## PAGE 372

အကျိုးငှာ၊အပရံ=နောက်ထပ်တမျိုးတခြား မဂ်ဖြစ်ပွားစေခြင်းကိစ္စသည်။
န(အတ္ထိ)=ငါ့မှာ မရှိတော့ပြီ၊ ဣတိ=ဤသို့၊ ပဇာနာတိ=သိ၏၊ [တနည်း-
အထူးညွှန်ပြအပ်သော မဂ်ကိစ္စဝိသေသကိုယူရ၏။ ဘာဝပစ္စည်း သက်ထားသော
“ဣတ္ထတ္တံ”အရကား ထို(၁၆)ပါးသော မဂ်ကိစ္စဝိသေသ၏ ဖြစ်ကြောင်းဖြစ်သော
မဂ်ကိစ္စဇာတ်(ထိုကဲ့သို့ အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော(၁၆)ပါးသော
မဂ်ကိစ္စအမျိုးအစား)ကိုယူရ၏။ ဤသို့ယူရာ၌ ဣတ္ထံအရ မဂ်ကိစ္စဝိသေသကို
လည်းကောင်း, ဣတ္ထတ္တံအရ မဂ်ကိစ္စဇာတ်(မဂ်ကိစ္စသာမည)ကိုလည်းကောင်း
ယူရသဖြင့် အရကောက်မတူဟု . ဆိုဖွယ်ရှိသော်လည်း ထိုနှစ်ပုဒ်လုံးအရ
(၁၆)ပါးသော မဂ်ကိစ္စချည်းသာဖြစ်၍ သိပ်ထူးခြားလှသည်မဟုတ်။
ဤနည်းအရ“နာပရံ ဣတ္ထတ္တာယ”၏ဆိုလိုရင်းမှာ“ဤသို့သော(၁၆)ပါး
သော မဂ်ကိစ္စမျိုး(ဒီလိုမဂ်ကိစ္စမျိုး)ပြုလုပ်ဘို့အတွက် ငါ့မှာ နောက်ထပ်
မဂ်ဖြစ်ပွားစေဖွယ်မလိုတော့ပြီ”ဟူလို။ နာပရံ ဣတ္ထတ္တာယာတိ ပုန
ဣတ္ထိဘာဝါယ, ဧဝံသောဠသဝိဓကိစ္စဘာဝါယ ကိလေသက္ခယာယ ဝါ
မဂ္ဂဘာဝနာကိစ္စ မေ နတ္ထိ။
သီလက္ခန်ဋီကာသစ်၌ပြထားသော သဒ္ဒဝိဒူတို့အလိုအားဖြင့်- ဣမေ
ပကာရာ အဿတ္တီတိ ဣတ္ထိ=ဤ(၁၆)ပါး အပြားရှိသော မဂ်ကိစ္စဟူသော
ပကာရဝန္တ တည်း၊ ဣတ္ထံ ဘာဝေါ ဣတ္ထတ္ထံ-ဤ(၁၆)ပါး အပြားရှိသော
မဂ်ကိစ္စ၏ ဖြစ်ကြောင်းဖြစ်ရာ ၁၆-ပါးအပြား(မဂ်ကိစ္စ၏ ၁၆-ပါးသော
အပြားဟူသော ပကာရ)တည်း၊ ဤသို့ ပကာရဝန္တ နှင့် ပကာရဟု ခွဲခြားကောက်
ရ၏။ ဒဗ္ဗသဒ္ဒါဖြစ်သော ဒဏ္ဍပုဒ်၌ ဘာဝပစ္စည်းဆင့်ထားသော ဒဏ္ဍိတ္တံပုဒ်၏
အရကောက်ပုံမျိုးတည်း။
ဤနေရာ၌ သတိပြုဖွယ်ရှိသည်မှာ သဒ္ဒထုံးစံအတိုင်း သဒ္ဒပ္ပဝတ္တိနိမိတ်
ဖြစ်သော အကြောင်းသာလျှင် ဘာဝပစ္စည်း၏ အနက်ဖြစ်၏။ အခြားသော
ရိုးရာအကြောင်းတို့မှာ ဘာဝပစ္စည်း၏အနှက်မဟုတ်၊ ထို့ကြောင့် ဘာဝပစ္စည်း၏
အရ ရိုးရာအကြောင်းတို့ကို မကောက်ယူမိရန် သတိထားသင့်၏။
ဥပမာအားဖြင့် မနုဿဿ ဘာဝေါ မနဿတ္တံ-လူ၏ဖြစ်ကြောင်း။
ဤ၌ လူဖြစ်ခြင်း၏အကြောင်းမှာ ရှေးကုသိုလ်ကံသာတည်း၊ သို့သော် ထိုကုသိုလ်
ကံမှာ ရိုးရာအကြောင်းမျှသာဖြစ်၍ မနဿတ္တံပုဒ်နှင့်မဆိုင်။ ထို့ကြောင့်
လူဇာတ်ဖြစ်သော သဒ္ဒပ္ပဝတ္တိနိမိတ်အကြောင်းကိုသာ မနုဿတ္တိအရ ကောက်ယူ
ရသည်။ ထို့အတူ ၁၆-ပါးသော မဂ်ကိစ္စဖြစ်ခြင်း၏ ရိုးရာအကြောင်းမှာ
ဝိပဿနာမဂ်တို့တည်း။ ထိုဝိပဿနာနှင့် မဂ်တို့သည် သဒ္ဒပ္ပဝတ္တိနိမိတ်

## PAGE 373

ဣတ္တတ္တာယ ဤထူးထွေကွဲပြားခြားနားသော ပစ္စုပ္ပန်ခန္ဓာအစဉ်၏ အဖြစ်မှ၊
အပရံ=နောက်ထပ်တခြားသော အနာဂတ်ခန္ဓာအစဉ်သည်၊ န(အတ္ထိ)-ငါ့မှာ
အကြောင်းမဟုတ်သောကြောင့် ဤဣတ္ထတ္တံပုဒ်၏ အနက်၌ မပါဝင်နိုင်။
သီလက္ခန်ပါဠိတော်နိဿယသစ်၌ကား“ဣတ္ထိတ္တာယ=ဤ ၁၆-ပါးသော
မဂ်ကိစ္စအပြား၏ ဖြစ်ကြောင်းဖြစ်ရာ မဂ်အကျိုးငှာ” ဟု ရိုးရာမဂ်အကြောင်းကို
ယူ၍ အနက်ပြန်ဆိုထား၏။ ထိုသို့ပြန်ဆိုခြင်းကြောင့် “နာပရံ ဣတ္ထတ္တာယ=
မဂ်အကျိုးငှာ မဂ်ကို ဖြစ်ပွါးစေခြင်းကိစ္စမရှိတော့ပြီ”ဟု မဆီလျော်သော
အနက်အဓိပ္ပါယ် ပေါ်ထွက်လာ၏။
အချို့ဆရာတော်တို့ကမူ “ပဉ္စမော=ငါးခုတို့၏ပြည့်ကြောင်း” ဟူရာ၌
ငါးခုမြောက် နောက်ဆုံးအရာဝတ္ထုသည် ငါးခုပြည့်ခြင်း၏အကြောင်း
ဖြစ်သကဲ့သို (၁၆) ပါးသော မဂ်ကိစ္စဖြစ်ခြင်း၏အကြောင်းမှာ (၁၆) ပါး
မပြည့်သေး၍ နောက်ဆုံးဖြည့်စွက်ရမည်ဖြစ်သော အရဟတ္တမဂ်ကိစ္စလေးပါး
ဖြစ်၏ဟု အဓိပ္ပါယ်ယူ၍ ထိုအရဟတ္တမဂ် ကိစ္စလေးပါးကိုသာ ဣတ္ထတ္တာယအရ
ကောက်ယူတော်မူကြ၏။
သို့သော် ယင်းသို့ကောက်ယူခြင်းမှာ ဣတ္ထိသဒ္ဒါ၏ ပဝတ္တိနိမိတ်ကို
သတိမထားပဲ အလွတ်ကောက်ယူခြင်းသာ ဖြစ်သည့်အပြင် ဤ၌ အရဟတ္တမဂ်
ကိစ္စလေးပါးသည် မဂ်ကိစ္စ (၁၆)ပါး အရေအတွက် ပြည့်ခြင်း၏အကြောင်းသာ
ဖြစ်နိုင်၍ မဂ်ကိစ္စ (၁၆)ပါး ဖြစ်ပေါ်လာခြင်း၏ အကြောင်းကား မဖြစ်နိုင်၊
ထို့အပြင် မဂ်ကိစ္စ (၁၆)ပါးတွင် အရဟတ္တမဂ်ကိစ္စလေးပါးလည်း ပါဝင်နေ
သောကြောင့် အရဟတ္တမဂ်ကိစ္စလေးပါး သည်ပင်လျှင် အရဟတ္တမဂ်ကိစ္စလေးပါး
ဖြစ်ပေါ် လာခြင်း၏အကြောင်း (သူသည်ပင် သူ၏အကြောင်း)မှာ သာ၍ပင်
မဖြစ်နိုင်။ ဤတိုင်အောင် စကားများသည် ဣတ္ထတ္တာယပုဒ်ကို အနက်သုံးနည်း
ပေးရာတွင် ပဌမအနက်အတွက် ရှင်းလင်းချက်တည်း။
ဒုတိယအနက်ကို “ကိလေသက္ခယာယ ဝါ”ဟူသော ဒုတိယ
အဖွင့်အတိုင်း ပြန်ဆိုထား၏။ အယံ ပကာရော ဣတ္ထိ=ဤကိလေသာတို့ကို
ကုန်ခန်းစေခြင်းဟူသော ထူးထွေကွဲပြားခြားနားသော ပဟာနကိစ္စ (ဤမည်သော
ပဟာနကိစ္စဟု အထူးညွှန်ပြအပ်သဖြင့် တသီးတခြား ကွဲပြားသော
ပဟာနကိစ္စဝိသေသတည်း) ဣတ္ထံ ဘာဝေါ၊ ဣတ္ထတ္တံ-ယင်းပဟာနကိစ္စ
ဝိသေသ၏ ဖြစ်ကြောင်းဖြစ်ရာ ပဟာနကိစ္စအမျိုးဇာတ်(ထိုကဲ့သို့
အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော ပဟာနကိစ္စအမျိုးအစားတည်း)။

## PAGE 374

မရှိတော့ပြီ၊ဣတိ=သို့၊ပဇာနာတိ=သိ၏]အဿ=ထိုရဟန်းမှာ၊ တတိယာ=
သုံးကြိမ်မြောက်ဖြစ်ပေါ်လာသော၊အယံဝိဇ္ဇာ=ဤအရဟတ္တ မဂ်ဥာဏ်ဝိဇ္ဇာကို
၀ါ =ဤသစ္စာလေးပါးကိုသိတတ်သော အရဟတ္တမဂ်ဉာဏ်ကို၊ ဝါ= သည်၊
အဓိဂတာ=သည်၊ဟောတိ=၏၊အပ္ပမတ္တဿ=ဘဲ၊အာတာပိနော=လျက်၊
ပဟိတတ္တဿ=လျက်၊(အရဟတ္တမဂ်ဉာဏ်ကို ရခြင်းငှါ ကိုယ်နှင့်အသက်
မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်) ဝိဟရတော=မှာ၊
ယသ္မာ=ကြောင့်၊ ဝိဇ္ဇာ=အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာသည်၊ ဥပ္ပဇ္ဇေယျ၏၊
ဤ၌လည်း ဣတ္ထနှင့် ဣတ္ထတ္တံတို့အရ ပဟာနကိစ္စဝိသေသနှင့် ပဟာန
ကိစ္စသာမညလောက်သာ ထူးခြား၍ ပဟာနကိစ္စချည်း ယူရခြင်း အားဖြင့်ကား
တူ၏၊ ထို့ကြောင့် ဤသုတ်အဋ္ဌကထာ၌ ကိလေသက္ခယာယ ဟုလည်းကောင်း,
သီလက္ခန်အဋ္ဌကထာ၌ ကိလေသက္ခယဘာဝါယ ဟုလည်းကောင်း ဘာဝပုဒ်
ပါခြင်းမပါခြင်းအတွက် အနက်အရ မထူးခြားလှတော့ပေ။ ဤနည်း၌ ၁၆-
ပါးသော မဂ်ကိစ္စအားလုံးကို မယူဘဲ ဟာနကိစ္စတပါးမျှကိုသာ ယူထား၏။
အကြောင်းကား ထို ၁၆-ပါးတို့တွင် ပဟာနကိစ္စသာ ပဓာနဖြစ်၍ ကျန်မဂ်ကိစ္စ
တို့မှာ ပဟာနကိစ္စ၏ အကျိုးတရား အပဓာနများသာ ဖြစ်သောကြောင့်တည်း။
တတိယအနက်ကို အထဝါ ဣတ္ထဋ္ဌာယာတိ ဣတ္ထိဘာဝတော၊
ဣမသ္မာ ဧဝံပကာရာ ဣဒါနိ ဝတ္တမာနက္ခန္ဓသန္တာနာ အပရံ ခန္ဓသန္တာနံ မယှ
နတ္ထိ ဟူသော အဖွင့်အတိုင်း ပြန်ဆိုထား၏၊ အယံ ပကာရော ဣတ္ထိ=
ဤထူးထွေကွဲပြားခြားနားသော ပစ္စုပ္ပန်ခန္ဓာအစဉ်၊ (ဤမည်သော ခန္ဓာအစဉ်
ဟု အထူးညွှန်ပြအပ်သဖြင့် တသီးတခြား ကွဲပြားသော ယခုဖြစ်ဆဲ
ခန္ဓာအစဉ်ဝိသေသတည်း) ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ=ဤကွဲပြားခြားနားသော
ပစ္စုပ္ပန်ခန္ဓာအစဉ်၏ ဖြစ်ကြောင်းဖြစ်ရာ ပစ္စုပ္ပန်ခန္ဓာအစဉ်အမျိုးဇာတ်၊
(အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော ပစ္စုပ္ပန်ခန္ဓာအစဉ်အမျိုးအစား
တည်း) ဤနည်း၌ ဣတ္ထတ္တာယမှ သဝိဘတ်ကို အပါဒါန်အနက်၌သက်။
သီလက္ခန်ပါဠိတော်အဋ္ဌကထာနိဿယသစ်၌ကား “ဣတ္ထိတ္တာယ ကို
“ဣတ္တံ+ အတ္တာယ”ဟု ပုဒ်ဖြတ်သင့်၏ဟုလည်းကောင်း၊ ဣတ္ထဘာဝတော
ဟူသော သံဝဏ္ဏနာပါဌ်၌လည်း“ဣတ္ထိအတ္တဘာဝတော”ဟု ရှိသင့်၏ ဟု
လည်းကောင်းကြံတော်မူ၏၊ သို့သော် ဤတတိယနည်းမှာ“အာဂန္တာ ဣတ္ထတ္တံ”
စသည်တို့၌ ဖွင့်ပုံနှင့် သိပ်မထူးခြားသော ဖွင့်ရိုးဖွင့်စဉ်သာ ဖြစ်သောကြောင့်
ထိုကဲ့သို့ မကြံသင့်ပါ၊ ဒုကစာပိုဒ် ၃၇-သုတ်နှင့် စတုက္ကစာပိုဒ် ၁၇၁-
သုတ်၌လည်းကြည့်။
