ္စ ဝေဒနံ
နဥပ္ပါဒေဿာမိ= ဝေဒနာအသစ်ကိုလည်း မဖြစ်စေအံ့” ဟု ဆိုလို၏။
ဤအဖွင့်အရ အနက်ပေးလျှင်-ဣတိ-ဤသို့ သင့်မြတ်သော အစာကို
စားခြင်း, နှိုင်းနှိုင်းချိန်ချိန် စားခြင်းအားဖြင့်၊ ပုရာဏံ= အဟောင်းဖြစ်သော၊
ဝါ=ရှေးအကုသိုလ်ကံဟောင်းကြောင့် ဖြစ်ပေါ်လာသဖြင့် အဟောင်းဟုဆိုရသော၊
ဝေဒနဉ္စ=ဒုက္ခဝေဒနာကိုလည်း (မသင့်မြတ်သော အစာကိုစားခြင်း, အတိုင်းအဆ
မရှိ စားခြင်းကြောင့် ဖြစ်သော ဝေဒနာကိုလည်း) ပဋိဟင်္ခါမိ= အကြောင်းရင်း
အကုသိုလ်ကံဟောင်းကို ပယ်ရှားခြင်းဖြင့် ပယ်ရှားအံ့၊ ဣတိ=ဤသို့ ပစ္စဝေက္ခဏာ

## PAGE 251

တားဆီးအံ့၊ နဝံ=အသစ်ဖြစ်သော၊ ဝေဒနဉ္စ=အတိုင်းအဆမရှိ စားမိခြင်းကြောင့်
ဖြစ်သော ဆင်းရဲဝေဒနာကိုလည်း၊ နှဥပ္ပါဒေဿာမိ=မဖြစ်စေအံ့၊ မေ=ငါ၏၊
ယာတြာစ=ဤကိုယ်ခန္ဓာ ရှည်ကြာကာလ မျှတဖြစ်တည်နေခြင်းသည်လည်း
ကောင်း၊ ဝါ=ဣရိယာပုထ်လေးပါး မပျက်ပြားပဲ ဖြစ်မြဲဖြစ်တည်နေခြင်းသည်
လည်းကောင်း၊ [စိရကာလပ္ပဝတ္တိသင်္ခါတာ သရီရဿ ယာတြာ ယာပနာ
ဘဝိဿတိ။ပ။ စတုန္နမ္ပိ ဣရိယာပထာနံ အဝိစ္ဆေဒသင်္ခါတာ´ယာပနာယာ
တြာ။ ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ-၆ဝ၊ ၆၁] အနဝဇ္ဇတာစ= အပြစ်မရှိသူ၏ အဖြစ်
သည်လည်းကောင်း၊ ဖာသုဝိဟာရောစ=ချမ်းသာစွာနေရခြင်းသည်လည်းကောင်း၊
ဘဝိဿတိ=ဖြစ်လတ္တံ့၊ ဣတိ=ဤသို့ဆင်ခြင်၍၊ (အာဟာရေတိ=၏)
။ပ။ ဘိက္ခု-သည်၊ ဒိဝသံ နေ့အချိန်၌၊ စင်္ကမေန=စင်္ကြံသွားခြင်းဖြင့်
လည်းကောင်း၊ နိသဇ္ဇာယ=ထိုင်ခြင်းဖြင့်လည်းကောင်း၊ အာဝရဏီယေဟိ=
ကုသိုလ်စိတ်ကို တားဆီးတတ်ကုန်သော၊ ဓမ္မေဟိ=နိဝရဏတရားတို့မှ၊ စိတ္တံ
=စိတ်ကို၊ ပရိသောဓေတိ=သုတ်သင်၏၊ ရတ္တိယာ=ညဉ့်၏၊ ပဋ္ဌမံ=ပထမပိုင်း
ဖြစ်သော၊ ယာမံ=ယာမ်၌။ပ။ မဇ္ဈိမံ=အလယ်၌ ဖြစ်သော၊ ယာမံ=ယာမ်၌၊
ပါဒေ=လင်္ကျာဘက်ခြေပေါ်၌၊ ပါဒံ=လက်ဝဲဘက်ခြေကို၊ အစ္စာဓာယ (အတိ
အာဓာယ)= အနည်းငယ်ပိုလွန်အောင်ထား၍၊ သတော=ကမ္မဋ္ဌာန်းအာရုံကို
အမှတ်ရနေသည်၊ ဝါ=သတိရှိသည်၊ သမ္ပဇာနော=ကမ္ဘဋ္ဌာန်း အာရုံကို ကောင်းစွာ
ခွဲခြားသိမြင်သည်၊ ဝါ=သမ္ပဇဉ်ဉာဏ်ရှိသည်၊ (ဟုတွာ=ဖြစ်၍) ဥဋ္ဌာနသည်
=အိပ်ရာမှထခြင်း၌ ဖြစ်သော အမှတ်သညာကို၊ ဝါ=အိပ်ရာမှထချိန်ကို ပိုင်း
ဖြတ် ကန့်သတ်သော အမှတ်သညာကို၊ မနသိ=စိတ်နှလုံးအတွင်း၌၊ ကရိတွာ=
သွင်းပိုက်ထား၍၊ ဝါ=ဖြစ်ပေါ်လာစေ၍၊ ဒက္ခိဏေန= လက်ျာဘက်ဖြစ်သော၊
ပသေန=နံပါးဖြင့်၊ သီဟသေယျံခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော အိပ်ခြင်းကို၊
ကပ္ပတိ=ပြု၏၊ ရတ္တိယာ=၏၊ ပစ္ဆိမံ=နောက်ဆုံး၌ဖြစ်သော၊ ယာမံ=၌၊ ပစ္စု
ဋ္ဌာယ=ထ၍။ပ။
ဆင်ခြင်ကာ သင့်လျော်စွာ စားခြင်းဖြင့်၊ လိုက်ခဲ့] နဝံ- အသစ်ဖြစ်သော၊
ဝါ= နောက်ဘဝ၌ ဖြစ်လတ္တံ့ သောကြောင့် အသစ်ဟု ဆိုရသော၊ ဝေဒနဉ္စ=
ဒုက္ခဝေဒနာကိုလည်း၊ န ဥပ္ပါဒေဿာမိ= အကုသိုလ်ကံ အသစ်ကို မဖြစ်စေ
ခြင်းအားဖြင့် မဖြစ်စေအံ့။
