## PAGE 423

မည်သော)၊ ဝါ=ဗြဟ္မာ၏ အဖြစ်သို့ပို့ဆောင်တတ်သော၊ ဥစ္စာသယန
မဟာသယနံ= မြင့်သောနေရာ, ကြီးမားခမ်းနားဆန်းပြားသောအိပ်ရာခင်း
“ဒိဗ္ဗ မေ ။ပ။ဥစ္စာသယနမဟာသယနံဟောတိ”ဟုလည်းကောင်း ဟောတော်
မူသည်။ ထိုဣရိယာပုထ်လေးမျိုးတို့တွင် ဒိဗ္ဗစင်္ကမဣရိယာပုထ်အတွက်
ဋီကာဖွင့်ထားသည်မှာ -
-
စတ္တာရိ ရူပါဝစရဇ္ဈာနာနိ ဒိဗ္ဗဘာဝါဝဟတ္တာ ဒိဗ္ဗဝိဟာရာ နာမ
ဟောန္တိတိ တဒါသန္နိပ္ပဝတ္တစင်္ကမောပိ တဒုပစာရတော ဒိဗ္ဗော နာမဟောတီတိ
အာဟ “စတ္တာရိ ဟိ ရူပဇ္ဈာနာနီ”တိအာဒိ။ဤသို့စသည်ဖြစ်၏။
*
ထိုအဖွင့်နှင့်အညီ ဒိဗ္ဗပုဒ်ကို“ဒိဝ+ဗျ”ဟုခွဲ၍ ဒိဝိ ဘဝေါ ဒိဗ္ဗာ=ဗြဟ္မာ့
ပြည်၌ဖြစ်သောပုဂ္ဂိုလ်(ဗြဟ္မာ)။ထို့နောက် ဘာဝတဒ္ဓိတ်ဏပစ္စည်းဆင့်၍ ဒိဗ္ဗဿ
ဘာဝေါ ဒိဗ္ဗ=ဗြဟ္မာ၏အဖြစ်(ဗြဟ္မာဘဝ)။ထို့နောက် ဒိဗ္ဗ အာဝတီတိ
ဒိဗ္ဗာ(ဒိဗ္ဗ)=ဗြဟ္မာဘဝသို့ ပို့ဆောင်တတ်သော ရူပဈာန်လေးပါး။ဏပစ္စည်း
ထပ်ဆင့်သည်၊သို့မဟုတ်“ဒိဗ္ဗာဝဟ”ဟုဆိုလိုလျက် အာဝဟပုဒ်ကို ချေထား
သည်ဟုကြံပါ] ဝိဟရဏံ ဝိဟာရော=နေခြင်းသဘောတရား၊(တနည်း) ဝိဟရတိ
ဧတေနာတိ ဝိဟာရော=နေကြောင်းသဘောတရား၊ ဒိဗ္ဗော ဝိဟာရော
ဒိဗ္ဗဝိဟာရော=ဗြဟ္မာဘဝသို့ပို့ဆောင်တတ်သော ရူပဈာန်လေးပါးတည်းဟူသော
နေခြင်း(ဝါ=နေကြောင်း)သဘောတရား။ဤသို့ဝစနတ္ထပြု၍ ရူပဈာန်လေးပါးကို
ဒိဗ္ဗဝိဟာရဟုခေါ်၏၊ ဒိဗ္ဗဟုလည်းခေါ်၏၊ ဤသုတ်၌ ဟောတော်မူသည့်အတိုင်း
ရူပဈာန်လေးပါးကိုသာ ယူခြင်းဖြစ်သည်၊ အခြားနေရာ၌ကား အရူပသမာပတ်
များကိုလည်း ဒိဗ္ဗဝိဟာရဟုခေါ်၏]
သို့သော်–သောစေ အဟံ ဗြာဟ္မဏ,ဧဝံဘူတော စင်္ကမာမိ”စသည်ဖြင့်
မြတ်စွာဘုရားသည် ဒိဗ္ဗဝိဟာရမည်သော ရူပဈာန်လေးပါးကို ဝင်စားအပြီးတွင်
စင်္ကြံကြွသွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းစက်ခြင်း ဣရိယာပုထ်တို့ကို
ပြုတော်မူသည်ဟု ဟောထားသောကြောင့်“ဒိဗ္ဗော မေ။ပ။စက်မော,ဌာနံ,အာသန်,
ဥစ္စာသယနမဟာသယနံ ဟောတိ”တို့၌ ဒိဗ္ဗဝိဟာရမည်သော ရူပဈာန်လေးပါး
ကိုသာ ဒိဗ္ဗဟုဆိုလိုသည်မဟုတ်ဘဲ ထိုဈာန်လေးပါး နှင့် နီးကပ်ဆက်စပ်သော
စင်္ကြံကြွသွားခြင်းအစရှိသော ဣရိယာပုထ်တိုင်အောင် သမီပျုပစာရအားဖြင့်
ဒိဗ္ဗဟုခေါ်ဆိုရ၏။ရူပဈာန်နှင့်နီးကပ်စက်စပ်သော ဣရိယာပုထ်ကို သမီပ
(ရူပဈာန်၏အနီး)ဟုယူ၍ ရူပဈာန်ကို သမီပီ(အနီးရှိသောဈာန်)ဟုယူကာ
သမီပျူပစာရဟု ခေါ်ဆိုခြင်းဖြစ်သည်]
။
“ဒိဗ္ဗ
ဥစ္စာသယန မဟာသယနပုဒ်၌ ဥပစာအမျိုးမျိုး
ဝိဟာရ၌ ဝိဟာရပုဒ်ကိုဖြုတ်၍ ထိုဝိဟာရပုဒ်နေရာ၌ စင်္ကမ

## PAGE 424

လည်းကောင်း၊ ဗြဟ္မ=ဗြဟ္မမည်သော၊ (ဗြဟ္မဝိဟာရမည်သော)၊ ဝါ=မြတ်သော၊
ဥစ္စာသယန` မဟာသယနံ=လည်းကောင်း၊ အရိယံ=အရိယမည်သော၊
(အရိယဝိဟာရမည်သော)၊ ဝါ=အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊
အစရှိသော ပုဒ်များကိုသွင်း၍“ဒိဗ္ဗော စင်္ကမော၊ ဒိဗ္ဗ ဌာနံ၊ ဒိဗ္ဗ အာသနံ၊ ဒိဗ္ဗ
ဥစ္စာသယနမဟာသယနံ”ဟုဟောတော်မူသည်၊ ထိုပုဒ်များတွင် မြင့်သော
ထိုင်စရာ အိပ်စရာ ခုတင်ညောင်စောင်းနှင့် အိပ်ရာခင်းကြီးများကိုသာ
ဥစ္စာသယနမဟာသယန ခေါ်သည်မဟုတ်ဘဲ ထိုထိုင်စရာ အိပ်စရာ
ဥစ္စာသယနမဟာသယနနေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်း ဣရိယာပုထ်
တိုင်အောင် ဌာနပစာရအားဖြင့် ဥစ္စာသယန မဟာသယနဟု ခေါ်ဆိုရမည်
ဟု ယခင်ကပြဆိုခဲ့၏၊ သို့ရာတွင်ဤနေရာ၌ မြတ်စွာဘုရားသည် ပုဏ္ဏား၏
စကားစဉ်ကိုလိုက်၍ ပုဏ္ဏား၏စကားနှင့် လိုက်လျောညီထွေ ဖြစ်အောင်
ဥစ္စာသယနမဟာသယန ဟူသောစကားကို သုံးနှုန်းဟောကြားတော်မူခြင်း
ဖြစ်၏။ အမှန်အားဖြင့်ကား -
“ဒုလ္လဘာနိ တာနိ ပဗ္ဗဇ္ဇိတာနံ၊ လဒ္ဓါ စ ပန န ကပ္ပန္တိ”ဟူ၍
ဥစ္စာသယန မဟာသယနဖြစ်သော နေရာထိုင်ခင်းများကို ရဟန်းများအသုံးမပြု
ကောင်းကြောင်းကို ပုဏ္ဏားအား မြတ်စွာဘုရားဟောကြားတော်မူပြီး
ဖြစ်သည့်အတိုင်းပင် ထိုဥစ္စာသယနမဟာသယနဖြစ်သော နေရာထိုင်ခင်း
ပေါ်၌ မြတ်စွာဘုရား လျောင်းစက်တော်မူသည်မဟုတ်ပါ၊“သော စေ အဟံ
ဗြာဟ္မဏ ဧဝံဘူတော သေယျံ ကပွေမိ”စသည်ဖြင့် အကျယ်တဝင့်ဟောတော်
မူသောကြောင့် ဒိဗ္ဗဝိဟာရမည်သော ရူပဈာန်သမာပတ်ကိုဝင်စားအပြီး
သမာပတ်မှယချိန်တွင် ထိုဥစ္စာသယနမဟာသယန နေရာထိုင်ခင်းမဟုတ်သော
ရိုးရိုးမြက်သစ်ရွက် အခင်းပေါ်၌သာ မြတ်စွာဘုရားလျောင်းစက်တော်မူပါသည်။
ထို့ကြောင့် ယင်းသို့ဒိဗ္ဗဝိဟာရ ရူပဈာန်သမာပတ်မှထ၍ ထိုရိုးရိုးမြက်သစ်ရွက်
နေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်း ဣရိယာပုထ်ကို–ဒိဗ္ဗ မေ တံ တသ္မိံ
သမယေ ဥစ္စာသယနမဟာသယနံ ဟောတိ”ဟု ဟောတော်မူသည်။
ယင်းသို့ဟောတော်မူရာ၌ ဒိဗ္ဗဝိဟာရမည်သော ရူပဈာန်လေးပါးကို
သဒိသူပစာရအားဖြင့် ဥစ္စာသယနမဟာသယနနေရာထိုင်ခင်းဟု ခေါ်ဆိုပြီးလျှင်
ထိုဥစ္စာသယနှမဟာသယနနေရာထိုင်ခင်းနှင့်တူသော ရှုပဈာန်လေးပါးကို
ဝင်စားအပြီးတွင် ရိုးရိုးမြက်သစ်ရွက်နေရာထိုင်ခင်းပေါ်၌ လျောင်းစက်ခြင်း
ဣရိယာပုတ်ကိုလည်း သမီပျူပစာရာဌာနျူပစာရအားဖြင့် ဥစ္စာသယန
မဟာသယနဟုပင် ခေါ်သည်ဟုကြံသင့်ပါသည်။

## PAGE 425

[အရိယာနံ ဣဒံ အရိယံ] ဥစ္စာသယန မဟာသယနံ=လည်းကောင်းတည်း၊
ဗြာဟ္မဏ=ဏ္ဏား၊ ယေသံ(ဥစ္စာသယန မဟာသယနာနံ)=တို့ကို၊ အဟံ=ငါသည်၊
ဧတရဟိ။ပ။ တာနိ ဥစ္စာသယန မဟာသယနာနိ=တို့သည်၊ ဣမာနိ
တီဏိ=တို့တည်း၊ ဣတိ (အဝေါစမိန့်တော်မူပြီး)
ဗြဟ္မဝိဟာရ၊ ဗြဟ္မာ စင်္ကမေး။ ။ဗြဟ္မာနော=မြင့်မြတ်ကုန်သော၊
(မြင့်မြတ်သော ဗြဟ္မဝိဟာရဈာန်ဖြစ်ကုန်သော)ဝိဟာရာ=နေခြင်းသဘောတရား
(ဝါ=နေကြောင်းသဘောတရား)တို့တည်း၊ ဗြဟ္မဝိဟာရာ=တရားတို့၊ ဤသို့
ဝစနတ္ထပြု၍ မေတ္တာဈာန်, ကရုဏာ, မုဒိတာ, ဥပေက္ခာဈာန်ဟူသော
အပ္ပမညာဈာန်လေးပါးကို ဗြဟ္မဝိဟာရဟုခေါ်၏၊ သို့သော် ဤသုတ်၌ကား
ယခင် ဒိဗ္ဗပုဒ်တုန်းက ရေးခဲ့သည့်အတိုင်း“ဗြဟ္မာ စင်္ကမေားဗြဟ္မ ဌာနံ၊ ဗြဟ္မ
အာသနံ၊ ဗြဟ္မ ဥစ္စာသယနမဟာသယနံ”တို့၌ ထိုဗြဟ္မဝိဟာရဈာန်လေးပါး
ကိုသာ“ဗြဟ္မ”ဟုဆိုလိုသည်မဟုတ်ဘဲ . ထိုဗြဟ္မဝိဟာရဈာန်လေးပါး
ဝင်စားအပြီးတွင် စင်္ကြံကြွသွားခြင်း ရပ်ခြင်း, ထိုင်ခြင်း, လျောင်းစက်ခြင်း
ဣရိယာပုထ်တို့ကိုပြုတော်မူသော မြတ်စွာဘုရား၏ ထိုဗြဟ္မဝိဟာရ
ဈာန်လေးပါးနှင့်နီးကပ်ဆက်စပ်သော ထိုဣရိယာပုထ်လေးပါးတိုင်အောင်
သမီပျူပစာရအားဖြင့် ဗြဟ္မဟုဆိုလိုသည်။
အရိယဝိဟာရ၊ အရိယော စက်မော။ ။အရိယာနံ ဝိဟာရာ အရိယ
ဝိဟာရာ=(ပုထုဇဉ်နှင့်မသက်ဆိုင်သော)အရိယာပုဂ္ဂိုလ်တို့၏နေခြင်း(ဝါ-
နေကြောင်း)သဘောတရားများ။(တနည်း)အရိယာ ဥတ္တမာ ဝိဟာရာ အရိယ
ဝိဟာရာ=မြင့်မြတ်သော ဖလသမာပတ်လေးပါးဟူသော နေခြင်း(နေကြောင်း)
သဘောတရားများ။(တနည်း)အရိယာနံ ဧတေ အရိယာ=အရိယာပုဂ္ဂိုလ်တို့၏
ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်သော ဖလသမာပတ်တရားများ၊ အရိယာ ဝိဟာရာ
အရိယဝိဟာရာ=ထိုဖလသမာပတ်တည်းဟူသော နေခြင်း သဘောတရားများ၊
ဤသို့ဝစနတ္ထပြု၍ ဖလသမာပတ်လေးပါးကို အရိယဝိဟာရဟုခေါ်၏၊ သို့သော်
ဤသုတ်၌ကား မြတ်စွာဘုရား၏ အရဟတ္တဖလ သမာပတ်ကိုသာ
အရိယဝိဟာရဟု ဆိုလို၏။ ဤ၌လည်း ယခင်ကရေးခဲ့သည့်အတိုင်းပင်
“အရိယော စင်္ကမော၊ အရိယံ ဌာနံ၊ အရိယံ အာသနံ၊ အရိယံ
ဥစ္စာသယနမဟာသယနံ”တို့၌ ထိုအရိယဝိဟာရမည်သော အရဟတ္တ
ဖလသမာပတ်ကိုသာ အရိယဟု ဆိုလိုသည်မဟုတ်ဘဲ . ထိုအရိယဝိဟာရ
အရဟတ္တဖလသမာပတ်နှင့် နီးကပ်ဆက်စပ်သော စင်္ကြံကြွသွားခြင်း စသော
ဣရိယာပုထ်တိုင်အောင် သမီပျူ ပစာရအားဖြင့် အရိယဟုဆိုလိုသည်။
