## PAGE 270

ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်လေရာ၏၊ မံ=ငါ့ကို၊ အနတ္တံ=အကျိုးစီးပွား
ကင်းမဲ့သူဖြစ်အောင်၊ ကရေယျပိ=ပြုမှုလည်း ပြုလေရာ၏၊ ဣတိ=(ဆဲ
ရေးခြင်းစသည်ကို ပြုလေရာသော) . ဤအကြောင်းကြောင့်၊ (တံ=ထိုသို့
လျစ်လျူရှုသင့်၍ မဆည်းကပ်ထိုက်သည် အဖြစ်သည်။ ဟောတိ=ဖြစ်၏)
တသ္မာ=ထို့ကြောင့်၊ ဝါ=ထိုသို့ ဆဲရေးခြိမ်းခြောက်, အကျိုးမဲ့ပြုလေရာ
သည်အဖြစ်ကြောင့်၊ ဧဝရူပေါ=ဤသို့ဒေါသကြီးခြင်း သဘောရှိသော၊ ပုဂ္ဂလော
=ပုဂ္ဂိုလ်ကို။ပ။ ဧကန္နော=သော၊ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်၊ သီလဝါ=သိလရှိသည်၊
ကလျာဏဓမ္မော=ကောင်းသော သဘောရှိသည်၊ ဟောတိ-၏၊ ဘိက္ခဝေ=တို့၊
ဧဝရူပေါ=ဤသို့ သီလနှင့်ပြည့်စုံခြင်း သဘောရှိသော၊ ပုဂ္ဂလော=ကိုးပ
ကိဿ ဟေတု=ကြောင့်၊ တံ=ထိုသီလရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ထိုက်သည်
အဖြစ်သည် (ဟောတိ=မူ)။ပ။ နံ=ထိုသီလဝန္တ ပုဂ္ဂိုလ်ကို မှီခိုဆည်းကပ်သူ၏၊
ကလျာဏော=ကောင်းသော၊ ကိတ္တိသဒ္ဓေါ=ချီးမွမ်းပြောဆိုအပ်သောသတင်း
စကားသံသည်။ပ။ (အယံ=ဤပုဂ္ဂိုလ်သည်) ကလျာဏမိတ္တော=ကောင်းသော
မိတ်ဆွေရှိသော၊ ကလျာဏသဟာယော= ကောင်းသော အဖော်သဟဲရှိသော၊
ကလျာဏသမ္ဗဝကော=သူတော်ကောင်းတို့၌ ညွတ်ကိုင်းသော၊ ပုရိသပုဂ္ဂလော=
ယောက်ျားပုဂ္ဂိုလ်ပေတည်း၊ ဣတိ (အဗ္ဗုဂ္ဂစ္ဆတိ=၏၊ ဣတိ=ဤအကြောင်းကြောင့်၊
တံ=ထိုသို့သီလရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ထိုက်သည် အဖြစ်သည်၊ ဟောတိ
=၏) တသ္မာ=ထို့ကြောင့်၊ ဝါ=ထိုသို့သီလရှိသူကို မှီခိုဆည်းကပ်သူ၏ သတင်း
ကောင်း ပျံ့နှံ ့သည်အဖြစ်ကြောင့်၊ ဧဝရူပေါ=ဤသို့သဘောရှိသော၊ ပုဂ္ဂလော=
သီလရှိသော ပုဂ္ဂိုလ်ကို။ပ။သတ္တမံ။
1
၈-ဂျူထဘာဏီသုတ်
၂၈။ ဂျူထဘာဏီ-မစင်ကျင်ကြီးကဲ့သို့ အနံ့ဆိုးသော စကားကို
ပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်း၊ ပုပ္ဖဘာဏီ= (စကားဝါ,မြလေးစသော)
ပန်းကဲ့သို့ အနံ့မွှေးသော စကားကို ပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်း မဓု
ဘာဏီ=ပျားရည်ပမာ နားချိုသာသော စကားကိုပြောဆိုသော ပုဂ္ဂိုလ်လည်း
ကောင်းတည်း၊ ဘိက္ခဝေ=တို့၊ ဂျူထဘာဏီ…….ကိုပြောဆိုသော၊ ပုဂ္ဂလော=
ပုဂ္ဂိုလ်ဟူသည်၊ ကတမော စ=နည်း။ပ။ ပုဂ္ဂလော-သည်၊ သဘဂ္ဂတောဝါ
အအစည်းအဝေး၌ ရောက်နေသည်သော်လည်းကောင်း၊ ပရိသဂ္ဂတော ဝါ
ရွာသားပရိသတ်၌ . ရောက်နေသည်သော်လည်းကောင်း၊ ဉာတိမဇ္ဈဂတော
=

## PAGE 271

ဝါ=ဆွေမျိုးတို့အလယ်၌ ရောက်နေ့သည် သော်လည်းကောင်း၊ပူဂမဇ္ဈဂတော
ဝါ=အသင်းအဖွဲ့အလယ်၌ ရောက်နေသည်သော်လည်းကောင်း၊ ရာဇကုလ
မဇ္ဈဂတော ဝါ=မင်းမျိုးအလယ် ဝိနိစ္ဆယခုံရုံးကြီး၌ ရောက်နေသည်သော်လည်း
ကောင်း၊ (ဟုတွာ=ဖြစ်၍) “အမျှော ပုရိသ=အမောင်ယောက်ျား၊ ဧဟိ=လာပါ
လော၊ ယံ=အကြင်အကြောင်းအရာကို၊ ဇာနာသိ=သင်သိ၏၊ တံ=ထိုသင်
သိအပ်ပြီးသော အကြောင်းအရာကို၊ ဝဒေဟိ=ပြောပါလော”၊ ဣတိ=ဤသို့၊
အဘိနီတော=မေးစစ်ခြင်းငှာ ခေါ်ဆောင်အပ်သည်၊ သက္ခိပုဋ္ဌော=သက်သေပြု၍
မေးစစ်အပ်သည်၊ (သမာနော=သော်) သော=ထိုသူသည်၊ အဇာနံ(အဇာနန္တော)
ဝါမသိဘဲလျက်လည်း၊ ဇာနာမီတိ=ကျွန်ုပ်သိပါ၏ဟု၊ အာဟ-ပြော၏။
ဇာနံ (ဇာနန္တော) ဝါ=သိပါလျက်လည်း၊ န ဇာနာမီတိ=မသိပါဟု၊ အာဟ=
ပြော၏။ အပဿံ (အပဿန္တော) ဝါ= မမြင်ဘဲလျက်လည်း၊ ပဿာမီတိ=
မြင်ပါ၏ဟု၊ အာဟ=၏။ ပဿံ (ပဿန္တော) ဝါ-မြင်ပါလျက်လည်း၊ န
ပဿာမီတိ=မမြင်ပါဟု၊ အာဟ-၏။
*
ဣတိ=ဤသို့၊ အတ္ထဟေထု ဝါ=မိမိ၏ အကြောင်းတခုခုကြောင့်သော်
လည်းကောင်း၊ (မိမိ၏ လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာ
ရရှိခြင်း, ပျက်စီးဆုံးရှုံးခြင်းဟူသော အကြောင်းကြောင့် သော်လည်းကောင်း)
ပရဟေတုဝါ=(ဆွေမျိုးမိတ်ဆွေ စသော) သူတပါး၏ အကြောင်းကြောင့်သော်
လည်းကောင်း၊ (သူတပါး၏ လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာ
ရရှိခြင်း, ဆုံးရှုံးခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း) အာမိသ
ကိဉ္စိက္ခဟေတု ဝါ=အနည်းငယ်မျှသော တံစိုးလက်ဆောင်ဟူသော အကြောင်း
ကြောင့် သော်လည်းကောင်း ကိဉ္စိက္ခု=အနည်းငယ်မျှသော+အာမိသ=မျက်နှာလို
မျက်နှာရ ပေးစရာလာဘ် တံစိုးလက်ဆောင်ပစ္စည်း] သမ္ပဇာနံ (သမ္ပဇာနန္ဒော)=
မှားယွင်းနေမှန်း သိပါလျက်၊ သမ္ပဇာနံ=၌ နိဂ္ဂဟိတ်ကိုချေ၍ “သမ္ပဇာ”
ဟုရှိသည်] မုသာ=မှားယွင်းသောစကားကို၊ဘာသိတာ=ပြောဆိုသည်၊ ဟောတိ
=၏၊ ဘိက္ခဝေ=တို့၊ အယံ=ဤပုဂ္ဂိုလ်ကို၊ (အတ္တ, ပရ, အာမိသကိဉ္စိက္ခဟူသော
အကြောင်းကြောင့် မဟုတ်မမှန် ပြောဆိုသော ဤပုဂ္ဂိုလ်ကို) ဂူထဘာဏီ-သော၊
ပုဂ္ဂလော=ပုဂ္ဂိုလ်ဟူ၍၊ ဝုစ္စတိ=ခေါ်ဆိုအပ်၏။ပ။
သော=ထိုသူသည်၊ အဇာနံ (အဇာနန္တော) ဝါ=မသိလျှင်လဲပဲ၊
နှဇာနာမီတိ=မသိပါဟု၊ အာဟ=၏၊ ဇာနံ (ဇာနန္တော) ဝါ=သိလျှင်လဲပဲ၊
ဇာနာမီတိ=သိပါ၏ဟု၊ အာဟ=၏။ပ။ မုသာ=ကို၊ ဘာသိတာ=သည်၊ နု

## PAGE 272

ဟောတိ=မဖြစ်။ပ။ ဖရုသံ=ကြမ်းတမ်းသော၊ ဝါ=မိမိနှင့် သူတပါးကို ကြမ်း
တမ်းအောင် ပြုကြောင်းဖြစ်သော၊ ဝါစံ=စကားကို၊ ဝါ=စကား၏ အကြောင်းရင်း
စေတနာကို၊ ပဟာယ=ပယ်၍၊ ဖရုသာယ=သော၊ ဝါ=သော၊ ဝါစာယ=မှ၊
ဝါမှ၊ ပဋိဝိရတော=ရှောင်ကြဉ်သည်။ ဟောတိ=၏၊ ယာ သာ ဝါစာ=အကြင်
စကားသည်၊ နေလာ=အပြစ်မရှိ၊ ကဏ္ဏသုခါ ကြားရသူတို့၏နားကို ချမ်းသာ
၁။ နေလာ, ကဏ္ဏသုခါ,ပေမနီယာ။ ။ နေလာ=န+ဧလာ’ဟု ပုဒ်ဖြတ်။
"ဗဟုလာယဉ္စ ခေလမှိ၊ ဧလာ ဒေါသေလ မီရိတံ”ဟူသော အဘိဓာန်ဂါထာ
(၁ဝ၁ဝ)နှင့်အညီ ဣတ္ထိလိင် ဧလာ(ဧဠာ) သဒ္ဒါသည် ဖာလာပင်နှင့် တံတွေး
ဟူသော အနက်တို့ကို ဟော၍ နပုလ္လိင် ဧလ (ဧဠ)သဒ္ဒါသည် အပြစ်ဒေါသ
ဟူသော အနက်ကို ဟော၏။ လလေး, ကြီး နှစ်မျိုးလုံးပင် အသုံးရှိ၏။ ထို
အနက် သုံးမျိုးတို့တွင် ဤပါဠိတော်၌ “နေလာတိ ဧလံ ဝုစ္စတိ ဒေါသော”ဟူ၍
အပြစ်ဒေါသဟူသော အနက်ကို အဋ္ဌကထာ ဖွင့်၏။ နာဿာ ဧလန္တိ နေလာ
နိဒ္ဒေါသာ= အပြစ်မရှိသော စကား။ အဋ္ဌကထာ ဋီကာတို့၌ မည်သို့မည်ပုံ
အပြစ်မရှိသည်ကို မဖွင့်ပြ၊ သဒ္ဒါအားဖြင့်လည်းကောင်း, အနက်အားဖြင့်
လည်းကောင်း အပြစ်မရှိသော စကားဟု ဆရာတော်မြတ်များ မိန့်တော်မူကြ၏။
အဋ္ဌသာလိနီ ဝေဒနာတိုက် အဖွင့်အတိုင်း “သုခယတိတိ သုခါ=
ချမ်းသာစေတတ်သော စကား”ဟု ဝစနတ္ထပြုသင့်၏။ သုခ၏အကြောင်းဟု
ဖလူပစာရသော်လည်း ကြံသင့်၏။ ဗျဉ္ဇနမဓုရတာယ=စကားသံ၏ ချို့သာ
သည်အဖြစ်ကြောင့်၊ သဒ္ဒါ၏ ချိုမြိန်သော အရသာနှင့်တူသည်အဖြစ်ကြောင့်-
ဟုလည်း ပြန်ဆိုတော်မူကြ၏] ကဏ္ဌာနံ သုခါ ကဏ္ဏသုခါ- (ကြားရသူတို့၏)
နားကို ချမ်းသာစေတတ်သော (နားဝင်ချိုသော) စကား။
“ချာဒီဟိ မန် မစတော ဝါ”ဟူသော ကစ္စည်းသဒ္ဒါကြီး ဥဏာဒိကပ္ပ၌
ပေမသဒ္ဒါကို ပီဓာတ် မန်ပစ္စည်းဖြင့် ရုပ်စီရင်၏၊ ပိယနံ ပေမော (ပီဏနံ
ပေမော)= ချစ်ခင်ခြင်း၊ ယခုစာအုပ်တို့၌ ပေမနီယာ-ဟု ဤဒီဃဖြင့်ချည်း
တွေ့ ရ၏။ ထို့ကြောင့် ပေမပုဒ်နောင် တဒ္ဓိတ် ဤယပစ္စည်းသက်ရမည်ဖြစ်၏။
ဣယပစ္စည်းသက်၍ ”ပေမရိယာ”ဟု ဣရဿဖြင့်လည်း ရုပ်စီရင်တော်မူကြ၏။
နငယ်လည်းလာရ၏။ အတ္ထမဓုရတာယ= အနက်သဘော ချောညက်ချိုသာသည်
အဖြစ်ကြောင့်၊ ပေမံ ဇနေတီတိ ပေမနီယာ=ချစ်ခင်ခြင်းကို ဖြစ်စေတတ်သော
ား
"
