## PAGE 384

သန္နိသိန္နာနံ=ပေါင်းစုထိုင်နေကြစဉ်၊ သန္နိပတိတာနံ= တစုတဝေးတည်း
ရောက်နေကြစဉ်၊ အန္တ ရာ=အခြားစကား၏ ကြိုးကြားကြိုးကြား ကာလ၌၊
ကာ=အဘယ်မည်သော၊ ကထာ=စကားသည်၊ ဥဒပါဒိ= ဖြစ်လာခဲ့သနည်း၊
ဣတိ(အဝေါစ=မိန့်)ခွ=ခေါ+အဇ္ဇဘော ဂေါတမမ၊ အဇ္ဇ=ယနေ့၊ ရာဇန္တေ
ပုရေ=၌။ပ။သန္နိပတိတာနံ=စဉ်၊ အန္တရာ=၌၊“ပုဗ္ဗေ=ရှေး၌၊ ဘိက္ခု=
`ရဟန်းတို့သည်၊ အပ္ပတရာစေဝ=အရေအတွက် အထူးနည်းပါးကုန်သည်
သာလျှင်၊ အဟေသုံ=ဖြစ်ခဲ့ပေကုန်ပြီ။ စ= သို့သော်လည်း၊ ဗဟုတရာ=
အရေအတွက်အထူးများပြားသော ရဟန်းတို့သည်၊ မနုဿဓမ္မာ=လူတို့၏
ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်၊ ဥတ္တရိ= သာလွန်သော၊ ဣဒ္ဓိပါဋိဟာ
ရိယံ=တန်ခိုးပြာဋိဟာကို၊ ဒဿေသုံ=ပြခဲ့ကုန်ပြီ။ ဧတရဟိ ပန=ယခုအခါ၌ကား၊
ဘိက္ခု=တို့သည်၊ ဗဟုတရာ စေဝ= အရေအတွက် အထူးများပြား
ကုန်သည်သာလျှင်၊(ဟောန္တုး- ဖြစ်ပေကုန်၏) စ=သို့သော်လည်း၊ အပ္ပတရာ=
အရေအတွက် အထူးနည်းပါးသော ရဟန်းတို့ကသာလျှင်၊ မနုဿဓမ္မာ=ထက်၊
ဥတ္တရိ=သော၊ ဣဒ္ဓိပါဋိဟာရိယံ=ကို၊ ဒဿေန္တိ၊ ပြကြကုန်၏။ ဣတိ-
ဤသို့သော၊ အယံ ကထာ=ဤစကားသည်၊ ဥဒပါဒိ=ဖြစ်လာခဲ့ပါပြီ။ ဘော
ဂေါတမ=မ၊ အဇ္ဇ=ယနေ့၊ ရာဇန္တေ ပုရေ=၌၊ ရာဇပုရိသာနံ။ပ။အန္တ ရာ၌၊
အယံ ကထာ= သည်၊ ဥဒပါဒိ=ပြီ၊ ဣတိ (အဝေါစ=လျှောက်ပြီ)
ဗြာဟ္မဏ=ပုဏ္ဏား၊ ပါဋိဟာရိယာနိ=ပြာဋိဟာတို့သည်၊ ဝါ=
မြတ်စွာဘုရားနှင့် သာသနာတော်၏ … ဆန့်ကျင်ဘက်တိတ္ထိယတို့ကို
ပယ်ရှားတတ်သော သဘောတရားတို့သည်၊ ဣမာနိ တီဏိ= ဤသုံးမျိုး
၁။ပါဋိဟာရိယာနိ။ ။ဘဂဝတော စ သာသနဿ စ ပဋိပက္ခေ
တိတ္ထိယေ ဟရတိ အပနေတီတိ ပဋိဟာရိယံ၊ ပဋိဟာရိယမေဝ
ပါဋိဟာရိယံ။(တနည်း)ပဋိပက္ခ ဝေနေယျဂတေ ကိလေသော ဟရတိ
အပစေတီတိ ပဋိဟာရိယံ၊ တမေဝ ပါဋိဟာရိယံ=ဝေနေယျသတ္တဝါတို့
သန္တာန်၌ဖြစ်သော ဆန့်ကျင်ဘက်ကိလေသာတို့ကို ပယ်သတ်တတ်သော
တရားသဘော။ (တနည်း)ဟရိတဗ္ဗ ပဝတ္တေတဗ္ဗန္တိ ဟာရိယံ၊(ဝိဂတူပက္ကိလေ
သေန ကတကိစ္စေန စ သတ္တဟိတတ္ထိ) ပစ္ဆာ ဟာရိယံ ပဋိဟာရိယံ၊ တမေဝ
ပါဋိဟာရိယံ=(ကိလေသာအညစ်အကြေး ကင်းဝေး၍ ၁၆-ပါးသော
မဂ်ကိစ္စကိုပြုပြီးသော ဘုရား ရဟန္တာပုဂ္ဂိုလ်သည် သတ္တဝါတို့အကျိုးစီးပွား
အလိုငှါ)နောက်ထပ်ဖြစ်စေထိုက်သော တရားသဘော။ ဤသို့စသည်ဖြင့်
ဤသုတ်ဋီကာနှင့် ဥဒါနဋ္ဌကထာ(၉)စသည်တို့၌ အမျိုးမျိုး ဖွင့်ထား၏။

## PAGE 385

တို့တည်း။ တီဏိ= သုံးမျိုးတို့ဟူသည်၊ ကတမာနို= အဘယ်တို့ နည်းဟူမူ၊
ဣဒ္ဓိပါဋိဟာရိယံ= တန်ခိုးဟူသော ပြာဋိဟာ -လည်းကောင်း၊ အာဒေသနာ
ပါဋိဟာရိယံ=အာဒေသနာ ပြာဋိဟာလည်းကောင်း၊ ဝါ= သူတပါးစိတ်ကို
သိ၍ ပြောပြခြင်းဟူသော ပြာဋိဟာလည်းကောင်း၊ အနုသာသနီ
ပါဋိဟာရိယံ=လည်းကောင်း၊ ဝါ= မြတ်စွာဘုရားနှင့် သာဝကတို့ အမြဲမပြတ်
ဟောကြားအပ်သော အဆုံးအမ တရားဒေသနာဟူသော .. ပြာဋိဟာ
လည်းကောင်းတည်း။ ဗြာဟ္မဏ=ဏ္ဏား၊ ဣဒ္ဓိပါဋိဟာရိယံ= ဣဒ္ဓိပါဋိဟာရိယ
ဟူသည်၊ ကတမံ စ=အဘယ်နည်း၊ ဗြာဟ္မဏ ဏ္ဏား၊ ဣဓ= ဤလောက၌၊
ဧကန္နော=အချို့ပုဂ္ဂိုလ်သည်၊ အနေကဝိဟိတံ= များသော အပြားရှိသော၊
ဣဒ္ဓိဝိဓံ= တန်ခိုးအဖို့ကို၊ ဝါ- တန်ခိုးအမျိုးအစားကို၊ ပစ္စနုဘောတိ=
ခံစားသုံးစွဲ၏၊ . ဝါ- ကိုယ်တွေ့ထိရောက် မျက်မှောက်ပြု၏၊
ပုဂ္ဂိုလ်တယောက်တည်းသည်၊ ဟုတွာပိ=ဖြစ်၍လည်း၊ ဝါ… ဖြစ်ပါလျက်လည်း၊
ဗဟုဓာ= ရာထောင်စသား ပုဂ္ဂိုလ်များပြားလာသည်၊ ဟောတိ= ဖြစ်၏၊
ဗဟုဓာ=သည်၊ ဟုတွာပိ= ဖြစ်ပြီး၍လည်း၊ ဝါ-ဖြစ်ပြီးမှလည်း၊ ဧကော=
ပုဂ္ဂိုလ်တယောက်တည်းသည်၊ ဟောတိ- ဖြစ်သွားပြန်၏၊ အဝိဘာဝံ=
အထင်အရှားမြင်သာသည်အဖြစ်ကို၊ ( ကရောတိ=ပြု၏) တိရောဘာဝံ=
ကွယ်ပျောက်သည် အဖြစ်ကို၊ (ကရောတိ-၏) ဝိသုဒ္ဓိမဂ်၊ဒု၊၁၈]
Bကာ=
တိရောကုဋီ= နံရံ၏ တဖက်သို့လည်းကောင်း၊ တိရောပါကာရံ=
တံတိုင်း၏ တဖက်သို့ လည်းကောင်း၊ တိရောပဗ္ဗတံ= တောင်၏ တဖက်သို့
လည်းကောင်း၊ သေယျထာပိ အာကာသေ= ဟင်းလင်းပြင် ကောင်းကင်၌ကဲ့သို့၊
အသဇ္ဇမာနော= ငြိတွယ်မနေဘဲ၊ ဂစ္ဆတိ= သွားနိုင်၏၊ ပထဝိယာပိ=မြေ၌လည်း၊
သေယျထာပိ ဥဒကေ= ရေ၌ကဲ့သို့၊ ဥမ္မုဇ္ဇ+နိမုဒ္ဓံ=ပေါ်ခြင်း+ ငုတ်ခြင်းကို၊
ကရောတိ=ပြု၏၊ သေယျထာပိ ပထဝီယံ=မြေပြင်၌ကဲ့သို့၊ ဥဒကေပိ=
ရေပြင်၌လည်း၊ အဘိဇ္ဇမာနေ= မကွဲမပျက်အောင်၊ ဂစ္ဆတိ=သွားနိုင်၏၊
ကျွံနစ်ဝင်သွားခြင်း မရှိသဖြင့် မကွဲမပျက်အောင်သွားနိုင်၏ဟူလို]
အာကာသေပိ= ကောင်းကင်၌လည်း၊ ပလ္လင်္ကေနု တင်ပျဉ်ဖွဲ့ခွေ ထိုင်နေခြင်းဖြင့်၊
ပက္ခ- အတောင်ရှိသော၊ သကုဏော သေယျထာပိငှက်ကဲ့သို့၊ ကမတိ=
သွားနိုင်၏။ ဧဝံမဟိဒ္ဓိကေ ဤသို့ကြီးသော တန်ခိုးရှိကုန်သော၊ ဧဝံ
မဟာနုဘာဝေ= ဤသို့ ကြီးသော အစွမ်းအာနုဘော်ရှိကုန်သော၊ ဣမေပိ
စန္ဒီမသူရိယ= ဤလတို့ကိုပင်လည်း၊ ပါဏိနာ=လက်ဖြင့်၊ ပရာမသတိ=
သုံးသပ်နိုင်၏၊ ပရိမဒ္ဓတိ= ပွတ်တိုက်နိုင်၏၊ ယာဝ ဗြဟ္မလောကာပိ=ဗြဟ္မာ့ပြည်
တိုင်အောင်လည်း၊ ကာယေန=ကိုယ်ဖြင့်၊ဝသံ= မိမိအလိုသို့၊ ဝတ္တေတိ=လိုက်စေ

## PAGE 386

နိုင်၏၊ ဗြာဟ္မဏးးပုဏ္ဏား၊ ဣဒံ=ဤသို့ ပုဂ္ဂိုလ်တယောက်တည်းက ရာထောင်
စသား ပုဂ္ဂိုလ်တိုးပွားလာရခြင်းစသော တန်ခိုးကို၊ ဣဒ္ဓိပါဋိဟာရိယံ=
ဣဒ္ဓိပါဋိဟာရိယဟူ၍၊ ဝုစ္စတိ= ခေါ်ဆိုအပ်၏၊ ဣဇ္ဈတီတိ ဣဒ္ဓိ၊ ဣဒ္ဓိ ဧဝ
ပါဋိဟာရိယံ ဣဒ္ဓိပါဋိဟာရိယံ= တန်ခိုးဟူသော ပြာဋိဟာ၊ ဝါ=ဆန့်ကျင်ဘက်
တို့ကို ပယ်ရှားတတ်သော တန်ခိုး]
ဗြာဟ္မဏ=ဏ္ဏား၊ အာဒေသနာပါဋိဟာရိယံ=အာဒေသနာပါဋိဟာရိယ
ဟူသည်၊ ကတမဉ္စ=နည်း၊ ဗြာဟ္မဏ=ဏ္ဏား၊ ဣဓ=၌၊ ဧကစ္စော-သည်၊
နိမိတ္တေန= ကောက်ယူအပ်သော အတိတ်နိမိတ် အမှတ်အသားဖြင်း (တစုံတခု
ရောက်လာခြင်း, လွန်သွားခြင်း, မိမိအနီး၌ တည်ရှိနေခြင်းဖြင့် ကောက်ယူ
အပ်သော အတိတ်နိမိတ်ဖြင့်)၊ အာဒိသတိ=(တပ်အပ်သေချာ) ပြောဟော၏၊
(ကိန္တိ-သို့၊ အာဒိသတိ=မူ) ဧဝမ္ပိ=ဤသို့သော အခြင်းအရာ အားဖြင့်လည်း၊
တေ=သင်၏၊ မနော=စိတ်သည်၊ (သောမနဿ, ဒေါမနဿ, ကာမဝိတက်
စသည်တို့တွင် တမျိုးမျိုးနှင့် ယှဉ်တွဲနေသော စိတ်သည်) ပဝတ္တတိ=ဖြစ်နေ၏၊
ဣတ္ထမ္ပိ= ဤသို့သော အခြင်းအရာအားဖြင့်လည်း၊ တေ=သင်၏၊ မနော=
စိတ်သည်၊ (ပဝတ္တတိ=၏) ဣတိပိ=ဤသို့ ဤပုံလည်း၊ ဝါ=ဤမည်
ဤမည်သော အကြောင်းအရာကိုကြံစည်လျက်လည်း၊ တေ=၏၊ စိတ္တံ-
စိတ်သည်၊ (ပဝတ္တတိ=ဖြစ်နေ၏) ဣတိ=ဤသို့၊ (အာဒိသုတိ=ပြောဟော၏)၊
သော-ထိုပုဂ္ဂိုလ်သည်၊ ဗဟုံ များစွာ၊ ဝါ=များစွာသော စိတ်ကို၊ ဝါ=စိတ်နှင့်
၁။ဗဟို စေပိ အာဒိသတိ။ ။အဋ္ဌကထာမှ ပုံဝတ္ထု၌ ရှင်ဘုရင်၏လက်ထဲ
ဝှက်ထားသော အရာဝတ္ထုမှာ ပုလဲသုံးလုံးဖြစ်၏ဟု ပုရောဟိတ်ပုဏ္ဏားက
(အတိတ်နိမိတ်ကောက်၍)မလွဲတမ်းပြောလိုက်ခြင်းမှာ(သူတပါး၏စိတ်ကို
ပြောဟောခြင်း မဟုတ်သော်လည်း) အာဒေသနာပါဋိဟာရိယပင်ဖြစ်၏။
ထို့ကြောင့်“ဧဝံမ္ပိ တေ မနော”စသည်ဖြင့် သူတပါး၏ စိတ်ကို ပြောဟောခြင်း
တမျိုးကိုသာ အာဒေသနာပါဋိဟာရိယ အဖြစ်ဖြင့် ပါဠိတော်၌ တိုက်ရိုက်
ပြထားခြင်းသည် နိဒဿနနည်းမျှ(နမူနာလောက်မျှ)သာ ပြထားခြင်းဖြစ်၏
ဟု ဒီ, ပါထိကဝဂ်ဋီကာ(၆၇)၌ မိန့်ဆို၏။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ(ဒု၊ ၃၀၉)၌ကားဗဟုံ စေပိ အာဒိသတိ”၌
သူတပါးစိတ်မှတပါး အခြားသောအကြောင်းအရာများကို ပြောဟောခြင်းကိုပါ
ယူ၍ဖွင့်ထား၏၊(ဗဟို၏ နောက်ဆုံးအနက်ကို သတိပြုပါ)ထိုအဋ္ဌကထာအလို
သူတပါးစိတ်ကိုသာမက အခြားအကြောင်းအရာများကို ပြောဟောခြင်းကိုလည်း
ပါဠိတော်၌ တိုက်ရိုက်ပြရာရောက်ပါ၏။
