## PAGE 420

'
ခေါင်းအုံးခြေအုံး နှစ်လုံး လည်းကောင်း၊ (ဣတိ= ဤသည်တို့တည်း)ဘဝံ
ဂေါတမော=အရှင်ဂေါတမ သည်၊ ဧဝရူပါနံ= ဤသို့သဘောရှိကုန်သော၊
ထို့နောက် ဥဘတော ဥဘယတ္ထ ဌာနေသုလောဟိတကူပဓာနံ ဥဘတောလောဟိ
တကူပဓာနံ ဟု အလုတ္တတပ္ပုရိသ်သမာသ်တွဲပါ။ ဗဟုဗွီဟိသမာသ်တွဲဖို့
နှင့် သယနာသန(ညောင်စောင်း, ခုတင်, အိပ်ရာခင်း)ကို အရကောက်ဖို့
မလိုတော့ပါ။
သလောဟိတဝိတာနဉ္ဇူ၊ဘတောရတ္တုပဓာနကံ။ခုဒ္ဒသိက္ခာ၊ ၁၈၉ ဂါထာ]
ဤဂါထာ၌ သဥတ္တရစ္ဆဒံ၏ နေရာ၌ သလောဟိတဝိတာနံဟု အနက်တူ
ပါဠိသုံးနှုန်းထားခြင်းမျှသာ ထူး၏။ သလောဟိတဝိတာနန္တိ ဧတံ “ဥဘတော
ရတ္တူပဓာနက”န္တိမဿ ဝိသေသနံ၊ လောဟိတဝိတာနေန သဟ ဝတ္တမာနန္တ
သမာသော။ပ။ရက္ခံ ဥပဓာနံ သီသူပဓာနံ ပါဒူပဓာနာ ရတ္တူပဓာနကံ၊
ဥဘတော မဉ္စဿ သီသပါဒနိက္ခိပနဋ္ဌာနေ ရတ္တုပဓာနကန္တိ အလော
သမာသော။ · ၎င်းဋီကာသစ်။
ပြခဲ့သော စိစစ်ချက်များ ပို၍ခိုင်လုံအောင် ထပ်မံ၍စိစစ်ဦးအံ့-
အာသန္ဒီ ပလ္လင်္ကာစသော ရှေးရှေးပုဒ်တို့ကို အနက်ပေးရာ၌“အာသန္ဒီ=
လည်းကောင်း၊ ပလ္လင်္ကာ=လည်းကောင်းစသည်ဖြင့်“လည်းကောင်း”ဟု
အဆုံးသတ်သကဲ့သို့ပင် သီလက္ခန်နိဿယစသည်တို့၌ သဥတ္တရစ္ဆဒံကို
အနက်ပေးသောအခါ “သဥတ္တရစ္ဆဒံ=လည်းကောင်း”ဟု အဆုံးသတ်၍
အနက်ပေးထား၏။သို့သော် “သဝိတက္ကာ ဓမ္မာ”ဟူသော ပါဠိတော်၌
သဝိတက္ကာပုဒ်ကဲ့သို့ပင် သဥတ္တရစ္ဆဒပုဒ် သည်လည်း ဝိသေသနပုဒ်ဖြစ်သည်
သာမက သူ၏ဝိသေသျပုဒ်လည်း တိုက်ရိုက်ပါရှိနေသောကြောင့် “သဥတ္တရစ္ဆဒံ=
လည်းကောင်း”ဟု အဆုံးမသတ်သင့်သေးပါ။“သဥတ္တရစ္ဆဒံ=နီမြန်းသော
အိပ်ရာလွှမ်းအခင်းနှင့်တကွဖြစ်သော” ဟု ဝိသေသန .. အနက်ပေးကာ
သူ၏ ဝိသေသျဆီသို့ လှမ်းမျှော်ကြည့် လိုက်ရဦးမည်ဖြစ်၏။ သူ၏ဝိသေသျ
(အဘိဓေယျတ္ထ)မှာလည်း သိသာပေါ်လွင်နေပြီး ဖြစ်သောကြောင့်
အဋ္ဌကထာတို့၌ အဘိဓေယျတ္တကို အထူးမဖွင့်တော့ဘဲ “သဥတ္တရစ္ဆဒန္တိ
သဟ ဥတ္တရစ္ဆဒေန၊ ဥပရိ ဗဒ္ဓေန ရတ္တဝိတာန သန္တိ အတ္ထော”ဟူသာ
ဖွင့်ပြတော့၏။ ထိုသဥတ္တရစ္ဆပုဒ်၏ ဝိသေသျ(အဘိဓေယျတ္ထ) မှာ
ဖေါ်ပြလတ္တံ့သော ပါဠိတော်များအတိုင်း အမျိုးမျိုးပြောင်းလဲလျက်ရှိ၏။
"
(၁)သေယျထိဒံ ? အာသန္ဓိ ပလ္လင်္ကာ(အာသဋ္ဌိ ပလ္လကံ)စသည်ဖြင့်
ဥစ္စာသယန, မဟာသယန အရေအတွက်ကို ပေါ်လွင်အောင် ထုတ်ပြသော
ဤဝေနာဂပုရသုတ်နှင့် ဝိနည်းမဟာဝါပါဠိတော်(နှာ၊၂၈)သီလက္ခန် ပါဠိတော်(၇)

## PAGE 421

ဥစ္စာသယန, မဟာသယနာနံ= မြင့်သောနေရာ, အလျားအနံကြီးမား
ခမ်းနားဆန်းကြယ်သော အိပ်ရာခင်းတို့ကို၊ နိကာမလာဘီ= အလိုရှိတိုင်း
ရနိုင်ခြင်းရှိသည်။ အကိစ္ဆလာဘီ=အခက်အခဲမရှိ ရနိုင်ခြင်းရှိသည်၊
အကသိရလာဘီ=မနည်းမရှားများပြားစွာ ရနိုင်ခြင်းရှိသည်၊ ဟောတိ
နူန=ဖြစ်သည်ထင်ပါ၏၊ ဣတိ=ဤသို့၊ (အဝေါစ-လျှောက်ပြီ။)
စသည်တို့၌ … ဥဘတောလောဟိတကူပဓာနံဟူသော အနီးကပ်ဆုံးသော
နောက်ပုဒ်သည် ထိုသဥတ္တရစ္ဆဒပုဒ်၏ ဝိသေသျဖြစ်၏။ ထို့ကြောင့်
ယင်းပါဠိတော်၌“သဥတ္တရစ္ဆဒံ=ဥတ္တရစ္ဆဒနှင့်တကွဖြစ်သော၊ ဝါ=(မဟာသယန
တခု အဖြစ်ဖြင့်)ဥတ္တရစ္ဆဒ အပါအဝင်ဖြစ်သော၊ ဥဘတော လောဟိတကူပဓာနံ=
ခေါင်းရင်း ခြေရင်းနှစ်ဖက်တို့၌ နီမြန်းသော ခေါင်းအုံးခြေအုံး နှစ်လုံး
လည်းကောင်း”ဟု အနက်ဆိုရ၏။
(၂)မဟာသယန အရေအတွက်ကို ပဓာနမထားသော တိကနိပါတ်စာပိုဒ်
(၃၅)ဟတ္ထကသုတ်၌လည်းကောင်း, စတုရာသီတိပလ္လင်္ကသဟဿာ
အဟေသုံးပ။သဥတ္တရစ္ဆဒါနိ ဥဘတောလောဟိတကူပဓာနာနိ ဟူသော ဒီ,
မဟာဝဂ္ဂပါဠိတော်၊ မဟာသုဒဿနသုတ်(၁၅၃)၌လည်းကောင်း သဥတ္တရစ္ဆဒပုဒ်,
ဥဘတောလောဟိတကူပဓာနပုဒ်ဟူသော နှစ်ပုဒ်လုံးပင် ဝိသေသနပုဒ်များဖြစ်၍
ထိုနှစ်ပုဒ်လုံး၏ ဝိသေသျများမှာ ပလ္လင်္ကာ, စတုရာသီတိပလ္လင်္ကသဟ
ဿာနိပုဒ်တို့ဖြစ်ကြောင်း သိသာထင်ရှား၏။ ထိုဟတ္တကသုတ်နှင့်
မဟာသုဒဿနသုတ်လိုနေရာမျိုး၌သာ ဥဘတောလောဟိတကူပဓာနပုဒ်ကို
ဗဟုဗွီဟိသမာသ် တွဲစပ်ရ၏။ အရကောက်ယူသောအခါ၌လည်း အခင်းကို
မယူဘဲ ပလ္လင်္ကကိုယူရ၏။
ဤသို့အားဖြင့် ယခုပြခဲ့သော စိစစ်ချက်များအရ ဥစ္စာသယနမဟာသယန
အရေအတွက်ကို သိသာပေါ်လွင်စေရသော ဤဝေနာဂပုရသုတ်စသော(၁)ပါဠိ
တော်ကဲ့သို့သော နေရာမျိုး၌ ဥတ္တရစ္ဆဒ(နီမြန်းသော အိပ်ရာလွှမ်းအခင်း)
လောဟိတကူပဓာနှ(နီမြန်းသော အုံးနှစ်လုံး)တို့ကိုသာ မူရင်းပဓာန အကပ္ပိယ
ပစ္စည်းအဖြစ်ဖြင့် သရုပ်(အဘိဓေယျတ္ထ)ထုတ်ပြ သင့်ပါလျက် မထုတ်ပြမူ၍
ထိုဥတ္တရစ္ဆဒ, လောဟိတကူပဓာနတို့နှင့် တွဲဖက်သုံးစွဲရသော အိပ်ရာထိုင်ခင်း
တို့ကိုသာ ပဓာန အကပ္ပိယပစ္စည်းအဖြစ်ဖြင့် သရုပ်ထုတ်ပြထားသော
ထိုဆိုင်ရာ နိဿယအနက်တို့ကိုလည်းကောင်း၊ ဥဘတောလောဟိတ
ကူပဓာနပုဒ်အတွက်ဗိမ္မောဟနဝန္တဉ္စ သယနာသနံ”ဟု ဗဟုဗွီဟိသမာသ်ဖွင့်ပြ၍
သယနာသနကို ပဓာနအရကောက်ပြထားသော ဝိနယဝိနိစ္ဆယဋီကာ
အဖွင့်ကိုလည်းကောင်း ဝေဖန်စဉ်းစားကြပါကုန်။

## PAGE 422

9JJ
ဗြာဟ္မဏ=ပုဏ္ဏား၊ ယာနိ တာနိ ဥစ္စာသယန, မဟာသယနာနိ=တို့သည်၊
(သန္တိ)။ပ။(ဣတိ=ဤသည်တို့တည်း) တာနိ=ထိုဥစ္စာသယန, မဟာသယနှ
တို့ကို၊ ပဗ္ဗဇိတာနံ=ရဟန်းတို့သည်၊ဒုလ္လဘာနိ=ခက်ခဲသဖြင့် ရအပ်ကုန်၏၊
ဝါ=ရနိုင်ခဲကုန်၏၊ လဒ္ဓါ စ ပန=ရပြီး၍လည်း၊ ဝါ=ရပြီးလျှင်လဲဘဲ၊နကပ္ပန္တိ=
(သုံးစွဲခြင်းငှာ) မအပ်ကုန်၊ ဝါ=မသုံးစွဲကောင်းကုန်၊ ဗြာဟ္မဏ=ဏ္ဏား၊ယေသံ
(ဥစ္စာသယန မဟာသယနာနံ)=အကြင်မြင့်သောနေရာ, ကြီးမားခမ်းနား
ဆန်းပြားသော အိပ်ရာခင်းတို့ကို၊ အဟံ=ငါသည်၊ ဧတရဟိ=ယခုအခါ၌၊
နိကာမလာဘီ=အလိုရှိတိုင်းရနိုင်ခြင်းရှိ၏။ပ။ အကသိရလာဘီး၏၊ တာနို
ဥစ္စာသယန မဟာသယနာနိ=ထိုမြင့်သောနေရာ ကြီးမားခမ်းနားဆန်းပြားသော
အိပ်ရာခင်းတို့သည်၊ဣမာနိ တီဏိ=ဤသုံးမျိုးတို့ပေတည်း၊တီဏိ= သုံးမျိုးတို့
ဟူသည်၊ ကတမာနိ= အဘယ်တို့နည်းဟူမူ၊ ဒိဗ္ဗ`=ဒိဗ္ဗမည်သော၊(ဒိဗ္ဗဝိဟာရ
၁။ဒိဗ္ဗ ဥစ္စာသယန မဟာသယနံ ။ “အာသန္ဒီ ပလ္လင်္ကာ ဂေါနကော”
စသည်ဖြင့် နေရာထိုင်ခင်းကိုသာ ဥစ္စာသယန မဟာသယန အဖြစ်ဖြင့်
ယခင်ပါဠိတော်ဝါကျတို့၌ ဖေါ်ပြခဲ့၏၊ ထို့ကြောင့် ဥစ္စာသယနမဟာသယန
သုံးမျိုးကို အကျဉ်းချုပ်ခေါင်းစဉ်မာတိကာအဖြစ်ဖြင့် ထုတ်ပြသော
ဤနေရာ၌လည်း ထိုယခင်ပါဠိတော်ဝါကျတို့နှင့် ရှေ့နောက်ညီညွတ်အောင်
“ဒိဗ္ဗ=ဒိဗ္ဗမည်သော၊ ဥစ္စာသယနမဟာသယနံ=မြင့်သောနေရာ ကြီးမားခမ်းနား
ဆန်းပြားသော အိပ်ရာခင်းလည်းကောင်း”စသည်ဖြင့် နေရာထိုင်ခင်းကိုသာ
ဥစ္စာသယနမဟာသယနပုဒ်၏ အနက်အဖြစ်ဖြင့် မြန်မာပြန်ဆိုရေးသားထား
ပါသည်၊ သို့သော် အကျယ်တဝင့်ဟောကြားတော်မူအပ်သော ဝိတ္ထာရ
`ပါဠိတော်ဝါကျတို့၌ကား “သေယျံ ကပ္ပေမိ၊ ဒိဗ္ဗ မေပ။ဥစ္စာသယနမဟာသယနံ
ဟောတိ”ဟု ဟောတော်မူသောကြောင့် ထိုဝိတ္ထာရပါဠိတော်ဝါကျတို့၌ ပါရှိသော
ဥစ္စာသယနမဟာသယနပုဒ်ကို အနက်မြန်မာပြန်ဆိုသောအခါ ဥစ္စာသယန
မဟာသယနမည်သော နေရာထိုင်ခင်းကိုသာမက ထိုနေရာထိုင်ခင်းပေါ်၌
လျောင်းစက်ခြင်းဣရိယာပုထ်တိုင်အောင် ဌာနပစာရအားဖြင့်ယူ၍
အနက်မြန်မာပြန်ဆိုရ၏။ နောက်၌လည်းထပ်၍ပြဆိုဦးမည်
6
ထိုဝိတ္ထာရပါဠိတော်ဝါကျတို့၌ စင်္ကြံသွားခြင်း ဣရိယာပုထ်ကို–ဒိဗ္ဗော
မေ ။ပ။စက်မော ဟောတိ”ဟုလည်းကောင်း, ရပ်ခြင်းဣရိယာပုထ်ကို “ဒိဗ္ဗ
မေ။ပ။ ဌာနံ ဟောတိ”ဟု လည်းကောင်း, ထိုင်ခြင်းဣရိယာပုထ်ကို “ဒိဗ္ဗ
မေ။ပ။ အာသနံ ဟောတိ”ဟုလည်းကောင်း, လျောင်စက်ခြင်း ဣရိယာပုထ်ကို
