## PAGE 360

သတ္တဝါအပေါင်း အားမထုတ်ကြောင်း ကျမ်းဂန်နှင့် ဘုရား အစရှိသော
ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့ကို ဖော်ပြသော ကျမ်းဂန်တို့၌၊
အနဝယော=အပြည့်အစုံ သင်ကြားတတ်မြောက်ပြီးသည်၊ ဝါ=အခက်အခဲမရှိ
အပြည့်အစုံ ဆောင်ထား မှတ်သားနိုင်သည်၊ ဝါ=အခက်အခဲမရှိ အပြည့်အစုံ
ရွတ်ဆို ပြောပြနိုင်သည်၊ (ဟောတိ-ဖြစ်၏)[ဣတိသဒ္ဒါမလို] ဘော ဂေါတမ
-မ။ ဧဝံ-ဤသို့သော အကြောင်းဖြင့်။ဗြာဟ္မဏာ=ပုဏ္ဏားတို့သည်၊
ဗြာဟ္မဏံ=ပုဏ္ဏားထူးချွန် လူရည်မွန်တစ်ဦးကို၊ တေဝိဇံ-ဟူ၍၊ ပညာပေန္တိ=
ပြောဆိုသတ်မှတ် ပညတ်ကြပါကုန်၏၊ ဣတိ=ဤသို့၊ (အဝေါစ=လျှောက်ပြီ)
ဗြာဟ္မဏ-ပုဏ္ဏား၊ အညထာ=တမျိုးတခြားသော အကြောင်းဖြင့်၊
(မြတ်စွာဘုရား သာသနာတော်၌ တေဝိဇ္ဇပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် မတူ ကွဲပြား
ခြားနားသောအကြောင်းဖြင့်) ဗြာဟ္မဏာ=တို့သည်၊ ဗြာဟ္မဏံ=ကို၊ တေဝိဇ္ဇ=
သုံးပါးသောဝိဇ္ဇာရှိသူဟူ၍၊ ဝါ=တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍၊ ပညာပေန္တိ=ကုန်၏၊
အညထာ စ ပန=တမျိုးတခြားသော အကြောင်းဖြင့်သာလျှင်၊ (ပုဏ္ဏားတို့ဓလေ့
ထုံးဟောင်း၌ တေဝိဇ္ဇပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့်မတူ ကွဲပြားခြားနားသော အကြောင်း
ဖြင့်သာလျှင်)အရိယဿ-အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏၊
၂။အနယော။ န+အ+ဝယော ဟုဖြတ်၊ ဝယော၌ ဝယဓာတ်
အပစ္စည်းဟုကြံ။ဝယတီတိ ဝယော=အခက်အခဲမရှိ အပြည့်အစုံဆောင်ထား
မှတ်သားနိုင်သူ၊ ဝါးအခက်အခဲမရှိ အပြည့်အစုံရွတ်ဆိုပြောပြနိုင်သူ၊ န
ဝယော အဝယော=ထိုကဲ့သို့မမှတ်သားနိုင်, မရွတ်ဆိုမပြောပြနိုင်သူ၊ နအဝယော
အနဝယော=ထိုကဲ့သို့မမှတ်သားနိုင်, မရွတ်ဆိုမပြောပြနိုင်သည် မဟုတ်သော
သူ၊ ဝါ=အခက်အခဲမရှိ အပြည့်အစုံဆောင်ထား မှတ်သားနိုင်, ရွတ်ဆိုပြောပြ
နိုင်သူ။ ပဋိသေဓ နှစ်ချက်ဆင့်ထားသောကြောင့် မူရင်း“ဝယ”၏အနက်ကိုပင်
ပြန်ယူရသည်။
ဤသုတ်အဋ္ဌကထာ၌ ဒုတိယပါရာဇိက ဓနိယဝတ္ထုအဋ္ဌကထာ၌ ကဲ့သို့
အနဝယော ကို “အနု+အဝယော”ဟု ပုဒ်ဖြတ်၍ ဒုတိယနည်းဖွင့်သေး၏၊
ထိုအလို ဝယ၌“ဝိ+အယ”ဟု ပုဒ်ဖြတ်၍ အယနံ အယော=ဖြစ်ခြင်း၊
နအဃောဝယော=မဖြစ်ခြင်း၊ ဝါ=ယုတ်လျော့ခြင်း, မပြည့်စုံခြင်း၊ နတ္ထိ
ဝယော ဧတဿာတိ အဝယော= ယုတ်လျော့ခြင်းမရှိသူ၊
ဝါ=ပြည့်စုံသော
အတတ်ရှိသူ၊ အန အနျု(သိသင့်သိအပ် အရပ်ရပ်၌) အဝယော အနစယော။
ဤအလို“အနဂယော=သိသင့်သိအပ် နှံ့ စပ် ကုံလုံပြည့်စုံသော အတတ်ရှိသည်”
ဟု အနက်ဆို။

## PAGE 361

ဝိနယေ=ဆုံးမရာ သာသနာတော်၌၊ ဝါ-အဆုံးအမတရားတော်၌၊ တေဝိဇ္ဇာ=
သုံးပါးသော ဝိဇ္ဇာရှိသော ပုဂ္ဂိုလ်သည်၊ ဟောတိ၏၊ ဣတိ (အဝေါစ-မိန့်)
ဘော ဂေါတမမ၊ ကထံ=အဘယ်သို့သော အကြောင်းဖြင့်၊ အရိယဿ=
၏။ဝိနယေ-၌၊တေဝိဇ္ဇာ-သည်၊ဟောတိ= ဖြစ်ပါသနည်း၊ နောက်၌ သာဓု
စသော ဝါကျရှိနေသောကြောင့် ဤနေရာ၌ “ယထာ ကထံ”မှ
ယထာကို အနက်မရှိ နိပါတ်ကြံပါ သာဓု=တောင်းပန်ပါ၏၊ ယထာ-
အကြင်အကြောင်းဖြင့် အရိယဿ-၏၊ ဝိနယေ-၌၊ တေဝိဇ္ဇာ-သည်၊
ဟောတိ=ဖြစ်၏၊ တထာ=ထိုအကြောင်းဖြင့်၊ (ထိုတေဝိဇ္ဇပုဂ္ဂိုလ် ဖြစ်ခြင်း၏
အကြောင်းဖြင့်) ဘဝံ ဂေါတမော= အရှင်ဂေါတမသည်၊ မေ=အကျွန်ုပ်အား၊
ဓမ္မံ=တရားကို၊ ဒေသေတု= ဟောတော်မူပါ၊ ဣတိ=(အဝေါစ=လျှောက်)
တေန ဟိ စသည်ကို ဒုကစာပိုဒ် ၁၇-သုတ်ကြည့်] ။ပ။
ဗြာဟ္မဏ-ပုဏ္ဏား၊ ဣဓ=ဤသာသနာတော်၌၊ ဘိက္ခု=ရဟန်းသည်၊
[ဝိဝိစ္စေဝစသည်ကို ဒုကစာပိုဒ် ၁၃-၌ကြည့်]။ပ။ သော=ထိုစတုတ္ထဈာန်
ရရှိပြီးသော ရဟန်းသည်၊ ဧဝံ=ဤဆိုအပ်ခဲ့ပြီးသော အစီအစဉ်အတိုင်း၊
ဝါ=ဤပဌမဈာန်ရခြင်းစသော အစဉ်အားဖြင့် စတုတ္ထဈာန်ကို ရပြီး၍၊
ဣမိနာ ပဌမဇ္ဈာနာဓိဂမာဒိနာ ကမေန စတုတ္ထဇ္ဈာနံ ပဋိလဘိတွာတိ ဝုတ္တံ
ဟောတိ။ ဝိသုဒ္ဓိမဂ်၊ ဒု၊ ၅ စိတ္တေ=အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည်၊
သမာဟိတေ= စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်လသော်၊ ပရိသုဒ္ဓေ=
ထက်ဝန်းကျင်မှ စင်ကြယ်လသော်၊ ပရိယောဒါတေ=ထက်ဝန်းကျင်မှ
၁။သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။ ။ဤပုဒ်တို့ကို ဝိသုဒ္ဓိမဂ် စသည်တို့
ဖွင့်သည့်အတိုင်း ပြည့်စုံစွာ အနက်ပေးလိုလျှင်--- စိတ္တေ=အဘိညာဉ် ၏
အခြေခံ စတုတ္ထဈာန်စိတ်သည်၊ ဝါ=ကို၊ သမာဟိတေ=စတုတ္ထဈာန် သမာဓိဖြင့်
အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်လသော်၊ ဝါ= စတုတ္ထဈာန်သမာဓိဖြင့်
တည်ကြည်လသော်၊ တနည်း--သမာဟိတေ= စတုတ္ထဈာန်သမာဓိဖြင့်
တည်ကြည်သော၊ စိတ္တေ=အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည်
ပရိသုဒ္ဓေ=ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းဖြင့်
ထက်ဝန်းကျင်မှ စင်ကြယ်လသော်၊ (ပရိသုဒ္ဓတ္တာဝ= ထက်ဝန်းကျင်မှ
စင်ကြယ်သည် အဖြစ်ကြောင့်သာလျှင်)ပရိယောဒါတေ= သော်၊ အနင်္ဂဏေ=
သော်၊ (အနင်္ဂဏတ္တာ ဧဝ=ရာဂဒေါသ အညစ်အကြေး မရှိသည်
အဖြစ်ကြောင့်သာလျှင်)၀ိဂတူပက္ကိလေသေ=စိတ်ကိုပူးကပ်၍ နှိပ်စက်တတ်,.
ပူပန်စေတတ်သော ရာဂဒေါသမှ ကင်းပြီးလသော်။

## PAGE 362

ဖြူစင်လသော်၊ အနင်္ဂဏေ=ရာဂဒေါသ အညစ်အကြေး မရှိလသော်၊
ဝိဂတူပတ္တိလေသေ=စိတ်ကို ပူးကပ် နှိပ်စက်တတ်သော ရာဂဒေါသ ကင်းကွာပြီး
[“စိတ္တံ ဥပဂန္ဓာ ကိလိဿတိ ဝိဗာဓိယတိ ဥပတာပီယတိ ယေဟိ
ရာဂါဒိဟီတိ ဥပက္ကိလေသာ”ဟု အဝုတ္တကတ္တုသာဓနသော်လည်းကောင်း, “စိတ္တံ
ဥပဂာ ကိလိဿန္တိ ဝိဗာဓန္တိ ဥပတာပေန္တိတိ ဥပက္ကိလေသာ” ဟု
ဝုတ္တကတ္တုသာဓနသော်လည်းကောင်း ဝစနတ္ထပြု၍ စိတ်ကို ပူးကပ်၍
နှိပ်စက်တတ်,ပူပန်စေတတ်ကုန်သော ရာဂ ဒေါသ တို့ကို“ဥပက္ကိလေသ”ဟု
ခေါ်ဆိုပြီးလျှင်“ဝိဂတာ ဥပက္ကိလေသာ ယတော စိတ္တတောတိ ဝိဂတူပက္ကိလေသံ
(ကင်းပြီးသော ဥပက္ကိလေသရှိသောစိတ်)ဟူ၍ ပဉ္စမီဗဟုဗွီဟိသမာသ်တွဲပါ]
မုဒုဘူတေ=ကျေပြွန်စွာ ဖြစ်ပွားစေမှု အလေ့အလာပြုအပ်ပြီးဖြစ်၍
နူးညံ့စွာဖြစ်လသော်၊ ဝါ=လိုတိုင်းပြီးမြောက် ဝသီဘော်သို့ရောက်ခြင်းအားဖြင့်
နူးညံ့စွာဖြစ်လသော်၊(မုဒုဘူတတ္တာ ဝေ=နူးညံ့စွာဖြစ်သည် အဖြစ်ကြောင့်
သာလျှင်) ကမ္မနိယေ=သော်၊ ဌိတေ-ဆိုအပ်ပြီးသော ထက်ဝန်းကျင်
စင်ကြယ်ခြင်းစသော သဘောတို့၌ ခိုင်မြဲစွာရပ်တည်လသော်၊(ဌိတတ္တာ
ဧဝ=ခိုင်မြဲစွာရပ်တည်သည် အဖြစ်ကြောင့်သာလျှင်)အာနေဉ္စပ္ပတ္တေ=
သော်၊တနည်း--ဋ္ဌိတေ=မုဒုဘူတ, ကမ္မနိယဖြစ်ခြင်းကြောင့် မိမိအလိုကျ
ခိုင်မြဲတည်တံ့လသော်၊ အာနေဉ္စပ္ပတ္တေ= အဿဒ္ဓိယစသော အကုသိုလ်တို့ကြောင့်
တုန်လှုပ်ခြင်းမရှိသည် အဖြစ်သို့ ရောက်လသော်]
တနည်း--စိတ္တေ=အဘိညာဉ်၏အခြေခံ ၊ စတုတ္ထဈာန်စိတ်သည်၊
သမာဟိတေ=သော်၊ ပရိသုဒ္ဓေ=နီဝရဏအညစ်အကြေးတို့မှ ထက်ဝန်းကျင်
ကင်းဝေးစင်ကြယ်လသော်၊ ပရိယောဒါတေ=ဝိတက်စသော အောက်အောက်
ဈာန်အင်္ဂါတို့ကို ပယ်ခွါလွန်မြောက်ခြင်းကြောင့် ထက်ဝန်းကျင်မှဖြူစင်
လသော်၊ အနင်္ဂဏေ=ဈာန်ရခြင်းကြောင့် ဖြစ်လာတတ်သော
မာန, မာယာ,
သာဌေယျစသော ယုတ်မာသော အလိုဆိုး အညစ်အကြေးမရှိလသော်၊
ဝိဂတူပက္ကိလေသေ=စိတ်ကိုပူးကပ် နှိပ်စက်တတ်,ပူပန်စေတတ်သော အဘိဇ္ဈာ
စသည် ကင်းကွာလသော်၊ မုဒုဘူတေ=လိုတိုင်းပြီးမြောက် ဝသီဘော်သို့
ရောက်ခြင်း အားဖြင့် နူးညံ့စွာဖြစ်လသော်၊ ကမ္မနိယေ=တန့်ခိုး၏ နီးကပ်သော
အခြေခံအကြောင်းအဖြစ်သို့ ရောက်ခြင်းကြောင့် တန်ခိုးဖန်ဆင်းခြင်းအမှု၌
ခိုင်ခံ့လျောက်ပတ်လသော်၊ အာနေဉ္စပ္ပတ္တေ=တုန်လှုပ်ခြင်းမရှိသည်အဖြစ်သို့
ရောက်လောက်အောင်၊ ဋ္ဌိတေ=ဘာဝနာဈာန် ပြည့်စုံလုံလောက်၍ မြင့်မြတ်သည်
အဖြစ်သို့ ရောက်ခြင်းဖြင့် ခိုင်မြဲတည်တံ့လသော်။ဤနောက်နည်း၌
“အာနေဉ္စပ္ပတ္တိ”ပုဒ်သည်“ဌိတေ” ၏ ဝိသေသန
,,
