## PAGE 417

ဝါ=မျက်နှာတဖက်မှ ပေါ်ထွက်သော အမွေးပန်းပွင့်ရှိသော သားမွေး
အခင်းလည်းကောင်း၊ ဧကန္တ လောမီ=မျက်နှာတဖက်မှ ပေါ်ထွက်သော အမွေး
အဆာရှိသော သားမွေးအခင်းလည်းကောင်း၊ ဝါ= မျက်နှာနှစ်ဖက်တို့မှ
ပေါ်ထွက်သော အမွေးပန်းပွင့်ရှိသော သားမွေးအခင်း လည်းကောင်း။
ကဋိသံ=ပိုးချည်အတွင်း ရွှေချည်သွင်း၍ ရက်လျက် ရတနာချည်တို့ဖြင့်
ချုပ်အပ်သော အခင်းလည်းကောင်း၊ ဝါ=ပိုးချည်, လျှော်ချည်တို့ဖြင့်ရက်၍
ရတနာချည်တို့ဖြင့် ချုပ်အပ်သော အခင်းလည်းကောင်း၊ ကောသေယျံ=
ရတနာချည်တို့ဖြင့်ချုပ်အပ်သော ပိုးချည်အခင်းလည်းကောင်း၊ ကုတ္တကံ=
တကျိပ်ခြောက်ယောက်သော ကချေသည်မတို့ ရပ်၍ကလောက်သော
သားမွေးအခင်းလည်းကောင်း၊ ဟတ္ထတ္ထရံ=ဆင်ကျောကုန်းပေါ်၌ ခင်းအပ်သော
အခင်းလည်းကောင်း၊ဟတ္ထိ+အတ္ထရ]ဝါ=ဆင်ရုပ်အမှတ်အသားဖြင့်
ဆန်းပြားစွာချုပ်ရက်အပ်သော အခင်းလည်းကောင်း၊ အဿတ္ထရံ-
မြင်းကျောကုန်းပေါ်၌ ခင်းအပ်သော အခင်းလည်းကောင်း၊ ဝါ-မြင်းရုပ်
အမှတ်အသားဖြင့် ဆန်းပြားစွာ “ချုပ်ရက်အပ်သော အခင်းလည်းကောင်း၊
ရထတ္ထရံ=ရထားပေါ်၌ ခင်းအပ်သော အခင်းလည်းကောင်း၊ အဇိနပ္ပဝေဏီ=
(ခုတင်ညောင်စောင်းနှင့် ကိုက်ညီအောင်) သားကောင်အရေ အထပ်ထပ်ချုပ်စပ်
အပ်သော အခင်းလည်းကောင်း၊ ဝါအထပ်ထပ်သော သားရေအခင်း
လည်းကောင်း၊ကဒလိမိဂပဝရပစ္စတ္ထရဏံ= ဝံပိုင်အရေဖြင့် ပြုလုပ်အပ်သော
၁။အဇိနသဒ္ဓါ၏အနက်စိစစ်ချက်။ ။ အဇိနမှီ ဟညာ ဒီပိ(အရေကြောင့်
သစ်ကို သတ်အပ်၏)နာဂေါ ဒန္တေ ဟိ ဟညတေ။မဟာနိပါတ် သုဝဏ္ဏသာမ
ဇာတ်။ ဓမ္မံတု အဇိနံပျထ။ အဘိဓာန်၊ ၄၄၂-ဂါထာ။The(hair) skin of a
tiger, lion, elephant &c.especially of a black antelope (ကျား,
ခြင်္သေ့, ဆင်စသော သားကောင်တို့၏အရေ။ အထူးအားဖြင့် မည်းနက်သော
သားကောင်အရေ)။သက္ကတအင်္ဂလိပ်အဘိဓာန်။
ဤသို့အားဖြင့်ပိဋကကျမ်းဂန်တို့နှင့် အဘိဓာန်တို့၌ အဇိနသဒ္ဒါကို
သားကောင်အရေဟူသော အနက်ဟောအဖြစ်ဖြင့်သာ တွေ့ရပြီး သစ်နက်
မည်သော သားကောင်အနက်ဟောအဖြစ်ဖြင့် မတွေ့ရပေ။ (မဟာဗုဒ္ဓဝင်၊
ပ’တွဲ၊ ပ-ပိုင်း၊ ဂီ’၌လည်း ကျယ်ဝန်းစွာ စိစစ်ထား၏) ထို့ကြောင့်“အဇိနာနီတိ
အဇိနမိဂစမ္မာနိ”ဟူသော ဤသုတ်အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ၂၂၁-၌“အဇိန+

## PAGE 418

:
မြတ်သော အခင်းလည်းကောင်း၊စာပိုဒ် ၃၅-လည်းကြည့်]သဥတ္တရစ္ဆဒံ°=
နီမြန်းသော အိပ်ရာလွှမ်းအခင်းနှင့်တကွ ဖြစ်သော၊ ဝါ=နီမြန်းသောအိပ်ရာ
မိဂစမ္မာနိ”ဟု ပုဒ်ခွဲပြီးလျှင် မိဂစမ္မဟူသော နောက်ပုဒ်ဖြင့် အဇိနဟူသော
ရှေ့ပုဒ်၏“သားကောင် အရေ”ဟူသော အနက်ဟောကြောင်းကို သိစေသည်ဟု
ကြံရာ၏။ ဣတိ စိတ္တမနော ဟူသော တတိယ ပါရာဇိကသိက္ခာပုဒ်ပါဠိ၌
မနသဒ္ဒါဖြင့် စိတ္တသဒ္ဒါ၏ စိတ်အနက်ဟောကြောင်း သိစေသကဲ့သို့တည်း။
ပဝေဏီ=အထပ်ထပ် အလွှာလွှာ ဖြစ်သောအခင်း၊ အဇိနေဟိ အဇိနစမ္မေဟိ
(အဇိနဟုခေါ်အပ်သော သားရေ တို့ဖြင့်)ကတာ ပဝေဏီ အဇိနပ္ပဝေဏီ။
၁။သဥတ္တရစ္ဆဒ် ဥဘတောလောဟိတကူပာနံ။ ။ သဥတ္တရစ္ဆဒံ၌ ဥတ္တရစ္ဆဒ
ပုဒ်၏ ဖြစ်သင့်သောအနက် အဆုံးအဖြတ်ကို စာပိုဒ်-၃၅-ဟတ္ထကသုတ်၌
ရေးခဲ့ပြီ။ ဤဝေနာဂပုရသုတ်၌ မဟာသယနရေတွက်သောအခါ နိဿယ
ခန်း၌ အနက်ပေးခဲ့သည့်အတိုင်း ဥတ္တရစ္ဆဒ(နီမြန်းသော အိပ်ရာလွှမ်းအခင်း)
ကို မဟာသယနတခုအဖြစ်ဖြင့်လည်းကောင်း, လောဟိတကူပဓာန(နီမြန်းသော
ခေါင်းအုံး ခြေအုံးနှစ်လုံး)ကို မဟာသယနတခု အဖြစ်ဖြင့်လည်းကောင်း
ရေတွက်ပါ။ ထိုခေါင်းအုံး ခြေအုံးသည်လည်း ဦးခေါင်းနှင့် ခြေထောက်၏
အောက်၌ ခုရ, ခံရ, ခင်းရသောကြောင့် မဟာသယနပင်ဖြစ်၏။ဤနေရာဝယ်
ထိုသဥတ္တရစ္ဆဒပုဒ်နှင့် ဥဘတော လောဟိတကူပဓာနပုဒ်တို့ကို အနက်ပေး
ကြရာ၌ စိစစ်ဖွယ် ရှိသေး၏။
ဟေဋ္ဌာ ရတ္တဝိတာနဿ၊ ဒွိဓာရတ္တုပဓာနကံ။
အကပ္ပိယမိဒံသစ္စံ၊ဒုက္ကဋံ ပရိဘုဉ္ဇတော။(ဝိနယဝိနိစ္ဆယ၊၂၆၆၁-ဂါထာ)
ရတ္တဝိတာနဿ=ဝတ်ပန်း စသည်တို့ဖြင့် ဆိုးအပ်သော ဗိတာန်နီ(အိပ်ရာ
လွှမ်းအခင်းနီ)၏၊ ဟေဋ္ဌာ=အောက်၌၊(အတ္ထတံ-အပ်စပ်သော အခင်းတို့ဖြင့်
ခင်းအပ်သော၊ သယနာသနဉ္စ=အိပ်ရာထိုင်နေရာ ညောင်စောင်း, ခုတင်,
အင်းပျဉ်သည်လည်းကောင်းစသည်ဖြင့် ဂါထာအနက်ဆိုပါ။
ဤဂါထာနှင့် ၎င်း၏ဋီကာကိုနည်းမှီး၍ အနက်ပေးလျှင်“သဥတ္တရစ္ဆဒံ=
နီမြန်းသော အိပ်ရာလွှမ်းအခင်းနှင့် တကွဖြစ်သော အိပ်ရာနေရာထိုင်ခင်း
လည်းကောင်း”ဟု အိပ်ရာနေရာထိုင်ခင်းကို ပဓာန အဘိဓေယျတ္ထယူ၍
အနက်ပေးရပေလိမ့်မည်။ထို့အတူ“ဒွိဓာရတ္တူပဓာနကန္တ သီသပ
ပါဒပသော စာတိ ဥဘတောပ ပညတ္တရတ္တဗိမ္မောဟနဝန္တ
သယနာသနံ”ဟူသော ၎င်းဂါထာဋီကာ အဖွင့်အတိုင်းဆိုလျှင်“ဥဘတော
လောဟိတကူပဓာနံ= ခေါင်းရင်း ခြေရင်း နှစ်ဖက်တို့၌ နီမြန်းသောခေါင်းအုံး

## PAGE 419

လွှမ်းအခင်းအပါအဝင်ဖြစ်သော၊ မဟာသယနတခု အဖြစ်ဖြင့် ပါဝင်သောဟူလို
ဥဘတောလောဟိတကူပဓာနံ= ခေါင်းရင်း,ခြေရင်းနှစ်ဖက်တို့၌ နီမြန်းသော
ခြေအုံးရှိသော အိပ်ရာနေရာထိုင်ခင်းလည်းကောင်း”ဟု အနက်ပေးရလိမ့်မည်။
သီလက္ခန် ပါဠိတော်နိဿယသစ်(နှာ-၆၀)၌လည်း“သဥတ္တရစ္ဆဒံ=အထက်၌
ကြက်အပ်သော ဗိတာန်နီနှင့်တကွဖြစ်သော အခင်းလည်းကောင်း”စသည်ဖြင့်
ထိုနှစ်ပုဒ်အရ အခင်းကိုယူ၍အနက်ပေးထား၏။
ထိုပြခဲ့သော အနက်များအတိုင်းဆိုလျှင် ဥတ္တရစ္ဆဒနှင့် အိပ်ရာထိုင်ခင်း
ဟူသော ပစ္စည်းနှစ်မျိုးသည်လည်းကောင်း, လောဟိတကူပဓာနနှင့် အိပ်ရာ
ထိုင်ခင်းဟူသော ပစ္စည်းနှစ်မျိုးသည်လည်းကောင်း(ဤသို့သော ပစ္စည်းနှစ်မျိုး,
နှစ်မျိုးသည်)မဟာသယနဖြစ်၏ဟု ဆိုလိုသကဲ့သို့ ဖြစ်နေလေ၏။သို့ဖြစ်လျှင်
ဥတ္တရစ္ဆဒ(နီမြန်းသော အိပ်ရာလွှမ်းအခင်း), လောဟိတကူပဓာန(နီမြန်းသောအုံး
နှစ်လုံး)တို့နှင့် တွဲဖက်၍ ခင်းရမည့် ထိုအိပ်ရာထိုင်ခင်းတို့ဟူသည် ဘယ်ဟာ
ဘယ်ဟာတွေနည်း။ ထိုအိပ်ရာထိုင်ခင်းတို့သည် ဥတ္တရစ္ဆဒ လောဟိတ
ကူပဓာနတို့နှင့် တွဲဖက်၍ သုံးစွဲသည့်အခါကျမှသာ မဟာသယန ဖြစ်သလော၊
မတွဲဖက်ဘဲ သူတို့ချည်းဆိုလျှင် မဟာသယနမဟုတ်ဘူးလော စသည်ဖြင့်
လောပေါင်းများစွာ မသေမချာ ဇဝေဇဝါတွေ ဖြစ်လာနိုင်၏။
ထို့အပြင် ဝိနည်းမဟာဝါ စမ္မက္ခန္ဓကအဋ္ဌကထာ(၃၆၉)သီလက္ခန်ဋ္ဌ(၈၄)
အင်္ဂုတ္တိုရ်ဋ္ဌ(ဒု ၁၁၆၊ ၁၇၁)စသည်တို့၌ ဂေါနက, စိတ္တကစသည်တို့၌သာ
အခင်းကိုယူဘို့ရာ“မဟာကောဇဝေါ။ ဥဏ္ဏာမယတ္ထရကော၊ ပစ္စတ္ထရဏံ”စသည်
ဖြင့် ဖွင့်ပြ၍ သဥတ္တရစ္ဆဒနှင့် ဥဘတောလောဟိတကူပဓာနဟူသော နောက်ဆုံး
နှစ်ပုဒ်၌ကား ထိုကဲ့သို့မဖွင့်ပြပါ။ သေတဝိတာနမ္ပိ ဟေဋ္ဌာ အကပ္ပိယပစ္စတ္ထရဏေ
သတိ နဝဋတိ။ အသတိ ပန ဝဋ္ဋတိ-ဟူသော အဋ္ဌကထာအဖွင့်သည်လည်း
သဥတ္တရစ္ဆဒ၏ မူရင်းပုဒ်နက်(အဘိဓေယျတ္ထ)ကို ဖွင့်သော စကားမဟုတ်။
မူရင်းပုဒ်နက်ထက် ပိုလွန်၍ ဖြစ်သင့်သော အနက်ကိုယူ၍ ဖွင့်ပြသော
စကားသာတည်း။ သို့ဖြစ်၍ ထိုစကားနှင့်အလားတူ ဂါထာစီထားသော“ဟေဋ္ဌာ
ရတ္တဝိတာနဿ”ဟူသော ဝိနယဝိနိစ္ဆယကိုကြည့်၍ သဥတ္တရစ္ဆဒပုဒ်ကို
အနက်မပေးသင့်ပါ။
ထို့ကြောင့် ဤကျမ်းနိဿယခန်း၌ ခုဒ္ဒသိက္ခာဋီကာအဖွင့်အတိုင်း
သဥတ္တရစ္ဆဒပုဒ်ကို ဥဘတောလောဟိတကူပဓာနံ၏ ဝိသေသနပြုလုပ်၍
အနက်ပေးခဲ့ပါသည်။ ဝိဂြိုဟ်ကိုလည်းသဟ ဥတ္တရစ္ဆဒေန ယံ ဥပဓာနံ
ဝတ္တတိတိ သဥတ္တရစ္ဆဒံ"ဟုပြု။ လောဟိတကံ ဥပဓာနံ လောဟိတကူပဓာနံ
