## PAGE 36

စ=အမှုကိစ္စ၌ လျောက်ပတ်သည် အဖြစ်အားဖြင့်လည်းကောင်း၊ အခွံ (အဂ္ဂေါ)
=အကောင်းမြတ်ဆုံးဟူ၍၊ အက္ခာယတိ=ပြောဆိုအပ်၏။ [ယဒိဒံ အနက်မရှိ]
ဘိက္ခဝေ=တို့၊ ဧဝမေဝံ=ပင်၊ ဣဒံ စိတ္တံ ယထာ =(သမထ ဝိပဿနာအစွမ်းဖြင့်
ဖြစ်ပွားစေအပ်သော) ဤစိတ်ကဲ့သို့၊ ဧဝံ=ဤအတူ၊ ယံ=အကြင် တရားသဘော
သည်၊ ဘာဝိတံ=(သမထဝိပဿနာအစွမ်းဖြင့်) ဖြစ်ပွားစေအပ်သည်။ ဗဟုလီ
ကတံ=(သမထဝိပဿနာအစွမ်းဖြင့်) ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်
သည်။ (ဟုတွာ=၍၊ ဝါ=ကြောင့်) မုဒုစ=နူးညံ့သည်လည်းကောင်း၊ ကမ္ဗညဉ္စ
(သမထဝိပဿနာ အမှုကိစ္စ၌) ခိုင်ခံ့ လျောက်ပတ်သည်လည်းကောင်း၊
ဟောတိ=၏။ အညံ=သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော စိတ်မှ
တပါးသော၊ တံ ဧကဓမ္မမ္ပိ= မျှလည်း၊ အဟံ-သည်၊ န သမနုပဿာမိ=မမှု၊
ဘိက္ခဝေ=တို့၊ စိတ္တံ=စိတ်သည်၊ ဘာဝိတံ=သည်၊ ဗဟုလီကတံ=သည်၊ (ဟုတွာ)
မုဒုစ=လည်းကောင်း၊ ဟောတိ=၏။
=
၄၈။ ဘိက္ခဝေ=တို့၊ဣဒံ စိတ္တံ ယထာ=ဤစိတ်ကဲ့သို့၊ စိတ်အားလုံး
တည်း] ဧဝံ= တူ၊ ယံ=အကြင်တရားသဘောသည်၊ လဟုပရိဝတ္တံ=လျင်မြန်စွာ
ပြောင်းလဲတတ်၏။ အညံ=စိတ်မှ တပါးသော၊ တံ ဧကဓမ္မမ္ပိ=လည်း၊ အဟံ
=သည်၊ နသမနုပဿာမိ=မမူ၊ ဘိက္ခဝေ=တို့ (စိတ္တဿ=စိတ်၏၊ လဟုပရိ
ဝတ္တတာယ=လျင်မြန်စွာပြောင်းလဲတတ်သည် အဖြစ်၌၊ ဝါ-အပြောင်းအလဲ
၁။ စိတ္တံပုဒ်၏နောက်တနည်းအဖွင့်။ ။ တနည်းအားဖြင့် စိတ္တံ-အရ
အဘိညာဉ်၏အခြေခံ စတုတ္ထဈာန်စိတ်ကိုယူ၍ ဤသို့လည်းအနက်ဆိုနိုင်၏။
ဘိက္ခဝေ=တို့၊ ဧဝမေဝံ=ပင်၊ ဣဒံ စိတ္တံ ယထာ=ဤအဘိညာဉ်၏အခြေခံ
စတုတ္ထဈာန်စိတ်ကဲ့သို့၊ ဧဝံ-တူ၊ ယံ=အကြင်တရားသဘောသည်၊ ဘာဝိတံ
-သမထ၏ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်။ ဗဟုလီကတံ=သမထ၏အစွမ်းဖြင့်
ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်၊ (ဟုတွာ)မုဒုစ=နူးညံ့သည် လည်း
ကောင်း၊ ကမ္ဗညဒ္ဓအဘိညာဉ် အမှုကိစ္စ၌ ခိုင်ခံ့လျောက်ပတ်သည်လည်းကောင်း၊
ဟောတိ=၏၊ အညံ=အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်မှတပါးသော။
တံဧကဓမ္မမ္ပိ=မျှလည်း၊ အဟံ=သည်၊ နသမနုပဿာမိ=မမူ၊ ဘိက္ခဝေ=တို့၊ စိတ္တံ
=အဘိညာဉ်၏ အခြေခံစတုတ္ထဈာန်စိတ်သည်၊ ဘာဝိတံ=သမထ၏အစွမ်းဖြင့်
ဖြစ်ပွားစေအပ်သည်။ ဗဟုလီကတံ=သည်။ ပ။ ဟောတိ=၏-ဟု အနက်ဆိုပါ။

## PAGE 37

လျင်မြန်ခြင်း၌၊ ဝါ=ခြင်း၏) ဥပမာပိ=ဥပမာကိုမျှလည်း၊ ယာဝဉ္စ=အလွန်အကဲ
ပင်၊ ဣဒံ အနက်မရှိ] နသုကရာ=လွယ်ကူစွာမပြုအပ်၊ ဝါ=ပြုဘို့မလွယ်ကူ၊
စိတ္တံ=စိတ်သည်၊ ယာဝ=အလွန်အကဲပင်၊ လဟုပရိဝတ္တံ=လျင်မြန်စွာ ပြောင်းလဲ
တတ်၏။ ဣတိ=သို့ (အဝေါစ) အဋ္ဌမံ=ရှစ်ခုမြောက်သုတ်တည်း။
၄၉၊၅ဝ။ ဘိက္ခဝေ=တို့၊ ဣဒံ စိတ္တံ=ဤဘဝင်စိတ်သည်၊ ပဘဿရံ=
ပြိုးပြိုးပြက် ထွက်သောအရောင်ရှိ၏။ ဝါ=ပင်ကိုသဘောအားဖြင့် ဖြူစင်၏။
တဉ္စခေါ ထိုဘဝင်စိတ်သည်လည်း၊ အာဂန္တုကေဟိ =ဧည့်သည် ဖြစ်ကုန်သော
(ဘဝင်စိတ်နှင့် အတူတကွဖြစ်သည်မဟုတ်ဘဲ ဘဝင်စိတ်၏နောက်ဝယ် ဇော
ခဏရောက်မှ ဖြစ်ကြသောကြောင့် ဧည့်သည်ဟုခေါ်ဆိုအပ်ကုန်သော) ဥပက္ကိ
လေသေဟိ=ရာဂစသော အညစ်အကြေးတို့ကြောင့်(စိတ်အစဉ်ကိုပူးကပ်၍ နှိပ်
စက်တတ် ပူပန်စေတတ်သော ရာဂစသောအညစ်အကြေးတို့ကြောင့်) ဥပက္ကိလိင္ငံ-
မည်းညစ်ရ၏။ ။ပ။ ဥပက္ကိလေသေဟိ=တို့မှ၊ ဝိပ္ပမုတ္တံ=ကင်းလွတ်၏။ (ဇော
ခဏ၌ ဖြစ်သောကုသိုလ်စိတ်၏အစွမ်းဖြင့် ကင်းလွတ်၏။) ဣတိ (အဝေါစ)
ဒသမံ=တည်း။ ပဉ္စမော=ငါးခုမြောက်သော၊ ပဏိဟိတအစ္ဆဝဂ္ဂေါ=ဝဂ်တည်း ။
၁။ အာဂန္တုကဟုခေါ်ဆိုရခြင်း၏အကြောင်း။ ။ ရာဂအစရှိသော
အကုသိုလ် အညစ်အကြေး(ဥပက္ကိလေသ)တို့သည် ဘဝင်စိတ်နှင့် စိတ္တုပ္ပါဒ်
တခုတည်း၌ အတူတကွ ဖြစ်ကြ(သဟဇာတ, သံသဋ္ဌဖြစ်ကြ)သည်မဟုတ်ဘဲ
ဘဝင်စိတ်ဖြစ်ပြီးနောက် ဇောခဏရောက်မှသာ ဖြစ်ကြ၏။ ထို့ကြောင့် ရာဂ
စသည်တို့ကို အာဂန္တုက(ဧည့်သည်)ဟု ခေါ်ဆိုရသည်။ အာဂန္တုကေဟီတိ
အသာဇာတေဟိ ပုစ္ဆာ ဇဝနက္ခဏေ ဥပ္ပဇ္ဇနကေဟိ။ အဋ္ဌကထာ
၂။ ဥပက္ကိလိဋ္ဌဖြစ်ရပုံ။ ။ ပြခဲ့သည့်အတိုင်း ရာဂစသည်တို့သည်
ဘဝင်စိတ်နှင့် သဟဇာတ သံသဋ္ဌဖြစ်ကြသည် မဟုတ်သောကြောင့် တိုက်ရိုက်
မုချ (နိပ္ပရိယာယ)အားဖြင့် ဘဝင်စိတ်သည် ရာဂစသည်တို့ကြောင့် ဥပက္ကိလိဋ္ဌ
ဖြစ်သည်မဟုတ်၊ သို့သော် ဘဝင်စိတ်သည် ရာဂစသည်တို့နှင့် ဧကသန္တတိ
ပရိယာပန္န(တခုတည်းသော စိတ်အစဉ်၌ ပါဝင်နေသည်)ဖြစ်ရကား အကျင့်သီလ
ဖြူစင်နေသော ဆရာမိဘပင်ဖြစ်စေကာမူ တပည့်ဆိုး, သားသမီးဆိုးတို့ကြောင့်
နာမည်ပျက်ရသကဲ့သို့ ပင်ကိုကဖြူစင်နေသော ဘဝင်စိတ်သည်လည်း ရာဂ
စသည်တို့ကြောင့် ဥပက္ကိလိဋ္ဌဖြစ်ရသည်။ ဘဝင်္ဂစိတ္တဿ နိပ္ပရိယာယတော

## PAGE 38

၆’အစ္ဆရာသင်္ဃာတဝဂ်
၅၁။ ဘိက္ခဝေ=တို ့။ ပ။ ဥပက္ကိလိဋ္ဌိ=၏။ တံ=ထိုဘဝင်စိတ်ကို၊
(အာဂန္တုကဖြစ်သော ရာဂအစရှိသော အညစ်အကြေးတို့ကြောင့် မည်းညစ်ရသော
ထိုဘဝင်စိတ်ကို) အဋ္ဌကထာ၌ “တံ ဘဝင်္ဂစိတ္တံ”ဟူ၍ ပြီးခဲ့သော စိတ္တံကိုပင်
ပြန်စွဲဆိုသော ပက္ကန္တ ဝိသယ “တ”သဒ္ဒါအဖြစ်ဖြင့် ဖွင့်ပြတော်မူ၏၊ ဤနိဿယ
ပဌမအကြိမ် ရိုက်တုန်းကမူ“တံ=ထိုအနက်သဘောကို၊ (အာဂန္တုကဖြစ်သော
ရာဂစသော အညစ်အကြေးတို ့ကြောင့် ဖြူစင်သော ဘဝင်စိတ်၏ မည်းညစ်
ရခြင်းဟူသော ထိုအနက်သဘောကို)”ဟူ၍ ဥပက္ကိလိဿနကိရိယာကို စွဲဆိုသော
အနုဘူတဝိသယ “တ”သဒ္ဒါအဖြစ်ဖြင့် အနက်ပြန်ဆိုခဲ့၏၊ ယင်းသို ့ အနက်
ပြန်ဆိုခဲ့ခြင်းမှာ “ယထာဘူတံ နပ္ပဇာနာတိတိ ဣဒဉ္စ ဘဝင်္ဂစိတ္တံ ဧဝံ အာဂန္တု
ကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ နာမ ဟောတိ။ ဧဝံ ဝိပ္ပမုတ္တံ နာမာတိ
ယထာသဘာဝတော နဇာနာတိ”ဟူသော အဋ္ဌကထာအဖွင့်မှ အာကာရကို
ကံပြု၍ အနက်ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။]
အဿုတဝါ=အကြားအမြင် သုတမရှိသော၊ ဝါ=အာဂမသုတ, အဓိဂမ
ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌတာ နာမ နတ္ထိ အသံသဋ္ဌဘာဝတော၊ ဧကသန္တ တိ
ပရိယာပန္နတာယ ပန သိယာ ဥပက္ကိလိဋ္ဌတာပရိယာယော။ ဋီကာ။
၁။ သုတနှစ်မျိုး။ ။ခန္ဓာ, ဓာတ်, အာယတန, ပစ္စယာကာရ (ပဋိစ္စ
သမုပ္ပါဒ်), သတိပဋ္ဌာန် အစရှိသော တရားဒေသနာတို့ကို ဆရာ့ထံချဉ်းကပ်
သင်ယူခြင်းကြောင့် ပါဠိနှင့် အဓိပ္ပါယ်တို့ကို သုတမယဉာဏ်စွမ်းဖြင့် သိနား
လည်ခြင်းကို “အာဂမ”ဟု ခေါ်၏။ အတ္ထဓမ္မာနံ=အနက် အဓိပ္ပါယ်နှင့်ပါဠိတို့ကို၊
အာဂမနံ သုတမယဉာဏဝသေန အဝဗုဇ္ဈန် အာဂမော။ ဋီကာအဖွင့်အတိုင်း
ပြဆိုထားခြင်းဖြစ်၏။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ(ဒု-၅ဝ)၌မူ “မြတ်စွာဘုရား
တရားဒေသနာတော်ကို အာဂမခေါ်သည်”ဟု ဖွင့်၏။
မဂ်ဖိုလ်နိဗ္ဗာန်ကို (သို့မဟုတ် မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်ဒိဋ္ဌ သိမြင်
ခြင်းကို) “အဓိဂမ’ဟုခေါ်၏။ မဂ္ဂဖလနိဗ္ဗာနာနံ သစ္ဆိကိရိယာ အဓိဂမော။
ဤသုတ်ဋီကာ။ မဂ္ဂဖလနိဗ္ဗာနာနိ အဓိဂမော။ မူလပဏ်ဋီ (ပ-၆၁)။ .
ကိလေသာကို ဖျက်ဆီးနိုင်စွမ်းရှိလောက်အောင် ပရိယတ်တရားတော်ကို
နာယူသင်ကြားမှတ်သားမှု၊ ထိုတရားတော်အတိုင်း လိုက်နာကျင့်ကြံမှုပြုသော
ပုဂ္ဂိုလ်ကို “အာဂမသုတရှိသူ”ဟု ခေါ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်သော

## PAGE 39

သုတ မရှိသော၊ ဝါ=မြတ်စွာဘုရား တရားဒေသနာတော်ကို နာယူမှတ်သားပြီးသူ
မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြု သိမြင်ပြီးသူမဟုတ်သော၊ ပုထုဇ္ဇနော
အန္ဓပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဝါ = အဝိဇ္ဇာလွှမ်းဖိ၍ အကန်းပကတိဖြစ်သော
ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ယထာဘူတံ အ အဖြစ်မှန်သဘောအတိုင်း၊ (အာဂန္တုက
ဖြစ်သော ရာဂအစရှိသော အညစ်အကြေးတို့ကြောင့် မည်းညစ်ရခြင်းဟူသော
အဖြစ်မှန်သဘောအတိုင်း) နပ္ပဇာနာတိ=မသိ၊ (အာဂမသုတ, အဓိဂမသုတ
အစွမ်းဖြင့် မသိ) ဗာသ္မာ=ထိုသို ့ မသိသည်အဖြစ်ကြောင့်၊ အဿုတဝတော
=အကြားအမြင်သုတ မရှိသော၊ ဝါ=အာဂမသုတ, အဓိဂမသုတမရှိသော၊
ပုထုဇ္ဇနဿ=အန္ဓပုထုဇဉ်မှာ၊ စိတ္တဘာဝနာ-စိတ်ကိုဖြစ်ပွား တိုးတက်စေတတ်
သော ဝိပဿနာသည်၊ (အာဂန္တုက အညစ်အကြေးတို့ကြောင့် မည်းညစ်ရခြင်း
ဟူသော အဖြစ်မှန် အနက်သဘောကို သိနိုင်ကြောင်း စိတ္တဘာဝနာ ဝိပဿနာ
သည်) နတ္ထိ=မရှိ၊ ဣတိ-ဤသို့၊ (အဟံ=ငါသည်) ဝဒါမိ=မိန် ဆို၏၊ ဣတိ
=သို၊ (အဝေါစ=မိန့်တော်မူပြီ)။•
၅၂။ ဘိက္ခဝေ=တို့။ပ။ ၀ိပ္ပမုတ္တံ=ကင်းလွတ်၏၊ တံ=ထိုဘဝင်စိတ်ကို၊
(အဂန္တုကရာဂ စသည်တို့မှ ကင်းလွတ်သော ထိုဘဝင်စိတ်ကို) သုတဝါ
.
-
ပုဂ္ဂိုလ်ကို “အဓိဂမသုတရှိသူဟုခေါ်၏။ “အကြားအမြင်သုတရှိသူ' ဟူသော
စကား၌ အာဂမသုတကို အကြား”ဟုလည်းကောင်း၊ အဓိဂမသုတကို “အမြင်”
ဟုလည်းကောင်းဆိုလိုသည်။
ဤနေရာဝယ် သုတဝါ၌ ဝန္တပစ္စည်းသည် ရှိသည်ဆိုရုံမျှ အရှိဟူသော
အတ္ထိတာမတ္တအနက်ကို ဟောသည်မဟုတ်၊ (၁)ချီးမွမ်းရလောက်သော အရှိ
ဟူသော ပသံသာဝိသိဋ္ဌအတ္ထိအနက်(၂) အလွန်အကျူးအထူးရှိဟူသော အတိ
သယတ္ထဝိသိဋ္ဌအတ္ထိအနက်တို့ကို ဟော၏။ ထို့ကြောင့် အာဂမသုတ, အဓိဂမ
သုတနှင့် ချီးမွမ်းရလောက်အောင် ပြည့်စုံသူ၊ အလွန်အကျူး အထူးပြည့်စုံသူကို
သုတဝါ(သုတဝန္တ)ဟုဆိုလိုသည်။ သုတံ ယဿ အတ္ထိတိ သုတဝါ သုတပုဒ်၊
ဝန္တုပစ္စည်းတည်း။] တနည်းအားဖြင့် သုဓာတ်၊ တဝန္တုပစ္စည်းဖြင့် ကိတ်ပုဒ်ကြံ၍
“သုဏီတိ သုတဝါ”ဟုပြု။ သောတဗ္ဗယုတ္တံ သုတွာ (နာယူထိုက်သော ပရိယတ်
တရားတော်ကို နာယူမှတ်သား၍၊) ကတ္တဗ္ဗနိပ္ပတ္တိဝသေန (ပြုထိုက်သော ကျင့်
ကြံမှုကိစ္စပြီးစီးခြင်း၏ အစွမ်းဖြင့်၊) သုဏိ=နာယူမှတ်သားပြီး သိမြင်ပြီးလေပြီ၊
ဣတိ=ထို့ကြောင့်၊ သုတဝါ=သုဘဝန္တုမည်၏။ န သုတဝါ အဿုတဝါ။

## PAGE 40

အကြားအမြင်သုတရှိသော၊ ဝါ=အာဂမသုတ၊ အဓိဂမသုတရှိသော၊ ဝါ=မြတ်စွာ
ဘုရား တရားတော်ကို နာယူမှတ်သားပြီးသူ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်မျက်
မှောက် သိမြင်ပြီးသူဖြစ်သော၊ အရိယသာဝကော=အရိယာသူတော်ကောင်း
ဖြစ်သော တပည့်သည်၊ ဝါ ဗုဒ္ဓမြတ်စွာ အရိယာသူတော်ကောင်း၏ တပည့်သည်၊
ယထာဘူတံ=တိုင်း၊ (အာဂန္တုကရာဂ စသည်တို ့မှ ကင်းလွတ်ခြင်းဟူသော
အဖြစ်မှန် သဘောအတိုင်း) ပဇာနာတိ=သိ၏၊ တသ္မာ=ထိုသို ့ သိသည်အဖြစ်
ကြောင့်၊ သုတဝတော=ရှိသော၊ အရိယသာဝကဿ=တပည့်မှာ၊ စိတ္တဘာဝနာ
= စိတ်ကိုဖြစ်ပွား တိုးတက်စေနိုင်သော ဗလဝဝိပဿနာသည်၊ အတ္ထိ=ရှိ၏၊
ဣတိ=ဤသို ့ (အဟံ=သည်) ဝဒါမိ=၏၊ ဣတိ=သို၊ (အဝေါစ=ပြီ)
■
၅၃-၅။ ဘိက္ခဝေ=တို ၊ ဘိက္ခု=ရဟန်းသည်၊ အစ္ဆရာသင်္ဃာတမတ္တမ္ပိ=
လက်ဖျောက်တချက်တီးခိုက် လောက်မျှသော်လည်း၊ ဝါ=လက်ဖျစ်တတွက်ခန့်
အခိုက်အတန် လောက်မျှသော်လည်း၊ မေတ္တာစိတ္တံ=မေတ္တာနှင့်ယှဉ်သော စိတ်ကို၊
စေ အာသေဝတိ-အကယ်၍ မှီဝဲ ငြားအံ့၊ ဘိက္ခဝေ=တို၊ (ဧဝံ သတိ=ဤသို ့မှီဝဲ
သည်ရှိသော်) အယံ ဘိက္ခု=ဤမေတ္တာစိတ်ကို မှီဝဲသော ရဟန်းကို၊ အရိတ္တဇ္ဈာနော
=မကင်းကွာသော ဈာန်ရှိလျက်၊ သတ္ထု=မြတ်စွာဘုရား၏၊ သာသနကရော=
သွန်သင်ညွှန်ကြားမှုကို လိုက်နာပြုကျင့်လျက်၊ (လက်ဖျစ်တတွတ်ခန် လောက်
မျှပင် မေတ္တာစိတ်ကို မှီဝဲရန် သွန်သင်ညွှန်ကြားမှု အနုသာသနိကို လိုက်နာ
ကျင့်သုံးလျက်) သြဝါဒပတိကရော = အဆုံးအမကို လိုက်နာကျင့်သုံးလျက်၊
(လက်ဖျစ် . . . .မှိဝဲရန် အဆုံးအမကို လိုက်နာကျင့်သုံးလျက်) ဝိဟရတိ=နေသော
သူဟူ၍။ အမောဃံ =အချည်းနှီးမဟုတ်ဘဲ၊ ရဠပိဏ္ဍိ=တိုင်းသူပြည်သားတို့၏
၁။ အမောဃရဋ္ဌပိဏ္ဍပရိဘောဂ။ ။ တိုင်းသူပြည်သားတို့ ဆွမ်းကို
စားရာ၌ ဘာ့ကြောင့် အမောဃဖြစ်သနည်း(ဘာကြောင့် အမောဃရဠပိဏ္ဍ
ပရိဘောဂဖြစ်သနည်း)ဟူမူ၊ (၁)လက်ဖျစ်တတွက်ခန့်မျှ မေတ္တာပို့လိုက်ခြင်း
အားဖြင့် ထိုရဟန်းသည် ကျွေးယူစားခြင်းမျိုး မဟုတ်တော့ဘဲ ရဋ္ဌပိဏ္ဍကို
မိမိပိုင်အမွေပစ္စည်းကဲ့သို့ စားပိုင်ခွင့်ရှိ၍သာ စားခြင်းဖြစ်၏။ ထို့ကြောင့်လည်း
အမောဃရဠပိဏ္ဍပရိဘောဂဖြစ်၏။ အမောဃ=မစားထိုက်ဘဲ အလကားစားခြင်း
မဟုတ်ဘဲ+ရဋ္ဌပိဏ္ဍပရိဘောဂ မေတ္တာပို့ခြင်းဖြင့် ရဠပိဏ္ဍကို ပိုင်ရှင်အဖြစ်ဖြင့်
စားထိုက်၍စားခြင်း] (၂)ထိုမျှလောက်မေတ္တာပို့ခြင်းဖြင့် ဒါယကာတို့အလှူဒါနကို
ကြီးမားသော အကျိုးဖြစ်ထွန်းစေခြင်းကြောင့်လည်း အမောဃရဋ္ဌပိဏ္ဍပရိဘောဂ
ဖြစ်၏။ [အမောဃ=အကျိုးကျေးဇူးဘာမျှမရ အလကား သက်သက်မျှမဖြစ်
စေဘဲ + ရဠပိဏ္ဍပရိဘောဂရဠပိဏ္ဍကို ဘုန်းပေးခြင်း
