## PAGE 411

မျောသွားစေပြီးသော သူတော်ကောင်းတို့နှင့်လည်း တကွဖြစ်သော။
သဒေဝမနုဿံ=သမ္မုတိနတ် တည်းဟူသော လူမင်း, ထိုလူမင်းနှင့် သမဏ
ဗြာဟ္မဏတို့မှ ကြွင်းကျန်သော လူတို့နှင့်လည်း တကွဖြစ်သော၊ ပဒံ=သတ္တဝါ
အပေါင်းကိုလည်းကောင်း၊ သယံ=ကိုယ်တော်တိုင်၊ အဘိညာ (အဘိညာယ)=
ထူးချွန်လွန်ကဲသော သဗ္ဗညုတ ဉာဏ်ဖြင့် သိ၍၊ သစ္ဆိကတွာ=မျက်မှောက်ပြု၍၊
ပဝေဒေတိ=ဟောကြားသိစေတော်မူ၏။
သော (ဘဂ၀ါ)=သည်၊ ဓမ္မံ=ပရိယတ်တရားတော်ကို၊ အာဒိကလျာဏံ=
အောင်လည်းကောင်း၊ စာပိုဒ် (၃၀) အဝကုဇ္ဇသုတ်ကြည့်]။ပ။ ကေဝလ
ငရဲသားစသော သတ္တဝါအပေါင်းကိုလည်းကောင်းသမ္မုတိဒေဝေဟိ ဝါ သဟ
အဝသေသသဗ္ဗသတ္တလောကော ဝါ]
တနည်း-သဒေ၀ကံ=အရူပါဝစရ ဗြဟ္မာတို့နှင့်လည်း တကွဖြစ်သော၊
သမာရကံ=ခြောက်ဘုံကာမ, ဒေဝလွှမ်းမိုး, အုပ်စိုးပိုင်နင်း, မာရ်နတ်မင်းနှင့်
လည်း တကွဖြစ်သော၊ သဗြဟ္မကံ=လက်ချောင်းဆယ်လီ, တခုစီဖြင့်,
စုံညီစက္ကဝါ, တထောင်ကွာသို့, ရောင်ဝါလွှမ်းဖြာ, ဈာန်ချမ်းသာမှီး,
မဟာဗြဟ္မာကြီးနှင့်လည်းတကွဖြစ်သော၊ ဣမံ လောကံ= ဤသြကာသ
လောကကိုလည်းကောင်း၊ သဿမဏဗြာဟ္မဏိ´= ဤသာသနာတော်၏
ဆန့်ကျင်ဘက် ရဟန်းပုဏ္ဏားတို့နှင့်လည်း တကွဖြစ်သော၊ သဒေဝမနူဿံ-
သမ္မုတိနတ် တည်းဟူသော လူမင်း, ထိုလူမင်းတို့နှင့် သမဏဗြာဟ္မဏတို့မှ
ကြွင်းကျန်သော လူတို့နှင့်လည်း တကွဖြစ်သော၊ ပဇံ=သတ္တဝါအပေါင်းကို
လည်းကောင်း။ [ဤနည်းမှာ ဤသုတ်အဋ္ဌကထာ၌ မပါချေ၊ ပါရာဇိကဏ်
အဋ္ဌကထာ စသည်၌“အပိစေတ္ထ”စသည်ဖြင့် ဖွင့်သည်။]
တနည်း-သဒေဝကံ=နတ်တို့နှင့်တကွဖြစ်သော၊ ဣမံ လောကံ=
ဤကြွင်းသော သတ္တလောကနှင့် ဩကာသလောကကိုလည်းကောင်း၊
သမာရကံမာရ်မင်းနှင့်တကွဖြစ်သော၊ ဣမံ လောကံ-ဤကြွင်းသော
သတ္တလောကနှင့် ဩကာသလောကကိုလည်းကောင်း၊ သဗြဟ္မကံ=(၂၀)သော
ဗြဟ္မာတို့နှင့် တကွဖြစ်သော၊ ဣမံ လောကံ= လည်းကောင်း။ သဿမဏ
ဗြာဟ္မဏိ=ရဟန်းပုဏ္ဏားတို့နှင့် တကွဖြစ်သော။ ပဇံ=ကြွင်းသော သတ္တဝါ
အပေါင်းကိုလည်းကောင်း။ သဒေဝမ ှုဿံ= သမ္မုတိနတ် ဟူသော လူမင်း,
ထိုလူမင်းနှင့် သမဏဗြာဟ္မဏတို့မှ ကြွင်းသော လူတို့နှင့် တကွဖြစ်သော။
ပဇံ=ကြွင်းသော သတ္တဝါအပေါင်းကိုလည်းကောင်း။ ပေါရာဏာဟု စသော
အဖွင့်]

## PAGE 412

ပရိပုဏ္ဏိ=လည်းကောင်း၊ ပရိသုဒ္ဓံ=ထက်ဝန်းကျင် စင်ကြယ်အောင်
လည်းကောင်း၊(ပစ္စည်းလာဘ်မျိုး, မမျှော်ကိုးဘဲ,အကျိုးလိုလား,မေတ္တာပွားယှဉ်,
ထက်ဝန်းကျင် စင်ကြယ်အောင်လည်းကောင်း) [အဝကုဇ္ဇသုတ်၌ကား
ထိုသုတ်အဖွင့်အတိုင်း “ပရိသုဒ္ဓံ=အသိမခက်, ရောယှက်မှုကင်း, ရှင်းလင်း
ပေါ်လွင်အောင် လည်းကောင်း”ဟု အနက်ပေးခဲ့သည်၊] ဒေသေတိ-
ဟောတော်မူ၏၊ (ဧဝံ= အောင်၊ ဒေသန္တော စ=ဟောကြားတော်မူလျှင်လည်း)
ဗြဟ္မစရိယံ= (သိက္ခာ သုံးရပ်ဖြင့် သွင်းယူအပ်သော) မြတ်သောအကျင့်ဖြစ်သော
သာသနာ တော်ကို၊ ဝါ =မြတ်သော ဘုရားအစရှိသော သူတော်ကောင်းတို့၏
သိက္ခာ သုံးရပ်ဖြင့် သွင်းယူအပ်သော အကျင့်ဖြစ်သော သာသနာတော်ကို၊
ပကာသေတိ= ထင်ရှားပြတော်မူ၏၊ ဣတိ=ဤသို့၊ ကိတ္တိသဒ္ဒါ-သည်၊
အဇ္ဈဂ္ဂတော=ပြီ၊ ဣတိ=သို့၊ အသောသုံခေါ=ကြားသိကြရကုန်ပြီးသည်သာ)
၁။“အမျှဂ္ဂတော, အဿာသုံ ”တို့၏ အာဏာရနယ်ပယ်
သာရတ္ထဋီကာ(ပ-၃၃၆)ဝိမတိ(ပ-၆၆)စသည်တို့နှင့် ရှေးဆရာတော်တို့သည်
အဇ္ဈဂ္ဂတောနှင့် အသောသုံတို့၏ အာကာရနယ်ပယ်သတ်မှတ်ပုံ အယူအဆ
ခမျိုးမျိုး ကွဲပြားလျက်ရှိ၏။ ဒဿနမတ္တမ္ပိ သာဓု ဟောတီတိ ဧဝမဇ္ဈာသယံ
ကတွာဟူသော အဋ္ဌကထာ၌“ဒဿနံ ဟောတီတိ”ဟူသော ပါဠိတော်မှ
ဣတိ၏စပ်ရာကို“ဧဝမဇ္ဈာသယံ ကတွာ”ဟု အသစ်ထည့်ဖွင့်ထား၏။
ထို့ကြောင့် သာရတ္ထ၌လည်းကောင်း, ရူပသိဒ္ဓိဋီကာ(ကမ္မပ္ပဝစနီယယုတ္တေသုတ်)
၌လည်းကောင်း ထိုအာကာရ၏ နယ်ပယ်ကို “ဒဿနံ ဟောတိ”တိုင်အောင်
မသတ်မှတ်တော့ဘဲ–ဗြဟ္မစရိယံ ပကာသေတိ”မှာပင် သတ်မှတ်ကာ ထိုနေရာ၌
ဣတိပုဒ်ကို ဆောင်ယူ၍ အဗ္ဗုဂ္ဂတောသို့ ပြန်လှည့်စပ်တော်မူကြ၏။
ဝိမတိဋီကာ၌ကား အဇ္ဈဂ္ဂမနာကာရ၏နယ်ပယ်ကို သစ္ဆိကတွာ
ပဝေဒေတိ၌ သတ်မှတ်၏။ သဝနာကာရ၏ နယ်ပယ်ကိုကား ဒဿနှံ
ဟောတိရောက်မှ အဆုံးသတ်၏။ ပါရာဇိကဏ်ဂဏ္ဌိသစ်၌မူ ဒဿနံ ဟောတိ၌
အဗ္ဗုဂ္ဂမနာကာရကို လည်းကောင်း, ထိုအဖွဲ့ဂ္ဂမနာကာရ၏ အဆုံး၌
သဝနာကာရကိုလည်းကောင်း သတ်မှတ်တော်မူ၏။ ဤနိဿယခန်း၌
သာရတ္ထနှင့် ထိုဂဏ္ဌိသစ်နည်းအားဖြင့် နှစ်နည်းအနက်ပေးထားသည်။
ပါရာဇိကဏ်အဋ္ဌကထာ(ပ-၉၈)၌ သဒေ၀ကံ သမာရကံစသည်
တို့ကိုလည်း အဗ္ဗုဂ္ဂမနာကာရအတွင်း၌ ထည့်သွင်းကြောင်းကို“အပိစေတ္ထ။ပ။
သဒေဝမနုဿန္တိ အဗ္ဗုဂ္ဂတော”ဟူသောစကားဖြင့် ထင်ရှား၏။ ထို့ကြောင့်
“ဣတိပိ သော ဘဂဝါ အရဟံ။ပဗုဒ္ဓေါ ဘဂ၀ါ"ဟူသော ဂုဏ်တော်ကိုးပါး

## PAGE 413

တထာရူပါနံ=ထိုအရှင်ဂေါတမကဲ့သို့ သဘောရှိကုန်သော၊ အရဟတံ
ရဟန္တာပုဂ္ဂိုလ်တို့ကို၊ ဒဿနံ=ဖူးမြင်ရခြင်းမျှသည်လည်း၊ ဝါ=ဖူးမြင်ရရုံ
ကလေးမျှသော်မှလည်း၊ သာဓု ခေါ ပန=ကောင်းလှပေသည်သာ၊ (မျက်မှောက်,
တမလွန့်, တဖန် ပရမတ် နိဗ္ဗာန်ဓာတ်ဟု, သုံးရုပ်စီးပွား, ချမ်းသာများအောင်,
ဆောင်နိုင်ပေတတ်, ကောင်းမြတ်လှပေသည်သာ၊) ဣတိ=ဤသို့၊
(အဇ္ဈာသယံ=အလိုဆန္ဒကို၊ ကတွာ=ပြု၍၊) [အဋ္ဌကထာအတိုင်း ထိုနှစ်ပုဒ်ထည့်၍
အနက်ပေးသည်၊ ၎င်းကို ဥပသင်္ကမိ'သု၌စပ်ပါ။]
[တနည်း-ဗြဟ္မစရိယံ=ကို၊ ပကာသေတိ=၏၊ တထာရူပါနံ=ကုန်သော၊
အရဟတံတို့ကို၊ ဒဿနံ=လည်း၊ သာဓု ခေါ
ပန=သာ၊ ဣတိ=သို့၊
ကိတ္တိသဒ္ဓေါ=သည်၊ အဗ္ဗုဂ္ဂတော = ပြီ၊ ဣတိ=သို့၊ အာသံ ခေါ=သား
ဣတိ=သို့၊ သုတွာ=ကြားကြကုန်ပြီး၍၊ တထာရူပါနံ=ကုန်သော၊ အရဟတံ=
တို့ကို၊ ဒဿနံ့=လည်း၊ သာဓု ခေါ ပန=သာ၊ ဣတိ=သို့၊ အဇ္ဈာသယံ=ကို၊
ကတွာ=ပြုပြီး၍။]
အထ ခေါ=ကြားသိကြပြီးရာ ထိုအခါ၌၊ ဝေနာဂပုရိကာ= ဝေနာဂပုရ
ရွာသားဖြစ်ကုန်သော၊ ဗြာဟ္မဏဂဟပတိကာ=တို့သည်၊ ယေန=အကြင်အရပ်၌၊
အဆုံး၌ အမျှဂ္ဂမနာကာရ မကုန်ဆုံးသေးကြောင်းနှင့် ဗုဒ္ဓေါ ဘဂဝါတိဟု
ဣတိသဒ္ဒါမရှိသင့်သည်မှာ သတိပြုစရာဖြစ်၏။ သို့သော် ဤသုတ် အင်္ဂုတ္တိုရ်
အဋ္ဌကထာနှင့် မူလပဏ္ဏာသအဋ္ဌကထာ၊ ဒု-၂၂၈(သာလေယျကသုတ်အဖွင့်)
တို့၌ကား“အဇ္ဈဂ္ဂတောတိ သဒေဝကံ လောကံ အဇ္ဈောတ္ထရိတွာ ဥဂ္ဂတော၊
ကိန္တ? ဣတိပိ သော ဘဂဝါပ။ဗုဒ္ဓေါ ဘဂဝါတိ” ဟူ၍ ဖွင့်ထား၏၊
ထိုအဖွင့်အတိုင်းဆိုလျှင်ကား ပါဠိတော်ဝယ်“ဗုဒ္ဓေါ ဘဂဝါ” ဟူသော
ဂုဏ်တော်ပုဒ်များအဆုံး၌ အဖွဲ့ဂ္ဂမနာကာရကုန်ဆုံး၍“ဗုဒ္ဓေါ ဘဂဝါတိ”ဟု
ဣတိသဒ္ဒါ တိုက်ရိုက် ရှိရမည်ကဲ့သို့ဖြစ်နေလေ၏။ သို့သော် ထိုနေရာ၌
အဖွဲ့ဂ္ဂမနာကာရ မကုန် ဆုံးသေး၍ ဣတိသဒ္ဒါလည်း တိုက်ရိုက်မရှိသင့်သည်
မှန်သော်လည်း အဖွဲ့ဂ္ဂမနာကာရ ဝါကျ တချို့တဝက်သို့ ရောက်နေသော“ဗုဒ္ဓေါ
ဘဂဝါ”၏ နောက်၌ ဣတိသဒ္ဒါကိုဆောင်ယူထည့်စွက်၍ နမူနာအနေဖြင့်
အနက်ပြန်ဆို ပြလို၍ အဋ္ဌကထာ၌ ယင်းသို့ဖွင့်ထားသည်ဟု ယူဆနိုင်ပါသည်။
သို့မဟုတ် အဋ္ဌကထာမှ ထိုဣတိသဒ္ဒါကို အာဒိအနက်ဟောကြံပြီးလျှင်“ဘဂဝါဒ
ဘဂဝါ(ဘဂဝန္တ )မည်တော်မူ၏၊ ဣတိ=ဤသို့အစရှိသည်ဖြင့်၊ အဗျဂ္ဂတော=
နတ်နှင့်တကွလောကအားလုံး လွှမ်းခြုံဖုံးလျက် ပျံ့နှံ့တက်ပြီ”ဟူ၍
ထိုအဋ္ဌကထာကို အနက်ပြန်ဆိုသင့်၏။
