## PAGE 324

=ရောပြွမ်းလျက်၊ **ဝိဟရတိ**=နေထိုင်၏၊ **ဣတိဧဝံ**=ဤသို့၊ **ဇာနေယျ**= သိကြလေကုန်ရာ၏။ **ဣဒ္ဓိမန္တိနိယော**=ကြီးသော တန်ခိုးရှိကုန်သော၊ **ဒိဗ္ဗစက္ခုကာ**= နတ်ပြည်၌ဖြစ်သော မျက်စိရှိကုန်သော၊ **ပရစိတ္တဝိဒုနိယော**-သူတပါးစိတ်ကို သိနိုင်ကုန်သော၊ **ဒေဝတာပိ**=နတ်တို့သည်လည်း၊ **သန္တိ**=ရှိကုန်၏။ **တာ**=ထိုနတ်တို့သည်။ပ။ **အာသန္နာ**-ကုန်သည်၊ (**သမာနာပိ**=လည်း၊ **တာ**=ထိုနတ်တို့ကို) **န ဒိဿန္တိ**=ကုန်း (**တာ**=ထိုနတ်တို့သည်) **စေတသာပိ**။ပ။ **တာပိ**=ထိုနတ်တို့သည်လည်း။ပ။ **သော**-ထိုရဟန်းသည်၊ **လောကံယေဝ** သတ္တလောကကိုသာလျှင်။ပ။ **ဣဒံ**=ဤသတ္တလောကကို အကြီးအကဲအရာ၌ ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကိုပ။ **ဘဂဝတာ**=မြတ်စွာဘုရားသည်၊ **ဓမ္မော**=တရားတော်မြတ်ကို၊ **သွာက္ခာတော**"= ကောင်းစွာ ဟောကြားတော်မူအပ်၏။

**၁။** သွာက္ခာတော, သန္ဒိဋ္ဌိကော-စသည်။။ သွာက္ခာတောစသော တရားဂုဏ်တော်တို့ကို နိဿယခန်း၌ သာမညမျှသာ အနက်ပေးခဲ့၏။ ဝိသုဒ္ဓိမဂ်၌ ဂုဏ်တော်တပုဒ် တပုဒ်အတွက် တရားအမျိုးမျိုး ခွဲယူ ၍ နည်းအမျိုးမျိုး ဖွင့်ပြထား၏။ ဤ၌ တနည်းလောက်မျှကိုသာယူ၍ သူ့ပုဒ်နှင့် သူ့ဆိုင်ရာ တရားတော်ကို အသီးအသီး တွဲဖက်ကာ အနက်ပေးပြဦးမည်---

**ဘဂဝတာ**-သည်၊ **ဓမ္မော**=ပရိယတ္တိ တရားတော်ကို၊ **သွာက္ခာတော**= အစ, အလယ်, အဆုံး၊ သုံးပါးလုံးစုံ, ကောင်းခြင်းဂုဏ်နှင့်, ပြည့်စုံသေချာ ကောင်းစွာဟောကြားတော်မှုအပ်ပါပေ၏။

**ဓမ္မော**=မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **သန္ဒိဋ္ဌိကော**=တဆင့်စကား, အားမထားဘဲ, ဘုရားတပည့်, အရိယာအရှင်, သူတော်စင်တို့, ဆင်ခြင်ပစ္စဝေက္ခဏာ, ဉာဏ်ပညာဖြင့်, အသင့်ကိုယ်တိုင်, သိမြင်နိုင်သော တရားတော်ပေတည်း၊

**ဓမ္မော**= မဂ်လေးပါး တရားတော်သည်၊ **အကာလိကော**=တည်း၊ [နိဿယခန်းက အတိုင်းဆိုပါ]

**ဓမ္မော**=မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **ဧဟိပဿိကော**=တည်း၊

**ဓမ္မော**= မဂ်ဖိုလ်ရှစ်ရပ် တရားတော်မြတ်သည်၊ **ဩပနေယျကော**=အဝတ်, ဥသျှောင်, မီးစွဲလောင်လည်း, ငြိမ်းအောင်သတ်ရေး, မပြုသေးဘဲ, အရေးတကြီး, ပြီးစီးသင့်ရာ, ဘာဝနာအနေ, မသွေအမြဲ, စိတ်မှာစွဲအောင်, ဆွဲကပ်ဆောင်လင့်, ဖြစ်စေသင့်သော တရားတော်ပေတည်း၊

**ဓမ္မော**=မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို၊ **ဝိညူဟိ**=တို့သည်၊ ပစ္စတ္တံ၌၊ **ဝေဒိတဗ္ဗော**=သိမြင်ခံစား ထိုက်ပါပေ၏။

## PAGE 325

(**ဓမ္မော**=တရားတော်မြတ်သည်) **သန္ဒိဋ္ဌိကော**=ဉာဏ်ဖြင့် ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပေတည်း။

**အကာလိကော**=အကျိုးပေးခွင့် ဆိုင်းငံ့သင့်ရာ အချိန်အခါမရှိသော တရားတော်ပေတည်း၊ ဝါ= ယခုချက်ချင်း မယွင်းတိကျ **သန္ဒိဋ္ဌိကော**။။

သွာက္ခာတောပုဒ်အရ ပရိယတ္တိတရားကိုယူ၍ အနုက်ပြန်ဆိုသည်။ **သန္ဒိဋ္ဌိကော**စသည်၌-**သံ**(သယံ) ဒဗ္ဗာတိ **သန္နိဋ္ဌိ**- ကိုယ်တိုင်သိမြင်ထိုက်သောတရား။ (မဂ်ဖိုလ်နိဗ္ဗာန်ဟူသော ကိုးပါးသော လောကုတ္တရာ တရားတည်း)။ **သန္ဒိဋ္ဌိ ဧဝ သန္ဒိဋ္ဌိကော**။

အရိယသာဝကသည် မဂ်ဖိုလ်ကို သိမြင်ရာ၌ သူတပါးထံမှ တဆင့်စကားအားထားယုံကြည်၍ သိမြင်ရသည် မဟုတ်၊ အရိယသာဝက ကိုယ်တိုင်ပင် ဆင်ခြင်ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့် သိမြင်၏။ ယင်းသို့ ကိုယ်တိုင်ကိုယ်တွေ့ သိမြင်ရ သိမြင်နိုင်သော လောကုတ္တရာ တရားကိုးပါးကို သန္ဒိဋ္ဌိကဟု ဆိုလို၏။

**အကာလိကော**။။ **အကာလ**=(ဆိုင်းငံ့ထားရမည့်) အချိန်အခါမရှိသော အရိယမဂ်တရား။ **နတ္ထိ** (**အာဂမေတဗ္ဗော**) **ကာလော ယဿာတိ အကာလော**၊ **အကာလော ဧဝ အကာလိကော**။

လောကီကုသိုလ်တရားတို့သည် ငါးရက် (၇)ရက်စသည် အချိန်ကြာမြင့်မှ သော်လည်းကောင်း, ဒုတိယဘဝ တတိယဘဝ စသည်သို့ ရောက်မှသော်လည်းကောင်း အကျိုးပေး၏။ အရိယမဂ်တရား များကား အရိယဖိုလ်ဟူသော အကျိုးကို ပေးဖို့အတွက် ယင်းသို့အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်မဟုတ်၊ မဂ္ဂဝီထိဖြစ်စဉ်အတိုင်း အရိယမဂ်ဖြစ်၍ ချုပ်ပြီးသည်နှင့် တပြိုင်နက် အရိယဖိုလ် အကျိုးတရား ပေါ်လာ၏။ ယင်းသို့ ယခုချက်ချင်း မယွင်းတိကျ အရိယဖိုလ် အကျိုးကိုပေးသော အရိယမဂ်လေးပါး တရားကို အကာလိကဟု ခေါ်၏။

**ဧဟိပဿိကော**။။ **ဧဟိ**=လာပါ+**ပဿ**=ကြည့်ရှုလှည့်စမ်းပါ၊ ကျင့်ကြံအားထုတ်ကြည့်စမ်းပါ+ (**ဣတိ**=ဤသို့ ဖိတ်ခေါ်ပြသမှုကို).+**ဣက**= ထိုက်သော(သင့်လျော်သော) လောကုတ္တရာ တရားကိုးပါး။ **ဧဟိ ပဿ ဣတိ အရဟတီတိ ဧဟိပဿိကော**။

လက်ထဲမှာ ဘာမျှမရှိဘဲ လက်သီးကိုသာ ဆုတ်ပြပြီး "ဟောဒီ လက်သီးဆုပ်ထဲမှာ ရွှေရှိတယ်၊ ငွေရှိတယ်၊ လာကြပါ၊ ကြည့်လှည့်ကြစမ်းပါ"ဟူ၍ ဖိတ်ခေါ်ပြရန် မဖြစ်နိုင်၊ အကယ်၍ လက်သီးဆုပ် ထဲမှာ ပစ္စည်းတခုခု ရှိနေစေကာမူ ထိုပစ္စည်းက မစင်မကြယ်ရွံစဖွယ် ကျင်ကြီး စသည် ဖြစ်နေပြန်လျှင်လည်း ယင်းသို့ဖိတ်ခေါ်ပြသရန် မဖြစ်နိုင်။

## PAGE 326

အရိယဖိုလ် အကျိုးကိုပေးသော တရားတော်ပေတည်း။ ဧဟိ ပဿိကော လိုက်ခဲ့စမ်းပါ, ကြည့်ရှုလှည့်စမ်းပါဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပေတည်း၊

**ဩပနေယျကော**=မိမိစိတ်မှာ မကွာစွဲအောင် ဆွဲကပ် ဆောင်လင့်

လောကုတ္တရာတရား ကိုးပါးသည်ကား အစစ်အမှန်ပရမတ်သဘော အနေအားဖြင့်လည်း တကယ်ရှိသောတရား (ဝိဇ္ဇမာနတရား)ဖြစ်၏။ တိမ်တိုက်ကင်း၍ သန့်ရှင်းစင်ကြယ်သော ကောင်းကင်ပြင်က လပြည့်ဝန်းကြီးနှင့် အများ မြင်သာအောင် ချပြထားအပ်သော အဖိုးတန် တွင်းထွက်ပတ္တမြား ရတနာကဲ့သို့ အလွန်သန့်ရှင်းစင်ကြယ်သော တရား (ပရိသုဒ္ဓတရား)လည်း ဖြစ်၏။

သို့ဖြစ်ရကား ထိုလောကုတ္တရာတရား ကိုးပါးသည် ယင်းသို့ အမှန်တကယ်လည်းရှိ၍ အလွန်လည်း သန့်ရှင်းစင်ကြယ်သော တရားဖြစ်သောကြောင့် **ဧဟိ**=လာပါ၊ လိုက်ခဲ့ပါ၊ **ပဿ**=ကြည့်ရှုလှည့်စမ်းပါ"ဟူ၍ ဖိတ်ခေါ် ပြသထိုက်သော တရားဖြစ်၏။ ထို့ကြောင့် ဤအဓိပ္ပာယ် ဖွင့်ပြချက်အတိုင်း ထိုလောကုတ္တရာ တရားကိုးပါးကို **ဧဟိပဿိက**ဟု ခေါ်သည်။

||

**ဩပနေယျကော။။** **ဥပနေတဗ္ဗောတိ ဥပနေယျော**= ဆွဲကပ်ဆောင်ယူ ထိုက်သော တရား (တရားဘာဝနာတမျိုး အနေအားဖြင့် မိမိစိတ်ထဲ၌ ဖြစ်ပေါ်လာစေထိုက်သော မဂ်ဖိုလ်တရား)၊ **ဥပနေယျော ဧဝ ဩပနေယျကော**။ -

ဤလောက၌ အမှန်တကယ် အရေးကြီးဆုံး အလုပ်ကိစ္စကို ညွှန်ပြစမ်းပါဟု ဆိုလျှင် မဂ်ဖိုလ်တရားထူး ရအောင် အားထုတ်ခြင်း အလုပ်ကိစ္စကိုသာ ညွှန်ပြရမည် ဖြစ်၏။ အပါယ်ဘေးဒုက္ခ တွေ့ကြုံခံစားရခြင်း, အိုနာသေ ရုပ်နာမ် ခန္ဓာဒုက္ခ အစဉ်မပြတ် ဖြစ်နေခြင်း (ဘဝသံသရာ ကျင်လည်နေရခြင်း)တို့သည် ထိုမဂ်ဖိုလ် တရားထူးကို မရခြင်းကြောင့်သာ (**သစ္စာလေးပါး**ကို မသိမြင်ရခြင်းကြောင့်သာ) ဖြစ်၏။ ထို့ကြောင့် မဂ်ဖိုလ်တရားထူးရအောင် အားထုတ်ခြင်း အလုပ်ကိစ္စထက် အရေးကြီးသော အလုပ်ကိစ္စဟူ၍ မရှိတော့ပေ။

မီးကုန်ယမ်းကုန် အစွမ်းကုန် ပြောရလျှင် မိမိကိုယ်မှာ ဝတ်ဆင်ထားသော အဝတ်ကို (သို့မဟုတ်) ဦးခေါင်းဆံဥသျှောင်ကို မီးစွဲလောင်နေလျှင် သော်မှပင် ထိုမီးကို ငြိမ်းသတ်မှု မပြုသေးဘဲ ထို့ထက်အရေးကြီးသော မဂ်ဖိုလ် တရားထူး ရဖို့ကိစ္စကိုသာ အားထုတ်ရမည်၏။

သို့ဖြစ်ရကား ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရန် အလို့ငှါ ယင်းသို့ အရေးတကြီး အားထုတ်၍ မိမိစိတ်ထဲမှာ ဖြစ်ပေါ်လာစေထိုက်သော မဂ်ဖိုလ် လေးပါးကို **ဩပနေယျက**ဟု ခေါ်၏။ -
