## PAGE 285

**သာရိပုတ္တ**=တြာ၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုသို့သိနိုင်ကျင့်နိုင်ကြမည် ဖြစ်ခြင်းကြောင့်) **ဧဝံ**=ဤသို့နှလုံးသွင်း၍၊ (**ဝေါ**=သင်တို့သည်) **သိဒ္ဓိတဗ္ဗ**=ကျင့်ကြံအားထုတ်ရမည်၊ (**ကိန္တိ**=အဘယ်သို့ နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗ**=ဟူမူ) **သဝိညာဏကေ**=သော၊ **ဣမသ္မိံ စ ကာယေ**။ပ။ **န ဘဝိဿန္တိ**=မဖြစ်ကုန်လတံ့ **ပ**။ **ဝိဟရိဿာမ**=နေရကုန်အံ့၊ **ဣတိ**=ဤသို့ နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗ**=ရမည်) **သာရိပုတ္တ**=တြာ၊ **ဧဝံ**=၍၊ **သိက္ခိတဗ္ဗ**မည်၊ **သာရိပုတ္တ**=တြာ၊ **စ**=ကျင့်ကြံအားထုတ်ခြင်း၏ အကျိုးကျေးဇူးကား၊ **ယတော**=အကြင့်ကြောင့်၊ **ဝါ**=အကြင်အခါ၌၊ **ဘိက္ခုနော**=မှာ**ပ**။ **ဝိဟရတိ**=နေ၏၊ **သာရိပုတ္တ**=တြာ၊ (**တတော**=ထို့ကြောင့်၊ **ဝါ**=ထိုအခါ၌) **အယံ ဘိက္ခု**=ဤရဟန်းကို (အဟင်္ကာရစသည် မဖြစ် မူ၍ အရဟတ္တဖိုလ်သမာဓိ, ပညာသို့ ရောက်၍နေသော ဤရဟန်းကို) **တဏှာ**=တဏှာကို၊ **အစ္ဆိ**=(အရဟတ္တမဂ်ဉာဏ်ဓားဖြင့်) ပယ်ဖြတ်ပြီးသူဟူ၍လည်း ကောင်း၊ **သံယောဇနံ**=သံယောဇဉ်ဆယ်ပါးကို၊ **ဝိဝတ္တယိ**=(အမြစ်အရင်းနှင့် တကွ) ဆွဲနုတ်စွန့်ပစ်ပြီးသူဟူ၍လည်းကောင်း၊ **သမ္မာ**=အကြောင်းမှန်အားဖြင့်၊ **ဝါ**=မှန်ကန်သောအကျင့်ဖြင့်၊ **မာနာဘိသမယာ**=ကိုးပါးသော မာနကို ပယ်ရှားခြင်းကြောင့် **ဝါ**=ကိုးပါးသော မာနကို သိမြင်ခြင်းကြောင့်။ **ဒုက္ခဿ**=ဝဋ်ဒုက္ခ၏၊ **အန္တ**=အဆုံးကို၊ **အကာသိ**=ပြုပြီးသူဟူ၍လည်းကောင်း၊ **ဝုစ္စတိ**=ဆိုအပ်၏။

**သာရိပုတ္တ**=တြာ၊ **ပန**=ထို့ပြင်၊ **ဣဒဉ္စ**=ဤဖလသမာပတ်ကိုပင်၊ **သန္ဓာယ**=၍၊ **မေ**=သည်၊ **ပါရာယနေ**၌၊ **ဥဒယပဗ္ဗေ**=ဥဒယပုဏ္ဏား၏ အမေးပုစ္ဆာ၌၊ "**ပဟာနံ**= **ပ**။ **ပဘေဒနန္တိ**=**ပဟာနံ**။**ပ**။ **ပဘေဒနံ**"ဟူသော၊ **ဧတံ**=ဤတရားကို၊ **ဘာသိတံ**=ပြီ၊

**ကာမသညာနံ စ**=ကာမဂုဏ်ငါးပါးတို့ကို အာရုံပြု၍ဖြစ်သော သညာတို့ကိုလည်းကောင်း၊ **ဝါ**=ကာမဂုဏ်တို့ကို လိုလားတတ်သော လောဘသဟဂုတ်စိတ်ရှစ်ပါးနှင့် ယှဉ်သော သညာတို့ကိုလည်းကောင်း၊ **ဒေါမနဿာနံစ**=ဒေါမနဿ ဝေဒနာတို့ကိုလည်းကောင်း၊ **ဥဘယံ**(**ဥဘယေသံ**)=ဤနှစ်မျိုးသော အကုသိုလ်တို့ကို၊ **ပဟာနံ**=(ထပ်၍ငြိမ်းစေသောအားဖြင့်) ပယ်သတ်တတ်သော၊ [အရဟတ္တဖလံဟူသော ပါဌသေသ၌စပ်] **ထိနဿစ**=ထိနကိုလည်း၊ **ပနုဒနံ**=(ထပ်၍ငြိမ်းစေသောအားဖြင့်) ပယ်နုတ်တတ်သော၊ **ဝါ**=ပယ်နုတ်တတ်သော အရဟတ္တမဂ်အဆုံး၌ဖြစ်သော **ပဋိပ္ပဿဒ္ဓိဝသေန ပနုဒတီတိ ပနူဒနံ** ဟုပြု၍ အရဟတ္တဖိုလ်ကို ကောက်] **ကုက္ကုစ္စာနှံ စ**=ကုက္ကုစ္စ အကုသိုလ်တို့ကိုလည်း၊ **နိဝါရဏံ**= (ထပ်၍ငြိမ်းစေသောအားဖြင့်) တားဆီးတတ်သော၊ **ဥပေက္ခာသတိ**

## PAGE 286

**သံသုဒ္ဓံ** =(စတုတ္ထဈာန်အရဟတ္တဖိုလ်၌ဖြစ်သော) **ဥပေက္ခာသတိ**တို့ဖြင့် ကောင်းစွာသန့်ရှင်းစင်ကြယ်သော၊ **ဓမ္မတက္ကပုရေဇဝံ**=သစ္စာလေးပါး တရားတို့ကို ကြံစည်စဉ်းစားတတ်သော **သမ္မာသင်္ကပ္ပမဂ္ဂင်**ဟူသော ရှေ့ဆောင်ရှေ့သွားရှိသော၊ **အဝိဇ္ဇာယ**=အဝိဇ္ဇာအမှောင်ထုကို၊ **ပဘေဒနံ**= ထပ်၍ငြိမ်းစေသောအားဖြင့်) ဖျက်ဆီးတတ်သော၊ **ဝါ**=ဖျက်ဆီးရာဖြစ်သော နိဗ္ဗာန်ကို အာရုံပြုသော၊ (**အရဟတ္တဖလံ**=အရဟတ္တဖိုလ်ကို) **အညာဝိမောက္ခ** =**အညာဝိမောက္ခ**မည်၏ဟူ၍၊ **ဝါ**=အညိန္ဒြေ၏ အဆုံး၌ဖြစ်သော လွတ်မြောက်သော တရားဟူ၍၊ **ဝါ**=ပိုင်းခြားသိတတ်သော ပညာဖြင့် ကိလေသာတို့မှ လွတ်မြောက်ပြီးသောတရား ဟူ၍၊ **ပဗြူမိ** ဟောကြားတော်မူ၏။

#### ၄-နိဒါနသုတ်

**၃၄။** **ဘိက္ခဝေ**=တို့၊ **ကမ္မာနံ**=ဝဋဂါမိကံတို့၏၊ **ဝါ**=ဝဋ်ဆင်းရဲသို့ လားရောက်စေတတ်သော ကံတို့၏၊ **ဝါ**=တို့ကို၊ **သမုဒယာယ**=ဖြစ်ခြင်းငှာ၊ **ဝါ**=အားထုတ်စုဆောင်းခြင်းငှာ၊ **နိဒါနာနိ**=အကြောင်းတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **တီဏိ**=သုံးမျိုးတို့ဟူသည်၊ **ကတမာနိ**=အဘယ်တို့နည်း ဟူမူ၊ **ကမ္မာနံ**=ဝဋဂါမိကံတို့၏၊ **ဝါ**=တို့ကို၊ **သမုဒယာယ**=ငှာ၊ **ဝါ**=ငှာ၊ **လောဘော**=လောဘဟူသော၊ **ဝါ**=လိုချင်တပ်မက်ခြင်း သဘောဟူသော၊ နိ

**၁။** **အညာဝိမောက္ခံ**။ **ပ**။ **ပဘေဒနံ**။ ။ " (**ပဋိပ္ပဿဒ္ဓိဝသေန**) [OCR_UNCERTAIN]**တီတိ ပဘေဒနံ** (ထပ်၍ငြိမ်းစေသောအားဖြင့် ဖျက်ဆီးတတ်သော အရဟတ္တဖိုလ်)ဟု ဝစနတ္ထပြု၍ အရဟတ္တဖိုလ်ကို ကောက်။ (တနည်း) **ပဘိန္ဒတိ ဧတ္ထ နိဗ္ဗာနေတိ ပဘေဒနံ** (ဖျက်ဆီးရာနိဗ္ဗာန်)ဟု ပြု၍ နိဗ္ဗာန်ကိုအရ ကောက်ပြီးနောက် အာရုံအကြောင်းဖြစ်သော နိဗ္ဗာန်၏ **ပဘေဒန**ဟူသော နာမည်ကို အာရမ္မဏိက အကျိုးဖြစ်သော အရဟတ္တဖိုလ်၌ တင်စားသော **ကာရဏူပစာရ**အားဖြင့် အရဟတ္တဖိုလ်ကို ကောက်ရသည်။ **အညာဝိမောက္ခ**၌ "**အညာယ အညိန္ဒိယဿ ပရိယောသာနံ အညာ**"ဟု **ပရိယောသာနပုဒ်** အကျေကြံပြီးနောက် **အညာယ ဥပ္ပန္နော ဝိမောက္ခော အညာဝိမောက္ခော**=အညိ၏အဆုံး၌ဖြစ်သော လွတ်မြောက်သောတရား။ (တနည်း) **အာဇာနာတီတိ အညာ**၊ **အညာယ ဝိမောက္ခော အညာဝိမောက္ခော**=ပိုင်းခြားသိတတ်သောပညာဖြင့် ကိလေသာတို့မှ လွတ်မြောက်ပြီးသောတရား။

## PAGE 287

**ဒါနံ**=အကြောင်းလည်းကောင်း၊ **ကမ္မာနံ**=တို့၏၊ **ဝါ**=တို့ကို၊ **သမုဒယာယ**=ငှာ၊ **ဝါ**=ငှာ၊ **ဒေါသော**=ဒေါသဟူသော၊ **ဝါ**=စိတ်ဆိုးမုန်းတီးခြင်း သဘောဟူသော၊ **နိဒါနံ**=လည်းကောင်း။**ပ**။ **မောဟော**=သော၊ **ဝါ**=အမှန်အတိုင်းမသိခြင်း တွေဝေခြင်းသဘောဟူသော၊ **နိဒါနံ**=လည်းကောင်းတည်း။ **ဘိက္ခဝေ**=တို့၊ **ယံ ကမ္မံ**=အကြင်ကံကို၊ **ဝါ**=အကြင်ကံသည်၊ **လောဘပကတံ**=လောဘသည် ပြုလုပ်အပ်၏၊ **ဝါ**=လောဘဖိစီး,လောဘကြီး၍ ပြုလုပ်အပ်၏။ **ဘောဇဇံ**= လောဘကြောင့်ဖြစ်၏၊ **လောဘနိဒါနံ**=လောဘဟူသော အကြောင်းရှိ၏။ **လောဘသမုဒယံ**= လောဘဟူသော ဖြစ်ကြောင်းရှိ၏။

**ယတ္ထ**=အကြင်ဘဝဟူသောဌာန၌၊ **အဿ** ထိုလောဘကြောင့်ဖြစ်သော ကံရှိသော ပုဂ္ဂိုလ်၏၊ **အတ္တဘာဝေါ**= ခန္ဓာအတ္တဘောသည်၊ **နိဗ္ဗတ္တတိ**=ထင်ရှားဖြစ်၏၊ **တတ္ထ**=ထိုဘဝခန္ဓာတို့၌၊ **တံ ကမ္မံ**=(လောဘကြောင့်ဖြစ်သော) ထိုကံသည်၊ **ဝိပစ္စတိ**=ရင့်ကျက်၏၊ **ဝါ**=အကျိုးပေး၏၊ **ယတ္ထ**=အကြင်ဘဝခန္ဓာတို့၌။**ပ**။ **တတ္ထ**=ထိုဘဝခန္ဓာတို့၌၊ **ဝါ**=တို့တွင်၊ **တဿ ကမ္မဿ**=ထိုကံ၏၊ **ဝိပါကံ**=အကျိုးကို၊ **ဒိဋ္ဌေ ဓမ္မေ ဝါ**=ယခုတွေ့ကြုံနေရသော ဘဝခန္ဓာ၌သော်လည်း၊ **ပဋိသံဝေဒေတိ**=ခံစားရ၏၊ **ဥပပဇ္ဇေ ဝါ**=ယခုဘဝ၏ အခြားမဲ့ ဒုတိယဘဝသို့ ရောက်၍သော်လည်း [ရောက်မှသော်လည်း] **ပဋိသံဝေဒေတိ**=၏၊ **အပရေ**=(ယခုဘဝနှင့် ဒုတိယဘဝမှ အခြားတပါးသော၊ **ပရိယာယေ ဝါ**=အကျိုးပေးဘို့ အလှည့်ကျသော ဘဝခန္ဓာ၌သော်လည်း၊ **ပဋိသံဝေဒေတိ**=၏ [ဤပါဠိတော်ကို ကြည့်၍ **ဒိဋ္ဌဓမ္မဝေဒနိယကံ**, **ဥပပဇ္ဇဝေဒနိယကံ**, **အပရပရိယာယဝေဒနိယကံ**ဟု ကံသုံးမျိုးခွဲရသည်၊ အဘိဓမ္မတ္ထသင်္ဂြိုဟ်၌မူ **အပရာပရိယ**ဟုပါဌ်ရှိသည်]

**ဘိက္ခဝေ**=တို့၊ **ယံကမ္မံ**=အကြင်ကံကို၊ **ဝါ**=သည်၊ **ဒေါသပကတံ**=ဒေါသသည် ပြုလုပ်အပ်၏၊ **ဝါ**=ဒေါသဖိစီး ဒေါသကြီး၍ပြုလုပ်အပ်၏၊ **ဒေါသဇံ**=ဒေါသကြောင့် ဖြစ်၏။**ပ**။

**ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ကား၊ **အခဏ္ဍာနိ**=မကျိုးမပြတ်ကုန်သော၊ **အပူတီနိ**=မပုပ်ဆွေးကုန်သော၊ **အဝါတာတပာတာနိ**=(အဆီသြဇာ ခန်းခြောက်အောင်) လေနေပူတို့ မဖျက်ဆီးအပ်ကုန်သော၊ [**န + ဝါတ = လေ + အာတပ**=နေပူ+ဟတ] **သာရာဒါနိ**=အနှစ်အဆန်ကို ယူကုန်သော၊ **ဝါ**=အနှစ်အဆန်ရှိကုန်သော၊ [**သာရံ အာဒိယန္တိ ဂဏှန္တိတိ သာရာဒါနိ**] **သုခသိဋ္ဌာနိ**=ဂိုဒေါင်၌ ကောင်းစွာတည်နေရကုန်သော၊ **ဝါ**=ဂိုဒေါင်၌ ကောင်းစွာ သိုလှောင်ထားအပ်ကုန်သော၊ **ဗီဇာနိ**=မျိုးစေ့တို့ကို၊ **သုခေတ္တ**=(မြေသြဇာရှိ၍) ကောင်းသော