## PAGE 327

ဖြစ်စေသင့်သော တရားတော်ပေတည်း၊ ဝိညူဟိ=(သစ္စာလေးပါး တရားမြင်သိ) အရိယာပညာရှိတို့သည်၊ **ပစ္စတ္တံ**=မိမိ မိမိသန္တာန၌၊ ဝါ- မိမိ ကိုယ်တိုင် ကိုယ်တိုင်သာလျှင်၊ ဝါ=ကိုယ်စီကိုယ်င အသီးအသီး၊ **ဝေဒိတဗ္ဗော**= သိမြင် ခံစားထိုက်သော တရားတော်ပေတည်း၊ [ဣတိသဒ္ဒါ မလိုသေး] မေ=ငါ၏၊ **သဗြဟ္မစာရီ**=အတူတကွ မြတ်သော အကျင့်ကို ကျင့်ကြ ကုန်သော ရဟန်းတို့သည်၊ ဝါ=သီတင်းသုံးဖော်တို့သည်၊ **သန္တိခေါ**= ရှိကြ ကုန်သည်သာ၊ (တေ=ထိုသဗြဟ္မစာရီ ရဟန်းတို့သည်) တံ **ဓမ္မံ**=ထိုတရားတော်ကို၊ (ထိုသွာက္ခာတတာ, သန္ဒိဋ္ဌိကတာစသော ဂုဏ်တော်တို့နှင့် ပြည့်စုံသော တရားတော်ကို) ဇာနံ **(ဇာနန္တာ)**=သိကြကုန်လျက်၊ ပဿံ **(ပဿန္တာ)**=မြင်ကြ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။။ သစ္စာလေးပါး တရားသိမြင်သော ဥဂ္ဃဋိတညူစသော အရိယာပုဂ္ဂိုလ်တို့ကို ဤနေရာ၌ “ဝိညူ”ဟု ဆိုလို၏။ ဤ နေရာမှ ပစ္စတ္တံပုဒ်ကို ဝိစ္ဆေဒတ္ထအဗျယီဘာဝသမာသ်ဟု သဒ္ဒါကျမ်းတို့ နာမည် ပေး၍ “အတ္တာနံ အတ္တာနံ ပတိ ပစ္စတ္တံ-မိမိ မိမိ၌၊ (ကိုယ်စီကိုယ်င အသီး အသီး)” ဟု ဝစနတ္ထပြု၏။ “ကိုယ့်မဂ်, ကိုယ့်ဖိုလ်, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးအသီး ကိုယ်စီကိုယ်င”ဟူသော အနက်သဘောကို ပစ္စတ္တံပုဒ်က ဖော်ပြ၏။ ဆိုလိုသည်မှာ’ ဆရာသန္တာန၌ ဖြစ်ပွားစေအပ်သော အရိယမဂ်သည် ဆရာ့သန္တာနမှာ ရှိသောကိလေသာတို့ကိုသာ ပယ်၏။ တပည့်မှာရှိသော ကိလေသာတို့ကို မပယ်၊ ဆရာ့မှာရှိသော ဖလသမာပတ်ဖြင့်လည်း ဆရာ့အတွက်သာ ချမ်းသာစွာ နေရခြင်းဖြစ်နိုင်၏၊ တပည့်အတွက် မဖြစ်နိုင်၊ ထို့အတူ ဆရာမျက်မှောက်ပြု အပ်သော နိဗ္ဗာန်ကိုလည်း တပည့်က မျက်မှောက် မပြုနိုင်၊ ဥပမာအားဖြင့် သူတပါးဦးခေါင်းမှာ ဆင်ယင်ထားသော တန်ဆာကို ကြည့်ရှုမြင်တွေ့လို့ ရသကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန် တရားများကား ထို့နည်းအလားတူ ကြည့်ရှုမြင်တွေ့ လို့ ရနိုင်သောတရားများ မဟုတ်၊ ငါသည် မဂ်ကို ဖြစ်ပွားစေအပ်ပြီ၊ ဖိုလ်ကိုရအပ်ပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပြီဟူ၍ အရိယာပညာရှိတို့ ကိုယ့်မဂ်ဖိုလ်နိဗ္ဗာန်နှင့် ကိုယ် အသီးအသီး ကိုယ်စီကိုယ်င မိမိစိတ်၌သာ (မိမိကိုယ်တိုင်သာ)တွေ့ မြင် သိရှိ ခံစားရသည်ဟု “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”ဟူသော ဂုဏ်တော်ဝါကျက ဆိုလိုသည်၊ ဤအဓိပ္ပာယ်အတိုင်း ဤဂုဏ်တော်သည် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ကိုးပါးနှင့် သက်ဆိုင်၏။ ## PAGE 328 ကုန်လျက်၊ **ဝိဟရန္တိ**=နေကြကုန်၏ တနည်း-မေ-ငါ၏၊ ယေ **သဗြဟ္မစာရီ**=အကြင်သီတင်းသုံးဖော် ရဟန်းတို့သည်၊ တံ **ဓမ္မံ**=ကို၊ **ဇာနံ**=ကုန်လျက်၊ ပဿံ=ကုန်လျက်၊ **ဝိဟရန္တိ**= ကုန်၏၊ မေ=၏၊ တေ **သဗြဟ္မစာရီ**=ထိုသီတင်းသုံး ဖော်ရဟန်းတို့သည်၊ **သန္တိခေါ**=သာ၊ (တနည်း) တံ **ဓမ္မံ**=ကို၊ **ဇာနံ**= ကုန်လျက်၊ ပဿံ=ကုန်လျက်၊ **ဝိဟရန္တိ**=နေကြကုန်သော၊ မေ=၏၊ **သဗြဟ္မစာရီ**=တို့သည်၊ **သန္တိခေါ**=သာ] အဟံ-ငါသည်၊ ဧဝံ=ဤသို့၊ **သွာက္ခာတေ**=ကောင်းစွာ ဟော ကြားတော်မူ အပ်သော၊ **ဓမ္မဝိနယေ**=(တုတ်, ဓားမပါ) တရားဖြင့် ဆုံးမရာ သာသနာတော်၌၊ **ပဗ္ဗဇိတော**=ရဟန်းအဖြစ်သို့ ရောက်လာသည်၊ **သမာနော**= ဖြစ်ပါလျက်၊ ကုသီတော=ပျင်းရိလျက်၊ **ပမတ္တော**=မေ့လျော့လျက်၊ စေ ဝိဟရေယျံ-အကယ်၍နေငြားအံ့၊ တံ=ထိုသို့ နေခြင်းသည်၊ မေ=ငါ့အား၊ ပတိရူပံ =သင့်လျော်သည်၊ **နအဿ**=မဖြစ်ရာ၊ ဣတိ **(ပဋိသင်္ခတိ**= ဆင်ခြင်စဉ်းစား၏) သော ထိုရဟန်းသည်၊ ဣတိ=သို့၊ **ပဋိသင်္ခတိ**=ဆင်ခြင်စဉ်းစား ပြန်၏။ ပသော=ထိုရဟန်းသည်၊ ဓမ္မံ ယေဝ=လောကုတ္တရာ တရားကိုးပါးကို သာလျှင်။ပ။ **ဘိက္ခဝေ**=တို့၊ ဣဒံ=ဤလောကုတ္တရာ တရားကို အကြီးအကဲအရာ၌ ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကို။ပ။ [ဂါထာ] ပုရိသ=အမောင်ယောက်ျား၊ **(ယသ္မာ**=အကြင့်ကြောင့်၊ **ကမ္မံ**=အသင်ပြုလုပ်အပ်သော လုပ်ငန်းကို) သစ္စံ ဝါ=ဟုတ်မှန်သော လုပ်ငန်းဟူ၍ လည်းကောင်း၊ ယဒိ သို့မဟုတ်၊ မုသာ ဝါ=မှားယွင်းသော လုပ်ငန်းဟူ၍ လည်းကောင်း၊ တေ=သင်၏၊ **အတ္တာ**=မိမိကိုယ်တိုင်သည်သာလျှင်၊ ဇာနာတိ- **သိ၏၊(တသ္မာ**=ထို့ကြောင့်) လောကေ=လောက၌၊ **ပါပကမ္မံ**=မကောင်းမှ အကုသိုလ်ကို၊ **ပကုဗ္ဗတော**=ပြုလုပ်သောသူ မှာ၊ ရဟော **နာမ**=ဆိတ်ကွယ်ရာ ဌာနမည်သည်၊ **နတ္ထိ**=မရှိ၊ (ဣတိ-ဤသို့၊ **ဝေဒိတဗ္ဗ**=**သိနိုင်၏)**= ဘော=အိုအမောင်ယောက်ျား၊ ယော(တွံ) အကြင်သင်သည်၊ ဝတ အမှန်တကယ်ပင်၊ ကလျာဏံ=ကောင်းသော၊ **သက္ခီ(သက္ခိ)**=မျက်မြင်သက်သေ ဖြစ်သော၊ **အတ္တာနံ**=မိမိကိုယ်ကို၊ အတိမညသိ (မျက်မြင်သက်သေ မဟုတ်ဟု) ကျော်လွန်၍ အောက်မေ့မှတ်ထင်၏။ ဝါ=မထင်မဲ့မြင် ပြု၏။ **အတ္တနိ**=မိမိ၌၊ **သန္တ**=အမှန်တကယ် ရှိနေသော၊ ပါပံ=မကောင်းမှုကို၊ **အတ္တာနံ**=မိမိကိုယ်တိုင်ပင် မသိအောင်၊ **ပရိဂ္ဂဟသိ**=ဖုံးအုပ်၏။ ဝါ=ဖုံးအုပ်မည်ဟု ကြိုးစား၏။ အတ္တာနံ ပရိဂူ ဟင်္သတိ ယထာ မေ အတ္တာပိ န ဇာနာတိ၊ ဧဝံ နံ (ပါပ) ပရိဂူ ဟာမီတိ ဝါယမသိ ဟူသော အဋ္ဌကထာနှင့် အညီ ပရိဂ္ဂဟသိအတွက် ပါပံဟူသော ## PAGE 329 ကံပုဒ်ရှိနေပြီး ဖြစ်သောကြောင့် အတ္တာနံဟူသော ဒြပ်ဟောပုဒ်ကို ကြိယာ ဝိသေသန အနက်ပေးရ၏။ အတ္တာနံအရ မိမိကိုယ်တိုင်ကိုသာ မက မိမိကိုယ်တိုင် မသိခြင်း ကြိယာတိုင်အောင် ဌာနပစာရ အားဖြင့်ယူပါ]။ **လောကသ္မိံ**=လောက၌၊ ဝိသမံ=မညီမမျှ၊ ဝါ=မတရားသဖြင့်၊ **စရန္တ**= ပြုကျင့်သော၊ ဗာလံ=မိုက်မဲသော၊ (တံ တုဝံ-ထိုသင့်ကို) ဒေဝါ စ-နုတ်တို့ သည်လည်းကောင်း၊ တထာဂတာ စ=မြတ်စွာဘုရားတို့သည်လည်းကောင်း၊ **ပဿန္တိ**=တွေ့ မြင်ကြကုန်၏။ တသ္မာ ဟိ’ထို့ကြောင့်ပင်၊ အတ္တာဓိပတေယျကော စ=မိမိဟူသော အကြီးအကဲ ရှိသည်လည်း ဖြစ်သော၊ ဝါ=မိမိကိုယ်ကို အကြီး အကဲ တင်မြောက်ထားသည်လည်းဖြစ်သော၊ လောကာဓိပေါ စ=သတ္တလောက ဟူသော အကြီးအကဲရှိသည်လည်းဖြစ်သော၊ ဝါ=သော၊ နိပကော စ=ပညာရှိ လည်းဖြစ်သော၊ ပဋိပက္ခ နိပယတိ ဝိသောသေတီတိ **နိပကော**=ဆန့်ကျင်ဘက် ကိလေသာကို ခြောက်သွေ့ စေတတ်သော ပုဂ္ဂိုလ်၊ ပညာရှိ။ **နိ+ပေ+အ**=နိပယ၊ ယကိုကပြု ဈာယီ စ=ကိလေသာတို့ကို ရှို့မြှိုက် ဖျက်ဆီးတတ်သည်လည်း ဖြစ်သော၊ ဓမ္မာဓိပေါ စ=လောကုတ္တရာ တရားဟူသော အကြီးအကဲ ရှိသည် လည်းဖြစ်သော၊ အနုမ္မစာရီ စ=လောကုတ္တရာတရားအား လျော်သော ကုသိုလ်တရားကို ကျင့်လေ့ရှိသည်လည်းဖြစ်သော၊ သစ္စပရက္ကမော စ=ခိုင်မြဲဧကန် မှန်သောဝီရိယရှိသည်လည်းဖြစ်သော၊ **မုနိ**=ရဟန်းသည်၊ န ဟိယတိ-ပညာ အစရှိသောဂုဏ်မှ မဆုတ်ယုတ်၊ **ပဓာနဝါ**=လုံ့လဝီရိယရှိသော၊ ယော **မုနိ**=အကြင်ရဟန္တာပုဂ္ဂိုလ်သည်၊ မာရံ=ကိလေသမာရ်ကို၊ ပသယှ=လွှမ်းမိုးနှိပ်စက်၍၊ **အန္တကံ**=ကုသိုလ်တရား ဆုံးပါးပျက်စီးအောင် ပြုတတ်သော ကိလေသမာရ်ကို၊ အဘိဘုယျ လွှမ်းမိုး၍၊ **ဇာတိက္ခယံ**=ပဋိသန္ဓေနေခြင်း၏ကုန်ကြောင်း အရဟတ္တဖိုလ်သို့၊ ဖုသီ=ရောက်ပြီး တာဒီသော=ထိုသို့သဘောရှိသော၊ လောကဝိဒူ=လောကသုံးပါးကို ထင်ရှားစွာ သိတတ်သော၊ သုမေဓသော=ကောင်းသောပညာရှိသော၊ **သဗ္ဗေသု**=အားလုံး ကုန်သော၊ **ဓမ္မေသု**=တေဘူမကတရားတို့၌၊ **အတမ္မယော**=ထိုတဏှာဖြင့်ဖြစ်သည် မဟုတ်သော၊ ဝါ=ထိုတဏှာ၏အလိုသို့ မလိုက်သော၊ သော **မုနိ**=ထိုရဟန္တာ ပုဂ္ဂိုလ်သည်၊ န ဟိယတိ=ပညာအစရှိသော ဂုဏ်တို့မှ မဆုတ်ယုတ်။ ["တမ္မ ယော”၌ တသဒ္ဒါနောင် မယ ပစ္စည်းသက်။ တာယ (တဏှာယ) နိဗ္ဗတ္တော တမ္မဃော၊ န တမ္မယော **အတင္ပယော]**