## PAGE 291

ဟတ္ထကော=ဟတ္ထကမည်သော၊ (အာဠဝကဘီလူး၏လက်မှ မြတ်စွာဘုရား၏
လက်တော်စသည်သို့ အဆင့်ဆင့်ကူးပြောင်းရောက်သွားတတ်သည် အဖြစ်
ကြေင့် ဟတ္ထကမည်သော) အာဠဝကော=အာဠဝကမင်းသားသည်၊ ဇင်္ဃာ
ဝိဟာရံ=ခြေသလုံး မြင်းခေါင်း,အညောင်းဖြေဖျောက်, လမ်းလျှောက်ခြင်းကို၊
အနုစင်္ကမမာနော=ထိုမှဤရောက် လျှောက်လသော်၊ အနုဝိစရမာနော=ထိုထို
ဤဤ လှည့်လည်လသော်၊ ဘဂဝန္တံ=မြတ်စွာဘုရားကို၊ ဂေါမဂ္ဂ။ပ။ နိသိန္နီ-
ထိုင်နေတော်မူသည်ကို၊ အဒ္ဒသ=မြင်ပြီ၊ ဒိသွာ=မြင်ပြီး၍။ပ။
ဘန္တေ=မြတ်စွာဘုရား၊ ကစ္ဆိ=အဘယ်သို့ပါနည်း၊ [ တနည်း-ကစ္စ
ဘန္တေ=ဘယ့်နှယ်ပါလဲ အရှင်ဘုရား] ဘဂဝါ=မြတ်စွာဘုရားသည်၊ သုခံ=
ချမ်းသာစွာ၊ အသယိတ္ထ'=ကျိန်းစက်တော်မူရပါ၏လော၊ ဣတိ=ဤသို့၊ (အဝေါစ
၁။ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနှော။ ။ ဇင်္ဃာဝိဟာရံပုဒ်ကို ဤအတိုင်း
ကံအနက်ပေးလျှင် ဝိဟရဏကြိယာနှင့် အနုစင်္ကမနကြိယာတို့ မကွဲပြားဘဲ
ကွဲပြားသကဲ့သို့ဆိုသောကြောင့် (စာရိကံ စရမာနောကဲ့သို့) အဘေဒဘေဒူပ
စာရတည်း (တနည်း) –ဃောဝိဟာရံ-ခြေသလုံး....ခြင်းငှာ” ဟုသော်လည်း
အနက်ဆို။ ဒိဝါဝိဟာရံ နို့သီဒိ, အလဂဒ္ဒပရိယေသနှံ စရမာနောတို့၌ကဲ့သို့
အံဝိဘတ်ကို တဒတ္ထသမ္ပဒါန်အနက်၌သက်။
*
(တနည်း) "မင်္ဃာဝိဟာရံ=ခြေသလုံး....ခြင်းဖြင့်” ဟု ကြိယာဝိသေသန
အနက်လည်း ဆိုနိုင်၏။ ဇင်္ဃာယ ဟိတော ဝိဟာရော သဉ္ဇာရော ဇင်္ဃာဝိဟာရော
အခြေသလုံး မြင်းခေါင်း၏ အစီးအပွားဖြစ်သော လမ်းလျှောက်သွားလာခြင်း။
ဇာသုဝါ ဥပ္ပန္နကိလမထဝိနောဒနတ္ထော ဝိဟာရော ဇင်္ဃာဝိဟာရော=ခြေသလုံး
မြင်းခေါင်းတို့၌ဖြစ်သော ညောင်းညာမှုကို ဖြေဖျောက်ခြင်း အကျိုးရှိသော
လမ်းလျှောက်ခြင်း။ ဤ၌သွားခြင်း ဣရိယာပုထ်ကိုပင် ဝိဟာရဟုဆိုသည်]
၂။ အသယိတ္ထ, အသယိတ္ထံ။ ။ “ကစ္စ ဘန္တေ ဘဂဝါ သုခမသယိတ္ထ'
ဟူသော ဝါကျဝယ် “အသယိတ္ထ”၌ အဇ္ဇတ္တနိ အာဝိဘတ်တည်း။ [အဇ္ဇတ်
အာမှာ ဒွေဘာ ဣပြု] –ဧဝံ ကုမာရ သုခမသယိတ္တံ . . . . .တသ္မာဟံ သုခ
မသယိတ္တံ”ဟူသော ဝါကျတို့၌ကား “အသယိတ္ထ”ကို အဇ္ဇတ္တနီ ဣဝိဘတ်ဖြင့်
ရုပ်ပြီးစေရမည်ဖြစ်၏။ သီဓာတ်နောင် ဣဝိဘတ်ကို ထံပြု၍ “အသယိတ္ထီ”ဟု
ရုပ်စီရင်ထားသည်ကို သဒ္ဒါကျမ်းတို့၌ မတွေ့ရ၊ “လဘသာ ဤဣနံ တ္ထထံ”
သုတ်ဝယ် “ဤဣနံ တ္ထတ္တံ”ဟူသော ယောဂဝိဘာဂဖြင့် ဣဝိဘတ်ကို စံပြု
ဟု ဆိုသင့်၏။

## PAGE 292

=မေးလျှောက်ပြီ) ကုမာရ=မင်းသား၊ ဧဝံ=အေးဟုတ်ပါ၏၊ [တနည်း-ဧဝံ
ကုမာရ=ဟုတ်တယ်မင်းသား] (အဟံ=ငါသည်) သုခံ=စွာ၊ အသယိတ္ထိ=ကျိန်း
စက်ရပါ၏၊ စပန=အမှန်တကယ်အားဖြင့်၊ လောကေ-သတ္တလောက၌၊ ယေ
=အကြင်ပုဂ္ဂိုလ်တို့သည်၊ သုခံးးစွာ၊ သေန္တိ=ကျိန်းစက်ကြရကုန်၏၊ တေသံ
=ထိုပုဂ္ဂိုလ်တို့တွင်၊ အဟံ=ငါသည်။ အညတရော=တဦး အပါအဝင်တည်း။
ဣတိ (အဝေါစ=မိန့်)
ဘန္တေ=ရား၊ ဟေမန္တိကာ=ဆောင်းဥတု၌ဖြစ်သော၊ ရတ္တိ=ညဉ့်သည်၊
သိတာ=အေးလှပါ၏၊ အန္တ ရဋ္ဌကော =တပို့တွဲလ, တပေါင်းလတို့၏အကြား၌
၁။ အန္တ ရဋ္ဌက ဖြစ်သင့်သောရက်များ။ ။ အဋ္ဌ ပရိမာဏာနိ ယဿ
သမယဿာတိ အဋ္ဌကော=ရှစ်ခု အတိုင်းအတာ ပမာဏရှိသော နေ့ရက်
အချိန်ကာလ။ အန္တ ရေ=တပို့တွဲလ, တပေါင်းလတို့၏ အကြားကာလ၌၊
အဋ္ဌကော= ရှစ်ခုသော နေ့ရက် အချိန်ကာလသည်၊ အန္တ ရဋ္ဌကော= အန္တ ရဋ္ဌက
မည်၏။ တပို့တွဲလ၏ နောက်ဆုံးလေးရက်နှင့် တပေါင်းလ၏ အဦးအစပဌမဆုံး
လေးရက်အားဖြင့် ရက်ပေါင်းရှစ်ရက်ကို အန္တရဋ္ဌက ခေါ်သည်ဟု ဤသုတ်
အဋ္ဌကထာနှင့် မဟာဝါစီဝရက္ခန္ဓက အဋ္ဌကထာ (၄ဝ၉)တို့၌ ဖွင့်ထား၏။
ယင်းသို့ ဖွင့်ဆိုထားရာ၌ မြန်မာပြည်မှာ သတ်မှတ်ထားအပ်သော ရက်လအတိုင်း
တပို့တွဲလဆုတ် (၁၁)ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်
ကို အန္တရဋ္ဌကဟု မဆိုသင့်ကြောင်းနှင့် တပို့တွဲလဆန်း (၁၂)ရက်နေ့ကစ၍
အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကိုသာ အန္တ ရဋ္ဌကဟု ဆိုသင့်ကြောင်း
ကို ဤနိဿယ ပဌမအကြိမ်ရိုက်၌ အကျဉ်းချုပ်မျှ ရေးသားခဲ့၏။ ယခု
ထက် ပြည့်စုံအောင် အနည်းငယ် ချဲ့ထွင်ရေးပါဦးမည်။
ရက်လသတ်မှတ်ပုံ နှစ်မျိုး ။ ။ ပိဋကကျမ်းဂန်တို့၌ မာဃ(တပို့တွဲလ),
ဖဂ္ဂုဏ(တပေါင်းလ)စသည်ဖြင့် ခေါ်ဝေါ် သုံးနှုန်းထားရာ၌ ထိုလများ၏
ကုန်ဆုံးသောနေ့ရက် သတ်မှတ်ပုံ နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးနှုန်း ထားသည်ကို
တွေ့ ရ၏။ ထိုသတ်မှတ်ပုံ နှစ်မျိုးမှာ-
(၁)ယခုမြန်မာပြည်မှာ အသုံးပြုသော ပြက္ခဒိန်အတိုင်း လဆန်းတရက်
နေ့မှစ၍ တရက်, နှစ်ရက်စသည် ရေတွက်ပြီးလျှင် ကောင်းကင်မှ လဝန်းကြီး
ကွယ်ပျောက်သွားသောနေ့(လကွယ်နေ့) အရောက်တွင် ရက်ပေါင်း (၃၀)
သို့မဟုတ် (၂၉)ရက် ပြည့်၍ လကုန်သည်, တလပြည့်သည်ဟု ခေါ်ဝေါ်သတ်မှတ်

## PAGE 293

ရှစ်ရက်အတိုင်းအရှည်ရှိသော အခါကာလသည်၊ ဟိမပါတသမယော= ဆီးနှင်း
ကျရာ အခါပါတည်း၊ ဘူမိ=မြေသည်၊ ဂေါကဋကဟတာ=နွားခွာအကြား,
လွှသွားဆူးချွန်, ရွှံ့ညွန်ခြောက်တို့သည် ဖျက်ဆီးထားအပ်သည်။ ဝါ=နွားခွာ
ထားခြင်းလည်း ရှိ၏။ ထိုသတ်မှတ်ချက် အတိုင်းပင် ပုဗ္ဗကတ္တိကမာသဿ
ကာဠပက္ခစာတုဒ္ဒသော= သီတင်းကျွတ်လဆုတ် (၁၄)ရက် (ကင်္ခါ၊ နှာ-၈၆)
စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားသည်ကိုလည်း တွေ့ ရ၏။ ထိုအသုံးအနှုန်းကို
မြန်မာနှင့် သီဟိုဠ်(သီရိလင်္ကာ) အသုံးအနှုန်းဟု ဆရာတော် အရှင်မြတ်များ
မိန့်တော်မူကြ၏။
(၂) ကောင်းကင်မှ လဝန်းကြီး ပြည့်သောနေ့ (လပြည့်နေ့)တွင်
လဝန်းကြီး ပြည့်သလို ရက်(၃၀)တလပြည့်၍, သို့မဟုတ် (၂၉)ရက် တလ
ပြည့်၍ လကုန်သည်ဟု သတ်မှတ်ထားခြင်းလည်း ရှိ၏။ ထိုခေါ်ဝေါ်သတ်မှတ်
ချက် အတိုင်းဆိုလျှင် တပို့တွဲလပြည့်နေ့ ရောက်လျှင် တပို့တွဲလကုန်၏။
လပြည့်ကျော်တရက်နေ့ကစ၍ တပို့တွဲလ မဟုတ်တော့၊ တပေါင်းလဘက်သို့
ရောက်သွားလေပြီ၊ ထိုသတ်မှတ်ချက်သည် မြန်မာပြည်အနေအားဖြင့် အတော်
ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သော်လည်း ပိဋကကျမ်းဂန်တို့၌ကား တော်တော်
များများ တွေ့နိုင်၍ အထူးအဆန်း မဟုတ်တော့ပါ၊ နမူနာ သာဓက အနည်း
ငယ်မျှ ထုတ်ပြရသော်-
ကတ္တိကပုဏ္ဏမာယံ ပဝါရေတွာ မာဂသိရမာသဿ ပဌမဒိဝသေ
(ပါရာဇိကဏ် အဋ္ဌကထာ၊ ပ-၁၆၄)။ ဤ၌ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းနှင့်
မြန်မာ အခေါ်အဝေါ်ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် တရက်နေ့ကို
မာဂသိရမာသဿ ပဌမဒိဝသေ (နတ္တော်လ၏ ပဌမနေ့)ဟု ခေါ်ဆိုထားသည်ဟု
သာရတ္ထဋီကာ (ပ-၄၅၃)၌ မိန့်ဆို၏။ ထိုအခေါ်အဝေါ်သည် စန္ဒမာသ
အခေါ်အဝေါ် ဖြစ်သည်ဟုလည်း ဝိမတိဋီကာ (ပ-၉၆) မိန့်၏။
ကတ္တိကမာသဿ ပစ္ဆိမဒိဝသော နာမ ပစ္ဆိမကတ္တိကမာသဿ
ပုဏ္ဏမာ= တန်ဆောင်မုန်းလပြည့်နေ့သည် တန်ဆောင်မုန်းလ၏ နောက်ဆုံးနေ့
မည်၏။ (ဝဿိကသာဋိကာသိက္ခာပုဒ် ကင်္ခါဋီကာသစ်-၃၃၃)။ တဒဟုပေါသ
ထေ ပန္နရသေ ကောမုဒိယာ စာတုမာသိနိယာ ပုဏ္ဏာယ ပုဏ္ဏမာယ ရတ္တိယာ
(သီလက္ခန်ပါဠိတော်၊ သာမညဖလသုတ်-၄၅)။ ဤပါဠိတော်၌လည်း
တန်ဆောင်မုန်းလပြည့်နေ့သည် ရက်ပေါင်း (၂၉)ရက် တလပြည့်၍ ပုဏ္ဏ
