## PAGE 363

လသော်၊ မုဒုဘူတေ=နူးညံ့စွာ ဖြစ်လသော်၊ ကမ္မနိယေ=တန်ခိုးဖန်ဆင်းခြင်း
အမှုကိစ္စ၌ ခိုင်ခံ့လျောက်ပတ်လသော်၊ ဌိတေ=ခိုင်မြဲတည်တံ့လသော်၊
အာဥပ္ပတ္တေ=တုန်လှုပ်ခြင်းမရှိသည် အဖြစ်သို့ ရောက်လသော်၊
ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ= ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အကျိုးငှာ၊
ဝါ=ရှေးဘဝက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ကြောင်း
သတိနှင့်ယှဉ်သော ဉာဏ်အကျိုးငှာ၊ ဝါ=ရှေးဘဝ၌ မိမိစိတ်, သူတပါးစိတ်ဖြင့်
တွေ့ကြုံအာရုံပြုနေအပ်, ခွဲခြားသိမြင်အပ်သော တရားတို့ကို အောက်မေ့ကြောင်း
သတိနှင့်ယှဉ်သော ဉာဏ်အကျိုးငှာ၊ စိတ္တံ=ပရိကမ်စိတ်ကို၊ ဝါ=
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ ရှေ့ပြေးဖြစ်သော ကြိုတင်စီစဉ် ပြုလုပ်တတ်သော
စိတ်ကို၊ အဘိနိန္နာမေတိ= ပုဗ္ဗေနိဝါသသို့ ရှေ့ရှု့ညွှတ်စေ၏။ ပရိကမ်စိတ်ဟူသည်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဖြစ်ပေါ်လာအောင် ကြိုတင် စီစဉ်ပြုလုပ်သော
ကာမာဝစရမဟာကုသိုလ် ကြိယာစိတ်တည်း၊ ထိုပရိကမ်စိတ်ကို ပုဗ္ဗေနိဝါသ
(ရှေးဘဝ)ဆီသို့ ပို့လိုက်, နှင်လိုက်, ဦးလှည့်လိုက်မှသာ ပုဗ္ဗေနိဝါသာ
နုဿတိဉာဏ် ဖြစ်ပေါ်လာသည်။ ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်ခန်းအတွက်
အကျယ်တဝင့် ဖွင့်ပြသင့်သော တချို့အဖွင့်များကို အဋ္ဌကနိပါတ်
စာပိုဒ်(၁၁)ဝေရဉ္စသုတ်နိဿယ၌ ဆက်လက် ကြည့်ကြပါကုန်]
သော=ထိုရဟန်းသည်၊ ပရိကမ်စိတ်ကို ပုဗ္ဗေနိဝါသသို့ ရှေ့ရှု
ညွတ်စေသော ထိုရဟန်းသည်) အနေကဝိဟိတံ=များသောအပြားရှိသော၊
(ဘဝ, ယောနိ, ဂတိ စသည်ဖြင့် များသောအမျိုးအစား အကွဲအပြားရှိသော)
ဝါ=အမည်,အနွယ်စသော များသောအမျိုးအစား အကွဲအပြားတို့နှင့်တကွ
ချဲ့ထွင် ဖွင့်ပြအပ်သော၊ ပုဗ္ဗေနိဝါသံ=ရှေးဘဝ၌ နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို၊
ဝါ=ရှေးဘဝ၌ နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်နှင့်တကွ ထိုခန္ဓာအစဉ်နှင့်
ဆက်စပ်သော အမည် အနွယ်စသည်ကို၊ အနုဿရတိ-အစဉ်လျှောက်၍
လျှောက်၍ အောက်မေ့၏၊ သေယျထိဒံ=အဘယ်သို့သော ပုဗ္ဗေနိဝါသကို၊
(အနုဿရတိ=နည်းဟူမူ) ဧကမ္ပိ ဇာတိ'=တခုသော ဘဝကိုလည်းကောင်း၊
ဒွေပိ ဇာတိယော=နှစ်ခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ တိာပိ
ဇာတိယော=သုံးခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ စတာပိ ဇာတိယော=
လေးခုကုန်သော ဘဝတို့ကိုလည်းကောင်း၊ ပဉ္စပိ ဇာတိယော=ငါးခုကုန်သော
ဘဝတို့ကိုလည်းကောင်း၊ ဒသပိ ဇာတိယော=ဆယ်ခုကုန်သော
ဘဝတို့ကိုလည်းကောင်း၊ ဝီသူမို့ ဇာတိယော=၂ဝ-သော ဘဝတို့ကို
လည်းကောင်း၊ တိသမ္ပိ ဇာတိယော=၃၀-သော ဘဝတို့ကိုလည်းကောင်း၊
စတ္တာရိသမွ် ဇာတ်ယော=၄၀-သော ဘဝတို့ကိုလည်းကောင်း၊ ပညာသမ္ပိ

## PAGE 364

ဇာတိယော=၅ဝ-သော ဘဝတို ့ကိုလည်းကောင်း၊ ဇာတိသတမ္ပိ=
ဘဝအရာကိုလည်းကောင်း၊ ဇာတိသဟဿမ္ပိ=ဘဝအထောင်ကိုလည်းကောင်း၊
ဇာတိသတ သဟဿမ္ပိ= ဘဝအသိန်းကို လည်းကောင်း၊ အနေကေပိ
သံဝဋ္ဋကပ္ပ=များစွာကုန်သော သံဝဋ္ဋကပ်တို ့ကို လည်းကောင်း၊
ဝါ=များစွာကုန်သော ပျက်စီးဆဲ .. အသင်္ချေယျကပ်တို့ကိုလည်းကောင်း၊
အနေကေပိ ဝိဝဋကပ္ပ=များစွာကုန်သော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း၊
ဝါ=များစွာကုန်သော ဖြစ်ပွားဆဲ အသင်္ချေယျကပ်တို့ကိုလည်းကောင်း၊
အနေကေပိ သံဝတ္ထုဝိဝဋ္ဋကပေ့= များစွာကုန်သော သံဝတ္ထုကပ်,
ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း၊ (အန္ဓုဿရတိ= အစဉ်လျှောက်၍ လျှောက်၍
အောက်မေ့၏၊ ကိန္တိ=အဘယ်သို့၊ အနုဿရတိ=နည်းဟူမူ)
(အဟံ=ငါသည်)အမုတြ” =ထိုမည်သော သံဝဋ္ဋကပ်, ဘဝ, ယောနိ,
ဂတိ၌၊ ဧဝံနာမော-ဤသို့သော နာမည်ရှိသူသည်၊ ဧဝံဂေါတ္တော=ဤသို့သော
အနွယ်ရှိသူသည်၊ ဧဝံဝဏ္ဏော=ဤသို့သော အဆင်းရှိသူသည်၊ ဧဝမာဟာရော=
ဤသို့သော အစာအာဟာရ ရှိသူသည်၊ ဧဝံသုခ ဒုက္ခပ္ပဋိသံဝေဒီ= ဤသို့သော
သုခဒုက္ခတို့ကို ခံစားခြင်း ရှိသူသည်၊ ဧဝမာယုပရိယန္တော=ဤသို့သော
အသက်အပိုင်းအခြား ရှိသူသည်၊ အာသိ=ဖြစ်ခဲ့ပြီ၊ သော(အဟံ)= ထိုငါသည်၊
တတော=ထိုဘဝ, ယောနို, ဂတိမှ၊ (ထိုဘဝ, ယောနိ, ဂတိ, ဝိညာဏဋ္ဌိတိ,
သတ္တာဝါသ, သတ္တနိကာယမှ) စုတော=ရွေ့လျောစုတေ သေလွန်ခဲ့သည်၊
(ဟုတွာ=ဖြစ်၍) အမုတြ=ထိုမည်သော ဘဝ, ယောနိ, ဂတိ၌၊ ဥဒပါဒိ=ဖြစ်ခဲ့ပြီ၊
တတြာပိ= ထိုဘဝ,ယောနိ, ဂတိ၌လည်း၊ (အဟံ=ငါသည်) ဧဝံနာမော=သည်၊
။ပ။ ဧဝမာယုပရိယန္တော=သည်၊ အသိ-ဖြစ်ခဲ့ဘူးပြီ၊ သော (အဟံ)- သည်၊
တတော=ထိုဘဝယောနိဂတိမှ၊စုတော=သည်(ဟုတွာ)ဣဓ=ဤယခုဘဝနဤမည်
၁။အမုတြသဒ္ဓါ၏အနက်(၂)နည်း။ ။“အမုတြ=ထိုမည်သော သံဝဋ္ဋ
ကပ်ဝယ် . ထိုမည်သောဘဝ, ထိုမည်သောယောနိ, ထိုမည်သောဂတိ၌”
စသည်ဖြင့် အနက်ဆိုလို၏၊ များစွာသောသံဝဋ္ဋကပ်နှင့် များစွာသောဘဝ,
ယောနိ, ဂတိစသည်တို့ကို တခုတည်းပေါင်းစုကာ အမုတြသဒ္ဒါတခုတည်းဖြင့်
သာမညမျှ ညွှန်ပြလိုက်ခြင်းတည်း၊(တနည်း)အမုတြ=ထိုမည် ထိုမည်သော
သံဝဋ္ဋကပ်ဝယ် ထိုမည်ထိုမည်သောဘဝ, ထိုမည်ထိုမည်သောယောနိ,
တိုမည်ထိုမည်သောဂတိ၌ ဟုအနက်ဆို၊ အမုတြ အမုတြ အာသိ ဟုဆိုလိုလျက်
အမုတြတပုဒ်ချေထားခြင်း (ဝိစ္ဆာလောပ)တည်း။

## PAGE 365

သော အမျိုးအနွယ်၌၊ ဥပပန္နော=ဖြစ်ရပြီ၊ ဣတိ=ဤသို့(အနုဿရတိ=၏)
ဣတိ-ဤသို့၊ သာကာရံ=(ဝဏ္ဏ,အာဟာရစသော) အခြင်းအရာတို့နှင့်
တကွဖြစ်သော၊ ဝါ=မြင်ရုံမျှဖြင့် မည်သူမည်ဝါဟု သိနိုင်ကြောင်းဖြစ်သော
ဝဏ္ဏ, အာဟာရ စသည်တို့နှင့် တကွဖြစ်သော၊ [အာကရိယတိ ဒိသွာဝ
သတ္တော ဝိညာယတိ ဧတေဟီတိ အာကာရာ ဟုဝိဂြိုဟ်ပြု၍ ဝဏ္ဏ, အာဟာရ,
သုခဒုက္ခပဋိသံဝေဒန, အာယုပရိယန္တ တို့ကို အာကာရ ဟုခေါ်၏၊ထို့နောက်-
သဟ အာကာရေဟိ ယော ပုဗ္ဗေနိဝါသော ဝတ္တတိတိ သာကာရော]
သဥဒ္ဒေသံ= ညွှန်ပြ ပြောဆိုကြောင်း ဖြစ်သော နာမ, ဂေါတ္တနှင့်တကွဖြစ်သော၊
ဥဒ္ဒိသီယတိ သတ္တော ဧတေနာတိ ဥဒ္ဒေသော-သတ္တဝါ တဦးတယောက်ကို
မြင်ရုံမျှဖြင့် မသိနိုင်၍ သိအောင် ညွှန်ပြပြောဆိုကြောင်း အမည်, အနွယ်တည်း၊
သဟ ဥဒ္ဒေသေန ယော ပုဗ္ဗေနိဝါသော ဝတ္တတီတိ သဥဒ္ဒေသော]
အနေကဝိဟိတံ=သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အန္တုဿရတိ=၏၊ အဿ= ထိုရဟန်း
သည်၊ ဝါ- ထိုရဟန်းမှာ၊ ပဌမာ=ရှေးဦးစွာ ဖြစ်ပေါ်လာသော၊ အယံ
ဝိဇ္ဇာ=ဤပုဗ္ဗေနိဝါသကို သိတတ်သောဉာဏ်ကို၊ ဝါ=သည်၊ အဓိဂတာ=
ရအပ်သည်၊ ဟောတိ=ဖြစ်၏။ [“ယထာ တံ။ပ။ ဝိဟရတော”ဟူသော
ဥပမာနဝါကျကို ရှေးဦးစွာ အနက်ပေးပြီးမှ “အဝိဇ္ဇာ ဝိဟတာ။ပ။
ဥပ္ပန္နော”ဟူသော ဥပမေယျဝါကျကို အနက်ပေးမည်၊ ထို၌လည်း
ဥပမေယျဝါကျမှ ဝိဟတာကို ဝိဟညေယျဟု လည်းကောင်း, ဥပ္ပန္နာကို
ဥပ္ပဇ္ဇေယျဟုလည်းကောင်း အာချာတ်ကြိယာ ပြောင်းလဲကာ ဥပမာန
ဝါကျဘက်သို့ ဆောင်ယူ၍ အနက်ပေးမည်၊ ယသ္မာ, တသ္မာ, ဧဝမေဝံ,
တဿ တို့ကား အသစ်ထည့်စွက်ပေးရသော ပါဌ်တို့တည်း]
6
အပ္ပမတ္တဿ=မမေ့လျော့ဘဲ၊ အာတာပိနော=ကိလေသာတို့ကို ပူပန်
လောင်ကျွမ်းစေတတ်သော ဝီရိယရှိလျက်၊ ပဟိတတ္တဿ=ရဲဝံ့စွန့်စား
စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်၊ (ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုရခြင်းငှာ
ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သောစိတ်ရှိလျက်)
[ပဟိတ=စေလွှတ်အပ်သော+အတ္တာ=စိတ် (ရှိသူ)] ဝိဟရတော=နေသောပုဂ္ဂိုလ်
တဦးဦးမှာ၊ ယသ္မာ=အကြင့်ကြောင့်၊ ဝိဇ္ဇာ=ပုဗ္ဗေနိဝါသကို သိတတ်သော
ဉာဏ်သည်၊ ဥပ္ပဇ္ဇေယျ-ဖြစ်ပေါ်လာရာ၏၊ တသ္မာ-ထို့ကြောင့်၊ အဝိဇ္ဇာ=
အဝိဇ္ဇာကို၊ ဝါ=ပုဗ္ဗေနိဝါသကို ဖုံးကွယ်တတ်သော မောဟကို၊ ဝါ=သည်၊
ဝိဟညေယျ ယထာ=ဖျက်ဆီးအပ်ရာသကဲ့သို့၊ ဝါ=ကင်းကွာပျက်စီးရာသကဲ့သို့၊
ယသ္မာ= ကြောင့်၊ အာလောကော=ပုဗ္ဗေနိဝါသဉာဏ်အရောင်အလင်းသည်။
ဥပ္ပဇ္ဇေယျ= ဖြစ်ပေါ်လာရာ၏၊ တသ္မာ-ထို့ကြောင့်၊ တမော-အဝိဇ္ဇာ
