## PAGE 357

ဝါ=ဆဲရေးကဲ့ရဲ့မခံရသည်၊ ဟောတိ=ဖြစ်၏၊ အဇ္ဈာယကော=ဝေဒကျမ်းတို့ကို
ရွတ်အံ သရဇ္ဈာယ်တတ်၏၊ မန္တ ဓရော= ဝေဒကျမ်းတို ့ကို စိတ်၌ဆောင်ထား
မှတ်သားနိုင်၏၊ သနိဃဏ္ဍုကေဋုဘာနံ=နိဃဏ္ဍမည်သော အဘိဓာန်ကျမ်း,
ကေဋဘမည်သော ကဗျာအလင်္ကာကျမ်းတို့နှင့်တကွဖြစ်ကုန်သော၊
သာက္ခရပ္ပဘေဒါန°= (ဌာန်,ကရုဏ်း,ဝိဂြိုဟ်စသည်ဖြင့်) အက္ခရာ ပုဒ်ပါဌ်တို့ကို
ခွဲခြမ်းပြကြောင်းဖြစ်သော သိက္ခာကျမ်း, နိရုတ္တိကျမ်းတို့နှင့် တကွဖြစ်
ကုန်သော၊ ဣတိဟာသပဥ္စမာနံ=ဣတိဟာသကျမ်းဟူသော ငါးကျမ်းမြောက်
ရှိကုန်သော၊ ဝါ=ငါးကျမ်းမြောက်ဖြစ်သော ဣတိဟာသကျမ်း အပါအဝင်
ဖြစ်ကုန်သော၊ တိဏံ=(ဣရု, ယဇု, သာမအားဖြင့်)သုံးပုံကုန်သော၊ ဝေဒါနံ=
ဝေဒကျမ်းတို့၏၊ ပါရဂျူ=ပြီးစီးထုတ်ချောက် ဆုံးခန်းရောက်၏၊ (သဘော
အနက်တွင်, မသက်ဝင်ဘဲ, နှုတ်တွင်မပြတ်, ရွတ်ဖတ်အံတည်း,
သင်ယူနည်းဖြင့်, ပြီးစီးထုတ်ချောက်, ဆုံးခန်းရောက်၏) ဋီကာ၌
အတ္ထာဝဓာရဏဝသေန” ဟူ၍ (သီလက္ခန်ဋီကာ၊ ၂၉၁-ကဲ့သို့) ပဋိသေဓ န
အက္ခရာပါစေရမည်]
၁။ သာက္ခရုပ္ပဘေဒါနံ။ ။အက္ခရာတို့ကို ဌာန်ကရိုဏ်းစသည်ဖြင့်
ခွဲခြမ်းပြသော ကျမ်းကို သိက္ခာကျမ်းဟု ခေါ်၏။ အက္ခရာလာခြင်း,
အက္ခရာရှေ့နောက်ပြန်ခြင်း, ချေခြင်းစသော လက္ခဏာငါးမျိုးတို့ဖြင့်
သဒ္ဒါ၏အနက်(ဝစနတ္ထ)ကို ပြသောကျမ်းကို နိရုတ္တိကျမ်းဟုခေါ်၏။
ဌာနကရဏာဒိဝိဘာဂတော နိဗ္ဗစနဝိဘာဂတော စ အက္ခရာ ပဘေဒီယန္တိ
ဧတေဟီတိ အက္ခရပ္ပဘေဒါ=ဌာန်ကရိုဏ်းစသည်ကို ခွဲခြမ်းပြခြင်း,
နိဗ္ဗစနှ(ဝစနတ္ထ)ကို ခွဲခြမ်းပြခြင်းအားဖြင့် အက္ခရာပုဒ်ပါဌ်တို့ကို ခွဲခြမ်း
ပြကြောင်းဖြစ်သော သိက္ခာကျမ်း, နိရုတ္တိကျမ်းများ။ သဟ အက္ခရပ္ပဘေဒေဟိ
ယေ ဝတ္တန္တိတိ သက္ခရပ္ပဘေဒါ=ထိုနှစ်ကျမ်းတို့နှင့်တကွဖြစ်သော ဝေဒသုံးမျိုး
တို့တည်း။
ဣရုဝေဒ,
ယဇုဝေဒ,သာမဝေဒဟူသော
ဝေဒသုံးမျိုး၌
အာထဗ္ဗဏဝေဒကို ထည့်လျှင် ဝေဒလေးမျိုးဖြစ်၏။ ထိုနောက် ပဉ္စမနေရာ၌
ဣတိဟာသကျမ်းကို ထည့်ခြင်းကြောင့် ဣတိဟာသပဉ္စမဟု ဆို၏။ “ဣတိဟ
အာသ=ဤလိုဖြစ်ဖူးသတဲ့၊ ဣတိဟ အာသ=ဤလိုဖြစ်ဖူးသတဲ့” ဟူ၍
ရှေးဟောင်း နှောင်းဖြစ်ကို ပြသော ကျမ်းများကို ဣတိဟာသကျမ်းဟု
ခေါ်သည်။

## PAGE 358

ပဒကော=ဗျာကရုဏ်းကျမ်းလာ ပုဒ်ဝါကျကို သင်အံပို့ချတတ်၏၊
(ဗျာကရုဏ်းကျမ်း၌ပါသော နာမ်အာချာတ်စသောပုဒ်နှင့် ဝါကျကို သင်အံ
၁။ပဒကော ဝေယျာကရဏော။ ။ပါနိတိကျမ်း, စန္ဒြကျမ်းစသော
ယခုထိအောင်ရှိသေးသော ရှေးခေတ်က သက္ကတသဒ္ဒါကျမ်းတို့ကို ဗျာကရုဏ်း
ကျမ်းဟု ခေါ်၏။ ကစ္စည်း, သဒ္ဒနီတိ, မောဂ္ဂလ္လာန်စသော ပါဠိသဒ္ဒါဗျာကရုဏ်း
ကျမ်းများကား တိကဏ္ဏပုဏ္ဏား၏လက်ထက်၌ မရှိသေးသောကြောင့်
ဤနေရာနှင့် မဆိုင်။ “ပဒံ တဒဝသေသဉ္စ ဗျာကရဏံ အဓီယတိ ဝေဒေတိ
စာတိ ပဒကော ဝေယျာကရဏော”ဟူ၍ ပဒကောနှင့် ဝေယျာကရဏော
ဟူသောနှစ်ပုဒ်ကို ဝိဂြိုဟ်ဝါကျတခုစီခွဲ၍ မဖွင့်ပြဘဲ တခုတည်းပေါင်း၍
အဋ္ဌကထာ၌ ဖွင့်ပြ၏။
ထိုဝိဂြိုဟ်ဝါကျ၌ မဇ္ဈိမပဏီ၊ ဗြဟ္မာယုသုတ်အဋ္ဌကထာ (၂၄၉)၌
“ပဒဉ္စ တဒဝသေသဉ္ဇ” ဟု စသဒ္ဒါနှစ်လုံးပါ၏။ ထိုတွင် ပဒဉ္စဖြင့်
ပုဒ်ကိုယူထားသောကြောင့် တဒဝသေသဉ္စဖြင့် ဝါကျကိုယူရ၏။ ပဉ္စ
တဒဝသေသဉ္စဖြင့် ပုဒ်ဝါကျဟူသော သဒ္ဒဗျာကရုဏ်းကိုပြဆို၍ ဗျာကရဏံဖြင့်
အနက်အဓိပ္ပါယ်ဟူသော အတ္ထဗျာကရုဏ်းကို ပြဆို၏။ [တဒဝသေသန္တ
ဝုတ္တာဝသေသံ ဝါကျံ။ ဧတ္တာဝတာ သဒ္ဒဗျာကရဏံ ဝတွာ ပုန “ဗျာကရဏန္တိ”
အတ္ထဗျာကရဏမာဟ။ဋီကာ]
ဤဋီကာစကားကို ထောက်၍ ပဒဉ္စ တဒဝသေသဉ္စ ဟူသော
အဋ္ဌကထာအဖွင့်သည် ပါဠိတော်မှ “ပဒကော”တပုဒ်တည်း၏ အဖွင့်
ဖြစ်ကြောင်း သိသာ၏။ ထို့ကြောင့် ပဒကော၌ ပဒဖြင့် ပုဒ်ကိုသာမက
ဝါကျကိုလည်းယူရ၏၊ သီလက္ခန်ဋီကာသစ် (ဒု၊၂၂၄)၌ကား တဒဝသေသံကို
ဗျာကရဏံ၏ ဝိသေသနပြုလုပ် ပြီးလျှင် ထို တဒဝသေသံဖြင့် ဝါကျကို
မယူဘဲ ပုဒ်မှကြွင်းကျန်သော ပကတိပစ္စည်းစသော သဒ္ဒလက္ခဏာကိုယူထား၏၊
ဤအင်္ဂုတ္တိုရ်ဋီကာနှင့် မကိုက်ညီချေ။
ပဒံ ကာယတီတိ ပဒကော (ပုဒ်ဝါကျကို သင်အံပို့ချသူ) ထိုပုဒ်ဝါကျ
ဟူသည်လည်း ဗျာကရုဏ်းကျမ်း၌ပါရှိသော နာမ်, အာချာတ်, ဥပသာရ,
နိပါတ်ဟူသောပုဒ်များနှင့် ဗျာကရုဏ်းကျမ်းမှ ဝါကျများတည်း၊ ဤ၌
ပဒကော, ဝေယျာကရဏောဟူသော .. နှစ်ပါဌ်လုံးဖြင့်ပင် ဗျာကရုဏ်း
ကျမ်းကို သင်အံပို့ချသူဟုချည်း ဆိုလိုသောကြောင့် အဓိပ္ပါယ်
ထပ်တူဖြစ်နေ၏။ ထို့ကြောင့် ပဒကောဖြင့် သဒ္ဒဗျာကရုဏ်း၌ ကျွမ်းကျင်

## PAGE 359

ပို့ချတတ်၏၊ ဝါ=ဝေဒကျမ်းတို့ကို ပုဒ်ဝါကျအားဖြင့် သင်အံ ပို့ချတတ်၏)။
ဝေယျာကရဏော=ဗျာကရုဏ်းကျမ်း၏ အနက်အဓိပ္ပါယ်ကို သင်အံ
ပို့ချတတ်၏။ လောကာယတ, မဟာပုရိသလက္ခဏေသု=လောကာယတကျမ်း,
မဟာပုရိသလက္ခဏာကျမ်းတို့၌၊ ဝါ=အနာဂတ်စီးပွါး ကုသိုလ်တရားကို
ပုံကိုပြ၍ ဝေယျာကရဏောဖြင့် အတ္ထဗျာကရုဏ်း၌ ကျွမ်းကျင်ပုံကို ပြသည်ဟု
ထိုနှစ်ပုဒ်၏ ထူးခြားချက်ကို ဤသုတ်ဋီကာကို နည်းမှီး၍ သိရသည်။
ဋီကာတို ့၌ “တေ ဧဝ ဝေဒေ ပဒသော ကာယတီတိ ပဒကော”ဟု
တနည်း ဝိဂြိုဟ်ပြုသေး၏၊ ထိုအလို “ပဒကာ=ဝေဒကျမ်းတို ့ကို
ပုဒ်ဝါကျအားဖြင့် သင်အံ ပို့ချသူ”ဟု ဆိုလိုသောကြောင့် ဝေယျာကရဏောနှင့်
အဓိပ္ပါယ်မထပ်တော့ပေ။ သီလက္ခန်ဋီကာသစ်၌ကား “ပဒသောတိ
ဂဇ္ဇဗန္ဓပဇ္ဇဗန္ဓပဒေန=စုဏ္ဏိယအဖွဲ့ပုဒ်, ဂါထာအဖွဲ့ပုဒ်အားဖြင့်”ဟု ဖွင့်လေ၏။
ယခုပြခဲ့သော ဋီကာတို့အလို … ပဒကောသည်(ဇာတကံပုဒ်ကဲ့သို့)
ပဒသဒ္ဒူပပဒ,ကေဓာတ်, အပစ္စည်းဖြင့်ပြီးသော ကိတန္တ သမာသ်ပုဒ်တည်း။
မောဂ္ဂလ္လာန် ၄-ကဏ္ဍ, ၁၄-သုတ်အလို ပဒပုဒ် ကပစ္စည်းဖြင့်ပြီးသော
တဒွိတ်ပုဒ်ဖြစ်၏။ ၎င်းသုတ် ပဋိကာ၌ “ကမပဒသဒ္ဒေဟိ ဗေဒင်္ဂဝိသေသာ
ကထိယန္တိ” ဟုလည်းကောင်း, ၎င်းနိသျ၌ “ပဒကော=ပဒကျမ်းကို
သင်သူ,သိသူ"ဟု အနက်ပေးပြီးလျှင် ကမ ပဒတို့လည်း ဝေဒ၌ အကျုံးဝင်သော
ဂန္ဓ ဝိသေသတို့တည်း”ဟုလည်းကောင်း မိန့်ဆို၏။
"
ဤနေရာ၌ … ဆရာတို့ကား“တမမီတေတံ ဇာနာတိ”ဟူသော
မောဂ္ဂလ္လာန်သုတ်မှ ဇာနာတိနှင့် ကိုက်ညီအောင်–အဓီယတိ,ဝေဒေတိ”ဟူသော
အဋ္ဌကထာမှ ဝုဒ္ဓိနှင့်တကွသော ဝေဒေတိဟူသော ပါဌ်ကို ဝုဒ္ဓိမဲ့ဖြင့်“ဝိဒတိ”ဟု
ပြင်တော်မူကြ၏။ သို့သော် ဗြဟ္မာယုသုတ်ဋ္ဌ၌ ပဝေဒေတိဟု ပဥပသာရပင်
အပိုပါလျက်ရှိသောကြောင့် မပြင်သင့်ဟု ယူဆ၏၊ အဓိရှေးရှိသော ဣဓာတ်၌
ဣကို ဧပြု၊ ဧကို အယပြုလျှင် အဓိယတိဟု ဖြစ်နိုင်၏၊ သို့သော် အမီတေဟု
ရှိလျှင် ကောင်း၏။
၁။လောကာယဘကျမ်း။ ။လောကာယတကျမ်းဟူသည် ကုသိုလ်
ကောင်းမှုပြုလိုစိတ် ဖြစ်ပေါ်မလာစေနိုင်သောကျမ်းတည်း၊ ကျီးကန်းက ဖြူတယ်၊
ဘာကြောင့်လဲ? အရိုးဖြူလို့ပေါ့၊ ဗျိုင်းက နီတယ်၊ သွေးနီလို့၊ ဤသို့စသည်ဖြင့်
အကျိုးမရှိသော အကြောင်းအရာများကို ရေးသားထားသော တိတ္ထိယတို့
ကျမ်းဂန်ဖြစ်၏ဟု ဝိနည်းစူဠဝါ အဋ္ဌကထာ(၅၆)စသည်၌ဖွင့်၏။
