## PAGE 408

သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ကိလေသာတို့မှ ဝေး
ကွာတော်မူသည်အဖြစ်တည်းဟူသော ဤအကြောင်းကြောင့်လည်း၊ အရဟံ=
အရဟံမည်တော်မူ၏။ထို့နောက် “ဣတိပိ သော ဘဂဝါ”ကို ဂုဏ်တော်
ပုဒ်တိုင်းပုဒ်တိုင်းသို့ လိုက်၍အနက်ပေးရဦးမည်။ ဋီကာ၌ကား“သော
ဘဂဝါ”ဟူသော နိယမ၏ ရှည်လျားသော အနိယမဝါကျ အသစ်ထည့်၍
ဖွင့်ထားသေး၏] သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်။ ဣတိပိ=အမှားမပါ,
မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူခြင်း
တည်းဟူသော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ
မည်တော်မူ၏။ သော ဘဂဝါ-သည်၊ ဣတိပိ=ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး
စရဏ ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဤအကြောင်းကြောင့်လည်း၊
ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏၊ သော ဘဂဝါ=သည်၊
ဣတိပိ=ကောင်းမြတ်ဖြောင့်တန်း နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူခြင်း တည်း
ဟူသော ဤအကြောင်းကြောင့်လည်း၊ သုဂတော=သုဂတမည်တော်မူ၏၊
သော ဘဂဝါ-သည်၊ ဣတိပိ=(သတ္တလောက, သင်္ခါရလောက, ဩကာသ
လောက တည်းဟူသော)လောကသုံးပါးကို သိတော်မူခြင်းတည်းဟူသော
ဤအကြောင်းကြောင့်လည်း၊ လောကဝိဒူ=လောကဝိဒူ မည်တော်မူ၏။
သော ဘဂဝါ=သည်၊ ဣတိပိ=သီလ, သမာဓိ, ပညာစသော
ဂုဏ်တော်တို့ဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ထက် သာလွန်ထူးကဲ
တော်မူခြင်းဟူသော ဤအကြောင်းကြောင့်လည်း၊ အနတ္တရော- အနတ္တရ
မည်တော်မူ၏။ သော ဘဂဝါ=သည်၊ ဣတိပိ=ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို
ယဉ်ကျေးအောင် ဆုံးမတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း၊
ပုရိသဒမ္မသာရထိ= ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ ဤစာအုပ်စာမျက်နှာ
(၃၈၀)လည်းကြည့် သောဘဂဝါ-သည်၊ ဣတိပိ=နတ်လူတို့၏ ဆရာ
ဖြစ်တော်မူခြင်းဟူသော ဤအကြောင်းကြောင့် လည်း၊ ဝါ=ခေါင်းဆောင်ဦးစီး,
ကုန်သည်ကြီးပမာ, သတ္တဝါငယ်သား, နောက်ပါများကို,ဆိုးဝါးသန္ဓေ
အိုနာသေလမ်း, ခရီးကြမ်းမှ, အေးချမ်းမြေဋ, ပြည်နိဗ္ဗူသို့, ဆောင်ယူကယ်တတ်,
ဤအကြောင်းရပ်ကြောင့်လည်း၊ သတ္ထာ ဒေဝမနုဿာနံ= သတ္ထာ ဒေဝမနုဿာနံ
မည်တော်မူ၏၊ သော ဘဂဝါ=သည်၊ဣတိပိ=သစ္စာလေးပါးတရားကို
ကိုယ်တော်တိုင်သိ၍ ဝေနေယျသတ္တဝါ တို့ကိုလည်း တဆင့်သိအောင်
ဟောကြားတော်မူခြင်းတည်းဟူသော ဤအကြောင်း ကြောင့်လည်း၊ ဗုဒ္ဓေါ=
ဗုဒ္ဓမည်တော်မူ၏၊ သော ဘဂဝါ=သည်၊ ဣတိပိ=(ဣဿရိယ, ဓမ္မ, ယသ,
သိရီ, ကာမ, ပယတ္တ ဟူသော) ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်း
တည်းဟူသော ဤအကြောင်း ကြောင့်လည်း၊ ဘဂဝါ= ဘဂဝါမည်တော်မူ၏၊
ဘဂဝန္တ မည်တော်မူ၏၊

## PAGE 409

သောဘဂဝါ-သည်၊သဒေ၀ကံ=အောက် ကာမာဝစရ နတ်ပြည် ငါးထပ်ရှိ
နတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ သမာရကံ= မာရ်မင်း အမှူးထား,
ဝသဝတ္တီဘုံသားနတ်အပေါင်းနှင့်လည်း တကွဖြစ်သော၊ သဗြဟ္မကံ=
နှစ်ဆယ်သော ဗြဟ္မာအပေါင်းနှင့်လည်းတကွ ဖြစ်သော၊ ဣမံ လောကံ=
ဤသြကာသလောကကိုလည်းကောင်း၊ သဒေ၀ကံ စသော သုံးပုဒ်တို့၌ပါသော
ဒေဝ, မာရ, ဗြဟ္မတို့ဖြင့် … သတ္တလောကကို ယူပြီးဖြစ်ရကား “ဣမံ
လောကံ=(ထိုဒေဝ, မာရ, ဗြဟ္မဟူသော သတ္တလောကနှင့် တကွဖြစ်သော)
ဤသြကာသလောကကိုလည်းကောင်း” ဟူသော အနက်အဓိပ္ပါယ်သည်
ပြည့်စုံပြီးဖြစ်၏၊ ထို့ကြောင့် “ဣမံ လောကံ=ဤသြကာသလောက,
သတ္တလောကကို လည်းကောင်း” ဟု သတ္တလောကကို နောက်ထပ်ထည့်စွက်
အနက်ပေးဖွယ်မလို] သဿမဏ ဗြာဟ္မဏိ ၱ = သမဏ, ဗြာဟ္မဏတို့နှင့်လည်း
၁။သဿမဏဗြာဟ္မဏိ'ပဇံ သဒေဝမန။ ။(က)ဤမြတ်စွာဘုရား
သာသနာတော်၏ ဆန့်ကျင်ဘက်ရဟန်းပုဏ္ဏား။(ခ)ပါပါနိ သမယိတ္ထာတိ
သမဏော=မကောင်းမှုတို့ကို ငြိမ်းစေပြီးသော ရဟန္တာ။ပါပကေ အကုသလေ
ဓမ္မံ ဝါဟယိတ္ထာတိ ဗြာဟ္မဏော=မကောင်းမှုအကုသိုလ်တရားတို့ကို ပယ်ရှား
မျောသွားစေပြီးသော သူတော်ကောင်း၊ဤ(က)(ခ)အားလုံးကို ဤ၌“သမဏ
ဗြာဟ္မဏ”ဟုဆိုသည်။ သဟ သမဏဗြာဟ္မဏေဟိ ယာ ပဇာ ဝတ္တတီတိ
သဿမဏဗြာဟ္မဏီ။
သဒေဝမဿ၌ သမ္မုတိနတ်တည်းဟူသော လူမင်းကို ဒေဝဟုဆိုလို၏၊
ထိုလူမင်းနှင့် သမဏဗြာဟ္မဏတို့မှ ကြွင်းကျန်သော လူအားလုံးကို မနဿဟု
ခေါ်၏။ သာ ဒေဝမသေဟိ ယာ ပဇာ ဝတ္တတီတိ သဒေဝမနုဿာ။ထို့အပြင်
သဒေဝကံ၌ ဒေဝအရ အောက်ကာမာဝစရနတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းကို
ယူရပုံနှင့် သမာရကံ သဗြဟ္မကံတို့၌ မာရ, ဗြဟ္မပုဒ်တို့ အရကောက်ပုံကို
နိသျခန်းအနက်ပေးထားသည့်အတိုင်း သိနိုင်၏။ ယခုတဖန် အဋ္ဌကထာ၌
နောက်ထပ်အမျိုးမျိုး အရကောက်ပြသည့်အတိုင်း အနက်ပေး ပြဦးမည်။
သော(ဘဂဝါ)=သည်၊ သဒေ၀ကံ=အရူပါဝစရဗြဟ္မာတို့နှင့်လည်း
တကွဖြစ်သော၊ သမာရကံ=မာရ်မင်း၏ အာဏာပျံ့နှံ့ရာ ကာမာဝစရနတ်ပြည်
ခြောက်ထပ် နတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ သဗြဟ္မကံ=ရူပါဝစရဗြဟ္မာ
အပေါင်းနှင့်လည်း တကွဖြစ်သော၊ ဣမံ လောကံ=ဤသြကာသလောကကို
လည်းကောင်း။ သဿမဏဗြာဟ္မဏိ=ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ်
တို့နှင့်လည်း တကွဖြစ်သော၊ ဝါ=ရဟန်းပရိသတ်နှင့် တကွဖြစ်သော

## PAGE 410

တကွဖြစ်သော၊ ဝါ=ဤ သာသနာတော်၏ ဆန့်ကျင်ဘက် ရဟန်း ပုဏ္ဏား,
မကောင်းမှုတို့ကို ငြိမ်းစေပြီးသောရဟန္တာ, မကောင်းမှုတို့ကို ပယ်ရှား
ပုဏ္ဏားပရိသတ်လည်းဖြစ်သော၊ သဒေဝမနဿံ=သမ္မုတိနတ်တည်းဟူသော
လူမင်းပရိသတ်, အိမ်ပိုင်ရှင် ဂဟပတိပရိသတ်တို့နှင့်လည်း တကွဖြစ်သော၊
ဝါ=သမ္မုတိနတ်တည်းဟူသော လူမင်းပရိသတ်နှင့်တကွဖြစ်သော အိမ်ပိုင်ရှင်
ဂဟပတိပရိသတ်လည်းဖြစ်သော၊ ပဇံ=(ပရိသတ်လေးဖြာ)လူသတ္တဝါ
အပေါင်းကိုလည်းကောင်း၊ သဿမဏဗြာဟ္မဏာဒိဂ္ဂဟဏေန စတုပရိသ
ဝသေန မနူဿလောကော (ဂဟိတော)။အဋ္ဌကထာ]
ဤနည်း၌ ဝိမတိဋီကာ၊ ပ-၆၃-အလိုသဟ သမဏေဟိ ယာ(ဗြာဟ္မဏ်
ပဇာ)ဝတ္တတီတိ သဿမဏာ၊ သဿမဏာ စ သာ ဗြာဟ္မဏိ စာတိ
သဿမဏဗြာဟ္မဏီ၊ သဟ ဒေဝေဟိ ယာ(မနဿာ ပဇာ)ဝတ္တတီတိ
သဒေဝါး သုဒေဝါ စ သာ မဿာ စာတိ သဒေဝမဿာ”ဟု ဝိဂြိုဟ်ပြု
သို့သော် ဝိမတိနောက် မလိုက်ဘဲ ရှေးကအတိုင်းပင် ဝိဂြိုဟ်ပြု၍ သဿမဏ
ဗြာဟ္မဏီနှင့် သဒေဝမရှဿာဟူသော ဝိသေသနပုဒ်တို့အရ သူ့ပုဒ်ဆိုင်ရာဆိုင်ရာ
ပရိသတ် လောက်မျှကို ယူပြီးလျှင် ပဇံဟူသောဝိသေသျပုဒ်အရ အားလုံးပေါင်း
ပရိသတ်လေးပါးလုံးကို ယူလျှင်လည်း ဖြစ်နိုင်ပါ၏။
တနည်း -သဿမဏဗြာဟ္မဏိ=ရဟန်း, ပုဏ္ဏားလူမျိုးတို့နှင့်လည်း
တကွဖြစ်သော၊ ဝါ=ရဟန်းနှင့် တကွဖြစ်သော ပုဏ္ဏားလူမျိုးလည်းဖြစ်သော၊
သဒေဝမနဿံ=သမ္မုတိနတ်ဟူသော မင်းမျိုး, အိမ်ပိုင်ရှင် ဂဟပတိမျိုး,
လူဆင်းရဲသုဒ္ဒမျိုးတို့နှင့်လည်း တကွဖြစ်သော၊ ဝါ- သမ္မုတိနတ်ဟူသော
မင်းမျိုးနှင့်တကွဖြစ်သော ဂဟပတိမျိုး, သုဒ္ဒမျိုးလည်းဖြစ်သော၊
(ပဇံ=အမျိုးလေးဖြာ)လူသတ္တဝါအပေါင်းကိုလည်းကောင်း။သမ္မုတိ ဒေဝေဟိ
ဝါ သဟ မနဿလောကော] တနည်း-သဿမဏဗြာဟ္မဏိ=ရဟန်းပရိသတ်,
ပုဏ္ဏားပရိသတ် တို့နှင့်လည်း တကွဖြစ်သော၊ သဒေဝမနုဿံ= သမ္မုတိနတ်
ဟူသော မင်းပရိသတ်, ဂဟပတိပရိသတ်တို့နှင့်လည်း တကွဖြစ်သော၊
ပဇံ=ကြွင်းသော လူဆင်းရဲ သုဒ္ဒမျိုးနှင့် နဂါး, ဂဠုန်, ငရဲသားစသော
သတ္တဝါအပေါင်းကို လည်းကောင်း၊ စတုပရိသဝသေန အဝသေသသဗ္ဗ
သတ္တလောကော ဝါ]
တနည်း-သဿမဏဗြာဟ္မဏိ=ရဟန်း, ပုဏ္ဏားမျိုးတို့နှင့်လည်း
တကွဖြစ်သော၊ သဒေဝမပြု သမ္မုတိနတ်ဟူသော မင်းမျိုး, ဂဟပတိမျိုး,
သုဒ္ဒမျိုးတို့နှင့်လည်းတကွဖြစ်သော၊ ပဇံ=ကြွင်းသော နဂါး, ဂဠုန်,
